Monday, July 5, 2021

တောင်ရိုးတိုင်းရင်းသားလူမျိုးတို့၏သမိုင်း

[Unicode]တောင်ရိုးတိုင်းရင်းသားလူမျိုးတို့၏သမိုင်း




တောင်ရိုးဒေသ

========

တောင်ရိုးတိုင်းရင်းသားတွေဟာ ရှမ်းပြည်နယ် နေရာအနှံ့အပြားမှာ ပျံ့နှံ့နေထိုင်ကြတာ ဖြစ်ပါတယ်။ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်တို့တွင်လည်းကောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများဖြစ်သော ရွာငံနဲ့ ပင်းတယဒေသများ တွင်လည်းကောင်း၊ တောင်ကြီးမြို့နယ်နဲ့ ကလောမြို့နယ်တွင်းရှိ ကျေးရွာများ၊ အောင်ပန်း၊ ဟဲဟိုးဒေသများ၊ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ နမ့်စန်၊ ပင်လုံမြို့တို့တွင်လည်း ပျံ့နှံ့နေထိုင်လျက်ရှိကြောင်း သိရသည်။ ကလောဒသေတစ်ဝိုက်တွင် အများဆုံး နေထိုင်ကြကာ ပအိုဝ့်နဲ့ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုကြားမှာ တည်ရှိ၍ ပင်လောင်းတောင်ခြေရှိ ရမည်းသင်းအစပ်နားမှာလည်း နေထိုင်ကြပါသေးတယ်။


တောင်ရိုးများဟာ ရခိုင်လူမျိုးကနေ ဆင်းသက်လာကြတယ်လို့လည်း ဆိုကြပါတယ်။ စကားပြောရာမှာ ရခိုင်နဲ့ အနည်းငယ် ဆင်တူတာရှိပြီးတော့ အင်းသား၊ ဓနုတို့မှာ ရခိုင်နဲ့တူတဲ့ စကားမရှိဘူးလို့လည်း ဆိုတယ်။ တောင်ရိုးဘာသာ စာပေနဲ့ စကားကို ဆရာတော်၊ သံဃာတော်များနဲ့ တိုင်ပင်ညှိနှိုင်းပြီး ဘာသာစကား အရေးအသားတစ်ရပ်ကို တီထွင်ဖော်ထုတ်ပြီးဖြစ်ကြောင်း သိရပါတယ်။


တောင်ရိုးတိုင်းရင်းသားများသည် စာပေ၊ စကားနဲ့ ယဉ်ကျေးမှု ထုံးတမ်းဓလေ့များ ပိုင်ဆိုင်ထားသော လူမျိုးစုတစ်စုဖြစ်ကြောင်း ဝံ့ကြွားစွာ ပြောဆိုကြပါတယ်။ စိုက်ပျိုးရေးကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အားထားလုပ်ကိုင်ကြပြီး ဗုဒ္ဓဘာသာ ကိုးကွယ်ကြကာ ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်း တတ်ကြပါတယ်။


တောင်ရိုးတိုင်းရင်းသူလေးများဟာ ကျေးလက်တောရွာမှာ အများစုနေထိုင်ကြတဲ့အတွက် ချောမောလှပကြပြီးတော့ မြို့သူများနဲ့မတူဘဲ ရိုးရိုးလေးနဲ့ ယဉ်ယဉ်လေးများဖြစ်ကာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့များကို ထိန်းသိမ်းထားကြသူများ ဖြစ်ပါတယ်။


တောင်ရိုးလူမျိုး ဆင်းသက်လာပုံ

==================

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်က ပုဂံခေတ်တွင် ရခိုင်မိဖုရားတစ်ပါးဟာ တိုင်းပြည်အခြေအနေ အန္တရာယ်ပဋိပက္ခများကြောင့် ရှောင်တိမ်းရင်း အခြွေအရံများနဲ့ ရှမ်းရိုးမတောင်ပေါ်သို့ ရွှေ့ပြောင်းအခြေချရင်း တောင်ရိုးမျိုးနွယ်စု ပေါက်ဖွားလာကြောင်း အထောက်အထားများအရ သိရပါတယ်။

တောင်ရိုးမျိုးနွယ်စု၏ ရာဇ၀င်ကို ရှေ့မီနောက်မီ သက်ကြီးဝါကြီးပုဂ္ဂိုလ်များဖြင့် ဖော်ထုတ်ထားကြခြင်းဖြစ်ကာ သမိုင်းဆရာများနဲ့ ပြုစုထားခြင်းမဟုတ်ကြောင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောပါတယ်။


တောင်ရိုးဓလေ့ ၀တျစားဆငျယငျမှု

====================

တောင်ရိုးတိုင်းရင်းသားများဟာ အမျိုးသမီးတို့ဟာ အနက်ရောင်ဝမ်းဆက် (အထက်အောက်တွဲလျက်ဝတ်စုံ) သင်တိုင်းခေါ်သော ၀တျစုံကို ၀တျဆငျလေ့ရှိပွီး ခေါင်းတွင် တဘက်ဖြင့် ရောင်စုံခေါင်းပေါင်းများကို ၀တ်ဆင်လေ့ရှိပါတယ်။အမျိုးသားများကတော့ နက်ပြာရောင်ဘောင်းဘီနဲ့ ကောင်းကင်ပြာရောင်၊ မိုးပြာရောင်အကျီကိုဝတ်ပြီး ခေါင်းပေါင်းများ ပေါင်းထားလေ့ရှိကြပါတယ်။

၀တ်စားဆင်ယင်မှုသည် ပုဂံခေတ်က နှစ်ပေါင်းထောင်ချီခဲ့ပြီဖြစ်သဖြင့် မတူညီတော့ဘဲ တောင်ပေါ်တွင် ရှေးလူကြီးများနေခဲ့သော ရိုးရာကို ကိုယ်ပိုင်ရိုးရာအဖြစ် သတ်မှတ်ခဲ့ကာ ချည်ဖြင့်ဂျပ်ခုတ်ရက်လုပ်သော သင်တိုင်းအနက်ရောင်ကို ၀တျကာ အမျိုးသားသည် နက်ပြာရောင်ဘောင်းဘီ၊ မိုးပြာရောင်ဖျင်အင်္ကျီကို မဲနယ်ဆိုးပြီး ၀တျဆငျကွပါတယျ။


တောင်ရိုးတံဆိပ်

=========

တောင်ရိုးမင်းတစ်ပါးဖြစ်သူ ဖိုးဆော်ချောင်ဖြူမင်းသည် တပေါင်းလဆန်း ၃ ရက်တွင် မင်းဖြစ်ချိန်၊ မင်းဖြစ်ဖို့ မင်းလောင်းဘ၀ကနေ တောင်ရိုးဒေသကနေ ပုဂံပြည်ကိုသွားရန် အသုံးပြုသော မြင်းဖြူကိုအစွဲပြု၍ တောင်ရိုးတိုင်းရင်းသား အမှတ်တံဆိပ်အဖြစ် မြင်းဖြူကြီးကို တန်ဖိုးထား သတ်မှတ်ခြင်းဖြစ်ကြောင်း တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဖိုးကျော်လှက ပြောပါတယ်။

အလံတွင် အပြာရောင်က တောင်ရိုးတိုင်းရင်းသားတို့ဟာ အေးချမ်းစွာနေတတ်ခြင်း၊ အနီရောင်က အမိမြန်မာနိုင်ငံအတွက် လိုအပ်လျှင် ရွပ်ရွပ်ချွန်ချွန်ရဲရင့်ခြင်း၊ ကြယ်မကြီးက ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ကြယ်ဖြူလေးသုံးလုံးက တို့တာဝန်အရေး (၃) ပါးကို ဖော်ကျူးထားခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။


နစ်နာမှုများ ရှိနေခြင်း

===========

တောင်ရိုးတိုင်းရင်းသားများဟာ စာ/ ယဉ်အဖွဲ့ကနေ ကောက်ခံရရှိထားတဲ့ စာရင်းတွေအရ လူဦးရေ ၈၀,၀၀၀ ကျော်ပြီဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ဒသမ ၁ ရာခိုင်နှုန်းထက် ကျော်လွန်နေပြီဖြစ်သောကြောင့် တောင်ရိုးတိုင်းရင်းသား ၀နျကွီးကိုယျစားလှယျ တစ်နေရာကို လွှတ်တော်တွင်ရရှိမည်ဖြစ်ကာ နိုင်ငံတော်မှ တရားဝင်စာရင်း မထုတ်ပြန်သဖြင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေရကြောင်း၊ အမြန်ဆုံးစာရင်းထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း တောင်ရိုးတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို)မှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရပါတယ်။


ရှေးယခင်တုန်းကလည်း အခွင့်အရေး မရှိခင်တုန်းက မှတ်ပုံတင်များကို ပြီးစလွယ်လုပ်လိုက်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ရှိနေလျှင် ပအိုဝ်းဟုရေးခြင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရောက်ရှိနေထိုင်သူများကို ဓနုဟု ရေးသွင်းခြင်းမျိုး ကြုံတွေ့ခဲ့ရဖူးကြောင်း၊ ယခုအချိန်တွင် တောင်ရိုးတိုင်းရင်းသား မျိုးနွယ်စုတစ်ခုအဖြစ် ရဲရဲဝံ့ဝံ့ပြောဆိုနိုင်ပြီဖြစ်ကြောင်း အတွင်းရေးမှူး ဦးဖိုးကျော်လှက ပြောပါတယ်။

ယခုအခါမှာ တောင်ရိုးတိုင်းရင်းသားများ စုရပ်အဖြစ် တောင်ရိုးတိုင်းရင်းသားများ ရုံးခန်းတည်ဆောက်ဖို့ကိုလည်း ကြိုးပမ်းနေပြီဖြစ်ကြောင်း ဥက္ကဋ္ဌဦးသောင်းရွှေက ပြောပါတယ်။ ကလောဘက်မှလာရင် အောင်ပန်းမြို့အ၀င်တွင် တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်း (ဗဟို) ရုံးချုပ်ကို တည်ဆောက်သွားမည်ဖြစ်ကာ အစိုးရအဖွဲ့နဲ့ ဒေသတွင်းဖွံ့ဖြိုးရေးများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်စရာများကို ဆွေးနွေးတိုင်ပင်ရန် လည်းကောင်း၊ ရုံးခန်းသည် အသက်သွေးကြောကဲ့သို့ မရှိမဖြစ်လိုအပ်သောကြောင့် အမြန်ဆုံး တည်ဆောက်မည်ဖြစ်ကြောင်း တောင်ရိုးအမျိုးသားနေ့တွင် တောင်ရိုးစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောပါတယ်။




တောင်ရိုးတွေရဲ့ လိုအပ်ချက်

===============

တောင်ရိုးများဟာ ပအိုဝ်းနဲ့ ဓနုဒေသကြားမှာ ပျံ့နှံ့နေထိုင်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးဟာ တိုးတက်မှု နှေးကွေးနေပါတယ်။ တောင်ပေါ်ဒေသတွေမှာ နေထိုင်သူများဟာ နှစ်စဉ်ရေလိုအပ်ချက် မြင့်မားပါတယ်။ ညောင်ရွှေနဲ့ ကလောဒေသအကြားမှာရှိတဲ့ လက်မောင်းကွေးတောင်ပေါ်လို ဒေသတွေဟာ ပေပေါင်းများစွာ မြင့်တဲ့အတွက် နှစ်စဉ်ရေလိုအပ်ချက်များပြီး မနှစ်က ဆိုးရွားစွာ ရေခန်းခြောက်ခြင်းကြောင့် အလှူရှင်များ သွားရောက်လှူဒါန်းကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒေသနှစ်ခုကြားထဲမှာ နေထိုင်ကြတဲ့အတွက် နှစ်ဖက်စလုံးက ဌာနဆိုင်ရာတွေကလည်း ပစ်ပယ်ထားခြင်းကိုခံနေရပြီး ကြားညပ်ခံနေရတယ်လို့လည်း တောင်ရိုးတိုင်းရင်းသားတွေက ဆိုကြပါတယ်။


ဒေသဖွံ့ဖြိုးရေးအဖြစ် ရေလိုအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးများစွာ လိုအပ်ချက်များစွာရှိနေကြောင်း ပင်လောင်းမြို့နယ် နောင်မူရွာဒေသခံတွေက ပြောပါတယ်။


နောင်မူရွာမှာ ရေရှားလို့ မိုးရာသီဆိုရင် ရေလှောင်ကန်ကြီးနဲ့ ထိန်းသိမ်းထားရှိပြီး တစ်နှစ်ပတ်လုံး ရေကိုခြွေတာ သုံးစွဲရခြင်း ဖြစ်ပါတယ်။ ကျန်းမာရေးလိုအပ်ချက်ကြောင့် တိုက်နယ်ဆေးရုံရှိရာ ဒေသများကိုဝေးလံစွာ သွားရောက်ဆေးကုသနေရပါတယ်။ ပညာရေးအတွက် စာသင်ကျောင်းတွေနဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ များစွာလိုအပ်သေးတယ်ဆိုတာကို ထိုကျေးရွာများသို့ သွားရောက်ရင်း မြင်တွေ့ခဲ့ရပါတယ်။ လမ်းတွေက လုံးဝမကောင်းသေးပါဘူး။ နောင်မူရွာကို အ၀င်လမ်းမှာ ဖုန်တသောသောနဲ့ဖြစ်ပြီး ကျေးရွာလမ်းတိုင်းဟာ မြေသားလမ်းတွေပဲ ရှိပါသေးတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မယ်ဆိုရင် ဒေသတွင်းကုန်စည် စီးဆင်းမှု မြန်ဆန်လာခြင်းအပြင် ကျန်းမာရေး၊ လူမှုရေးအတွက်လည်း လမ်းပွင့်လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။


Writer - စည်သာ (တောင်ကြီး)


#credit 

#naturemyanmar


[Zawgyi]ေေတာင္ရိုးတိုင္းရင္းသားလူမ်ိဳးတို႔၏သမိုင္




း

ေတာင္ရိုးေဒသ

========

ေတာင္ရိုးတိုင္းရင္းသားေတြဟာ ရွမ္းျပည္နယ္ ေနရာအႏွံ႔အျပားမွာ ပ်ံ့ႏွံ႔ေနထိုင္ၾကတာ ျဖစ္ပါတယ္။ ပအိုဝ့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားျဖစ္ေသာ ပင္ေလာင္းၿမိဳ႔နယ္၊ ဟိုပံုးၿမိဳ႔နယ္နဲ႔ ဆီဆိုင္ၿမိဳ႔နယ္တို႔တြင္လည္းေကာင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမ်ားျဖစ္ေသာ ရြာငံနဲ႔ ပင္းတယေဒသမ်ား တြင္လည္းေကာင္း၊ ေတာင္ႀကီးၿမိဳ႔နယ္နဲ႔ ကေလာၿမိဳ႔နယ္တြင္းရိွ ေက်းရြာမ်ား၊ ေအာင္ပန္း၊ ဟဲဟိုးေဒသမ်ား၊ လြိုင္လင္ခရိုင္အတြင္းရိွ လြိုင္လင္၊ နမ့္စန္၊ ပင္လံုၿမိဳ႔တို႔တြင္လည္း ပ်ံ့ႏွံ႔ေနထိုင္လ်က္ရိွေၾကာင္း သိရသည္။ ကေလာဒေသတစ္ဝိုက္တြင္ အမ်ားဆံုး ေနထိုင္ၾကကာ ပအိုဝ့္နဲ႔ ဓႏု ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသႏွစ္ခုၾကားမွာ တည္ရိွ၍ ပင္ေလာင္းေတာင္ေျခရိွ ရမည္းသင္းအစပ္နားမွာလည္း ေနထိုင္ၾကပါေသးတယ္။


ေတာင္ရိုးမ်ားဟာ ရခိုင္လူမ်ိဳးကေန ဆင္းသက္လာၾကတယ္လို႔လည္း ဆိုၾကပါတယ္။ စကားေျပာရာမွာ ရခိုင္နဲ႔ အနည္းငယ္ ဆင္တူတာရိွၿပီးေတာ့ အင္းသား၊ ဓႏုတို႔မွာ ရခိုင္နဲ႔တူတဲ့ စကားမရိွဘူးလို႔လည္း ဆိုတယ္။ ေတာင္ရိုးဘာသာ စာေပနဲ႔ စကားကို ဆရာေတာ္၊ သံဃာေတာ္မ်ားနဲ႔ တိုင္ပင္ၫွိႏိႈင္းၿပီး ဘာသာစကား အေရးအသားတစ္ရပ္ကို တီထြင္ေဖာ္ထုတ္ၿပီးျဖစ္ေၾကာင္း သိရပါတယ္။


ေတာင္ရိုးတိုင္းရင္းသားမ်ားသည္ စာေပ၊ စကားနဲ႔ ယဉ္ေက်းမႈ ထံုးတမ္းဓေလ့မ်ား ပိုင္ဆိုင္ထားေသာ လူမ်ိဳးစုတစ္စုျဖစ္ေၾကာင္း ဝံ့ႂကြားစြာ ေျပာဆိုၾကပါတယ္။ စိုက္ပ်ိဳးေရးကို အဓိက အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းအျဖစ္ အားထားလုပ္ကိုင္ၾကၿပီး ဗုဒၶဘာသာ ကိုးကြယ္ၾကကာ ဘာသာတရားကိုလည္း ရိုေသကိုင္းရိႈင္း တတ္ၾကပါတယ္။


ေတာင္ရိုးတိုင္းရင္းသူေလးမ်ားဟာ ေက်းလက္ေတာရြာမွာ အမ်ားစုေနထိုင္ၾကတဲ့အတြက္ ေခ်ာေမာလွပၾကၿပီးေတာ့ ၿမိဳ႔သူမ်ားနဲ႔မတူဘဲ ရိုးရိုးေလးနဲ႔ ယဉ္ယဉ္ေလးမ်ားျဖစ္ကာ မိမိတို႔ရဲ့ ရိုးရာယဉ္ေက်းမႈဓေလ့မ်ားကို ထိန္းသိမ္းထားၾကသူမ်ား ျဖစ္ပါတယ္။


ေတာင္ရိုးလူမ်ိဳး ဆင္းသက္လာပံု

==================

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀၀ ေက်ာ္က ပုဂံေခတ္တြင္ ရခိုင္မိဖုရားတစ္ပါးဟာ တိုင္းျပည္အေျခအေန အႏၲရာယ္ပဋိပကၡမ်ားေၾကာင့္ ေရွာင္တိမ္းရင္း အေႁခြအရံမ်ားနဲ႔ ရွမ္းရိုးမေတာင္ေပၚသို႔ ေရႊ့ေျပာင္းအေျခခ်ရင္း ေတာင္ရိုးမ်ိဳးႏြယ္စု ေပါက္ဖြားလာေၾကာင္း အေထာက္အထားမ်ားအရ သိရပါတယ္။

ေတာင္ရိုးမ်ိဳးႏြယ္စု၏ ရာဇ၀င္ကို ေရ႔ွမီေနာက္မီ သက္ႀကီးဝါႀကီးပုဂၢိုလ္မ်ားျဖင့္ ေဖာ္ထုတ္ထားၾကျခင္းျဖစ္ကာ သမိုင္းဆရာမ်ားနဲ႔ ျပဳစုထားျခင္းမဟုတ္ေၾကာင္း ေတာင္ရိုးစာေပႏွင့္ ယဉ္ေက်းမႈအသင္း (ဗဟို) ဥကၠ႒ ဦးေသာင္းေရႊက ေျပာပါတယ္။


ေတာင္ရိုးဓေလ့ ၀တ်စားဆင်ယင်မႈ

====================

ေတာင္ရိုးတိုင္းရင္းသားမ်ားဟာ အမ်ိဳးသမီးတို႔ဟာ အနက္ေရာင္ဝမ္းဆက္ (အထက္ေအာက္တြဲလ်က္ဝတ္စံု) သင္တိုင္းေခၚေသာ ၀တ်စံုကို ၀တ်ဆင်ေလ့ရိွပြီး ေခါင္းတြင္ တဘက္ျဖင့္ ေရာင္စံုေခါင္းေပါင္းမ်ားကို ၀တ္ဆင္ေလ့ရိွပါတယ္။အမ်ိဳးသားမ်ားကေတာ့ နက္ျပာေရာင္ေဘာင္းဘီနဲ႔ ေကာင္းကင္ျပာေရာင္၊ မိုးျပာေရာင္အက်ီကိုဝတ္ၿပီး ေခါင္းေပါင္းမ်ား ေပါင္းထားေလ့ရိွၾကပါတယ္။

၀တ္စားဆင္ယင္မႈသည္ ပုဂံေခတ္က ႏွစ္ေပါင္းေထာင္ခ်ီခဲ့ၿပီျဖစ္သျဖင့္ မတူညီေတာ့ဘဲ ေတာင္ေပၚတြင္ ေရွးလူႀကီးမ်ားေနခဲ့ေသာ ရိုးရာကို ကိုယ္ပိုင္ရိုးရာအျဖစ္ သတ္မွတ္ခဲ့ကာ ခ်ည္ျဖင့္ဂ်ပ္ခုတ္ရက္လုပ္ေသာ သင္တိုင္းအနက္ေရာင္ကို ၀တ်ကာ အမ်ိဳးသားသည္ နက္ျပာေရာင္ေဘာင္းဘီ၊ မိုးျပာေရာင္ဖ်င္အက်ႌကို မဲနယ္ဆိုးၿပီး ၀တ်ဆင်ကြပါတယ်။


ေတာင္ရိုးတံဆိပ္

=========

ေတာင္ရိုးမင္းတစ္ပါးျဖစ္သူ ဖိုးေဆာ္ေခ်ာင္ျဖဴမင္းသည္ တေပါင္းလဆန္း ၃ ရက္တြင္ မင္းျဖစ္ခ်ိန္၊ မင္းျဖစ္ဖို႔ မင္းေလာင္းဘ၀ကေန ေတာင္ရိုးေဒသကေန ပုဂံျပည္ကိုသြားရန္ အသံုးျပဳေသာ ျမင္းျဖဴကိုအစြဲျပဳ၍ ေတာင္ရိုးတိုင္းရင္းသား အမွတ္တံဆိပ္အျဖစ္ ျမင္းျဖဴၾကီးကို တန္ဖိုးထား သတ္မွတ္ျခင္းျဖစ္ေၾကာင္း ေတာင္ရိုးစာေပႏွင့္ ယဉ္ေက်းမႈအသင္း အတြင္းေရးမွဴး ဖိုးေက်ာ္လွက ေျပာပါတယ္။

အလံတြင္ အျပာေရာင္က ေတာင္ရိုးတိုင္းရင္းသားတို႔ဟာ ေအးခ်မ္းစြာေနတတ္ျခင္း၊ အနီေရာင္က အမိျမန္မာႏိုင္ငံအတြက္ လိုအပ္လ်ွင္ ရြပ္ရြပ္ခြၽန္ခြၽန္ရဲရင့္ျခင္း၊ ၾကယ္မႀကီးက ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၊ ၾကယ္ျဖဴေလးသံုးလံုးက တို႔တာဝန္အေရး (၃) ပါးကို ေဖာ္က်ူးထားျခင္းျဖစ္ၿပီး ၂၀၀၉ ခုႏွစ္တြင္ သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။


နစ္နာမႈမ်ား ရိွေနျခင္း

===========

ေတာင္ရိုးတိုင္းရင္းသားမ်ားဟာ စာ/ ယဉ္အဖြဲ႔ကေန ေကာက္ခံရရိွထားတဲ့ စာရင္းေတြအရ လူဦးေရ ၈၀,၀၀၀ ေက်ာ္ၿပီျဖစ္ကာ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ ၀ ဒသမ ၁ ရာခိုင္ႏႈန္းထက္ ေက်ာ္လြန္ေနၿပီျဖစ္ေသာေၾကာင့္ ေတာင္ရိုးတိုင္းရင္းသား ၀န်ကြီးကိုယ်စားလွယ် တစ္ေနရာကို လႊတ္ေတာ္တြင္ရရိွမည္ျဖစ္ကာ ႏိုင္ငံေတာ္မွ တရားဝင္စာရင္း မထုတ္ျပန္သျဖင့္ နစ္နာဆံုးရႈံးမႈမ်ား ျဖစ္ေပၚေနရေၾကာင္း၊ အျမန္ဆံုးစာရင္းထုတ္ျပန္ေပးဖို႔ လိုအပ္ေၾကာင္း ေတာင္ရိုးတိုင္းရင္းသားစာေပႏွင့္ ယဉ္ေက်းမႈအသင္း (ဗဟို)မွ တာဝန္ရိွသူ၏ ေျပာၾကားခ်က္အရ သိရပါတယ္။


ေရွးယခင္တုန္းကလည္း အခြင့္အေရး မရိွခင္တုန္းက မွတ္ပံုတင္မ်ားကို ၿပီးစလြယ္လုပ္လိုက္ေၾကာင္း၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားတြင္ ရိွေနလ်ွင္ ပအိုဝ္းဟုေရးျခင္း၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတြင္ ေရာက္ရိွေနထိုင္သူမ်ားကို ဓႏုဟု ေရးသြင္းျခင္းမ်ိဳး ႀကံဳေတြ့ခဲ့ရဖူးေၾကာင္း၊ ယခုအခ်ိန္တြင္ ေတာင္ရိုးတိုင္းရင္းသား မ်ိဳးႏြယ္စုတစ္ခုအျဖစ္ ရဲရဲဝံ့ဝံ့ေျပာဆိုႏိုင္ၿပီျဖစ္ေၾကာင္း အတြင္းေရးမွဴး ဦးဖိုးေက်ာ္လွက ေျပာပါတယ္။

ယခုအခါမွာ ေတာင္ရိုးတိုင္းရင္းသားမ်ား စုရပ္အျဖစ္ ေတာင္ရိုးတိုင္းရင္းသားမ်ား ရံုးခန္းတည္ေဆာက္ဖို႔ကိုလည္း ႀကိဳးပမ္းေနၿပီျဖစ္ေၾကာင္း ဥကၠ႒ဦးေသာင္းေရႊက ေျပာပါတယ္။ ကေလာဘက္မွလာရင္ ေအာင္ပန္းၿမိဳ႔အ၀င္တြင္ ေတာင္ရိုးစာေပႏွင့္ ယဉ္ေက်းမႈအသင္း (ဗဟို) ရံုးခ်ဳပ္ကို တည္ေဆာက္သြားမည္ျဖစ္ကာ အစိုးရအဖြဲ႔နဲ႔ ေဒသတြင္းဖြံ႔ၿဖိဳးေရးမ်ား ေဆာင္ရြက္ရာတြင္လည္းေကာင္း၊ ႏိုင္ငံတကာအဖြဲ႔အစည္းမ်ားႏွင့္ လက္တြဲေဆာင္ရြက္စရာမ်ားကို ေဆြးေနြးတိုင္ပင္ရန္ လည္းေကာင္း၊ ရံုးခန္းသည္ အသက္ေသြးေၾကာကဲ့သို႔ မရိွမျဖစ္လိုအပ္ေသာေၾကာင့္ အျမန္ဆံုး တည္ေဆာက္မည္ျဖစ္ေၾကာင္း ေတာင္ရိုးအမ်ိဳးသားေန့တြင္ ေတာင္ရိုးစာေပႏွင့္ ယဉ္ေက်းမႈအသင္းဥကၠ႒ ဦးေသာင္းေရႊက ေျပာပါတယ္။


ေတာင္ရိုးေတြရဲ့ လိုအပ္ခ်က္

===============

ေတာင္ရိုးမ်ားဟာ ပအိုဝ္းနဲ႔ ဓႏုေဒသၾကားမွာ ပ်ံ့ႏွံ႔ေနထိုင္တဲ့အတြက္ ေဒသဖြံ႔ၿဖိဳးေရးဟာ တိုးတက္မႈ ေနွးေကြးေနပါတယ္။ ေတာင္ေပၚေဒသေတြမွာ ေနထိုင္သူမ်ားဟာ ႏွစ္စဉ္ေရလိုအပ္ခ်က္ ျမင့္မားပါတယ္။ ေညာင္ေရႊနဲ႔ ကေလာေဒသအၾကားမွာရိွတဲ့ လက္ေမာင္းေကြးေတာင္ေပၚလို ေဒသေတြဟာ ေပေပါင္းမ်ားစြာ ျမင့္တဲ့အတြက္ ႏွစ္စဉ္ေရလိုအပ္ခ်က္မ်ားၿပီး မႏွစ္က ဆိုးရြားစြာ ေရခန္းေျခာက္ျခင္းေၾကာင့္ အလႉရွင္မ်ား သြားေရာက္လႉဒါန္းၾကတဲ့ ေနရာလည္း ျဖစ္ပါတယ္။ ေဒသႏွစ္ခုၾကားထဲမွာ ေနထိုင္ၾကတဲ့အတြက္ ႏွစ္ဖက္စလံုးက ဌာနဆိုင္ရာေတြကလည္း ပစ္ပယ္ထားျခင္းကိုခံေနရၿပီး ၾကားညပ္ခံေနရတယ္လို႔လည္း ေတာင္ရိုးတိုင္းရင္းသားေတြက ဆိုၾကပါတယ္။


ေဒသဖြံ႔ၿဖိဳးေရးအျဖစ္ ေရလိုအပ္ျခင္း၊ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ လမ္းပန္းဆက္သြယ္ေရးမ်ားစြာ လိုအပ္ခ်က္မ်ားစြာရိွေနေၾကာင္း ပင္ေလာင္းၿမိဳ႔နယ္ ေနာင္မူရြာေဒသခံေတြက ေျပာပါတယ္။


ေနာင္မူရြာမွာ ေရရွားလို႔ မိုးရာသီဆိုရင္ ေရေလွာင္ကန္ႀကီးနဲ႔ ထိန္းသိမ္းထားရိွၿပီး တစ္ႏွစ္ပတ္လံုး ေရကိုေႁခြတာ သံုးစြဲရျခင္း ျဖစ္ပါတယ္။ က်န္းမာေရးလိုအပ္ခ်က္ေၾကာင့္ တိုက္နယ္ေဆးရံုရိွရာ ေဒသမ်ားကိုေဝးလံစြာ သြားေရာက္ေဆးကုသေနရပါတယ္။ ပညာေရးအတြက္ စာသင္ေက်ာင္းေတြနဲ႔ လမ္းပန္းဆက္သြယ္ေရးေကာင္းဖို႔ မ်ားစြာလိုအပ္ေသးတယ္ဆိုတာကို ထိုေက်းရြာမ်ားသို႔ သြားေရာက္ရင္း ျမင္ေတြ့ခဲ့ရပါတယ္။ လမ္းေတြက လံုးဝမေကာင္းေသးပါဘူး။ ေနာင္မူရြာကို အ၀င္လမ္းမွာ ဖုန္တေသာေသာနဲ႔ျဖစ္ၿပီး ေက်းရြာလမ္းတိုင္းဟာ ေျမသားလမ္းေတြပဲ ရိွပါေသးတယ္။ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္မယ္ဆိုရင္ ေဒသတြင္းကုန္စည္ စီးဆင္းမႈ ျမန္ဆန္လာျခင္းအျပင္ က်န္းမာေရး၊ လူမႈေရးအတြက္လည္း လမ္းပြင့္လာႏိုင္ေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္။


Writer - စည္သာ (ေတာင္ႀကီး)




#credit 

#naturemyanmar

Sunday, July 4, 2021

"မြန်မာ့ပန်းချီလောကနှင့် Abstract Art လှုပ်ရှားမှု"

 [Unicode]"မြန်မာ့ပန်းချီလောကနှင့် Abstract Art  လှုပ်ရှားမှု"




                    ကျွန်တော် Abstract Art  (ဒြပ်မဲ့ပန်းချီ (သို့) အနှစ်ချုပ်ပန်းချီလို့ ဘာသာပြန်ရမလား၊ဒီအတိုင်းထားတာက ပိုကောင်းမလား) နှင့်ပတ်သက်လို့ စာလေးတပုင်္ဒ ရေးချင်ပါတယ်။ ကျွန်တော်က အခု အသက် ၈၀ ကျန်းမာရေးလည်း သိပ်ကောင်းလှတာမဟုတ်လို့ စာကောင်းကောင်း မဖတ်နိုင်တော့တာကြောင့် အခုရေးတာကျမ်းကိုးရေးတာ မဟုတ်ပဲ လွန်ခဲ့တဲ့ အနှစ် ၃၀-၄၀ လောက်ကဖတ် ခဲ့တာတွေကို အခြေခံပြီး မှတ်မိသလောက်နှင့် ရေးသားထားခြင်းသာ ဖြစ်ပါတယ်။ ဟာကွက်များရှိလျှင် ခွင့် လွှတ်ပါ။


                  အပြည်ပြည်ဆိုင်ရာ ပန်းချီလောကမှာ Abstract Art ကိုစလုပ်သူဟာ Kandinsky (1878 - 1944) (ကင်ဒင်စကီး) ဟုထင်ပါသည်။ ၁၉၂၀ မှာ Pure Abstract  အဆင့်ထိ ဖန်တီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Abstract Art မှာကျွန်တော် အကြိုက်ဆုံးပန်းချီဆရာကြီးက ရုရှားလူမျိုး Malevich (1878- 1935) ( မလာဗစ်) ဖြစ်ပါတယ်။ ၁၉၁၃ ခုနှစ်မှာ သူဖန်တီးခဲ့တဲ့ Black Square on a white ground ( အဖြူရောင် အောက်ခံပေါ်က အနက်ရောင်စတုရန်း) ဟာ ၂၀ ရာစု ဒီဘက်ပိုင်းမှာ ထွန်းကားတဲ့ Abstract Art တို့ဧ။် မြစ်ဖျားခံရာတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒုတိယ ကျွန်တော် အကြိုက်ဆုံးကတော့ Mondrian (1872 - 1944 ) (မွန်ဒရီယန်) ဖြစ်ပါတယ်။ အခြားကျော်ကြားတဲ့ ပန်းချီဆရာကြီး အများအပြားလည်းရှိပါတယ်။ အထူးသဖြင့် Abstract Art ဟာ ၁၉၆၀ ခုနှစ် ဝန်းကျင်၊ America မှာ ပုံသဏ္ဍန် အမျိုးမျိုးနှင့် ထွန်းကားခဲ့ရာက Minimalism (၁၉၆၀ - ၇၀) အထိ ရောက်ခဲ့ပါတယ်။ Minimalism ကို Modern Art ဧ။် နောက်ဆုံးအပိုင်းဟုပင် ပညာရှင်များက ယူဆကြသည်။

                    ယခု မြန်မာ့ Abstract Art အကြောင်းနည်းနည်း ပြောကြရအောင်။ မြန်မာ့ Abstract Art ဘယ်တုန်းကစခဲ့တယ်၊ ဘယ်သူတွေ ကစခဲ့တယ်ဆိုတာ ကျွန်တော် မပြောနိုင်ပါ။ အသေအချာ သုတေသန လုပ်ပြီးမှ ပြောရမည့် ကိစ္စဖြစ်ပါသည်။ ကျွန်တော်ပြောမှာက ကျွန်တော်နှင့် ပုဂ္ဂလိက သက်ဆိုင်သော မြန်မာ Abstract Art တစ်ပိုင်းတစ်စ ဖြစ်ပါသည်။

                    ကျွန်တော်ပြောမည့် Artist ကတော့ ခင်မောင်ရင်ပါပဲ။ ပန်းချီသူတော်စင်အဖြစ် ပြောဆိုလာကြတဲ့ သူပါပဲ။ သူက ကျွန်တော့် ထက် တစ်နှစ်ကြီးတယ်။ ၂ ယောက်စလုံး လေ့ကျင့်ရေး ကျောင်း TTC ကျောင်းထွက်တွေပဲ။ သူက ဗိသုကာ ဘွဲ့ရပြီး လှည်းတန်းမှာ လေလွင့်နေချိန်၊ ကျွန်တော် ကလည်းတက္ကသိုလ်ဝင်တန်း တဘုန်းဘုန်းကျပြီး လေလွင့်နေချိန် ချိန်မှာ ကျွန်တော်တို့ ဆုံခဲ့ကြတာပါပဲ။ သူလည်း ပန်းချီကောင်းကောင်း မရေးသေးဘူး၊ ကျွန်တော် လည်း ပန်းချီကောင်းကောင်း မရေးသေးဘူး။ ပန်းချီပိုးကတော့ ကိန်းဝပ်နေလေရဲ့။ အဲ့ဒါ ထားပါ။

                    Abstract Art နဲ့ ခင်မောင်ရင် ကို တွဲမှတ်မိနေတာ ကျွန်တော့်မှာ အကြောင်းရှိတယ်။ ၁၉၆၆ ခုနှစ်လောက်တုန်းကလို့ ထင်တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် မှာ Maths Major နှင့် final year တက်နေပြီ။ တစ်နေ့မှာ အသိတစ်ယောက် ကို ပန်းချီကားလက်ဆောင်ကောင်းကောင်းပေးချင်တာကြောင့် ခင်မောင်ရင်ရဲ့ ဗိသုကာ ရုံးခန်းထဲကိုသွားပြီး ပန်းချီကားတစ်ချပ် တောင်းခဲ့တယ်။ သူ့စရိုက်အတိုင်း ကြိုက်ရာကား ယူသွားပေါ့။ ၃' × ၆' သုံးထပ်သားပြားတစ်ချပ်လုံးအပေါ်  သဘောင်္ ဆေးတွေ ပက်ထား၊ လောင်းထား၊ လုပ်ချင်တာလုပ်ထားတဲ့ (Pollock style မျိုး) ပန်းချီကားကြီးတစ်ချပ် ကို ယူခဲ့တယ်။ ပန်းချီကားဖိုး တစ်ပြားမှ မပေးခဲ့ပါဘူး။ သူကလဲ မတောင်းပါဘူး။ အဲဒီ ပန်းချီကား အချပ်ကြီးကို သုံးဘီးကားပေါ်တင်ပြီး ကျွန်တော့် အသိဆီ အရောက် သွားပြီးပေးခဲ့တယ်။ မကြာပါဘူး ၊ အဲ့ဒီ အသိနဲ့ ကျွန်တော် မိတ်ပျက်သွားခဲ့ကြတယ်။ ပန်းချီကား ပျက်ဆီးသွားတယ်လို့ သိရတယ်။ ပန်းချီကားက ကြားချောင်ဓါးစာခံဖြစ်သွားတာပေါ့။ အခုဆိုရင် အဲ့ ပန်းချီကား တော်တော် အဖိုးတန်နေလောက်ပြီနော်။ 

                  ၁၉၇၀ - ၈၀ ပတ်ဝန်းကျင်လောက်မှာ ခင်မောင်ရင်  ဦးစီးတဲ့ Movement ပန်းချီပြပွဲများ ပြည်လမ်း ၊ လိပ်ခုံး မှာ ပြနေချိန်မှာ Abstract ပန်းချီကား အချို့ ပြလာတာ တွေ့ခဲ့ရတယ်။ ဥပမာ ညွှန့်မြတ် (သူ့ကို ဒီကနေ့အထိ ကျွန်တော် မတွေ့ဘူးပါ) ဆိုတဲ့ RIT ကျောင်းသားတစ်ယောက်ရေးတဲ့ Abstract ပန်းချီကားတစ်ချပ် ပြပွဲမှာ ဈေးကောင်းကောင်းနဲ့ ရောင်းရတယ်ဆိုတဲ့ သီတင်းကြားရတာကြောင့် ထိုပန်းချီကားကို မြင်ဘူးအောင် တကူးတကန့် သွားကြည့်ခဲ့တာကို မှတ်မိပါသေးတယ် ။

                 ဟိုတုန်းကိစ္စ(ချေဆင်း) ကို ဒီမှာ ခတ္တရပ်ပြီး ဒီစာရေးရတဲ့ လက်ရှိကိစ္စကို ရေးကြည့်ရအောင်။


                ဒီနေ့ Nov 18, 2018 နေ့မှာ နေမကောင်းလို့ နားနေရာက facebook ဖွင့်ကြည့်မိတယ်။ post တစ်ခုတွေ့လိုက်တယ်။ OK Gallery မှာ ပြနေတဲ့ Lu Maw Solo Show ပြပွဲမှာ ပန်းချီဆရာ နင့် ဧည့်သည် ပန်းချီဆရာများ ပါတဲ့ ဓါတ်ပုံကို တင်ထားတယ်။ ဓါတ်ပုံထဲမှာ နံရံမှာချိတ်ဆွဲထားတဲ့    Abstract ပန်းချီကား ၂ ချပ်၊ ၃ချပ်ရဲ့ ပုံကို မြင်ရတယ်။ သွားကြည့်ချင်တယ်။ နေမကောင်းလို့ သွားလို့မရဘူးလေ။ အဲဒီကနေ ခေါင်းထဲ Abstract Art ကိစ္စ ရောက်လာပြန်တယ်။ 

                ဒီကနေ့ မြန်မာပန်းချီ လောကမှာ Abstract Art (အထူးသဖြင့် Abstract Expression ကိုမြန်မာ Abstract Artist တွေ ပိုကြိုက်ပုံရတယ်။) ကို ပန်းချီလောကမှာ ဩဇာကြီးတဲ့ ပန်းချီဆရာကြီး အချို့၊ အထူးသဖြင့် လူလတ်ပိုင်းနှင့် လူငယ်ပိုင်း ပန်းချီဆရာတွေ ယုံကြည်မှု အပြည့်နှင့် ထပ်ကာထပ်ကာ တင်ပြလာတာ တွေ့ရတယ်။ Group show အများကြီး၊ Solo show တွေ အများကြီး။ တစ်ဆစ်ချိုးပဲ။ ပန်းချီပြပွဲတွေမှာ စစ်ဆေးရေး မရှိတာရယ်၊ ဒီမိုကရေစီ အစိုးရခေတ်မှာ မိမိယုံကြည်ရာ ကို လွတ်လပ်စွာ ဖန်တီးတင်ပြခွင့် ရှိတယ်လို့ ယုံကြည်လာတာရယ် ၊ အကြောင်းတစ်ကြောင်း ကြောင့်ဖြစ်မယ်လို့ ထင်ပါတယ်။ 

                  ဒီလိုပြောကြည့်ရအောင်  - အခုအချိန် မြန်မာ ပန်းချီလောကမှာ  Abstract Art ဟာ Movement (လှုပ်ရှားမှု) ပုံစံဖြစ်လာပြီလို့တောင် ထင်ရတယ်။ အံ့ဩဖို့ကောင်းတာက (ယခင်နဲ့မတူတာက) Abstract Artist တွေများလာတယ်။ လုပ်ရဲတယ်။ ပြရဲတယ်။ အထူးခြားဆုံးကတော့ Abstract Painting တွေကို မြန်မာ collector များ ပိုမိုစုဆောင်းလာကြတာပါပဲ။ (ပြည်ပမှာတော့ အချို့ အတော် အလုပ်ဖြစ်နေပြီ)။ ကျွန်တော် မှန်းကြည့်တာပါ။ မြန်မာ့ ပန်းချီလောကမှာ Abstract Art လှုပ်ရှားမှုဟာအတော်အတန် အောင်မြင်မှု ရလာတယ် ထင်ပါတယ်။ လှုပ်ရှားမှုဟာ အရှိန်အဟုန်နဲ့  ဖြစ်လာပြီး အနာဂတ်ကာလတစ်ခုမှာ Abstract Art ဟာ မြန်မာ့ ပန်းချီလောကမှာ အထင်ကရနေရာ တစ်နေရာ ရရှိလာမလားလို့တောင် တွေးမိပါတယ်။ 

                     ကျွန်တော် ကိုယ်တိုင်လည်း Abstract Art ကို ကြိုးကြားကြိုးကြားလုပ်ပါတယ်။ 

                      ခက်တယ်ဗျ။

                       ပိုခက်တာက Abstract Art ကို ၂၀ ရာစုတစ်ဝက်လောက်မှာ အနောက်နိုင်ငံတွေက ပါရမီကြီးတဲ့ ပန်းချီပညာရှင်တွေက ကုန်သလောက် လုပ်ခဲ့ပြီး ( စကားချပ်.... အနုပညာ ဆိုတာကုန်တယ် မရှိပါဘူး )၊ ၂၁ရာစုမှာ တစ်ကမ္ဘာလုံးက ဆက်လက်လုပ်လာကြတော့ လုပ်ပြီးတာတွေများနေတာ ၊ အားလုံးလိုလို ဟာ ရှိပြီးသား ဖြစ်နေတာကြောင့် တုဖို့ တော့ လွယ်မှာပေါ့။ကိုယ့်နည်း ကိုယ့်ဟန်နှင့် လုပ်ဖို့ကျတော့ ခက်မှာပေါ့။


                        အတုများလာရင် အပေါစားဖြစ်သွားမယ်။

                        ကိုယ်ပိုင်ဖြစ်တာများရင် အနုပညာဖြစ်သွားမယ်။


                          ကျွန်တော် စဉ်းစားမိတာတော့ ဒါပါပဲ။ ကျွန်တော် ရေးပြချင်တဲ့ စာလေးတစ်ပုဒ်က ဒီမှာဆုံးပါပြီ။အောက်မှာ လွန်ခဲ့တဲ့ ၃၇ နှစ် က စီးပွားရေး တက္ကသိုလ်မဂ္ဂဇင်းမှာ ကျွန်တော် ဘာသာပြန်ထည့်ခဲ့တဲ့ " ခေတ်သစ်ပန်းချီ နိဒါန်း " ဆိုတဲ့ ဆောင်းပါးလေးရဲ့ နိဂုံးချုပ် ကောက်ချက် စာပိုဒ်လေးကို ကူးပြီးဖော်ပြလိုက်ပါတယ်။ 


                         "ခေတ်သစ်ပန်းချီ၌ ဟန်ဆောင်မှု နှင့် ရူးကြောင်ကြောင်နိုင်မှုများ မရှိဟု မဆိုနိုင်ပေ။ ယင်းတို့ကို အချိန်နှင့်အမှန်တရား က ဆုံးဖြတ်ပေးပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ခေတ်သစ်ပန်းချီ၌ အလောင်းအစားဆန်ခြင်း ၊ ငြင်းပယ်ခြင်း ၊ ပြုပြင်ခြင်းနှင့် အသိအမှတ်မပြုခြင်း စသည်တို့ရှိနေမည်မှာ အမှန်ပင်ဖြစ်လေသည်။ အကြောင်းမှာ ယင်းတို့သည် ခေတ်အဆက်ဆက် ပန်းချီ က ဖြတ်သန်းခဲ့ရသော လမ်းကြောင်းအတိုင်းပင် ဖြစ်သောကြောင့် ဖြစ်လေသည်။ 


                                                                                                          ဖတ်ပေးတာကျေးဇူးတင်ပါတယ် ။

                                                                                                                               ကြီးမြင့်စော

၁၂ရက် နိုဝင်ဘာ ၂၀၁၈။


#theavaartgallery #KyeeMyintSaw


[Zawgyi]"ျမန္မာ့ပန္းခ်ီေလာကႏွင့္ Abstract Art  လႈပ္ရွားမႈ"





                    ကြၽန္ေတာ္ Abstract Art  (ျဒပ္မဲ့ပန္းခ်ီ (သို႔) အႏွစ္ခ်ဳပ္ပန္းခ်ီလို႔ ဘာသာျပန္ရမလား၊ဒီအတိုင္းထားတာက ပိုေကာင္းမလား) ႏွင့္ပတ္သက္လို႔ စာေလးတပုဒၤ ေရးခ်င္ပါတယ္။ ကြၽန္ေတာ္က အခု အသက္ ၈၀ က်န္းမာေရးလည္း သိပ္ေကာင္းလွတာမဟုတ္လို႔ စာေကာင္းေကာင္း မဖတ္ႏိုင္ေတာ့တာေၾကာင့္ အခုေရးတာက်မ္းကိုးေရးတာ မဟုတ္ပဲ လြန္ခဲ့တဲ့ အႏွစ္ ၃၀-၄၀ ေလာက္ကဖတ္ ခဲ့တာေတြကို အေျခခံၿပီး မွတ္မိသေလာက္ႏွင့္ ေရးသားထားျခင္းသာ ျဖစ္ပါတယ္။ ဟာကြက္မ်ားရိွလ်ွင္ ခြင့္ လႊတ္ပါ။


                  အျပည္ျပည္ဆိုင္ရာ ပန္းခ်ီေလာကမွာ Abstract Art ကိုစလုပ္သူဟာ Kandinsky (1878 - 1944) (ကင္ဒင္စကီး) ဟုထင္ပါသည္။ ၁၉၂၀ မွာ Pure Abstract  အဆင့္ထိ ဖန္တီးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ Abstract Art မွာကြၽန္ေတာ္ အႀကိဳက္ဆံုးပန္းခ်ီဆရာႀကီးက ရုရွားလူမ်ိဳး Malevich (1878- 1935) ( မလာဗစ္) ျဖစ္ပါတယ္။ ၁၉၁၃ ခုႏွစ္မွာ သူဖန္တီးခဲ့တဲ့ Black Square on a white ground ( အျဖဴေရာင္ ေအာက္ခံေပၚက အနက္ေရာင္စတုရန္း) ဟာ ၂၀ ရာစု ဒီဘက္ပိုင္းမွာ ထြန္းကားတဲ့ Abstract Art တို႔ဧ။္ ျမစ္ဖ်ားခံရာတစ္ခုလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒုတိယ ကြၽန္ေတာ္ အႀကိဳက္ဆံုးကေတာ့ Mondrian (1872 - 1944 ) (မြန္ဒရီယန္) ျဖစ္ပါတယ္။ အျခားေက်ာ္ၾကားတဲ့ ပန္းခ်ီဆရာႀကီး အမ်ားအျပားလည္းရိွပါတယ္။ အထူးသျဖင့္ Abstract Art ဟာ ၁၉၆၀ ခုႏွစ္ ဝန္းက်င္၊ America မွာ ပံုသ႑န္ အမ်ိဳးမ်ိဳးႏွင့္ ထြန္းကားခဲ့ရာက Minimalism (၁၉၆၀ - ၇၀) အထိ ေရာက္ခဲ့ပါတယ္။ Minimalism ကို Modern Art ဧ။္ ေနာက္ဆံုးအပိုင္းဟုပင္ ပညာရွင္မ်ားက ယူဆၾကသည္။

                    ယခု ျမန္မာ့ Abstract Art အေၾကာင္းနည္းနည္း ေျပာၾကရေအာင္။ ျမန္မာ့ Abstract Art ဘယ္တုန္းကစခဲ့တယ္၊ ဘယ္သူေတြ ကစခဲ့တယ္ဆိုတာ ကြၽန္ေတာ္ မေျပာႏိုင္ပါ။ အေသအခ်ာ သုေတသန လုပ္ၿပီးမွ ေျပာရမၫ့္ ကိစၥျဖစ္ပါသည္။ ကြၽန္ေတာ္ေျပာမွာက ကြၽန္ေတာ္ႏွင့္ ပုဂၢလိက သက္ဆိုင္ေသာ ျမန္မာ Abstract Art တစ္ပိုင္းတစ္စ ျဖစ္ပါသည္။

                    ကြၽန္ေတာ္ေျပာမၫ့္ Artist ကေတာ့ ခင္ေမာင္ရင္ပါပဲ။ ပန္းခ်ီသူေတာ္စင္အျဖစ္ ေျပာဆိုလာၾကတဲ့ သူပါပဲ။ သူက ကြၽန္ေတာ့္ ထက္ တစ္ႏွစ္ႀကီးတယ္။ ၂ ေယာက္စလံုး ေလ့က်င့္ေရး ေက်ာင္း TTC ေက်ာင္းထြက္ေတြပဲ။ သူက ဗိသုကာ ဘြဲ႔ရၿပီး လွည္းတန္းမွာ ေလလြင့္ေနခ်ိန္၊ ကြၽန္ေတာ္ ကလည္းတကၠသိုလ္ဝင္တန္း တဘုန္းဘုန္းက်ၿပီး ေလလြင့္ေနခ်ိန္ ခ်ိန္မွာ ကြၽန္ေတာ္တို႔ ဆံုခဲ့ၾကတာပါပဲ။ သူလည္း ပန္းခ်ီေကာင္းေကာင္း မေရးေသးဘူး၊ ကြၽန္ေတာ္ လည္း ပန္းခ်ီေကာင္းေကာင္း မေရးေသးဘူး။ ပန္းခ်ီပိုးကေတာ့ ကိန္းဝပ္ေနေလရဲ့။ အဲ့ဒါ ထားပါ။

                    Abstract Art နဲ႔ ခင္ေမာင္ရင္ ကို တြဲမွတ္မိေနတာ ကြၽန္ေတာ့္မွာ အေၾကာင္းရိွတယ္။ ၁၉၆၆ ခုႏွစ္ေလာက္တုန္းကလို႔ ထင္တယ္။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္က ရန္ကုန္ ဝိဇၨာႏွင့္ သိပၸံ တကၠသိုလ္ မွာ Maths Major ႏွင့္ final year တက္ေနၿပီ။ တစ္ေန့မွာ အသိတစ္ေယာက္ ကို ပန္းခ်ီကားလက္ေဆာင္ေကာင္းေကာင္းေပးခ်င္တာေၾကာင့္ ခင္ေမာင္ရင္ရဲ့ ဗိသုကာ ရံုးခန္းထဲကိုသြားၿပီး ပန္းခ်ီကားတစ္ခ်ပ္ ေတာင္းခဲ့တယ္။ သူ႔စရိုက္အတိုင္း ႀကိဳက္ရာကား ယူသြားေပါ့။ ၃' × ၆' သံုးထပ္သားျပားတစ္ခ်ပ္လံုးအေပၚ  သေဘာင္္ ေဆးေတြ ပက္ထား၊ ေလာင္းထား၊ လုပ္ခ်င္တာလုပ္ထားတဲ့ (Pollock style မ်ိဳး) ပန္းခ်ီကားႀကီးတစ္ခ်ပ္ ကို ယူခဲ့တယ္။ ပန္းခ်ီကားဖိုး တစ္ျပားမွ မေပးခဲ့ပါဘူး။ သူကလဲ မေတာင္းပါဘူး။ အဲဒီ ပန္းခ်ီကား အခ်ပ္ႀကီးကို သံုးဘီးကားေပၚတင္ၿပီး ကြၽန္ေတာ့္ အသိဆီ အေရာက္ သြားၿပီးေပးခဲ့တယ္။ မၾကာပါဘူး ၊ အဲ့ဒီ အသိနဲ႔ ကြၽန္ေတာ္ မိတ္ပ်က္သြားခဲ့ၾကတယ္။ ပန္းခ်ီကား ပ်က္ဆီးသြားတယ္လို႔ သိရတယ္။ ပန္းခ်ီကားက ၾကားေခ်ာင္ဓါးစာခံျဖစ္သြားတာေပါ့။ အခုဆိုရင္ အဲ့ ပန္းခ်ီကား ေတာ္ေတာ္ အဖိုးတန္ေနေလာက္ၿပီေနာ္။ 

                  ၁၉၇၀ - ၈၀ ပတ္ဝန္းက်င္ေလာက္မွာ ခင္ေမာင္ရင္  ဦးစီးတဲ့ Movement ပန္းခ်ီျပပြဲမ်ား ျပည္လမ္း ၊ လိပ္ခံုး မွာ ျပေနခ်ိန္မွာ Abstract ပန္းခ်ီကား အခ်ိဳ႕ ျပလာတာ ေတြ့ခဲ့ရတယ္။ ဥပမာ ၫႊန႔္ျမတ္ (သူ႔ကို ဒီကေန့အထိ ကြၽန္ေတာ္ မေတြ့ဘူးပါ) ဆိုတဲ့ RIT ေက်ာင္းသားတစ္ေယာက္ေရးတဲ့ Abstract ပန္းခ်ီကားတစ္ခ်ပ္ ျပပြဲမွာ ေဈးေကာင္းေကာင္းနဲ႔ ေရာင္းရတယ္ဆိုတဲ့ သီတင္းၾကားရတာေၾကာင့္ ထိုပန္းခ်ီကားကို ျမင္ဘူးေအာင္ တကူးတကန႔္ သြားၾကၫ့္ခဲ့တာကို မွတ္မိပါေသးတယ္ ။

                 ဟိုတုန္းကိစၥ(ေခ်ဆင္း) ကို ဒီမွာ ခတၲရပ္ၿပီး ဒီစာေရးရတဲ့ လက္ရိွကိစၥကို ေရးၾကၫ့္ရေအာင္။


                ဒီေန့ Nov 18, 2018 ေန့မွာ ေနမေကာင္းလို႔ နားေနရာက facebook ဖြင့္ၾကၫ့္မိတယ္။ post တစ္ခုေတြ့လိုက္တယ္။ OK Gallery မွာ ျပေနတဲ့ Lu Maw Solo Show ျပပြဲမွာ ပန္းခ်ီဆရာ နင့္ ဧၫ့္သည္ ပန္းခ်ီဆရာမ်ား ပါတဲ့ ဓါတ္ပံုကို တင္ထားတယ္။ ဓါတ္ပံုထဲမွာ နံရံမွာခ်ိတ္ဆြဲထားတဲ့    Abstract ပန္းခ်ီကား ၂ ခ်ပ္၊ ၃ခ်ပ္ရဲ့ ပံုကို ျမင္ရတယ္။ သြားၾကၫ့္ခ်င္တယ္။ ေနမေကာင္းလို႔ သြားလို႔မရဘူးေလ။ အဲဒီကေန ေခါင္းထဲ Abstract Art ကိစၥ ေရာက္လာျပန္တယ္။ 

                ဒီကေန့ ျမန္မာပန္းခ်ီ ေလာကမွာ Abstract Art (အထူးသျဖင့္ Abstract Expression ကိုျမန္မာ Abstract Artist ေတြ ပိုႀကိဳက္ပံုရတယ္။) ကို ပန္းခ်ီေလာကမွာ ဩဇာႀကီးတဲ့ ပန္းခ်ီဆရာႀကီး အခ်ိဳ႕၊ အထူးသျဖင့္ လူလတ္ပိုင္းႏွင့္ လူငယ္ပိုင္း ပန္းခ်ီဆရာေတြ ယံုၾကည္မႈ အျပၫ့္ႏွင့္ ထပ္ကာထပ္ကာ တင္ျပလာတာ ေတြ့ရတယ္။ Group show အမ်ားႀကီး၊ Solo show ေတြ အမ်ားႀကီး။ တစ္ဆစ္ခ်ိဳးပဲ။ ပန္းခ်ီျပပြဲေတြမွာ စစ္ေဆးေရး မရိွတာရယ္၊ ဒီမိုကေရစီ အစိုးရေခတ္မွာ မိမိယံုၾကည္ရာ ကို လြတ္လပ္စြာ ဖန္တီးတင္ျပခြင့္ ရိွတယ္လို႔ ယံုၾကည္လာတာရယ္ ၊ အေၾကာင္းတစ္ေၾကာင္း ေၾကာင့္ျဖစ္မယ္လို႔ ထင္ပါတယ္။ 

                  ဒီလိုေျပာၾကၫ့္ရေအာင္  - အခုအခ်ိန္ ျမန္မာ ပန္းခ်ီေလာကမွာ  Abstract Art ဟာ Movement (လႈပ္ရွားမႈ) ပံုစံျဖစ္လာၿပီလို႔ေတာင္ ထင္ရတယ္။ အံ့ဩဖို႔ေကာင္းတာက (ယခင္နဲ႔မတူတာက) Abstract Artist ေတြမ်ားလာတယ္။ လုပ္ရဲတယ္။ ျပရဲတယ္။ အထူးျခားဆံုးကေတာ့ Abstract Painting ေတြကို ျမန္မာ collector မ်ား ပိုမိုစုေဆာင္းလာၾကတာပါပဲ။ (ျပည္ပမွာေတာ့ အခ်ိဳ႕ အေတာ္ အလုပ္ျဖစ္ေနၿပီ)။ ကြၽန္ေတာ္ မွန္းၾကၫ့္တာပါ။ ျမန္မာ့ ပန္းခ်ီေလာကမွာ Abstract Art လႈပ္ရွားမႈဟာအေတာ္အတန္ ေအာင္ျမင္မႈ ရလာတယ္ ထင္ပါတယ္။ လႈပ္ရွားမႈဟာ အရိွန္အဟုန္နဲ႔  ျဖစ္လာၿပီး အနာဂတ္ကာလတစ္ခုမွာ Abstract Art ဟာ ျမန္မာ့ ပန္းခ်ီေလာကမွာ အထင္ကရေနရာ တစ္ေနရာ ရရိွလာမလားလို႔ေတာင္ ေတြးမိပါတယ္။ 

                     ကြၽန္ေတာ္ ကိုယ္တိုင္လည္း Abstract Art ကို ႀကိဳးၾကားႀကိဳးၾကားလုပ္ပါတယ္။ 

                      ခက္တယ္ဗ်။

                       ပိုခက္တာက Abstract Art ကို ၂၀ ရာစုတစ္ဝက္ေလာက္မွာ အေနာက္ႏိုင္ငံေတြက ပါရမီႀကီးတဲ့ ပန္းခ်ီပညာရွင္ေတြက ကုန္သေလာက္ လုပ္ခဲ့ၿပီး ( စကားခ်ပ္.... အႏုပညာ ဆိုတာကုန္တယ္ မရိွပါဘူး )၊ ၂၁ရာစုမွာ တစ္ကမ႓ာလံုးက ဆက္လက္လုပ္လာၾကေတာ့ လုပ္ၿပီးတာေတြမ်ားေနတာ ၊ အားလံုးလိုလို ဟာ ရိွၿပီးသား ျဖစ္ေနတာေၾကာင့္ တုဖို႔ ေတာ့ လြယ္မွာေပါ့။ကိုယ့္နည္း ကိုယ့္ဟန္ႏွင့္ လုပ္ဖို႔က်ေတာ့ ခက္မွာေပါ့။


                        အတုမ်ားလာရင္ အေပါစားျဖစ္သြားမယ္။

                        ကိုယ္ပိုင္ျဖစ္တာမ်ားရင္ အႏုပညာျဖစ္သြားမယ္။


                          ကြၽန္ေတာ္ စဉ္းစားမိတာေတာ့ ဒါပါပဲ။ ကြၽန္ေတာ္ ေရးျပခ်င္တဲ့ စာေလးတစ္ပုဒ္က ဒီမွာဆံုးပါၿပီ။ေအာက္မွာ လြန္ခဲ့တဲ့ ၃၇ ႏွစ္ က စီးပြားေရး တကၠသိုလ္မဂၢဇင္းမွာ ကြၽန္ေတာ္ ဘာသာျပန္ထၫ့္ခဲ့တဲ့ " ေခတ္သစ္ပန္းခ်ီ နိဒါန္း " ဆိုတဲ့ ေဆာင္းပါးေလးရဲ့ နိဂံုးခ်ဳပ္ ေကာက္ခ်က္ စာပိုဒ္ေလးကို ကူးၿပီးေဖာ္ျပလိုက္ပါတယ္။ 


                         "ေခတ္သစ္ပန္းခ်ီ၌ ဟန္ေဆာင္မႈ ႏွင့္ ရူးေၾကာင္ေၾကာင္ႏိုင္မႈမ်ား မရိွဟု မဆိုႏိုင္ေပ။ ယင္းတို႔ကို အခ်ိန္ႏွင့္အမွန္တရား က ဆံုးျဖတ္ေပးေပလိမ့္မည္။ မည္သို႔ပင္ဆိုေစ ေခတ္သစ္ပန္းခ်ီ၌ အေလာင္းအစားဆန္ျခင္း ၊ ျငင္းပယ္ျခင္း ၊ ျပဳျပင္ျခင္းႏွင့္ အသိအမွတ္မျပဳျခင္း စသည္တို႔ရိွေနမည္မွာ အမွန္ပင္ျဖစ္ေလသည္။ အေၾကာင္းမွာ ယင္းတို႔သည္ ေခတ္အဆက္ဆက္ ပန္းခ်ီ က ျဖတ္သန္းခဲ့ရေသာ လမ္းေၾကာင္းအတိုင္းပင္ ျဖစ္ေသာေၾကာင့္ ျဖစ္ေလသည္။ 


                                                                                                          ဖတ္ေပးတာေက်းဇူးတင္ပါတယ္ ။

                                                                                                                               ႀကီးျမင့္ေစာ

၁၂ရက္ ႏိုဝင္ဘာ ၂၀၁၈။


#theavaartgallery #KyeeMyintSaw

Saturday, July 3, 2021

Shrimp Toast ၊ ကြက်သားပေါင်း နဲ့ 'ကြက်ပေါင်း' Soup

 [Unicode]ကြက်သားပေါင်း နဲ့ 'ကြက်ပေါင်း' Soup




►   ကြက်သားပေါင်းပါဝင်ပစ္စည်း

♦   ကြက်ရင်အုပ်သားလွှာ   -   တစ်ခြမ်း

♦   ကြက်ဥ  -   ၃ လုံး

♦   ကြက်သွန်နီ   -   ၅ လုံး (အနေတော်)

♦   ကြက်သွန်ဖြူ   -   ၂ မြွှာ

♦   ပဲငံပြာရည်   -   အနည်းငယ်

♦   ဆား   -   အနည်းငယ်

♦   အသားမှုန့်   -   အနည်းငယ်

♦   တရုတ်မဆလာ   -   အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ပုံ

အရင်ဆုံး ကြက်ရင်အုပ်အသားလွှာလေးကို သန့်စင်အောင် အတုံးလိုက်ရေဆေးလိုက်ပါ။ (အသားလွှာ အရိုးမပါတာကို Super Market တွေမှာ ဝယ်လို့ရပါတယ်။) ပြီးရင်တော့ စက်ထဲထည့်ပြီး ကြိတ်လိုက်တယ်။ ဒါပေမဲ့ အသားပေါင်းက အသားတွေအရမ်းကြေသွားရင် စားလို့မကောင်းဘူး။ မေသူကတော့ တောက်တောက် စဉ်းတာ ပိုကြိုက်လို့လေ။ ပြီးရင်တော့ ကြက်သွန်နီတွေကိုအခွံ နွှာ၊ ထက်ခြမ်းခြမ်းပြီး တောက်တောက်စဉ်းနေတဲ့ အသားထဲမှာပဲတစ်ခါတည်း အတုံးလေးတွေရအောင် အသားနဲ့အတူ ရောစဉ်းပါ။ အသားတောက်တောက်စဉ်း၊ ကြက်သွန်နီတောက်တောက်စဉ်းအရောကို ဇလုံတစ်လုံးထဲမှာထည့် ကြက်သွန်ဖြူထောင်းထည့်၊ ဆား၊ ပဲငံပြာရည်၊ အသားမှုန့်၊ တရုတ်မဆလာတို့ကိုထည့်ပြီး ရောနယ်လိုက်ပါ။

 ပြီးရင်တော့ ကြက်ဥနှစ်လုံးကို အကာရောအနှစ်ရောခေါက်ပြီး နယ်ထားတဲ့အသားထဲကိုထည့်ပြီး ရောနယ်ပေးပါ။ နောက်ထပ် ကြက်ဥတစ်လုံးကိုတော့အကာသပ်သပ် အနှစ်သပ်သပ်ဖြစ်အောင် ခွဲပြီးရင်တော့ အကာသပ်သပ် အနှစ်သပ်သပ်ကို အသားထဲကို ဆမ်းပေးပါ။ ဒါကတော့ ကြက်သားပေါင်းလေးကျက်တဲ့အခါ အဖြူမျှင်လေးတွေ အဝါမျှင်လေးတွေနဲ့ အမြင်လှအောင် ပြုလုပ်ပေးတာပါ။

 ဒါတွေအားလုံးပြီးပြီဆိုရင်တော့ အိုးတစ်ခုထဲထည့် အဖုံးဖုံးပြီး ပေါင်းမည့်အိုးကြီးကြီးထဲကို ရေတစ်ဝက် ခန့်ထည့်ပြီး ၂၅ မိနစ်ခန့်ပေါင်းပေးရပါမယ်နော်။ သြော် ပြောဖို့ကျန်သွားလို့ အသားလေးနည်းနည်းနူးအိချင်ရင် တော့ ကြက်သားနယ်ထားတဲ့ထဲကို ရေထမင်းစားဇွန်း ၂ ဇွန်း ထည့်ပေးလို့ရပါတယ်။

 ၂၅ မိနစ်လောက်ရှိပြီဆိုရင် အဖုံးလေးကိုဖွင့်ကြည့်လိုက်ပါ။ အရသာရှိတဲ့ ကြက်သားပေါင်းလေးရပါပြီ။ အရည်လေးဆမ်းစားချင်တယ်ဆိုရင်တော့ အရမ်းရေမခန်းခင် မီးဖိုပေါ်ကချပါ။ အရည်ပါတာမကြိုက်ဘူး ခြောက်ခြောက်လေး စားချင်တယ်ဆိုရင်တော့ အရည်လေးခန်းတဲ့ထိ ထားလိုက်ပေါ့နော်။ အကြိုက်တစ်မျိုးစီဆို တော့လေ မေသူကတော့ ကြက်သားပေါင်းအရည်လေးနဲ့ ထမင်းပူပူလေးပေါ်ဆမ်းပြီး ကြက်သားပေါင်း အနံ့မွှေးမွှေး လေးနဲ့စားလိုက်ရရင် အားပြည့်သွားသလိုခံစားရတယ်။ ပြီးရင်ကြက်သားပေါင်းကို အချဉ်လေးနဲ့တို့စားရင်လည်းအရမ်းကောင်း။ အချဉ်လုပ်နည်းလေးပါ တခါတည်းပြောလိုက်မယ်။ အရမ်းလွယ်ပါတယ်။

 ကြက်သွန်နီ တစ်လုံးကိုပါးပါးလှီး၊ ကြက်သွန်ဖြူနှစ် မြှောင်းကိုပါးပါးလှီး၊ ငရုတ်သီး စိမ်းပါးပါးလှီး၊ ငံပြာရည်၊ ဆား၊ အသားမှုန့်ထည့်၊ သံပရာသီး နှစ်ခြမ်းညှစ်၊ နံနံပင်လေး နုပ်နုပ်စဉ်းပြီးထည့်လိုက်ရင် ကြက်သားပေါင်းလေးနဲ့ တွဲဖက်စားလို့ရမယ့် အချဉ်လေးရပါပြီ။


►   ကြက်ပေါင်း Soup ပါဝင်ပစ္စည်း

♦   ကြက်ပေါင်   -   တစ်ခြမ်း

♦   ချင်း   -   အနည်းငယ်

♦   ကြက်သွန်ဖြူ   -   ၃ မြှောင်

♦   ဆား   -   အနည်းငယ်

♦    အသားမှုန့်   -   အနည်းငယ်

♦   ပဲငံပြာရည်   -   အနည်းငယ်

♦   ငရုတ်ကောင်း   -   အနည်းငယ်

♦   တရုတ်နံနံ   -   ၂ ပင်

ပြင်ဆင်ပြုလုပ်ပုံ 

ဒီကြက်ပေါင်း Soup လေးကတော့ ဆီပြန်ဟင်းတွေ မစားချင်တဲ့အချိန် ထမင်းလေးနဲ့ပဲစားစား ပေါင်မုန့်မီးကင်နဲ့ ပဲစားစားအားဖြစ်မယ့် အစားအစာပါ။ ဒီတစ်ခါတော့အရိုး၊ အသားတွဲထားတဲ့ ကြက်သား ပေါင်တုံးလေးတွေကို ဆား၊ အသားမှုန့်၊ ပဲငံပြာရည်နဲ့ နှပ်ထားလိုက်ပါ။

 ညကတည်းကနှပ်ထားရင်တော့ အသားထဲကို အရသာပိုဝင်ပါတယ်။ ပြီးရင် အိုးထဲထည့် မီးဖိုပေါ်မှာ နှပ်ထားတဲ့ ကြက်သားကိုလုံးပေးပါ။ ကြက်သားလုံးတဲ့အခါ ဆီလုံးဝမထည့်ဘဲ လုံးပေးပါ။ ဒါမှညှီနံ့မနံမှာပါ။ ကြက်သားကိုလုံးပြီး အနံ့လေးမွှေးလာရင် ရေထည့်လိုက်ပါ။ ရေပွက်ပွက်ဆူရင် ချင်းကိုအပြားထူထူလှီးထည့်၊ ကြက်သွန်ဖြူ ၃ မြှောင်းထည့်၊ အရသာအတွက်ဆား၊ အသားမှုန့်နဲ့ ပဲငံပြာရည်ထည့်ပြီး တည်ထားလိုက်ပါ။ အဲ့လိုတည်ထားတဲ့အခါမှာ အမြုပ်တွေဆီတွေဝေ့တက်လာရင် ခပ်ထုပ်ပစ်ပေးပါ။

 အရည်လည်းကျလာပြီ၊ အရသာလည်း အနေတော်ဖြစ်ပြီး အသားလည်းနူးပြီဆိုရင်တော့ တရုတ်နံနံ အုပ်၊ ငရုတ်ကောင်းလေးထည့်ပြီး ပူပူနွေးနွေး 'ကြက်ပေါင်း Soup' ကို CP ကြက်နဲ့ချက်မယ်ဆိုရင် အရမ်းအကြာ ကြီး တည်စရာမလိုပါ။ CP ကြက်က အသားကအိပြီးသား ဖြစ်တဲ့အတွက် အရမ်းအကြာကြီးတည်ရင် အသား တွေနူးအိပြီး ကြေကုန်မှာစိုးလို့ပါ။


Shrimp Toast

....................

 ဒီလအတွက်တော့ သရေစာအဖြစ်ရော မနက်စာအဖြစ်ပါ  အာဟာရပြည့်စေမယ့် လတ်ဆတ်သန့်ရှင်းတဲ့ ပုစွန်ပေါင်မုန့်ကပ်လေးကို ရေးပေးချင်ပါတယ်။ ကလေးတွေအတွက် ဆီများများနဲ့ကြော်တဲ့ အစားစာတွေကို တစ်ပတ်မှာ တစ်ရက်ထက် ပိုမကျွေး သင့်တာကြောင့် ဒီပုစွန်ပေါင်မုန့်ကပ်လေးကိုတော့ ဆီအများကြီးနဲ့ မကြော်ဘဲ Oven ကို အသုံးပြုထားလို့ ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ ပုစွန်အစား ကြက်သား၊ ဝက်သား၊ အမဲသား (ကြိတ်သား)တို့ကို အသုံးပြုလို့ရပါတယ်။ Oven ရဲ့ အပူချိန်နဲ့ ကြာချိန်ကတော့ အမျိုးအစားအလိုက် ကွဲပြားလို့ သတိထားစေချင်ပါတယ်။ ကလေးတွေရဲ့ ကျောင်း ထမင်းဘူးထည့်ပေးဖို့လည်း အဆင်ပြေစေမှာပါ။ လုပ်ကြည့်ကြရအောင်နော်။


ပါဝင်ပစ္စည်းများ

- ပေါင်မုန့် (ဘေးသားလှီးပြီးသား) - ၅ ချပ်

- ပုစွန် (ကြိတ်ပြီးသား)  - ဟင်းချို ပန်းကန်တစ်လုံးစာ

- ငရုတ်ကောင်းမှုန့်နှင့် ဆား - အနည်းငယ်

- သကြား  - လက်ဖက်ရည်ဇွန်း  ၁ ဇွန်း (မထည့်လည်းရ)

- ကြက်ဥအကာ - တစ်လုံး

- ချင်းအရည်  - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

- ကြက်သွန်ဖြူအရည်  - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

- နှမ်းဆီ - ထမင်းစားဇွန်း ၁ ဇွန်း


 Oven ကို ၂၀ဝ ဒီဂရီ အပူကြိုပေးထားပါ။


ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

၁။ နှမ်းနှင့် ပေါင်မုန့်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောနယ်ကာ ခလောက်ပေးပြီး ပေါင်မုန့်ပေါ်  မထူမပါး သုတ်ပေးပါ။

၂။ ပုစွန်အရောကို သုတ်ပေးပြီးလျှင် ကြက်ဥအနှစ်တစ်လုံးကို နာနာခလောက်ပြီး အပေါ်မှ သုတ်လိမ်းပေးပါ။

၃။ ပြီးလျှင် နှမ်းကို အပေါ်မှဖြူးပေးပြီး ၁၅ မိနစ်ခန့် အပူပေးထားသော Oven မှာ ကင်ပါ။

* Oven မှာ မကင်ဘဲ ဆီပူပူမှာ ထည့်ကြော်လည်း ရပါတယ်ရှင်။

...............

May's Healthy Food


[Zawgyi]ၾကက္သားေပါင္း နဲ႔ 'ၾကက္ေပါင္း' Soup


►   ၾကက္သားေပါင္းပါဝင္ပစၥည္း




♦   ၾကက္ရင္အုပ္သားလႊာ   -   တစ္ျခမ္း

♦   ၾကက္ဥ  -   ၃ လံုး

♦   ၾကက္သြန္နီ   -   ၅ လံုး (အေနေတာ္)

♦   ၾကက္သြန္ျဖဴ   -   ၂ ႁမြွာ

♦   ပဲငံျပာရည္   -   အနည္းငယ္

♦   ဆား   -   အနည္းငယ္

♦   အသားမႈန႔္   -   အနည္းငယ္

♦   တရုတ္မဆလာ   -   အနည္းငယ္

ျပင္ဆင္ခ်က္ျပဳတ္ပံု

အရင္ဆံုး ၾကက္ရင္အုပ္အသားလႊာေလးကို သန႔္စင္ေအာင္ အတံုးလိုက္ေရေဆးလိုက္ပါ။ (အသားလႊာ အရိုးမပါတာကို Super Market ေတြမွာ ဝယ္လို႔ရပါတယ္။) ၿပီးရင္ေတာ့ စက္ထဲထၫ့္ၿပီး ႀကိတ္လိုက္တယ္။ ဒါေပမဲ့ အသားေပါင္းက အသားေတြအရမ္းေၾကသြားရင္ စားလို႔မေကာင္းဘူး။ ေမသူကေတာ့ ေတာက္ေတာက္ စဉ္းတာ ပိုႀကိဳက္လို႔ေလ။ ၿပီးရင္ေတာ့ ၾကက္သြန္နီေတြကိုအခြံ ႏႊာ၊ ထက္ျခမ္းျခမ္းၿပီး ေတာက္ေတာက္စဉ္းေနတဲ့ အသားထဲမွာပဲတစ္ခါတည္း အတံုးေလးေတြရေအာင္ အသားနဲ႔အတူ ေရာစဉ္းပါ။ အသားေတာက္ေတာက္စဉ္း၊ ၾကက္သြန္နီေတာက္ေတာက္စဉ္းအေရာကို ဇလံုတစ္လံုးထဲမွာထၫ့္ ၾကက္သြန္ျဖဴေထာင္းထၫ့္၊ ဆား၊ ပဲငံျပာရည္၊ အသားမႈန႔္၊ တရုတ္မဆလာတို႔ကိုထၫ့္ၿပီး ေရာနယ္လိုက္ပါ။

 ၿပီးရင္ေတာ့ ၾကက္ဥႏွစ္လံုးကို အကာေရာအႏွစ္ေရာေခါက္ၿပီး နယ္ထားတဲ့အသားထဲကိုထၫ့္ၿပီး ေရာနယ္ေပးပါ။ ေနာက္ထပ္ ၾကက္ဥတစ္လံုးကိုေတာ့အကာသပ္သပ္ အႏွစ္သပ္သပ္ျဖစ္ေအာင္ ခြဲၿပီးရင္ေတာ့ အကာသပ္သပ္ အႏွစ္သပ္သပ္ကို အသားထဲကို ဆမ္းေပးပါ။ ဒါကေတာ့ ၾကက္သားေပါင္းေလးက်က္တဲ့အခါ အျဖဴမ်ွင္ေလးေတြ အဝါမ်ွင္ေလးေတြနဲ႔ အျမင္လွေအာင္ ျပဳလုပ္ေပးတာပါ။

 ဒါေတြအားလံုးၿပီးၿပီဆိုရင္ေတာ့ အိုးတစ္ခုထဲထၫ့္ အဖံုးဖံုးၿပီး ေပါင္းမၫ့္အိုးႀကီးႀကီးထဲကို ေရတစ္ဝက္ ခန႔္ထၫ့္ၿပီး ၂၅ မိနစ္ခန႔္ေပါင္းေပးရပါမယ္ေနာ္။ ေၾသာ္ ေျပာဖို႔က်န္သြားလို႔ အသားေလးနည္းနည္းႏူးအိခ်င္ရင္ ေတာ့ ၾကက္သားနယ္ထားတဲ့ထဲကို ေရထမင္းစားဇြန္း ၂ ဇြန္း ထၫ့္ေပးလို႔ရပါတယ္။

 ၂၅ မိနစ္ေလာက္ရိွၿပီဆိုရင္ အဖံုးေလးကိုဖြင့္ၾကၫ့္လိုက္ပါ။ အရသာရိွတဲ့ ၾကက္သားေပါင္းေလးရပါၿပီ။ အရည္ေလးဆမ္းစားခ်င္တယ္ဆိုရင္ေတာ့ အရမ္းေရမခန္းခင္ မီးဖိုေပၚကခ်ပါ။ အရည္ပါတာမႀကိဳက္ဘူး ေျခာက္ေျခာက္ေလး စားခ်င္တယ္ဆိုရင္ေတာ့ အရည္ေလးခန္းတဲ့ထိ ထားလိုက္ေပါ့ေနာ္။ အႀကိဳက္တစ္မ်ိဳးစီဆို ေတာ့ေလ ေမသူကေတာ့ ၾကက္သားေပါင္းအရည္ေလးနဲ႔ ထမင္းပူပူေလးေပၚဆမ္းၿပီး ၾကက္သားေပါင္း အနံ႔ေမႊးေမႊး ေလးနဲ႔စားလိုက္ရရင္ အားျပၫ့္သြားသလိုခံစားရတယ္။ ၿပီးရင္ၾကက္သားေပါင္းကို အခ်ဉ္ေလးနဲ႔တို႔စားရင္လည္းအရမ္းေကာင္း။ အခ်ဉ္လုပ္နည္းေလးပါ တခါတည္းေျပာလိုက္မယ္။ အရမ္းလြယ္ပါတယ္။

 ၾကက္သြန္နီ တစ္လံုးကိုပါးပါးလွီး၊ ၾကက္သြန္ျဖဴႏွစ္ ေျမႇာင္းကိုပါးပါးလွီး၊ ငရုတ္သီး စိမ္းပါးပါးလွီး၊ ငံျပာရည္၊ ဆား၊ အသားမႈန႔္ထၫ့္၊ သံပရာသီး ႏွစ္ျခမ္းၫွစ္၊ နံနံပင္ေလး ႏုပ္ႏုပ္စဉ္းၿပီးထၫ့္လိုက္ရင္ ၾကက္သားေပါင္းေလးနဲ႔ တြဲဖက္စားလို႔ရမယ့္ အခ်ဉ္ေလးရပါၿပီ။


►   ၾကက္ေပါင္း Soup ပါဝင္ပစၥည္း




♦   ၾကက္ေပါင္   -   တစ္ျခမ္း

♦   ခ်င္း   -   အနည္းငယ္

♦   ၾကက္သြန္ျဖဴ   -   ၃ ေျမႇာင္

♦   ဆား   -   အနည္းငယ္

♦    အသားမႈန႔္   -   အနည္းငယ္

♦   ပဲငံျပာရည္   -   အနည္းငယ္

♦   ငရုတ္ေကာင္း   -   အနည္းငယ္

♦   တရုတ္နံနံ   -   ၂ ပင္

ျပင္ဆင္ျပဳလုပ္ပံု 

ဒီၾကက္ေပါင္း Soup ေလးကေတာ့ ဆီျပန္ဟင္းေတြ မစားခ်င္တဲ့အခ်ိန္ ထမင္းေလးနဲ႔ပဲစားစား ေပါင္မုန႔္မီးကင္နဲ႔ ပဲစားစားအားျဖစ္မယ့္ အစားအစာပါ။ ဒီတစ္ခါေတာ့အရိုး၊ အသားတြဲထားတဲ့ ၾကက္သား ေပါင္တံုးေလးေတြကို ဆား၊ အသားမႈန႔္၊ ပဲငံျပာရည္နဲ႔ ႏွပ္ထားလိုက္ပါ။

 ညကတည္းကႏွပ္ထားရင္ေတာ့ အသားထဲကို အရသာပိုဝင္ပါတယ္။ ၿပီးရင္ အိုးထဲထၫ့္ မီးဖိုေပၚမွာ ႏွပ္ထားတဲ့ ၾကက္သားကိုလံုးေပးပါ။ ၾကက္သားလံုးတဲ့အခါ ဆီလံုးဝမထၫ့္ဘဲ လံုးေပးပါ။ ဒါမွၫွီနံ႔မနံမွာပါ။ ၾကက္သားကိုလံုးၿပီး အနံ႔ေလးေမႊးလာရင္ ေရထၫ့္လိုက္ပါ။ ေရပြက္ပြက္ဆူရင္ ခ်င္းကိုအျပားထူထူလွီးထၫ့္၊ ၾကက္သြန္ျဖဴ ၃ ေျမႇာင္းထၫ့္၊ အရသာအတြက္ဆား၊ အသားမႈန႔္နဲ႔ ပဲငံျပာရည္ထၫ့္ၿပီး တည္ထားလိုက္ပါ။ အဲ့လိုတည္ထားတဲ့အခါမွာ အျမဳပ္ေတြဆီေတြေဝ့တက္လာရင္ ခပ္ထုပ္ပစ္ေပးပါ။

 အရည္လည္းက်လာၿပီ၊ အရသာလည္း အေနေတာ္ျဖစ္ၿပီး အသားလည္းႏူးၿပီဆိုရင္ေတာ့ တရုတ္နံနံ အုပ္၊ ငရုတ္ေကာင္းေလးထၫ့္ၿပီး ပူပူေနြးေနြး 'ၾကက္ေပါင္း Soup' ကို CP ၾကက္နဲ႔ခ်က္မယ္ဆိုရင္ အရမ္းအၾကာ ႀကီး တည္စရာမလိုပါ။ CP ၾကက္က အသားကအိၿပီးသား ျဖစ္တဲ့အတြက္ အရမ္းအၾကာႀကီးတည္ရင္ အသား ေတြႏူးအိၿပီး ေၾကကုန္မွာစိုးလို႔ပါ။


Shrimp Toast

....................




 ဒီလအတြက္ေတာ့ သေရစာအျဖစ္ေရာ မနက္စာအျဖစ္ပါ  အာဟာရျပၫ့္ေစမယ့္ လတ္ဆတ္သန႔္ရွင္းတဲ့ ပုစြန္ေပါင္မုန႔္ကပ္ေလးကို ေရးေပးခ်င္ပါတယ္။ ကေလးေတြအတြက္ ဆီမ်ားမ်ားနဲ႔ေၾကာ္တဲ့ အစားစာေတြကို တစ္ပတ္မွာ တစ္ရက္ထက္ ပိုမေကြၽး သင့္တာေၾကာင့္ ဒီပုစြန္ေပါင္မုန႔္ကပ္ေလးကိုေတာ့ ဆီအမ်ားႀကီးနဲ႔ မေၾကာ္ဘဲ Oven ကို အသံုးျပဳထားလို႔ က်န္းမာေရးနဲ႔ ညီၫြတ္ေစပါတယ္။ ပုစြန္အစား ၾကက္သား၊ ဝက္သား၊ အမဲသား (ႀကိတ္သား)တို႔ကို အသံုးျပဳလို႔ရပါတယ္။ Oven ရဲ့ အပူခ်ိန္နဲ႔ ၾကာခ်ိန္ကေတာ့ အမ်ိဳးအစားအလိုက္ ကြဲျပားလို႔ သတိထားေစခ်င္ပါတယ္။ ကေလးေတြရဲ့ ေက်ာင္း ထမင္းဘူးထၫ့္ေပးဖို႔လည္း အဆင္ေျပေစမွာပါ။ လုပ္ၾကၫ့္ၾကရေအာင္ေနာ္။


ပါဝင္ပစၥည္းမ်ား

- ေပါင္မုန႔္ (ေဘးသားလွီးၿပီးသား) - ၅ ခ်ပ္

- ပုစြန္ (ႀကိတ္ၿပီးသား)  - ဟင္းခ်ိဳ ပန္းကန္တစ္လံုးစာ

- ငရုတ္ေကာင္းမႈန႔္ႏွင့္ ဆား - အနည္းငယ္

- သၾကား  - လက္ဖက္ရည္ဇြန္း  ၁ ဇြန္း (မထၫ့္လည္းရ)

- ၾကက္ဥအကာ - တစ္လံုး

- ခ်င္းအရည္  - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

- ၾကက္သြန္ျဖဴအရည္  - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

- ႏွမ္းဆီ - ထမင္းစားဇြန္း ၁ ဇြန္း


 Oven ကို ၂၀ဝ ဒီဂရီ အပူႀကိဳေပးထားပါ။


ျပင္ဆင္ခ်က္ျပဳတ္ပံုအဆင့္ဆင့္

၁။ ႏွမ္းႏွင့္ ေပါင္မုန႔္မွလြဲ၍ က်န္ပါဝင္ပစၥည္းအားလံုးကို သမေအာင္ ေရာနယ္ကာ ခေလာက္ေပးၿပီး ေပါင္မုန႔္ေပၚ  မထူမပါး သုတ္ေပးပါ။

၂။ ပုစြန္အေရာကို သုတ္ေပးၿပီးလ်ွင္ ၾကက္ဥအႏွစ္တစ္လံုးကို နာနာခေလာက္ၿပီး အေပၚမွ သုတ္လိမ္းေပးပါ။

၃။ ၿပီးလ်ွင္ ႏွမ္းကို အေပၚမျွဖဴးေပးၿပီး ၁၅ မိနစ္ခန႔္ အပူေပးထားေသာ Oven မွာ ကင္ပါ။

* Oven မွာ မကင္ဘဲ ဆီပူပူမွာ ထၫ့္ေၾကာ္လည္း ရပါတယ္ရွင္။

...............

May's Healthy Food

Friday, July 2, 2021

ကျွန်တော်သိတဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ…. အပိုင်း(၂)

 [Unicode]ကျွန်တော်သိတဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ…. အပိုင်း(၂)




လတ်တလောမှာ ကျွန်တော့်ကိုရင်းနှီးမြုပ်နှံ မှု အကြောင်း တွေ မေးမြန်းလာ ကြတဲ့ အတွက် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှုများ လုပ်နိုင်စေဖို့ ကျွန်တော်သိတဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအပိုင်းဆက်မျှဝေမှုလေးကို စတင်ဖြစ်ပါတယ်။ ဒီ ထဲမှာတော့ ကျွန်တော့် ကိုယ်ပိုင် ရင်းနှီးမြုပ်နှံမှု အတွေ့အကြုံလေးတွေကို မျှဝေ ပေးသွားဖို့ စဉ်းစားထားပါတယ်။ ယခင် အပိုင်းမှာတော့ သိရမယ့် အချက် ၄ ချက်ထိ ပြောခဲ့ ပြီးဖြစ် ပါတယ်။ ဆက်ပြီး လေ့လာ ကြည့်ပါဦး။

.

.

(၅) ရင်းနှီးမြုပ်နှံရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်း ပြတ်သား နေဖို့လိုတယ်။

.

ရင်းနှီးမြုပ်နှံမှု တစ်ခု ပြုလုပ်တဲ့အခါမှာ အကျိုးအမြတ် အနေနဲ့ အမျိုးအစား နှစ် ခု ရနိုင်လေ့ရှိပါတယ်။ ပထမ တစ်မျိုးကတော့ အဲဒီ ရင်းနှီးမြုပ်နှံမှု သို့မဟုတ် Asset ကို ပိုင်ဆိုင်ထားတဲ့အချိန်မှာ ကိုယ့် ကို ပုံမှန် ဝင်ငွေ တစ်ခု ပေးနေတဲ့ အကျိုးအမြတ် ဖြစ်ပါတယ်။ စတော့ရှယ်ယာ ဆိုရင် Dividend ဆိုတဲ့ အမြတ် ခွဲဝေမှုကို ခြောက်လတစ်ကြိမ် တစ်နှစ်တစ်ကြိမ် ရလေ့ရှိ ပါတယ်။ အိမ်ခြံမြေရင်းနှီးမြုပ် နှံမှုဆို ရင်တော့ Rental Income ဆိုတဲ့ ငှားရမ်းခ ဝင်ငွေ က ပုံမှန် ဝင်နေနိုင်လေ့ရှိပါတယ်။ ဒါမှမဟုတ် တက်စီ ထောင်မယ်ဆိုရင်လဲ အုံနာခ အနေနဲ့ တစ်လကို သုံးသိန်း လောက်က ပုံမှန် ဝင်နေမှာ ဖြစ်ပါတယ်။ 

.

ဒုတိယ အကျိုး အမြတ်ကတော့ Capital Gain ဖြစ်ပါတယ်။ Capital Gain ဆိုတာကတော့ ကိုယ်ရဲ့ ရင်းနှီးမြုပ်နှံမှု သို့မဟုတ် ပိုင်ဆိုင်မှု asset ဟာ အချိန်ကာလ တစ်ခု ကြာသွားတဲ့အခါ သို့မဟုတ် အခြေအနေတစ်ခုခု ပြောင်းလဲ လိုက်တဲ့အခါ  မူလ ဝယ်ယူ ခဲ့ စဉ်က တန်ဖိုးထက် ပိုတက်သွားပြီး ပြန်ရောင်းလိုက်တဲ့အခါ တစ်လုံးထဲ အမြတ် ကို ရရှိတာဖြစ်ပါတယ်။ ဥပမာ မော်တော်ကားတစ်စီးကို သိန်း ၁၅၀ နဲ့ ဝယ်လိုက်ပြီး နောက် နှစ်မှာ သိန်း ၁၈၀ နဲ့ပြန်ရောင်း တဲ့အခါ သိန်း ၃၀ အမြတ် ထွက် တဲ့ အကျိုးအမြတ် အမျိုးအစား ဖြစ်ပါတယ်။ 

.

.


Capital Gain ကိုရည်ရွယ် မယ်ဆိုရင်…

.

ရင်းနှီးမြုပ်နှံမှု တိုင်းမှာတော့ ဒီ ဝင်ငွေ ရော Capital Gain ရော နှစ်ခု လုံး ရချင်မှ ရတတ်ပါလိမ့်မယ်။ ဥပမာ ရွှေ ဝယ်ယူ စုဆောင်းထားမယ်ဆိုရင် ရွှေ တုံး ကြီး လက်ထဲမှာ ရှိနေစဉ် ကိုယ့်ကို ဝင်ငွေပမာဏ တစ်ခု ပေးနေမှာတော့ မဟုတ်ပါဘူး ။ဒါပေမယ့် ရွှေဆိုတာက Safe Haven Asset ဖြစ်တဲ့ အတွက် ရေရှည်မှာ အတက်ဖက်ကိုသာ ပြနေ ပြီး Capital Gain  အကျိုးအမြတ်ကို ရရှိ စေမှာ ဖြစ်ပါတယ်။ ဥပမာ အားဖြင့်လွန်ခဲ့တဲ့ငါးနှစ်လောက်က ရွှေတစ်ကျပ်သားကို လေးငါးသိန်းသာ ရှိပေမယ့် ဒီနေ့ ပေါက်ဈေးကတော့ တစ်ကျပ်သား ကို ၁၅သိန်း ၇ သောင်း ဝန်းကျင်မှာ ရှိနေတာ တွေ့ရပါလိမ့်မယ်။

.

ဒီလို Capital Gain ဆိုတဲ့ တန်ဖိုး တက်ခြင်းကို ရည်ရွယ်ပြီး ရင်းနှီးမြုပ်နှံမှု ပြု တဲ့အခါမှာ အဲဒီ ရင်းနှီးမြုပ်နှံမှု သို့မဟုတ် ပိုင်ဆိုင်မှု တစ်ခုရဲ့ တန်ဖိုး ကို ခန့်မှန်း တွက်ချက် စောင့်ကြည့်ပြီး ဈေးတန်း အနိမ့်ဆုံးမှာ ဝယ်ယူခြင်း၊ Fundamentals သတင်းအချက်အလက်များပေါ်မူတည်ဝယ်ယူခြင်း၊ ဆက်စပ် ကုန်ပစ္စည်းများ၊ စီးပွားရေး အခြေအနေများပေါ်မူတည်တွက်ဆ ဝယ်ယူခြင်း၊ Value Added တန်ဖိုးများ ထပ်ပေါင်း နိုင်သည့်အတွက် ဝယ်ယူခြင်း ၊ စတဲ့ နည်းလမ်းတွေ ကို အသုံးပြု ကာ အကျိုး အမြတ် ရယူရလေ့ရှိပါတယ်။

.

ဈေးတန်း အနိမ့်ဆုံးမှာ ဝယ်ယူ ရင်းနှီး တာကတော့ သက်ဆိုင်ရာ အိမ်ခြံမြေ၊ စီးပွားရေး လုပ်ငန်း ရဲ့ စတော့ရှယ်ယာ၊ ရွှေ ငွေဈေးတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ဈေး အလှုပ် အခတ် ဖြစ်ချိန် ဈေး တန်းကျ ချိန်မှာ ဝယ်ယူ တာမျိုး၊ အရောင်းအဝယ် လုပ်ဆောင်ပြီး ရောင်းဈေး ဝယ်ဈေး အဟ ကို အကျိုးအမြတ် ရယူတာမျိုး၊ ပိုင်ဆိုင်မှုတွေကို ချက်ချင်းငွေဖော်ဈေး ပွဲစားကောက်ဈေး ဗိုက်နာဈေး တွေနဲ့ ရှာဖွေ ဝယ်ယူ တာမျိုး၊ စတဲ့ နည်း တွေကို အသုံး ပြုကြလေ့ရှိပါတယ်။ 

.

သတင်းအချက် အလက်တွေကတော့ ဒီ လုပ်ငန်းဟာ ဘယ်လောက် ဈေးကွက် ချဲ့ထွင်လာနိုင်သလဲ၊ နည်းပညာ အသစ်အဆန်း ဘာတွေရှာဖွေတွေ့ရှိထားလဲ၊ အစိုးရ စီမံကိန်း ဘာတွေ ရှိသလဲ၊ အနာဂတ် အခွင့်အလမ်းတွေ ရှိနိုင်မလား စတဲ့ အခြေအနေ တွေကို မူတည် သုံးသပ်ကာ ရင်းနှီးမြုပ်နှံတာ ဖြစ်ပါတယ်။ ဥပမာ လမ်းအသစ်ဖောက်တာ တံတားအသစ်ဆောက်မှာ ၊ အိမ်ယာ အသစ်တည် မှာ စတဲ့ သတင်း တွေ ရတဲ့ အခါအဲဒီအနီးတစ်ဝိုက် အိမ်ခြံမြေ တွေ ကို ဝယ်ယူ စုဆောင်း ကြသလိုပါပဲ။ ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ စတင်ဖို့ ကြေငြာတဲ့အခါ သိန်းဆယ်ဂဏာန်းသာ ရှိတဲ့ လယ်မြေတွေတွေဟာ သိန်း ရာကျော် ထောင်ကျော် ဖြစ်သွားတာကို အနီးဆုံး မြင်တွေ့နိုင်ပါတယ်။

.

စီးပွားရေး အခြေအနေ တွေကိုတွက်ဆပြီးတော့ လဲ. Capital Gain ကို  ရယူတတ်ကြလေ့ရှိပါတယ်။ ဥပမာ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက မြင့်တက်လာမယ် ဒီအတွက် ဒါကို ခံနိုင်ဖို့ မြေကွက် တစ်ကွက် ဝယ်ယူထားမယ်ဆိုပါစို့။ ဒါ့အပြင် ငွေကြေးဖောင်းပွတဲ့အတွက် ဆောက်လုပ်ရေး ပစ္စည်းတွေ လဲ ဈေးတက်တာ လေဘာခတွေဈေးတက်တာတွေလဲ ဖြစ်လာနိုင်ပါသေးတယ်။ ဒီအတွက်မြေကွက်ကိုမှ တစ်ထပ် တိုက် အိမ်အပါ ကိုဝယ်ယူမယ်ဆိုရင် နှစ်အနည်းငယ် အကြာ မှာ ပိုပြီး ဈေး တက်လာနိုင်မယ် စသည်ဖြင့် သုံးသပ် တာဖြစ်ပါတယ်။ 

.

Capital Gain ကိုရဖို့ကနောက် တစ်နည်းအနေနဲ့ Value Added လုပ်နိုင်ရင်လဲ ရနိုင်ပါတယ်။ ရင်းနှီးမြုပ်နှံမှုကို  ပိုပြီး တန်ဖိုးတက်လာအောင် တန်ဖိုးတွေ ထပ်ပေါင်း ပေးလိုက် ပြီး အကျိုးအမြတ် ရယူတာဖြစ်ပါတယ်။ ဥပမာ ကိုယ့်လုပ်ငန်း အတွက် အသုံးဝယ်မယ့် နည်းပညာ ရှိတဲ့ လုပ်ငန်းငယ် လေးကိုဝယ်ယူလိုက်ပြီး အဲဒီနည်းပညာကို ပေါင်းစပ် အသုံးချကာ လုပ်ငန်းရှယ်ယာ ဈေးတွေ တက်စေတာ၊ တိုက်ခန်း လေးတစ်ခန်း ဝယ်ယူပြီး အထဲ ဒီဇိုင်းတွေ ပြင်ဆင် ကာ ပြန်လည်ရောင်း ချတာ၊ မြေကွက် အကျယ်ကြီးဝယ် မြေကွက်ငယ်လေးတွေ ပြန်ပိုင်း အိမ်ဆောက်ပြီး ပြန်ရောင်းတာ စတာတွေဟာ value added လုပ်ပြီး အကျိုးအမြတ်ယူတာ ပါပဲ။ 

.

.

အချိန်နဲ့ နေရာ….

.

ကုန်သွယ်ခြင်း နှစ်မျိုး ရှိတယ်လို့ ဆိုကြလေ့ရှိပါတယ်။ ဒါတွေကတော့အချိန်ကို ကုန်သွယ်ခြင်းနဲ့ နေရာ ကိုကုန်သွယ်ခြင်းရယ်လို့ ဖြစ်ပါတယ်။  အချိန်ကို ကုန်သွယ်တယ် ဆိုတာကတေ့ာ ကုန်ပစ္စည်းတစ်ခုခု ပေါနေ ချိန် မှာ ဝယ်ယူ သိုလှောင်ထားပြီး ရှားလာ ကာ ဈေးတက်တော့မှ ဈေး အမြင့်နဲ့ ရောင်းချ တဲ့ အခြေအနေဖြစ်ပါတယ်။ နေရာ ကို ကုန်သွယ် ခြင်းဆိုတာကတော့  အဲဒီကုန်ပစ္စည်း ပေါများရာ အရပ်ဒေသကို သွားရောက် ဝယ်ယူပြီး ရှားပါး တဲ့ ဒေသ မှာ ပြန်လည် ရောင်းချ အမြတ် ယူတာပဲဖြစ်ပါတယ်။ 

.


Capital Gain ဆိုတဲ့ ရင်းနှီးမြုပ်နှံမှု အမျိုး အစား အများစုကတော့ အချိန်ကို ရင်းနှီးမြုပ်နှံခြင်း ဆိုတဲ့ အမျိုးအစားတွေ ဖြစ်လေ့ရှိပါတယ်။

.

.

.

Income ရဖို့ ရင်းနှီးမြုပ်နှံတာ…

.

အချို့သူများရဲ့ Investment Strategy ကတော့ income stream ဆိုတဲ့ ဝင်ငွေ လမ်းကြောင်းတွေ များသထက် များလာအောင် လုပ်ဆောင် ကြတဲ့ နည်းလမ်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ Passive Income ဆိုတဲ့ ကိုယ်တိုင် အားထုတ် လုပ်ကိုင်ရမှု ရာခိုင်နှုန်း နည်းသထက် နည်း ပြီး ဝင်တဲ့ ငွေပမာဏကို များ သထက်များအောင် လုပ်ဆောင်လိုကြသူတွေ အသုံးပြုကြတဲ့ Investment Strategy မျိုးလဲဖြစ်ပါတယ်။ ဥပမာ ပုံမှန် စုထားတဲ့ ငွေလေး ကို ဆိုက်ကား တစ်စီး ဝယ်ပြီး အုံနာ ကြေး ပေးလိုက်မယ်ဆိုပါစို့။ ဒါဆိုရင် ဆိုက်ကား တန်ဖိုး ဟာ အချိန် အနည်းငယ်အတွင်း တန်ဖိုး ၂ ဆ လောက် လျင်လျင်မြန်မြန် တိုးတက်လာမှာ မဟုတ်ပါဘူး ဒါပေမယ့် အုံနာ ခအနေနဲ့ နေ့စဉ် ပုံမှန် ၁၅၀၀ ၊ ၂၀၀၀ ကျပ်က တော့ ဝင်ငွေတိုးလာမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဆယ်စီး ဆိုရင် တစ်ရက်ကို ၂၀၀၀၀ ကျပ် ဝင်ငွေတိုးလာမှာ ဖြစ်ပါတယ်။ အုံနာ အနေနဲ့ အငှားချတာဖြစ်တဲ့ အတွက်အဲဒီ ဝင်ငွေဟာ ဆိုက်ကားကို ကိုယ်တိုင် ဝင်နင်း စရာမလိုပဲ အနည်းငယ်သော အားထုတ်မှု ဖြစ်တဲ့ ကြီးကြပ်စစ်ဆေးတာ၊ ငွေကောက်တာ စတာလေးတွေ လုပ်ရုံနဲ့ ရရှိ တာဖြစ်ပါတယ်။ ဒီလိုပဲ တိုက်ခန်း ဝယ်ယူပြီး Rental Income ရယူတာ၊ ငွေချေးတာ၊ ကားဝယ်ပြီး အငှားပြန်ထားတာ၊ Dividend များများ ပေးတဲ့ စတော့ရှယ်ယာ ရွှေးချယ်ဝယ်ယူတာ၊ ဘဏ်မှာ အတိုးနှုန်းမြင့်တဲ့ Fixed Deposit အနေနဲ့ အပ်နှံတာ စတာတွေဟာ Income ရဖို့ အတွက် ရည်ရွယ်လုပ်ဆောင် ကြတဲ့ Investment အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီလိုရင်းနှီးမြုပ်နှံ သူတွေကတော့ နှစ်ရှည် ရည်ရွယ်ပြီး ဆောင်ရွက် ကြ သူတွေ ဖြစ်တတ်ပါတယ်။

.

.

.


နှစ်မျိုးလုံး ရော မရနိုင်ဘူးလား…

.

ဒီနေရာမှာ မေးစရာ ရှိတာက ဝင်ငွေ ပုံမှန် ရတာရော Capital Gain ရတာရော နှစ်မျိုးလုံး ရနိုင်တဲ့ investment တွေ မရှိဘူးလားဆိုရင် ရှိပါတယ်။ အဲဒါမျိုးတွေ ကတော့ အကောင်းဆုံး ဖြစ်ပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်အရ လဲအကောင်းဆုံး လို့ယူဆ တဲ့ investment တွေ ဖြစ်ပါတယ်။ ဥပမာ ရွှေ က capital gain သာ ရနိုင်ပေမယ့် တိုက် ခန်း တို့ မြေ တို့ ကတော့ rental income လဲ ရနိုင်သလို အချိန် တစ်ခု ကြာတဲ့အခါမှာ တန်ဖိုးတွေတက် Leverage ဖြစ်ပြီး Capital Gain ကိုလဲ ရနိုင်ပါတယ်။ ဒါကြောင့်လဲ မြေဝယ် မကျ လို့ ပြောစမှတ် ပြုရတဲ့ အနေအထားတွေ ဖြစ်လာ တာဖြစ်ပါတယ်။ 

.

.

ဖြစ်စေချင်တာက

.

နှစ်မျိုးလုံး ရနိုင်ပေမယ့်  ကိုယ်က ဘယ်တစ်ခုကို လိုချင်တာလဲ၊ ကိုယ့်ရဲ့. Personality နဲ့က ဘယ်လို ရင်းနှီးမြုပ်နှံမှုနဲ့ ကိုက်တာလဲ စတာတွေပေါ်မူတည်ပြီး နှစ်ခု အနက်က တစ်ခုကိုသာ အဓိက အဖြစ်ရွေးချယ် စေချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်ဘာလုပ်ချင်တာလဲ ဆိုတဲ့အပေါ်မူတည် ပြီး လုပ်ဆောင်ရမယ့် အချက်တွေ ၊ သွားရမယ့်လမ်းကြောင်းတွေကွာခြားသွားမှာ ဖြစ်လို့ပါပဲ။ တစ်ခါ တစ်လေ ကျတော့လဲ နှစ်ခုလုံး ရချင်ဇော နဲ့လုပ်ရင်း ဟိုဟာလဲ မရ ဒီဟာလဲ သိပ်မဟုတ် ဖြစ်တတ် ပါသေးတယ်။ ဥပမာ ရွှေဝယ်မယ်ဆိုပါစို့။ ရွှေကို ရင်းနှီးမြုပ်နှံဖို့ ဝယ်မှာလား၊ ကိုယ်တိုင် အလှဝတ်ဆင်ဖို့ ဝယ်မှာလား ဆိုတဲ့. Decision ပြတ်ဖို့လိုပါတယ်။ ရွှေ အတုံးလိုက် အခေါက်ရွှေကို ဝယ်မယ်ဆိုရင် capital gain သာ ရနိုင်ပြီး income မရနိုင်ပါဘူး။ ဒီလိုပဲ ရွှေ ကို အထည်အနေနဲ့ အလှ ဝတ်မယ်ဆိုရင် လည်း အထည် အဖြစ်က ၁၄ ပဲရည် နဲ့ သာ လုပ်လို့ရတတ်တာကြောင့် အခေါက် ဈေး လို့ မဟုတ်ပြန်ပါဘူး။ ဒီတော့ နှစ်မျိုးလုံး ရအောင် အခေါက် ကိုပဲ အထည် ပုံစံ ရအောင် လုပ် ခိုင်းပြီး ဝယ်ကြတဲ့အခါ ရွှေ ၁၆ ပဲရည်က ပျော့ ပြီး အကြမ်းမခံတဲ့အတွက် ရွှေပွန်းတာ အလွယ်တကူ ပဲ့ သွားတာ စတာတွေဖြစ်ပြီး အခေါက်ရွှေက ဝတ်နေရင်းတောင် လျော့တယ် ဆိုတဲ့ အယူအဆ တွေဖြစ်လာတာတွေ့ရပါတော့တယ်။ နောက်ဆုံးတော့ ပိုလျော့မှာ စိုးပြီး  ဝတ်လဲမဝတ်ရဲတော့ ပဲ သိမ်းထားကာ ဟိုမရောက်ဒီမရောက်ဖြစ် ရပါတော့တယ်။

.

ဥပမာ တိုက်ခန်း နဲ့ မြေ ဆိုရင် အငှားခလဲ ရနိုင်တယ် ဈေးလဲတက်နိုင်တယ် ဆိုတဲ့နှစ်ခုလုံး ရနိုင်ပေမယ့် အဲဒီနှစ်ခုလုံးမှာ အကောင်းဆုံး အခြေအနေကို တော့ မရ နိုင်ပါဘူး။ အငှား ဝင်ငွေ အမြင့်ဆုံး လိုချင် ရင် မြေကွက်မှာ အဆောင်ပုံစံ ဆောက်လုပ်ခြင်းဖြင့် ရရှိနိုင်ပေမယ့် အဆောင် အနေနဲ့ ပြန်ရောင်းရင်တော့ လူနေ အိမ်လောက် တန်ဖိုး တက်ချင်မှ တက်ပါလိမ့်မယ်။ ဒီလိုပဲ တန်းဖိုး တက်အောင် ပြင်ဆင်မှုတွေ value addedတွေ အများအပြားလုပ် ရင်လဲ ငှားရမ်းခ မြင့်မြင့်မှသာ ကိုက်တော့မှာကြောင့် အိမ်ငှားခက်တာ စောင့်ရတာ. လရှည် ချုပ်လို့ မရတာတွေ ဖြစ်နိုင်ပါသေးတယ်။


.

.

ရည်ရွယ်ချက် မတူရင် လမ်းကြောင်း မတူပါ…

.

ကျွန်တော့်ကို သင်တန်းသူတစ်ဦးက တိုက်ခန်း ဝယ်ဖို့အတွက် အကြံတောင်းပါတယ်။ ဒီအတိုင်း ငွေကိုလက်ထဲထားမယ့်အစား တိုက်ခန်း ဝယ်ထား ဖို့ ဖြစ်ပြီး သိန်း ၄၀၀ ဝန်းကျင်ခန့် သုံးဖို့ ရည် ရွယ်ပါတယ်တဲ့။ ဒီအခါမှာ ကျွန်တော်က အဲဒီ ရည်ရွယ်ချက်လောက်နဲ့ အဆင်မပြေပဲ ပိုပြီး တိကျ တဲ့ ရင်းနှီးမြုပ်နှံမှု ရည်ရယ်ချက် ရှိ မှ ဖြစ်မှာ ဖြစ်ကြောင်း ပြန်ပြောရပါတယ်။ ဥပမာ တိုက်ခန်းကို အငှား ဝင်ငွေ အဓိက အတွက် ဝယ်မှာလား ၊ လူကိုယ်တိုင်နေဖို့လား၊ တိုက် ခန်းတန်ဖိုးတက်တာကို အဓိက လိုချင်တာလား စသဖြင့်ပါပဲ။

.

ရည်ရွယ်ချက် မတူရင် လုပ်ရမှာတွေ ပါကွဲသွားပါတယ်။ ဥပမာ ကိုယ်တိုင်နေမယ် ဆိုရင် တိုက်ခန်းကို အထပ်နိမ့်တာ၊ လမ်းကျယ်တာ၊ ရပ်ကွက်သန့်တာ၊ ကားပါကင် ရနိုင်တာ၊ စတဲ့အချက်တွေပေါ်မူတည် စဉ်းစား ရတော့မှာဖြစ်ပြီး အငှား ဝင်ငွေအဓိက ရချင်တာ ဆိုရင်တော့ လူနေထူထပ်တာ၊ ဈေး အလုပ်တွေ နီးတာ၊ သွားလာရေး လမ်းပန်းဆက်သွယ်ရေး လွယ်ကူတာ၊ အထပ်မြင့် ဈေးနည်းပြီး တွက်ခြေကိုက်တာ စတဲ့အချက်တွေကို စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

.

ဒါ့အပြင် နောက်တစ်ဆင့်အနေနဲ့ ကိုယ်က အငှား ဝင်ငွေကို အဓိက လိုချင်တာဆိုရင် သိန်း ၄၀၀ ကို တစ်လုံးထဲ မြေညီ ထပ် ၊ ပထမထပ်လိုမှာ တစ်ခန်းထဲ ဝယ်ပြီး ငှားမလား၊ ဒါမှ မဟုတ် ခြောက်လွှာ လောက်ကို သိန်း ၁၈၀ လောက် နှစ်ခန်း ဝယ်တာကပိုကိုက်မလား တွက်ရပါတော့တယ်။ တကယ်လို့ သိန်း ၄၀၀ တန်အခန်းက ငှားရမ်းခမြင့်လို့ အငှား ရှာရခက်မယ်၊ ပြန်ရောင်းလဲ နည်းနည်းကြာနိုင်တယ်၊ အငှား မရှိရင်လဲ သိန်း ၄၀၀ စာ တစ်ခန်း လုံး ငှားခ မရဖြစ်မယ် စတာတွေ ရှိနေမလား။ ဒါဆိုရင် အထပ်မြင့် နှစ်ခန်း ဆိုရင် အားသာချက်က တစ်ခန်း က အငှားဆင်းသွား ရင်တောင် နောက်တစ်ခန်းက ရနေဦးမယ်၊ နေရာ နှစ်ခု ဖြစ်တဲ့အတွက် ဈေးတက် မယ့် နေရာ ပိုရွေးလို့ ရမယ်၊ ငွေလိုရင် တစ်ခန်း ပဲ ထုတ်ရောင်းလို့ရမယ်၊ စတာတွေ ကိုနှိုင်းယှဉ် စဉ်းစား ရတော့မှာ ဖြစ်ပါတယ်။ 

.


.

.

.

ဒါကြောင့် ရင်းနှီးမြုပ်နှံမှု လုပ်တဲ့အခါမှာ ဘယ်လိုရည်ရွယ်ချက် နဲ့ လုပ်ဆောင်မယ် ဘာကို အဓိက လိုချင် တယ်ဆိုတာကို အရင်သေချာ ဆုံးဖြတ်ဖို့လိုပါတယ်။ ပြီးမှ သာ အဲဒီ လိုဆိုရင် ဘာတွေ လုပ်ရမယ် ဘယ်အမျိုးအစား ကို လုပ်ရမယ် ဆိုတာ သေချာ သိရှိပြီး ကိုယ့်ရဲ့ resources တွေကို ထိရောက်စွာ သုံးနိုင်မှာ ဖြစ်ပါကြောင်း မျှဝေလိုတာပါပဲ.။

.

.

.

ဆက်ရန် 


.

.

.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။

.

.

.

Kaung Hein Soe – Strategic

Business Consultant


[Zawgyi]ကြၽန္ေတာ္သိတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ဆိုတာ…. အပိုင္း(၂)




လတ္တေလာမွာ ကြၽန္ေတာ့္ကိုရင္းႏွီးျမဳပ္ႏွံ မႈ အေၾကာင္း ေတြ ေမးျမန္းလာ ၾကတဲ့ အတြက္ အေကာင္းဆံုး ရင္းႏွီးျမဳပ္ႏွံမႈမ်ား လုပ္ႏိုင္ေစဖို႔ ကြၽန္ေတာ္သိတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ဆိုတဲ့ ေခါင္းစဉ္နဲ႔ ဒီအပိုင္းဆက္မ်ွေဝမႈေလးကို စတင္ျဖစ္ပါတယ္။ ဒီ ထဲမွာေတာ့ ကြၽန္ေတာ့္ ကိုယ္ပိုင္ ရင္းႏွီးျမဳပ္ႏွံမႈ အေတြ့အႀကံဳေလးေတြကို မ်ွေဝ ေပးသြားဖို႔ စဉ္းစားထားပါတယ္။ ယခင္ အပိုင္းမွာေတာ့ သိရမယ့္ အခ်က္ ၄ ခ်က္ထိ ေျပာခဲ့ ၿပီးျဖစ္ ပါတယ္။ ဆက္ၿပီး ေလ့လာ ၾကၫ့္ပါဦး။

.

.

(၅) ရင္းႏွီးျမဳပ္ႏွံရျခင္းရဲ့ ရည္ရြယ္ခ်က္ကို ရွင္းလင္း ျပတ္သား ေနဖို႔လိုတယ္။

.

ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခု ျပဳလုပ္တဲ့အခါမွာ အက်ိဳးအျမတ္ အေနနဲ႔ အမ်ိဳးအစား ႏွစ္ ခု ရႏိုင္ေလ့ရိွပါတယ္။ ပထမ တစ္မ်ိဳးကေတာ့ အဲဒီ ရင္းႏွီးျမဳပ္ႏွံမႈ သို႔မဟုတ္ Asset ကို ပိုင္ဆိုင္ထားတဲ့အခ်ိန္မွာ ကိုယ့္ ကို ပံုမွန္ ဝင္ေငြ တစ္ခု ေပးေနတဲ့ အက်ိဳးအျမတ္ ျဖစ္ပါတယ္။ စေတာ့ရွယ္ယာ ဆိုရင္ Dividend ဆိုတဲ့ အျမတ္ ခြဲေဝမႈကို ေျခာက္လတစ္ႀကိမ္ တစ္ႏွစ္တစ္ႀကိမ္ ရေလ့ရိွ ပါတယ္။ အိမ္ၿခံေျမရင္းႏွီးျမဳပ္ ႏွံမႈဆို ရင္ေတာ့ Rental Income ဆိုတဲ့ ငွားရမ္းခ ဝင္ေငြ က ပံုမွန္ ဝင္ေနႏိုင္ေလ့ရိွပါတယ္။ ဒါမွမဟုတ္ တက္စီ ေထာင္မယ္ဆိုရင္လဲ အံုနာခ အေနနဲ႔ တစ္လကို သံုးသိန္း ေလာက္က ပံုမွန္ ဝင္ေနမွာ ျဖစ္ပါတယ္။ 

.

ဒုတိယ အက်ိဳး အျမတ္ကေတာ့ Capital Gain ျဖစ္ပါတယ္။ Capital Gain ဆိုတာကေတာ့ ကိုယ္ရဲ့ ရင္းႏွီးျမဳပ္ႏွံမႈ သို႔မဟုတ္ ပိုင္ဆိုင္မႈ asset ဟာ အခ်ိန္ကာလ တစ္ခု ၾကာသြားတဲ့အခါ သို႔မဟုတ္ အေျခအေနတစ္ခုခု ေျပာင္းလဲ လိုက္တဲ့အခါ  မူလ ဝယ္ယူ ခဲ့ စဉ္က တန္ဖိုးထက္ ပိုတက္သြားၿပီး ျပန္ေရာင္းလိုက္တဲ့အခါ တစ္လံုးထဲ အျမတ္ ကို ရရိွတာျဖစ္ပါတယ္။ ဥပမာ ေမာ္ေတာ္ကားတစ္စီးကို သိန္း ၁၅၀ နဲ႔ ဝယ္လိုက္ၿပီး ေနာက္ ႏွစ္မွာ သိန္း ၁၈၀ နဲ႔ျပန္ေရာင္း တဲ့အခါ သိန္း ၃၀ အျမတ္ ထြက္ တဲ့ အက်ိဳးအျမတ္ အမ်ိဳးအစား ျဖစ္ပါတယ္။ 

.

.


Capital Gain ကိုရည္ရြယ္ မယ္ဆိုရင္…

.

ရင္းႏွီးျမဳပ္ႏွံမႈ တိုင္းမွာေတာ့ ဒီ ဝင္ေငြ ေရာ Capital Gain ေရာ ႏွစ္ခု လံုး ရခ်င္မွ ရတတ္ပါလိမ့္မယ္။ ဥပမာ ေရႊ ဝယ္ယူ စုေဆာင္းထားမယ္ဆိုရင္ ေရႊ တံုး ႀကီး လက္ထဲမွာ ရိွေနစဉ္ ကိုယ့္ကို ဝင္ေငြပမာဏ တစ္ခု ေပးေနမွာေတာ့ မဟုတ္ပါဘူး ။ဒါေပမယ့္ ေရႊဆိုတာက Safe Haven Asset ျဖစ္တဲ့ အတြက္ ေရရွည္မွာ အတက္ဖက္ကိုသာ ျပေန ၿပီး Capital Gain  အက်ိဳးအျမတ္ကို ရရိွ ေစမွာ ျဖစ္ပါတယ္။ ဥပမာ အားျဖင့္လြန္ခဲ့တဲ့ငါးႏွစ္ေလာက္က ေရႊတစ္က်ပ္သားကို ေလးငါးသိန္းသာ ရိွေပမယ့္ ဒီေန့ ေပါက္ေဈးကေတာ့ တစ္က်ပ္သား ကို ၁၅သိန္း ၇ ေသာင္း ဝန္းက်င္မွာ ရိွေနတာ ေတြ့ရပါလိမ့္မယ္။

.

ဒီလို Capital Gain ဆိုတဲ့ တန္ဖိုး တက္ျခင္းကို ရည္ရြယ္ၿပီး ရင္းႏွီးျမဳပ္ႏွံမႈ ျပဳ တဲ့အခါမွာ အဲဒီ ရင္းႏွီးျမဳပ္ႏွံမႈ သို႔မဟုတ္ ပိုင္ဆိုင္မႈ တစ္ခုရဲ့ တန္ဖိုး ကို ခန႔္မွန္း တြက္ခ်က္ ေစာင့္ၾကၫ့္ၿပီး ေဈးတန္း အနိမ့္ဆံုးမွာ ဝယ္ယူျခင္း၊ Fundamentals သတင္းအခ်က္အလက္မ်ားေပၚမူတည္ဝယ္ယူျခင္း၊ ဆက္စပ္ ကုန္ပစၥည္းမ်ား၊ စီးပြားေရး အေျခအေနမ်ားေပၚမူတည္တြက္ဆ ဝယ္ယူျခင္း၊ Value Added တန္ဖိုးမ်ား ထပ္ေပါင္း ႏိုင္သၫ့္အတြက္ ဝယ္ယူျခင္း ၊ စတဲ့ နည္းလမ္းေတြ ကို အသံုးျပဳ ကာ အက်ိဳး အျမတ္ ရယူရေလ့ရိွပါတယ္။

.

ေဈးတန္း အနိမ့္ဆံုးမွာ ဝယ္ယူ ရင္းႏွီး တာကေတာ့ သက္ဆိုင္ရာ အိမ္ၿခံေျမ၊ စီးပြားေရး လုပ္ငန္း ရဲ့ စေတာ့ရွယ္ယာ၊ ေရႊ ေငြေဈးတို႔ကို မ်က္ေျခမျပတ္ ေစာင့္ၾကၫ့္ေနၿပီး ေဈး အလႈပ္ အခတ္ ျဖစ္ခ်ိန္ ေဈး တန္းက် ခ်ိန္မွာ ဝယ္ယူ တာမ်ိဳး၊ အေရာင္းအဝယ္ လုပ္ေဆာင္ၿပီး ေရာင္းေဈး ဝယ္ေဈး အဟ ကို အက်ိဳးအျမတ္ ရယူတာမ်ိဳး၊ ပိုင္ဆိုင္မႈေတြကို ခ်က္ခ်င္းေငြေဖာ္ေဈး ပြဲစားေကာက္ေဈး ဗိုက္နာေဈး ေတြနဲ႔ ရွာေဖြ ဝယ္ယူ တာမ်ိဳး၊ စတဲ့ နည္း ေတြကို အသံုး ျပဳၾကေလ့ရိွပါတယ္။ 

.

သတင္းအခ်က္ အလက္ေတြကေတာ့ ဒီ လုပ္ငန္းဟာ ဘယ္ေလာက္ ေဈးကြက္ ခ်ဲ့ထြင္လာႏိုင္သလဲ၊ နည္းပညာ အသစ္အဆန္း ဘာေတြရွာေဖြေတြ့ရိွထားလဲ၊ အစိုးရ စီမံကိန္း ဘာေတြ ရိွသလဲ၊ အနာဂတ္ အခြင့္အလမ္းေတြ ရိွႏိုင္မလား စတဲ့ အေျခအေန ေတြကို မူတည္ သံုးသပ္ကာ ရင္းႏွီးျမဳပ္ႏွံတာ ျဖစ္ပါတယ္။ ဥပမာ လမ္းအသစ္ေဖာက္တာ တံတားအသစ္ေဆာက္မွာ ၊ အိမ္ယာ အသစ္တည္ မွာ စတဲ့ သတင္း ေတြ ရတဲ့ အခါအဲဒီအနီးတစ္ဝိုက္ အိမ္ၿခံေျမ ေတြ ကို ဝယ္ယူ စုေဆာင္း ၾကသလိုပါပဲ။ ရန္ကုန္ၿမိဳ႔သစ္ စီမံကိန္းကို ၾကၫ့္ျမင္တိုင္တစ္ဖက္ကမ္းမွာ စတင္ဖို႔ ေၾကျငာတဲ့အခါ သိန္းဆယ္ဂဏာန္းသာ ရိွတဲ့ လယ္ေျမေတြေတြဟာ သိန္း ရာေက်ာ္ ေထာင္ေက်ာ္ ျဖစ္သြားတာကို အနီးဆံုး ျမင္ေတြ့ႏိုင္ပါတယ္။

.

စီးပြားေရး အေျခအေန ေတြကိုတြက္ဆၿပီးေတာ့ လဲ. Capital Gain ကို  ရယူတတ္ၾကေလ့ရိွပါတယ္။ ဥပမာ ႏိုင္ငံရဲ့ ေငြေၾကးေဖာင္းပြမႈႏႈန္းက ျမင့္တက္လာမယ္ ဒီအတြက္ ဒါကို ခံႏိုင္ဖို႔ ေျမကြက္ တစ္ကြက္ ဝယ္ယူထားမယ္ဆိုပါစို႔။ ဒါ့အျပင္ ေငြေၾကးေဖာင္းပြတဲ့အတြက္ ေဆာက္လုပ္ေရး ပစၥည္းေတြ လဲ ေဈးတက္တာ ေလဘာခေတြေဈးတက္တာေတြလဲ ျဖစ္လာႏိုင္ပါေသးတယ္။ ဒီအတြက္ေျမကြက္ကိုမွ တစ္ထပ္ တိုက္ အိမ္အပါ ကိုဝယ္ယူမယ္ဆိုရင္ ႏွစ္အနည္းငယ္ အၾကာ မွာ ပိုၿပီး ေဈး တက္လာႏိုင္မယ္ စသည္ျဖင့္ သံုးသပ္ တာျဖစ္ပါတယ္။ 

.

Capital Gain ကိုရဖို႔ကေနာက္ တစ္နည္းအေနနဲ႔ Value Added လုပ္ႏိုင္ရင္လဲ ရႏိုင္ပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈကို  ပိုၿပီး တန္ဖိုးတက္လာေအာင္ တန္ဖိုးေတြ ထပ္ေပါင္း ေပးလိုက္ ၿပီး အက်ိဳးအျမတ္ ရယူတာျဖစ္ပါတယ္။ ဥပမာ ကိုယ့္လုပ္ငန္း အတြက္ အသံုးဝယ္မယ့္ နည္းပညာ ရိွတဲ့ လုပ္ငန္းငယ္ ေလးကိုဝယ္ယူလိုက္ၿပီး အဲဒီနည္းပညာကို ေပါင္းစပ္ အသံုးခ်ကာ လုပ္ငန္းရွယ္ယာ ေဈးေတြ တက္ေစတာ၊ တိုက္ခန္း ေလးတစ္ခန္း ဝယ္ယူၿပီး အထဲ ဒီဇိုင္းေတြ ျပင္ဆင္ ကာ ျပန္လည္ေရာင္း ခ်တာ၊ ေျမကြက္ အက်ယ္ႀကီးဝယ္ ေျမကြက္ငယ္ေလးေတြ ျပန္ပိုင္း အိမ္ေဆာက္ၿပီး ျပန္ေရာင္းတာ စတာေတြဟာ value added လုပ္ၿပီး အက်ိဳးအျမတ္ယူတာ ပါပဲ။ 

.

.

အခ်ိန္နဲ႔ ေနရာ….

.

ကုန္သြယ္ျခင္း ႏွစ္မ်ိဳး ရိွတယ္လို႔ ဆိုၾကေလ့ရိွပါတယ္။ ဒါေတြကေတာ့အခ်ိန္ကို ကုန္သြယ္ျခင္းနဲ႔ ေနရာ ကိုကုန္သြယ္ျခင္းရယ္လို႔ ျဖစ္ပါတယ္။  အခ်ိန္ကို ကုန္သြယ္တယ္ ဆိုတာကေတ့ာ ကုန္ပစၥည္းတစ္ခုခု ေပါေန ခ်ိန္ မွာ ဝယ္ယူ သိုေလွာင္ထားၿပီး ရွားလာ ကာ ေဈးတက္ေတာ့မွ ေဈး အျမင့္နဲ႔ ေရာင္းခ် တဲ့ အေျခအေနျဖစ္ပါတယ္။ ေနရာ ကို ကုန္သြယ္ ျခင္းဆိုတာကေတာ့  အဲဒီကုန္ပစၥည္း ေပါမ်ားရာ အရပ္ေဒသကို သြားေရာက္ ဝယ္ယူၿပီး ရွားပါး တဲ့ ေဒသ မွာ ျပန္လည္ ေရာင္းခ် အျမတ္ ယူတာပဲျဖစ္ပါတယ္။ 

.


Capital Gain ဆိုတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ အမ်ိဳး အစား အမ်ားစုကေတာ့ အခ်ိန္ကို ရင္းႏွီးျမဳပ္ႏွံျခင္း ဆိုတဲ့ အမ်ိဳးအစားေတြ ျဖစ္ေလ့ရိွပါတယ္။

.

.

.

Income ရဖို႔ ရင္းႏွီးျမဳပ္ႏွံတာ…

.

အခ်ိဳ႕သူမ်ားရဲ့ Investment Strategy ကေတာ့ income stream ဆိုတဲ့ ဝင္ေငြ လမ္းေၾကာင္းေတြ မ်ားသထက္ မ်ားလာေအာင္ လုပ္ေဆာင္ ၾကတဲ့ နည္းလမ္းျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ေတာ့ Passive Income ဆိုတဲ့ ကိုယ္တိုင္ အားထုတ္ လုပ္ကိုင္ရမႈ ရာခိုင္ႏႈန္း နည္းသထက္ နည္း ၿပီး ဝင္တဲ့ ေငြပမာဏကို မ်ား သထက္မ်ားေအာင္ လုပ္ေဆာင္လိုၾကသူေတြ အသံုးျပဳၾကတဲ့ Investment Strategy မ်ိဳးလဲျဖစ္ပါတယ္။ ဥပမာ ပံုမွန္ စုထားတဲ့ ေငြေလး ကို ဆိုက္ကား တစ္စီး ဝယ္ၿပီး အံုနာ ေၾကး ေပးလိုက္မယ္ဆိုပါစို႔။ ဒါဆိုရင္ ဆိုက္ကား တန္ဖိုး ဟာ အခ်ိန္ အနည္းငယ္အတြင္း တန္ဖိုး ၂ ဆ ေလာက္ လ်င္လ်င္ျမန္ျမန္ တိုးတက္လာမွာ မဟုတ္ပါဘူး ဒါေပမယ့္ အံုနာ ခအေနနဲ႔ ေန့စဉ္ ပံုမွန္ ၁၅၀၀ ၊ ၂၀၀၀ က်ပ္က ေတာ့ ဝင္ေငြတိုးလာမွာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ဆယ္စီး ဆိုရင္ တစ္ရက္ကို ၂၀၀၀၀ က်ပ္ ဝင္ေငြတိုးလာမွာ ျဖစ္ပါတယ္။ အံုနာ အေနနဲ႔ အငွားခ်တာျဖစ္တဲ့ အတြက္အဲဒီ ဝင္ေငြဟာ ဆိုက္ကားကို ကိုယ္တိုင္ ဝင္နင္း စရာမလိုပဲ အနည္းငယ္ေသာ အားထုတ္မႈ ျဖစ္တဲ့ ႀကီးၾကပ္စစ္ေဆးတာ၊ ေငြေကာက္တာ စတာေလးေတြ လုပ္ရံုနဲ႔ ရရိွ တာျဖစ္ပါတယ္။ ဒီလိုပဲ တိုက္ခန္း ဝယ္ယူၿပီး Rental Income ရယူတာ၊ ေငြေခ်းတာ၊ ကားဝယ္ၿပီး အငွားျပန္ထားတာ၊ Dividend မ်ားမ်ား ေပးတဲ့ စေတာ့ရွယ္ယာ ေရႊးခ်ယ္ဝယ္ယူတာ၊ ဘဏ္မွာ အတိုးႏႈန္းျမင့္တဲ့ Fixed Deposit အေနနဲ႔ အပ္ႏွံတာ စတာေတြဟာ Income ရဖို႔ အတြက္ ရည္ရြယ္လုပ္ေဆာင္ ၾကတဲ့ Investment အမ်ိဳးအစားေတြ ျဖစ္ပါတယ္။ ဒီလိုရင္းႏွီးျမဳပ္ႏွံ သူေတြကေတာ့ ႏွစ္ရွည္ ရည္ရြယ္ၿပီး ေဆာင္ရြက္ ၾက သူေတြ ျဖစ္တတ္ပါတယ္။

.

.

.


ႏွစ္မ်ိဳးလံုး ေရာ မရႏိုင္ဘူးလား…

.

ဒီေနရာမွာ ေမးစရာ ရိွတာက ဝင္ေငြ ပံုမွန္ ရတာေရာ Capital Gain ရတာေရာ ႏွစ္မ်ိဳးလံုး ရႏိုင္တဲ့ investment ေတြ မရိွဘူးလားဆိုရင္ ရိွပါတယ္။ အဲဒါမ်ိဳးေတြ ကေတာ့ အေကာင္းဆံုး ျဖစ္ၿပီး ကြၽန္ေတာ့္ရဲ့ ကိုယ္ပိုင္အျမင္အရ လဲအေကာင္းဆံုး လို႔ယူဆ တဲ့ investment ေတြ ျဖစ္ပါတယ္။ ဥပမာ ေရႊ က capital gain သာ ရႏိုင္ေပမယ့္ တိုက္ ခန္း တို႔ ေျမ တို႔ ကေတာ့ rental income လဲ ရႏိုင္သလို အခ်ိန္ တစ္ခု ၾကာတဲ့အခါမွာ တန္ဖိုးေတြတက္ Leverage ျဖစ္ၿပီး Capital Gain ကိုလဲ ရႏိုင္ပါတယ္။ ဒါေၾကာင့္လဲ ေျမဝယ္ မက် လို႔ ေျပာစမွတ္ ျပဳရတဲ့ အေနအထားေတြ ျဖစ္လာ တာျဖစ္ပါတယ္။ 

.

.

ျဖစ္ေစခ်င္တာက

.

ႏွစ္မ်ိဳးလံုး ရႏိုင္ေပမယ့္  ကိုယ္က ဘယ္တစ္ခုကို လိုခ်င္တာလဲ၊ ကိုယ့္ရဲ့. Personality နဲ႔က ဘယ္လို ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ ကိုက္တာလဲ စတာေတြေပၚမူတည္ၿပီး ႏွစ္ခု အနက္က တစ္ခုကိုသာ အဓိက အျဖစ္ေရြးခ်ယ္ ေစခ်င္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ကိုယ္ဘာလုပ္ခ်င္တာလဲ ဆိုတဲ့အေပၚမူတည္ ၿပီး လုပ္ေဆာင္ရမယ့္ အခ်က္ေတြ ၊ သြားရမယ့္လမ္းေၾကာင္းေတြကြာျခားသြားမွာ ျဖစ္လို႔ပါပဲ။ တစ္ခါ တစ္ေလ က်ေတာ့လဲ ႏွစ္ခုလံုး ရခ်င္ေဇာ နဲ႔လုပ္ရင္း ဟိုဟာလဲ မရ ဒီဟာလဲ သိပ္မဟုတ္ ျဖစ္တတ္ ပါေသးတယ္။ ဥပမာ ေရႊဝယ္မယ္ဆိုပါစို႔။ ေရႊကို ရင္းႏွီးျမဳပ္ႏွံဖို႔ ဝယ္မွာလား၊ ကိုယ္တိုင္ အလွဝတ္ဆင္ဖို႔ ဝယ္မွာလား ဆိုတဲ့. Decision ျပတ္ဖို႔လိုပါတယ္။ ေရႊ အတံုးလိုက္ အေခါက္ေရႊကို ဝယ္မယ္ဆိုရင္ capital gain သာ ရႏိုင္ၿပီး income မရႏိုင္ပါဘူး။ ဒီလိုပဲ ေရႊ ကို အထည္အေနနဲ႔ အလွ ဝတ္မယ္ဆိုရင္ လည္း အထည္ အျဖစ္က ၁၄ ပဲရည္ နဲ႔ သာ လုပ္လို႔ရတတ္တာေၾကာင့္ အေခါက္ ေဈး လို႔ မဟုတ္ျပန္ပါဘူး။ ဒီေတာ့ ႏွစ္မ်ိဳးလံုး ရေအာင္ အေခါက္ ကိုပဲ အထည္ ပံုစံ ရေအာင္ လုပ္ ခိုင္းၿပီး ဝယ္ၾကတဲ့အခါ ေရႊ ၁၆ ပဲရည္က ေပ်ာ့ ၿပီး အၾကမ္းမခံတဲ့အတြက္ ေရႊပြန္းတာ အလြယ္တကူ ပဲ့ သြားတာ စတာေတျြဖစ္ၿပီး အေခါက္ေရႊက ဝတ္ေနရင္းေတာင္ ေလ်ာ့တယ္ ဆိုတဲ့ အယူအဆ ေတျြဖစ္လာတာေတြ့ရပါေတာ့တယ္။ ေနာက္ဆံုးေတာ့ ပိုေလ်ာ့မွာ စိုးၿပီး  ဝတ္လဲမဝတ္ရဲေတာ့ ပဲ သိမ္းထားကာ ဟိုမေရာက္ဒီမေရာက္ျဖစ္ ရပါေတာ့တယ္။

.

ဥပမာ တိုက္ခန္း နဲ႔ ေျမ ဆိုရင္ အငွားခလဲ ရႏိုင္တယ္ ေဈးလဲတက္ႏိုင္တယ္ ဆိုတဲ့ႏွစ္ခုလံုး ရႏိုင္ေပမယ့္ အဲဒီႏွစ္ခုလံုးမွာ အေကာင္းဆံုး အေျခအေနကို ေတာ့ မရ ႏိုင္ပါဘူး။ အငွား ဝင္ေငြ အျမင့္ဆံုး လိုခ်င္ ရင္ ေျမကြက္မွာ အေဆာင္ပံုစံ ေဆာက္လုပ္ျခင္းျဖင့္ ရရိွႏိုင္ေပမယ့္ အေဆာင္ အေနနဲ႔ ျပန္ေရာင္းရင္ေတာ့ လူေန အိမ္ေလာက္ တန္ဖိုး တက္ခ်င္မွ တက္ပါလိမ့္မယ္။ ဒီလိုပဲ တန္းဖိုး တက္ေအာင္ ျပင္ဆင္မႈေတြ value addedေတြ အမ်ားအျပားလုပ္ ရင္လဲ ငွားရမ္းခ ျမင့္ျမင့္မွသာ ကိုက္ေတာ့မွာေၾကာင့္ အိမ္ငွားခက္တာ ေစာင့္ရတာ. လရွည္ ခ်ဳပ္လို႔ မရတာေတြ ျဖစ္ႏိုင္ပါေသးတယ္။


.

.

ရည္ရြယ္ခ်က္ မတူရင္ လမ္းေၾကာင္း မတူပါ…

.

ကြၽန္ေတာ့္ကို သင္တန္းသူတစ္ဦးက တိုက္ခန္း ဝယ္ဖို႔အတြက္ အႀကံေတာင္းပါတယ္။ ဒီအတိုင္း ေငြကိုလက္ထဲထားမယ့္အစား တိုက္ခန္း ဝယ္ထား ဖို႔ ျဖစ္ၿပီး သိန္း ၄၀၀ ဝန္းက်င္ခန႔္ သံုးဖို႔ ရည္ ရြယ္ပါတယ္တဲ့။ ဒီအခါမွာ ကြၽန္ေတာ္က အဲဒီ ရည္ရြယ္ခ်က္ေလာက္နဲ႔ အဆင္မေျပပဲ ပိုၿပီး တိက် တဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ရည္ရယ္ခ်က္ ရိွ မွ ျဖစ္မွာ ျဖစ္ေၾကာင္း ျပန္ေျပာရပါတယ္။ ဥပမာ တိုက္ခန္းကို အငွား ဝင္ေငြ အဓိက အတြက္ ဝယ္မွာလား ၊ လူကိုယ္တိုင္ေနဖို႔လား၊ တိုက္ ခန္းတန္ဖိုးတက္တာကို အဓိက လိုခ်င္တာလား စသျဖင့္ပါပဲ။

.

ရည္ရြယ္ခ်က္ မတူရင္ လုပ္ရမွာေတြ ပါကြဲသြားပါတယ္။ ဥပမာ ကိုယ္တိုင္ေနမယ္ ဆိုရင္ တိုက္ခန္းကို အထပ္နိမ့္တာ၊ လမ္းက်ယ္တာ၊ ရပ္ကြက္သန႔္တာ၊ ကားပါကင္ ရႏိုင္တာ၊ စတဲ့အခ်က္ေတြေပၚမူတည္ စဉ္းစား ရေတာ့မွာျဖစ္ၿပီး အငွား ဝင္ေငြအဓိက ရခ်င္တာ ဆိုရင္ေတာ့ လူေနထူထပ္တာ၊ ေဈး အလုပ္ေတြ နီးတာ၊ သြားလာေရး လမ္းပန္းဆက္သြယ္ေရး လြယ္ကူတာ၊ အထပ္ျမင့္ ေဈးနည္းၿပီး တြက္ေျခကိုက္တာ စတဲ့အခ်က္ေတြကို စဉ္းစားရေတာ့မွာ ျဖစ္ပါတယ္။

.

ဒါ့အျပင္ ေနာက္တစ္ဆင့္အေနနဲ႔ ကိုယ္က အငွား ဝင္ေငြကို အဓိက လိုခ်င္တာဆိုရင္ သိန္း ၄၀၀ ကို တစ္လံုးထဲ ေျမညီ ထပ္ ၊ ပထမထပ္လိုမွာ တစ္ခန္းထဲ ဝယ္ၿပီး ငွားမလား၊ ဒါမွ မဟုတ္ ေျခာက္လႊာ ေလာက္ကို သိန္း ၁၈၀ ေလာက္ ႏွစ္ခန္း ဝယ္တာကပိုကိုက္မလား တြက္ရပါေတာ့တယ္။ တကယ္လို႔ သိန္း ၄၀၀ တန္အခန္းက ငွားရမ္းချမင့္လို႔ အငွား ရွာရခက္မယ္၊ ျပန္ေရာင္းလဲ နည္းနည္းၾကာႏိုင္တယ္၊ အငွား မရိွရင္လဲ သိန္း ၄၀၀ စာ တစ္ခန္း လံုး ငွားခ မရျဖစ္မယ္ စတာေတြ ရိွေနမလား။ ဒါဆိုရင္ အထပ္ျမင့္ ႏွစ္ခန္း ဆိုရင္ အားသာခ်က္က တစ္ခန္း က အငွားဆင္းသြား ရင္ေတာင္ ေနာက္တစ္ခန္းက ရေနဦးမယ္၊ ေနရာ ႏွစ္ခု ျဖစ္တဲ့အတြက္ ေဈးတက္ မယ့္ ေနရာ ပိုေရြးလို႔ ရမယ္၊ ေငြလိုရင္ တစ္ခန္း ပဲ ထုတ္ေရာင္းလို႔ရမယ္၊ စတာေတြ ကိုႏိႈင္းယွဉ္ စဉ္းစား ရေတာ့မွာ ျဖစ္ပါတယ္။ 

.


.

.

.

ဒါေၾကာင့္ ရင္းႏွီးျမဳပ္ႏွံမႈ လုပ္တဲ့အခါမွာ ဘယ္လိုရည္ရြယ္ခ်က္ နဲ႔ လုပ္ေဆာင္မယ္ ဘာကို အဓိက လိုခ်င္ တယ္ဆိုတာကို အရင္ေသခ်ာ ဆံုးျဖတ္ဖို႔လိုပါတယ္။ ၿပီးမွ သာ အဲဒီ လိုဆိုရင္ ဘာေတြ လုပ္ရမယ္ ဘယ္အမ်ိဳးအစား ကို လုပ္ရမယ္ ဆိုတာ ေသခ်ာ သိရိွၿပီး ကိုယ့္ရဲ့ resources ေတြကို ထိေရာက္စြာ သံုးႏိုင္မွာ ျဖစ္ပါေၾကာင္း မ်ွေဝလိုတာပါပဲ.။

.

.

.

ဆက္ရန္ 


.

.

.

လံုေလာက္တဲ့ အသိပညာ ဟာ ျပင္းထန္တဲ့အခက္အခဲေတြကို လြယ္ကူစြာေက်ာ္ျဖတ္ေစႏိုင္ ပါတယ္။

.

.

.

Kaung Hein Soe – Strategic

Business Consultant

Thursday, July 1, 2021

ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးမယ့် အစားအစာများ

 [Unicode]ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးမယ့် အစားအစာများ




 #BodyFitness

#Weight_Loss

#Foods


(ကိုယ်အလေးချိန်လျော့ချရာမှာ အစားအသောက်ကို သင့်တင့်မျှတအောင် စားသောက်ခြင်းဟာလည်း အကူအညီအထောက်အပံ့ရ ပါတယ်။ အောက်မှာအကြံပြုထားတဲ့အစားအစာတွေကို စားသောက်ခြင်းကြောင့် ကိုယ်အလေးချိန်လျော့ကျစေတယ်လို့ဆိုလိုခြင်း မဟုတ်ဘဲ ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်၊ ဓာတ်စာ (Diet) စားတဲ့ လုပ်ငန်းစဉ်မှာ သည်လိုအစားအသောက်တွေစားခြင်းဖြင့် အကူအညီဖြစ်တယ်လို့ ပြောလိုတာပါ။ လူအတော်များများ အထင်မှားနေကြတာက အဆီချကော်ဖီဆိုတာနဲ့ အဲကော်ဖီသောက်ရင် အဆီကျမယ်ထင်တတ်ကြတယ်။ အဲသလိုကော်ဖီ အဲသလိုအစားအသောက်တွေမှာ သကြားဓာတ်၊ အချိုဓာတ်ကိုလျော့ချထားခြင်းသာ ဖြစ်ပြီး ၀ိတ်ကျဖို့ အဲကော်ဖီသောက်ရမယ်လို့မဆိုလိုပါဘူး။ ဒါနမူနာပြောပြတာပါ။)


 မတူညီတဲ့ အစားအစာအမျိုးမျိုးက ခန္ဓာကိုယ်အတွင်းရှိဇီဝဖြစ်စဉ်အပေါ် မတူညီတဲ့ သက်ရောက်မှုတွေရှိပါတယ်။ ဥပမာ ဆာလောင် စေခြင်း၊ ဟော်မုန်း၊လောင်ကျွမ်းတဲ့ ကယ်လိုရီအရေအတွက်အပေါ် ကွဲပြားခြားနားတဲ့ သက်ရောက်မှုတွေရှိနိုင်ပါတယ်။ ဝိတ်ချနေတဲ့သူ တွေအတွက် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူပြုတဲ့ အစားအစာတွေကို ဖော်ပြပေးပါ့မယ်။

 

၁။ဥအမျိုးမျိုး (Eggs) 

ဥတွေမှာ အသားဓာတ်ပေါကြွယ်ဝလို့ ဝိတ်ကျဖို့ကူညီနိုင်ပါတယ်။ သတိထားရမှာ ကြက်ဥ အနှစ်ကို တစ်လုံးထက် ပိုမစားသင့်ပါဘူး။  မနက်စာနဲ့ အတူ ကြက်ဥတစ်လုံးစားတာက ဗိုက်ပြည့်နေစေပြီး အစားပိုတွေစားခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ကြက်ဥတစ်လုံးမှာ အာဟာရဓာတ် အများကြီး ပါပါတယ်။

 

၂။အစိမ်းရောင် ဟင်းရွက်များ (Green Vegetables) 

အစိမ်းရောင် အရွက်တွေ ဥပမာ  ဟင်းနုနွယ်ရွက်၊ ကိုက်လန်။

ဒီအရွက်တွေမှာ ကယ်လိုရီ၊ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းပါးပြီး အမျှင်ဓာတ်များစွာပါဝင်တာမို့ ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။ ဒါ့အပြင် ဒီအရွက်တွေမှာ ဗီတာမင်၊ဓာတ်တိုးဆန့်ကျင်ဓာတ်တွေ၊ဓာတ်သတ္တုတွေပါတာမို့ အာဟာရပြည့်ဝစေကာ မကောင်းတဲ့ အဆီဓာတ်တွေ ကို ဖယ်ရှားနိုင်ပါတယ်။

 

၃။ ဆာမွန်ငါး (Salmon Fish)

 ဆာမွန်ငါးလို အဆီငါးများတဲ့ ငါးတွေကို မကြာခဏစားပါ။သူ့မှာပါတဲ့ အဆီက ခန္ဓာကိုယ်ကို အကျိုးပြုတဲ့အဆီပါ။အသားဓာတ်အပြင် တခြားအာဟာရဓာတ်တွေပါပါတယ်။အိုင်အိုဒင်းဒြပ်စင်ပါပါတယ်။ဆော်လမွန်ငါးမှာ Omega-3 fatty acids တွေပါပါတယ်။ Omega-3 fatty acids တွေကအဝလွန်တာနဲ့ရောဂါအများစုကို ဖြစ်စေတဲ့ ရောင်ရမ်းခြင်းကိုလျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။

မက်ကရယ်ငါး၊ထရောက်ငါး၊ငါးသေတ္တာငါး တွေမှာအသားဓာတ်နဲ့ and omega-3 fatty acids ပါလို့ မကြာခဏစားသင့်ပါတယ်။ ဝိတ်ကျဖို့လည်း မထောက်အကူပြုပါတယ်။

 

၄။ခရက်စီဖားရပ်စ် (Cruciferous vegetables) 

ပန်းဂေါ်ဖီစိမ်း၊ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်နဲ့ ပင်စည်မှ ဂေါ်ဖီထုပ်အသေးစားသဏ္ဌာန် အထုပ်ကလေးများထွက်သည့် ဟင်းပင်။ ကွမ်းသီးဂေါ်ဖီထုပ်တွေမှာ အမျှင်ဓာတ်ပါဝင်မှု များပြားပြီး ဗိုက်ပြည့်မြန်စေပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးပြီး အသားဓာတ်လည်း ပါပါတယ်။ဝိတ်ကျပြီး ကျန်းမာရေးကောင်းစေဖို့ ကူညီနိုင်ပါတယ်။

 

၅။အမဲသား၊ကြက်သား 

အသားဓာတ်များတဲ့ အစားအစာတွေစားတာက ကယ်လိုရီကို ပိုပြီးလောင်ကျွမ်းစေပါတယ်။ ကျွမ်းကျင်သူတွေအဆိုရ ပရိုးတင်းဓာတ်တွေများများစားရုံနဲ့ တစ်နေ့ကို ကယ်လိုရီ ၈၀-၁၀၀ ထိ လောင်ကျွမ်းစေနိုင်ပါတယ်။

 

၆။အာလူးပြုတ် 

အာလူးပြုတ်စားတာက ဗိုက်ပြည့်နေစေပြီး အစားစာချင်စိတ်ကို တားဆီးပေးပါတယ်။

 

၇ ။ငါးမည်းလုံး 

ငါးမည်းလုံးက ကယ်လိုရီနည်းပြီး ပရိုတင်းဓာတ်များစွာပါသောအစားအစာဖြစ်ပါတယ်။ဝိတ်ကျချင်သူတွေ စားသင့်တဲ့ အစားအစာပါ။

 

၈။ပဲအမျိုးမျိုး

ပဲတွေမှာ အသားဓာတ် အမျှင်ဓာတ်တွေ ပေါကြွယ်ဝစွာပါတာမို့ ဗိုက်ပြည့်စေနေပြီး ဝိတ်ကျစေပါတယ်။

 

၉။စွပ်ပြုတ် (Soup) 

စွပ်ပြုတ်တွေမှာ ရေဓာတ်ပါဝင်မှုများပြီး ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။ ဂေါ်ဖီစွပ်ပြုတ်ဟာ နာမည်ကြီးပါတယ်။ ဒါပေမဲ့

ခရင်မ် ၊အဆီများတဲ့ စွပ်ပြုတ်ဟင်းချိုတွေကိုရှောင်ကြဉ်ပါ။

 

၁၀။ (မလိုင်ထုတ်ပြီး)ဒိန်ခဲပျော့ 

နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်းဓာတ်ပါဝင်မှုမြင့်မားပါတယ်။ဥပမာ မလိုင်ထုတ်ပြီး ဒိန်ခဲမှာ ကယ်လိုရီ၊အဆီ၊ကစီဓာတ်ပါဝင်မှုနည်းပါပြီး ပရိုတင်းဓာတ် ပါဝင်မှု များပါတယ်။နို့ထွက်ပစ္စည်းတွေမှာ ကယ်လစီယမ်ဓာတ်များပါကာ အဆီလောင်ကျွမ်းစေနိုင်ပါတယ်။

 

၁၁။ထောပတ်သီး 

ထောပတ်သီးဟာ ထူးခြားသောအသီးပါထောပတ်သီးမှာကျန်းမာစေတဲ့အဆီတွေများပါတယ်။အထူးသဖြင့် Monounsaturated oleic acidပါပါတယ်။ထောပတ်သီးမှာ ရေဓာတ်နဲ့ ဖိုင်ဘာများစွာပါဝင်တာမို့ ဝိတ်ကျစေနိုင်ပါတယ်။ 

 

၁၂။ ပန်းသီးရှလကာရည် (Apple Cider Vinegar) 

အဝလွန်သူများကို ၁၂ ပတ်ကြာလေ့လာမှုတစ်ခုအရတစ်နေ့လျှင်ရှလကာရည် ၁၅ မီလီမီတာသောက်တာက ကိုယ်အလေးချိန် ၂.၆–၃ ဒသမ ၇.၇ ပေါင် (၁.၂–၁.၇ ကီလိုဂရမ်) လျှော့ကျစေပါတယ်။ဒါကြောင့် ဟင်းသီးဟင်းရွက်အသုပ်တွေထဲမှာ ပန်းသီး ရှလကာရည်ထည့်သုပ်တာက အစားစားချင်စိတ်ကိုထိန်းချုပ်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

 

၁၃။ အခွံမာသီးများ (Nut)

အခွံမာသီးတွေမှာ ပရိုတိန်းဖိုင်ဘာနဲ့ကျန်းမာတဲ့အဆီတွေပါဝင်ပါတယ်။လေ့လာမှုဆွေအရ အခွံမာစားသုံးမှုက ဇီဝဖြစ်စဉ်ကျန်းမာရေးကို တိုးတက်စေပြီးကိုယ်အလေးချိန်လျော့ကျစေနိုင်တယ်လို့ဆိုပါတယ်။

 

၁၄။အုတ်ဂျုံ၊ဆန်လုံးညို၊ Quinoa စေ့

 Oats မှာ beta-glucansနဲ့အမျှင်ဓာတ်များပါ ပ်တယ်။ဝိတ်ချနေသူတွေအနေနဲ့  ထမင်းအစားထိုးအနေနဲ့အုတ်ဂျုံ၊ဆန်လုံးညို၊ quinoaစေ့တွေကို ချက်စားသင့်ပါတယ်။

 

၁၅။ ငရုတ်ပွသီး (Peppers)

နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲ ငရုတ်ပွ ထည့်စားတာက ကိုယ်အလေးချိန် ကျစေနိုင်ပါတယ်။ငရုတ်ပွတွေမှာ capsaicin ပါ ၀ င်ပြီးအချို့လေ့လာမှုများအရ အစာစားချင်စိတ်ကိုလျှော့ချကာ အဆီလောင်ကျွမ်းမှုကိုတိုးစေကြောင်းပြသခဲ့ပါတယ်။

 

၁၆။သစ်သီးများ (Fruits) 

ကျန်းမာရေးကျွမ်းကျင်သူအများစုကအသီးစားတာက ကျန်းမာစေတယ်လို့ သဘောတူကြပါတယ်။လေ့လာမှုများအရအသီး (နှင့်ဟင်းသီးဟင်းရွက်များ) စားတဲ့လူက မစားတဲ့လူတွေထက် ပိုမို ကျန်းမာသန်စွမ်းကြောင်းတွေ့ရှိရပါတယ်။သစ်သီးတွေမှာ သကြားဓာတ်ပါဝင်ပေမဲ့ စွမ်းအင်သိပ်သည်းဆနည်းပါးကာ ဖိုင်ဘာပါဝင်မှုများပါတယ်။သကြားကို သွေးကြောထဲအလျင်အမြန် မလွှတ်နိုင်အောင် ကူညီပေးပါတယ်။အဝလွန်သူ ၉၁ ယောက်ကို ၁၂ ပတ်ကြာလေ့လာမှုတစ်ခုအရအစားအသောက်မတိုင်မီ စပျစ်သီးစားထားတာက ကိုယ်အလေးချိန် ၃.၅ ပေါင် (၁.၆ ကီလိုဂရမ်) ကျဆင်းစေပါတယ်။

 

၁၇။ချီးယားစေ့ (Chia seed)

ချီးယားစေ့တွေမှာ အမျှင်ဓာတ်များစွာပါပြီး အစားစာချင်စိတ်ကို နည်းစေပါတယ်။

 

၁၈ ဒိန်ချဉ် (Yogurt)  

ဒိန်ချဉ်က အစာခြေကျန်းမာရေးကိုကောင်းမွန်စေပြီး ကိုယ် အလေးချိန်ကျစေနိုင်ပါတယ်။ ဝိတ်ကျချင်ရင် သကြား ထည့် မသောက်ပါနဲ့။

 

ဟမ်စိုင်း(ဆေး-မန်း)



[Zawgyi]ကိုယ္အေလးခ်ိန္ ေလ်ွာ့ခ်ရာမွာ ကူညီေပးမယ့္ အစားအစာမ်ား




 #BodyFitness

#Weight_Loss

#Foods

(ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ရာမွာ အစားအေသာက္ကို သင့္တင့္မ်ွတေအာင္ စားေသာက္ျခင္းဟာလည္း အကူအညီအေထာက္အပံ့ရ ပါတယ္။ ေအာက္မွာအႀကံျပဳထားတဲ့အစားအစာေတြကို စားေသာက္ျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစတယ္လို႔ဆိုလိုျခင္း မဟုတ္ဘဲ ကိုယ္ကာယေလ့က်င့္ခန္းေတြလုပ္၊ ဓာတ္စာ (Diet) စားတဲ့ လုပ္ငန္းစဉ္မွာ သည္လိုအစားအေသာက္ေတြစားျခင္းျဖင့္ အကူအညီျဖစ္တယ္လို႔ ေျပာလိုတာပါ။ လူအေတာ္မ်ားမ်ား အထင္မွားေနၾကတာက အဆီခ်ေကာ္ဖီဆိုတာနဲ႔ အဲေကာ္ဖီေသာက္ရင္ အဆီက်မယ္ထင္တတ္ၾကတယ္။ အဲသလိုေကာ္ဖီ အဲသလိုအစားအေသာက္ေတြမွာ သၾကားဓာတ္၊ အခ်ိဳဓာတ္ကိုေလ်ာ့ခ်ထားျခင္းသာ ျဖစ္ၿပီး ဝိတ္က်ဖို႔ အဲေကာ္ဖီေသာက္ရမယ္လို႔မဆိုလိုပါဘူး။ ဒါနမူနာေျပာျပတာပါ။)


 မတူညီတဲ့ အစားအစာအမ်ိဳးမ်ိဳးက ခႏၶာကိုယ္အတြင္းရိွဇီဝျဖစ္စဉ္အေပၚ မတူညီတဲ့ သက္ေရာက္မႈေတြရိွပါတယ္။ ဥပမာ ဆာေလာင္ ေစျခင္း၊ ေဟာ္မုန္း၊ေလာင္ကြၽမ္းတဲ့ ကယ္လိုရီအေရအတြက္အေပၚ ကြဲျပားျခားနားတဲ့ သက္ေရာက္မႈေတြရိွႏိုင္ပါတယ္။ ဝိတ္ခ်ေနတဲ့သူ ေတြအတြက္ ကိုယ္အေလးခ်ိန္ ေလ်ွာ့ခ်ရာမွာ အေထာက္အကူျပဳတဲ့ အစားအစာေတြကို ေဖာ္ျပေပးပါ့မယ္။

 

၁။ဥအမ်ိဳးမ်ိဳး (Eggs) 

ဥေတြမွာ အသားဓာတ္ေပါႂကြယ္ဝလို႔ ဝိတ္က်ဖို႔ကူညီႏိုင္ပါတယ္။ သတိထားရမွာ ၾကက္ဥ အႏွစ္ကို တစ္လံုးထက္ ပိုမစားသင့္ပါဘူး။  မနက္စာနဲ႔ အတူ ၾကက္ဥတစ္လံုးစားတာက ဗိုက္ျပၫ့္ေနေစၿပီး အစားပိုေတြစားျခင္းက ကာကြယ္ေပးႏိုင္ပါတယ္။

ဒါ့အျပင္ ၾကက္ဥတစ္လံုးမွာ အာဟာရဓာတ္ အမ်ားႀကီး ပါပါတယ္။

 

၂။အစိမ္းေရာင္ ဟင္းရြက္မ်ား (Green Vegetables) 

အစိမ္းေရာင္ အရြက္ေတြ ဥပမာ  ဟင္းႏုႏြယ္ရြက္၊ ကိုက္လန္။

ဒီအရြက္ေတြမွာ ကယ္လိုရီ၊ကာဗိုဟိုက္ဒရိတ္ ပါဝင္မႈ နည္းပါးၿပီး အမ်ွင္ဓာတ္မ်ားစြာပါဝင္တာမို႔ ကိုယ္အေလးခ်ိန္က်ေစႏိုင္ပါတယ္။ ဒါ့အျပင္ ဒီအရြက္ေတြမွာ ဗီတာမင္၊ဓာတ္တိုးဆန႔္က်င္ဓာတ္ေတြ၊ဓာတ္သတၲုေတြပါတာမို႔ အာဟာရျပၫ့္ဝေစကာ မေကာင္းတဲ့ အဆီဓာတ္ေတြ ကို ဖယ္ရွားႏိုင္ပါတယ္။

 

၃။ ဆာမြန္ငါး (Salmon Fish)

 ဆာမြန္ငါးလို အဆီငါးမ်ားတဲ့ ငါးေတြကို မၾကာခဏစားပါ။သူ႔မွာပါတဲ့ အဆီက ခႏၶာကိုယ္ကို အက်ိဳးျပဳတဲ့အဆီပါ။အသားဓာတ္အျပင္ တျခားအာဟာရဓာတ္ေတြပါပါတယ္။အိုင္အိုဒင္းျဒပ္စင္ပါပါတယ္။ေဆာ္လမြန္ငါးမွာ Omega-3 fatty acids ေတြပါပါတယ္။ Omega-3 fatty acids ေတြကအဝလြန္တာနဲ႔ေရာဂါအမ်ားစုကို ျဖစ္ေစတဲ့ ေရာင္ရမ္းျခင္းကိုေလ်ွာ့ခ်ဖို႔ ကူညီေပးႏိုင္ပါတယ္။

မက္ကရယ္ငါး၊ထေရာက္ငါး၊ငါးေသတၲာငါး ေတြမွာအသားဓာတ္နဲ႔ and omega-3 fatty acids ပါလို႔ မၾကာခဏစားသင့္ပါတယ္။ ဝိတ္က်ဖို႔လည္း မေထာက္အကူျပဳပါတယ္။

 

၄။ခရက္စီဖားရပ္စ္ (Cruciferous vegetables) 

ပန္းေဂၚဖီစိမ္း၊ပန္းေဂၚဖီ၊ ေဂၚဖီထုပ္နဲ႔ ပင္စည္မွ ေဂၚဖီထုပ္အေသးစားသဏၭာန္ အထုပ္ကေလးမ်ားထြက္သၫ့္ ဟင္းပင္။ ကြမ္းသီးေဂၚဖီထုပ္ေတြမွာ အမ်ွင္ဓာတ္ပါဝင္မႈ မ်ားျပားၿပီး ဗိုက္ျပၫ့္ျမန္ေစပါတယ္။ ကယ္လိုရီပါဝင္မႈနည္းပါးၿပီး အသားဓာတ္လည္း ပါပါတယ္။ဝိတ္က်ၿပီး က်န္းမာေရးေကာင္းေစဖို႔ ကူညီႏိုင္ပါတယ္။

 

၅။အမဲသား၊ၾကက္သား 

အသားဓာတ္မ်ားတဲ့ အစားအစာေတြစားတာက ကယ္လိုရီကို ပိုၿပီးေလာင္ကြၽမ္းေစပါတယ္။ ကြၽမ္းက်င္သူေတြအဆိုရ ပရိုးတင္းဓာတ္ေတြမ်ားမ်ားစားရံုနဲ႔ တစ္ေန့ကို ကယ္လိုရီ ၈၀-၁၀၀ ထိ ေလာင္ကြၽမ္းေစႏိုင္ပါတယ္။

 

၆။အာလူးျပဳတ္ 

အာလူးျပဳတ္စားတာက ဗိုက္ျပၫ့္ေနေစၿပီး အစားစာခ်င္စိတ္ကို တားဆီးေပးပါတယ္။

 

၇ ။ငါးမည္းလံုး 

ငါးမည္းလံုးက ကယ္လိုရီနည္းၿပီး ပရိုတင္းဓာတ္မ်ားစြာပါေသာအစားအစာျဖစ္ပါတယ္။ဝိတ္က်ခ်င္သူေတြ စားသင့္တဲ့ အစားအစာပါ။

 

၈။ပဲအမ်ိဳးမ်ိဳး

ပဲေတြမွာ အသားဓာတ္ အမ်ွင္ဓာတ္ေတြ ေပါႂကြယ္ဝစြာပါတာမို႔ ဗိုက္ျပၫ့္ေစေနၿပီး ဝိတ္က်ေစပါတယ္။

 

၉။စြပ္ျပဳတ္ (Soup) 

စြပ္ျပဳတ္ေတြမွာ ေရဓာတ္ပါဝင္မႈမ်ားၿပီး ကိုယ္အေလးခ်ိန္က်ေစႏိုင္ပါတယ္။ ေဂၚဖီစြပ္ျပဳတ္ဟာ နာမည္ႀကီးပါတယ္။ ဒါေပမဲ့

ခရင္မ္ ၊အဆီမ်ားတဲ့ စြပ္ျပဳတ္ဟင္းခ်ိဳေတြကိုေရွာင္ၾကဉ္ပါ။

 

၁၀။ (မလိုင္ထုတ္ၿပီး)ဒိန္ခဲေပ်ာ့ 

ႏို႔ထြက္ပစၥည္းေတြမွာ ပရိုတင္းဓာတ္ပါဝင္မႈျမင့္မားပါတယ္။ဥပမာ မလိုင္ထုတ္ၿပီး ဒိန္ခဲမွာ ကယ္လိုရီ၊အဆီ၊ကစီဓာတ္ပါဝင္မႈနည္းပါၿပီး ပရိုတင္းဓာတ္ ပါဝင္မႈ မ်ားပါတယ္။ႏို႔ထြက္ပစၥည္းေတြမွာ ကယ္လစီယမ္ဓာတ္မ်ားပါကာ အဆီေလာင္ကြၽမ္းေစႏိုင္ပါတယ္။

 

၁၁။ေထာပတ္သီး 

ေထာပတ္သီးဟာ ထူးျခားေသာအသီးပါေထာပတ္သီးမွာက်န္းမာေစတဲ့အဆီေတြမ်ားပါတယ္။အထူးသျဖင့္ Monounsaturated oleic acidပါပါတယ္။ေထာပတ္သီးမွာ ေရဓာတ္နဲ႔ ဖိုင္ဘာမ်ားစြာပါဝင္တာမို႔ ဝိတ္က်ေစႏိုင္ပါတယ္။ 

 

၁၂။ ပန္းသီးရွလကာရည္ (Apple Cider Vinegar) 

အဝလြန္သူမ်ားကို ၁၂ ပတ္ၾကာေလ့လာမႈတစ္ခုအရတစ္ေန့လ်ွင္ရွလကာရည္ ၁၅ မီလီမီတာေသာက္တာက ကိုယ္အေလးခ်ိန္ ၂.၆–၃ ဒသမ ၇.၇ ေပါင္ (၁.၂–၁.၇ ကီလိုဂရမ္) ေလ်ွာ့က်ေစပါတယ္။ဒါေၾကာင့္ ဟင္းသီးဟင္းရြက္အသုပ္ေတြထဲမွာ ပန္းသီး ရွလကာရည္ထၫ့္သုပ္တာက အစားစားခ်င္စိတ္ကိုထိန္းခ်ဳပ္ဖို႔ အေထာက္အကူျပဳႏိုင္ပါတယ္။

 

၁၃။ အခြံမာသီးမ်ား (Nut)

အခြံမာသီးေတြမွာ ပရိုတိန္းဖိုင္ဘာနဲ႔က်န္းမာတဲ့အဆီေတြပါဝင္ပါတယ္။ေလ့လာမႈေဆြအရ အခြံမာစားသံုးမႈက ဇီဝျဖစ္စဉ္က်န္းမာေရးကို တိုးတက္ေစၿပီးကိုယ္အေလးခ်ိန္ေလ်ာ့က်ေစႏိုင္တယ္လို႔ဆိုပါတယ္။

 

၁၄။အုတ္ဂ်ံဳ၊ဆန္လံုးညို၊ Quinoa ေစ့

 Oats မွာ beta-glucansနဲ႔အမ်ွင္ဓာတ္မ်ားပါ ပ္တယ္။ဝိတ္ခ်ေနသူေတြအေနနဲ႔  ထမင္းအစားထိုးအေနနဲ႔အုတ္ဂ်ံဳ၊ဆန္လံုးညို၊ quinoaေစ့ေတြကို ခ်က္စားသင့္ပါတယ္။

 

၁၅။ ငရုတ္ပြသီး (Peppers)

ေန့စဉ္စားသံုးေနတဲ့ အစားအစာေတြထဲ ငရုတ္ပြ ထၫ့္စားတာက ကိုယ္အေလးခ်ိန္ က်ေစႏိုင္ပါတယ္။ငရုတ္ပြေတြမွာ capsaicin ပါ ၀ င္ၿပီးအခ်ိဳ႕ေလ့လာမႈမ်ားအရ အစာစားခ်င္စိတ္ကိုေလ်ွာ့ခ်ကာ အဆီေလာင္ကြၽမ္းမႈကိုတိုးေစေၾကာင္းျပသခဲ့ပါတယ္။

 

၁၆။သစ္သီးမ်ား (Fruits) 

က်န္းမာေရးကြၽမ္းက်င္သူအမ်ားစုကအသီးစားတာက က်န္းမာေစတယ္လို႔ သေဘာတူၾကပါတယ္။ေလ့လာမႈမ်ားအရအသီး (ႏွင့္ဟင္းသီးဟင္းရြက္မ်ား) စားတဲ့လူက မစားတဲ့လူေတြထက္ ပိုမို က်န္းမာသန္စြမ္းေၾကာင္းေတြ့ရိွရပါတယ္။သစ္သီးေတြမွာ သၾကားဓာတ္ပါဝင္ေပမဲ့ စြမ္းအင္သိပ္သည္းဆနည္းပါးကာ ဖိုင္ဘာပါဝင္မႈမ်ားပါတယ္။သၾကားကို ေသြးေၾကာထဲအလ်င္အျမန္ မလႊတ္ႏိုင္ေအာင္ ကူညီေပးပါတယ္။အဝလြန္သူ ၉၁ ေယာက္ကို ၁၂ ပတ္ၾကာေလ့လာမႈတစ္ခုအရအစားအေသာက္မတိုင္မီ စပ်စ္သီးစားထားတာက ကိုယ္အေလးခ်ိန္ ၃.၅ ေပါင္ (၁.၆ ကီလိုဂရမ္) က်ဆင္းေစပါတယ္။

 

၁၇။ခ်ီးယားေစ့ (Chia seed)

ခ်ီးယားေစ့ေတြမွာ အမ်ွင္ဓာတ္မ်ားစြာပါၿပီး အစားစာခ်င္စိတ္ကို နည္းေစပါတယ္။

 

၁၈ ဒိန္ခ်ဉ္ (Yogurt)  

ဒိန္ခ်ဉ္က အစာေျခက်န္းမာေရးကိုေကာင္းမြန္ေစၿပီး ကိုယ္ အေလးခ်ိန္က်ေစႏိုင္ပါတယ္။ ဝိတ္က်ခ်င္ရင္ သၾကား ထၫ့္ မေသာက္ပါနဲ႔။

 

ဟမ္စိုင္း(ေဆး-မန္း)