Saturday, July 7, 2012

ပိန်တယ် ၀တယ် ကျစ်လစ်တယ်နဲ့ပတ်သက်သော


အသက်လေးရလာတော့ ကိုယ်ခန္ဓာမှာ အဆီပိုတွေကစုချင်လာပြီ။ ဘယ်လိုများလုပ်ရမှာပါလိမ့်နော်။ လေ့ကျင့်ခန်းလုပ် အစာရှောင် ဒါပေမဲ့ အဆီကသိပ်မကျဆိုတာကတော့ လက်တွေ့ဖြစ်နေတဲ့ ကျွန်တော့်အဖြစ်အပျက်ပေါ့။ ထားပါလေ....သူငယ်ချင်းတို့ဖတ်မှတ် ရအောင် Health Digest Journal အစုံစုံက ၀ိတ်လျော့တာနဲ့ပတ်သက်ပြီး ရေးသားချက်အချို့ကိုပြန်လည်ဝေငှလိုက်ပါတယ်။
(1) ၀ိတ်လျော့နည်းအသွယ်သွယ်
- အိမ်ရှိအခန်းတိုင်းတွင် လေ့ကျင့်ခန်းပြုလုပ်သည့် ပစ္စည်းများ ဥပမာ - အလေးတုံး စသည်ကိုထားရှိပါ။
- မနက်စောစောထ လေ့ကျင့်ခန်းအတူပြုလုပ်နိုင်မည့် အဖော်ရှာပါ။
- အားကစားခန်းမ၌ သင်လေ့ကျင့်ခန်းပြုလုပ်ရာတွင် အားကစားနည်းပြဆရာ၏ လေ့ကျင့်ညွှန်ပြမှုကို ခံယူပါ။
- ထမင်းတစ်ပန်းကန်လုံးကို ဟင်းသီးဟင်းရွက်များဖြင့် ပြည့်နေပါစေ။
- တီဗီကြည့်ချိန်တွေကို လမ်းလျှောက်ခြင်းစတဲ့ တက်ကြွလှုပ်ရှားမှုများဖြင့် အစားထိုးပါ။
- အားကစားအသင်းအဖွဲ့များသို့ဝင်ပါ။
- ယောဂလေ့ကျင့်ခန်း၊ ထိုက်ချိသိုင်း စတာတွေကို လေ့ကျင့်ပြုလုပ်ကြည့်ပါ။
- ခန္ဓာကိုယ်တစ်ခုလုံးကို အလုပ်ပေးစေသည့် ကာယလေ့ကျင့်ခန်းကိုရွေးချယ်ပါ။
- အဆီနှင့် ကာဗိုဟိုက်ဒြိတ်ရောနှောပါဝင်နေသော အစားအစာများ စားခြင်းကိုရှောင်ပါ။
- ကော်ဖီမသောက်ပါနှင့်။
- လက်ဖက်ရည်ကြမ်းသောက်သုံးပါ။
Ref: Health24.com
(2) တရားမ၀င် အ၀လွန်ခြင်း
ဂျပန်နိုင်ငံတွင် လွန်ခဲ့သောလေးနှစ်ခန့်ကစပြီး ရေးဆွဲခဲ့တဲ့ ဥပဒေသစ်တခုအရ ဂျပန်လူမျိုးတစ်ဦးဟာ သတ်မှတ်ထားတဲ့ ခါးပတ်လည် အတိုင်းအတာထက် ကျော်လွန်နေတယ်ဆိုရင် တရားဥပဒေနဲ့ ငြိစွန်းနေပါတယ်။ ဂျပန်လူမျိုး အမျိုးသားဆိုလျှင် ခါးအတိုင်းအတာ ၃၃.၅ လက်မ၊ အမျိုးသမီးဆိုလျှင် ၃၅.၄ လက်မထက်မကျော်လွန်စေရဟု သတ်မှတ်ထားပါတယ်။ ထိုအတိုင်းအတာထက်ကျော်လွန်ပြီး ၀လာပြီ ဆိုရင်တော့ သမားတော်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးမှုပြုပြီး ကိုယ်အလေးချိန်လျှော့ချဖို့ ပြုလုပ်ပါလိမ့်မယ်။ ကိုယ်အလေးချိန်များနေတဲ့ လူအများအပြားရှိတဲ့ လုပ်ငန်းခွင်ဆိုရင်တော့ ထိုကုမ္ပဏီက အစိုးရထံသို့ ဒဏ်ငွေပေးဆောင်ရပါမယ်။ ဤကဲ့သို့ ဥပဒေချမှတ်ရခြင်းရဲ့ ပန်းတိုင်ကတော့ အ၀လွန်ခြင်းကို ကာကွယ်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များကို လျှော့ချရန်ဖြစ်ပါတယ်။
Ref: Weridasianews
(3) ၀ိတ်လျှော့မယ်ဆိုရင်
- ရေများများသောက်ပါ။
- နံနက်စာမစားခင် သိပ်မပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
- နံနက်စာစားပြီးနောက် အတန်အသင့်ပြင်းထန်တဲ့ လေ့ကျင့်ခန်းပြုလုပ်ပါ။
- မှုန့်ညက်နေသော သကြားများ၊ ရှုပ်ထွေးကစီဓာတ်များကို မစားပါနှင့်။
- ညစာမစားခင် နှစ်နာရီအလိုအတွင်းဘာမှမစားပါနှင့်။
- အလေးတုံးများဖြင့် လေ့ကျင့်ခန်းပြုလုပ်ပါ။
- ညစာစားပြီးနောက် ပေါ့ပါးသော လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။
- သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များစားပါ။
- အသား၊ငါး၊ဥအမျိုးမျိုးစတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်သော အစားအစာများကို စားသုံးပေးပါ။
- ဗီတာမင်ဖြည့်စွက်အားဆေး၊ ငါးကြီးဆီဖြည့်စွက်ဆေးများ သောက်သုံးပါ။
- ခြေလျင်တောင်တက်ခြင်း၊ လှေကားတက်ခြင်းများ ပြုလုပ်ပါ။
- လေ့ကျင့်ခန်းပြုလုပ်သည့်အခါ အားစိုက်ထုတ်ပြီး ပြုလုပ်ပါ။
- အလုပ်ရှိ သင့်ရဲ့ထိုင်ခုံကို လေ့ကျင့်ခန်းလုပ်တဲ့ ဘောလုံးကြီးနဲ့ အစားထိုးလိုက်ပါ။
Ref: Internet
(4) ပိန်ချင်ရင် သရက်သီးအခွံစားပါ
အရသာ မကောင်းပေမဲ့လည်း ပိန်ချင်သောသူများအနေဖြင့် သရက်သီးစားတဲ့အခါ အခွံပါစားသောနည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ သြစတြေးလျ သုတေသီများတွေ့ရှိခဲ့ကြတာကတော့ သရက်သီးအခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်းအချို့သည် အဆီကလာပ် စည်းဖြစ်ပေါ်ခြင်းကို ကာကွယ်တားဆီးနိုင်တယ်လို့ပဲဖြစ်ပါတယ်။
သရက်သီးအခွံထဲမှာပါတဲ့ ဓာတုပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီကလာပ်စည်းဖြစ်ပေါ်နေသောလုပ်ငန်းစဉ်ဖြစ်သည့် Adipogenesis ကိုနှိမ်နင်းပေးတယ်လို့ ဆိုပါတယ်။အပူပိုင်းသစ်သီးများထဲက တစ်မျိုးဖြစ်တဲ့ သရက်သီးများထဲမှာ အမျိုးမျိုးကွဲပြားခြားနား သော အပင်ထွက်ဓာတုပစ္စည်းPhytochemicalsများရောနှော ပါဝင်လျက်ရှိရာ အချို့တွင်ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိပါတယ်။ သရက်သီးထဲမှာ အပင်ထွက်ဓာတုပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုးဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့အသီးတစ်မျိုးဖြစ် ပါတယ်။
သရက်သီးအခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ အဆီကလာပ်စည်းများဖြစ်ပေါ်ခြင်းကို တားဆီးခြင်းကြောင့် ရှိတဲ့အဆီကလာပ်စည်းများက ပို၍ကြီးလာပြီး အဲဒီလို ကလာပ်စည်းမျိုးဟာ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲခန်းအတွင်း စမ်းသပ်ချက်များအရ အ၀လွန်ခြင်းကို ကူညှီနိုင်လိမ့်မယ်လို့ဆိုပါတယ်။
Ref: Healthcare Asia.com
(5) ကိုယ်အလေးချိန်ကျဆင်းစေတဲ့ hCG ဟော်မုန်း
hCG လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဉ် အချင်းမှထွက်ရှိတဲ့ ဟော်မုန်းတစ်မျိုးဟာ အစာစားချင်စိတ်ကို ဖိနှိပ်ပေးခြင်း၊ ကိုယ်တွင်း ဇီဝ ဖြစ်ပျက်မှု Metabolism ကို မြင့်တက်စေခြင်း၊ ခန္ဓာကိုယ်အဆီ(Body Fat)ကို လျှော့ချပေးခြင်းတို့ကြောင့် ကိုယ်အလေးချိန်လျှော့ချ လိုသူများ အတွက် အကူအညီပေးနိုင်ကြောင်းသိရပါတယ်။ အခုအခါမှာ hCGဟော်မုန်းကို ထိုးဆေးပုံစံဖြင့်လည်းကောင်း၊ hCG ဟော်မုန်းဖြည့်စွက် ထားသောအစားအစာ Dietary Supplement အနေဖြင့်လည်းကောင်း ရရှိနိုင်ပြီဖြစ်ကြောင်းလည်းသိရပါတယ်။
Ref: Internet
စာကြွင်း။  ။ ဆက်လက်ဝေငှပါ့မယ်။

No comments: