Saturday, July 7, 2012

သတင်းတိုလေးနှစ်ခု


နေအိမ်တွင် ချက်ချင်း စမ်းသပ်နိုင်သည့် HIV စမ်း စက်များ အစိုးရ ခွင့်ပြုချက် ရရှိ

 ဆယ်စုနှစ်များစွာ ကြာအောင် အငြင်းပွားမှုများ ဖြစ်ခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သူများ အနေဖြင့် ၎င်းတို့တွင် HIV ရောဂါပိုး ရှိ ၊ မရှိကို မိမိတို့ နေအိမ်တွင်ပင် စမ်းသပ် နိုင်တော့မည် ဖြစ်သည်။ အဆိုပါ စမ်းသပ်သည့် ပစ္စည်းကို FDA ခေါ် အစားအစာ နှင့် ဆေးဝါး အဖွဲ့မှ အတည်ပြုပေးခဲ့ခြင်း ဖြစ်ကာ နေအိမ်များတွင် လွယ်လင့်တကူ သုံးစွဲနိုင်တော့မည် ဖြစ်သည်။
ယခုလို ဖြစ်ရပ်မျိုးမှာ တစ်ချိန်က ကိုယ်ဝန်ရှိ ၊ မရှိကို တိုင်းတာသည့် ပစ္စည်းကဲ့သို့ပင် ဖြစ်ကာ ထိုစဉ်ကလည်း ယင်းသို့သော ဖြစ်ရပ်များမှာ အရှက်ရစေသည့် ကိစ္စကြီး တစ်ခုအဖြစ် မှတ်ယူခဲ့ခြင်းပင် ဖြစ်သည်။ OraSure Technologies မှ ထုတ်လုပ်သည့် OraQuick စမ်းသပ်ပစ္စည်း မှာ ပါးစပ် အတွင်းသို့ သွင်းပြီး တိုင်းယူနိုင်ခြင်း ဖြစ်ကာ ရလာဒ်ကို မိနစ် ၂၀ မှ ၄၀ အတွင်း သိရှိနိုင်မည် ဖြစ်သည်။ ယခင်က စမ်းသပ်သည့် နည်းလမ်းမှာ အသုံးပြုသူများ အနေဖြင့် သွေးနမူနာကို ထုတ်ယူပြီးနောက် စမ်းသပ်ခန်း သို့ပေးပို့ စမ်းသပ်စေခဲ့ခြင်း ဖြစ်သည်။
MRTV-4 - နေအိမ်တွင် ချက်ချင်း စမ်းသပ်နိုင်သည့် HIV စမ်း စက်များ အစိုးရ ခွင့်ပြုချက် ရရှိ 

ကမ္ဘာတစ်ဝှမ်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၂၇ သန်းခန့်ရှိ

 ကမ္ဘာတစ်ဝန်းမှာ ပြဿနာရှိတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူပေါင်း ၂၇ သန်း ခန့်ရှိပြီး နှစ်စဉ် အဲဒီလူထဲက ၁ ရာခိုင်နှုန်းခန့်ဟာ မူးယစ်ဆေးဝါးသုံးစွဲခြင်း ကြောင့် သေဆုံးနေပါတယ်။ မူးယစ်ဆေးဝါးတွေထဲမှာ ဆေးခြောက်ဟာ ယခုအချိန်ထိ လူကြိုက်အများ ဆုံးမူးယစ်ဆေးဖြစ်နေဆဲပါပဲလို့ UN က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
ဟီးရိုးအင်း၊ ကိုကင်းနှင့် အခြား မူးယစ်ဆေးဝါးတွေဟာ တစ်နှစ်ကို လူပေါင်း ၂ သိန်းခန့်သေဆုံးစေပြီး မိသားစုများစွာကို ဒုက္ခရောက်စေကာ အခြားလူ ထောင်ပေါင်းများစွာကိုလည်း မကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ မလုံခြုံမှုကို ခံစားရစေပါတယ်။ ဒါ့အပြင် HIV ကူးစက်ပြန့်ပွားမှုတွေကိုလည်း ဖြစ်ပေါ် စေပါတယ်လို့ UNODC ရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာ့မူးယစ် ဆေးဝါးဆိုင်ရာ အစီရင်ခံစာမှာ တင်ပြသွားပါတယ်။
ရိုးရာလေးကမ္ဘာတစ်ဝှမ်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၂၇ သန်းခန့်ရှိ 

No comments: