Monday, July 23, 2012

Electronic Transaction Law (Episode IV)


အခန်း (၆)
သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ

၁၂။ ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ် (သို့) အဖဲ့အွ စည်းသည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအဖြစ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုပါက လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကြီးကြပ်မှုအဖွဲ့သို့ လျှောက်ထားရမည်။

၁၃။ ကြီးကြပ်မှုအဖွဲ့သည် ပုဒ်မ ၁၂ အရ လိုင်စင်လျှောက်ထားချက်ကို စိစစ်ပြီး ပုဂ္ဂိုလ် (သို့)လိုင်စင်ထုတ်ပေးရန် ငြင်းပန်ခြင်း ပြုနိုင်သည်။

၁၄။ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူသည် -
 (က) ကွန်ပျူတာ ဟတ်ဒ်ဝဲ (Hardware)၊ ဆော့ဖ်ဝဲနှင့် ကွန်ပျူတာ လုပ်ထုံးများကို ၀င်ရောက်နှောင့်ယှက်ခြင်း၊ အလွဲအသုံးပြုခြင်းတို့ ဖြစ်ပေါ်ခြင်းမရှိစေရန် ယုံကြည်စိတ်ချရသော စနစ်ကိုအသုံးပြုရမည်။

(ခ) မိမိရည်ရွယ်သော လုပ်ငန်း၏ ဆောင်ရွက်မှုနှင့် ကိုက်ညီသော ၀န်ဆောင်မှုလုပ်ငန်းတင်သင့်လျော်သော ယုံကြည် အားထားရမှု အဆင့်တစ်ရပ်ရပ်ကို သတ်မှတ်ပေးရမည်။

(ဂ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ၏ လျို့ဝှက် ထားရှိမှုကို လုံခြုံမှုနည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။

(ဃ) သတ်မှတ်ထားသော စံများကို လိုက်နာဆောင်ရွက်ရမည်။

(င) အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ သက်သေခံလက်မှတ်၏ အသေးစိတ် အချက်အလက်များကို ဖော်ပြရမည်။

(စ) သက်သေခံလက်မှတ် ထုတ်ပေးခြင်းနှင့် သက်ဆိုင်သော မိမိလက်တွေ့ ဆောင်ရွက်ပေးနိုင်မှုကို ဖော်ပြရမည်။

(ဆ) ထုတ်ပေးထားသည့် သက်သေခံလက်မှတ်၏ ယုံကြည်အားထားရမှုကို ဖြစ်စေ ၊ တာဝန်ခံနိုင်မှု (သို့) အာမခံနိုင်မှုကို ဖြစ်စေ၊ ယင်း၏ ၀န်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နိုင်မှုကိုဖြစ်စေ ထိခိုစေနိုင်သည့် အချက်အလက်များကို ဖော်ပြရမည်။

(ဇ) သက်သေခံလက်မှတ်တွင် ခွင့်ပြုထားသော အခြေအနေကြောင့်ဖြစ်စေ၊ ကွန်ပျူတာစနစ်၏ ချို့ယွင်းမှုကြောင့်ဖြစ်စေ ထိခိုက်မှု ဖြစ်ပေါ်လာနိုင်သော အခြေအနေများရှိလာပါက

(၁) ထိခိုက်မှုဖြစ်စေနိုင်သည့် ပုဂ္ဂိုလ်အား ဖြစ်နိုင်သည့် နည်းလမ်းဖြင့် အသိပေး အကြောင်းကြားရမည်။

(၂) အထက်ပါ အခြေအနေနှင့် ဖြစ်ပေါ်မှုများအတွက် သက်သေခံလက်မှတ်ကို လက်တွေ့ဆောင်ရွက်ရာ၌ လိုက်နာရန် သီးခြား သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။

(ဈ) ကြီးကြပ်မှုအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် စည်းမဉ်းစည်းကမ်းနျင့် တာဝန်များကိုလိုက်နာဆောင်ရွက်ရမည်။

၁၅။ (က) ပုဒ်မ ၁၃ အရ ထုတ်ပေးသည့် လိုင်စင်ကို ရရှိသော သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူသည် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ ခွင့်ပြုမိန့် ရရှိရေးအတွက် အဆို ပြုချက်ကို တင်ပြရာတွင် ကြီးကြပ်မှုအဖွဲ့က ထုတ်ပေးသော လိုင်စင်နှင့်အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လျှောက်ထား ရမည်။

(ခ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပုဒ်မခွဲ (က)အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍ လိုအပ်ပါက ကြီးကြပ်မှုအဖွဲက၏ သဘောထားချက်ကို တောင်းခံနိုင်သည်။

အခန်း (၇)
ငှားရမ်းသုံးစွဲသူ

၁၆။ (က) ငှားရမ်းသုံးစွဲသူအဖြစ် ဆောင်ရွက်လိုသူသည် သက်သေခံလက်မှတ် ရရှိရန်သတ်မှတ်ချက်များနှင့်အညီ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူထံလျှောက်ထားရမည်။

(ခ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူသည် ပုဒ်မခွဲ (က)အရ လျှောက်ထားကိုစိစစ်ပြီး စည်းကမ်းချက်များ သတ်မှတ်၍ သက်သေခံလက်မှတ် ထုတ်ပေးခြင်း (သို့) သက်သေခံလက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၇။ ငှားရမ်းသုံးစွဲသူသည် - 

(က) အီလက်ထရောနစ် ထိုးမြဲလက်မှတ် ထုတ်ဖော်သည့်အချက်အလက်ဖြင့် တရားဝင်သောထိုးမြဲလက်မှတ်ကို အသုံးပြုသည့်အခါ ယင်းထုတ်ဖော်သည့် အချက်အလက်ကို အခြားသူများတရားမ၀င် အသုံးပြုခြင်း မခံရစေရန် ဂရုစိုက်ရမည်။

(ခ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်အတွက် ထုတ်ပေးထားသော သက်သေခံလက်မှတ်ကို ခွင့်ပြုထားသော သက်တမ်းကာလ အတွင်း အသုံးပြုရာတွင် မိမိနှင့် သက်ဆိုင်သည့်အကြောင်းအရာများသော်လည်းကောင်း၊ ထပ်မံထည့်သွင်းရန်ဖြစ်သည့် အကြောင်းအရာ များသော်လည်းကောင်း တိကျပြည့်စုံပြီး မှန်ကန်မှုရှိစေရန် ဂရုစိုက်ရမည်။

(ဂ) အီလက်ထရောနစ် ထိုးမြဲလက်မှတ် ထုတ်ဖော်သည့် အချက်အလက် လျို့ဝှက်မှု ပေါက်ကြားလျှင်ဖြစ်စေ၊ လျို့ဝှက်မှု ပေါက်ကြားနိုင် သည့်အခြေအနေမျိုးရောက်ရှိလျှင်ဖြစ်စေ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက စီစဉ်ပေးသည့်အတိုင်းသော်လည်းကောင်း၊ သင့်လျော်သည့် အစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိ၏ အီလက်ထရောနစ်ထိုးမြဲလက်မှတ်နှင့် လုပ်ငန်းဆက်စက် ပတ်သက်နေသူ များထံ နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ အကြောင်းကြားရမည်။

၁၈။ ပုဒ်မ ၁၇ တွင် ဖော်ပြထားသော အချက်များကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာ ဆုံးရှုံးမှု အကျိုးဆက်များအတွက် ငှားရမ်းသုံးစွသဲူတွင် တာဝန်ရှိစေရမည်။

Note: အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ အခန်းစုစုပေါင်း (၁၃)ခန်းရှိသည်ကို ဆက်လက်ဝေငှပါမည်။

No comments: