Thursday, July 12, 2012

Website လေးတွေပြောပြမယ်


ယေးလ်၊ ဟားဗတ်၊ စတမ်းဖို့ဒ်၊ ပရင့်စတန်း၊ယူစီဘာကလေ စတဲ့ တက္ကသိုလ်တွေက သင်ကြားပို့ချဟောပြောချက်တွေကို ၀င်ရောက် ကြည့်ရှုသူတွေအနေနဲ့ ရယူနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ ဗီဒီယိုဖိုင်နဲ့ဟောပြောချက်ပေါင်း ၁၅၀၀ကိုတင်ထားပေးပါတယ်။ ဒီဝက်ဘ်ဆိုက်ထဲဝင်ကြည့်ချင်တယ်ဆိုရင်တော့ ကိုအသုံးပြုပြီးကြည့်ရှုရမှာဖြစ်ပါတယ်။ ရူပဗေဒပညာရပ်၊ ကွန်ပျူတာသိပ္ပံဘာသာရပ်တွေ အပြင် ဆေးသိပ္ပံဆိုင်ရာဘာသာရပ်တွေ ဇီဝဗေဒဘာသာရပ်တွေကို တတ်ကျွမ်းတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့လမ်းညွှန်ပြသမှုနဲ့အတူ ကဏ္ဍတစ်ခု ချင်းစီအလိုက် ပြည့်စုံမှုရှိတဲ့ သင်ခန်းစာတွေကို လေ့လာခွင့်ရမှာပါ။ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ခန်းစာတွေကိုခွဲခြားထားသလို တက္ကသိုလ်တွေအလိုက် သင်ကြားပို့ချတဲ့ အချက်အလက်တွေကို တစ်စုတစည်းထဲပြုလုပ်ပေးထားပါတယ်။

အန်းဒရိုက်စက်လည်ပတ်မှုစနစ် အသုံးပြုတဲ့ စမတ်ဖုန်းတွေကို ရူးသွပ်တဲ့သူတွေအတွက် ၀င်ရောက်ကြည့်ရှုသင့်တဲ့ ၀က်ဘ်ဆိုက်လေးဖြစ် ပါတယ်။ဖုန်းအမျိုးအစားအစုံရဲ့အကြောင်းတွေကို ဖတ်ရှုနိုင်မှာဖြစ်သလို ဆက်လက်ထွက်ရှိလာမယ့် အန်းဒရိုက်ဖုန်းတွေကိုလည်း လေ့ လာနိုင်မှာပါ။ အဓိကအားဖြင့် စက်လည်ပတ်မှုစနစ်ရဲ့နည်းပညာပိုင်းကိုဆွေးနွေးပေးထားတဲ့ဆောင်းပါးတွေကလည်း ဖတ်ရှုသူတွေကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။ ဒါကြောင့်မို့ ရိုးရိုးမိုဘိုင်းဖုန်းလေ့လာသူတွေသာမကဘဲ ပလက်ဖောင်းမှာ ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်ကြ မယ့်သူတွေအနေနဲ့ပါ ၀င်ရောက်ကြည့်ရှုသင့်တယ်လို့တိုက်တွန်းချင်ပါတယ်။

ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်လုပ်ဖို့ ရည်ရွယ်ချက်ရှိတဲ့သူဆိုရင်တော့ ဒီဝက်ဘ်ဆိုက်က အလွန်တရာတန်ဖိုးရှိမှာပါ။ ဘာကြောင့်လဲ ဆိုရင် ၀က်ဘ်ဆိုက်ထဲကိုဝင်ရောက် ကြည့်ရှုလေ့လာရင်းနဲ့ ပရိုဂရမ်မာဖြစ်သွားသူပေါင်း ၄၀၀၀၀ နီးပါးရှိနေလို့ပါပဲ။ ပရိုဂရမ်မင်းဘာသာ ရပ်ကို အခြေခံကစပြီး လေ့လာနိုင်သလို လေ့ကျင့်ခန်းများများပြုလုပ်ပေးနိုင်အောင် စီစဉ်ပေးထားခြင်းကကျေနပ်စရာပါ။ ဒါကြောင့်မို့ ကိုယ်ရွေးချယ်မယ့် ပလက်ဖောင်းအလိုက် စိတ်ကြိုက်လေ့လာလို့ရမယ့် ၀က်ဘ်ဆိုက်တစ်ခုဖြစ်သလို လက်တွေ့လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်နေသူတွေအနေနဲ့လည်း ကိုယ်ယူထားတဲ့ ဘက်မှာပိုပြီး ကျွမ်းကျင်ဖို့ အမြဲတစေလေ့လာနေသင့်ပါတယ်။ ခေတ်နဲ့ကိုက်ညီတဲ့ နည်းပညာအလုပ်အကိုင်တစ်ခုဖြစ်လို့လည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ဒီဝက်ဘ်ဆိုက်လေးက ထူးခြားပါတယ်။ ဟင်းချက်ဝါသနာပါသူတို့အတွက် အချင်းချင်းအမြင်ဖလှယ်လို့ရတဲ့ လူမှုကွန်ရက်ဝက်ဘ်ဆိုက် လေးဖြစ်ပါတယ်။ ချက်ပြုတ်ရလွယ်ကူတဲ့ ဟင်းလျာအညွှန်းတွေကိုလည်း ဒီဝက်ဘ်ဆိုက်မှာလေ့လာနိုင်မှာဖြစ်သလို အဖွဲ့ဝင်တွေအနေနဲ့ ကိုယ်ပိုင်သီးသန့်စာမျက်နှာတွေနဲ့ ဟင်းချက်ပြုတ်နည်းလမ်းညွှန်တွေကိုဝေငှနိုင်တဲ့အခွင့်အရေးရှိပါတယ်။ လူမှုကွန်ရက်တွေများစွာရှိ နေပေမယ့် ဒီလိုအချက်အပြုတ်အစားအသောက်နဲ့ပတ်သက်ပြီး ဝေမျှနိုင်တဲ့ လူမှုကွန်ရက်အရေအတွက်က နည်းပါးသလို ပုံမှန်ဝက်ဘ် ဆိုက်တွေလို စုစည်းထားသမျှကိုကြည့်ရှုနိုင်ရုံတင်မကဘဲ ကမ္ဘာတစ်လွှားမှာရှိတဲ့ နာမည်ကျော်စားဖိုမှူးတွေရဲ့ အစားအသောက်ဖန်တီး မှုဆိုင်ရာ ပညာရပ်တွေကိုပါ လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ မိမိကိုယ်ကို နိုင်ငံတကာအဆင့်ရှိတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ ကြိုးစား နေသူတွေအတွက်လည်း ပြီးပြည့်စုံတဲ့အကြံပြုချက်တွေနဲ့နည်းလမ်းတွေကို ရရှိမှာပါ။

ဟင်းအမည်ပေါင်း ၄၅၀၀၀၀ခန့်ကို စုစည်းဖော်ပြပေးထားတဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ နိုင်ငံတကာမှာနာမည်ကြီးနေတဲ့ မုန့်မျိုးစုံပြုလုပ် နည်းတွေ၊ ဟိုတယ်ကြီးတွေမှာ အဓိကအစားအစာအဖြစ် ပွဲခံရတဲ့ ဟင်းမျိုးစုံနဲ့အလွယ်တကူချက်ပြုတ်စားသောက်လို့ရမယ့် ဟင်းလျာ တွေကို ဒီဝက်ဘ်ဆိုက်မှာလေ့လာနိုင်မှာပါ။ လတ်တလောလူကြိုက်များနေတဲ့ ဟင်းလျာတွေကိုကြည့်ရှုပြီး ကိုယ့်မိသားစုနဲ့အတူ ချက်ပြုတ်စားသောက်ရင်း ပျော်ရွှင်ဖွယ်ထမင်းဝိုင်းကိုလည်းဖန်တီးလို့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဟင်းချက်ဝါသနာပါသူတွေနဲ့ နာမည်ကျော်စားဖိုမှူးဖြစ်ချင်သူတွေ စိတ်ကြိုက်လေ့လာနိုင်မယ့် အကောင်းဆုံးအစားအသောက်ဝက်ဘ်ဆိုက်လေးလို့ဆိုချင်ပါတယ်။

No comments: