Tuesday, July 10, 2012

ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တဲ့ အစားအစာ


ဟိုသည်စာအုပ်တွေကိုမွှေဖတ်တော့ ဖတ်နေကျမဂ္ဂဇင်းတစ်စောင်မှာ တရုတ်ရိုးရာဓာတ်စာတွေအကြောင်း ဆောင်းပါး တစ်ပုဒ်ထဲက ခန္ဓာကိုယ်အလေးချိန်လျော့ကျစေနိုင်တဲ့အစားအစာကဏ္ဍမှ စိတ်ဝင်စားဖွယ် နည်းလမ်းတစ်ခုကို ဖတ်မိတာ ကြောင့် ပြန်လည်ဖောက်သည်ချပါရစေ။

မြန်မာတွေကတော့ ကိုယ်နံ့ပျင်းတဲ့သူတွေ၊ ဆီးကျောက်ကပ်ရောဂါရှိသူတွေ များများချက်ပြုတ်စားသောက်လေ့ရှိတဲ့ အသီးအနှံတစ်မျိုးရဲ့ ပြင်ဆင်စားသောက်ပုံတစ်ခုပါ။
ရှမ်းပြည်ဖက်ရယ် နေရာဒေသအတော်များများမှာတော့ ကျောက်ဖရုံသီးလို့ခေါ်ကြပါတယ်။

ဒီဆောင်းပါးထဲမှာတော့ ဆောင်းဖရဲသီးလို့သုံးနှုန်းထားပါရော။

ဆောင်းဖရဲသီး (Water Melons)
ရှေးနှစ်ပေါင်းများစွာကတည်းက ဆောင်းဖရဲသီးကို ဓာတ်စာအဖြစ် တရုတ်လူမျိုးတို့က စားသုံးခဲ့ပါတယ်။ Shiliao Bencao ဆေးကျမ်းမှာ ဖော်ပြထားချက်အရ ခန္ဓာကိုယ်အလေးချိန် လျော့လိုသူများ ဆောင်းဖရဲသီးကို မကြာခဏ စားသုံးပေးပြီး ကိုယ်အလေးချိန်တိုးလိုသူများ စားသုံးရန်မသင့်ဘူးလို့ သိရှိရပါတယ်။ ဆောင်းဖရဲသီးကို ကျောက်ဖရုံသီးလို့ လူသိများပြီး ဆီးအလွန်ရွှင်စေနိုင်ပါတယ်။ ကျောက်ကပ်၊ ဆီးချိုနှင့် သွေးတိုးရောဂါကြောင့် ဖောရောင်တာကို ပျောက်စေနိုင်ပါတယ်။

ဆောင်းဖရဲသီး လက်ဖက်ရည် (Winter Melon Tea)

ပါဝင်သော ပစ္စည်းများ - ဆောင်းဖရဲသီး - ၃၀၀ ဂရမ်

နည်းစနစ်
- ဆောင်းဖရဲသီး (ကျောက်ဖရုံသီး) ကိုအခွံမနွှာဘဲ ရေဆေးပါ။ အစေ့များကိုပါ ဖယ်မထုတ်ဘဲ လေးထောင့်ပုံ အတုံးငယ်လေးများ ဖြစ်အောင်တုံးပါ။ အိုးထဲကို ထည့်ပြီး နွမ်းအိပြီး အရည်ထွက်လာတဲ့အထိ ဇွန်း သို့မဟုတ် တူနဲ့မွှေပေးပါ။

- ရေတစ်လီတာ ထည့်ပြီး တည်ထားပါ။ ရေဆူလာရင် မီးဖိုပေါ်က ချပြီးသောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

No comments: