Saturday, July 21, 2012

ပိန်တယ် ၀တယ် ကျစ်လစ်တယ်နဲ့ပတ်သက်သော (နောက်ဆက်တွဲ)


(၁) အစားလျှော့စားမယ်ဆိုရင်
သင့်ရဲ့ အစာအိမ်ထဲမှာ အစာတွေပြည့်နေတာ အချိန်အကြာကြီးလို့ ခံစားရစေတဲ့အစာ စားတဲ့နည်းကတော့ အရည်ပါတဲ့ အစားအစာကို သိပ်မသောက်ဘဲ ၀ါစားရတဲ့ အဖတ်အစားအစာများကို ရွေးချယ်စားသုံးပါ။ 'အ၀လွန်ခြင်း'လို့ခေါ်တဲ့ ဂျာနယ်တစ်ခုမှာ ဖော်ပြထားတဲ့အချက်အရ ကြက်ရင်အုံစားတဲ့သူတွေဟာ အဲဒီကြက်ရင်အုပ်ကိုပဲ စွပ်ပြုတ်လုပ်ထားတဲ့ အရည်ကို သောက်သူများထက် ဗိုက်ပြည့်တဲ့ ခံစားမှုကို ၃၀ရာခိုင်နှုန်းပိုပြီး ၃နာရီကြာအောင် ခံစားရတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ၊ စွပ်ပြုတ်ရည်က အစာအိမ်ထဲက မြန်မြန်ထွက်သွားနိုင်လို့ ဖြစ်ပါတယ်။ အစာခံအောင် Milk Shake ဖျော်ရည်တွေ သောက်လို့တော့ရပါတယ်။ ဒါပေမယ့် အဲဒီ Milk Shake ကို ငှက်ပျောသီး သို့မဟုတ် အေးခဲထားသော သစ်သီးဖြင့် ခပ်ပျစ်ပျစ်လေး ဖျော်ပြီးသောက်ပါတဲ့။

Ref: Men's Health Oct 2011

(၂) InBody Test
ဖွံ့ဖြိုးလာတဲ့ ခန္ဓာကိုယ်ပုံရိပ်ကိုသဘောမကျတာကြောင့် ၀ိတ်လျော့မယ်လို့စဉ်းစားထားသလား သူငယ်ချင်းတို့ရေ။ သူငယ်ချင်းတို့ ခန္ဓာငယ်၏ BMI, BMR, ရေဓာတ်၊အသားဓာတ်၊ သတ္ထုဓာတ်၊အဆီဓာတ်၊ အနည်း/အများနှင့် ကြွက်သား ထု၊ အဆီထု အချိုးအစား မျှတမှု၊ရှိမရှိကို မိနစ်ပိုင်းအတွင်း ခွဲခြမ်းစိတ်ဖြာပေးမည့် InBody Test ဆိုတာလေးကို ပိုသိရင် ၀ိတ် လျော့တဲ့နေရာမှာပို အဆင်ပြေ သွားကြမယ်ထင်တယ်။

ကိုယ်သိတဲ့ ကုမ္ပဏီတစ်ခုက သူတို့သွင်းကုန်ပစ္စည်းဖြစ်တဲ့ Lemon Detox Syrup ရဲ့ဆင့်ပွားအစီအစဉ်ဖြစ်တဲ့ Lemon Detox Diet Program ၀င်ပြီးဝိတ်လျော့မယ်ဆိုရင် Inbody Test Free ပြုလုပ်ပေးမှာဖြစ်ပြီး Inbody Test သီးသန့်လုပ် ချင်သူ များအတွက်လည်း 15000 Kyats (including consultation) ဖြင့်ပြုလုပ်ပေးနေပါသတဲ့။ နားလည်တတ်ကျွမ်းသော ဆရာ များမှ အကြံပြုဆွေးနွေးပေး သွားမှာဖြစ်ပါသည်ဆိုပဲ။

ထွန်းသစ်ဦးကုမ္ပဏီ (Detox and Slim Centre)
အမှတ် - ၂၅အေ (၈)၊ အေးရိပ်သာ(၂)လမ်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဆရာစံရပ်ကွက်၊ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၅၄၄၅၀၄၊ ၀၉-၉၁၀၃၇၆၅၄ (Open Daily)

(၃) အားလုံးအကျိုးကျေးဇူးရှိတဲ့ အဆီကျဆေး
Statins လို့ခေါ်တဲ့ အဆီကျဆေးများသည် အမျိုးသားနှင့်အမျိုးသမီးများတွင် နှလုံးကျန်းမာရေးပြဿနာများကို ထိရောက် စွာ ကာကွယ်နိုင်ကြောင်း သိရှိရပါတယ်။ လေ့လာမှုအသစ်တစ်ခုအရ နှလုံးတိုက်ခိုက်ခြင်း သို့မဟုတ်လေဖြတ်ခြင်း ခံခဲ့ရ သူများလည်း အဆီကျဆေးများကို သောက်ပါက အကျိုးရှိစေနိုင်ကြောင်းလည်း သိရပါတယ်။ နှလုံးရောဂါခံစားရဖူးတဲ့ မှတ်တမ်းမရှိသော်လည်း အသက် ၅၀ကျော်သူများအတွက် Statin သောက်လျှင် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၀ရာခိုင်နှုန်း လျော့နည်း သွားကြောင်း သိရပါတယ်။
Ref: Lancet Medical Journal

(၄) အ၀လွန်အမျိုးသားများ ဗီုက်ကျချင်ရင် တက်စတိုစတီရုန်းထိုး
သုတေသနတစ်ခုအရ အ၀လွန်နေသော သတ်လတ်ပိုင်းအရွယ် အမျိုးသားများအား ရိုးရိုးတက်စတိုစတီရုန်းထိုးဆေး ထိုး ပေးခြင်းအားဖြင့် ခါးအတိုင်းအတာ ၃လက်မမှ ၅လက်မအထိ လျော့ကျသွားကြောင်း သိရပါတယ်။ လေ့လာခံပုဂ္ဂိုလ်များ မှာ ကိုယ်အလေးချိန် ပျမ်းမျှအားဖြင့် ၃၆ပေါင် လျော့ကျသွားကြောင်းလည်း သိရပါတယ်။ ဒီသုတေသနကို အသက် ၄၀မှ ၈၀ကြား ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် ၂၃၆ပေါင်ခန့်ရှိသော လူပေါင်း ၂၅၀ဦးကို လေ့လာခဲ့ခြင်းဖြစ်ပါတယ်။ ၅နှစ် အကြာပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသားများတွင် ပျမ်းမျှအားဖြင့် ပေါင် ၂၀၀အထိ လျော့ကျခဲ့ပြီး၊ ခါးအတိုင်း အတာမှာ ၃.၅လက်မလျော့ကျသွားကြောင်း သိရပါတယ်။ ကိုယ်အလေးချိန်များပြားခြင်းဟာ အမျိုးသားဟော်မုန်းဖြစ်သော တစ်စတိုစတီရုန်း နည်းပါးခြင်းနှင့် ဆက်စပ်နေကြောင်း သိရပါတယ်။

Ref: Healthcare Asia.

စာကြွင်း  ။ ဆက်လက်ဝေငှပါမယ်။

No comments: