Wednesday, October 11, 2017

Vape ဆိုတာ ဘာလဲ?



Vape ဆိုတာ Vaporize ကနေဆင်းသက်လာတဲ့ အငွေ့  ပျံ တဲ့ ပစ္စည်းတစ်ခုပါ ။

အဓိက ပါဝင်တဲ့ ပစ္စည်းတွေ က

Atomizer လို့ခေါ်တဲ့ tank အတွင်းက -/+လျှပ်ကူးအပူပေးနိုင်တဲ့အရာတစ်ခုပါ ။ သူက အငွေ့ထုတ်ပေးနိုင်တဲ့ ပစ္စည်းပါ ။ သူမှာ wire or coin အရည်ကနေအငွေ့တိုက်ရိုက်ပြောင်းပေးနိုင်တဲ့ အရာလေးတွေပါဝင်ပါတယ် ။

Mod ပါ ။ Battery ကို လျှပ်ကူးပြီး Atomizer ဆီရောက်
အောင် Support ပေးတဲ့ အရာတခုပါ ။ သူကတော့
wire / Chip set (Watt mod)တွေနဲ့ရှိသလို -/+ တိုက်ရိုက်လျှပ်ကူး စေတဲ့ (Mechancial Mod)တွေလဲ ရှိပါတယ် ။

Juice or E-liquid ပါ သူက တော့ သုံးစွဲသူတွေ အကြိုက်ရော စပ်ထားတဲ့ အရည်ပါ ။

သူ့မှာပါဝင်တဲ့အရာတွေက
Vegetable Glycerin (VG) အသီးအရွက်အဆီ
Propylene Glycol    (PG) Bioနည်းနဲ့ထုတ်သော
Flavor                အရသာ
Nicotine             နီကိုဒင်း
အဓိက ပါဝင်ပါတယ် ။ နောက်ပိုင်းမှာ ပူရှိန်းထည့်တာတွေလဲရှိပါတယ် ။

Atomizer , Mod & Juice or E liquid ဒီသုံးမျိုးရှိရင်
Vape အတွက်အားလုံးပြီးပြည့်စုံပါ ပြီ ။

Vape ကို ဘာကြောင့်သောက်ကြလဲ ?
1-Smoker တွေ အတွက် ကျန်းမာရေးဆိုးကျိုး အနည်းဆုံးနဲ့ဆေးလိပ်ဖြတ် နိုင်ခြင်း ။
2-အငွေ့တွေနဲ့ အလှကစား နိုင်ခြင်း ။
3-အပျင်းပြေ ဇိမ်ခံ ပစ္စည်းအဖြစ်သုံးခြင်း ။

"အဓိက အကျဆုံးက ဆေးလိပ်သမားတွေအတွက်ပါ"

           ဆေးလိပ်သမားတွေအတွက် နီကိုဒင်းဓာတ်
လိုအပ်နေချိန်မှာ ? ဆေးလိပ်သောက်မလား Vape
သုံးမလား စဉ်းစားရ ခက်ပါလိမ့်မယ် ။

ဆေးလိပ်က ဆေးရွက်ကြီး နီကိုဒင်း ကတ္ကတရာ အပြင်
မီးရှို့ပြီး ဓာတ်ပေါင်းများစွာ နဲ့ လူကို ဆိုးကျိုးများစွာရရှိစေပါတယ် ။
             Vape မှာ လဲ ထွက်တဲ့ ဓာတ်ရှိပါတယ် (အတိအကျ မမှတ်မိပါ ) လူပြိန်းတွေးတွေးကြည့်မယ်ဆိုရင်
နီကိုဒင်းဓာတ်က လူကိုထိခိုက်စေတာခြင်း အတူတူပါ
Vape မှာ Ni 0,3,6,12,24 စသဖြင့် အမျိုးမျိုးရှိပါတယ်
Ni 0,3,6 က ဆေးလိပ်ထက် Ni ပါဝင်နှုန်းနည်းပါတယ်။
ပြီးတော့ Vape မှာ ဓာတ်လေးမျိုးထွက်ပါတယ်
ဆေးလိပ်မှာ ဓာတ်ပေါင်း1000 ကျော် ထွက်ပါတယ်
၂ ခုလုံးမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပါဝင်ပြီး
Vape က ကင်ဆာဖြစ်စေတဲ့ ဓါတ် 10 ဆ ဆေးလိပ်ထက်နည်းပါတယ် ။ အဓိက ကတော့ ရေငွေ့ထွက်တာနဲ့
ကာဗွန်ဒိုင်အောက် ဆိုဒ် ထွက်တာ ကိုနှိုင်းယှဉ်ပြောပြ
နေစရာမလိုလောက်ပါဘူး ။

ဆေးလိပ်ဖြတ် ဖို့ Vape သောက်ရင် ဘာကောင်းကျိုးတွေရနိုင်သလဲ?

1- အဆုတ် က ပြန်လည်သန့်စင်ဖို့ အချိန်ယူရပါလိမ့်မယ် ။ 1 to 2 month အတွင်းမှာ အမောခံလာနိုင်ခြင်း ။
2- ချွေးနံ့ , ခံတွင်းနံ့ သက်သာ လာခြင်း ။
3- ရေငွေ့ ဖြစ်တဲ့အတွက် လေထုအပူချိန်ကြောင့် အဝေးသို့ ကြာကြာမပျံ့လွင့်၍ Second Smoker မဖြစ်စေခြင်း ။
4- ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျောက်က် ကိုကစဥ့်ကလျား
မဖြစ်စေခြင်း ။
5- Nicotine ဓာတ်လျော့လျော့ သောက်နိုင်ပါက Ni
ကြောင့်ဖြစ်စေတဲ့ ရောဂါတွေ အတွက် လျော့ချ နိုင်ခြင်း။

မှတ်ချက်- ကိုယ်တွေ့များသာလျှင် ဒီထက်ကောင်းကျိုးတွေလျှင်လဲ ဝင် ရောက် ment နိုင်ပါသည် ။

ငွေကြေးအကုန်အကျ ဆေးလိပ် အကောင်းသောက်သလောက်ကုန်ကျ နိုင်ပါသည် ။ ကလေးငယ်များနှင့်
ကိုယ်ဝန်သည် များသောက်သုံးရန် မသင့်ပါ ။
18+ ဆိုတာကပြောမရပါခင်ဗျာ ကျွန်တော်တို့ လဲကိုယ့်ဘာသာ မနိုင်ပါ အတုမြင်အတက်သင် Under 18 တွေ
ကို Vape ဆရာ သမားများ နဲ့ Vape ဆိုင်များ သေချာ
ပြောပြ၍ မသောက်ဖို့ တိုက်တွန်းပေးကျပါ ခင်ဗျ ။



Kyaw Zin Thaw / Vape Gallery
https://www.facebook.com/VapeGallery.KyawZinThaw/

Credit.- Kyaw Zin Thaw

No comments: