Friday, April 26, 2013

Dhamma School foundation (ဓမ္မစကူးလ်)

Sunday school ဆိုတာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထူးအဆန်းမဟုတ်ပါဘူး မိမိတို့ရင်သွေးငယ်များ မိမိ ကိုးကွယ်ရာဘာသာတရားနှင့်လည်းယဉ်ပါးစေ တတ်ကျွမ်းစေ နားလည်စေပြီး တခြားသောအသိပညာအတတ်ပညာများ ကို ပံ့ပိုးပေးနေတဲ့ ကောင်းမြတ်သောလုပ်ငန်းစဉ်လေးပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်ကော မိမိတို့ သားငယ်သမီးငယ်များကို ဘာသာတရားနဲ့လည်းယဉ်ပါးစေ ကိုးကွယ်ရာလည်းရှိစေ ယဉ်ကျေးလိမ္မာအသိတရားလေး တွေလည်းရှိစေမယ့် အလားတူ ဓမ္မစကူးလ်လေးမကြာခင်ရှိတော့မယ်ဆိုတာအသိပေးချင်ပါတယ်။ အောက်မှာတော့ အဲ့ဒီအစီအစဉ်နှင့် ပါတ်သက်ပြီး သက်ဆိုင်သူတွေပြောထားတဲ့စကားအတိုလေးတွေကိုကူးပေးလိုက်ပါတယ် ဖတ်ကြည့်ကြ ပါဦး။


ကလေးများအတွက် ယခုကဲ့သို့ ဗုဒ္ဓဘာသာအကြောင်းအရာများကို အတန်းလိုက် သင်ကြားပေးမည့် ကျောင်းများ ပေါ်ပေါက်လာမည်ကိုကြိုဆိုရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေခံစိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်မည့် ဓမ္မစကူးလ်များ ပျံ့ပျံ့နှံ့နှံ့ ပေါ်ပေါက်လာရန်မှာလည်း သံဃာတော်များ၊ အလှူရှင်များ၏ အင်အားသာမကဘဲ မိဘများနှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများကလည်းပူးပေါင်းပါဝင်ကြရန်လိုကြောင်း ဘုန်းတော်ကြီးစာသင်ကျောင်းတွင် စာသင်ကြားပေးနေသူ ဆရာမတစ်ဦးက ပြောကြားသည်။
"ကျွန်မက ဘကတွေမှာ စာသင်နေတာဆိုတော့ လိုအပ်ချက်တွေ ဘယ်လောက်ကြီးတယ်ဆိုတာသိတယ်။ ဒီဓမ္မ စကူးလ်အတွက် ဆရာဖြစ်သင်တန်းတွေမှာလည်း တက်ရောက်ဖြစ်မှာပါ"ဟု ၎င်းကဆိုသည်။


ဓမ္မစကူးလ်များ ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်နိုင်ရေးအတွက် ဓမ္မစကူးလ်ဖောင်ဒေးရှင်းကအဆင့်မီ သင်ရိုးညွှန်းတမ်း ဖြစ်မြောက်ရေး၊ သင်ကြားပေးနိုင်မည့် ဆရာများမွေးထုတ်ပေးရေး၊ ဓမ္မစကူးလ်ကျောင်းများ ဖွင့်လှစ်နိုင်ရေးဆိုသည့် အဓိကစီမံကိန်းသုံးရပ်ဖြင့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များချမှတ်ထားသည်ကို တွေ့ရသည်။ သင်ရိုးညွှန်းတမ်းတွင် ဗုဒ္ဓဖြစ်စဉ်၊ လက်တွေ့အသုံးချနိုင်မည့် ဗုဒ္ဓဘာသာအဆုံးအမ၊ ဗုဒ္ဓဘာသာသမိုင်း၊ မြန်မာနိုင်ငံနှင့်ဗုဒ္ဓသာသနာ၊ နိုင်ငံတကာနှင့် ဗုဒ္ဓသာသနာ၊အသုံးချအဘိဓမ္မာစသည့် အခြေခံတရားတော်များနှင့် ဗုဒ္ဓဘာသာဝင်များ သိသင့်သိထိုက်သည့်အကြောင်းအရာများ ပါဝင်မည်ဖြစ်သည်။


"ဗုဒ္ဓဘာသာကို ဘာသာရေးအမြင်နဲ့ သင်တာမျိုးမဟုတ်ဘဲ ဘာသာရပ် (applied subject) တစ်ခုလို သင်မှာပါ။ ဘာသာရေးအသွင်နဲ့ မဟုတ်ဘဲ စာရိတ္တပညာရေးအသွင် (Mudhist Ethical Education)နဲ့ သင်မှာမို့ ပထမတန်းကစပြီး အသက် အလိုက် အဆင့်မီသင်ကြားမှု နည်းစနစ်တွေနဲ့သင်ယူနိုင်ပါလိမ့်မယ်" ဟု ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။


မြန်မာနိုင်ငံအနှံ့ ရွာတိုင်း၊ ရပ်ကွက်တိုင်း၊မြို့တိုင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သွားနိုင်ရန်ကြိုးစားမည်ဖြစ်ကြောင်း၊ ဆရာကိုင်၊ ကျောင်းသားကိုင်စသည့် သင်ရိုးများဖြင့် ကျောင်းသားဗဟိုပြု ခေတ်မီ သင်ကြားနည်းစနစ်ဖြင့် သင်ကြားသွားမည်ဖြစ်ရာ ဆရာဖြစ်သင်တန်းမှာ လွန်စွာ အရေးကြီးကြောင်း၊မေလအတွင်း ဆရာဖြစ်သင်တန်းဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း၊ သင်ရိုးညွှန်းတမ်းမှာလည်းGrade V အထိ ပြီးစီးသွားပြီ ဖြစ်ကြောင်း ၎င်းင်းကထပ်လောင်းရှင်းပြသည်။


"ဒီသင်ရိုးညွှန်းတမ်းကို နာမည်ကျော် တတ်သိပညာရှင်တွေ၊ ရဟန်းပညာရှင်တွေများစွာနဲ့အကြိမ်ကြိမ် စိစစ်ဆွေးနွေးပြီး တော့ ၀ိုင်းဝန်းရေးဆွဲကြတာပါ။ ဒီသင်ရိုးညွှန်းတမ်းဟာလည်းမြန်မာနိုင်ငံရဲ့ လူငယ်တွေအတွက် ကျောင်းသားဗဟိုပြု သင်ကြားမှုနည်းစနစ်နဲ့ ရေးဆွဲထားတဲ့ပထမဆုံး ဗုဒ္ဓဘာသာသင်ရိုးညွှန်းတမ်းဖြစ်လာပါလိမ့်မယ်" ဟု သင်ရိုးစီမံအဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။


"ကလေးတွေကို တက်ချင်အောင် ဘယ်လိုဆွဲဆောင်မလဲလို့ ပူပင်ကြသူတွေလည်း ရှိတယ်။ကလေးတွေ အားလပ် ရက်အချိန်လေးတစ်ခုမှာဒီဓမ္မစကူးလ်ကိုသွားကြမယ်။ သူတို့ ဆေးခြယ်ကြမယ်။ Group Work လေးတွေလုပ်ကြမယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီကြမယ်၊ ရိုင်းပင်းကြမယ်။ ဘာသာရေးအမြင်တိုးလာမယ်။ ဆရာလေးကတော့ သင်ရိုးညွှန်းတမ်းနဲ့ပဲ ကလေးတွေကိုဆွဲဆောင်သွားဖို့မျှော်လင့်တယ်" ဟု ဒေါ်ကေတုမာလာ(ဖားအောက်တောရ) က မိန့်ကြားသည်။


လိမ္မာယဉ်ကျေး၍ အမျိုးဘာသာကို ချစ်မြတ်နိုးသည့် အဖိုးတန် သားသမီးများ ဖြစ်စေလိုသူ မိဘတိုင်း ဓမ္မစကူးလ် ကျောင်းတော်များ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အားပေးသင့်ကြောင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ နာယက ဆရာတော်အရှင် ဘဒ္ဒန္တနာရဒါဘိဝံသက တိုက်တွန်းထားသည်။


ဗုဒ္ဓသာသနာနှင့် နိုင်ငံအတွက် သားကောင်းရတနာများ ပေါ်ထွန်းစေရေးအတွက် ဗုဒ္ဓတရားတော်များကို စနစ်တကျ သင်ကြားပေးနိုင်မည့်ဓမ္မစကူးလ် (Dhamma Schools) များ နိုင်ငံအနှံ့ဖွင့်လှစ်နိုင်ရန် ယင်းဖောင်ဒေးရှင်းကို ဖွဲ့စည်းထား ခြင်းဖြစ်ပြီး သြ၀ါဒါစရိယ ဆရာတော်များ၊အပြည်ပြည်အဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်စသည့် တက္ကသိုလ်များက ဆရာတော်များ၊ ထင်ရှားသည့် သာသနာပြုဆရာတော်များ၊ သီရိလင်္ကာ၊ အိန္ဒိယစသည့် နိုင်ငံများတွင် ပညာသင်ကြားခဲ့ကြသည့် ရဟန်းတော်များ၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ တတ်သိ ပညာရှင်များ၊ ဒကာ ဒကာမများနှင့် စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။


ဓမ္မစကူးလ်များ ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်နိုင်ရေးအတွက် ဓမ္မစကူးလ်ဖောင်ဒေးရှင်းကအဆင့်မီ သင်ရိုးညွှန်းတမ်း ဖြစ် မြောက်ရေး၊ သင်ကြားပေးနိုင်မည့် ဆရာများမွေးထုတ်ပေးရေး၊ ဓမ္မစကူးလ်ကျောင်းများ ဖွင့်လှစ်နိုင်ရေးဆိုသည့် အဓိကစီမံကိန်းသုံးရပ်ဖြင့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များချမှတ်ထားသည်ကို တွေ့ရသည်။သင်ရိုးညွှန်းတမ်းတွင်ဗုဒ္ဓဖြစ်စဉ်၊ လက်တွေ့အသုံးချနိုင်မည့် ဗုဒ္ဓဘာသာအဆုံးအမ၊ ဗုဒ္ဓဘာသာသမိုင်း၊ မြန်မာနိုင်ငံနှင့်ဗုဒ္ဓသာသနာ၊ နိုင်ငံတကာနှင့် ဗုဒ္ဓသာသနာ၊အသုံးချအဘိဓမ္မာစသည့် အခြေခံတရားတော်များနှင့် ဗုဒ္ဓဘာသာဝင်များ သိသင့်သိထိုက် သည့် အကြောင်းအရာများ ပါဝင်မည်ဖြစ်သည်။


"ဗုဒ္ဓဘာသာကို ဘာသာရေးအမြင်နဲ့ သင်တာမျိုးမဟုတ်ဘဲ ဘာသာရပ် (Applied Suject)တစ်ခုလို သင်မှာပါ။ ဘာသာ ရေးအသွင်နဲ့ မဟုတ်ဘဲ စာရိတ္တပညာရေးအသွင် (Mudhist Ethical Education)နဲ့ သင်မှာမို့ ပထမတန်းကစပြီး အသက်အလိုက် အဆင့်မီသင်ကြားမှု နည်းစနစ်တွေနဲ့သင်ယူနိုင်ပါလိမ့်မယ်" ဟု ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။


မြန်မာနိုင်ငံအနှံ့ ရွာတိုင်း၊ ရပ်ကွက်တိုင်း၊မြို့တိုင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံများတွင် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ် သွားနိုင်ရန်ကြိုးစားမည်ဖြစ်ကြောင်း၊ ဆရာကိုင်၊ ကျောင်းသားကိုင်စသည့် သင်ရိုးများဖြင့် ကျောင်းသားဗဟိုပြုခေတ်မီ သင်ကြားနည်းစနစ်ဖြင့် သင်ကြားသွားမည်ဖြစ်ရာ ဆရာဖြစ်သင်တန်းမှာ လွန်စွာ အရေးကြီးကြောင်း၊ မေလအတွင်း ဆရာဖြစ်သင်တန်းဖွင့်လှစ်နိုင်ရန် စီစဉ်ထားကြောင်း၊ သင်ရိုးညွှန်းတမ်းမှာလည်ွးမေိန ဠ အထိ ပြီးစီးသွားပြီ ဖြစ်ကြောင်း ၎င်းင်းကထပ်လောင်းရှင်းပြသည်။


"ဒီသင်ရိုးညွှန်းတမ်းကို နာမည်ကျော် တတ်သိပညာရှင်တွေ၊ ရဟန်းပညာရှင်တွေများစွာနဲ့အကြိမ်ကြိမ် စိစစ်ဆွေးနွေး ပြီးတော့ ၀ိုင်းဝန်းရေးဆွဲကြတာပါ။ ဒီသင်ရိုးညွှန်းတမ်းဟာလည်းမြန်မာနိုင်ငံရဲ့ လူငယ်တွေအတွက် ကျောင်းသားဗဟိုပြု သင်ကြားမှုနည်းစနစ်နဲ့ ရေးဆွဲထားတဲ့ပထမဆုံး ဗုဒ္ဓဘာသာသင်ရိုးညွှန်းတမ်းဖြစ်လာပါလိမ့်မယ်" ဟု သင်ရိုးစီမံအဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။


"ကလေးတွေကို တက်ချင်အောင် ဘယ်လိုဆွဲဆောင်မလဲလို့ ပူပင်ကြသူတွေလည်း ရှိတယ်။ကလေးတွေ အားလပ်ရက် အချိန်လေးတစ်ခုမှာဒီဓမ္မစကူးလ်ကိုသွားကြမယ်။ သူတို့ ဆေးခြယ်ကြမယ်။ Group Work လေးတွေလုပ်ကြမယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီကြမယ်၊ ရိုင်းပင်းကြမယ်။ ဘာသာရေးအမြင်တိုးလာမယ်။ ဆရာလေးကတော့ သင်ရိုးညွှန်းတမ်းနဲ့ပဲ ကလေးတွေကိုဆွဲဆောင်သွားဖို့မျှော်လင့်တယ်" ဟု ဒေါ်ကေတုမာလာ(ဖားအောက်တောရ) က မိန့်ကြားသည်။


လိမ္မာယဉ်ကျေး၍ အမျိုးဘာသာကို ချစ်မြတ်နိုးသည့် အဖိုးတန် သားသမီးများ ဖြစ်စေလိုသူ မိဘတိုင်း ဓမ္မစကူးလ်ကျောင်း တော်များ ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် အားပေးသင့်ကြောင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ နာယက ဆရာတော်အရှင် ဘဒ္ဒန္တနာရဒါဘိဝံသက တိုက်တွန်းထားသည်။ဗုဒ္ဓသာသနာနှင့် နိုင်ငံအတွက် သားကောင်းရတနာများ ပေါ်ထွန်းစေရေး အတွက် ဗုဒ္ဓတရားတော်များကို စနစ်တကျ သင်ကြားပေးနိုင်မည့်ဓမ္မစကူးလ် (Dhamma School) များ နိုင်ငံအနှံ့ ဖွင့်လှစ် နိုင်ရန် ယင်းဖောင်ဒေးရှင်းကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး သြ၀ါဒါစရိယ ဆရာတော်များ၊အပြည်ပြည်အဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်စသည့် တက္ကသိုလ်များက ဆရာတော်များ၊ ထင်ရှား သည့် သာသနာပြုဆရာတော်များ၊ သီရိလင်္ကာ၊အိန္ဒိယစသည့် နိုင်ငံများတွင် ပညာသင်ကြားခဲ့ကြသည့် ရဟန်းတော်များ၊ ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ တတ်သိပညာရှင်များ၊ ဒကာ ဒကာမများနှင့် စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။


"ခုလိုမျိုး ကျောင်းလေးတွေ ပေါ်လာတာကောင်းတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက ဗုဒ္ဓဘာသာသင်တန်းတွေ ရပ်ကွက်ဓမ္မာရုံမှာ သွားတက်တယ်။ သင်တန်းချိန်ကတိုတော့ စွဲစွဲမြဲမြဲ သိပ်မရှိဘူး။ ခုလို သူ့အရွယ်နဲ့သူ သင်ရမယ့် စနစ်တကျသင်ရိုးလေးနဲ့ဆိုတော့ ပိုကောင်းတာပေါ့" ဟု မီဒီယာလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ မယုယုက ပြောဆို သည်။
"မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ကနေ ဗုဒ္ဓတရားတော်တွေကို လက်တွေ့ဘ၀မှာ အသုံးချနိုင်တဲ့စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင် တွေဖြစ်ဖို့၊ ဘာသာတရားကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ ယဉ်ကျေးငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်ဖို့တို့လို ရည်ရွယ်ချက်တွေ ပါဝင်တာရယ်၊ ဘာသာရေး၊ လူမျိုးရေး၊ယဉ်ကျေးမှုတွေကို အခြေခံကောင်းကောင်းအုတ်မြစ်ချဖို့ အရေးတကြီး လိုအပ်နေတဲ့အချိန်ဖြစ်တာရယ်ကြောင့် ဒီလိုကျောင်းမျိုး စနစ်တကျမြန်မြန်ပေါ်လာရင် ကောင်းမယ်လို့ တောင့်တမိပါတယ်" ဟု အလုပ်ခွင်ဝင်ရောက်နေသူ မိခင်တစ်ဦးက ပြောဆိုသည်။


"အခုဟာက လူကြီးဆိုရင် ဘယ်လိုပြောရမယ်။ သူငယ်ချင်းဆို ဘယ်လို သည်းခံရမယ်။အများကို ဘယ်လို ဦးစားပေး ရမယ်။ အခွင့်အရေးကို ကိုယ်တစ်ယောက်တည်း မယူရဘူး။ အဲလိုအသေးစိတ်တွေကို ကိုယ်အားမှ ကြုံရင်ကြုံသလို ပြောရတယ်။ ကျောင်းတွေကလည်း သိပ်မသင်ကြဘူးထင်တယ်။ လမ်းသွားလို့ ကားမောင်းကြရင်တောင် ရိုးရိုးတန်းမစီးဘဲ ကားကြီးကားကောင်းတွေနဲ့ အခန့်သားကြားဖြတ်လိုက်ကြတာ ရှက်ရမှန်းလည်းမသိကြဘူး။ အဲဒီတော့ကလေးတွေ အတု ယူဖို့ပတ်ဝန်းကျင်ကောင်း အမြန်ပေါ်မှကိုရမယ်"ဟုအမျိုးသမီးအယ်ဒီတာတစ်ဦးက သုံးသပ်သည်။
သီရိလင်္ကာနိုင်ငံသို့ ရောက်စဉ်က ယင်းနိုင်ငံမှ ဓမ္မစကူးလ်များကို အထူးတလည် စိတ်ဝင်စားမိကြောင်း၊ ယင်းနိုင်ငံမှ ဓမ္မစကူးလ်များကဲ့သို့မြန်မာနိုင်ငံတွင်လည်း စနစ်တကျ ဖြစ်ပေါ်လာစေ"အချို့လူမှုအဖွဲ့အစည်းတွေမှာဆိုရင် သူတစ်ပါး တွေသေကျေပျက်စီးစေဖို့ မိမိအသက်ကိုစွန့်ပြီး ဆောင်ရွက်ရဲတဲ့ လူငယ်တွေကိုတောင် မွေးထုတ်ပေးနိုင်ကြ သေးတာပဲ။ မိမိအကျိုး၊သူတစ်ပါးအကျိုး မျှတစွာမြင်ပြီး စိတ်ကောင်းရှိတဲ့လူသားများဖြစ်အောင်လေ့ကျင့်ပြုစုပျိုးထောင်ပေး လို့ကော မရနိုင်ဘူးတဲ့လား။ အဲဒါကို “ဓမ္မစကူးလ်”များက စွမ်းဆောင်နိုင်ပါတယ်။ ဓမ္မဆိုတာ ဘ၀လမ်းညွှန်ချက်၊ ဘ၀နေနည်းပညာ ဖြစ်ပါတယ်...


မှတ်ချက် - ဓမ္မစကူးလ်ဖောင်ဒေးရှင်း အဖွဲ့ဝင်လိုသူများ၊ စိတ်ပါဝင်စားသူများ၊ အကြံဥာဏ်ပေးလိုသူများနှင့် ဓမ္မစကူးလ်များ ဖြစ်မြောက်ရေးအတွက် တတ်စွမ်းသမျှပါဝင်လှူဒါန်းလိုသူများသည် မြိတ်ကျားကျောင်း၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန် ဖုန်း - ၀၁-၃၉၅၁၈၀၊ ၀၉-၄၉၂၃၄၆၂၉၊ ၀၉-၄၂၀၀၀၈၉၀၁၊ ၀၉-၄၅၀၀၅၇၆၀၉ နှင့် စိန်ရတနာ ဓမ္မာစရိယစာသင်တိုက်၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန် ဖုန်း - ၀၁ ၃၈၅၁၉၃ သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

Email: dhammaschoolfoundation@gmail.com
Web: www.dhammaschoolfoundation.com


ကဲဘယ်လိုလည်း သူငယ်ချင်းတို့ တခြားသောဘာသာဝင်ကလေးတွေက ကိုယ်ကိုးကွယ်တဲ့ဘာသာရဲ့အကြောင်း ဒိုးဒိုး ဒေါက်ဒေါက်ပြောနေနိုင်တဲ့အချိန် ကိုယ့်ဘာသာဝင်ကလေးတွေက အွန် အဲ ဟိုဟာ ဆိုတဲ့စကားလုံးလေးတွေသာ ရေရွတ်နိုင်ကြတယ်ဆိုရင် ဘယ်လိုများခံစားကြရပါ့မလဲ။ ကျွန်တော်ကတော့ ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူပြည်သားများ ကိုယ်စား အပေါ်မှာဖော်ပြခဲ့တဲ့ ဓမ္မစကူးလ်တွေများများပေါ်ထွန်းစေလိုတဲ့စေတနာရှိနေပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားသူ သူငယ်ချင်းတို့ရေ ဖေးမထောက်ပံ့ လေ့လာကူညီကြဖို့သွားကြည့်ရအောင်။

No comments: