Thursday, April 25, 2013

စားသောက်ဆိုင်များတွင် စားမည်ဆိုလျှင် သတိပြုဖွယ်အချက်များ



တရုတ်စားသောက်ဖွယ်ရာများ (Chinese Menus)

၁။အစားအသောက်အားလုံးလိုလို အဆီဓာတ်မြင့်မားသလို သကြားနဲ့ဆားလည်း များစွာအသုံးပြုပါတယ်။

၂။ အစားအသောက်မှာမယ်ဆိုရင် Battered ဂျုံ၊ကြက်ဥနဲ့ နို့ရည်ရောထားတဲ့ အနှစ်၊ Deep Fried ကြွပ်ရွနေအောင် ကြော်ထားတာမျိုး (သို့မဟုတ်) Crispy ကြွပ်ကြွပ်ရွရွမွမွဖြစ်အောင် ကြော်လှော်ထားတာမျိုးတွေကို မမှာဘဲ ပေါင်းထား တဲ့ဟင်း၊ ဆီပူထိုးကြော်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ ဆီနဲ့ကြော်တာမျိုးထက် ပြုတ်ချက်ချက်တဲ့ ဟင်းတွေကိုမှာပါ။

၃။ ၀က်ချိုချဉ်ကြော်နဲ့ ကြက်ဥထမင်းကြော်ကိုရှောင်ပါ။ အဆီ ၆၀ ဂရမ်နဲ့ ၁၃၃၀ ကယ်လိုရီလောက်ပါပါတယ်။

၎။ ဘဲကြွပ်ကြော်မှာ ၆၅၀ ကယ်လိုရီနဲ့ မုန့်အိုးကင်းကြော်၎ချပ်မှာလည်း အဆီ ၃၆ ဂရမ်ပါဝင်တဲ့အတွက်ရှောင်ဖို့လို ပါတယ်။

၅။ အချိုပွဲအတွက်ကတော့ အဆီဓာတ် အနည်းငယ်သာပါဝင်တဲ့ လိုင်ချီးသီး(တရုတ်ဆီးသီး)က သင့်တော်ပါတယ်။

ရှောင်ရန်
-       ဘဲကြွပ်ကြော် - ၀က်ချိုချဉ် - ၀က်နံရိုး - ခေါက်ဆွဲကြော် - ကြက်ဥ ထမင်းကြော် - ပုစွန်ကြွပ်ကြော်

စားသင့်သည်များ
-       ဟင်းချိုရည် - ဟင်းသီးဟင်းရွက်၊ ကြက်သား (သို့မဟုတ်) ပုစွန် - ဟင်းရွက်ချိုချဉ် - ဆီပူထိုးထားတဲ့ ဟင်းသီးဟင်းရွက် - ထမင်းနဲ့ ခေါက်ဆွဲပြုတ်

အိန္ဒိယ စားသောက်ဖွယ်ရာများ (Indian Menus)

၁။ ဆီ၊ခရင်မ်၊ထောပတ်နဲ့ မဆလာ အသုံးများပါတယ်။

၂။ အဆီနည်းတဲ့ ချပါတီမှာ အဆီ ၁၁ ဂရမ်လောက်သာ ပါဝင်တဲ့အတွက် အဆီများတဲ့ ချပါတီအစား စားသင့်ပါတယ်။

၃။ ကြက်သား မဆလာချက်မှာ ၈၆၀ ကယ်လိုရီနဲ့ အဆီ ၄၇ ဂရမ်ပါဝင်ပါတယ်။

ရှောင်ရန်
-       စမူဆာ - အကြော်အားလုံး - ကြက်သား မဆလာချက် - သိုးသား

စားသင့်သည်များ
-       အဆီနည်း ချပါတီ - ပဲနီလေးဟင်း - ဟင်းသီးဟင်းရွက်ဟင်း - ကုလားပဲဟင်း

ပီဇာ နှင့် အီတလီခေါက်ဆွဲ (Pizza and Pasta Menus)

၁။ ပီဇာနဲ့ အီတလီခေါက်ဆွဲကို ကြက်သွန်ဖြူ ပေါင်မုန့်၊ အချိုရည်တို့နဲ့အတူ အများကြီး စားဖြစ်သွားတာမျိုးကိုရှောင်ပါ။

၂။ ပီဇာစားရင် မိတ်ဆွေများ၊ မိသားစုများနဲ့ ပေါင်းစားပါ။ တစ်ခုလုံးဆိုရင် ကယ်လိုရီ ၁၀၀၀ ကနေ ၁၄၀၀နဲ့ အဆီဓာတ် ၆၀ ဂရမ်လောက်ပါဝင်ပါတယ်။

၃။ ပီဇာစားမယ်ဆိုရင် ဟင်းသီးဟင်းရွက်များများနဲ့စားပါ။ ဒိန်ခဲကိုလည်း တခြားဒိန်ခဲတွေထက် ဆိတ်နို့ကနေ ထုတ်လုပ်တဲ့ Goat's Cheese ကိုစားပါ။ အဆီနည်းလို့ဖြစ်ပါတယ်။

၎။ အပေါ်မှာ ငရုတ်ကောင်းမှုန့်များများပါတဲ့ အသား၊ ၀က်ပေါင်ခြောက်၊၀က်အူချောင်း၊ ကြိတ်ထားတဲ့ အမဲသားနဲ့ ၀က်သားတွေကိုရှောင်ပါ။ အဆီရော ဆားပါ များများပါလို့ဖြစ်ပါတယ်။

၅။ ပီဇာနဲ့တွဲပြီး ပေါင်မုန့်အကာ အနားသားကို မစားပါနဲ့။ နဂိုကမှ ကယ်လိုရီရော အဆီပါများနေပြီးသား ပီဇာကို ထပ်ပြီး ကယ်လိုရီ ၂၀၀နဲ့ အဆီ ၁၅ ဂရမ်လောက် တိုးသွားစေနိုင်လို့ပါပဲ။

၆။ ကြက်သွန်ဖြူပါတဲ့ ပေါင်မုန့် Garlic bread ကိုစားမယ့်အစား ခရမ်းချဉ်သီး အစိမ်းသုပ်ဖြစ်စေ အသားနဲ့ ဟင်းသီးဟင်းရွက် ပြုတ်ရည်၊ ခေါက်ဆွဲ (သို့မဟုတ်) ဆန်ပြုတ်ရည်ကို စားပါ။

၇။ အီတလီခေါက်ဆွဲ စားမယ်ဆိုရင် ရိုးရိုး ခရမ်းချဉ်သီး (သို့မဟုတ်) ဟင်းသီးဟင်းရွက် ငရုတ်ဆီကိုပဲရွေးပါ။

၈။ အဆီဓာတ် အများကြီးပါတဲ့ ခရင်မ်၊ ဒိန်ခဲ၊၀က်အူချောင်းနဲ့ အမြှုပ်ထတတ်တဲ့ အရည်မျိုးကိုရှောင်ပါ။

ရှောင်ရန်
-       အီတလီခေါက်ဆွဲနဲ့အတူ ခရင်မ်နဲ့ ထောပတ် ငရုတ်ဆီကိုတွဲမစားပါနဲ့။
-       အီတလီခေါက်ဆွဲနဲ့ Bolognese ငရုတ်ဆီ
-       ဒိန်၊အသား၊ခရမ်းချဉ်သွတ်မုန့်
-       အသား၊ငရုတ်ကောင်းနဲ့ရောကြော်ထားတဲ့ ပီဇာ
-       အရသာလေးတဲ့ကြက်၊ အမဲသားအူချောင်း Salami (သို့မဟုတ်) ဒိန်ခဲအများကြီးဖြူးထားတဲ့ ပီဇာ။
-       ကြက်သွန်ဖြူ ပေါင်မုန့်၊ မုန့်ချောင်း

စားသင့်သည်များ
-       အီတလီခေါက်ဆွဲနဲ့ ခရမ်းချဉ်သီး၊ ဟင်းသီးဟင်းရွက် (သို့မဟုတ်) ပင်လယ်စာ အခြေခံတဲ့ ငရုတ်ဆီ
-       အီတလီခေါက်ဆွဲနဲ့ ဒေါက်ခွရွက် (သို့မဟုတ်) ricotta
-       အာလူး (သို့မဟုတ်) ဂျုံကိုလုံးပြီး ချက်ထားတဲ့ အီတလီဟင်းနဲ့ ခရမ်းချဉ်သီး အခြေခံ ငရုတ်ဆီတွဲပြီးစားပါ။
-       ပီဇာနဲ့ ဟင်းသီးဟင်းရွက်
-       အရွက်စိမ်းသုပ်မှာ ခရမ်းချဉ်သီး၊သံလွင်ဆီနဲ့ ထောပတ်သီး
-       ဟင်းသီးဟင်းရွက်နဲ့ အီတာလျံ သားပြွမ်းထမင်း
-       ခရင်မ် အမာစားနဲ့ စေးပျစ်တဲ့ ကျောက်ကျောလိုမျိုး အစားအစာ

ဘာဂါ စားသောက်ဆိုင်များ (Burger Restaurants)

၁။ ဆိုဒ်အသေးဆုံးကိုပဲစားပါ။ ကြီးမားလေ ကယ်လိုရီနဲ့ အဆီဓာတ်များများပါလေဖြစ်ပါတယ်။

၂။ ရိုးရိုးအမဲသားဘာဂါမှာ ၂၅၃ ကယ်လိုရီနဲ့ ၇.၇ ဂရမ် အဆီဓာတ်ပါဝင်ပြီး တခြားအစာများပါတဲ့အခါမှာတော့ ၅၀၀ကနေ ၈၀၀ ကယ်လိုရီနဲ့ အဆီဓာတ် ၂၃ကနေ ၅၀ဂရမ်အထိပိုများ သွားပါတယ်။

၃။ ကြက်သား၊ အရွက်သုပ်မှာ ဆီနဲ့ ရှာလကာရည်ရောထားတဲ့ စားမြိန်ရည် မထည့်ပါနဲ့။ ၃၀၀ကယ်လိုရီနဲ့ အဆီ ၁၁ ဂရမ်ပါဝင်လို့ ဖြစ်ပါတယ်။

၎။ ဘာဂါစားမယ်ဆိုရင် ငရုတ်ဆီ၊ဆီနဲ့ ရှာလကာ စားမြိန်ရည် Dressings နဲ့ ကြက်ဥ၊ ဆီ၊ ရှာလကာရည် စားမြိန်ရည် Mayonnaise တို့ကိုရှောင်လိုက်ပါ။

ရှောင်ရန်
-       အများကြီးမစားပါနဲ့ - အမဲသား ဘာဂါ၊ ကြက်သား ဘာဂါ၊ အာလူးကြော်၊ အကြော်ဟူသမျှ - မုန့်လက်ကောက်ပုံ ဆီကြော် ကိတ်မုန့် (ဒိုးနတ်) - ပန်းသီးနဲ့ ဖုတ်ထားတဲ့ မုန့်

စားသင့်သည်များ
-       ကင်ထားတဲ့ အမဲသားဘာဂါ - မီးတောက်နဲ့ကင်ထားတဲ့ ကြက်သား ဘာဂါ - ကြက်သားအနည်းငယ်နဲ့ အရွက်သုပ် - အသီးအနှံများ - ကြက်သားကင်ညှပ် ပေါင်မုန့်

ဂျပန် စားသောက်ဖွယ်ရာများ (Japan Menus)
၁။ ဆူရှီ အစားအသောက်များအားလုံးဟာ အဆီနည်းနည်းသာ ပါဝင်တဲ့အတွက် ကောင်းမွန်သင့်တော်ပါတယ်။

၂။ မီဆို စွပ်ပြုပ် Miso Soup နဲ့ ဟင်းသီးဟင်းရွက် (သို့မဟုတ်) ခေါက်ဆွဲ။

၃။ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ ပန်းဂျုံ (buck wheat) နဲ့ပြုလုပ်ထားတဲ့ ဆိုဘာခေါက်ဆွဲ (Soba Noodles)

၎။ ကြွပ်ရွအောင်ကြော်ထားတဲ့ tempura ကိုတော့ရှောင်ပါ။

၅။ ထမင်းကြော်ထက် ပြုတ်ချက်ထားတဲ့ ထမင်းကိုသာစားပါ။

ရှောင်ရန်
-       ထမင်းကြော် - ကြွပ်ရွနေတဲ့ ဟင်းများ

စားသင့်သည်များ
-       Miso စွပ်ပြုပ်ရည် - Soba ခေါက်ဆွဲ - ဆူရှီ - ဆာရှီမီ - ဆူကီယာကီ - ကျောက်ပွင့်၊ပင်လယ်ရေညှိပါ ဟင်းလျာများ
-       Nori ထမင်းလိပ်များ - ကြက် (သို့မဟုတ်) အမဲသား Teriyaki ဟင်း

Credit: သရဖူမဂ္ဂဇင်း - ၂၀၁၃ ဧပြီလထုတ်ပါ နန်းအိအိဇာရဲ့ ပိန်စေခြင်း၏လျှို့ဝှက်ချက်များ အခန်းဆက်ဆောင်းပါးမှ

No comments: