Saturday, April 6, 2013

မြို့ပါတ်ပြီးအစားသောင်းကြမ်းမယ် (၃)



သူငယ်ချင်းရယ် ရန်ကုန်မှာနေပြီး တိုင်းရင်းသားအစားအစာတွေကိုမှ ပိုကြိုက်ရတယ်လို့။ အပြစ်ပြောတာမဟုတ်ဘူးဟ ရှမ်းခေါက်ဆွဲဆိုပြီး တရုတ်လက်ရာနဲ့စားရတာမျိုး ကချင်ထမင်းဟင်းဆိုပြီး ဗမာလက်ရာနဲ့ချက်ထားတာကို မြည်းစမ်းရတာမျိုးဖြစ်နေတော့ ငါတော့ သိပ်မတောင့်တမိဘူးဟ။ 

အမယ်လေး တလိုက်တော့မယ် ဟုတ်ပါပြီ မြန်မာပြည်ရဲ့ပထမမြို့တော်ကြီးဟုတ်ပါတယ်။ အဟိ ငါလား လက်ထဲငွေယား လေးရှိရင် ဟိုသွား ဒီသွားနဲ့ စားသောက်နေကျဆိုတော့ ဆိုင်ကောင်းလေးတွေသိတာမထူးဆန်းပါဘူးဟ။ ကဲကဲ ပြောပြမယ် ပြီးမှ မင်းစားချင်တာကိုသွားဝယ်စားတော့ ဟုတ်ပြီလား။

(၁) မိုးကုတ်က တို့ဟူးနွေးဆို ကျွန်တော်အမြဲတမ်းစားချင်နေတဲ့ မနက်ခင်းအစား အစာပါ။ သဘာဝတို့ဟူးအနံ့လေး သင်းနေ တဲ့ အရသာက လျှာပေါ်မှာတော်တော်ကောင်းပါတယ် ခံစားရတာ။ အခု (မိုးကုတ်) ဒေါ်ရှန်က မိုးကုတ်မြို့မှာ သာမက မန္တလေးမြို့၊ ရန်ကုန်မြို့တွေမှာပါ ဆိုင်ခွဲတွေဖွင့်ထားတယ်ဟ။ မိုးကုတ်အစားအစာများ၊ မိုးကုတ်ထမင်းဟင်းမျိုးစုံ၊ မိုးကုတ်ထမင်းပေါင်း၊ လက်ဖက်ရည်နှင့် ဖျော်ရည်များသာမက ပဲဆီစစ် စစ်၊ သဘာဝဂျုံသား (Colour) ဆိုးဆေးမပါ၊ အထားခံ (မှိုမတက်ဆေးမပါ) တကယ့်လတ်ဆတ်သောဂျုံခေါက်ဆွဲ ဆီချက်၊ မြီးရှည် ကိုလည်းအရသာရှိရှိစားသောက်နိုင် ပါသတဲ့နော..။ 

(မိုးကုတ်) ဒေါ်ရှန်
မြီးရှည်၊ ဂျုံဆီချက်၊ ဒံပေါက်

ဆိုင်ဖွင့်ချိန် - နေ့စဉ် နံနက် ၆နာရီမှ ည၈နာရီထိ

ပင်ရင်း - ဈေးဟောင်းရပ်၊ မိုးကုတ်မြို့။ ဖုန်း-၀၈၆-၂၀၁၂၃

မန္တလေး - Diamond Plaza အရှေ့မြောက်ဘက်၊ အမှတ် (၂၀၁)၊၇၇လမ်း၊နှင့် ၃၃လမ်းထောင့်၊ မန္တလေးမြို့။ ဖုန်း - ၀၉-၄၇၁၄၁၄၆၅၊
 ၀၂-၇၃၄၁၂

ရန်ကုန် - အမှတ်(၄) ၀င်္ကဘာလမ်း၊ ဂျပန်သံရုံး(အနီး)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉-၇၃၀၆၅၀၁၈

(၂) အင်းလေးကိုသွားတုန်းက အင်းထဲမှာစားခဲ့ရတဲ့ ငါးဒုက္ခဆိုတာ အခုထိမမေ့သေးဘူး။ ကြားဖူးကာစကဘာများဘာလိမ့် ပေါ့ နော်။ စားကြည့်တော့ အရသာရှိတဲ့ငါးဟင်းတစ်မျိုးပါပဲ။ ထမင်းဝါတို့ ရှမ်းထမင်းချဉ်တို့လိုမျိုး အစားအစာတွေက လည်း အစုံ။ ကျွန်တော်မခေါ်တတ်တဲ့ အင်းထဲအစားအစာတွေကလည်း အမျိုးမျိုးပါ။ သဘောကျမိတာကတော့ အဆီသိပ် မများ တာပါပဲ။ လတ်ဆတ်တဲ့ အသားအသီးအရွက်တွေနဲ့ ဟင်းချိုမှုန့်သိပ်မသုံးတဲ့ဟင်းလျာတွေက တော်တော်မြည်းစမ်း လို့ အရသာရှိတယ်။ မပါမဖြစ် ရှမ်းခေါက်ဆွဲမျိုးစုံကလည်း ပဲရွက်စိမ်းစိမ်းလေးတွေနဲ့ စားလို့ကောင်းလှချည့်။

ကဲ အင်းလေးအမှတ်တရဆိုတဲ့အတိုင်း ရှမ်းပြည်ကိုသွား ရှမ်းစာလေးတွေစားပြီး သဘောကျခဲ့တဲ့သူများအတွက် ရန်ကုန်မြို့မှာ ရှမ်းစာအစုံ ၀ါးတီးဆွဲဖို့ သွားကြည့်ကြရအောင်။

-       အမှတ်(၁၂၆)၊ မနော်ဟရီလမ်း (ဦးဝိစာရလမ်းနှင့် မြို့မကျောင်းလမ်းကြား)၊ ကန်တော်မင်ပန်းခြံအနီး၊ ဒဂုံမြို့နယ်။ 09-73048375

-       အမှတ် ၈/ဘီ၊ သစ္စာလမ်းနှင့် ကျောက်ကုန်းလမ်းထောင့်၊ ကျောက်ကုန်းလမ်း၊ကံဘဲ့ ရန်ကင်းမြို့နယ်။ 09-5056250 

ဒုတိယဆိုင်ကတော့ ဆေးကုမ္ပဏီဖြစ်တဲ့ DKSH ရုံးအဆောက်အအုံနားက ကောင်းမြတ်ဘီယာဆိုင်ဘေးမှာဆိုတော့ သွားရ တာ သီးသန့် မဖြစ်တော့ပါဘူး။ ပထမဆိုင်ကတော့ ဦးဝိစာရအ၀ိုင်းနဲ့မနီးမဝေးမှာပါပဲ။ 
တစ်ဘလောက်လောက်တော့ ဝေးမယ်ထင်တယ်။

(၃) ကချင်ရိုးရာ ထမင်းဟင်းလျာကောင်းကောင်းလေးတွေ မြည်းစမ်းစားသောက်နိုင်မယ်၊ ပြီးတော့ ဗန်းမော်မျှစ်ချဉ် ခေါက်ဆွဲ လိုမျိုး ရိုးရာအစားအစာတွေစားသောက်နိုင်မယ့် မလိခူးဆိုင်ခွဲလေးကို ကရ၀ိတ်ဥယျာဉ်မှာ ဖွင့်လှစ်လိုက်ပြီနော်။
ရှတ်ဂျမ်(ရိုးရာထမင်း)၊ ပုဇွန်ကချင်ချက်၊ ငှက်ပျောဖူးထောင်း၊ သီးရွက်စုံချက် (စီပါ)၊ တောင်ယာပဲဟင်းချို၊ ဗန်းမော်ငါး မျှစ်ချဉ်ခေါက်ဆွဲ၊ နံကင်ဆီချက်၊ အမဲလုံးမြီးရှည်၊ ကော်ရည်ခေါက်ဆွဲ၊ တိုဟူးနွေး၊ ကိုဖထော(ကရင်မုန့်ဟင်းခါး)၊ ငါးပေါင်းထုပ်၊ ပန်းဥငါးခြောက်ထောင်း၊ ၀က်ခြေထောက်ချဉ်စော်ခါးသီး၊ စါ့ပီ

ကဲဘယ်လိုလဲ စုံတယ်နော်....သွားစားကြရအောင်။ ပင်ရင်းဆိုင်ကတော့ မြေနီကုန်းဈေးလမ်းထဲမှာပါ။ ကချင်ရိုးရာ တိုင်းရင်းဆေးတွေကိုလည်းရနိုင်တယ်သိလား။

မလိခူး (R-7)၊ ကရ၀ိတ်ဥယျာဉ်၊ ဖုန်း - ၀၉-၄၉၂၉၅၀၈၀၊ ၀၉-၅၀၀၇၆၄၇

ပင်ရင်း - အမှတ် ၆၈၊မြေနီကုန်းဈေးလမ်း၊စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - 01-527699၊09-5007647

(၄) သူငယ်ချင်းကို ကိုးကန့်စားသောက်ဆိုင် လေးတစ်ခုနှင့်မိတ်ဆက်ပေးဦးမယ်။ ချက်ပြုတ်ပုံက အဆီ သိပ်မများတဲ့ လက်ရာလေးတွေပါ။ အမျိုးအမည်တွေကလည်း စုံပါတယ်။ ပြီးတော့ ကိုယ်သိပ်မသိတဲ့ ဟင်းခပ်အမွှေးအကြိုင်တွေပါနေ သလားပဲ။
ဝက်ကျုံပေါင်၊ အာလူးထောင်း၊ ကြက်ချဉ်စော်ခါးသီးကြော်၊ ဘိန်းစေ့ရည် စသဖြင့် ဟင်းလျာအတော်များများရပါတယ်။ ကိုယ့်အထင် တရုပ်ဟင်းလျာတွေနဲ့ မနီးရိုးစွဲပါပဲ။ ဒါပေမဲ့ သူက တစ်ဘာသာပါ။

ကိုးကန့်ခုပ်ဖူစားသောက်ဆိုင်
အမှတ်(၂၄)၊ ဗဟိုလမ်းမ၊ ပြည်ထောင်စုရိပ်သာလမ်းထောင့်၊ အလုံမြို့နယ်။ ရန်ကုန်မြို့။ ဖုန်း - 01-538943,09-5038019, 09-73223216,09-49311122,09-43158311,09-8633655

(၅) ရွှေတောင်ခေါက်ဆွဲသုပ်က မန္တလေးဘက်မှာတော့ သူက ခေါက်ဆွဲသုပ်တဲ့အထဲကို တို့ဟူးအနှစ်တွေထည့် သုပ်တာလို့မှတ်မိနေပါတယ်။ အခုပြောပြမယ့်ဆိုင်ကလေ 1970 ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲမှာ သွားရောက်ပြသဖူးတယ်၊ 2001 ခုနှစ်တုန်းက မြန်မာ့အစားအစာအကောင်းဆုံးဆုလည်းရဖူးတယ်တဲ့။ ဟုတ်မဟုတ် သွားမြည်းစမ်းကြည့်ကြပါလား။ ဂျပန်ပြန်ကြီးလေ။

အိုဆာကာ-ရွှေတောင်ခေါက်ဆွဲ (ဆိုင်ခွဲမရှိ)

အမှတ်(၇၁)၊ ရေကျော်လမ်းမကြီး၊ ပုစွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉ ၅၁၃၃၅၁၇၊ ၂၉၄၄၄၃

ကဲဘယ်လိုလဲ သူငယ်ချင်း…..မင်းဘယ်ဆိုင်ကိုပဲသွားသွား ငါ့အတွက် ဂျုံဆီချက်တစ်ပွဲဝယ်ခဲ့ နံရိုးပေါင်းဆီချက်ဆိုလည်း ကောင်းတာပဲ နော်နော်…အေးပါ ပြောပြရတဲ့အတွက်ဝယ်ကျွေးလိုက်ပါ ငှဲလျောင်း ငှဲလျောင်း…။

No comments: