Tuesday, April 9, 2013

အမျိုးသမီးများ ဝေးဝေးရှောင်တတ်ကြသော အမျိုးသားများ

အပြင်ထွက်လိုက်လို့ လမ်းမပေါ်မှာအတွဲလေးတွေတွေ့ပေမယ့် သင့်မှာတော့ တစ်ကိုယ်တည်းဖြစ်နေပါသလား။ သင်ဟာ ကျန်းမာ သန်စွမ်းတဲ့အမျိုးသားတစ်ယောက်ဖြစ်ပေမယ့် သင့်ကိုစိတ်ဝင်စားတဲ့လက်တွဲဖော်မရှိဘူးဆိုရင်တော့ ဘယ်လိုချို့ယွင်းချက်တွေ ကြောင့် သင့်ကို အမျိုးသမီးလေးတွေ စိတ်မ၀င်စားတာလဲဆိုတာကို ဆန်းစစ်ဖို့လိုနေပြီနော်။ 

လက်တွဲဖော်ဆိုတာကို စိတ်မ၀င်စားတဲ့သူ တွေ အတွက်ကတော့ ဒီလိုဘ၀ကို သဘောကျကျေနပ်ကြမှာပါ။ တကယ်လို့ သင်က အတွဲလေးရဖို့စိတ်ဝင်စားသူဆိုရင်တော့ သင့်မှာ အောက်ပါအချက်တွေရှိနေပြီလားဆိုတာကို လေ့လာသုံးသပ်ကြည့်ရအောင်နော်။ အမျိုးသမီးအများစု အမျိုးသားတွေအပေါ် သဘော မကျတတ်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်ချက်တွေအရမ်းများနေတတ်တဲ့ အမျိုးသားများ
ပုံမှန်အခြေအနေထက်ပိုပြီး လွန်ကဲတယ်ဆိုတာ ဘယ်အရာမှမကောင်းတတ်ပါဘူး။ အရာရာတိုင်းအတွက် လိုအပ်ချက်တွေအရမ်းများနေ တတ်တဲ့သူဟာ ပေါင်းသင်းဆက်ဆံရေးမှာရော၊ အလုပ်အကိုင်မှာပါ အမြဲတမ်း သူ့ကိုယ်သူ လိုအပ်နေသေးတယ်လို့ ထင်နေတတ်ပြီး သူများတွေကိုလည်း စိတ်တိုင်းမကျဖြစ်နေတတ်ပါတယ်။

ဘာကြောင့်အမျိုးသမီးတွေ စိတ်ညစ်တာလဲ
အရာရာကို လိုအပ်နေသေးတယ်ထင်တတ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အားသာချက်ကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်ကဲ တတ်တာပါ။ သူတို့မှာဘယ်တော့မှ အားလပ်ချိန်ဆိုတာမရှိတတ်ပါဘူး။ ဒါ့အပြင် အားကျစရာကောင်းတဲ့ အမျိုးသမီးတွေကိုသာ နှစ်သက် တတ်တဲ့စိတ်ပါ။ အမျိုးသမီးတွေရဲ့အချစ်မှာ ကိုယ့်ချစ်သူအပေါ် အားကိုးခြင်းနဲ့ အထင်ကြီးစိတ်တွေရှိတတ်ပါတယ်။ ကိုယ့်ကိုပြန်ပြီး အားကိုးနေမယ့်သူဆိုရင်တော့ စိတ်ညစ်တတ်ကြပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
သင့်စိတ်ခံစားချက်တွေနဲ့ အခြေခံဆက်ဆံရေးအခြေအနေတွေကိုပြန်ပြီး သုံးသပ်ပါ။ သင့်စိတ်ခံစားချက်တွေကို မျှဝေခံစားနိုင်ပါတယ်။ သင့်လက်တွဲဖော်ကောင်းကတော့ သင့်လိုအပ်ချက်တွေကို အမြဲတမ်းအပြစ်လို့ မမြင်ဘဲ ထောက်ပြပေးနေမှာပါ။

လက်တွေ့မဟုတ်ဘဲ ကြိုတင်ပြောတတ်တဲ့ အမျိုးသားတွေ
တကယ်တော့ အမျိုးသမီးအများစုဟာ စိတ်ကူးယဉ်တတ်ကြပေမယ့် လက်တွေ့ကျကျအခြေအနေတွေကို ပိုပြီးနှစ်သက်ကြပါတယ်။ အမြဲတမ်းပုံသေနည်းတွက်တွက်ပြီး ပြောတတ်တဲ့သူတွေကိုတော့ စိတ်လှုပ်ရှားဖို့ ခက်ခဲတတ်ပါတယ်။

ဘာကြောင့် အမျိုးသမီးတွေ စိတ်ညစ်တာလဲ
ကြိုတင်ပြောထားတဲ့စကားတွေကြောင့် ရင်ခုန်ကြည်နူးရပေမယ့် တကယ့်လက်တွေ့ဖြစ်မလာတာတွေများနေတော့ အပိုတွေပဲလို့ ထင် လာတတ်ပါတယ်။ ကြာလာတဲ့အခါမှာတော့ သူဘာပြောပြောစိတ်မ၀င်စားသလိုတောင် ဖြစ်လာတတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
သင်က အရမ်းဆိုးရွားတဲ့အခြေအနေမျိုးတော့မဟုတ်ပါဘူး။ တကယ်တော့ အံ့အားသင့်ဖွယ်ရာကိစ္စတွေကို ဖန်တီးတတ်တဲ့အမျိုးသားတွေ ဟာ စန်းပွင့်တတ်ကြပါတယ်။သင့်ချစ်သူသွားချင်တဲ့နေရာ၊ စားချင်တာနဲ့ စိတ်ဝင်စားတတ်တဲ့နေရာကို ကြိုတင်ပြောမထားဘဲ ခေါ်သွား တာမျိုးကို လိုက်ပို့ပေးမယ်လို့ပြောတာထက်ပိုနှစ်သက်တယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။

မောက်မာတတ်သော အမျိုးသားများ
ရိုင်းစိုင်းစွာပြောဆိုတတ်ပြီး လူတစ်ဖက်သားကို မောက်မာစွာနဲ့ နှိမ့်ချဆက်ဆံတတ်တဲ့အမျိုးသားမျိုးပါ။

ဘာကြောင့်အမျိုးသမီးတွေ စိတ်ညစ်တာလဲ
ကိုယ့်အပေါ်မှာချစ်တဲ့စိတ်နဲ့ကောင်းကောင်းဆက်ဆံရင်တောင် တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေဖြစ်တတ်တာ ကြောင့် စိတ်ညစ်ရတတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
စကားပြောရာမှာ တိုက်ရိုက်ပြောဆိုတတ်တာကတော့ ကောင်းတဲ့အကျင့်ပါ။ ဒါပေမဲ့ တစ်ဦးပေါ်တစ်ဦး လေးစားသမှုရှိသင့်တယ် ဆိုတာ မျိုးကို နားလည်ထားသင့်ပါတယ်။

စရိုက်ကြမ်းတဲ့အမျိုးသားတွေ
စကားပြောရာမှာ ကြမ်းတမ်းစွာပြောဆိုတတ်ပြီး အထူးသဖြင့် ညစ်ညမ်းတဲ့စကားတွေကို လူရှေ့မရှောင်ပြောတတ်သူမျိုးတွေပါ။

ဘာကြောင့် အမျိုးသမီးတွေ စိတ်ညစ်တာလဲ
အပြုအမူရော အပြောအဆိုကပါ စိတ်ပျက်စရာဖြစ်စေပြီး ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေတတ်တဲ့ အကျင့်တွေကြောင့် စိတ်ညစ်ရ တတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
သင့်အပြုအမူကို သုံးသပ်ပါ။ လူတစ်ဦးနဲ့ တစ်ဦးပေါင်းသင်းဆက်ဆံရေးဟာ သဘာဝအရ နားလည်ထားသင့်တဲ့ လူ့စည်းမျဉ်းတစ်ခုပါ။ ရိုင်းစိုင်းတတ်တဲ့သူဟာ လူရာမ၀င်တတ်သလို၊ လူလေးစားမှုကိုလည်း မခံစားရတတ်ပါဘူး။ အကောင်းမြင်စိတ်ကိုမွေးမြူပါ။

ကပ်စေးနှဲသောအမျိုးသားတွေ
ချစ်သူနဲ့ ပထမဆုံးတွေ့တဲ့ရက်နဲ့ အမှတ်တရနေ့တွေမှာတောင် လက်ဆောင်ပစ္စည်း မပေးချင်တဲ့သူ၊ လိုတာထက်ပိုပြီး ချွေတာလွန်း သူနဲ့ ကိုယ်ကိုယ်တိုင်လည်း မသုံးတဲ့သူတွေပါ။

ဘာကြောင့် အမျိုးသမီးတွေစိတ်ညစ်တာလဲ
အလွန်အကျွံမဟုတ်တဲ့ သုံးစွဲမှုတွေကို ပိုက်ဆံရှိရဲ့သားနဲ့ ချွေတာလွန်းတာကြောင့် သင်တို့ပေါင်းသင်းဆက်ဆံရေး အဆင်မပြေနိုင် ပါဘူး။

ဘယ်လိုဖြေရှင်းမလဲ
သင်က ပိုက်ဆံကို မသုံးဘဲ ချွေတာလွန်းပေမယ့် သင့်မှာချစ်သူစိတ်ဝင်စားစေမယ့် စိတ်ဝင်စားစရာ ဖန်တီးမှုလေးတွေရှိရင်တော့ အဆင် ပြေပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်တော့ သင်တို့ နှစ်ပတ်လည်နေ့၊ သင့်ချစ်သူမွေးနေ့တွေမှာတော့ ကပ်စေးမနဲသင့်ပါဘူး။

အငြင်းထူတတ်တဲ့အမျိုးသားတွေ
စကားတစ်ခွန်းပြောတိုင်း ကိုယ်ပဲအနိုင်လိုချင်တတ်ပြီး အငြင်းသန်လွန်းတဲ့အမျိုးသားတွေပါ။ ကိုယ့်ကိုယ်ကိုမှန်တယ်ထင်ပြီး သူများပြော တာကို နားမ၀င်တတ်သူမျိုးပါ။

ဘာကြောင့် အမျိုးသမီးတွေ စိတ်ညစ်တာလဲ
မိန်းမဆန်ပြီး တစ်ကိုယ်ကောင်းဆန်တတ်တဲ့စိတ်ကြောင့် အမျိုးသမီးအများစု စိတ်ညစ်ရတတ်ပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
သင့်ကို အများက အဲလိုဝေဖန်လာပြီဆိုရင်တော့ စကားတစ်ခွန်းကို မစတင်ခင်မှာ အရင်ဆုံးသင့်စိတ်ကို သက်သောင့်သက်သာဖြစ်အောင် ပြင်ဆင်ပါ။ မလိုအပ်ဘဲ ၀င်မပြောပါနဲ့ဦး။ သူများပြောတာက လွဲမှားနေရင်တောင် အကျိုးအကြောင်းနဲ့သေချာရှင်းပြရင် လက်ခံနိုင်တယ် ဆိုတာကို နားလည်ထားရင် အဆင်ပြေပါတယ်။

မိန်းမမုန်းတီးရေးပြောဆိုတတ်တဲ့အမျိုးသားတွေ
အမျိုးသမီးတွေနဲ့ပတ်သက်လာရင် အကောင်းမမြင်ဘဲ အထင်မကြီးတတ်တဲ့ အမျိုးသားတွေပါ။ အထင်သေးတတ်တဲ့အပြင် ရိုင်းပျစွာ နှိမ့်ချပြောဆိုတတ်တဲ့သူမျိုးတွေပါ။

ဘာကြောင့်အမျိုးသမီးတွေ စိတ်ညစ်တာလဲ
လူတိုင်းက အပြစ်ကင်းတယ်လို့မရှိဘူးဆိုတာကို လက်ခံနိုင်ပေမယ့် အကြောင်းအရာတစ်ခုကို အကြောင်းပြုပြီး ၀ါးလုံးရှည်နဲက သိမ်းယမ်းတတ်တဲ့အကျင့်တွေကြောင့် အမျိုးသမီးတွေ စိတ်ညစ်ကြရတတ်ပါတယ်။ မိန်းမတွေက ဒီလိုပါပဲဆိုတဲ့ စကားကို အမျိုးသမီး တိုင်း မုန်းတတ်ကြပါတယ်။

ဘယ်လိုဖြေရှင်းမလဲ
ရိုင်းစိုင်းတဲ့အပြုအမူဟာ လူနှစ်ဦးကြား ဆက်ဆံရေးကို ကြာရှည်မတည်မြဲစေပါဘူး။ လူတစ်ဖက်သားကို တအားဖိအားပေး ပြောဆိုတတ် တဲ့ အကျင့်မျိုးကို ရှောင်ပါ။ အမျိုးသားပဲဖြစ်စေ၊ အမျိုးသမီးပဲဖြစ်စေ လူတိုင်းက အမှားနဲ့မကင်းဘူးဆိုတာကို နားလည်တတ်ဖို့လို ပါတယ်။

Credit: The Chic Magazine – April 2013

No comments: