Friday, March 19, 2021

ယာဂု သို့မဟုတ် ဆန်ပြုတ် သို့မဟုတ် Porridge

 ယာဂု သို့မဟုတ် ဆန်ပြုတ် သို့မဟုတ် Porridge 


ကျွန်တေ်ာတို့ နံနက်စာအဖြစ် ဒါမှမဟုတ် နေမကောင်းတဲ့အခါ အစာကြေညက်ဖို့ခက်ခဲချိန် စားတတ်ကြတဲ့ ဆန်ပြုတ်နဲ့ ယာဂုက ဆင်သလိုလိုနဲ့ အနည်းငယ်ကွဲပြားပါတယ်။ တောင်ငူမုန့်ဟင်းခါးလိုပေါ့ အရည်ကြဲ အရည်ပျစ်ဆိုတာမျိုးလေ။


များသောအားဖြင့် တစ်ညတာ ဗိုက်ထဲ အစာလုံးဝမရှိဘဲ နံနက်စာအဖြစ်စတင် စားသုံးတဲ့အခါ တရုတ်လူမျိုးတွေက ဆန်ပြုတ်နဲ့ အီကြာကွေးကို သမာရိုးကျစားသောက်လေ့ရှိခဲ့ကြတယ်ဆိုပဲ။


မြတ်စွာဘုရားရှင် တစ်ခုသောကာလ များစွာသော သံဃာတော်များနဲ့အတူ အန္ဓဝိန္ဒရွာကို ဒေသစာရီကြွချီချိန်မှာ ပုဏ္ဏားတစ်ယောက်က ယာဂုနှင့်တကွ ပျားသကာအချိုမုန့်တို့ကို ကပ်လှူပူဇော်ခဲ့သတဲ့။ ဤသည်မှစပြီး ယာဂုလှူပွဲအစဉ်အလာပေါ်ပေါက်လာတယ်လို့ဆိုတယ်။ မြတ်စွာဘုရားရှင် လေနာနှိပ်စက်ခြင်းခံရချိန် အရှင်အာနန္ဒာက မာတုဂါမတစ်ဦးထံ ယာဂုအလှူခံကပ်လှူပေးပြီး ပြေပျောက်စေတဲ့ သာဓကလည်းရှိတယ်။ ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားတဲ့ ဆန်ပြုတ်ပျစ်ပျစ် ယာဂုတစ်မျိုးပေါ့။


မင်းတုန်းမင်းလက်ထက် ရွှေမြို့တော်လေးပြင်လေးရပ် တရုတ်၊ ကုလား လူမျိုးခြားမှစပြီး တိုင်းသူပြည်သားအားလုံး လူတစ်ကိုယ် ဆန် တစ်စလယ်ကျ စုဆောင်း၍ ယာဂုကျိုလှူစေရာ၊ ထိုယာဂုမှာ ကောက်ညှင်း၊ ဆန်၊ဆီ၊ဆား၊နှမ်း၊ချင်းစိမ်း၊မြေပဲ၊အုန်းသီး၊သစ်ကြားသီး စသည်တို့ကို ထည့်၍ကျိုသည်ဟုဆိုထားပါတယ်။ ၎င်းယာဂုကျိုခြင်းကိုပင် ယခုခေတ်မှာ ထမနဲထိုးသည်ဟုဆိုကြောင်း မှတ်သားရ တယ်ခင်ဗျ။


ဆန်ပြုတ် စီးစီးအိအိလေး




ဆန်ပြုတ်အလွန်ကြိုက်သော မိသားစုမှ ဆင်းသက်လားပီး..အဖေ ပြုတ်ပေးခဲ့တဲ့ ဆန်ပြုတ်လေးတွေက အလွန်ကောင်းပါ့ရှင်..။ ငယ်တုန်းကတော့ ကောက်ညှင်းထည့် ပြုတ်လေ့ မရှိပါဘူး၊ ဆန်သစ်ပေါ်ချိန် ဆောင်းအေးအေးမှာသာ ပြုတ်စားလေ့ရှိတော့ စီးစီးအိအိလေး အမြဲဖြစ်တယ်...။ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က ထိုင်းမှာ သူငယ်ချင်းလေး ဝယ်ကျွေးတဲ့ ဆန်ပြုတ်ကို စားမိတော့..ဘယ်လိုကြောင့် စီးစီးအိအိလေး ဖြစ်နေပါလိမ့်လို့ အတွေးကြွယ်ခဲ့ရာကနေ..ကောက်ညှင်း၊ ရှမ်းဆန်၊ ဂျပန်ဆန်၊ ကိုရီးယားဆန်၊ ဆူရှီဆန် ( စီးတဲ့ဆန် ဘာဆန်ဘဲဖြစ်ဖြစ် ) ဆန်ပြုတ်ပြုတ်ရာမှာ ထည့်သုံးပါတယ်။


မီးအေးအေးနဲ့ အကြာကြီးပြုတ်ထားတဲ့ အရိုးပြုတ် အချိုရည်က ဆန်ပြုတ်ကောင်းဘို့အတွက် အရေးပါ ပါတယ်..။ ကြက်ရိုး..ဝက်ရိုး ..မည်သည့်အရိုးကိုမဆို အသုံးပြုနိုင်ပါတယ်..။


ပါဝင်သော ပစ္စည်းများ ( ၄ ပန်းကန်စာ)

1. ဆန် ၁ ဆန်ချိန်ခွက် 

2. ကောက်ညှင်းဆန် ၄ စားပွဲတင်ဇွန်း 

3. ဆား သင့်ရုံ 

4. ဘဲလည်ပင်းရိုး ၂ ချောင်း ( ကြက်ရိုး၊ ဝက်နံရိုးလည်း သုံးနိုင်)

5. ချင်း ၁လက္မ 

6. ကြက်သွန်မြိတ် ၂ ပင် 

7. ကြက်သွန်ဖြူကြော် ၁ လက်ဘက်ရည်ဇွန်း 

8. ငရုတ်ကောင်းမှုန့် အနည်းငယ် 

9. ပဲငံပြာရည် အကြည် လိုသလောက်


ချက်နည်း

1. ချင်းတစ်ဝက်ကို ပါးပါးလှီး၊ ကျန်တစ်ဝက်ကို ပါးပါးအမြှင်လေးတွေလှီးထားပါ။

2. ကြက်သွန်ဖြူကြော်ကို လေးစိတ်ကွဲ ထောင်းပြီး ဆီပူပူလေးလောင်းထားပါ။

3. ဘဲလည်ပင်းရိုး ၂ ချောင်းကို ရေစင်အောင်ဆေးပီး ဆန်ပြုတ်မည့် အိုးထဲထည့်၊ ရေ ၁၀၀၀ မီလီမီတာ ထည့်၊ ချင်း ပါးပါးလေး ၄ ပြားလောက်ထည့်ပြီး အချိုရည်ထွက်အောင်မီးအေးအေးဖြင့် ပြုတ်ထားပါ။ ထွက်လာတဲ့ အမြှုတ်တွေ၊ သွေးအစအန တွေကို ခပ်ထုတ်ပြီး ဖယ်ပြစ်ပါ။ (မမီးကတော့ ဇကာစိတ်စိတ်နဲ့ နောက်အိုးတခုထဲကို စစ်ပီးထည့်တယ်)

4. အရိုးပြုတ်ရည် ကြည်ကြည်သန့်သန့်လေးဖြစ်သွားမှ ဆန် နဲ့ ကောက်ညှင်းဆန် ကို ရေဖွဖွလေးဆေးပြီး အရိုးပြုတ်ရည်ထဲထည့် ပါ။ ပထမတော့ ပြုတ်ရည် ဆူအောင် မီး အလယ်လတ်မှာထားပြီး တည်ပါ။ ဆူလာပီ ဆိုတာနဲ့ မီး ကိုလျှော့ပြီး မီးအေးအေးနဲ့ဆန်သားလေးတွေ မြေ့သွားတဲ့ အထိ ပြုတ်ပါ။ (ချက်ပီးသားထမင်းကို ပြုတ်ရင်တော့ မြန်မြန်နူးမြေ့ပါတယ်) လိုအပ်လျှင် ရေပူဖြည့်ပေးပါ။ ၁-၂ နာရီနီးပါး လောက် ပြုတ်ရပါတယ်။

5. ဆား ထည့် ပြီး အရသာကောင်းပြီ ဆိုရင် သုံးဆောင်မည့်ပန်းကန်လုံးထဲထည့်၊ ပါးပါးလှီးထားတဲ့ ချင်း၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူကြော်ဆီချက်၊ ငရုတ်ကောင်း တို့ထည့် ပြီး ပူပူနွေးနွေးသုံးဆောင်ပါ။ အီကြာကွေး နဲ့ လိုက်ဖက်ပါတယ်။


ဂျုတ် (Thai Congee)

..........................




 ဂျုတ် (Jok) လို့ခေါ်တဲ့ မနက်စာဆန်ပြုတ်တစ်မျိုးဟာ ထိုင်းနိုင်ငံတစ်ဝှမ်း နံနက်စာအနေနဲ့လူစားများတဲ့ အစား အစာတစ်မျိုးဖြစ်ပါတယ်။ ဆန်နဲ့ပြုတ်လို့ရသလို သူတို့ ရိုးရာကတော့ ဆန်ကိုမဖြုန်းတီးဘဲ Jasmine rice ရဲ့ ဆန်ကွဲ ကိုသုံးပါတယ်။ ဆန်ကွဲကိုခပ်ပျော့ပျော့ချက်ပြီး ကြက်ပြုတ် ရည်၊ ဝက်ပြုတ်ရည်တို့နဲ့ ပြန်ပြီးပြုတ်ထားတဲ့ ဆန်ပြုတ်မှာ ဝက်ကြိတ်သား၊ မှိုအမည်းစတာတွေနဲ့ ပြန်လည်ပြင်ဆင် ထားတဲ့ နံနက်စာ ဖြစ်ပါတယ်။ 


ပါဝင်ပစ္စည်းများ

- Jasmine rice - ၁ ခွက်

- ရေ - ၁၀ ခွက်


ဝက်သားလုံးထားရန်

- ဝက်ကြိတ်သား - ၅၀ ဂရမ်

- ကြက်သွန်ဖြူ (စဉ်းပြီး) -  ၄ တက်

- ချင်း(စဉ်းပြီးသား ) -  စားပွဲဇွန်း၂ ဇွန်း

- ပဲငံပြာရည - စားပွဲဇွန်း  ၃ ဇွန်း

Topping အတွက်

- ကြက်သွန်မြိတ် (ပါးပါးလှီးပြီး) - ၁ ပင်

- နံနံပင် (ပါးပါးလှီးပြီး) - ၂ ပင်

- ချင်း - ၁ တက် 

 (တစ်လက်မအရွယ်ချောင်းရှည်များ လှီးထားပါ)

- ငရုတ်ကောင်းအဖြူမှုန့် - အနည်းငယ်


ပြုလုပ်နည်း

...........

၁။ ဆန်ရေဆေးပြီးရေ ၆ ခွက်ထည့်ပြီးရေဆူပြီးဆန်များပွလာသည်အထိတည်ထားပါ။

၂။ ဆန်ပွလာလျှင်မီးအလယ်အလတ်ခန့်လျော့ချပြီး မီးပျော့ပျော့နှင့် တည်ထားပါ။ ကျန်ရေများထည့်ပေးပြီးဆူအောင်တည်ပေးထားပါ။  ရိုးရိုးဆန်ကိုသုံးတဲ့အတွက် ကြေချင်ရင် ဒီနေရာမှာ ကြက်ဥမွှေတံသုံးပြီး ခြေ ပေးပါ။

၃။ ဝက်သားလုံးရန်ပစ္စည်းများရောပြီးစည်းနေအောင်နယ်ပါ အနေတော်အလုံးလေးများ လုံးထားပါ။ (ပုံမှန် လုပ်နေကျကတော့ ဇွန်းကောက်လေးနဲ့ခပ်ခပ်ပြီး ဆန်ပြုတ်အိုးထဲထည့်လိုက်တာပါ)ဆန်ပြုတ်အိုးရေ ဆူလာလျှင် အသားလုံးလေးများပါ ထည့်ပြီး ၅ မိနစ်ခန့်ပြုတ်ပေးပါ။

၄။ အသားလုံးများကျက်ပြီဆိုရင်တော့ ပန်းကန်မှာပြင်ဆင်ပြီးပါးပါးလှီးပြီးသားချင်း၊ ကြက်သွန်မြိတ်၊ နံနံပင် တို့နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

........................

ကိုသစ်ထူး

(My Foodies)

ငါးဆန်ပြုတ် ♡


Fish Porridge

❀ ❀ ❀




ဆန်ပြုတ်ဆိုတာနဲ့အတော်များများကလူမမာစာလို့မြင်ကြမယ်ထင်ပါတယ်။လူမမာအတွက်ခလေးသူငယ်လူကြီးများအတွက်မတူတဲ့အရသာနဲ့စားချင်စဖွယ်ဖြစ်အောပြင်ဆင်ပေးနိုင်သလိုစင်္ကာပူမလေးရှားတရုတ်နိုင်ငံများမှာတော့မနက်ခင်းစာကိုသုံးဆောင်လေ့ရှိပါတယ်။ဝိတ်ချလိုသူများအနေနဲ့လည်းထမင်းအစားပြင်ဆင်သုံးဆောင်နိုင်ပါတယ်။


ပါဝင်ပစ္စည်း

*********

ဆန် - တခွက် (ဆန်ချိန်ခွက်)၊ရေ - ငါးခွက် +ကြက်သွန်ဖြူ - ၅မြောင်း၊ ငါးအသားလွှာ (ငါးရံ့/ကကတစ်) - ၁၀၀ ဂရမ်၊ဂျင်း - ၃ပြား

ခရမ်းချဉ်သီး/မုန်လာဥ - optional၊ငံပြာရည် /ဆား၊ နှမ်းဆီမွေး ၊ တရုတ်နံနံ/ နံနံပင် ၊ငရုတ်ကောင်း ၊ကြက်သွန်နီကြော်


ပြင်ဆင်ပြုလုပ်ပုံ

************

1.ဦးစွာဆန်တခွက်ကိုရေဆေးပြီးရေ၅ခွက်ထည့်ပါ။ကြက်သွန်ဖြူအလုံးလိုက်ဂျင်းပါးပါးစိတ်ထားသည်ထည့်ပါ။ငါးအသားလွှာရေဆေးပြီးထည့်ပြီးခလုတ်နှိပ်တည်ထားပါ။ငါးအစားနှစ်သက်ရာအသားအစားထိုးနိုင်ပါတယ်။

2.ဆူပွက်ပါကအိုးအဖုံးအနည်းငယ်ဟပေးထားပါ။

3.ရေခမ်းပါကယောင်းမဖြင့်မွေပေးပါမိမိလိုချင်သောအနေအထားရသည်ထိရေကိုအနည်းငယ်ဆီထပ်ထည့်ပေးပြီးတည်ထားပါ။

4.ခရမ်းချဉ်သီးမုန်လာဥထည့်လိုပါကထည့်နိုင်ပါ။

5.ဆားသို့မဟုတ်ငံပြာရည်နှမ်းဆီမွေးထည့်ပါ။အရသာအပေါ့အငံမြည်းပြီးတရုတ်နံနံသို့မဟုတ်နံနံပင်ကြက်သွန်ကြော်ငရုပ်ကောင်းဖြူးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

❀နှစ်သက်ပါကအီကြာကွေးသေးသေးစိတ်ထည့်ပြီးသုံးဆောင်နိုင်ပါတယ်။

❀ငါးဆန်ပြုတ်ကိုယိုးဒယားငံပြာရည်ထည့်ပြီးသုံးဆောင်ပါကထူးခြားတဲ့ဆန်ပြုတ်အရသာခံစားရမှာဖြစ်ပါတယ်။

.......  

Sofia


"ဝ"  ရိုးရာဆန်ပြုတ်

...................



"ဝ"ရိုးရာဆန်ပြုတ်ဆိုရင် နားထဲမှာ နည်းနည်းစိမ်းနေကြမယ်လို့ ထင်ပါ တယ်။ "ဝ"လူမျိုးတွေနဲ့ အနေနီးစပ်တဲ့ဒေသများမှာ နေထိုင်သူများကတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီဆန်ပြုတ်ချက်နည်းလေးကို မျှဝေပေးလာသူကတော့ ‘ဝ’ လူမျိုးစု အများအပြားနေထိုင်တဲ့ ပန်စမ်းမှ ဆိုဖီယာရဲ့ ညီမလေးဖြစ်ပါတယ်။ ထူးခြားတဲ့ပါဝင်ပစ္စည်းများနဲ့ အရသာ ပူစပ်စပ်ရှိတဲ့ ‘ဝ’ ဆန်ပြုတ်လုပ်နည်းလေး ပြန်လည် မျှဝေပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

- ကြက်သား - တစ်စိတ်

- ဆန် - ပေါင်းအိုးဆန်ချိန်ခွက် တစ်ခွက်

- ချင်း - လက်တစ်ဆစ်

- ကြက်သွန်ဖြူ - ၅ မြွှာ

- ရေ - ၂ လီတာခန့်

- ဆား - ၁ ဇွန်း

- ဟင်းခတ်မှုန့် - အနည်းငယ် 

- ဘိန်းစေ့ - လက်နှစ်ဆုပ်

- ဟွားကျောက်မှုန့် - ၁ ဇွန်း 

- ဂေါ်ရခါးညွန့် - ၁ စည်း

- စမုန်စပါးရွက် - ၁ စည်း

- တွဲဖက်စားရန် ငရုတ်သီးထောင်း


ပြင်ဆင်ပြုလုပ်ပုံ

၁။ ဦးစွာ ကြက်သားကို  ရေဆေးသန့်စင်ပြီး ချင်းနှင့်ကြက်သွန်ဖြူ ထုပြားထည့်ကာ ရေထည့်ပြီး တည်ထားပါ။

၂။ ဆားနှင့် ဟင်းခတ်မှုန့်ထည့်ပါ။ အပေါ်တက်လာသော အမြှုပ်များ  ခပ်ထုတ် ပေးပြီး ကြက်သားနူးပါက ဆယ်ယူထားပါ။

၃။ ကျန်ကြက်သားပြုတ်ရည်ထဲ  ဆန်ကို ရေဆေးပြီးထည့်ကာ နူးအိသည်အထိ တည်ပေးပါ။ လိုအပ်ပါက ရေကို အနည်းငယ်စီ ထပ်ထည့်ပေးပါ။

၄။ ဆန်ပြုတ်ပြုတ်ထားစဉ် ဘိန်းစေ့ကို ရေဆေးသန့်စင်ပြီး (ခဲမပါအောင် ကျင်ပေးပါ) ရေစစ်ကာ အနည်းငယ်ညက်ရုံ ထောင်းထားပါ။

၅။ အအေးခံထားသော ကြက်သားကို အသားမျှင်ထားပါ။

၆။ ဆန်ပြုတ်ကြေညက်ပြီး နူးအိပါက အသားမျှင်ထားသည်ကို ထည့်ပါ။ ထောင်းထားသောဘိန်းစေ့နှင့် ဟွားကျောက်မှုန့်ထည့်ပြီး သမအောင်မွှေ ပေးပါ။

၇။ ဆူပွက်ပါက အပျစ်အကျဲနှင့် အရသာကို လိုသလိုပြုပြင်ကာ ဂေါ်ရခါးညွန့် နှင့် စမုန်စပါးရွက်ထည့်ပြီး သမအောင်မွှေပေးပါ။ အရွက်ကျက်ပါက ပန်းကန်ထဲထည့်ပြီး ငရုတ်သီးထောင်းဖြင့် တွဲဖက်ကာ ပူပူစပ်စပ်အရသာ ရှိတဲ့ "ဝ" ရိုးရာဆန်ပြုတ်ကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။

............................

Sofia


ကြက်သားဆန်ပြုတ် (၁၀ပွဲစာ)




ဒီဆန်ပြုတ်မှာ အခြားဆန်ပြုတ်နဲ့မတူတာကတော့ အနံ့လေးပါ။ ဆန်ပြုတ်အနံ့လေးမွှေးအောင်လို့ ကနုကမာ (scallop) အခြောက်လေးတွေကိုထည့်ထားပါတယ်။ မရှိရင်တော့ ရိုးရိုးကြက်သားဆန်ပြုတ်ပဲချက်ကြည့်ပါ။


ပါဝင်သောပစ္စည်းများ

ကြက်ရင်အုပ်သား ၅၀ကျပ်သား၊ ဆန် ထမင်းစားဇွန်း ဆယ်ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း နှစ်ဇွန်း သို့မဟုတ် သုံးဇွန်း (ဆန်ပြုတ်ထဲကို ဆားဘဲဥ(အငံဘဲဥ)ထည့်စားမည်ဆိုလျှင် ဆားကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းပဲထည့်ပါ။)၊ ကနုကမာခြောက် (Dried Scallop) ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်၊ သကြား သို့မဟုတ် အချိုမှုန့် ထမင်းစားဇွန်းနှစ်ဇွန်း၊ အီကြာကွေး ၅ချောင်း၊ ကြက်သွန်မြိတ် ၁၀ပင်၊ ဆေးဘဲဥ ၅လုံး၊ ဆားဘဲဥ (အငံဘဲဥ) ၅လုံး။


(ထမင်းစားဇွန်း = 1 tablespoon = 15ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5ml)


ပြင်ဆင်ပြုလုပ်နည်း

အိုးကြီးကြီးတစ်ခုထဲတွင် ရေ ၄လီတာထည့်ပြီး ပွက်လာအောင်တည်ထားပါ။ ကနုကမာခြောက်များကို ရေစိမ်ထားပြီး နုတ်နုတ်စဉ်းထားပါ။ ကြက်သားကိုသန့်စင်ထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။ဆေးဘဲဥနှင့် အငံဘဲဥ (ဆားဘဲဥ)ကို အတုံးသေးသေးလေးတွေတုံး ထားပါ။ ရေနွေးအိုးထဲပွက်လာလျှင် ဆား၊သကြား၊ကနုကမာခြောက်၊ဆန်နှင့် ကြက်သားတို့ကိုထည့်၍ အဖုံးမအုပ်ဘဲတည်ပါ။ ပွက်လာ လျှင် မီးအေးအေးဖြင့်တည်ပါ။ နာရီဝက်လောက်တည်ပြီးလျှင် ကြက်သားများကို ပြန်ဆည်ပြီး ရေဖြင့်ဆေး၍ အသားများကိုနွှာပြီး အမျှင်လေးတွေလုပ်ထားပါ။ အရိုးများကို အိုးထဲပြန်ထည့်ပြီး မီးအေးအေးဖြင့် နှစ်နာရီလောက်တည်ပါ။ (ရေနည်းသွားလျှင် ပြန်ပြန် ဖြည့်ပါ။) ဆန်ပြုတ်ကို အီကြာကွေး၊ ကြက်သွန်မြိတ်၊ ဆေးဘဲဥ၊ဆားဘဲဥ(အငံဘဲဥ)၊ ကြက်သားမျှင်တို့ကိုထည့်၍ သုံးဆောင်နိုင်ပါသည်။ (အဝါရောင်မုန်လာဥဖတ်နှင့် ဂေါ်ဖီထုပ်ခြောက်များကို နှစ်သက်လျှင်လည်း ထည့်၍ သုံးဆောင်နိုင်ပါသည်။)


ဝက်ရိုးဆန်ပြုတ်




အရိုးကိုဆေးတာက ကြေးအိုးဟင်းရည်မှာလုပ်သလိုမျိုးဆေးမှသာ ဆန်ြ့ပုတ်ကဖြူဖြူလေးတွေရမှာပါ။ အရိုးကို တခါတည်းထည့်ပြုတ်ရင် အရိုးကထွက်လာတဲ့ သွေးခွဲလေးတွေနဲ့ဆိုရင် ဆန်ပြုတ်ကမဖြူဘဲ နည်းနည်းညစ်ညစ်ကလေးဖြစ်တတ်ပါတယ်။


ပါဝင်ပစ္စည်းများ

ဝက်ရိုး ၅၀ကျပ်သား၊ ဆန် ထမင်းစားဇွန်း ဆယ်ဇွန်း၊ ဆား ထမင်းစားဇွန်း တစ်ဇွန်း၊ သကြား သို့မဟုတ် အချိုမှုန့် ထမင်းစားဇွန်း ၂ဇွန်း သို့မဟုတ် ၃ဇွန်း။

(ထမင်းစားဇွန်း = 1 tablespoon = 15ml)


ပြင်ဆင်ပြုလုပ်နည်း

ဝက်ရိုးကိုရေဖြင့်သုံးခါဆေးပါ။ ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲကို ဆေးထားသော ဝက်ရိုးတွေကိုထည့်ပါ။ အရိုးများထည့်၍ ပွက်ပြီး အမြှုပ်လေးတွေများလာလျှင် မီးဖိုပေါ်မှချပါ။ အရည်များကိုသွန်ပစ်ပြီး ဝက်ရိုးများကို ရေအေးဖြင့် သွေးခဲလေးများပြောင်သွား အောင်ဆေးပါ။ (အိုးထဲမှာညစ်ပတ်နေလျှင်လဲ အိုးကိုပြန်ဆေးထားပါ။) ထို့နောက်ဆေးထားသော အရိုးများကို အိုးထဲပြန်ထည့် ရေ ၄လီတာထည့်။ ဆား၊သကြားတို့ကိုထည့်ပြီး တည်ပါ။ ဆန်ကို ရေဆေးပြီး ထည့်၍ မီးအေးအေးဖြင့် အဖုံးဖွင်ပြီးတည်ပါ။ ဆန်ပြုတ်အိုး ထဲတွင် ရေနည်းသွားလျှင် ထပ်ထပ်ဖြည့်ပြီး ၂နာရီလောက်တည်ပြီးလျှင် အလွန်စားကောင်းသော ဝက်ရိုးဆန်ပြုတ်ကိုရပါပြီ။


ချက်ပြုတ်ပြသူ - Ei San’s Homemade Inspiration 


(Zawgyi) 

ယာဂု သို႕မဟုတ္ ဆန္ျပဳတ္ သို႕မဟုတ္ Porridge 

ကၽြန္ေတ္ာတို႔ နံနက္စာအျဖစ္ ဒါမွမဟုတ္ ေနမေကာင္းတဲ့အခါ အစာေၾကညက္ဖို႔ခက္ခဲခ်ိန္ စားတတ္ၾကတဲ့ ဆန္ျပဳတ္နဲ႔ ယာဂုက ဆင္သလိုလိုနဲ႔ အနည္းငယ္ကြဲျပားပါတယ္။ ေတာင္ငူမုန္႔ဟင္းခါးလိုေပါ့ အရည္ၾကဲ အရည္ပ်စ္ဆိုတာမ်ိဳးေလ။

မ်ားေသာအားျဖင့္ တစ္ညတာ ဗိုက္ထဲ အစာလံုး၀မရွိဘဲ နံနက္စာအျဖစ္စတင္ စားသံုးတဲ့အခါ တရုတ္လူမ်ိဳးေတြက ဆန္ျပဳတ္နဲ႔ အီၾကာေကြးကို သမာရိုးက်စားေသာက္ေလ့ရွိခဲ့ၾကတယ္ဆိုပဲ။

ျမတ္စြာဘုရားရွင္ တစ္ခုေသာကာလ မ်ားစြာေသာ သံဃာေတာ္မ်ားနဲ႔အတူ အႏၶ၀ိႏၵရြာကို ေဒသစာရီၾကြခ်ီခ်ိန္မွာ ပုဏၰားတစ္ေယာက္က ယာဂုႏွင့္တကြ ပ်ားသကာအခ်ိဳမုန္႔တို႕ကို ကပ္လွဴပူေဇာ္ခဲ့သတဲ့။ ဤသည္မွစျပီး ယာဂုလွဴပြဲအစဥ္အလာေပၚေပါက္လာတယ္လို႔ဆိုတယ္။ ျမတ္စြာဘုရားရွင္ ေလနာႏွိပ္စက္ျခင္းခံရခ်ိန္ အရွင္အာနႏၵာက မာတုဂါမတစ္ဦးထံ ယာဂုအလွဴခံကပ္လွဴေပးျပီး ေျပေပ်ာက္ေစတဲ့ သာဓကလည္းရွိတယ္။ ခ်င္းစိမ္း၊ ငရုတ္၊ ၾကက္သြန္၊ ႏွမ္းတို႔ျဖင့္ စီရင္ထားတဲ့ ဆန္ျပဳတ္ပ်စ္ပ်စ္ ယာဂုတစ္မ်ိဳးေပါ့။

မင္းတုန္းမင္းလက္ထက္ ေရႊျမိဳ႕ေတာ္ေလးျပင္ေလးရပ္ တရုတ္၊ ကုလား လူမ်ိဳးျခားမွစျပီး တိုင္းသူျပည္သားအားလံုး လူတစ္ကိုယ္ ဆန္ တစ္စလယ္က် စုေဆာင္း၍ ယာဂုက်ိဳလွဴေစရာ၊ ထိုယာဂုမွာ ေကာက္ညွင္း၊ ဆန္၊ဆီ၊ဆား၊ႏွမ္း၊ခ်င္းစိမ္း၊ေျမပဲ၊အုန္းသီး၊သစ္ၾကားသီး စသည္တို႔ကို ထည့္၍က်ိဳသည္ဟုဆိုထားပါတယ္။ ၄င္းယာဂုက်ိဳျခင္းကိုပင္ ယခုေခတ္မွာ ထမနဲထိုးသည္ဟုဆိုေၾကာင္း မွတ္သားရ တယ္ခင္ဗ်။


ဆန္ၿပဳတ္ စီးစီးအိအိေလး



ဆန္ၿပဳတ္အလြန္ႀကိဳက္ေသာ မိသားစုမွ ဆင္းသက္လားပီး..အေဖ ၿပဳတ္ေပးခဲ႔တဲ႔ ဆန္ၿပဳတ္ေလးေတြက အလြန္ေကာင္းပါ႔ရွင္..။ ငယ္တုန္းကေတာ႔ ေကာက္ညွင္းထည္႔ ၿပဳတ္ေလ႔ မရိွပါဘူး၊ ဆန္သစ္ေပၚခ်ိန္ ေဆာင္းေအးေအးမွာသာ ၿပဳတ္စားေလ႔ရိွေတာ႔ စီးစီးအိအိေလး အၿမဲၿဖစ္တယ္...။ လြန္ခဲ႔တဲ႔ ၁၃ နွစ္ေလာက္က ထိုင္းမွာ သူငယ္ခ်င္းေလး ၀ယ္ေကၽြးတဲ႔ ဆန္ၿပဳတ္ကို စားမိေတာ႔..ဘယ္လိုေႀကာင္႔ စီးစီးအိအိေလး ၿဖစ္ေနပါလိမ္႔လို႔ အေတြးႀကြယ္ခဲ႔ရာကေန..ေကာက္ညွင္း၊ ရွမ္းဆန္၊ ဂ်ပန္ဆန္၊ ကိုရီးယားဆန္၊ ဆူရီွဆန္ ( စီးတဲ႔ဆန္ ဘာဆန္ဘဲၿဖစ္ၿဖစ္ ) ဆန္ၿပဳတ္ၿပဳတ္ရာမွာ ထည္႔သံုးပါတယ္။

မီးေအးေအးနဲ႔ အႀကာႀကီးၿပဳတ္ထားတဲ႔ အရိုးၿပဳတ္ အခ်ိဳရည္က ဆန္ၿပဳတ္ေကာင္းဘို႔အတြက္ အေရးပါ ပါတယ္..။ ႀကက္ရိုး..၀က္ရိုး ..မည္သည္႔အရိုးကိုမဆို အသံုးၿပဳနိုင္ပါတယ္..။

ပါ၀င္ေသာ ပစၥည္းမ်ား ( ၄ ပန္းကန္စာ)

1. ဆန္ ၁ ဆန္ခ်ိန္ခြက္ 

2. ေကာက္ညွင္းဆန္ ၄ စားပြဲတင္ဇြန္း 

3. ဆား သင္႔ရုံ 

4. ဘဲလည္ပင္းရိုး ၂ ေခ်ာင္း ( ႀကက္ရိုး၊ ၀က္နံရိုးလည္း သံုးနိုင္)

5. ခ်င္း ၁လကၼ 

6. ႀကက္သြန္ၿမိတ္ ၂ ပင္ 

7. ႀကက္သြန္ၿဖဴေႀကာ္ ၁ လက္ဘက္ရည္ဇြန္း 

8. ငရုတ္ေကာင္းမႈန္႔ အနည္းငယ္ 

9. ပဲငံၿပာရည္ အႀကည္ လိုသေလာက္

ခ်က္နည္း

1. ခ်င္းတစ္၀က္ကို ပါးပါးလီွး၊ က်န္တစ္၀က္ကို ပါးပါးအၿမွင္ေလးေတြလီွးထားပါ။

2. ႀကက္သြန္ၿဖဴေႀကာ္ကို ေလးစိတ္ကြဲ ေထာင္းၿပီး ဆီပူပူေလးေလာင္းထားပါ။

3. ဘဲလည္ပင္းရိုး ၂ ေခ်ာင္းကို ေရစင္ေအာင္ေဆးပီး ဆန္ၿပဳတ္မည္႔ အိုးထဲထည္႔၊ ေရ ၁၀၀၀ မီလီမီတာ ထည္႔၊ ခ်င္း ပါးပါးေလး ၄ ၿပားေလာက္ထည္႔ၿပီး အခ်ိဳရည္ထြက္ေအာင္မီးေအးေအးၿဖင္႔ ၿပဳတ္ထားပါ။ ထြက္လာတဲ႔ အၿမွဳတ္ေတြ၊ ေသြးအစအန ေတြကို ခပ္ထုတ္ၿပီး ဖယ္ၿပစ္ပါ။ (မမီးကေတာ႔ ဇကာစိတ္စိတ္နဲ႔ ေနာက္အိုးတခုထဲကို စစ္ပီးထည္႔တယ္)

4. အရိုးၿပဳတ္ရည္ ႀကည္ႀကည္သန္႔သန္႔ေလးၿဖစ္သြားမွ ဆန္ နဲ႔ ေကာက္ညွင္းဆန္ ကို ေရဖြဖြေလးေဆးၿပီး အရိုးၿပဳတ္ရည္ထဲထည္႔ ပါ။ ပထမေတာ႔ ၿပဳတ္ရည္ ဆူေအာင္ မီး အလယ္လတ္မွာထားၿပီး တည္ပါ။ ဆူလာပီ ဆိုတာနဲ႔ မီး ကိုေလွ်ာ႔ၿပီး မီးေအးေအးနဲ ႔ဆန္သားေလးေတြ ေၿမ႔သြားတဲ႔ အထိ ၿပဳတ္ပါ။ (ခ်က္ပီးသားထမင္းကို ၿပဳတ္ရင္ေတာ႔ ၿမန္ၿမန္နူးေၿမ႕ပါတယ္) လိုအပ္လွ်င္ ေရပူၿဖည္႔ေပးပါ။ ၁-၂ နာရီနီးပါး ေလာက္ ၿပဳတ္ရပါတယ္။

5. ဆား ထည္႔ ၿပီး အရသာေကာင္းၿပီ ဆိုရင္ သံုးေဆာင္မည္႔ပန္းကန္လံုးထဲထည္႔္၊ ပါးပါးလီွးထားတဲ႔ ခ်င္း၊ ႀကက္သြန္ၿမိတ္၊ ႀကက္သြန္ၿဖဴေႀကာ္ဆီခ်က္၊ ငရုတ္ေကာင္း တို႔ထည္႔ ၿပီး ပူပူေႏြးေႏြးသံုးေဆာင္ပါ။ အီႀကာေကြး နဲ႔ လိုက္ဖက္ပါတယ္။


ဂ်ဳတ္ (Thai Congee)

..........................




 ဂ်ဳတ္ (Jok) လို႔ေခၚတဲ့ မနက္စာဆန္ျပဳတ္တစ္မ်ိဳးဟာ ထိုင္းႏိုင္ငံတစ္ဝွမ္း နံနက္စာအေနနဲ႔လူစားမ်ားတဲ့ အစား အစာတစ္မ်ိဳးျဖစ္ပါတယ္။ ဆန္နဲ႔ျပဳတ္လို႔ရသလို သူတို႔ ႐ိုးရာကေတာ့ ဆန္ကိုမျဖဳန္းတီးဘဲ Jasmine rice ရဲ႕ ဆန္ကြဲ ကိုသံုးပါတယ္။ ဆန္ကြဲကိုခပ္ေပ်ာ့ေပ်ာ့ခ်က္ၿပီး ၾကက္ျပဳတ္ ရည္၊ ဝက္ျပဳတ္ရည္တို႔နဲ႔ ျပန္ၿပီးျပဳတ္ထားတဲ့ ဆန္ျပဳတ္မွာ ဝက္ႀကိတ္သား၊ မိႈအမည္းစတာေတြနဲ႔ ျပန္လည္ျပင္ဆင္ ထားတဲ့ နံနက္စာ ျဖစ္ပါတယ္။ 

ပါဝင္ပစၥည္းမ်ား

- Jasmine rice - ၁ ခြက္

- ေရ - ၁၀ ခြက္

ဝက္သားလံုးထားရန္

- ဝက္ႀကိတ္သား - ၅၀ ဂရမ္

- ၾကက္သြန္ျဖဴ (စဥ္းၿပီး) -  ၄ တက္

- ခ်င္း(စဥ္းၿပီးသား ) -  စားပြဲဇြန္း၂ ဇြန္း

- ပဲငံျပာရည - စားပြဲဇြန္း  ၃ ဇြန္း

Topping အတြက္

- ၾကက္သြန္ၿမိတ္ (ပါးပါးလွီးၿပီး) - ၁ ပင္

- နံနံပင္ (ပါးပါးလွီးၿပီး) - ၂ ပင္

- ခ်င္း - ၁ တက္ 

 (တစ္လက္မအရြယ္ေခ်ာင္းရွည္မ်ား လွီးထားပါ)

- င႐ုတ္ေကာင္းအျဖဴမႈန္႔ - အနည္းငယ္

ျပဳလုပ္နည္း

...........

၁။ ဆန္ေရေဆးၿပီးေရ ၆ ခြက္ထည့္ၿပီးေရဆူၿပီးဆန္မ်ားပြလာသည္အထိတည္ထားပါ။

၂။ ဆန္ပြလာလွ်င္မီးအလယ္အလတ္ခန္႔ေလ်ာ့ခ်ၿပီး မီးေပ်ာ့ေပ်ာ့ႏွင့္ တည္ထားပါ။ က်န္ေရမ်ားထည့္ေပးၿပီးဆူေအာင္တည္ေပးထားပါ။  ႐ိုး႐ိုးဆန္ကိုသံုးတဲ့အတြက္ ေၾကခ်င္ရင္ ဒီေနရာမွာ ၾကက္ဥေမြႊတံသံုးၿပီး ေျခ ေပးပါ။

၃။ ဝက္သားလံုးရန္ပစၥည္းမ်ားေရာၿပီးစည္းေနေအာင္နယ္ပါ အေနေတာ္အလံုးေလးမ်ား လံုးထားပါ။ (ပံုမွန္ လုပ္ေနက်ကေတာ့ ဇြန္းေကာက္ေလးနဲ႔ခပ္ခပ္ၿပီး ဆန္ျပဳတ္အိုးထဲထည့္လိုက္တာပါ)ဆန္ျပဳတ္အိုးေရ ဆူလာလွ်င္ အသားလံုးေလးမ်ားပါ ထည့္ၿပီး ၅ မိနစ္ခန္႔ျပဳတ္ေပးပါ။

၄။ အသားလံုးမ်ားက်က္ၿပီဆိုရင္ေတာ့ ပန္းကန္မွာျပင္ဆင္ၿပီးပါးပါးလွီးၿပီးသားခ်င္း၊ ၾကက္သြန္ၿမိတ္၊ နံနံပင္ တို႔ႏွင့္ တြဲဖက္သံုးေဆာင္ႏိုင္ပါၿပီ။

........................

ကိုသစ္ထူး

(My Foodies)


ငါးဆန္ျပဳတ္ ♡

Fish Porridge 

❀ ❀ ❀




ဆန္ျပဳတ္ဆိုတာနဲ႔အေတာ္မ်ားမ်ားကလူမမာစာလို႔ျမင္ၾကမယ္ထင္ပါတယ္။လူမမာအတြက္ခေလးသူငယ္လူႀကီးမ်ားအတြက္မတူတဲ့အရသာနဲ႔စားခ်င္စဖြယ္ျဖစ္ေအာျပင္ဆင္ေပးႏိုင္သလိုစကၤာပူမေလး႐ွားတ႐ုတ္ႏိုင္ငံမ်ားမွာေတာ့မနက္ခင္းစာကိုသံုးေဆာင္ေလ့႐ွိပါတယ္။ဝိတ္ခ်လိုသူမ်ားအေနနဲ႔လည္းထမင္းအစားျပင္ဆင္သံုးေဆာင္ႏိုင္ပါတယ္။

ပါဝင္ပစၥည္း

*********

ဆန္ - တခြက္ (ဆန္ခ်ိန္ခြက္)၊ေရ - ငါးခြက္ +ၾကက္သြန္ျဖဴ - ၅ေျမာင္း၊ ငါးအသားလႊာ (ငါးရ႕ံ/ကကတစ္) - ၁၀၀ ဂရမ္၊ဂ်င္း - ၃ျပား

ခရမ္းခ်ဥ္သီး/မုန္လာဥ - optional၊ငံျပာရည္ /ဆား၊ ႏွမ္းဆီေမြး ၊ တ႐ုတ္နံနံ/ နံနံပင္ ၊င႐ုတ္ေကာင္း ၊ၾကက္သြန္နီေၾကာ္

ျပင္ဆင္ျပဳလုပ္ပံု

************

1.ဦးစြာဆန္တခြက္ကိုေရေဆးၿပီးေရ၅ခြက္ထည့္ပါ။ၾကက္သြန္ျဖဴအလံုးလိုက္ဂ်င္းပါးပါးစိတ္ထားသည္ထည့္ပါ။ငါးအသားလႊာေရေဆးၿပီးထည့္ၿပီးခလုတ္ႏွိပ္တည္ထားပါ။ငါးအစားႏွစ္သက္ရာအသားအစားထိုးႏိုင္ပါတယ္။

2.ဆူပြက္ပါကအိုးအဖံုးအနည္းငယ္ဟေပးထားပါ။

3.ေရခမ္းပါကေယာင္းမျဖင့္ေမြေပးပါမိမိလိုခ်င္ေသာအေနအထားရသည္ထိေရကိုအနည္းငယ္ဆီထပ္ထည့္ေပးၿပီးတည္ထားပါ။

4.ခရမ္းခ်ဥ္သီးမုန္လာဥထည့္လိုပါကထည့္ႏိုင္ပါ။

5.ဆားသို႔မဟုတ္ငံျပာရည္ႏွမ္းဆီေမြးထည့္ပါ။အရသာအေပါ့အငံျမည္းၿပီးတ႐ုတ္နံနံသို႔မဟုတ္နံနံပင္ၾကက္သြန္ေၾကာ္င႐ုပ္ေကာင္းျဖဴးၿပီးတည္ခင္းသံုးေဆာင္ႏိုင္ပါၿပီ။

❀ႏွစ္သက္ပါကအီၾကာေကြးေသးေသးစိတ္ထည့္ၿပီးသံုးေဆာင္ႏိုင္ပါတယ္။

❀ငါးဆန္ျပဳတ္ကိုယိုးဒယားငံျပာရည္ထည့္ၿပီးသံုးေဆာင္ပါကထူးျခားတဲ့ဆန္ျပဳတ္အရသာခံစားရမွာျဖစ္ပါတယ္။

.......  

Sofia


"ဝ"  ႐ိုးရာဆန္ျပဳတ္

...................




"ဝ"႐ိုးရာဆန္ျပဳတ္ဆိုရင္ နားထဲမွာ နည္းနည္းစိမ္းေနၾကမယ္လို႔ ထင္ပါ တယ္။ "ဝ"လူမ်ိဳးေတြနဲ႔ အေနနီးစပ္တဲ့ေဒသမ်ားမွာ ေနထိုင္သူမ်ားကေတာ့ ရင္းႏွီးၿပီးသား ျဖစ္မွာပါ။ ဒီဆန္ျပဳတ္ခ်က္နည္းေလးကို မွ်ေဝေပးလာသူကေတာ့ ‘ဝ’ လူမ်ိဳးစု အမ်ားအျပားေနထိုင္တဲ့ ပန္စမ္းမွ ဆိုဖီယာရဲ႕ ညီမေလးျဖစ္ပါတယ္။ ထူးျခားတဲ့ပါဝင္ပစၥည္းမ်ားနဲ႔ အရသာ ပူစပ္စပ္ရွိတဲ့ ‘ဝ’ ဆန္ျပဳတ္လုပ္နည္းေလး ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္။


ပါဝင္ပစၥည္းမ်ား

- ၾကက္သား - တစ္စိတ္

- ဆန္ - ေပါင္းအိုးဆန္ခ်ိန္ခြက္ တစ္ခြက္

- ခ်င္း - လက္တစ္ဆစ္

- ၾကက္သြန္ျဖဴ - ၅ ႁမႊာ

- ေရ - ၂ လီတာခန္႔

- ဆား - ၁ ဇြန္း

- ဟင္းခတ္မႈန္႔ - အနည္းငယ္ 

- ဘိန္းေစ့ - လက္ႏွစ္ဆုပ္

- ဟြားေက်ာက္မႈန္႔ - ၁ ဇြန္း 

- ေဂၚရခါးၫြန္႔ - ၁ စည္း

- စမုန္စပါးရြက္ - ၁ စည္း

- တြဲဖက္စားရန္ င႐ုတ္သီးေထာင္း


ျပင္ဆင္ျပဳလုပ္ပံု

၁။ ဦးစြာ ၾကက္သားကို  ေရေဆးသန္႔စင္ၿပီး ခ်င္းႏွင့္ၾကက္သြန္ျဖဴ ထုျပားထည့္ကာ ေရထည့္ၿပီး တည္ထားပါ။

၂။ ဆားႏွင့္ ဟင္းခတ္မႈန္႔ထည့္ပါ။ အေပၚတက္လာေသာ အျမႇဳပ္မ်ား  ခပ္ထုတ္ ေပးၿပီး ၾကက္သားႏူးပါက ဆယ္ယူထားပါ။

၃။ က်န္ၾကက္သားျပဳတ္ရည္ထဲ  ဆန္ကို ေရေဆးၿပီးထည့္ကာ ႏူးအိသည္အထိ တည္ေပးပါ။ လိုအပ္ပါက ေရကို အနည္းငယ္စီ ထပ္ထည့္ေပးပါ။

၄။ ဆန္ျပဳတ္ျပဳတ္ထားစဥ္ ဘိန္းေစ့ကို ေရေဆးသန္႔စင္ၿပီး (ခဲမပါေအာင္ က်င္ေပးပါ) ေရစစ္ကာ အနည္းငယ္ညက္႐ံု ေထာင္းထားပါ။

၅။ အေအးခံထားေသာ ၾကက္သားကို အသားမွ်င္ထားပါ။

၆။ ဆန္ျပဳတ္ေၾကညက္ၿပီး ႏူးအိပါက အသားမွ်င္ထားသည္ကို ထည့္ပါ။ ေထာင္းထားေသာဘိန္းေစ့ႏွင့္ ဟြားေက်ာက္မႈန္႔ထည့္ၿပီး သမေအာင္ေမႊ ေပးပါ။

၇။ ဆူပြက္ပါက အပ်စ္အက်ဲႏွင့္ အရသာကို လိုသလိုျပဳျပင္ကာ ေဂၚရခါးၫြန္႔ ႏွင့္ စမုန္စပါးရြက္ထည့္ၿပီး သမေအာင္ေမႊေပးပါ။ အရြက္က်က္ပါက ပန္းကန္ထဲထည့္ၿပီး င႐ုတ္သီးေထာင္းျဖင့္ တြဲဖက္ကာ ပူပူစပ္စပ္အရသာ ရွိတဲ့ "ဝ" ႐ိုးရာဆန္ျပဳတ္ကို တည္ခင္းသံုးေဆာင္ႏိုင္ပါၿပီ။

............................

Sofia


ၾကက္သားဆန္ျပဳတ္ (၁၀ပြဲစာ)




ဒီဆန္ျပဳတ္မွာ အျခားဆန္ျပဳတ္နဲ႔မတူတာကေတာ့ အနံ႔ေလးပါ။ ဆန္ျပဳတ္အနံ႔ေလးေမႊးေအာင္လို႔ ကႏုကမာ (scallop) အေျခာက္ေလးေတြကိုထည့္ထားပါတယ္။ မရွိရင္ေတာ့ ရိုးရိုးၾကက္သားဆန္ျပဳတ္ပဲခ်က္ၾကည့္ပါ။

ပါ၀င္ေသာပစၥည္းမ်ား

ၾကက္ရင္အုပ္သား ၅၀က်ပ္သား၊ ဆန္ ထမင္းစားဇြန္း ဆယ္ဇြန္း၊ ဆား လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း သို႕မဟုတ္ သံုးဇြန္း (ဆန္ျပဳတ္ထဲကို ဆားဘဲဥ(အငံဘဲဥ)ထည့္စားမည္ဆိုလွ်င္ ဆားကို လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းပဲထည့္ပါ။)၊ ကႏုကမာေျခာက္ (Dried Scallop) ထမင္းစားဇြန္း တစ္ဇြန္းေမာက္ေမာက္၊ သၾကား သို႕မဟုတ္ အခ်ိဳမႈန္႔ ထမင္းစားဇြန္းႏွစ္ဇြန္း၊ အီၾကာေကြး ၅ေခ်ာင္း၊ ၾကက္သြန္ျမိတ္ ၁၀ပင္၊ ေဆးဘဲဥ ၅လံုး၊ ဆားဘဲဥ (အငံဘဲဥ) ၅လံုး။

(ထမင္းစားဇြန္း = 1 tablespoon = 15ml)

(လက္ဖက္ရည္ဇြန္း = 1 teaspoon = 5ml)

ျပင္ဆင္ျပဳလုပ္နည္း

အိုးၾကီးၾကီးတစ္ခုထဲတြင္ ေရ ၄လီတာထည့္ျပီး ပြက္လာေအာင္တည္ထားပါ။ ကႏုကမာေျခာက္မ်ားကို ေရစိမ္ထားျပီး ႏုတ္ႏုတ္စဥ္းထားပါ။ ၾကက္သားကိုသန္႔စင္ထားပါ။ ၾကက္သြန္ျမိတ္ကို ပါးပါးလွီးထားပါ။ေဆးဘဲဥႏွင့္ အငံဘဲဥ (ဆားဘဲဥ)ကို အတံုးေသးေသးေလးေတြတံုး ထားပါ။ ေရေႏြးအိုးထဲပြက္လာလွ်င္ ဆား၊သၾကား၊ကႏုကမာေျခာက္၊ဆန္ႏွင့္ ၾကက္သားတို႔ကိုထည့္၍ အဖံုးမအုပ္ဘဲတည္ပါ။ ပြက္လာ လွ်င္ မီးေအးေအးျဖင့္တည္ပါ။ နာရီ၀က္ေလာက္တည္ျပီးလွ်င္ ၾကက္သားမ်ားကို ျပန္ဆည္ျပီး ေရျဖင့္ေဆး၍ အသားမ်ားကိုႏႊာျပီး အမွ်င္ေလးေတြလုပ္ထားပါ။ အရိုးမ်ားကို အိုးထဲျပန္ထည့္ျပီး မီးေအးေအးျဖင့္ ႏွစ္နာရီေလာက္တည္ပါ။ (ေရနည္းသြားလွ်င္ ျပန္ျပန္ ျဖည့္ပါ။) ဆန္ျပဳတ္ကို အီၾကာေကြး၊ ၾကက္သြန္ျမိတ္၊ ေဆးဘဲဥ၊ဆားဘဲဥ(အငံဘဲဥ)၊ ၾကက္သားမွ်င္တို႔ကိုထည့္၍ သံုးေဆာင္ႏိုင္ပါသည္။ (အ၀ါေရာင္မုန္လာဥဖတ္ႏွင့္ ေဂၚဖီထုပ္ေျခာက္မ်ားကို ႏွစ္သက္လွ်င္လည္း ထည့္၍ သံုးေဆာင္ႏိုင္ပါသည္။)


၀က္ရိုးဆန္ျပဳတ္




အရိုးကိုေဆးတာက ေၾကးအိုးဟင္းရည္မွာလုပ္သလိုမ်ိဳးေဆးမွသာ ဆန္ျ႔ပဳတ္ကျဖဴျဖဴေလးေတြရမွာပါ။ အရိုးကို တခါတည္းထည့္ျပဳတ္ရင္ အရိုးကထြက္လာတဲ့ ေသြးခြဲေလးေတြနဲ႔ဆိုရင္ ဆန္ျပဳတ္ကမျဖဴဘဲ နည္းနည္းညစ္ညစ္ကေလးျဖစ္တတ္ပါတယ္။

ပါ၀င္ပစၥည္းမ်ား

၀က္ရိုး ၅၀က်ပ္သား၊ ဆန္ ထမင္းစားဇြန္း ဆယ္ဇြန္း၊ ဆား ထမင္းစားဇြန္း တစ္ဇြန္း၊ သၾကား သို႕မဟုတ္ အခ်ိဳမႈန္႔ ထမင္းစားဇြန္း ၂ဇြန္း သို႕မဟုတ္ ၃ဇြန္း။

(ထမင္းစားဇြန္း = 1 tablespoon = 15ml)

ျပင္ဆင္ျပဳလုပ္နည္း

၀က္ရိုးကိုေရျဖင့္သံုးခါေဆးပါ။ ပြက္ပြက္ဆူေနေသာ ေရေႏြးအိုးထဲကို ေဆးထားေသာ ၀က္ရိုးေတြကိုထည့္ပါ။ အရိုးမ်ားထည့္၍ ပြက္ျပီး အျမွဳပ္ေလးေတြမ်ားလာလွ်င္ မီးဖိုေပၚမွခ်ပါ။ အရည္မ်ားကိုသြန္ပစ္ျပီး ၀က္ရိုးမ်ားကို ေရေအးျဖင့္ ေသြးခဲေလးမ်ားေျပာင္သြား ေအာင္ေဆးပါ။ (အိုးထဲမွာညစ္ပတ္ေနလွ်င္လဲ အိုးကိုျပန္ေဆးထားပါ။) ထို႕ေနာက္ေဆးထားေသာ အရိုးမ်ားကို အိုးထဲျပန္ထည့္ ေရ ၄လီတာထည့္။ ဆား၊သၾကားတို႕ကိုထည့္ျပီး တည္ပါ။ ဆန္ကို ေရေဆးျပီး ထည့္၍ မီးေအးေအးျဖင့္ အဖံုးဖြင္ျပီးတည္ပါ။ ဆန္ျပဳတ္အုိး ထဲတြင္ ေရနည္းသြားလွ်င္ ထပ္ထပ္ျဖည့္ျပီး ၂နာရီေလာက္တည္ျပီးလွ်င္ အလြန္စားေကာင္းေသာ ၀က္ရိုးဆန္ျပဳတ္ကိုရပါျပီ။

ခ်က္ျပဳတ္ျပသူ - Ei San’s Homemade Inspiration 

No comments: