Friday, March 12, 2021

ဝက်သားပေါင်း - ငါးရှဉ့်ခြောက်စပ် - ငါးခေါင်းဟင်းချို

ပုစွန်အပွကြော် - ဝက်နံရိုးကြော် - ဝက်သားပေါင်း - ငါးရှဉ့်ခြောက်စပ် - ငါးခေါင်းဟင်းချို


တရုတ်အစားအစာကတော့ စားနေကြဆိုပေမယ့် ဒေသအလိုက် တရုတ်လူမျိုးစုမတူ ချက်ပြုတ်ပုံကွဲကြတာကြောင့် အရသာကတော့ ခြားနားကြပါတယ်။ ယူနန်ပြည်နယ်ဘက်က ဆွေမျိုးပေါက်ဖော်များလက်ရာကတော့ မြန်မာပြည်သားတွေအတွက် အာတွေ့နိုင်ဖို့ များတယ်ေြပြောရမယ်။


အောက်မှာ ဝေငှမယ့် ဟင်းလျာတွေကတော့ ကျွန်တော် အမြဲတစေစားနေကြ ဟင်းအမယ်တွေပါ။


ပုစွန်အပွကြော်




ပါဝင်သောပစ္စည်းများ

ပုစွန်ထုပ်ကြီး ၂ ကောင်၊ ဝိဆော့ (Wheat Sauce) သင့်တော့ရုံ၊ ပွဆေး သင့်တော်ရုံ၊ ဆီ သင့်တော်ရုံ၊ သံပရာသီး တစ်လုံး၊ ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်။


ပြင်ဆင်ပြုလုပ်ပုံ

ပုစွန်ကို ခေါင်းဖြုတ် အခွံခွာပြီး ချေးထုတ်၍ အသားများကို စင်ကြယ်စွာေဆေးကြောပါ။


ထို့နောက် လိုအပ်သလို အတုံးကလေးများတုံးထားပါ။ ပြီးလျှင် သံပရာသီး၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ဖြင့် ရောနယ်ထားပါ။ ထိုရောနယ်ပြီးသော ပုစွန်အတုံးကလေးများကို ပွဆေးဖောက်ထားသော Wheat Sauce တွင်နှစ်၍ ဆီများများဖြင့် ရွှေဝါရောင်သန်းလာသည်အထိ ကြော်ပါ။ 


ရွှေဝါရောင်သန်းလာပါက စားမည့်ပန်းကန်တွင် လှပသေသပ်စွာ စီ၍ထည့်ပြီးသောအခါ အာလူးအချောင်းကြော် သို့မဟုတ် ငါးမုန့်ကြော် တို့ကို ရံထည့်ကာ ဧည့်သည်အား ဧည့်ခံနိုင်ပါသည်။


ဝိဆော့ (Wheat Sauce) ပြုလုပ်ပုံ




ပါဝင်သောပစ္စည်းများ

ဂျုံမှုန့်၊ ကြက်ဥ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ေရေအနည်းငယ်။


ပြုလုပ်နည်း

ကြက်ဥကို ခွက်တစ်ခွက်တွင် ဖောက်ထည့်၍ သမအောင်မွှေပါ။ ကြက်ဥ အနှစ်အကာ သမပြီဆိုပါက ဆန်ကာချထားသော ဂျုံမှုန့်ကိုထည့်၍ သမအောင်မွှေပါ။


အပျစ်အကျဲကို လိုအပ်သလိုကြည့်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်စီ ထည့်ပေးနိုင်ပါသည်။ ဝိဆော့အား အသား၊ ငါးများကို နှစ်၍လည်းကောင်း၊ လူး၍လည်းကောင်း ကြော်ရာတွင် အသုံးပြုပါသည်။


ဝက်နံရိုးကြော်




ပါဝင်သောပစ္စည်းများ

ဝက်နံရိုး ၃၀ကျပ်သား၊ ကြက်ဥ ၂လုံး၊ ကြက်သွန်နီ ၁လုံး၊ ကြက်သွန်ဖြူ ၁ဥ၊ တရုတ်မဆလာ သင့်တော်ရုံ၊ ဆား အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ချင်း(ဂျင်း) အနည်းငယ်၊ ဂျုံမှုန့် အနည်းငယ်၊ ကော်မှုန့် အနည်းငယ်၊ ခရမ်းချဉ်သီး ၁လုံး၊ သခွားသီး ၁လုံး၊ ဆီ ၂၀ကျပ်သား၊ နံနံပင် သင့်တော်ရုံ။


ပြင်ဆင်ပြုလုပ်ပုံ

ဝက်နံရိုးကို ရေစင်အောင်ဆေးပြီး တစ်လက်မခန့် အတုံးကလေးများ တုံးထားပါ။ ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် နှံ့စပ်အောင်နယ်၍ မိနစ် ၂၀ခန့်ေပေါင်းထားပါ။


ကြက်သွန်ဖြူ၊ချင်း(ဂျင်း)တို့ကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်နီကို နုပ်နုပ်စင်းထားပါ။ ၎င်းတို့ကို တရုတ်မဆလာ၊ ဂျုံမှုန့်၊ ကော်မှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ကြက်ဥတို့နှင့် သမအောင်နယ်ထားပါ။


နံနံပင်ကို သန့်စင်အောင် ရေစင်စင်ဆေးပါ။ ခရမ်းချဉ်သီးနှင့် သခွားသီးတို့ကို ပန်းပွင့်ပုံဖော်ပြီး လှီးထားပါ။ 


ပေါင်းထားသော ဝက်နံရိုးတုံးများကို သမအောင်နယ်ထားသော အနှစ်ထဲသို့နှစ်၍ နီညိုရောင်ရသည်အထိကြော်ပါ။


ကြော်ပြီးသွားသောအခါ စားမည့်ပန်းကန်ထဲတွင် ထည့်ပါ။


ပန်းပွင့်ပုံလှီးထားသော သခွားသီး၊ ခရမ်းချဉ်သီး၊ နံနံပင်တို့ကိုရံပြီး အလှဆင်လိုက်ပါ။


ဝက်သားပေါင်း




ပါဝင်သောပစ္စည်းများ

ဝက်သား (သုံးထပ်သား) ၅၀ကျပ်သား၊ ကြက်သွန်ဖြူ ၁ဥ၊ ပဲပြားလိပ် သင့်တောရုံ၊ မှိုခြောက် သင့်တော်ရုံ၊ ချင်း သင့်တော်ရုံ၊ ချင်း သင့်တော်ရုံ၊ ဆီ ၁၀သား၊ ဆား သင့်တော်ရုံ၊ သကြား သင့်တော်ရုံ၊ ဟင်းခတ်မှုန့် သင့်တော်ရုံ၊ တရုတ်ပဲငံပြာရည်အနောက် သင့်တောရုံ၊ ကြံမဆိုင် ၁စည်း။


ပြင်ဆင်ပြုလုပ်ပုံ

ဝက်သားကို ကြက်သွန်ဖြူ၊ ဂျင်းတို့ အနည်းငယ်ထည့်၍ပြုတ်ပါ။ ၎င်းနောက် ဒယ်အိုးတစ်ခုတွင် ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူကို ဆီသတ်၍ ၎င်းဝက်သားကို အရောင်ရရုံကြော်ပါ။


အရောင်ရလျှင် ၎င်းဝက်သားကို ပေါင်းခွက်အတွင်းထည့်ပါ။ ၎င်းအပေါ်မှ ပဲပြားလိပ်၊ မှိုခြောက်တို့ကိုတင်၍ ကြက်သွန်ဖြူဆီသတ်ထား သောဆီကိုပါေလောင်းချပါ။


ပြီးလျှင် ဟင်းခတ်မှုန့်၊ သကြား၊ တရုတ်ပဲငံပြာရည်အနောက်တို့ကို အပေါ်မှလောင်း၍ ကြံမဆိုင်ကိုတင်ပြီး နူးအောင်ပေါင်းကာ ပန်းကန်တွင်ထည့်လျက် သုံးဆောင်နိုင်ပါသည်။


ကြံမဆိုင်အစား မုန်ညင်းဖြူကိုလည်း ထည့်ပေါင်းနိုင်ပါသည်။


ငါးရှဉ့်ခြောက်စပ်




ပါဝင်သောပစ္စည်းများ

ငါးရှဉ့် ၅၀သား၊ ကြက်သွန်ဖြူ ၂ဥ၊ ကြက်သွန်နီ ၃လုံး၊ ချင်း အနည်းငယ်၊ ကြက်သွန်မြိတ် ၄ပင်၊ ပန်းဂေါ်ဖီ သင့်တော်ရုံ၊ ငရုတ်သီးအပွ ခြောက် ၅တောင့်၊ ဆီ ၁၀ကျပ်သား၊ တရုတ်ပဲငံပြာရည်အနောက် သင့်တော်ရုံ၊ ဆား သင့်တော်ရုံ၊ ဟင်းခတ်မှုန့် သင့်တော်ရုံ၊ တရုတ်နံနံ ၂စည်း။


ပြင်ဆင်ပြုလုပ်ပုံ

ငါးရှဉ့်ကိုပြုတ်၍ အသားနွှာပါ။ ငရုတ်သီးအပွခြောက်ကိုရေစိမ်၍ အစေ့များဖယ်ထုတ်ပြီး ညက်ညက်ထောင်းပါ။ ၎င်းငရုတ်သီးကို ဆီသတ်ပါ။ အသားနွှာထားသော ငါ့ရှဉ့်ပြုတ်ထည့်ပြီး အကြွပ်ကြော်ထားပါ။ 


ကြက်သွန်ဖြူ၊ ချင်းတို့ကို ဓားပြားရိုက်ပါ။ ကြက်သွန်နီကို ရှစ်စိပ်စိပ်ထားပါ။ ကြက်သွန်မြိတ်ကို ၂လက်မအရှည်ကလေးများ ဖြတ်ထားပါ။ ပန်းဂေါ်ဖီကို အပွင့်ခြွေပြီးေရေစင်အောင်ဆေးထားပါ။


ပြုလုပ်မည့် ဒယ်အိုးတွင် ဆီအနည်းငယ်ထည့်၍ ကြက်သွန်ဖြူ/နီ၊ ဂျင်းတို့ကို ဆီသတ်ပါ။ ပြီးလျှင် ပြုပြင်ထားသော ဟင်းသီးဟင်းရွက်၊ ဆား၊ ဟင်းခတ်မှုန့်၊ တရုတ်ပဲငံပြာရည်အနောက်တို့ကို လိုအပ်သလိုထည့်၍သုံးပါ။


စားမည့်ပန်းကန်တွင် ကြော်ထားသော ငါး့ရှဉ့်ကိုထည့်၍ ၎င်း၏အပေါ်မှ လုံးထားသော အထက်ပါ ဟင်းသီးဟင်းရွက်တို့ကိုလောင်းထည့် တင်ပေးပါ။ 


အားလုံး၏အပေါ်မှ တရုတ်နံနံကိုခြွေ၍ ဖြန့်ထည့်ပြီး သုံးဆောင်နိုင်ပါသည်။


ငါးခေါင်းဟင်းချို




ငါးခေါင်း (ငါးမြင်း သို့မဟုတ် ငါးဒန် သို့မဟုတ် ငါးရံ့) ၃ခေါင်း၊ ပဲပြား ၂တုံး၊ မျှစ်ချဉ် ၁၀သား၊ ကြက်သွန်နီ ၃လုံး၊ ကြက်သွန်ဖြူ ၃ ဥ၊ ချင်း အနည်းငယ်၊ စပါးလင် ၃ပင်၊ မှိုခြောက်၊ ကြွက်နားရွက်ခြောက် ၁၀သား၊ တရုတ်ပဲငံပြာရည်အကြည် သင့်တော်ရုံ၊ ငုံးဥ ၃လုံး၊ ငါးဖယ် ၁၀သား၊ ရှောက်ရည် သို့မဟုတ် ဗီနီဂါ သင့်တော်ရုံ၊ ဆား သင့်တော်ရုံ၊ ဟင်းခတ်မှုန့် သင့်တော်ရုံ၊ ကြက်သွန်မြိတ် ၃ပင်၊ ငရုတ်ကောင်းမှုန့် သင့်တော်ရုံ၊ ဆီ ၁၀ကျပ်သား၊ အရိုးပြုတ်ရည် သို့မဟုတ် ရေ ၅၀သား။


ပြင်ဆင်ချက်ပြုတ်ပုံ

ငါးခေါင်းကို တစ်လက်မပတ်လည် အတုံးများတုံးပါ။ ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို ဓားပြားရိုက်ထားပါ။ ငရုတ်သီးကို ညက်အောင်ထောင်း ထားပါ။ ကြက်သွန်နီကို လေးထောင့် သို့မဟုတ် အဝိုင်းပြားကလေးများလှီးထားပါ။ ပဲပြားကို လက်မဝက် လေးထောင့်အတုံးကလေးများ တုံးထားပါ။ စပါးလင်နှင့် ကြက်သွန်မြိတ်တို့ကို တစ်လက်မအချောင်းကလေးများလှီးဖြတ်ထားပါ။ မျှစ်ချဉ်ကို တစ်လက်မပတ်လည် အစောင်းလှီးထားပါ။ မှိုခြောက်၊ ကြွက်နားရွက်တို့ကိုေရေစိမ်ထားပါ။


ချက်ပြုတ်မည့်အိုးတွင် ကြက်သွန်ဖြူ/နီ၊ ချင်းတို့ကိုဆီသတ်ပါ။ ဆီကျက်ပါက ငရုတ်သီးထည့်ပြီး ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ တရုတ်ပဲငံပြာရည်တို့နှင့် နယ်ထားသော ငါးခေါင်းကိုထည့်၍ ဆီသတ်ပါ။ ခဏနေကပြင်ဆင်ထားသော ပဲပြား၊စပါးလင် စတဲ့အရာတွေကို ထည့်၍ လုံးပါ။ အရိုးပြုတ်ရည် သို့မဟုတ် ရေတို့ကို လိုအပ်သလိုထည့်ပြီး ဆူပွက်လာအောင်တည်ထားပါ။


ဆူပွက်လာပါက ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်တို့နှင့် ပြုတ်ထားသော ငုံးဥ၊ ငါးဖယ်တို့ကိုထည့်ပါ။ ပြီးလျှင် ရှောက်ရည် သို့မဟုတ် ဗီနီဂါရည်ထည့်ပါ။


အားလုံးထည့်ပြီးပါက အနည်းငယ် ဆူပွက်အောင်ထားပြီး ဟင်းအိုးချနိုင်ပါသည်။ စားသုံးမည်ဆိုပါက ကြက်သွန်မြိတ်ကို လက်တစ်ဆစ် ခန့်လှီးပြီး အပေါ်မှဖြူးပေးနိုင်ပါသည်။


(Zawgyi) 

 ပုစြန္အပြေၾကာ္ - ၀က္နံရိုးေၾကာ္ - ၀က္သားေပါင္း - ငါးရွဥ့္ေျခာက္စပ္ - ငါးေခါင္းဟင္းခ်ိဳ

တရုတ္အစားအစာကေတာ့ စားေနၾကဆိုေပမယ့္ ေဒသအလိုက္ တရုတ္လူမ်ိဳးစုမတူ ခ်က္ျပဳတ္ပံုကြဲၾကတာေၾကာင့္ အရသာကေတာ့ ျခားနားၾကပါတယ္။ ယူနန္ျပည္နယ္ဘက္က ေဆြမ်ိဳးေပါက္ေဖာ္မ်ားလက္ရာကေတာ့ ျမန္မာျပည္သားေတြအတြက္ အာေတြ႕ႏိုင္ဖို႔ မ်ားတယ္ ေျပာရမယ္။

ေအာက္မွာ ေ၀ငွမယ့္ ဟင္းလ်ာေတြကေတာ့ ကၽြန္ေတာ္ အျမဲတေစစားေနၾက ဟင္းအမယ္ေတြပါ။

ပုစြန္အပြေၾကာ္




ပါ၀င္ေသာပစၥည္းမ်ား

ပုစြန္ထုပ္ၾကီး ၂ ေကာင္၊ ၀ိေဆာ့ (Wheat Sauce) သင့္ေတာ့ရံု၊ ပြေဆး သင့္ေတာ္ရံု၊ ဆီ သင့္ေတာ္ရံု၊ သံပရာသီး တစ္လံုး၊ ဟင္းခတ္မႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္။

ျပင္ဆင္ျပဳလုပ္ပံု

ပုစြန္ကို ေခါင္းျဖဳတ္ အခြံခြာျပီး ေခ်းထုတ္၍ အသားမ်ားကို စင္ၾကယ္စြာ ေဆးေၾကာပါ။

ထို႔ေနာက္ လိုအပ္သလို အတံုးကေလးမ်ားတံုးထားပါ။ ျပီးလွ်င္ သံပရာသီး၊ ဆား၊ ဟင္းခတ္မႈန္႔၊ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္တို႔ျဖင့္ ေရာနယ္ထားပါ။ ထိုေရာနယ္ျပီးေသာ ပုစြန္အတံုးကေလးမ်ားကို ပြေဆးေဖာက္ထားေသာ Wheat Sauce တြင္ႏွစ္၍ ဆီမ်ားမ်ားျဖင့္ ေရႊ၀ါေရာင္သန္းလာသည္အထိ ေၾကာ္ပါ။ 

ေရႊ၀ါေရာင္သန္းလာပါက စားမည့္ပန္းကန္တြင္ လွပေသသပ္စြာ စီ၍ထည့္ျပီးေသာအခါ အာလူးအေခ်ာင္းေၾကာ္ သို႕မဟုတ္ ငါးမုန္႔ေၾကာ္ တို႔ကို ရံထည့္ကာ ဧည့္သည္အား ဧည့္ခံႏိုင္ပါသည္။


၀ိေဆာ့ (Wheat Sauce) ျပဳလုပ္ပံု




ပါ၀င္ေသာပစၥည္းမ်ား

ဂ်ံဳမႈန္႔၊ ၾကက္ဥ၊ ငရုတ္ေကာင္းမႈန္႔၊ ဆား၊ ဟင္းခတ္မႈန္႔၊ ေရအနည္းငယ္။

ျပဳလုပ္နည္း

ၾကက္ဥကို ခြက္တစ္ခြက္တြင္ ေဖာက္ထည့္၍ သမေအာင္ေမႊပါ။ ၾကက္ဥ အႏွစ္အကာ သမျပီဆိုပါက ဆန္ကာခ်ထားေသာ ဂ်ံဳမႈန္႔ကိုထည့္၍ သမေအာင္ေမႊပါ။

အပ်စ္အက်ဲကို လိုအပ္သလိုၾကည့္ျပီး ဆား၊ ဟင္းခတ္မႈန္႔၊ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္စီ ထည့္ေပးႏိုင္ပါသည္။ ၀ိေဆာ့အား အသား၊ ငါးမ်ားကို ႏွစ္၍လည္းေကာင္း၊ လူး၍လည္းေကာင္း ေၾကာ္ရာတြင္ အသံုးျပဳပါသည္။

၀က္နံရိုးေၾကာ္




ပါ၀င္ေသာပစၥည္းမ်ား

၀က္နံရိုး ၃၀က်ပ္သား၊ ၾကက္ဥ ၂လံုး၊ ၾကက္သြန္နီ ၁လံုး၊ ၾကက္သြန္ျဖဴ ၁ဥ၊ တရုတ္မဆလာ သင့္ေတာ္ရံု၊ ဆား အနည္းငယ္၊ ဟင္းခတ္မႈန္႔ အနည္းငယ္၊ ခ်င္း(ဂ်င္း) အနည္းငယ္၊ ဂ်ံဳမႈန္႔ အနည္းငယ္၊ ေကာ္မႈန္႔ အနည္းငယ္၊ ခရမ္းခ်ဥ္သီး ၁လံုး၊ သခြားသီး ၁လံုး၊ ဆီ ၂၀က်ပ္သား၊ နံနံပင္ သင့္ေတာ္ရံု။

ျပင္ဆင္ျပဳလုပ္ပံု

၀က္နံရိုးကို ေရစင္ေအာင္ေဆးျပီး တစ္လက္မခန္႔ အတံုးကေလးမ်ား တံုးထားပါ။ ျပီးလွ်င္ ဆား၊ ဟင္းခတ္မႈန္႔တို႔ျဖင့္ ႏွံ႔စပ္ေအာင္နယ္၍ မိနစ္ ၂၀ခန္႔ ေပါင္းထားပါ။

ၾကက္သြန္ျဖဴ၊ခ်င္း(ဂ်င္း)တို႔ကို ညက္ေအာင္ေထာင္းထားပါ။ ၾကက္သြန္နီကို ႏုပ္ႏုပ္စင္းထားပါ။ ၄င္းတို႔ကို တရုတ္မဆလာ၊ ဂ်ံဳမႈန္႔၊ ေကာ္မႈန္႔၊ ဆား၊ ဟင္းခတ္မႈန္႔၊ ၾကက္ဥတို႔ႏွင့္ သမေအာင္နယ္ထားပါ။

နံနံပင္ကို သန္႔စင္ေအာင္ ေရစင္စင္ေဆးပါ။ ခရမ္းခ်ဥ္သီးႏွင့္ သခြားသီးတို႔ကို ပန္းပြင့္ပံုေဖာ္ျပီး လွီးထားပါ။ 

ေပါင္းထားေသာ ၀က္နံရိုးတံုးမ်ားကို သမေအာင္နယ္ထားေသာ အႏွစ္ထဲသို႔ႏွစ္၍ နီညိဳေရာင္ရသည္အထိေၾကာ္ပါ။

ေၾကာ္ျပီးသြားေသာအခါ စားမည့္ပန္းကန္ထဲတြင္ ထည့္ပါ။

ပန္းပြင့္ပံုလွီးထားေသာ သခြားသီး၊ ခရမ္းခ်ဥ္သီး၊ နံနံပင္တို႔ကိုရံျပီး အလွဆင္လိုက္ပါ။


၀က္သားေပါင္း




ပါ၀င္ေသာပစၥည္းမ်ား

၀က္သား (သံုးထပ္သား) ၅၀က်ပ္သား၊ ၾကက္သြန္ျဖဴ ၁ဥ၊ ပဲျပားလိပ္ သင့္ေတာရံု၊ မႈိေျခာက္ သင့္ေတာ္ရံု၊ ခ်င္း သင့္ေတာ္ရံု၊ ခ်င္း သင့္ေတာ္ရံု၊ ဆီ ၁၀သား၊ ဆား သင့္ေတာ္ရံု၊ သၾကား သင့္ေတာ္ရံု၊ ဟင္းခတ္မႈန္႔ သင့္ေတာ္ရံု၊ တရုတ္ပဲငံျပာရည္အေနာက္ သင့္ေတာရံု၊ ၾကံမဆိုင္ ၁စည္း။

ျပင္ဆင္ျပဳလုပ္ပံု

၀က္သားကို ၾကက္သြန္ျဖဴ၊ ဂ်င္းတို႔ အနည္းငယ္ထည့္၍ျပဳတ္ပါ။ ၄င္းေနာက္ ဒယ္အိုးတစ္ခုတြင္ ဆီအနည္းငယ္ထည့္ျပီး ၾကက္သြန္ျဖဴကို ဆီသတ္၍ ၄င္း၀က္သားကို အေရာင္ရရံုေၾကာ္ပါ။

အေရာင္ရလွ်င္ ၄င္း၀က္သားကို ေပါင္းခြက္အတြင္းထည့္ပါ။ ၄င္းအေပၚမွ ပဲျပားလိပ္၊ မႈိေျခာက္တို႔ကိုတင္၍ ၾကက္သြန္ျဖဴဆီသတ္ထား ေသာဆီကိုပါ ေလာင္းခ်ပါ။

ျပီးလွ်င္ ဟင္းခတ္မႈန္႔၊ သၾကား၊ တရုတ္ပဲငံျပာရည္အေနာက္တို႔ကို အေပၚမွေလာင္း၍ ၾကံမဆိုင္ကိုတင္ျပီး ႏူးေအာင္ေပါင္းကာ ပန္းကန္တြင္ထည့္လ်က္ သံုးေဆာင္ႏိုင္ပါသည္။

ၾကံမဆိုင္အစား မုန္ညင္းျဖဴကိုလည္း ထည့္ေပါင္းႏိုင္ပါသည္။

ငါးရွဥ့္ေျခာက္စပ္




ပါ၀င္ေသာပစၥည္းမ်ား

ငါးရွဥ့္ ၅၀သား၊ ၾကက္သြန္ျဖဴ ၂ဥ၊ ၾကက္သြန္နီ ၃လံုး၊ ခ်င္း အနည္းငယ္၊ ၾကက္သြန္ျမိတ္ ၄ပင္၊ ပန္းေဂၚဖီ သင့္ေတာ္ရံု၊ ငရုတ္သီးအပြ ေျခာက္ ၅ေတာင့္၊ ဆီ ၁၀က်ပ္သား၊ တရုတ္ပဲငံျပာရည္အေနာက္ သင့္ေတာ္ရံု၊ ဆား သင့္ေတာ္ရံု၊ ဟင္းခတ္မႈန္႔ သင့္ေတာ္ရံု၊ တရုတ္နံနံ ၂စည္း။

ျပင္ဆင္ျပဳလုပ္ပံု

ငါးရွဥ့္ကိုျပဳတ္၍ အသားႏႊာပါ။ ငရုတ္သီးအပြေျခာက္ကိုေရစိမ္၍ အေစ့မ်ားဖယ္ထုတ္ျပီး ညက္ညက္ေထာင္းပါ။ ၄င္းငရုတ္သီးကို ဆီသတ္ပါ။ အသားႏႊာထားေသာ ငါ့ရွဥ့္ျပဳတ္ထည့္ျပီး အၾကြပ္ေၾကာ္ထားပါ။ 

ၾကက္သြန္ျဖဴ၊ ခ်င္းတို႔ကို ဓားျပားရိုက္ပါ။ ၾကက္သြန္နီကို ရွစ္စိပ္စိပ္ထားပါ။ ၾကက္သြန္ျမိတ္ကို ၂လက္မအရွည္ကေလးမ်ား ျဖတ္ထားပါ။ ပန္းေဂၚဖီကို အပြင့္ေျခြျပီး ေရစင္ေအာင္ေဆးထားပါ။

ျပဳလုပ္မည့္ ဒယ္အိုးတြင္ ဆီအနည္းငယ္ထည့္၍ ၾကက္သြန္ျဖဴ/နီ၊ ဂ်င္းတို႔ကို ဆီသတ္ပါ။ ျပီးလွ်င္ ျပဳျပင္ထားေသာ ဟင္းသီးဟင္းရြက္၊ ဆား၊ ဟင္းခတ္မႈန္႔၊ တရုတ္ပဲငံျပာရည္အေနာက္တို႔ကို လိုအပ္သလိုထည့္၍သံုးပါ။

စားမည့္ပန္းကန္တြင္ ေၾကာ္ထားေသာ ငါး့ရွဥ့္ကိုထည့္၍ ၄င္း၏အေပၚမွ လံုးထားေသာ အထက္ပါ ဟင္းသီးဟင္းရြက္တို႔ကိုေလာင္းထည့္ တင္ေပးပါ။ 

အားလံုး၏အေပၚမွ တရုတ္နံနံကိုေျခြ၍ ျဖန္႔ထည့္ျပီး သံုးေဆာင္ႏိုင္ပါသည္။


ငါးေခါင္းဟင္းခ်ိဳ



ငါးေခါင္း (ငါးျမင္း သို႔မဟုတ္ ငါးဒန္ သို႔မဟုတ္ ငါးရံ႕) ၃ေခါင္း၊ ပဲျပား ၂တံုး၊ မွ်စ္ခ်ဥ္ ၁၀သား၊ ၾကက္သြန္နီ ၃လံုး၊ ၾကက္သြန္ျဖဴ ၃ ဥ၊ ခ်င္း အနည္းငယ္၊ စပါးလင္ ၃ပင္၊ မႈိေျခာက္၊ ၾကြက္နားရြက္ေျခာက္ ၁၀သား၊ တရုတ္ပဲငံျပာရည္အၾကည္ သင့္ေတာ္ရံု၊ ငံုးဥ ၃လံုး၊ ငါးဖယ္ ၁၀သား၊ ေရွာက္ရည္ သို႕မဟုတ္ ဗီနီဂါ သင့္ေတာ္ရံု၊ ဆား သင့္ေတာ္ရံု၊ ဟင္းခတ္မႈန္႔ သင့္ေတာ္ရံု၊ ၾကက္သြန္ျမိတ္ ၃ပင္၊ ငရုတ္ေကာင္းမႈန္႔ သင့္ေတာ္ရံု၊ ဆီ ၁၀က်ပ္သား၊ အရိုးျပဳတ္ရည္ သို႕မဟုတ္ ေရ ၅၀သား။

ျပင္ဆင္ခ်က္ျပဳတ္ပံု

ငါးေခါင္းကို တစ္လက္မပတ္လည္ အတံုးမ်ားတံုးပါ။ ၾကက္သြန္ျဖဴႏွင့္ ဂ်င္းတို႔ကို ဓားျပားရိုက္ထားပါ။ ငရုတ္သီးကို ညက္ေအာင္ေထာင္း ထားပါ။ ၾကက္သြန္နီကို ေလးေထာင့္ သို႕မဟုတ္ အ၀ိုင္းျပားကေလးမ်ားလွီးထားပါ။ ပဲျပားကို လက္မ၀က္ ေလးေထာင့္အတံုးကေလးမ်ား တံုးထားပါ။ စပါးလင္ႏွင့္ ၾကက္သြန္ျမိတ္တို႔ကို တစ္လက္မအေခ်ာင္းကေလးမ်ားလွွီးျဖတ္ထားပါ။ မွ်စ္ခ်ဥ္ကို တစ္လက္မပတ္လည္ အေစာင္းလွီးထားပါ။ မႈိေျခာက္၊ ၾကြက္နားရြက္တို႔ကို ေရစိမ္ထားပါ။

ခ်က္ျပဳတ္မည့္အိုးတြင္ ၾကက္သြန္ျဖဴ/နီ၊ ခ်င္းတို႔ကိုဆီသတ္ပါ။ ဆီက်က္ပါက ငရုတ္သီးထည့္ျပီး ဆား၊ ဟင္းခတ္မႈန္႔၊ ငရုတ္ေကာင္းမႈန္႔၊ တရုတ္ပဲငံျပာရည္တို႔ႏွင့္ နယ္ထားေသာ ငါးေခါင္းကိုထည့္၍ ဆီသတ္ပါ။ ခဏေနကျပင္ဆင္ထားေသာ ပဲျပား၊စပါးလင္ စတဲ့အရာေတြကို ထည့္၍ လံုးပါ။ အရိုးျပဳတ္ရည္ သို႕မဟုတ္ ေရတို႔ကို လိုအပ္သလိုထည့္ျပီး ဆူပြက္လာေအာင္တည္ထားပါ။

ဆူပြက္လာပါက ဆား၊ ဟင္းခတ္မႈန္႔၊ ငရုတ္ေကာင္းမႈန္႔တို႔ႏွင့္ ျပဳတ္ထားေသာ ငံုးဥ၊ ငါးဖယ္တို႔ကိုထည့္ပါ။ ျပီးလွ်င္ ေရွာက္ရည္ သို႕မဟုတ္ ဗီနီဂါရည္ထည့္ပါ။

အားလံုးထည့္ျပီးပါက အနည္းငယ္ ဆူပြက္ေအာင္ထားျပီး ဟင္းအိုးခ်ႏိုင္ပါသည္။ စားသံုးမည္ဆိုပါက ၾကက္သြန္ျမိတ္ကို လက္တစ္ဆစ္ ခန္႔လွီးျပီး အေပၚမွျဖဴးေပးႏိုင္ပါသည္။

No comments: