Saturday, March 13, 2021

ကျောင်းသား/သူ များအတွက် Google သုံးနည်း လမ်းညွှန်

ကျောင်းသား/သူ များအတွက် Google သုံးနည်း လမ်းညွှန်




(အင်တာနက်သုံးပြီး ကိုယ့်အတွက် အကျိုးရှိအောင် ဘယ်လိုလုပ်မလဲ သတိပြုမိအောင် Google Searching ဘယ်လိုလုပ်ရင်ရတယ်ဆိုတာ ထပ်ဆင့် ဝေငှလိုက်ပါတယ်။) 


ပြည်တွင်းရှိ ကျောင်းသား/သူ များအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။ သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ 


မိမိရှာဖွေလိုသည့် အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့် အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ 


ယင်းကဲ့သို့ အခြေအနေများရှိသည့် အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။


#Google Web Search (Tips and Tricks)

၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။ 

ဥပမာ ။ ။ electronics filetype:PDF


၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက " - " ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။ 

ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)


၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။ 

ဥပမာ။ Drone OR UAV


၄။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက ‘Define’ ကို အသုံးပြုနိုင်မည် ဖြစ်သည်။

ဥပမာ။ define Drone


၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

ဥပမာ။ electroni*s


၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

ဥပမာ။ "I am student"


၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။

ဥပမာ။ y=x^2+6x+9


၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။


၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။ 

ဥပမာ။ cache:easydevboards.com


#Advanced Google Web Search

ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။


• စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။


• အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။


• မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။


•comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။ 


• သို့သော် အချို့သော C#, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့် # သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။


ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။


#ရှာဖွေမှုရလဒ်များ

တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင် Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကို ရွေးချယ်နိုင်ပါသည်။


ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။


#Advanced Searching

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။


၁။ Advanced Search page

ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည်ြဖြစ်ပါသည်။


၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။


#စာအုပ်များ ရှာဖွေခြင်း

မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။

https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။


နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင် "https://books.google.com/books?isbn=_______" ဟု ဖော်ပြထားမည် ဖြစ်သည်။ 


ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN)ြဖြစ်သည်။


အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။

ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။


စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည် ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။


Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။


#PhoneYanSoeMoe #Google

#Students #Programming

#SouthTech #Bagyi


(Zawgyi)

 ေက်ာင္းသား/သူ မ်ားအတြက္ Google သုံးနည္း လမ္းညႊန္




(အင္တာနက္သုံးၿပီး ကိုယ့္အတြက္ အက်ိဳးရွိေအာင္ ဘယ္လိုလုပ္မလဲ သတိျပဳမိေအာင္ Google Searching ဘယ္လိုလုပ္ရင္ရတယ္ဆိုတာ ထပ္ဆင့္ ေဝငွလိုက္ပါတယ္။) 


ျပည္တြင္းရွိ ေက်ာင္းသား/သူ မ်ားအတြက္ Google သည္ မရွိမျဖစ္ အရာတစ္ခုဟုသာ အဓိပၸာယ္ ဖြင့္ဆိုရမည္ ျဖစ္သည္။ သို့ေသာ္လည္း ေက်ာင္းသားအမ်ားစုက မည္သို့အသုံးျပဳရမည္ကို ေသခ်ာစြာ သိရွိျခင္း မရွိေသးေပ။ 


မိမိရွာေဖြလိုသည့္ အေၾကာင္းအရာ၊ အခ်က္အလက္မ်ားကို တိက်စြာရွာေဖြျခင္း၊ သိမ္းဆည္းမွတ္တမ္းတင္ျခင္းတို့ကို ေသခ်ာစြာ မသိရွိျခင္းေၾကာင့္ အခ်ိန္ကုန္၊ လူပင္ပန္း၊ ေငြကုန္ေၾကးက် မ်ားရသည့္ အျဖစ္မ်ိဳးႏွင့္လည္း ၾကဳံေနရသည္။ 


ယင္းကဲ့သို့ အေျခအေနမ်ားရွိသည့္ အတြက္ ျပည္တြင္းရွိ ေက်ာင္းသားတိုင္းအတြက္ Google အသုံးျပဳနည္း လမ္းညႊန္အေနႏွင့္ အခ်က္အလက္မ်ား ရွာေဖြျခင္း၊ သိမ္းဆည္းမွတ္တမ္းတင္ျခင္းတို့ အတြက္ နည္းလမ္းမ်ားကို စုစည္းေဖာ္ျပေပးအပ္ပါသည္။


#Google Web Search (Tips and Tricks)

၁။ စာအုပ္တစ္အုပ္ကို pdf file format ႏွင့္ ရွာေဖြလိုပါက filetype:pdf ဟု ထည့္သြင္းေရးသားၿပီး ရွာေဖြနိုင္မည္ ျဖစ္သည္။ 

ဥပမာ ။ ။ electronics filetype:PDF


၂။ အခ်ိဳ့စကားလုံးမ်ားကို မိမိရွာေဖြသည့္ အေျဖရလဒ္အတြင္း ထည့္သြင္းမေဖာ္ျပေစလိုပါက " - " ( အႏုတ္လကၡဏာ) ခံၿပီး ရွာေဖြနိုင္မည္ ျဖစ္သည္။ 

ဥပမာ။ restaurant -japan (Japan စားေသာက္ဆိုင္မရွာရန္ လုပ္ေဆာင္ျခင္း ျဖစ္သည္။)


၃။ တစ္မ်ိဳးမဟုတ္တစ္မ်ိဳး တစ္ခုခုကို ရွာေဖြမွုရလဒ္မွာ ထည့္သြင္းေဖာ္ျပေစလိုပါက ‘OR’ ခံၿပီး ရွာေဖြနိုင္မည္ ျဖစ္သည္။ 

ဥပမာ။ Drone OR UAV


၄။ Google တြင္ အဂၤလိပ္ဘာသာမွ အဂၤလိပ္ဘာသာ အဓိပၸာယ္ ဖြင့္ဆိုခ်က္ကို ရွာေဖြလိုပါက ‘Define’ ကို အသုံးျပဳနိုင္မည္ ျဖစ္သည္။

ဥပမာ။ define Drone


၅။ ကိုယ္ရွာေဖြလိုတဲ့ အေၾကာင္းအရာရဲ့ စာလုံးေပါင္းကို မသိဘူးဆိုရင္ "*" ကို အသုံးျပဳၿပီး ရွာေဖြနိုင္မည္ ျဖစ္သည္။

ဥပမာ။ electroni*s


၆။ ရွာေဖြမွုရလဒ္မွာ ကိုယ္ရွာခ်င္တာကို ေရးထားတဲ့အတိုင္း အတိအက်ရွာေဖြဖို့အတြက္ ဆိုရင္ေတာ့ " " ကို အသုံးျပဳၿပီး ရွာေဖြနိုင္မည္ ျဖစ္သည္။

ဥပမာ။ "I am student"


၇။ Google မွာ Graph ေရးဆြဲလိုပါက ကိုယ္ေရးဆြဲမည့္ Graph ၏ ညီမၽွျခင္းကို ရိုက္ထည့္ၿပီး လုပ္ေဆာင္နိုင္မွာ ျဖစ္သည္။

ဥပမာ။ y=x^2+6x+9


၈။ Website တစ္ခုကေန မိမိရွာေဖြလိုတာကို Google အသုံးျပဳၿပီး ရွာေဖြဖို့ဆိုရင္ site:easy devboards.com Bluetooth ဟု ရိုက္ထည့္ၿပီး ရွာေဖြနိုင္မည္ ျဖစ္သည္။


၉။ အင္တာနက္ ဆက္သြယ္မွု မရွိစဥ္ ယခင္ရွာေဖြထားသည့္ ရွိၿပီး Cache မ်ားကို ျပန္လည္ၾကည့္ရွုလိုပါက cache: ကို ခံၿပီးရွာေဖြနိုင္မည္ ျဖစ္ပါသည္။ 

ဥပမာ။ cache:easydevboards.com


#Advanced Google Web Search

ရွာေဖြျခင္းႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ား ေနာက္ထပ္မံၿပီး Webpage မ်ားတြင္ ရွာေဖြျခင္းႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ားကို သိရွိထားရန္ လိုအပ္ေပသည္။


• စကားလုံးတိုင္းသည္ ရွာေဖြမွုတိုင္းတြင္ အေရးပါသည္ကို သတိျပဳပါ။ who, the who, a who သုံးမ်ိဳးကို ရွာေဖြၾကည့္ပါက ရွာေဖြမွုရလဒ္ မတူညီသည္ကို ေတြ႕ျမင္ရမည္ ျဖစ္ပါသည္။


• အေၾကာင္းအရာမ်ားကို ရွာေဖြရာတြင္ စကားလုံး ေရွ႕ေနာက္အထားအသိုသည္လည္း မွန္ကန္ရန္ လိုအပ္ပါသည္။ ဥပမာအားျဖင့္ blue sky, sky blue အထားအသို ႏွစ္ခုအေပၚတြင္ ရွာေဖြမွုရလဒ္ မတူညီသည္ကို ေတြ႕ျမင္နိုင္မည္ ျဖစ္သည္။


• မိမိရွာေဖြလိုသည့္ စကားလုံးမ်ားကို စာလုံးအႀကီးျဖင့္ျဖစ္ေစ၊ စာလုံးအေသးျဖင့္ျဖစ္ေစ ေရးသားနိုင္ပါသည္။ ရလဒ္ကြဲျပားမွု မရွိနိုင္ပါ။


•comma (,) ကဲ့သို့ေသာ စာလုံးမ်ားကို မည္သို့ပင္ ထည့္သြင္းေစကာမူ အေရးမႀကီးလွေပ။ 


• သို့ေသာ္ အခ်ိဳ့ေသာ C#, C++, Google+ စသည္ျဖင့္ Programming language အမည္မ်ား ေနာက္တြင္ တြဲလ်က္ပါသည့္ # သို့မဟုတ္ + စသည္တို့မွာ အေရးပါသည္ကို သတိျပဳရန္ လိုအပ္ေပသည္။


ရံဖန္ရံခါ မိမိရွာေဖြသည့္ အခ်က္အလက္မ်ားကို မေတြ႕ဘဲ လည္ေနျခင္းမ်ိဳး ၾကဳံလာပါက Keyword လြဲမွားျခင္းေၾကာင့္ ျဖစ္နိုင္ပါသည္။ Keyword ကို ေျပာင္းလဲရွာေဖြ ၾကည့္နိုင္ပါသည္။


#ရွာေဖြမွုရလဒ္မ်ား

တစ္စုံတစ္ခုကို ရွာေဖြမည္ဆိုပါက ေၾကာ္ျငာမ်ားကိုလည္း ရလဒ္မ်ားတြင္ ထည့္သြင္းေဖာ္ျပထားသည္ကို ေတြ႕ျမင္ရမည္ ျဖစ္သည္။ အဓိက မိမိရွာေဖြသည့္ ရလဒ္အေျဖကိုသာ တိုက္ရိုက္ဖတ္ရွုဖို့ လိုအပ္မည္ ျဖစ္ပါသည္။ Search Bar ၏ ေအာက္ဘက္ရွိ Filter တြင္ Web, image, maps, shopping စသည္ျဖင့္ မိမိလိုအပ္သည့္အရာကို ေရြးခ်ယ္နိုင္ပါသည္။ ပုံမ်ားကိုသာ ရွာေဖြလိုပါက image ကို ေရြးခ်ယ္နိုင္ပါသည္။


ရွာေဖြသည့္ စကားလုံးကလည္း အတိအက်ရွိမည္၊ Google ဘက္ကလည္း ရလဒ္ရွိမည္ ဆိုပါက Knowledge အေနႏွင့္ ေဘးဘက္တြင္ သီးျခားျပသထားျခင္းမ်ိဳးလည္း ရွိပါသည္။ အထူးသျဖင့္ ေနရာမ်ားကို ရွာေဖြရာတြင္ သီးျခားျပသမွုမ်ားကို ျမင္ေတြ႕ဖတ္ရွုနိုင္မည္ ျဖစ္ပါသည္။


#Advanced Searching

Advanced Searching ကို နည္းလမ္းႏွစ္မ်ိဳးျဖင့္ အသုံးျပဳနိုင္မည္ ျဖစ္သည္။


၁။ Advanced Search page

ဒီေနရာမွာ ပုံေတြကို ရွာေဖြဖို့ လိုအပ္တယ္ ဆိုရင္ေတာ့ https://www.google.com/advanced_image_search တြင္ ရွာေဖြနိုင္မည္ ျဖစ္ၿပီး၊ Website ေတြကို ရွာေဖြဖို့ လိုအပ္တယ္ ဆိုရင္ေတာ့ https://www.google.com/advanced_search တြင္ ရွာေဖြနိုင္မည္ျျဖစ္ပါသည္။


၂။ ဒုတိယ နည္းလမ္းတစ္ခု အေနႏွင့္ Operator မ်ားကို အသုံးျပဳၿပီးလည္း ရွာေဖြနိုင္မည္ ျဖစ္ပါသည္။ Operator List မ်ားကို https://support.google.com/websearch/answer/2466433 ဤလင့္ခ္တြင္ ၾကည့္ရွုနိုင္မည္ ျဖစ္ၿပီး Operator မ်ား အေၾကာင္းကို အထက္တြင္ Tips and Tricks အေနႏွင့္ ေဖာ္ျပၿပီး ျဖစ္ပါသည္။


#စာအုပ္မ်ား ရွာေဖြျခင္း

မိမိဖတ္ရွုလိုတဲ့ စာအုပ္ေတြကို ရွာေဖြမည္ ဆိုပါက Google Book မွတစ္ဆင့္ ရွာေဖြပါက အဆင္ေျပနိုင္မည္ ျဖစ္ပါသည္။ ယင္းအျပင္ Google Book တြင္ စာအုပ္တစ္အုပ္လုံးကို မဟုတ္ေသာ္လည္း အခ်ိဳ့အစိတ္အပိုင္းမ်ားကို နမူနာဖတ္ရွုခြင့္ ေပးထားသည့္အတြက္ စာအုပ္ရွာေဖြ ေဒါင္းလုပ္ရယူမည့္သူမ်ား အတြက္ အထူးပင္ အဆင္ေျပေစနိုင္မည္ ျဖစ္ပါသည္။

https://books.google.com/ တြင္ စာအုပ္မ်ားကို ရွာေဖြနိုင္မည္ ျဖစ္ပါသည္။


နမူနာအေနႏွင့္ Wireless Communication ႏွင့္ ပတ္သက္သည့္ စာအုပ္စာတန္းမ်ား ရွာေဖြလိုပါက အထက္ပါလင့္ခ္တြင္ Wireless Communication ဟု ရိုက္ထည့္ၿပီး ရွာေဖြပါက စာအုပ္စာတမ္းမ်ား က်လာမည္ ျဖစ္သည္။ ယင္းစာအုပ္မ်ား၏ လင့္ခ္တြင္ "https://books.google.com/books?isbn=_______" ဟု ေဖာ္ျပထားမည္ ျဖစ္သည္။ 


ယင္းကြက္လပ္ေနရာတြင္ ဂဏန္းမ်ားပါရွိမည္ ျဖစ္ၿပီး ယင္းနံပါတ္မ်ားသည္ အျပည္ျပည္ဆိုင္ရာသုံး စာအုပ္နံပါတ္ (ISBN)ျျဖစ္သည္။


အကယ္၍ မိတ္ေဆြ၊ သူငယ္ခ်င္းမ်ားက စာအုပ္တစ္အုပ္ကို ညႊန္းပါက ISBN ကို ကြက္လပ္ေနရာမွာ ရိုက္ထည့္ၿပီး အလြယ္တကူ ရွာေဖြနိုင္မည္ ျဖစ္ပါသည္။

ISBNနံပါတ္ေတြကို စာအုပ္ေတြရဲ့ ေရွ႕ဆုံးစာ မ်က္ႏွာမွာလည္း ေတြ႕ျမင္နိုင္မည္ ျဖစ္ပါသည္။


စာအုပ္မ်ားကို ဖတ္ရွုၿပီးပါကလည္း စာအုပ္ကို မိမိ Library တြင္ သိမ္းဆည္းထားနိုင္မည္ ျဖစ္သည္။ Google Account လိုအပ္မည္ ျဖစ္ေသာ္လည္း ေက်ာင္းသားအမ်ားစုက gmail အသုံးျပဳတာေၾကာင့္ Google Account ရွိၿပီး ျဖစ္ေပလိမ့္မည္။


Library အတြင္း သိမ္းဆည္းထားျခင္းျဖင့္ မိမိဖတ္ရွုၿပီး စာအုပ္မ်ားကို မွတ္သားထားနိုင္ၿပီး ဖတ္ရွုရန္ လိုအပ္သည့္ စာအုပ္မ်ားကိုလည္း အလြယ္တကူ ၾကည့္ရွုနိုင္မည္ ျဖစ္ပါသည္။


#PhoneYanSoeMoe #Google

#Students #Programming

#SouthTech #Bagyi

No comments: