R2P (Responsibility to Protect) ဆိုတာ !!!
#R2P
#Responsibility_to_Protect
#ဗဟုသုတ
(တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန် ဆိုတဲ့အခြေအနေမှာ ပြည်သူတွေကြား လူပြောများ၊ အကြားရများတဲ့ R2P အကြောင်း ဗဟုသုတရရန် ပြန်လည်ဝေငှပါမယ်။ ဘယ်လိုအဓိပ္ပါယ်၊ ဘယ်လိုမျိုးလဲ ၊ ဘယ်လိုအရေးယူခဲ့တဲ့ကိစ္စတွေရှိသလဲဆိုတာ အသေးစိတ် လေ့လာချင်ရင်တော့ အောက်ဆုံးမှာ Webpage Links တွေပေးထားပါတယ် ခင်ဗျ။)
R2P (Responsibility to Protect) အကြောင်း သိကောင်းစရာ
* R2P (Responsibility to Protect) ဆိုတာ ဘာလဲ
အကာအကွယ်ပေးရန် တာဝန်ရှိမှုလို့ အဓိပ္ပာယ်ပြန်နိုင်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူမျိုးစုသုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ကမ္ဘာ့ထိပ်သီးအစည်းအဝေးကနေ ချမှတ်ခဲ့တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မူဝါဒဖြစ်ပါတယ်။
R2P ဟာ နိုင်ငံတကာဥပဒေတခုမဟုတ်ပါဘူး။ နိုင်ငံတကာစာချုပ်တခုလဲ မဟုတ်တဲ့အတွက် မဖြစ်မနေ လုပ်ဆောင်ရမဲ့ ဥပဒေစည်းနှောင်မှုမျိုးလဲ မရှိပါဘူး။ အရပ်သားပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန် တာတွေမဖြစ်အောင် ဝိုင်းဝန်းကာကွယ်ပေးဖို့ သဘောတူထားတဲ့ နိုင်ငံရေးမူတခုဘဲဖြစ်ပါတယ်။
* ဘယ်လိုကျူးလွန်မှုတွေကိုဆို R2P နဲ့ အကြုံးဝင်သလဲ။
နိုင်ငံတနိုင်ငံမှာရှိတဲ့ ပြည်သူတွေကို အောက်ပါ ရာဇဝတ်မှု (၄) မျိုးကျူးလွန်နေတာကနေ မကာကွယ် ပေးနိုင်ရင် R2P နဲ့ အကြုံးဝင်ပါပြီ။
(၁) လူမျိုးတုံးသတ်ဖြတ်မှု (Genocides) - လူမျိုး၊ သာဘာဝင်တခုကို ဦးတည်ကျူးလွန်တာ
(၂) စစ်ရာဇဝတ်မှု (War Crimes) - စစ်ပွဲကာလအတွင်း ကျူးလွန်တာ
(၃) လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ( Crime Against Humanity) အရပ်သားများအပေါ် ဆိုးဆိုးဝါးဝါးကျူးလွန်တာနဲ့
(၄) လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင် သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှု (Ethnic Cleansing) လူမျိုးစုတစုကို ဦးတည်ကျူးလွန်တာ တို့ဖြစ်ပါတယ်။
* ဘာကြောင့် R2P အယူအဆပေါ်လာတာလဲ။
၁၉၉၀ ကျော်ကာလကအဖြစ်အပျက်တွေကို အခြေခံပြီးဖြစ်ပေါ်လာတာပါ။ ကိုဆိုဗိုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝိုင်းဝန်းအရေးယူဆောင်ရွက်ဖို့ ကြိုးစားခဲ့ပေမဲ့ ဝင်သင့် မဝင်သင့် ငြင်းခုန်ရင်း အချိန်တွေကြာခဲ့ပါတယ်။ နေတိုး{NATO) ကတော့ စစ်အင်အားသုံးပြီး ဝင်ရောက်ဖြေရှင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ကိုဗီအာနန်ကနေ ဝင်ရောက်ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး “နိုင်ငံရဲ့ အချုပ်အခြာအာဏာ” ဆိုတဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်လာတယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာဆိုတဲ့စကားလုံးအောက်မှာ ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေကျူးလွန်တာကို လက်ပိုက်ကြည့်မနေသင့်ဘူးဆိုတဲ့ အယူအဆဖြစ်လာတယ်။ ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ကမ္ဘာ့ထိပ်သီးအစည်းအဝေးမှာတော့ R2P ဟာ တက်ရောက်လာတဲ့နိုင်ငံတွေအားလုံးက သဘောတူခဲ့တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မူဝါဒဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်သီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ထဲမှာ ရာဇဝတ်အမျိုးအစား (၄) မျိုးကို ကျူးလွန်တာဖြစ်ရ မယ်။ ဘယ်လိုမျိုးဝင်ရောက်ဖြေရှင်းမှူမျိုးဆိုတာကို မဖော်ပြထားဘူး။ လုံခြုံရေးကောင်စီတခုထဲကသာ ဝင်ရောက်ဖြေရှင်းမှုကို ခွင့်ပြုနိုင်တယ်လို့ဖော်ပြထားပါတယ်။
* R2P မှာ ဘယ်လို မဏ္ဏိုင်တွေရှိလဲ။
ပထမဆုံးကတော့ နိုင်ငံတိုင်းဟာ သူနိုင်ငံတွင်းမှာရှိတဲ့ပြည်သူတွေကို သတ်မှတ်ထားတဲ့ ရာဇဝတ်မှု လေးမျိုးကကနေ ကာကွယ်ပေးရမဲ့တာဝန်ရှိတယ်ဆိုတဲ့အချက်ပါဘဲ။ ဒုတိယကတော့ သက်ဆိုင်ရာ နိုင်ငံကနေ ဒီလိုကာကွယ်ပေးရမဲ့တာဝန်တွေထမ်းဆောင်နိုင်ဖို့ နိုင်ငံတကာကနေ အားပေးရမယ်၊ ကူညီပေးရမယ်။ တတိယကတော့ တကယ်လို့ သက်ဆိုင်ရာနိုင်ငံအနေနဲ့ ကာကွယ်ပေးဖို့ ပျက်ကွက်ပြီ ဆိုရင် နိုင်ငံတကာကနေ သင့်လျော်တဲ့လုပ်ဆောင်မှုကို စုပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်ရမယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂချာတာနဲ့ကိုက်ညီရမှာဖြစ်ပြီး အချိန်ကိုက်နဲ့ အထိရောက်ဆုံး အခြေအနေမျိုးဖြစ်ရမယ်။ ဒါပေမဲ့ ဒီမူဝါဒတွေကို ဘယ်လိုအချိန်ကာလမျိုး သို့မဟုတ် ဘယ်လိုအခြေ အနေမျိုးနဲ့ တိုင်းတာလုပ်ဆောင်ရမလဲဆိုတာကိုတော့ တိတိကျကျမဖော်ပြထားပါဘူး။
ဆိုလိုတာကတော့ ကိုယ့်ပြည်သူတွေကို ကာကွယ်ဖို့က ကိုယ့်အစိုးရရဲ့တာဝန်ဲဖြစ်တယ်။ သက်ဆိုင်ရာ အစိုးရက ကာကွယ်ပေးနိုင်အောင် နိုင်ငံတကာက ကူညီအားပေးရမယ်။ သက်ဆိုင်ရာ အစိုးရကနေ နောက်ဆုံးဘယ်လိုမှမကာကွယ်ပေးတော့မှသာ အချိန်ကိုက် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
* ဒါဆိုရင် R2P ကို ဘယ်အချိန်မှာ အသုံးပြုနိုင်မလဲ။
အချက် (၂) ချက်လိုပါတယ်။
ပထမအချက်ကတော့ ရာဇဝတ်မှု (၄) မျိုးကျူးလွန်နေတာကို သက်ဆိုင်ရာအစိုးရက မကာကွယ်ပေးနိုင် တော့တဲ့အခါ သို့မဟုတ် မကာကွယ်ပေးလိုတဲ့အခါ ဥပမာ အစိုးရကိုယ်တိုင်က ကျူးလွန်နေတဲ့အခါ R2P ကို စတင်စဉ်းစားလာပါပြီ။
ဒုတိယအချက်ကတော့ တခြားနည်းလမ်းနဲ့ ဖြေရှင်းခဲ့ပေမဲ့ အောင်မြင်မှုမရရှိနိုင်တော့တဲ့ နောက်ဆုံး အခြေအနေမျိုးမှသာ ဝင်ရောက်ဖြေရှင်းလို့ရပါတယ်။
ဒါကြောင့် အကြုံးဝင်တဲ့ ရာဇဝတ်မှု(၄)မျိုးဖြစ်ကြောင်း ခိုင်မာဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာ အစိုးရက ကာကွယ်နိုင်စွမ်းမရှိတော့တာ သို့မဟုတ် သူကိုယ်တိုင်ချိုးဖောက်နေတဲ့အကြောင်း သက်သေထင်ရှားဖို့လိုပါတယ်။ တခြားသော နည်းလမ်းတွေသုံးပြီး ရပ်တံ့အောင် ကြိုးစားပေမဲ့ မကာကွယ်ပေးနိုင်တာကို ပြသဖို့လိုပါတယ်။
* R2P ဆိုတာ စစ်ရေးအရအရေးယူတာမျိုးသက်သက်လား။
မဟုတ်ပါဘူး။ စစ်ရေးအရ ဝင်ရောက်ဆောင်ရွက်တာက နောက်ဆုံးနည်းဖြစ်လေ့ရှိပါတယ်။ တကယ်တော့ R2P လုပ်ငန်းစဉ်တွေထဲမှာ သံတမန်နည်းအရညှိနိူင်းတာ၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာ၊ စီးပွားရေးပိတ်ဆို့တာ အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂချာတာအရ ငြိမ်းချမ်းရေး ပျက်စီးရန်အန္တရာယ်ရှိရင် သို့မဟုတ် ငြိမ်းချမ်းရေးကို ဖောက်ဖျက်ရင် သို့မဟုတ် ငြိမ်းချမ်းရေးကို စော်ကားကျူးကျော်တဲ့ လုပ်ရပ်ကိုလုပ်လာခဲ့ရင် ချာတာရဲ့ အခန်း ၇ အရ လုံခြုံရေးကောင်စီကို အာဏာလွှဲအပ်နိုင်ပါတယ်။ လုံခြုံရေးကောင်စီကို အာဏာလွှဲပြီဆိုရင်တော့ စစ်ရေးအရ သို့မဟုတ် စစ်ရေးမပါဘဲ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးတည်ဆေက်ရေးကို လုပ်ဆောင်ခွင့်ရှိလာပါတယ်။
* R2Pကို ဘယ်နိုင်ငံတွေမှာ သုံးခဲ့ပါသလဲ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက R2Pဝင်ရောက်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့နိုင်ငံတွေကတော့ လစ်ဗျား၊ အိုင်ဗာရီ ကို့စ်၊ မာလီ၊ ဆူဒန်နှင့် တောင်ဆူဒန်၊ ယီမင်နိုင်ငံတို့ဖြစ်ပါတယ်။
* R2P နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိခဲ့ပါသလား။
ဝင်ရောက်ဆောင်ရွက်ဖို့နဲ့ပတ်သက်ပြီး ဝင်သင့်မဝင်သင့်ဆွေးနွေးတဲ့အခါတိုင်း တချို့နိုင်ငံတွေက “နိုင်ငံတော်အချုပ်အခြာ” ဆိုတဲ့အချက်နဲ့ ကန့်ကွက်လေ့ရှိပါတယ်။ ဒီလိုမျိုးကန့်ကွက်တာကြောင့် ဆုံးဖြတ်ချက်ချရာမှာ အချိန်တွေကြာမြင့်တတ်သလို အရေးယူဆောင်ရွက်လုပ်ငန်း လုပ်လို့မရတာမျိုးတွေ ရှိပါတယ်။
မြန်မာအခြေအနေနဲ့ R2P လာနိုင်မလား
R2P အကြောင်းသိကောင်းစရာကို ရေးပြီးတဲ့အခါမှာ မြန်မာပြည်ရှိအခြေအနေနဲ့ သုံးသပ်ပြပါလို့ ပြောလာလို့ လေ့လာသုံးသပ်ကြည့်မိပါတယ်။
* ပထမဦးဆုံး R2P အတွက် အကြုံးဝင်တဲ့ ရာဇဝတ်မှု (၄) မျိုးနဲ့ ချိန်ထိုးကြည့်ရအောင်။ မြန်မာနိုင်ငံက စစ်တပ်ဟာ ဒီရာဇဝတ်မှုတွေနဲ့ နောက်ကြောင်းကင်းပါလား။
မကင်းပါဘူး။ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးအကြောင်းကြားနာစစ်ဆေးတိုင်း လူ့အခွင့်အရေးချိုးဖောက်တဲ့အမည်စာရင်းမှာ ထိပ်ဆုံးက ပါခဲ့တာ ၁၉၉၁ ခုနှစ်ထဲကပါ။ ဒါကြောင့် ကုလသမဂ္ဂရဲ့ အထူးလုပ်ထုံးလုပ်နည်း (Special Procedure) မှာထည့်သွင်းခံထားရပြီး စာရင်းထဲမှာ ကာလအကြာဆုံးသွင်းခံရတဲ့ သမိုင်းဝင်နိုင်ငံလဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးကောင်စီမှာရော အထွေထွေ ညီလာခံမှာရော နှစ်စဉ်နှစ်တိုင်း အထူးအစည်းအဝေးခေါ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအကြောင်းကို တင်ပြဆွေးနွေးခံရယုံသာမက နှစ်တိုင်း ဆုံးဖြတ်ချက်တွေချမှတ်ခံရနေတာဖြစ်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ်ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice- ICJ) မှာ တရားရင်ဆိုင်နေရဆဲဖြစ်သလို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံး (International Criminal Court - ICC) မှာလဲ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်လို့ ခုံရုံးတင်နိုင်ဖို့ ကြိုးပမ်းနေတာတွေရှိပါတယ်။ R2P မှာ အကြုံးဝင်တဲ့ ရာဇဝတ်မှု (၄) မျိုးတွေဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု (Genocides)၊ စစ်ရာဇဝတ်မှု (War Crimes) လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ( Crime Against Humanity) နဲ့ လူမျိုးစုတစု လူမျိုးစုပျောက်ကွယ်အောင် သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှု (Ethnic Cleansing) ဆိုတဲ့အမျိုးအစား (၄) မျိုးထဲက ပထမသုံးမျိုးကို ဆိုးဆိုးဝါးဝါးချိုးဖောက်နေတယ်လို့ စွပ်စွဲခံနေရပြီးသားပါ။ သက်သေအထောက်အထားများစွာကိုလဲ ရရှိထားပြီးဖြစ်ပါတယ်။
အခုလိုနိုင်ငံတကာရာဇဝတ်မှုတွေကို စစ်တပ်က ချိုးဖောက်နေတာကို အချက်အလက်စုဆောင်းနေတဲ့ မြန်မာနိုင်ငံအချက်အလက်စုံစမ်းရေး ယန္တယား (IIMM) ကလဲ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ၍ပဒေမဲ့ဖမ်းဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပမ်းမှုတွေကို သူတို့ရဲ့ အချက်အလက်စုံစမ်းနိုင်မှုဘောင်နဲ့ အကြုံးဝင်ပြီး စုဆောင်းစုံစမ်းသွားမယ်လိုံလဲ ကြေညာထားပြီးသားဖြစ်ပါတတယ်။
* အခုလိုကျူးလွန်နေတဲ့ လုပ်ရပ်တွေက R2Pက သတ်မှတ်ထားတဲ့ ရာဇဝတ်မှုမြောက်ပါသလား။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့ဖမ်းဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပမ်းမှုတွေဟာ စစ်ပွဲအတွင်း ကျူးလွန်တာမဟုတ်လို့ စစ်ရာဇဝတ်မှုလို့ ပြောရခက်ပါတယ်။ လူမျိုးနွယ် လူအုပ်စုတစုကို ဦးတည်ပြီး ပစ်မှတ်ထားလုပ်ဆောင်တာမဟုတ်လို့ လူမျိုးတုန်းသတ်ဖြတ်မှုလို့ သတ်မှတ်လို့မရပါဘူး။
ဒါပေမဲ့ ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းတာ၊ သတ်ဖြတ်တာတွေဟာ နိုင်ငံတကာ ရာဇဝတ်မှုတခုဖြစ်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) မြောက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိဟောင်း ရန်ဟီးလီနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သော်မတ်အက်ဒရူးတို့နှစယောက်လုံးက အခုလိုလုပ်ရပ်တွေက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ အတိအလင်းပြောကြားထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် R2Pနဲ့ သက်ဆိုင်တဲ့ ရာဇဝတ်မှုမြောက်နေပါပြီ။
* R2P ဟာ တခြားနည်းလမ်းတွေနဲ့ကြိုးပမ်းပြီး မစွမ်းဆောင်နိုင်မှ လုပ်ဆောင်ရတဲ့ နောက်ဆုံးနည်းလမ်းဖြစ်တယ်ဆိုတဲ့အချက်နဲ့ ဆီလျော်ရဲ့လား။
ဖေဖော်ဝါရီလ (၁) ရက်နေ့အာဏာသိမ်းပြီးနောက်ပိုင်းမှာ အာဏာသိမ်းမှုနဲ့ အတူ ခေါင်းဆောင်တွေကို ဖမ်းဆီးတဲ့အပေါ်နဲ့ ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းမှုအပေါ် စိုးရိမ်ကြောင်းနဲ့ ရူတ်ချကြောင်း ကြေညာပြောဆိုချက်တွေဟာ နိုင်ငံတကာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့က စိုးရိမ်မှုတွေ ဖော်ပြခဲ့ပါတယ်။ လုံခြုံရေးကောင်စီမှာရော လူ့အခွင့်အရေးကောင်စီမှာပါ မြန်မာနိုင်ငံအတွက် အရေးပေါ်အစည်းအဝေးတွေခေါပြီး အကြမ်းဖက်မှုတွေရပ်တံ့ဖို့ တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးအရာရှိတွေကလဲ စုပေါင်းပြီး အာဏာသိမ်းမှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြစ်တင်ဝေဖန့်ကြပါတယ်။ နိုင်ငံအလိုက် အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ခဲ့ပေမဲ့ အကြမ်းဖက်နှိမ်နှင်းမှု သတ်ဖြတ်မှု ဖမ်းဆီးမှုတွေက တနေ့ထက်တနေ့ပိုများလာပါတယ်။ ညအချိန်ကာဖျူးထုတ်ပြီး ဖမ်းဆီးရာကနေ နေ့အချိန်အိမ်ထဲဝင်ပြီး ဖမ်းဆီးမှုတွေ များလာခဲ့ယ်။ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မနဲ့ သတင်းသမားတွေကိုလဲဖမ်း၊ ကင်းစောင့်လဲ ဖမ်း၊ သံဗုံးတီလဲဖမ်းဆီးခံနေရတဲ့အခြေအနေထိ ဆိုးလာပါပြီ။ တခြားသောသံတမန်နည်းတွေကနေ တဆင့်တိုးဖို့ လိုအပ်နေတဲ့အချိန်ပါ။
* R2Pကို ခေါ်တဲ့ ဒေါက်တာဆာဆာရဲ့ တောင်းဆိုချက်က တရားဝင်မှုရှိရဲ့လား။
စစ်ကောင်စီကို အခုအချိန်အထိ ကုလသမဂ္ဂမှာ အသိအမှတ်မပြုသေးပါဘူး။ ပြည်သူဖက်က ရပ်တည်နေတဲ့ မြန်မာသံအမတ်ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အသိအမှတ်ပြုနေဆဲဖြစ်ပါတယ်။ သူကလဲ ဆက်လက်တာဝန်ထမ်းဆောင်နေသလို ဒေါက်တာဆာဆာနဲ့အတူ တချို့နိုင်ငံကြီးတွေက လက်ခံတွေ့ဆုံနေလျက်ရှိပါတယ်။ ဦးကျော်မိုးထွန်းကို အသိအမှတ်ပြုခြင်းဟာ စစ်ကောင်စီကို လက်မခံခြင်းပါ။ တဖက်ကလဲ CRPH စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားတဲ့အတွက် သူတို့ရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာက တားဆီးဖို့ အခွင့်သာနေပါပြီ။ အဓိကကတော့ ပြည်သူတွေက CRPHကို ထောက်ခံမှုပိုပြသပြီး R2P ကို တောင်းဆိုကြောင်းသက်သေပြဖို့ လိုပါတယ်။
* စိမ်ခေါ်မှုက ဘာရှိနိုင်လဲ
လုံခြုံရေးကောင်စီကို ဖြတ်သန်းရမှာဖြစ်တဲ့အတွက် ဗီတိုကိုကိုင်ပြီး သုံးဖို့ စောင့်နေတဲ့ တရုတ်ရယ် အပေါင်းပါ ရုရှားရယ်က အဓိကအတားအဆီးဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံအကြောင်းကို လုံခြုံရေးကောင်စီမှာဆွေးနွေးတိုင်း စကားလုံးမပြင်းထန်ဖို့ အရေးယူဆောင်ရွက်တွေမပေါ်အောင် အမြဲတမ်း ကာကွယ်တဲ့နိုင်ငံဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ အရင်ကလောက်ပြင်းပြင်းထန်ထန်ပိတ်ပင်ဟန့်တားတာမျိုးမရှိတော့ပေမဲ့ မြန်မာနိုင်ငံကို အရေးယူဆောင်ရွက်ဖို့လောက်အထိတော့ အာသီသရှိမှာမဟုတ်ပါဘူး။
* ဒီတော့ ဘာတွေလုပ်နိုင်မလဲ
မလွယ်ကူတာမှန်ပေမဲ့ မဖြစ်နိုင်ဘူးလို့ မယူဆပါနဲ့။ ပြည်တွင်းအင်အားနဲ့ ဖြစ်လာအောင် ကြိုးပမ်းလို့ရနိုင်ပါတယ်။
CRPH ရယ် သံအမတ်ကြီးဦးကျော်မိုးထွန်းရယ် ဒေါက်တာဆာဆာနဲ့ ဦးထင်လင်းအောင်တို့ရဲ့ တရားဝင်မှုကို ထောက်ခံပြီး ဝန်းရံပေးဖို့အရေးကြီးတယ်။
ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များရဲ့ ကော်မတီအဆင့်က ပြည်သူတွေက တရားဝင်ထောက်ခံထားတဲ့ အစိုးရအဖြစ် ခြေလှမ်းလှမ်းဖို့လိုသလို ပြည်သူတွေကလဲ တခဲနက်ထောက်ခံဖို့လိုပါမယ်။ ပြည်သူတွေကထောက်ခံမှသာ နိုင်ငံတကာအလည်မှာ ကိုယ်စားပြု တရားဝင်မှုကို ရရှိနိုင်မှာဖြစ်တဲ့အတွက် အားပေးဝန်းရံကြပါ။ လမ်းပေါ်ကအသံတွေ တူညီရပါမယ်။ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကို အရှိန်မလျော့အောင် အားထုတ်ကြပါ။ ငြိမ်းချမ်းစွာဆန္ဒပြတာဆိုတာ ခေါင်းထိုးပေးပြီး ရိုက်သမျှခံတာမျိုးမဟုတ်ဘဲ ထိခိုက်မှုနည်းနိုင်သမျှအနည်းဆုံးနဲ့ ကာကွယ်ပြီး အောင်မြင်အောင် ကြံဆလုပ်ဆောင်နိုင်ခြင်းမျိုးဆိုတာ သတိပြုစေချင်ပါတယ်။
တဖက်ကလဲ စစ်ကောင်စီရဲ့ တရားမဝင်မှုကို ဖော်ထုတ်ယုံသာမက အုပ်ချုပ်မှုယန္တယားလည်ပတ်မှုပျက်အောင် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမလုပ်တာဖြစ်ပါတယ်။ CDM လှုပ်ရှားမှုအားကောင်းလာစေဖို့နဲ့ ရေရှည်တောင့်ခံနိုင်ဖို့အတွက် မျိုးဆက်အသီးသီးက တာဝန်ကျေဖို့လိုပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ်အပျက်တွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအကြောင်းကို စနစ်တကျမှတ်တမ်းတင်ပါ။ ဒီအရာတွေဟာ နိုင်ငံတကာ တရားဥပဒေကိုဖော်ဆောင်တဲ့အခါမှာ အရေးကြီးအသုံးဝင်တဲ့ အချက်အလက်သက်သေတွေ ဖြစ်လာနိုင်ပါတယ်။
နောက်တချက်ကတော့ စစ်တပ်ပိုင်နဲ့ တရုတ်စီးပွားရေးကုန်ပစ္စည်းတွေကို သပိတ်မှောက်ပါ။ ဘယ်လိုနည်းနဲ့မှ သူတို့တွေရဲ့အကျိုးအမြတ်တိုးပွားအောင် မလုပ်ဆောင်ပါနဲ့။
ပြည်တွင်းရဲ့ လုပ်ဆောင်ချက်တွေကသာ နိုင်ငံတကာအရေးယူဆောင်ရွက်မှုကို အားကောင်းစေတာဖြစ်တယ်။ R2P လမ်းကြောင်းကို လျှောက်နိုင်ဖို့ အတားအဆီးတွေကို ဆုတောင်းနေယုံနဲ့ ကျော်နိုင်မှာမဟုတ်ပါဘူး။ မျှော်လင့်တောင့်တနေယုံနဲ့ နိုင်ငံတကာကယ်တင်ရှင်ရောက်လာမှာမဟုတ်ပါဘူး။
အားတွေမလျော့ဘဲ ဆက်လက်ကြိုးပမ်းကြဖို့တော့ လိုပါတယ်။
အရေးတော်ပုံ အောင်ရမည်။
English Language နဲ့အပြည့်အစုံဖတ်ဖို့ -
(၁) https://www.globalr2p.org/what-is-r2p/
(၂) https://en.m.wikipedia.org/wiki/Responsibility_to_protect
(Zawgyi)
R2P (Responsibility to Protect) ဆိုတာ !!!
#R2P
#Responsibility_to_Protect
#ဗဟုသုတ
(တိုင္းျပည္ကႏုႏု မုန္တိုင္းကထန္ထန္ ဆိုတဲ့အေျခအေနမွာ ျပည္သူေတြၾကား လူေျပာမ်ား၊ အၾကားရမ်ားတဲ့ R2P အေၾကာင္း ဗဟုသုတရရန္ ျပန္လည္ေ၀ငွပါမယ္။ ဘယ္လိုအဓိပၸါယ္၊ ဘယ္လိုမ်ိဳးလဲ ၊ ဘယ္လိုအေရးယူခဲ့တဲ့ကိစၥေတြ႐ွိသလဲဆိုတာ အေသးစိတ္ ေလ့လာခ်င္ရင္ေတာ့ ေအာက္ဆံုးမွာ Webpage Links ေတြေပးထားပါတယ္ ခင္ဗ်။)
R2P (Responsibility to Protect) အေၾကာင္း သိေကာင္းစရာ
* R2P (Responsibility to Protect) ဆိုတာ ဘာလဲ
အကာအကြယ္ေပးရန္ တာဝန္ရွိမွုလို့ အဓိပၸာယ္ျပန္နိုင္ပါတယ္။
လူမ်ိဳးတုံးသတ္ျဖတ္မွုေတြ၊ စစ္ပြဲဆိုင္ရာ ရာဇဝတ္မွုေတြ၊ လူသားမ်ိဳးႏြယ္ေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မွုေတြ၊ လူမ်ိဳးစုသုတ္သင္ရွင္းလင္းတဲ့ ရာဇဝတ္မွုေတြကို ကာကြယ္ေပးနိုင္ဖို့အတြက္ ၂၀၀၅ ခုႏွစ္မွာ က်င္းပခဲ့တဲ့ ကုလသမဂၢ ကမၻာ့ထိပ္သီးအစည္းအေဝးကေန ခ်မွတ္ခဲ့တဲ့ ကမၻာ့လုံးဆိုင္ရာ မူဝါဒျဖစ္ပါတယ္။
R2P ဟာ နိုင္ငံတကာဥပေဒတခုမဟုတ္ပါဘူး။ နိုင္ငံတကာစာခ်ဳပ္တခုလဲ မဟုတ္တဲ့အတြက္ မျဖစ္မေန လုပ္ေဆာင္ရမဲ့ ဥပေဒစည္းေႏွာင္မွုမ်ိဳးလဲ မရွိပါဘူး။ အရပ္သားျပည္သူေတြအေပၚ ရာဇဝတ္မွုက်ဴးလြန္ တာေတြမျဖစ္ေအာင္ ဝိုင္းဝန္းကာကြယ္ေပးဖို့ သေဘာတူထားတဲ့ နိုင္ငံေရးမူတခုဘဲျဖစ္ပါတယ္။
* ဘယ္လိုက်ဴးလြန္မွုေတြကိုဆို R2P နဲ႔ အၾကဳံးဝင္သလဲ။
နိုင္ငံတနိုင္ငံမွာရွိတဲ့ ျပည္သူေတြကို ေအာက္ပါ ရာဇဝတ္မွု (၄) မ်ိဳးက်ဴးလြန္ေနတာကေန မကာကြယ္ ေပးနိုင္ရင္ R2P နဲ႔ အၾကဳံးဝင္ပါၿပီ။
(၁) လူမ်ိဳးတုံးသတ္ျဖတ္မွု (Genocides) - လူမ်ိဳး၊ သာဘာဝင္တခုကို ဦးတည္က်ဴးလြန္တာ
(၂) စစ္ရာဇဝတ္မွု (War Crimes) - စစ္ပြဲကာလအတြင္း က်ဴးလြန္တာ
(၃) လူသားမ်ိဳးႏြယ္ေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မွု ( Crime Against Humanity) အရပ္သားမ်ားအေပၚ ဆိုးဆိုးဝါးဝါးက်ဴးလြန္တာနဲ႔
(၄) လူမ်ိဳးစုတစု လူမ်ိဳးစုေပ်ာက္ကြယ္ေအာင္ သုတ္သင္ရွင္းလင္းတဲ့ ရာဇဝတ္မွု (Ethnic Cleansing) လူမ်ိဳးစုတစုကို ဦးတည္က်ဴးလြန္တာ တို့ျဖစ္ပါတယ္။
* ဘာေၾကာင့္ R2P အယူအဆေပၚလာတာလဲ။
၁၉၉၀ ေက်ာ္ကာလကအျဖစ္အပ်က္ေတြကို အေျခခံၿပီးျဖစ္ေပၚလာတာပါ။ ကိုဆိုဗိုအျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး နိုင္ငံတကာက ဝိုင္းဝန္းအေရးယူေဆာင္ရြက္ဖို့ ႀကိဳးစားခဲ့ေပမဲ့ ဝင္သင့္ မဝင္သင့္ ျငင္းခုန္ရင္း အခ်ိန္ေတြၾကာခဲ့ပါတယ္။ ေနတိုး{NATO) ကေတာ့ စစ္အင္အားသုံးၿပီး ဝင္ေရာက္ေျဖရွင္းခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ကုလသမဂၢအေထြေထြအတြင္းေရးမွူးခ်ဳပ္ ကိုဗီအာနန္ကေန ဝင္ေရာက္ေျဖရွင္းေရးနဲ႔ ပတ္သက္ၿပီး “နိုင္ငံရဲ့ အခ်ဳပ္အျခာအာဏာ” ဆိုတဲ့ အဓိပၸာယ္ကို ေမးခြန္းထုတ္လာတယ္။ နိုင္ငံရဲ့ အခ်ဳပ္အျခာအာဏာဆိုတဲ့စကားလုံးေအာက္မွာ ျပည္သူေတြအေပၚ ရာဇဝတ္မွုေတြက်ဴးလြန္တာကို လက္ပိုက္ၾကည့္မေနသင့္ဘူးဆိုတဲ့ အယူအဆျဖစ္လာတယ္။ ၂၀၀၅ ခုႏွစ္မွာ က်င္းပခဲ့တဲ့ ကုလသမဂၢ ကမၻာ့ထိပ္သီးအစည္းအေဝးမွာေတာ့ R2P ဟာ တက္ေရာက္လာတဲ့နိုင္ငံေတြအားလုံးက သေဘာတူခဲ့တဲ့ ကမၻာ့လုံးဆိုင္ရာ မူဝါဒျဖစ္ပါတယ္။
ကမၻာ့ထိပ္သီးအစည္းအေဝးရဲ့ ဆုံးျဖတ္ခ်က္ထဲမွာ ရာဇဝတ္အမ်ိဳးအစား (၄) မ်ိဳးကို က်ဴးလြန္တာျဖစ္ရ မယ္။ ဘယ္လိုမ်ိဳးဝင္ေရာက္ေျဖရွင္းမွူမ်ိဳးဆိုတာကို မေဖာ္ျပထားဘူး။ လုံျခဳံေရးေကာင္စီတခုထဲကသာ ဝင္ေရာက္ေျဖရွင္းမွုကို ခြင့္ျပဳနိုင္တယ္လို့ေဖာ္ျပထားပါတယ္။
* R2P မွာ ဘယ္လို မဏၰိဳင္ေတြရွိလဲ။
ပထမဆုံးကေတာ့ နိုင္ငံတိုင္းဟာ သူနိုင္ငံတြင္းမွာရွိတဲ့ျပည္သူေတြကို သတ္မွတ္ထားတဲ့ ရာဇဝတ္မွု ေလးမ်ိဳးကကေန ကာကြယ္ေပးရမဲ့တာဝန္ရွိတယ္ဆိုတဲ့အခ်က္ပါဘဲ။ ဒုတိယကေတာ့ သက္ဆိုင္ရာ နိုင္ငံကေန ဒီလိုကာကြယ္ေပးရမဲ့တာဝန္ေတြထမ္းေဆာင္နိုင္ဖို့ နိုင္ငံတကာကေန အားေပးရမယ္၊ ကူညီေပးရမယ္။ တတိယကေတာ့ တကယ္လို့ သက္ဆိုင္ရာနိုင္ငံအေနနဲ႔ ကာကြယ္ေပးဖို့ ပ်က္ကြက္ၿပီ ဆိုရင္ နိုင္ငံတကာကေန သင့္ေလ်ာ္တဲ့လုပ္ေဆာင္မွုကို စုေပါင္းလုပ္ေဆာင္ဖို့ အဆင္သင့္ျဖစ္ရမယ္။ ဒီလိုလုပ္ေဆာင္တဲ့ေနရာမွာ ကုလသမဂၢခ်ာတာနဲ႔ကိုက္ညီရမွာျဖစ္ၿပီး အခ်ိန္ကိုက္နဲ႔ အထိေရာက္ဆုံး အေျခအေနမ်ိဳးျဖစ္ရမယ္။ ဒါေပမဲ့ ဒီမူဝါဒေတြကို ဘယ္လိုအခ်ိန္ကာလမ်ိဳး သို့မဟုတ္ ဘယ္လိုအေျခ အေနမ်ိဳးနဲ႔ တိုင္းတာလုပ္ေဆာင္ရမလဲဆိုတာကိုေတာ့ တိတိက်က်မေဖာ္ျပထားပါဘူး။
ဆိုလိုတာကေတာ့ ကိုယ့္ျပည္သူေတြကို ကာကြယ္ဖို့က ကိုယ့္အစိုးရရဲ့တာဝန္ဲျဖစ္တယ္။ သက္ဆိုင္ရာ အစိုးရက ကာကြယ္ေပးနိုင္ေအာင္ နိုင္ငံတကာက ကူညီအားေပးရမယ္။ သက္ဆိုင္ရာ အစိုးရကေန ေနာက္ဆုံးဘယ္လိုမွမကာကြယ္ေပးေတာ့မွသာ အခ်ိန္ကိုက္ လုပ္ေဆာင္ရမယ္လို့ ဆိုပါတယ္။
* ဒါဆိုရင္ R2P ကို ဘယ္အခ်ိန္မွာ အသုံးျပဳနိုင္မလဲ။
အခ်က္ (၂) ခ်က္လိုပါတယ္။
ပထမအခ်က္ကေတာ့ ရာဇဝတ္မွု (၄) မ်ိဳးက်ဴးလြန္ေနတာကို သက္ဆိုင္ရာအစိုးရက မကာကြယ္ေပးနိုင္ ေတာ့တဲ့အခါ သို့မဟုတ္ မကာကြယ္ေပးလိုတဲ့အခါ ဥပမာ အစိုးရကိုယ္တိုင္က က်ဴးလြန္ေနတဲ့အခါ R2P ကို စတင္စဥ္းစားလာပါၿပီ။
ဒုတိယအခ်က္ကေတာ့ တျခားနည္းလမ္းနဲ႔ ေျဖရွင္းခဲ့ေပမဲ့ ေအာင္ျမင္မွုမရရွိနိုင္ေတာ့တဲ့ ေနာက္ဆုံး အေျခအေနမ်ိဳးမွသာ ဝင္ေရာက္ေျဖရွင္းလို့ရပါတယ္။
ဒါေၾကာင့္ အၾကဳံးဝင္တဲ့ ရာဇဝတ္မွု(၄)မ်ိဳးျဖစ္ေၾကာင္း ခိုင္မာဖို့ လိုအပ္ပါတယ္။ သက္ဆိုင္ရာ အစိုးရက ကာကြယ္နိုင္စြမ္းမရွိေတာ့တာ သို့မဟုတ္ သူကိုယ္တိုင္ခ်ိဳးေဖာက္ေနတဲ့အေၾကာင္း သက္ေသထင္ရွားဖို့လိုပါတယ္။ တျခားေသာ နည္းလမ္းေတြသုံးၿပီး ရပ္တံ့ေအာင္ ႀကိဳးစားေပမဲ့ မကာကြယ္ေပးနိုင္တာကို ျပသဖို့လိုပါတယ္။
* R2P ဆိုတာ စစ္ေရးအရအေရးယူတာမ်ိဳးသက္သက္လား။
မဟုတ္ပါဘူး။ စစ္ေရးအရ ဝင္ေရာက္ေဆာင္ရြက္တာက ေနာက္ဆုံးနည္းျဖစ္ေလ့ရွိပါတယ္။ တကယ္ေတာ့ R2P လုပ္ငန္းစဥ္ေတြထဲမွာ သံတမန္နည္းအရညႇိနိူင္းတာ၊ လက္နက္တင္ပို့ေရာင္းခ်မွု ပိတ္ပင္တာ၊ စီးပြားေရးပိတ္ဆို့တာ အမ်ိဳးမ်ိဳးရွိပါတယ္။ ဒါေပမဲ့ ကုလသမဂၢခ်ာတာအရ ၿငိမ္းခ်မ္းေရး ပ်က္စီးရန္အႏၲရာယ္ရွိရင္ သို့မဟုတ္ ၿငိမ္းခ်မ္းေရးကို ေဖာက္ဖ်က္ရင္ သို့မဟုတ္ ၿငိမ္းခ်မ္းေရးကို ေစာ္ကားက်ဴးေက်ာ္တဲ့ လုပ္ရပ္ကိုလုပ္လာခဲ့ရင္ ခ်ာတာရဲ့ အခန္း ၇ အရ လုံျခဳံေရးေကာင္စီကို အာဏာလႊဲအပ္နိုင္ပါတယ္။ လုံျခဳံေရးေကာင္စီကို အာဏာလႊဲၿပီဆိုရင္ေတာ့ စစ္ေရးအရ သို့မဟုတ္ စစ္ေရးမပါဘဲ လုံျခဳံေရးနဲ႔ ၿငိမ္းခ်မ္းေရးတည္ေဆက္ေရးကို လုပ္ေဆာင္ခြင့္ရွိလာပါတယ္။
* R2Pကို ဘယ္နိုင္ငံေတြမွာ သုံးခဲ့ပါသလဲ။
ကုလသမဂၢလုံျခဳံေရးေကာင္စီက R2Pဝင္ေရာက္ေဆာင္ရြက္ဖို့ ဆုံးျဖတ္ခဲ့တဲ့နိုင္ငံေတြကေတာ့ လစ္ဗ်ား၊ အိုင္ဗာရီ ကို့စ္၊ မာလီ၊ ဆူဒန္ႏွင့္ ေတာင္ဆူဒန္၊ ယီမင္နိုင္ငံတို့ျဖစ္ပါတယ္။
* R2P နဲ႔ပတ္သက္ၿပီး အျငင္းပြားမွုေတြ ရွိခဲ့ပါသလား။
ဝင္ေရာက္ေဆာင္ရြက္ဖို့နဲ႔ပတ္သက္ၿပီး ဝင္သင့္မဝင္သင့္ေဆြးေႏြးတဲ့အခါတိုင္း တခ်ိဳ့နိုင္ငံေတြက “နိုင္ငံေတာ္အခ်ဳပ္အျခာ” ဆိုတဲ့အခ်က္နဲ႔ ကန႔္ကြက္ေလ့ရွိပါတယ္။ ဒီလိုမ်ိဳးကန႔္ကြက္တာေၾကာင့္ ဆုံးျဖတ္ခ်က္ခ်ရာမွာ အခ်ိန္ေတြၾကာျမင့္တတ္သလို အေရးယူေဆာင္ရြက္လုပ္ငန္း လုပ္လို့မရတာမ်ိဳးေတြ ရွိပါတယ္။
ျမန္မာအေျခအေနနဲ႔ R2P လာနိုင္မလား
R2P အေၾကာင္းသိေကာင္းစရာကို ေရးၿပီးတဲ့အခါမွာ ျမန္မာျပည္ရွိအေျခအေနနဲ႔ သုံးသပ္ျပပါလို့ ေျပာလာလို့ ေလ့လာသုံးသပ္ၾကည့္မိပါတယ္။
* ပထမဦးဆုံး R2P အတြက္ အၾကဳံးဝင္တဲ့ ရာဇဝတ္မွု (၄) မ်ိဳးနဲ႔ ခ်ိန္ထိုးၾကည့္ရေအာင္။ ျမန္မာနိုင္ငံက စစ္တပ္ဟာ ဒီရာဇဝတ္မွုေတြနဲ႔ ေနာက္ေၾကာင္းကင္းပါလား။
မကင္းပါဘူး။ ကုလသမဂၢမွာ လူ႔အခြင့္အေရးအေၾကာင္းၾကားနာစစ္ေဆးတိုင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့အမည္စာရင္းမွာ ထိပ္ဆုံးက ပါခဲ့တာ ၁၉၉၁ ခုႏွစ္ထဲကပါ။ ဒါေၾကာင့္ ကုလသမဂၢရဲ့ အထူးလုပ္ထုံးလုပ္နည္း (Special Procedure) မွာထည့္သြင္းခံထားရၿပီး စာရင္းထဲမွာ ကာလအၾကာဆုံးသြင္းခံရတဲ့ သမိုင္းဝင္နိုင္ငံလဲ ျဖစ္ပါတယ္။ လူ႔အခြင့္အေရးေကာင္စီမွာေရာ အေထြေထြ ညီလာခံမွာေရာ ႏွစ္စဥ္ႏွစ္တိုင္း အထူးအစည္းအေဝးေခၚၿပီး ျမန္မာနိုင္ငံရဲ့ လူ႔အခြင့္အေရးအေၾကာင္းကို တင္ျပေဆြးေႏြးခံရယုံသာမက ႏွစ္တိုင္း ဆုံးျဖတ္ခ်က္ေတြခ်မွတ္ခံရေနတာျဖစ္ပါတယ္။
ဒါ့အျပင္ ရိုဟင္ဂ်ာေတြအေပၚျပင္းထန္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မွုေတြကို က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔အတူ အျပည္ျပည္ဆိုင္ရာ တရား႐ုံး (International Court of Justice- ICJ) မွာ တရားရင္ဆိုင္ေနရဆဲျဖစ္သလို နိုင္ငံတကာ ရာဇဝတ္မွုဆိုင္ရာတရား႐ုံး (International Criminal Court - ICC) မွာလဲ နိုင္ငံတကာ ရာဇဝတ္မွုေတြကို က်ဴးလြန္လို့ ခုံ႐ုံးတင္နိုင္ဖို့ ႀကိဳးပမ္းေနတာေတြရွိပါတယ္။ R2P မွာ အၾကဳံးဝင္တဲ့ ရာဇဝတ္မွု (၄) မ်ိဳးေတြျဖစ္တဲ့ လူမ်ိဳးတုံးသတ္ျဖတ္မွု (Genocides)၊ စစ္ရာဇဝတ္မွု (War Crimes) လူသားမ်ိဳးႏြယ္ေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မွု ( Crime Against Humanity) နဲ႔ လူမ်ိဳးစုတစု လူမ်ိဳးစုေပ်ာက္ကြယ္ေအာင္ သုတ္သင္ရွင္းလင္းတဲ့ ရာဇဝတ္မွု (Ethnic Cleansing) ဆိုတဲ့အမ်ိဳးအစား (၄) မ်ိဳးထဲက ပထမသုံးမ်ိဳးကို ဆိုးဆိုးဝါးဝါးခ်ိဳးေဖာက္ေနတယ္လို့ စြပ္စြဲခံေနရၿပီးသားပါ။ သက္ေသအေထာက္အထားမ်ားစြာကိုလဲ ရရွိထားၿပီးျဖစ္ပါတယ္။
အခုလိုနိုင္ငံတကာရာဇဝတ္မွုေတြကို စစ္တပ္က ခ်ိဳးေဖာက္ေနတာကို အခ်က္အလက္စုေဆာင္းေနတဲ့ ျမန္မာနိုင္ငံအခ်က္အလက္စုံစမ္းေရး ယႏၲယား (IIMM) ကလဲ စစ္အာဏာသိမ္းမွုေနာက္ပိုင္း က်ဴးလြန္ခဲ့တဲ့ ၍ပေဒမဲ့ဖမ္းဆီးမွု၊ အၾကမ္းဖက္သတ္ျဖတ္မွု၊ ႏွိပ္စက္ညႇင္းပမ္းမွုေတြကို သူတို့ရဲ့ အခ်က္အလက္စုံစမ္းနိုင္မွုေဘာင္နဲ႔ အၾကဳံးဝင္ၿပီး စုေဆာင္းစုံစမ္းသြားမယ္လိုံလဲ ေၾကညာထားၿပီးသားျဖစ္ပါတတယ္။
* အခုလိုက်ဴးလြန္ေနတဲ့ လုပ္ရပ္ေတြက R2Pက သတ္မွတ္ထားတဲ့ ရာဇဝတ္မွုေျမာက္ပါသလား။
စစ္အာဏာသိမ္းမွုေနာက္ပိုင္း က်ဴးလြန္ခဲ့တဲ့ ဥပေဒမဲ့ဖမ္းဆီးမွု၊ အၾကမ္းဖက္သတ္ျဖတ္မွု၊ ႏွိပ္စက္ညႇင္းပမ္းမွုေတြဟာ စစ္ပြဲအတြင္း က်ဴးလြန္တာမဟုတ္လို့ စစ္ရာဇဝတ္မွုလို့ ေျပာရခက္ပါတယ္။ လူမ်ိဳးႏြယ္ လူအုပ္စုတစုကို ဦးတည္ၿပီး ပစ္မွတ္ထားလုပ္ေဆာင္တာမဟုတ္လို့ လူမ်ိဳးတုန္းသတ္ျဖတ္မွုလို့ သတ္မွတ္လို့မရပါဘူး။
ဒါေပမဲ့ ျပည္သူေတြကို အၾကမ္းဖက္ႏွိမ္ႏွင္းတာ၊ သတ္ျဖတ္တာေတြဟာ နိုင္ငံတကာ ရာဇဝတ္မွုတခုျဖစ္တဲ့ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မွု (Crime Against Humanity) ေျမာက္ပါတယ္။ ျမန္မာနိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးစုံစမ္းစစ္ေဆးေရးအရာရွိေဟာင္း ရန္ဟီးလီနဲ႔ လက္ရွိတာဝန္ထမ္းေဆာင္ေနတဲ့ ေသာ္မတ္အက္ဒ႐ူးတို့ႏွစေယာက္လုံးက အခုလိုလုပ္ရပ္ေတြက လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မွုေျမာက္တယ္လို့ အတိအလင္းေျပာၾကားထားၿပီးသားျဖစ္ပါတယ္။ ဒါေၾကာင့္ R2Pနဲ႔ သက္ဆိုင္တဲ့ ရာဇဝတ္မွုေျမာက္ေနပါၿပီ။
* R2P ဟာ တျခားနည္းလမ္းေတြနဲ႔ႀကိဳးပမ္းၿပီး မစြမ္းေဆာင္နိုင္မွ လုပ္ေဆာင္ရတဲ့ ေနာက္ဆုံးနည္းလမ္းျဖစ္တယ္ဆိုတဲ့အခ်က္နဲ႔ ဆီေလ်ာ္ရဲ့လား။
ေဖေဖာ္ဝါရီလ (၁) ရက္ေန႔အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ အာဏာသိမ္းမွုနဲ႔ အတူ ေခါင္းေဆာင္ေတြကို ဖမ္းဆီးတဲ့အေပၚနဲ႔ ဆႏၵထုတ္ေဖာ္သူေတြကို အၾကမ္းဖက္ၿဖိဳခြင္းႏွိမ္ႏွင္းမွုအေပၚ စိုးရိမ္ေၾကာင္းနဲ႔ ႐ူတ္ခ်ေၾကာင္း ေၾကညာေျပာဆိုခ်က္ေတြဟာ နိုင္ငံတကာမွာ ထြက္ေပၚလာခဲ့ပါတယ္။ ကုလသမဂၢရဲ့ အေထြေထြအတြင္းေရးမွူးခ်ဳပ္နဲ႔ ကုလသမဂၢလူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီးတို့က စိုးရိမ္မွုေတြ ေဖာ္ျပခဲ့ပါတယ္။ လုံျခဳံေရးေကာင္စီမွာေရာ လူ႔အခြင့္အေရးေကာင္စီမွာပါ ျမန္မာနိုင္ငံအတြက္ အေရးေပၚအစည္းအေဝးေတြေခါၿပီး အၾကမ္းဖက္မွုေတြရပ္တံ့ဖို့ ေတာင္းဆိုမွုေတြ လုပ္ေဆာင္ခဲ့ပါတယ္။ ကုလသမဂၢလူ႔အခြင့္အေရးအရာရွိေတြကလဲ စုေပါင္းၿပီး အာဏာသိမ္းမွုေတြ လူ႔အခြင့္အေရးခ်ိဳးေဖာက္မွုေတြကို ျပစ္တင္ေဝဖန႔္ၾကပါတယ္။ နိုင္ငံအလိုက္ အေရးယူေဆာင္ရြက္မွုေတြကို လုပ္ေဆာင္ခဲ့ေပမဲ့ အၾကမ္းဖက္ႏွိမ္ႏွင္းမွု သတ္ျဖတ္မွု ဖမ္းဆီးမွုေတြက တေန႔ထက္တေန႔ပိုမ်ားလာပါတယ္။ ညအခ်ိန္ကာဖ်ဴးထုတ္ၿပီး ဖမ္းဆီးရာကေန ေန႔အခ်ိန္အိမ္ထဲဝင္ၿပီး ဖမ္းဆီးမွုေတြ မ်ားလာခဲ့ယ္။ နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမွုဆိုတဲ့ ပုဒ္မနဲ႔ သတင္းသမားေတြကိုလဲဖမ္း၊ ကင္းေစာင့္လဲ ဖမ္း၊ သံဗုံးတီလဲဖမ္းဆီးခံေနရတဲ့အေျခအေနထိ ဆိုးလာပါၿပီ။ တျခားေသာသံတမန္နည္းေတြကေန တဆင့္တိုးဖို့ လိုအပ္ေနတဲ့အခ်ိန္ပါ။
* R2Pကို ေခၚတဲ့ ေဒါက္တာဆာဆာရဲ့ ေတာင္းဆိုခ်က္က တရားဝင္မွုရွိရဲ့လား။
စစ္ေကာင္စီကို အခုအခ်ိန္အထိ ကုလသမဂၢမွာ အသိအမွတ္မျပဳေသးပါဘူး။ ျပည္သူဖက္က ရပ္တည္ေနတဲ့ ျမန္မာသံအမတ္ဦးေက်ာ္မိုးထြန္းကိုသာ ဆက္လက္အသိအမွတ္ျပဳေနဆဲျဖစ္ပါတယ္။ သူကလဲ ဆက္လက္တာဝန္ထမ္းေဆာင္ေနသလို ေဒါက္တာဆာဆာနဲ႔အတူ တခ်ိဳ့နိုင္ငံႀကီးေတြက လက္ခံေတြ႕ဆုံေနလ်က္ရွိပါတယ္။ ဦးေက်ာ္မိုးထြန္းကို အသိအမွတ္ျပဳျခင္းဟာ စစ္ေကာင္စီကို လက္မခံျခင္းပါ။ တဖက္ကလဲ CRPH စစ္ေကာင္စီကို အၾကမ္းဖက္အဖြဲ႕အျဖစ္ေၾကညာထားတဲ့အတြက္ သူတို့ရဲ့ က်ဴးလြန္မွုေတြကို နိုင္ငံတကာက တားဆီးဖို့ အခြင့္သာေနပါၿပီ။ အဓိကကေတာ့ ျပည္သူေတြက CRPHကို ေထာက္ခံမွုပိုျပသၿပီး R2P ကို ေတာင္းဆိုေၾကာင္းသက္ေသျပဖို့ လိုပါတယ္။
* စိမ္ေခၚမွုက ဘာရွိနိုင္လဲ
လုံျခဳံေရးေကာင္စီကို ျဖတ္သန္းရမွာျဖစ္တဲ့အတြက္ ဗီတိုကိုကိုင္ၿပီး သုံးဖို့ ေစာင့္ေနတဲ့ တ႐ုတ္ရယ္ အေပါင္းပါ ႐ုရွားရယ္က အဓိကအတားအဆီးျဖစ္ပါလိမ့္မယ္။ ျမန္မာနိုင္ငံအေၾကာင္းကို လုံျခဳံေရးေကာင္စီမွာေဆြးေႏြးတိုင္း စကားလုံးမျပင္းထန္ဖို့ အေရးယူေဆာင္ရြက္ေတြမေပၚေအာင္ အျမဲတမ္း ကာကြယ္တဲ့နိုင္ငံျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာ အရင္ကေလာက္ျပင္းျပင္းထန္ထန္ပိတ္ပင္ဟန႔္တားတာမ်ိဳးမရွိေတာ့ေပမဲ့ ျမန္မာနိုင္ငံကို အေရးယူေဆာင္ရြက္ဖို့ေလာက္အထိေတာ့ အာသီသရွိမွာမဟုတ္ပါဘူး။
* ဒီေတာ့ ဘာေတြလုပ္နိုင္မလဲ
မလြယ္ကူတာမွန္ေပမဲ့ မျဖစ္နိုင္ဘူးလို့ မယူဆပါနဲ႔။ ျပည္တြင္းအင္အားနဲ႔ ျဖစ္လာေအာင္ ႀကိဳးပမ္းလို့ရနိုင္ပါတယ္။
CRPH ရယ္ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းရယ္ ေဒါက္တာဆာဆာနဲ႔ ဦးထင္လင္းေအာင္တို့ရဲ့ တရားဝင္မွုကို ေထာက္ခံၿပီး ဝန္းရံေပးဖို့အေရးႀကီးတယ္။
ေရြးေကာက္ခံျပည္သူ႔ကိုယ္စားလွယ္မ်ားရဲ့ ေကာ္မတီအဆင့္က ျပည္သူေတြက တရားဝင္ေထာက္ခံထားတဲ့ အစိုးရအျဖစ္ ေျခလွမ္းလွမ္းဖို့လိုသလို ျပည္သူေတြကလဲ တခဲနက္ေထာက္ခံဖို့လိုပါမယ္။ ျပည္သူေတြကေထာက္ခံမွသာ နိုင္ငံတကာအလည္မွာ ကိုယ္စားျပဳ တရားဝင္မွုကို ရရွိနိုင္မွာျဖစ္တဲ့အတြက္ အားေပးဝန္းရံၾကပါ။ လမ္းေပၚကအသံေတြ တူညီရပါမယ္။ ၿငိမ္းခ်မ္းစြာဆႏၵျပပြဲေတြကို အရွိန္မေလ်ာ့ေအာင္ အားထုတ္ၾကပါ။ ၿငိမ္းခ်မ္းစြာဆႏၵျပတာဆိုတာ ေခါင္းထိုးေပးၿပီး ရိုက္သမၽွခံတာမ်ိဳးမဟုတ္ဘဲ ထိခိုက္မွုနည္းနိုင္သမၽွအနည္းဆုံးနဲ႔ ကာကြယ္ၿပီး ေအာင္ျမင္ေအာင္ ႀကံဆလုပ္ေဆာင္နိုင္ျခင္းမ်ိဳးဆိုတာ သတိျပဳေစခ်င္ပါတယ္။
တဖက္ကလဲ စစ္ေကာင္စီရဲ့ တရားမဝင္မွုကို ေဖာ္ထုတ္ယုံသာမက အုပ္ခ်ဳပ္မွုယႏၲယားလည္ပတ္မွုပ်က္ေအာင္ သူတို့နဲ႔ ပူးေပါင္းေဆာင္ရြက္မွုမလုပ္တာျဖစ္ပါတယ္။ CDM လွုပ္ရွားမွုအားေကာင္းလာေစဖို့နဲ႔ ေရရွည္ေတာင့္ခံနိုင္ဖို့အတြက္ မ်ိဳးဆက္အသီးသီးက တာဝန္ေက်ဖို့လိုပါတယ္။
လူ႔အခြင့္အေရးခ်ိဳးေဖာက္မွုအျဖစ္အပ်က္ေတြနဲ႔ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ရာဇဝတ္မွုေတြအေၾကာင္းကို စနစ္တက်မွတ္တမ္းတင္ပါ။ ဒီအရာေတြဟာ နိုင္ငံတကာ တရားဥပေဒကိုေဖာ္ေဆာင္တဲ့အခါမွာ အေရးႀကီးအသုံးဝင္တဲ့ အခ်က္အလက္သက္ေသေတြ ျဖစ္လာနိုင္ပါတယ္။
ေနာက္တခ်က္ကေတာ့ စစ္တပ္ပိုင္နဲ႔ တ႐ုတ္စီးပြားေရးကုန္ပစၥည္းေတြကို သပိတ္ေမွာက္ပါ။ ဘယ္လိုနည္းနဲ႔မွ သူတို့ေတြရဲ့အက်ိဳးအျမတ္တိုးပြားေအာင္ မလုပ္ေဆာင္ပါနဲ႔။
ျပည္တြင္းရဲ့ လုပ္ေဆာင္ခ်က္ေတြကသာ နိုင္ငံတကာအေရးယူေဆာင္ရြက္မွုကို အားေကာင္းေစတာျဖစ္တယ္။ R2P လမ္းေၾကာင္းကို ေလၽွာက္နိုင္ဖို့ အတားအဆီးေတြကို ဆုေတာင္းေနယုံနဲ႔ ေက်ာ္နိုင္မွာမဟုတ္ပါဘူး။ ေမၽွာ္လင့္ေတာင့္တေနယုံနဲ႔ နိုင္ငံတကာကယ္တင္ရွင္ေရာက္လာမွာမဟုတ္ပါဘူး။
အားေတြမေလ်ာ့ဘဲ ဆက္လက္ႀကိဳးပမ္းၾကဖို့ေတာ့ လိုပါတယ္။
အေရးေတာ္ပုံ ေအာင္ရမည္။
English Language နဲ႔အျပည့္အစံုဖတ္ဖို႔ -
(၁) https://www.globalr2p.org/what-is-r2p/
(၂) https://en.m.wikipedia.org/wiki/Responsibility_to_protect
No comments:
Post a Comment