Sunday, March 14, 2021

“စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ဖို့”

“စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ဖို့”




ကိုယ်နဲ့စိတ် ဆိုတာ အပြန်အလှန် ဆက်စပ်ပါတယ်။ ကိုယ်ခန္ဓာ မကျန်းမာရင် စိတ်ကလည်း မပျော်သလို စိတ်ညစ်ညူးနေရင် လူက နေလို့ထိုင်လို့ မကောင်းဘူး။ လုပ်ရမဲ့ အလုပ်တွေကို မလုပ်နိုင်တော့ဘူး။

အခုချိန်မှာ စိတ်တွေ ပျော်ရွှင်ပေါ့ပါးနေဖို့ ဆိုတာတော့ မလွယ်ပါဘူး။ သို့သော် ဘယ်လောက်ကြာမယ် မသိနိုင်တဲ့ တိုက်ပွဲမို့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ စာတော့ နည်းနည်းရှည်ပါမယ်။ ကိုယ်နဲ့ ကိုက်တယ်ဆို လိုက်လုပ်ကြည့်ပါ။


၁။ Digital minimalist


Minimalist ဆိုတာ ပစ္စည်းနည်းနည်း၊ ကိစ္စနည်းနည်းနဲ့ နေနိုင်သူ။ Digital minimalist ဆိုတာကတော့ ကိုယ့်အတွက် တကယ်အရေးကြီးတဲ့၊ အသုံးလိုတဲ့၊ Digial နဲ့ ဆက်စပ်တာတွေကိုပဲ သုံးတာမျိုးကို ဆိုလိုတာပါ။ ဖုန်းထဲမှာ ကိုယ်တကယ်လိုတဲ့ Application တွေပဲ ထားတယ်။ တစ်ချိန်လုံး ဖုန်းပွတ်မနေဘူး။ တကယ့်ဘဝမှာ အချိန်အများစု ရှင်သန်နေထိုင်တယ်။ ဒီလိုနေထိုင်မှုပုံစံကို ခေါ်တာပါ။


ခုလိုအချိန်မှာ လုပ်သင့်တာတွေကတော့ -


👉 Communication channel တွေကို လိုသလောက်ပဲ ထားပါ။ ဥပမာ messenger ကို uninstall လုပ်ထားတယ်။ များပြားလှတဲ့ မက်ဆေ့တွေက ကျွန်တော့်စိတ်ကို ပင်ပန်းစေလို့။ ကိုယ့်အတွက် တကယ်အရေးကြီးတဲ့၊ အဆက်အသွယ် မပြတ်ဖို့ လိုတဲ့ လူတွေနဲ့ပဲ အဆက်အသွယ် လုပ်နိုင်အောင် ထားထားတယ်။ 


👉 နောက်တစ်ချက်က တွေ့သမျှလူ အကုန် Follow မလုပ်ဘဲ ဒီလူ၊ ဒီလူတွေဆီက သတင်းပဲ ဖတ်မယ်၊ အတည်ယူမယ် ဆိုတာမျိုး လုပ်ထားပါ။ Friend list ကို လျှော့ချပါ။ Unfollow လုပ်သင့်ရင် လုပ်ပါ။ မဟုတ်ရင် မတူတဲ့ အမြင်တွေအများကြီးကို နားထောင်ရတာ၊ သတင်းမှား၊ သတင်းတုတွေကလည်း စိတ်ပင်ပန်းစေတယ်။ ဝေဝါးစေတယ်။


👉 ခေါင်းပွင့်နေတဲ့ ပုံတွေ၊ အနိဌာရုံတွေကို ဖြစ်နိုင်ရင် ဖွင့်မကြည့်ပါနဲ့။ ဝမ်းနည်းစရာ ကောင်းတာတွေလည်း သိပ်မဖတ်ပါနဲ့။ ကြာတော့ ရင်ဘတ်တွေပါ အောင့်လာ၊ ငိုချင်လာတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခံနိုင်ရည် မတူပါဘူး။ ကျွန်တော်ဆို ဟိုဘက်အုပ်စုက ပို့စ်တွေ၊ ကွန်မန့်တွေ မြင်ရင် ဒေါသ တအားထွက်လာလို့ သတင်းမီဒီယာအောက်က ကွန်မန့်တွေဆို သွားမဖတ်ဘူး။ အမြင်မတူတဲ့လူသမျှ စိမ်းစိမ်းကျက်ကျက် အကုန် Un ထားတယ်။ ပြန်ဆဲမိတာက ပြဿနာ မရှိဘူး။ ကြာတော့ စိတ်ပင်ပန်းနွမ်းနယ်လာတာ။ Mental exhaustion ပေါ့။ လူပင်ပန်းရင် ဘာမှ မလုပ်နိုင်တော့သလို စိတ်ပင်ပန်းရင်လည်း မတွေးနိုင်တော့ဘူး။ စာမရေးနိုင်တော့ဘူး။ ဒါကြောင့် ကိုယ့် Limit ကိုယ်သိပြီး ကိုယ့်စိတ်ကို ကိုယ်ကာကွယ်ပါ။ Emotional PPE ဝတ်ပါ။


👉 ရုပ်ရှင်ကြည့်ပါ။ ဂိမ်းဆော့ပါ။ တကယ်တော့ Digital minimalism မှာ အဲ့ ၂ ခုလည်း ပါတယ်။ သို့သော် အခုက ဆိုရှယ်မီဒီယာကြောင့် စိတ်ပင်ပန်းရတာ အဓိက ဖြစ်နေလို့ ဒီလိုအကြံပေးရတာပါ။ အသက်တွေ ပေးနေရတဲ့ အရေးတော်ပုံကာလမှာ ရုပ်ရှင်ကြည့်နေရလား၊ ဂိမ်းဆော့နေရလားလို့တော့ မတွေးပါနဲ့။ ကိုယ့်စိတ် အပန်းပြေတယ်ဆို ခဏဖြစ်ဖြစ် လုပ်သင့်လုပ်ပါ။ အချိန်ပြည့် ဆိုရှယ်မီဒီယာပေါ်မှာ ပူဆွေးနေမှ တော်လှန်ရာ ရောက်တာ မဟုတ်ပါဘူး။ Gen-Z တွေကို အတုယူပါ။ ပေါ့ပေါ့ပါးပါးတော့ နေတယ်။ မသိရင် အခု အသည်းအသန် ပြေးလာရတာ သူတို့ မဟုတ်သလိုပဲ။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တာကိုတော့ မကြောက်မရွံ့ လုပ်နေကြတယ်။


၂။ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ပြုပြင်ပါ။


Digital minimalist လုပ်ပြီဆို သူနဲ့ တွဲပါလာတာက စိတ်က ဖုန်းဆီ မရောက်အောင် တခုခု လုပ်နေဖို့ပဲ။ သိပါတယ်။ အင်တာနက် သုံးလို့ရပြီဆိုတဲ့အချိန်ကနေ မဖြတ်ခင်ထိ ဖုန်းပဲ သုံးမိနေကြတယ်၊ သုံးချင်နေကြတယ် ဆိုတာ။ သို့သော်လည်း အဲ့လိုပုံစံက ရေရှည်မှာ မလွယ်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့ တစ်နေ့တာ အချိန်ကို ပြန်စိစစ်ဖို့ လိုတယ်။


အိမ်မှာပဲ နေဖြစ်တယ်ဆိုရင် အားကစား လုပ်တာ၊ အိမ်အလုပ်လုပ်တာ၊ ကိုးကွယ်ရာ ဘာသာတရားအလိုက် ဝတ်ပြုဆုတောင်းတာ၊ ဘုရားရှိခိုးတာ စသဖြင့် လုပ်ပေးပါ။


နောက်ပြီး စာအုပ်ဖတ်မယ်ဆို ပါပီလွန်နဲ့ ဗင်ကိုလို စာအုပ်မျိုးတွေ များများဖတ်ပေးပါ။ မတရားမှုကို ဇွဲကောင်းကောင်းနဲ့ လက်မလျှော့စတမ်း၊ အရှုံးမပေးစတမ်း တွန်းလှန်ခဲ့ကြတဲ့သူတွေအကြောင်း ဖတ်ကြည့်ပါ။ စိတ်ခွန်အားတွေ အများကြီး ရလာပါလိမ့်မယ်။


၃။ တော်လှန်ရေးမှာ တစ်နေရာရာကနေတော့ ပါဝင်ပါ။


အရွေ့အတွက်လည်း အရေးကြီးသလို ကိုယ့်စိတ်အတွက်လည်း အရေးကြီးပါတယ်။ လမ်းပေါ် ထွက်ရမယ် မဟုတ်ပါဘူး။ လုပ်လို့ရနိုင်တာတွေ အများကြီး ရှိပါတယ်။ ငွေကူမလား။ ရပ်ကွက်လုံခြုံရေးအတွက် ကူမလား။ Free ride လုပ်ပေးမလား။ နောက်ဆုံး နေ့တိုင်း ကားနဲ့ ပတ်နေရင်တောင် အကျိုးရှိပါတယ်။ ဘယ်တော့မဆို မြေပြင်နဲ့ ဖေ့စ်ဘွတ်ဆိုတာ ကွာခြားတတ်တော့ ကိုယ်တိုင် မြေပြင်ဆင်းပြီးမှ ပို့စ်တင်၊ သတင်းဖြန့်ပေးနိုင်ရင် အများကြီး အကျိုးရှိပါတယ်။


တစ်နေ့တစ်နေ့ ဘာမှ မလုပ်လိုက်ရဘဲ ဖေ့စ်ဘွတ်ပေါ်မှာပဲ အချိန်ကုန်သွားတဲ့သူဟာ စိတ်ပိုညစ်ညူးပါတယ်။ ဆိုက်ဝါး ပိုမိပါတယ်။ ပိုပြီးလည်း မျှော်လင့်ချက် ကင်းမဲ့နေတတ်ပါတယ်။ ဟုတ်မဟုတ် ကိုယ်တိုင်လည်း ပြန်စဉ်းစားကြည့်ပါ။ အဲဒီအပြင် မသိစိတ်က အပြစ်ရှိသလို ခံစားနေရတယ်။ လူတွေ သေတဲ့နေ့ဆို ပိုဆိုးတယ်။ အဲဒီကနေမှ သတင်းမှား၊ သတင်းတု မစိစစ်တော့ဘဲ မဲမဲမြင်ရာ အကုန်ကူးတင်တော့တာမျိုးတွေ လုပ်မိတတ်တယ်။ ဒါကြောင့် နေ့တိုင်း နေ့တိုင်း ဒီတော်လှန်ရေး အောင်မြင်ဖို့ တစ်နေရာရာကနေတော့ ပါနေပေးပါ။


၄။ Survivor mentality ထားပါ။


အဓမ္မပြုကျင့်မှုတွေအကြောင်း ပြောရင် ပြုကျင့်ခံရသူကို Victim ဆိုပြီး မသုံးဘူး။ ပြုသမျှ နုရတယ်လို့ ခံစားရလို့။ Survivor လို့ သုံးတယ်။ ဒီလိုအဖြစ်ဆိုးကြီး ကြုံရတာတောင် ရှင်သန်ကျန်ရစ်နိုင်သူ ဆိုတဲ့ အဓိပ္ပါယ်။ အားပေးတဲ့ သဘောလည်း ပါတယ်။


အခုလည်း ဒီလိုပဲ။ လက်နက်ရှိတဲ့သူနဲ့ မရှိတဲ့သူမှာ မရှိတဲ့သူကတော့ ပိုအထိအခိုက်များတာပေါ့။ ဒါ ကိုယ်ချင်းမစာဘဲ ပြောတာ မဟုတ်ဘူး။ သို့သော် သူတို့ဘက်မှာလည်း ကျွန်တော်တို့ရဲ့ CDM တွေ၊ Social punishment တွေ၊ Boycott တွေကြောင့် ထိနေတာတွေ တစ်ပုံကြီး။ ဒါကြောင့် တခုခုဆို မကယ်နိုင်ကြတော့ဘူးလား၊ ဒီလိုနဲ့ပဲ အရှုံးပေးရတော့မှာလား စသဖြင့် မတွေးကြစေချင်ဘူး။


ဟုတ်ပြီ မင်းတို့ ဘယ်နှယောက် သတ်သွားတယ်။ ငါတို့ကလည်း Social punishment ကို ပိုလုပ်မယ်။ အွန်လိုင်းတင်မဟုတ်ဘူး၊ အပြင်မှာပါ ပိုပြီး ဒဏ်ခတ်မယ်။ မင်းတို့ကောင်တွေအတွက် ငါတို့ လူမှုအသိုင်းအဝိုင်းမှာ နေရာ မရှိစေရဘူး။ CDM ဝန်ထမ်းတွေကို အိမ်ရာက နှင်ချတယ်။ ရတယ်။ ငါတို့ပြည်သူအချင်းချင်း စောင့်ရှောက်ထားမယ်။ ဝန်ထမ်းတွေကိုယ်တိုင်ကလည်း CDM ကို အဆုံးထိ ပါဝင်သွားမယ် ပြောတယ်။ အဲ့လို ခပ်မာမာ တုံ့ပြန်ကြစေချင်တယ်။ သီချင်းမှာတောင် ကမ္ဘာမကြေဘူး သီချင်းထက် အလိုမရှိ တို့၊ သွေးသစ္စာ တို့ကို ပိုနားထောင်ပါ။ ပိုဖွင့်ပါ။


မြေပြင်မှာ ဆန္ဒပြတာတွေ နည်းသွားရင် ကျန်တာတွေလည်း ဖြိုခံရမှာ ဖြစ်သလို၊ ကျန်တဲ့ CDM တွေ၊ Social punishment တွေ အားနည်းသွားရင်လည်း ရှေ့တန်းက ဆန္ဒပြနေရသူတွေ အားလျော့သွားနိုင်တယ်။ ဒါကြောင့် လုပ်သမျှ ခံနေရတယ် ဆိုတာမျိုးထက် ရတဲ့နေရာကနေ ရသလို ပြန်တုံ့ပြန်သွားမယ် ဆိုတာမျိုး စိတ်မှာ တွေးထားပါ။ ကိုယ့်တပ် ဝင်အတိုက်ခံရလို့ ကိုယ့်ဘက်က တပ်သားတစ်ယောက် ကျသွားတယ်ဆို ဘယ်စစ်ဗိုလ်မှ ငိုမနေဘူး။ အဲ့လာတိုက်တဲ့ကောင်တွေကို ဘယ်လိုပြန်ချရမလဲပဲ တွေးတာပါ။ ကျွန်တော်တို့လည်း အဲ့လို တွေးတတ်ဖို့ လိုပါတယ်။


ရှေ့ခရီးက ဘယ်လောက်ကြာမယ် မသိပါဘူး။ ဒီအတွက် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေဖို့ လိုတယ်။ ဘာမှလည်း မရှုံးနိမ့်သေးတဲ့အချိန်မှာတောင် စိတ်ပင်ပန်းပြီး သံပုံးတောင် မတီးနိုင်တော့ဘူးဆို မဟုတ်သေးဘူး။ ဒီကောင်တွေကို အနိုင်တိုက်နိုင်ဖို့ မလွယ်သေးဘူး။


ရက် ၄၀ လောက်နဲ့ စိတ်အားလျော့နေပြီဆို အသက်ပေးသွားတဲ့ သူရဲကောင်းတွေကို အားနာပါ။


နေစရာ ပျောက်သွား၊ အခြေမဲ့ အနေမဲ့ ဖြစ်သွားတဲ့အထိ CDM မှာ ပါဝင်သွားမယ် ဆိုတဲ့ မီးရထားဝန်ထမ်းတွေ အပါအဝင် အနယ်နယ်အရပ်ရပ်က CDM ဝန်ထမ်းတွေကို အားနာပါ။


ဘယ်လောက်မှတောင် ပစ်မပြရသေးဘူး၊ အကုန်ကြောက်ကုန်ကြပြီ ဆိုပြီး ထိုင်ဟားနေမဲ့ စစ်ခွေးတွေကို မြင်ယောင်ကြည့်ပါ။


ဒါကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်း ကြံ့ခိုင်မှုအပြည့်နဲ့ ရင်ဆိုင်သွားနိုင်ဖို့ လိုပါတယ်။ တခြားအချက်တွေလည်း ရှိပါလိမ့်ဦးမယ်။ ကိုယ်လုပ်နေသလောက်နဲ့ စဉ်းစားမိသလောက် ရေးထားတာပါ။ တစ်ခုခု အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၁၂.၃.၂၀၂၁


(Zawgyi) 

 “စိတ္ပိုင္းဆိုင္ရာ က်န္းမာႀကံ့ခိုင္ဖို့”




ကိုယ္နဲ႔စိတ္ ဆိုတာ အျပန္အလွန္ ဆက္စပ္ပါတယ္။ ကိုယ္ခႏၶာ မက်န္းမာရင္ စိတ္ကလည္း မေပ်ာ္သလို စိတ္ညစ္ညဴးေနရင္ လူက ေနလို့ထိုင္လို့ မေကာင္းဘူး။ လုပ္ရမဲ့ အလုပ္ေတြကို မလုပ္နိုင္ေတာ့ဘူး။

အခုခ်ိန္မွာ စိတ္ေတြ ေပ်ာ္ရႊင္ေပါ့ပါးေနဖို့ ဆိုတာေတာ့ မလြယ္ပါဘူး။ သို့ေသာ္ ဘယ္ေလာက္ၾကာမယ္ မသိနိုင္တဲ့ တိုက္ပြဲမို့ ကိုယ့္ရဲ့ စိတ္က်န္းမာေရးကိုလည္း ဂ႐ုစိုက္ဖို့ လိုပါတယ္။ စာေတာ့ နည္းနည္းရွည္ပါမယ္။ ကိုယ္နဲ႔ ကိုက္တယ္ဆို လိုက္လုပ္ၾကည့္ပါ။


၁။ Digital minimalist


Minimalist ဆိုတာ ပစၥည္းနည္းနည္း၊ ကိစၥနည္းနည္းနဲ႔ ေနနိုင္သူ။ Digital minimalist ဆိုတာကေတာ့ ကိုယ့္အတြက္ တကယ္အေရးႀကီးတဲ့၊ အသုံးလိုတဲ့၊ Digial နဲ႔ ဆက္စပ္တာေတြကိုပဲ သုံးတာမ်ိဳးကို ဆိုလိုတာပါ။ ဖုန္းထဲမွာ ကိုယ္တကယ္လိုတဲ့ Application ေတြပဲ ထားတယ္။ တစ္ခ်ိန္လုံး ဖုန္းပြတ္မေနဘူး။ တကယ့္ဘဝမွာ အခ်ိန္အမ်ားစု ရွင္သန္ေနထိုင္တယ္။ ဒီလိုေနထိုင္မွုပုံစံကို ေခၚတာပါ။


ခုလိုအခ်ိန္မွာ လုပ္သင့္တာေတြကေတာ့ -


👉 Communication channel ေတြကို လိုသေလာက္ပဲ ထားပါ။ ဥပမာ messenger ကို uninstall လုပ္ထားတယ္။ မ်ားျပားလွတဲ့ မက္ေဆ့ေတြက ကၽြန္ေတာ့္စိတ္ကို ပင္ပန္းေစလို့။ ကိုယ့္အတြက္ တကယ္အေရးႀကီးတဲ့၊ အဆက္အသြယ္ မျပတ္ဖို့ လိုတဲ့ လူေတြနဲ႔ပဲ အဆက္အသြယ္ လုပ္နိုင္ေအာင္ ထားထားတယ္။ 


👉 ေနာက္တစ္ခ်က္က ေတြ႕သမၽွလူ အကုန္ Follow မလုပ္ဘဲ ဒီလူ၊ ဒီလူေတြဆီက သတင္းပဲ ဖတ္မယ္၊ အတည္ယူမယ္ ဆိုတာမ်ိဳး လုပ္ထားပါ။ Friend list ကို ေလၽွာ့ခ်ပါ။ Unfollow လုပ္သင့္ရင္ လုပ္ပါ။ မဟုတ္ရင္ မတူတဲ့ အျမင္ေတြအမ်ားႀကီးကို နားေထာင္ရတာ၊ သတင္းမွား၊ သတင္းတုေတြကလည္း စိတ္ပင္ပန္းေစတယ္။ ေ၀ဝါးေစတယ္။


👉 ေခါင္းပြင့္ေနတဲ့ ပုံေတြ၊ အနိဌာ႐ုံေတြကို ျဖစ္နိုင္ရင္ ဖြင့္မၾကည့္ပါနဲ႔။ ဝမ္းနည္းစရာ ေကာင္းတာေတြလည္း သိပ္မဖတ္ပါနဲ႔။ ၾကာေတာ့ ရင္ဘတ္ေတြပါ ေအာင့္လာ၊ ငိုခ်င္လာတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ခံနိုင္ရည္ မတူပါဘူး။ ကၽြန္ေတာ္ဆို ဟိုဘက္အုပ္စုက ပို့စ္ေတြ၊ ကြန္မန႔္ေတြ ျမင္ရင္ ေဒါသ တအားထြက္လာလို့ သတင္းမီဒီယာေအာက္က ကြန္မန႔္ေတြဆို သြားမဖတ္ဘူး။ အျမင္မတူတဲ့လူသမၽွ စိမ္းစိမ္းက်က္က်က္ အကုန္ Un ထားတယ္။ ျပန္ဆဲမိတာက ျပႆနာ မရွိဘူး။ ၾကာေတာ့ စိတ္ပင္ပန္းႏြမ္းနယ္လာတာ။ Mental exhaustion ေပါ့။ လူပင္ပန္းရင္ ဘာမွ မလုပ္နိုင္ေတာ့သလို စိတ္ပင္ပန္းရင္လည္း မေတြးနိုင္ေတာ့ဘူး။ စာမေရးနိုင္ေတာ့ဘူး။ ဒါေၾကာင့္ ကိုယ့္ Limit ကိုယ္သိၿပီး ကိုယ့္စိတ္ကို ကိုယ္ကာကြယ္ပါ။ Emotional PPE ဝတ္ပါ။


👉 ႐ုပ္ရွင္ၾကည့္ပါ။ ဂိမ္းေဆာ့ပါ။ တကယ္ေတာ့ Digital minimalism မွာ အဲ့ ၂ ခုလည္း ပါတယ္။ သို့ေသာ္ အခုက ဆိုရွယ္မီဒီယာေၾကာင့္ စိတ္ပင္ပန္းရတာ အဓိက ျဖစ္ေနလို့ ဒီလိုအႀကံေပးရတာပါ။ အသက္ေတြ ေပးေနရတဲ့ အေရးေတာ္ပုံကာလမွာ ႐ုပ္ရွင္ၾကည့္ေနရလား၊ ဂိမ္းေဆာ့ေနရလားလို့ေတာ့ မေတြးပါနဲ႔။ ကိုယ့္စိတ္ အပန္းေျပတယ္ဆို ခဏျဖစ္ျဖစ္ လုပ္သင့္လုပ္ပါ။ အခ်ိန္ျပည့္ ဆိုရွယ္မီဒီယာေပၚမွာ ပူေဆြးေနမွ ေတာ္လွန္ရာ ေရာက္တာ မဟုတ္ပါဘူး။ Gen-Z ေတြကို အတုယူပါ။ ေပါ့ေပါ့ပါးပါးေတာ့ ေနတယ္။ မသိရင္ အခု အသည္းအသန္ ေျပးလာရတာ သူတို့ မဟုတ္သလိုပဲ။ ဒါေပမဲ့ လုပ္သင့္လုပ္ထိုက္တာကိုေတာ့ မေၾကာက္မရြံ့ လုပ္ေနၾကတယ္။


၂။ ကိုယ့္ရဲ့ ေန႔စဥ္ဘဝကို ျပဳျပင္ပါ။


Digital minimalist လုပ္ၿပီဆို သူနဲ႔ တြဲပါလာတာက စိတ္က ဖုန္းဆီ မေရာက္ေအာင္ တခုခု လုပ္ေနဖို့ပဲ။ သိပါတယ္။ အင္တာနက္ သုံးလို့ရၿပီဆိုတဲ့အခ်ိန္ကေန မျဖတ္ခင္ထိ ဖုန္းပဲ သုံးမိေနၾကတယ္၊ သုံးခ်င္ေနၾကတယ္ ဆိုတာ။ သို့ေသာ္လည္း အဲ့လိုပုံစံက ေရရွည္မွာ မလြယ္ဘူး။ ဒါေၾကာင့္ ကိုယ့္ရဲ့ တစ္ေန႔တာ အခ်ိန္ကို ျပန္စိစစ္ဖို့ လိုတယ္။


အိမ္မွာပဲ ေနျဖစ္တယ္ဆိုရင္ အားကစား လုပ္တာ၊ အိမ္အလုပ္လုပ္တာ၊ ကိုးကြယ္ရာ ဘာသာတရားအလိုက္ ဝတ္ျပဳဆုေတာင္းတာ၊ ဘုရားရွိခိုးတာ စသျဖင့္ လုပ္ေပးပါ။


ေနာက္ၿပီး စာအုပ္ဖတ္မယ္ဆို ပါပီလြန္နဲ႔ ဗင္ကိုလို စာအုပ္မ်ိဳးေတြ မ်ားမ်ားဖတ္ေပးပါ။ မတရားမွုကို ဇြဲေကာင္းေကာင္းနဲ႔ လက္မေလၽွာ့စတမ္း၊ အရွုံးမေပးစတမ္း တြန္းလွန္ခဲ့ၾကတဲ့သူေတြအေၾကာင္း ဖတ္ၾကည့္ပါ။ စိတ္ခြန္အားေတြ အမ်ားႀကီး ရလာပါလိမ့္မယ္။


၃။ ေတာ္လွန္ေရးမွာ တစ္ေနရာရာကေနေတာ့ ပါဝင္ပါ။


အေရြ႕အတြက္လည္း အေရးႀကီးသလို ကိုယ့္စိတ္အတြက္လည္း အေရးႀကီးပါတယ္။ လမ္းေပၚ ထြက္ရမယ္ မဟုတ္ပါဘူး။ လုပ္လို့ရနိုင္တာေတြ အမ်ားႀကီး ရွိပါတယ္။ ေငြကူမလား။ ရပ္ကြက္လုံျခဳံေရးအတြက္ ကူမလား။ Free ride လုပ္ေပးမလား။ ေနာက္ဆုံး ေန႔တိုင္း ကားနဲ႔ ပတ္ေနရင္ေတာင္ အက်ိဳးရွိပါတယ္။ ဘယ္ေတာ့မဆို ေျမျပင္နဲ႔ ေဖ့စ္ဘြတ္ဆိုတာ ကြာျခားတတ္ေတာ့ ကိုယ္တိုင္ ေျမျပင္ဆင္းၿပီးမွ ပို့စ္တင္၊ သတင္းျဖန႔္ေပးနိုင္ရင္ အမ်ားႀကီး အက်ိဳးရွိပါတယ္။


တစ္ေန႔တစ္ေန႔ ဘာမွ မလုပ္လိုက္ရဘဲ ေဖ့စ္ဘြတ္ေပၚမွာပဲ အခ်ိန္ကုန္သြားတဲ့သူဟာ စိတ္ပိုညစ္ညဴးပါတယ္။ ဆိုက္ဝါး ပိုမိပါတယ္။ ပိုၿပီးလည္း ေမၽွာ္လင့္ခ်က္ ကင္းမဲ့ေနတတ္ပါတယ္။ ဟုတ္မဟုတ္ ကိုယ္တိုင္လည္း ျပန္စဥ္းစားၾကည့္ပါ။ အဲဒီအျပင္ မသိစိတ္က အျပစ္ရွိသလို ခံစားေနရတယ္။ လူေတြ ေသတဲ့ေန႔ဆို ပိုဆိုးတယ္။ အဲဒီကေနမွ သတင္းမွား၊ သတင္းတု မစိစစ္ေတာ့ဘဲ မဲမဲျမင္ရာ အကုန္ကူးတင္ေတာ့တာမ်ိဳးေတြ လုပ္မိတတ္တယ္။ ဒါေၾကာင့္ ေန႔တိုင္း ေန႔တိုင္း ဒီေတာ္လွန္ေရး ေအာင္ျမင္ဖို့ တစ္ေနရာရာကေနေတာ့ ပါေနေပးပါ။


၄။ Survivor mentality ထားပါ။


အဓမၼျပဳက်င့္မွုေတြအေၾကာင္း ေျပာရင္ ျပဳက်င့္ခံရသူကို Victim ဆိုၿပီး မသုံးဘူး။ ျပဳသမၽွ ႏုရတယ္လို့ ခံစားရလို့။ Survivor လို့ သုံးတယ္။ ဒီလိုအျဖစ္ဆိုးႀကီး ၾကဳံရတာေတာင္ ရွင္သန္က်န္ရစ္နိုင္သူ ဆိုတဲ့ အဓိပၸါယ္။ အားေပးတဲ့ သေဘာလည္း ပါတယ္။


အခုလည္း ဒီလိုပဲ။ လက္နက္ရွိတဲ့သူနဲ႔ မရွိတဲ့သူမွာ မရွိတဲ့သူကေတာ့ ပိုအထိအခိုက္မ်ားတာေပါ့။ ဒါ ကိုယ္ခ်င္းမစာဘဲ ေျပာတာ မဟုတ္ဘူး။ သို့ေသာ္ သူတို့ဘက္မွာလည္း ကၽြန္ေတာ္တို့ရဲ့ CDM ေတြ၊ Social punishment ေတြ၊ Boycott ေတြေၾကာင့္ ထိေနတာေတြ တစ္ပုံႀကီး။ ဒါေၾကာင့္ တခုခုဆို မကယ္နိုင္ၾကေတာ့ဘူးလား၊ ဒီလိုနဲ႔ပဲ အရွုံးေပးရေတာ့မွာလား စသျဖင့္ မေတြးၾကေစခ်င္ဘူး။


ဟုတ္ၿပီ မင္းတို့ ဘယ္ႏွေယာက္ သတ္သြားတယ္။ ငါတို့ကလည္း Social punishment ကို ပိုလုပ္မယ္။ အြန္လိုင္းတင္မဟုတ္ဘူး၊ အျပင္မွာပါ ပိုၿပီး ဒဏ္ခတ္မယ္။ မင္းတို့ေကာင္ေတြအတြက္ ငါတို့ လူမွုအသိုင္းအဝိုင္းမွာ ေနရာ မရွိေစရဘူး။ CDM ဝန္ထမ္းေတြကို အိမ္ရာက ႏွင္ခ်တယ္။ ရတယ္။ ငါတို့ျပည္သူအခ်င္းခ်င္း ေစာင့္ေရွာက္ထားမယ္။ ဝန္ထမ္းေတြကိုယ္တိုင္ကလည္း CDM ကို အဆုံးထိ ပါဝင္သြားမယ္ ေျပာတယ္။ အဲ့လို ခပ္မာမာ တုံ႔ျပန္ၾကေစခ်င္တယ္။ သီခ်င္းမွာေတာင္ ကမၻာမေၾကဘူး သီခ်င္းထက္ အလိုမရွိ တို့၊ ေသြးသစၥာ တို့ကို ပိုနားေထာင္ပါ။ ပိုဖြင့္ပါ။


ေျမျပင္မွာ ဆႏၵျပတာေတြ နည္းသြားရင္ က်န္တာေတြလည္း ၿဖိဳခံရမွာ ျဖစ္သလို၊ က်န္တဲ့ CDM ေတြ၊ Social punishment ေတြ အားနည္းသြားရင္လည္း ေရွ႕တန္းက ဆႏၵျပေနရသူေတြ အားေလ်ာ့သြားနိုင္တယ္။ ဒါေၾကာင့္ လုပ္သမၽွ ခံေနရတယ္ ဆိုတာမ်ိဳးထက္ ရတဲ့ေနရာကေန ရသလို ျပန္တုံ႔ျပန္သြားမယ္ ဆိုတာမ်ိဳး စိတ္မွာ ေတြးထားပါ။ ကိုယ့္တပ္ ဝင္အတိုက္ခံရလို့ ကိုယ့္ဘက္က တပ္သားတစ္ေယာက္ က်သြားတယ္ဆို ဘယ္စစ္ဗိုလ္မွ ငိုမေနဘူး။ အဲ့လာတိုက္တဲ့ေကာင္ေတြကို ဘယ္လိုျပန္ခ်ရမလဲပဲ ေတြးတာပါ။ ကၽြန္ေတာ္တို့လည္း အဲ့လို ေတြးတတ္ဖို့ လိုပါတယ္။


ေရွ႕ခရီးက ဘယ္ေလာက္ၾကာမယ္ မသိပါဘူး။ ဒီအတြက္ စိတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္ေနဖို့ လိုတယ္။ ဘာမွလည္း မရွုံးနိမ့္ေသးတဲ့အခ်ိန္မွာေတာင္ စိတ္ပင္ပန္းၿပီး သံပုံးေတာင္ မတီးနိုင္ေတာ့ဘူးဆို မဟုတ္ေသးဘူး။ ဒီေကာင္ေတြကို အနိုင္တိုက္နိုင္ဖို့ မလြယ္ေသးဘူး။


ရက္ ၄၀ ေလာက္နဲ႔ စိတ္အားေလ်ာ့ေနၿပီဆို အသက္ေပးသြားတဲ့ သူရဲေကာင္းေတြကို အားနာပါ။


ေနစရာ ေပ်ာက္သြား၊ အေျခမဲ့ အေနမဲ့ ျဖစ္သြားတဲ့အထိ CDM မွာ ပါဝင္သြားမယ္ ဆိုတဲ့ မီးရထားဝန္ထမ္းေတြ အပါအဝင္ အနယ္နယ္အရပ္ရပ္က CDM ဝန္ထမ္းေတြကို အားနာပါ။


ဘယ္ေလာက္မွေတာင္ ပစ္မျပရေသးဘူး၊ အကုန္ေၾကာက္ကုန္ၾကၿပီ ဆိုၿပီး ထိုင္ဟားေနမဲ့ စစ္ေခြးေတြကို ျမင္ေယာင္ၾကည့္ပါ။


ဒါေၾကာင့္ ႐ုပ္ပိုင္း၊ စိတ္ပိုင္း ႀကံ့ခိုင္မွုအျပည့္နဲ႔ ရင္ဆိုင္သြားနိုင္ဖို့ လိုပါတယ္။ တျခားအခ်က္ေတြလည္း ရွိပါလိမ့္ဦးမယ္။ ကိုယ္လုပ္ေနသေလာက္နဲ႔ စဥ္းစားမိသေလာက္ ေရးထားတာပါ။ တစ္ခုခု အက်ိဳးရွိမယ္လို့ ေမၽွာ္လင့္ပါတယ္။


ေဒါက္တာ ၿဖိဳးသီဟ

၁၂.၃.၂၀၂၁

No comments: