Thursday, March 4, 2021

ငွေကြေးဖောင်းပွမှု (Inflation) အကြောင်း - အပိုင်း (၁)

ငွေကြေးဖောင်းပွမှု (Inflation) အကြောင်း - အပိုင်း (၁)




#Business_Knowledge 

#Inflation

#စီးပွားရေးဗဟုသုတ

#ငွေကြေးဖောင်းပွမှု


(မီးဖိုချောင်တဲ့က ဆန်မရှိတဲ့ကိစ္စလည်း နိုင်ငံရေးနဲ့ဆိုင်တဲ့ဆိုတဲ့ စကားကို ပေါ့ပေါ့တန်တန်မထားသင့်ကြောင်း ခေတ်အခြေအနေကို စူးစမ်းလေ့လာလိုက်ရင် သိသာပါတယ်။ ငွေကြေးလို့ခေါ်တဲ့ ပိုက်ဆီစီးဆင်းတဲ့လမ်းကြောင်း မူမမှန်တဲ့အခါ ငွေကြေးဖောင်းပွမှုတွေဖြစ် ပြီး နောက်ဆက်တွဲအကျိုးဆက်က ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွေ လိုက်ပါလာနိုင်တယ်ဆိုတာ လူပြိန်းတစ်ယောက်ရဲ့အတွေးပါ။ ဒါကို သေချာ သိဖို့အတွက် ဆရာကောင်းဟိန်းစိုးရဲ့ ဆောင်းပါးတွေကို အဆက်မပြတ်ပြန်လည်မျှဝေသွားဖို့ စဉ်းစားထားပါတယ်။)


ယခင်ပိုစ့် ဖြစ်တဲ့ နောက်နှစ်များအတွက် စီးပွားရေး အခြေအနေ ဆိုတဲ့ ပိုစ့်မှာ ကျွန်တော့် အနေနဲ့ Inflation ငွေကြေးဖောင်းပွမှု ပိုပြီးဖြစ်လာနိုင်ခြေရှိကြောင်းကို နိုင်ငံရေး စီးပွားရေး အပြောင်းအလဲ ဖြစ်နိုင် ခြေ များနဲ့ ခန့်မှန်းသုံးသပ်ခဲ့ပြီး ဒီတစ်ခါမှာတော့ ငွေကြေးဖောင်းပွ မှု ရအကြောင်းနဲ့ သူ့ရဲ့ တိုက်ရိုက် သက်ရောက် မှုများကို အပိုင်းဆက် ဆက်လက်မျှဝေပေးလိုပါတယ်။


ငွေကြေးဖောင်းပွမှု Inflation ဆိုတာကတော့ ငွေကြေးတစ်ရပ် ရဲ့ ဝယ်နိုင်စွမ်းအား လို့ခေါ်တဲ့ Buying Power ကျဆင်းသွားခြင်း ပဲဖြစ်ပါတယ်။ ဥပမာ ယခင်က ငွေတစ်ရာကျပ် နဲ့ ပစ္စည်း တစ်ခု ဝယ်လို့ ရခဲ့ပေမယ့် ငွေကြေးဖောင်းပွမှု inflation rate က တစ်နှစ်စာ ၁၀% ရှိနေမယ်ဆိုရင် နောက်နှစ်မှာ အဲ့ဒီ အမျိုးအစားတူပစ္စည်းကို ငွေ တစ်ရာ့တစ်ဆယ် ကျပ်နဲ့ ဝယ်မှ ရရှိ တော့မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ Inflation rate 10% ဆိုတာဟာ နှစ်စဉ် ငွေကြေးရဲ့ Buying Power 10% လျော့ နည်းသွားတယ်ဆိုတဲ့ အဓိပ္ဗာယ်ပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် တော့ မှတ်မှတ်ရရ ကျွန်တော် ကျောင်းသားဘဝငယ်စဉ်က မုန့်ဟင်းခါးတစ်ပွဲကို ၂ ကျပ် နဲ့ ဝယ်စား ခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မုန့်ဟင်းခါးတစ်ပွဲဟာ အနည်းဆုံး ၅၀၀ ကျပ် ခန့် ဖြစ်နေပြီဖြစ်တဲ့အတွက် ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ငွေကြေးရဲ့. Buying Power ဝယ် နိုင်အား ဘယ်နှစ်ဆ တောင် ကျသွားတယ်ဆိုတာကို စဉ်းစားနိုင်ပါလိမ့်မယ်။


Inflation ငွေကြေးဖောင်းပွမှုက ကိုယ့်တစ်နိုင်ငံထဲဖြစ်တာလား….

ငွေကြေးဖောင်းပွမှု Inflation ဟာ ကိုယ့်တစ်နိုင်ငံ ထဲမှသာ inflation ဖြစ်နေတာ မဟုတ်ပဲ နိုင်ငံ အများစု မှာလည်း နှစ်စဉ် inflation က ၁% ၂% ခန့်တော့ ရှိကြပါတယ်။ ဖွံဖြိုးဆဲ တိုင်းပြည် ဖြစ်တဲ့ မြန်မာမှာတော့ နှစ်စဉ် ၁၀% ဝန်း ကျင် ရှိတတ်ပါတယ်။ အချို့သောနိုင်ငံ များမှာတော့ inflation ဖြစ်နှုန်းမ ရှိ ပဲ ဝ% သို့မဟုတ် -1% -2% ရှိတာမျိုးလဲ တွေ့ရတတ်ပါတယ်။ အဲဒီလိုနိုင်ငံတွေမှာတော့ ဘဏ် တွေကို ငွေအပ်ရင် အတိုး မရပဲ ငွေထိန်းသိမ်းခ ကို အပ်သူက ပြန်လည်ပေးရတယ်ဆိုတဲ့ မူဝါဒ လို မတူညီတဲ့ Monetary Policy တွေကို တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်တာကတော့ ပြောင်းပြန်အနေနဲ့ ပြည်သူ နဲ့အစိုးရ ရဲ့ပိုင်ဆိုင်မှုတွေဟာ နှစ်စဉ်. -1% -2% ကျုံ့ သွား ပျောက်သွား တဲ့ အနေအထား မျိုး သက်ရောက်တဲ့အတွက် အနှုတ် မထွက်စေပဲ တည်ငြိမ်တဲ့ inflation နှုန်းထား တစ်ခုမှာ သာ ထိန်းထား တတ်ကြလေ့ရှိပါတယ်။ဒီအတွက် ငွေကြေးဖောင်းပွမှု ပုံမှန်နှုန်းထားဟာ ကြောက်လန့်စရာ မလိုပဲ ပုံမှန် ဖြစ်မြဲနေကျ တစ်ခုအနေနဲ့ ပါတွက်ဆလို့ ရနိုင်ပါတယ်။  


ငွေကြေးဖောင်းပွမှနှုန်း Inflation rate ကို ဘယ်လို တိုင်းတာ လေ့ရှိကြသလဲ...

ငွေကြေးဖောင်းပွမှုနှုန်းဟာ ငွေကြေး တစ်ရပ်ရဲ့ဝယ်နိုင်စွမ်းအား Buying Power နဲ့ တိုက်ရိုက်ချိတ်ဆက် နေတာ ဖြစ်တဲ့ အတွက် ဒီငွေကြေးနဲ့ နှစ်စ မှာ ဘယ်ပစ္စည်းတွေ ကို ဝယ် လို့ ရပြီး နှစ်ကုန်မှာ အဲဒီ ပစ္စည်းတွေကို ဘယ်လောက်နဲ့ ဝယ်မှ ရတော့တယ် ဆိုတဲ့ ကုန်ပစ္စည်းတွေရဲ့ ဈေးကွာဟ ချက် ကို နှိုင်းယှဉ်တွက်ချက်ပြီး ငွေကြေးဟာ ဘယ်လောက် ဖောင်းပွလာတယ် တစ်နည်း အားဖြင့် Buying Power ဘယ်လောက် ကျတယ်ဆိုတာကို တွက်ချက်ကြတာ ဖြစ်ပါတယ်။ .

ဒီလိုတွက် ချက်ရာမှာ ကုန် ပစ္စည်း တစ်ခု ထဲကိုပဲ မူသေတွက်ချက်တာမဟုတ်ပဲ ကုန်စည် အမျိုးအစား အများအပြား ကို စံသတ်မှတ်ပြီး ကောက်ယူ တွက် ချက် တာပဲဖြစ်ပါတယ်။ စားသောက် ကုန် ၊ လူသုံးကုန်၊ ကုန်ခြောက်၊ ပညာရေး၊ စတဲ့ အမျိုးအစား တွေကို (Market Basket) စံသတ်မှတ် ကာ Economic ပညာ ရှင်များက သုံးသပ်ကြပါတယ်။ .

အထက်က တွက်ချက်နည်းကတော့ အသုံးများပြီး Consumer Price Index (CPI) နည်းလမ်း ဖြစ်ပါတယ်။ Inflation rate ဖော်မြူလာကတော့ အခုနှစ်ကုန်. CPI (Current CPI) ထဲက နှစ်စ CPI (Initial CPI) ကိုနှုတ် ပြီး  နှစ်ကုန် CPI (Current CPI) နဲ့ စားကာ ရာခိုင်နှုန်း ပြောင်း တဲ့ နည်း ပဲဖြစ်ပါတယ်။ .

ဥပမာ Current CPI = 105, Initial CPI = 100 ဆိုပါစို့။ ဒါဆိုရင် Inflation = (105-100)/100 = 5% ရမှာဖြစ်ပါတယ်။ ဒါကတော့ အလွယ်ကူဆုံး inflation rate ကို တွက်ချက် တဲ့နည်းဖြစ် ပြီး အများပြည်သူများအနေနဲ့ကတော့ ဒါကို တွက်ထုတ်ရန်မလိုပဲ ဗဟိုဘဏ် နဲ့ အခြားသော ငွေကြေး ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက နှစ်စဉ်ထုတ်ပြန်ကြတဲ့အတွက် အင်တာနက်မှာ အလွယ်တကူ Inflation Rate of Myanmar လို့ ရှာဖွေကြည့်ရှု နိုင်ပါတယ်။ .

နောက်ထပ် နည်းလမ်း တစ်ခုကတော့ Producer Price Index (PPI) ဆိုတဲ့ နည်းလမ်း နဲ့လဲ တွက် ချက် တာကို တွေ့နိုင်ပါသေးတယ်။ ဒါကတော့. Domestic Product ဆိုတဲ့ ပြည်တွင်း ထုတ်ကုန်တွေ ထုတ် လုပ်ရာမှာ ကုန်ကျတဲ့ ကုန်ကြမ်းစရိတ်၊ အလုပ်သမားခ၊ Fuel စတဲ့ စရိတ် များ ဘယ်လောက် ကွာခြားသွားတယ်ဆိုတာကို အထက်ကလိုပဲ Basket အနေနဲ့ကောက်ယူ တွက်ချက်တာဖြစ်ပါတယ်။ ဒီနည်းကတော့ အသုံးနည်းပေမယ့် CPI ကို ပြန်လည်နှိုင်း ယှဉ် တဲ့ အနေနဲ့လဲ အသုံးပြုလေ့ရှိကြပါတယ်။ .


ငွေကြေးဖောင်းပွမှု Inflation က ဘာကြောင့်ဖြစ်သလဲ.

တကယ်တော့ inflation ကိုဖြစ်စေတဲ့ အချက်တွေ ကအများအပြားရှိနေပါတယ်။ ကုန်ဈေးနှုန်း တွေ တက်လာတာ၊ စီးပွားရေး ဖွံဖြိုးလာတာ၊ Market ထဲမှာ လည်ပတ်နေတဲ့ ငွေကြေးတွေ များပြား လာတာ၊ လူတွေ ငွေမစုပဲ စီးပွားရေး ပိုလုပ်လာကြတာ၊ ဘဏ်အတိုးနှုန်း အနည်း အများတွေ၊ ပို့ကုန်သွင်းကုန် ကွာဟ ချက်၊  ပြည်တွင်းငွေကြေးနဲ့ နိုင်ငံခြား ငွေကြေး တန်ဖိုး အတက် အကျ၊ ပြည်တွင်းကုန်ထုတ် စွမ်းအား၊ ချေးငွေ Policy များ၊ နိုင်ငံတကာ အခြေအနေ၊ ကုန်ကြမ်းများ ရှားပါးမှု ပေါများမှု၊ အစိုးရ ရဲ့ငွေရိုက်ထုတ် ထည့်သွင်း မှု၊ အလုပ်လက်မဲ့ နှုန်းထား စတဲ့ အချက် များ ကနေ ငွေကြေးဖောင်းပွမှုကို ဖြစ်စေလေ့ရှိပါတယ်။ .


ငွေကြေးဖောင်းပွမှုကို ဘယ်လို ထိန်းချုပ်လေ့ရှိသလဲ...

အဓိက အနေနဲ့ကတော့ ငွေကြေးဖောင်းပွမှုကို ဗဟိုဘဏ်ကနေ ငွေကြေးဆိုင်ရာ မူဝါဒ များ ချမှတ် ပြီး အတိုး အလျော့ကို ထိန်းသိမ်း လေ့ရှိပါတယ်။ ဥပမာ ဒေါ်လာ ဝယ်ယူ မှုတွေ များပြား လာပြီး ဈေးကွက်အတွင်းမှာ ဒေါ်လာ ရှားပါးလာတဲ့အခါ ဒေါ်လာ ဈေးမာလာ ပြီးဈေးတွေ တက်ကာ မြန်မာ ကျပ်ငွေ တန်ဖိုးကျပြီး ငွေကြေးဖောင်းပွမှုကို ဦးတည်စေပါတယ်။ ဒီအခါ မှာ ဒေါ်လာ ဈေးနှုန်း တည်ငြိမ် နေစေဖို့ အတွက် ဗဟိုဘဏ်ကနေပြီး ဒေါ်လာတွေ ပြန်လည်ရောင်းထုတ် ကာ ငွေတန်ဖိုး တွေကို ထိန်းညှိပေးပါတယ်။ ဒီလိုပဲ ဆန့်ကျင်ဖက်အနေနဲ့ ဒေါ်လာဈေးတွေ ထိုးကျလာတဲ့ အခါ စီးပွားရေး ကိုမထိ ခိုက်စေဖို့ အတွက် ဗဟိုဘဏ်ကနေ ဒေါ်လာ ပြန်ဝယ် ရတာမျိုး တွေ့ရပါလိမ့်မယ်။.


ဒါ့အပြင် နောက် ထပ် အသုံးများတဲ့ နည်းလမ်းကတော့ ဘဏ်တိုးနှုန်း အတိုးအလျော့နဲ့ ထိန်း ချုပ် တာပဲဖြစ်ပါတယ်။ များသောအားဖြင့် တော့ နိုင်ငံတိုင်း ကဘဏ်တိုးနှုန်းတွေ ဟာ ငွေကြေးဖောင်းပွ မှုနှုန်း ရဲ့အောက် 1 or 2% လောက်ခွာပြီးပေးထားတတ်ကြပါတယ်။ တကယ်လို့ဘဏ်တိုးနှုန်း ကို မြင့်လိုက်တဲ့အခါ လူများက စီးပွားရေး နဲ့ ရင်းနှီးမြုပ်နှံမှုတွေ အစား ပိုစိတ်ချ ရတဲ့ ဘဏ်ထဲကို ပဲ ငွေလာ အပ်ကြပါတော့တယ်။ ဒီအခါ market အတွင်း လည်ပတ်နေတဲ့ငွေပမာဏ နည်းသွား ပြီး ငွေကြောင်းဖောင်းပွ မှုနှုန်းလဲ ကျဆင်းလာ လေ့ရှိပါတယ်။ ဒါပေမယ့် စီးပွားရေး အနည်း ငယ်တုံ ဆိုင်းသွားတာ  အလုပ်လက်မဲ့ပေါများ လာတာစတဲ့ Side Effect တွေ လဲ ရှိတဲ့ အတွက် အသေအချာ တွက်ချက် လုပ်ဆောင် ကြရလေ့ရှိပါတယ်။.


သူ့နဲ့ ပြောင်းပြန်ကတော့ ဘဏ်တိုးနှုန်းတွေကို လျော့ချလိုက်တဲ့အခါ လူတွေ အနေနဲ့ဘဏ်တိုးက မကိုက်တော့တဲ့ အတွက် ငွေတွေ ပြန်ထုတ်ပြီး ပိုကိုက်မယ့် ရင်းနှီးမြုပ်နှံမှုတွေ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်လာကြပါတော့တယ်။ ဒီအခါ ဈေးကွက် အတွင်း ငွေ လည်ပတ်မှု ပိုသွက် လာကာ စီးပွားရေး တိုးတက်လာတာ အလုပ်အကိုင် ပေါများတာ လစာတိုးတာ စတာတွေ ဖြစ် လာနိုင်သလို side effect အနေနဲ့ ကလဲ ငွေကြေးဖောင်းပွမှု ကို ကြုံလာရနိုင်ပြန်ပါတယ်။.


ဒါ့အပြင် အစိုးရအနေနဲ့ အခွန် မူဝါဒများ၊ ပို့ကုန်သွင်းကုန် မူဝါဒ၊ ပြည်တွင်းစီးပွားရေး မူဝါဒ၊ ထုတ်ကုန်တိုးမြှင့်ရေး စတဲ့ အချက်များနဲ့လဲ ငွေကြေးဖောင်းပွမှု ကို ထိန်းချုပ်လုပ်ဆောင် လေ့ရှိပါတယ်။ .


ငွေကြေးဖောင်းပွမှုက ဘာတွေကို တိုက်ရိုက် သက်ရောက်သလဲ…

ငွေကြေးဖောင်းပွတာ ကောင်းလားဆိုးလား..

ငွေကြေးဖောင်းပွမှုကနေ ဘယ်သူတွေအကျိုးရှိမလဲ….

စတာတွေကိုတော့ နောက် မျှဝေမှု မှာ ဆက်ပြီး လေ့လာပေးပါဦး….


Kaung Hein Soe – Strategic

Business Consultant


(Zawgyi) 

 ေငြေၾကးေဖာင္းပြမွု (Inflation) အေၾကာင္း - အပိုင္း (၁)




#Business_Knowledge 

#Inflation

#စီးပြားေရးဗဟုသုတ

#ေငြေၾကးေဖာင္းပြမႈ


(မီးဖိုေခ်ာင္တဲ့က ဆန္မရွိတဲ့ကိစၥလည္း ႏိုင္ငံေရးနဲ႔ဆိုင္တဲ့ဆိုတဲ့ စကားကို ေပါ့ေပါ့တန္တန္မထားသင့္ေၾကာင္း ေခတ္အေျခအေနကို စူးစမ္းေလ့လာလိုက္ရင္ သိသာပါတယ္။ ေငြေၾကးလို႔ေခၚတဲ့ ပိုက္ဆီစီးဆင္းတဲ့လမ္းေၾကာင္း မူမမွန္တဲ့အခါ ေငြေၾကးေဖာင္းပြမႈေတြျဖစ္ ျပီး ေနာက္ဆက္တြဲအက်ိဳးဆက္က ကုန္ေစ်းႏႈန္းၾကီးျမင့္ျခင္းေတြ လိုက္ပါလာႏိုင္တယ္ဆိုတာ လူျပိန္းတစ္ေယာက္ရဲ႕အေတြးပါ။ ဒါကို ေသခ်ာ သိဖို႔အတြက္ ဆရာေကာင္းဟိန္းစိုးရဲ႕ ေဆာင္းပါးေတြကို အဆက္မျပတ္ျပန္လည္မွ်ေ၀သြားဖို႔ စဥ္းစားထားပါတယ္။)


ယခင္ပိုစ့္ ျဖစ္တဲ့ ေနာက္ႏွစ္မ်ားအတြက္ စီးပြားေရး အေျခအေန ဆိုတဲ့ ပိုစ့္မွာ ကၽြန္ေတာ့္ အေနနဲ႔ Inflation ေငြေၾကးေဖာင္းပြမွု ပိုၿပီးျဖစ္လာနိုင္ေျခရွိေၾကာင္းကို နိုင္ငံေရး စီးပြားေရး အေျပာင္းအလဲ ျဖစ္နိုင္ ေျခ မ်ားနဲ႔ ခန႔္မွန္းသုံးသပ္ခဲ့ၿပီး ဒီတစ္ခါမွာေတာ့ ေငြေၾကးေဖာင္းပြ မွု ရအေၾကာင္းနဲ႔ သူ႔ရဲ့ တိုက္ရိုက္ သက္ေရာက္ မွုမ်ားကို အပိုင္းဆက္ ဆက္လက္မၽွေဝေပးလိုပါတယ္။


ေငြေၾကးေဖာင္းပြမွု Inflation ဆိုတာကေတာ့ ေငြေၾကးတစ္ရပ္ ရဲ့ ဝယ္နို္င္စြမ္းအား လို့ေခၚတဲ့ Buying Power က်ဆင္းသြားျခင္း ပဲျဖစ္ပါတယ္။ ဥပမာ ယခင္က ေငြတစ္ရာက်ပ္ နဲ႔ ပစၥည္း တစ္ခု ဝယ္လို့ ရခဲ့ေပမယ့္ ေငြေၾကးေဖာင္းပြမွု inflation rate က တစ္ႏွစ္စာ ၁၀% ရွိေနမယ္ဆိုရင္ ေနာက္ႏွစ္မွာ အဲ့ဒီ အမ်ိဳးအစားတူပစၥည္းကို ေငြ တစ္ရာ့တစ္ဆယ္ က်ပ္နဲ႔ ဝယ္မွ ရရွိ ေတာ့မွာ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ေတာ့ Inflation rate 10% ဆိုတာဟာ ႏွစ္စဥ္ ေငြေၾကးရဲ့ Buying Power 10% ေလ်ာ့ နည္းသြားတယ္ဆိုတဲ့ အဓိပၺာယ္ပဲျဖစ္ပါတယ္။ ဥပမာအေနနဲ႔ေျပာရရင္ ေတာ့ မွတ္မွတ္ရရ ကၽြန္ေတာ္ ေက်ာင္းသားဘဝငယ္စဥ္က မုန႔္ဟင္းခါးတစ္ပြဲကို ၂ က်ပ္ နဲ႔ ဝယ္စား ခဲ့ဖူးပါတယ္။ ဒါေပမယ့္ လက္ရွိမွာေတာ့ မုန႔္ဟင္းခါးတစ္ပြဲဟာ အနည္းဆုံး ၅၀၀ က်ပ္ ခန႔္ ျဖစ္ေနၿပီျဖစ္တဲ့အတြက္ ဆယ္စုႏွစ္ အနည္းငယ္အတြင္းမွာ ေငြေၾကးရဲ့. Buying Power ဝယ္ နိုင္အား ဘယ္ႏွစ္ဆ ေတာင္ က်သြားတယ္ဆိုတာကို စဥ္းစားနိုင္ပါလိမ့္မယ္။


Inflation ေငြေၾကးေဖာင္းပြမွုက ကိုယ့္တစ္နိုင္ငံထဲျဖစ္တာလား….

ေငြေၾကးေဖာင္းပြမွု Inflation ဟာ ကိုယ့္တစ္နိုင္ငံ ထဲမွသာ inflation ျဖစ္ေနတာ မဟုတ္ပဲ နိုင္ငံ အမ်ားစု မွာလည္း ႏွစ္စဥ္ inflation က ၁% ၂% ခန႔္ေတာ့ ရွိၾကပါတယ္။ ဖြံၿဖိဳးဆဲ တိုင္းျပည္ ျဖစ္တဲ့ ျမန္မာမွာေတာ့ ႏွစ္စဥ္ ၁၀% ဝန္း က်င္ ရွိတတ္ပါတယ္။ အခ်ိဳ့ေသာနိုင္ငံ မ်ားမွာေတာ့ inflation ျဖစ္ႏွုန္းမ ရွိ ပဲ ၀% သို့မဟုတ္ -1% -2% ရွိတာမ်ိဳးလဲ ေတြ ့ရတတ္ပါတယ္။ အဲဒီလိုနို္င္ငံေတြမွာေတာ့ ဘဏ္ ေတြကို ေငြအပ္ရင္ အတိုး မရပဲ ေငြထိန္းသိမ္းခ ကို အပ္သူက ျပန္လည္ေပးရတယ္ဆိုတဲ့ မူဝါဒ လို မတူညီတဲ့ Monetary Policy ေတြကို ေတြ ့နိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလို ျဖစ္တာကေတာ့ ေျပာင္းျပန္အေနနဲ႔ ျပည္သူ နဲ႔အစိုးရ ရဲ့ပိုင္ဆိုင္မွုေတြဟာ ႏွစ္စဥ္. -1% -2% က်ဳံ႕ သြား ေပ်ာက္သြား တဲ့ အေနအထား မ်ိဳး သက္ေရာက္တဲ့အတြက္ အႏွုတ္ မထြက္ေစပဲ တည္ၿငိမ္တဲ့ inflation ႏွုန္းထား တစ္ခုမွာ သာ ထိန္းထား တတ္ၾကေလ့ရွိပါတယ္။ဒီအတြက္ ေငြေၾကးေဖာင္းပြမွု ပုံမွန္ႏွုန္းထားဟာ ေၾကာက္လန႔္စရာ မလိုပဲ ပုံမွန္ ျဖစ္ျမဲေနက် တစ္ခုအေနနဲ႔ ပါတြက္ဆလို့ ရနိုင္ပါတယ္။  


ေငြေၾကးေဖာင္းပြမွႏွုန္း Inflation rate ကို ဘယ္လို တိုင္းတာ ေလ့ရွိၾကသလဲ...

ေငြေၾကးေဖာင္းပြမွုႏွုန္းဟာ ေငြေၾကး တစ္ရပ္ရဲ့ဝယ္နိုင္စြမ္းအား Buying Power နဲ႔ တိုက္ရိုက္ခ်ိတ္ဆက္ ေနတာ ျဖစ္တဲ့ အတြက္ ဒီေငြေၾကးနဲ႔ ႏွစ္စ မွာ ဘယ္ပစၥည္းေတြ ကို ဝယ္ လို့ ရၿပီး ႏွစ္ကုန္မွာ အဲဒီ ပစၥည္းေတြကို ဘယ္ေလာက္နဲ႔ ဝယ္မွ ရေတာ့တယ္ ဆိုတဲ့ ကုန္ပစၥည္းေတြရဲ့ ေစ်းကြာဟ ခ်က္ ကို ႏွိုင္းယွဥ္တြက္ခ်က္ၿပီး ေငြေၾကးဟာ ဘယ္ေလာက္ ေဖာင္းပြလာတယ္ တစ္နည္း အားျဖင့္ Buying Power ဘယ္ေလာက္ က်တယ္ဆိုတာကို တြက္ခ်က္ၾကတာ ျဖစ္ပါတယ္။ .

ဒီလိုတြက္ ခ်က္ရာမွာ ကုန္ ပစၥည္း တစ္ခု ထဲကိုပဲ မူေသတြက္ခ်က္တာမဟုတ္ပဲ ကုန္စည္ အမ်ိဳးအစား အမ်ားအျပား ကို စံသတ္မွတ္ၿပီး ေကာက္ယူ တြက္ ခ်က္ တာပဲျဖစ္ပါတယ္။ စားေသာက္ ကုန္ ၊ လူသုံးကုန္၊ ကုန္ေျခာက္၊ ပညာေရး၊ စတဲ့ အမ်ိဳးအစား ေတြကို (Market Basket) စံသတ္မွတ္ ကာ Economic ပညာ ရွင္မ်ားက သုံးသပ္ၾကပါတယ္။ .

အထက္က တြက္ခ်က္နည္းကေတာ့ အသုံးမ်ားၿပီး Consumer Price Index (CPI) နည္းလမ္း ျဖစ္ပါတယ္။ Inflation rate ေဖာ္ျမဴလာကေတာ့ အခုႏွစ္ကုန္. CPI (Current CPI) ထဲက ႏွစ္စ CPI (Initial CPI) ကိုႏွုတ္ ၿပီး  ႏွစ္ကုန္ CPI (Current CPI) နဲ႔ စားကာ ရာခိုင္ႏွုန္း ေျပာင္း တဲ့ နည္း ပဲျဖစ္ပါတယ္။ .

ဥပမာ Current CPI = 105, Initial CPI = 100 ဆိုပါစို့။ ဒါဆိုရင္ Inflation = (105-100)/100 = 5% ရမွာျဖစ္ပါတယ္။ ဒါကေတာ့ အလြယ္ကူဆုံး inflation rate ကို တြက္ခ်က္ တဲ့နည္းျဖစ္ ၿပီး အမ်ားျပည္သူမ်ားအေနနဲ႔ကေတာ့ ဒါကို တြက္ထုတ္ရန္မလိုပဲ ဗဟိုဘဏ္ နဲ႔ အျခားေသာ ေငြေၾကး ဆိုင္ရာ ျပည္တြင္းျပည္ပ အဖြဲ႕အစည္းမ်ားက ႏွစ္စဥ္ထုတ္ျပန္ၾကတဲ့အတြက္ အင္တာနက္မွာ အလြယ္တကူ Inflation Rate of Myanmar လို့ ရွာေဖြၾကည့္ရွု နို္င္ပါတယ္။ .

ေနာက္ထပ္ နည္းလမ္း တစ္ခုကေတာ့ Producer Price Index (PPI) ဆိုတဲ့ နည္းလမ္း နဲ႔လဲ တြက္ ခ်က္ တာကို ေတြ႕နိုင္ပါေသးတယ္။ ဒါကေတာ့. Domestic Product ဆိုတဲ့ ျပည္တြင္း ထုတ္ကုန္ေတြ ထုတ္ လုပ္ရာမွာ ကုန္က်တဲ့ ကုန္ၾကမ္းစရိတ္၊ အလုပ္သမားခ၊ Fuel စတဲ့ စရိတ္ မ်ား ဘယ္ေလာက္ ကြာျခားသြားတယ္ဆိုတာကို အထက္ကလိုပဲ Basket အေနနဲ႔ေကာက္ယူ တြက္ခ်က္တာျဖစ္ပါတယ္။ ဒီနည္းကေတာ့ အသုံးနည္းေပမယ့္ CPI ကို ျပန္လည္ႏွိုင္း ယွဥ္ တဲ့ အေနနဲ႔လဲ အသုံးျပဳေလ့ရွိၾကပါတယ္။ .


ေငြေၾကးေဖာင္းပြမွု Inflation က ဘာေၾကာင့္ျဖစ္သလဲ.

တကယ္ေတာ့ inflation ကိုျဖစ္ေစတဲ့ အခ်က္ေတြ ကအမ်ားအျပားရွိေနပါတယ္။ ကုန္ေစ်းႏွုန္း ေတြ တက္လာတာ၊ စီးပြားေရး ဖြံၿဖိဳးလာတာ၊ Market ထဲမွာ လည္ပတ္ေနတဲ့ ေငြေၾကးေတြ မ်ားျပား လာတာ၊ လူေတြ ေငြမစုပဲ စီးပြားေရး ပိုလုပ္လာၾကတာ၊ ဘဏ္အတိုးႏွုန္း အနည္း အမ်ားေတြ၊ ပို့ကုန္သြင္းကုန္ ကြာဟ ခ်က္၊  ျပည္တြင္းေငြေၾကးနဲ႔ နိုင္ငံျခား ေငြေၾကး တန္ဖိုး အတက္ အက်၊ ျပည္တြင္းကုန္ထုတ္ စြမ္းအား၊ ေခ်းေငြ Policy မ်ား၊ နိုင္ငံတကာ အေျခအေန၊ ကုန္ၾကမ္းမ်ား ရွားပါးမွု ေပါမ်ားမွု၊ အစိုးရ ရဲ့ေငြရိုက္ထုတ္ ထည့္သြင္း မွု၊ အလုပ္လက္မဲ့ ႏွုန္းထား စတဲ့ အခ်က္ မ်ား ကေန ေငြေၾကးေဖာင္းပြမွုကို ျဖစ္ေစေလ့ရွိပါတယ္။ .


ေငြေၾကးေဖာင္းပြမွုကို ဘယ္လို ထိန္းခ်ဳပ္ေလ့ရွိသလဲ...

အဓိက အေနနဲ႔ကေတာ့ ေငြေၾကးေဖာင္းပြမွုကို ဗဟိုဘဏ္ကေန ေငြေၾကးဆိုင္ရာ မူဝါဒ မ်ား ခ်မွတ္ ၿပီး အတိုး အေလ်ာ့ကို ထိန္းသိမ္း ေလ့ရွိပါတယ္။ ဥပမာ ေဒၚလာ ဝယ္ယူ မွုေတြ မ်ားျပား လာၿပီး ေစ်းကြက္အတြင္းမွာ ေဒၚလာ ရွားပါးလာတဲ့အခါ ေဒၚလာ ေစ်းမာလာ ၿပီးေစ်းေတြ တက္ကာ ျမန္မာ က်ပ္ေငြ တန္ဖိုးက်ၿပီး ေငြေၾကးေဖာင္းပြမွုကို ဦးတည္ေစပါတယ္။ ဒီအခါ မွာ ေဒၚလာ ေစ်းႏွုန္း တည္ၿငိမ္ ေနေစဖို့ အတြက္ ဗဟိုဘဏ္ကေနၿပီး ေဒၚလာေတြ ျပန္လည္ေရာင္းထုတ္ ကာ ေငြတန္ဖိုး ေတြကို ထိန္းညႇိေပးပါတယ္။ ဒီလိုပဲ ဆန႔္က်င္ဖက္အေနနဲ႔ ေဒၚလာေစ်းေတြ ထိုးက်လာတဲ့ အခါ စီးပြားေရး ကိုမထိ ခိုက္ေစဖို့ အတြက္ ဗဟိုဘဏ္ကေန ေဒၚလာ ျပန္ဝယ္ ရတာမ်ိဳး ေတြ႕ရပါလိမ့္မယ္။.


ဒါ့အျပင္ ေနာက္ ထပ္ အသုံးမ်ားတဲ့ နည္းလမ္းကေတာ့ ဘဏ္တိုးႏွုန္း အတိုးအေလ်ာ့နဲ႔ ထိန္း ခ်ဳပ္ တာပဲျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ေတာ့ နိုင္ငံတိုင္း ကဘဏ္တိုးႏွုန္းေတြ ဟာ ေငြေၾကးေဖာင္းပြ မွုႏွုန္း ရဲ့ေအာက္ 1 or 2% ေလာက္ခြာၿပီးေပးထားတတ္ၾကပါတယ္။ တကယ္လို ့ဘဏ္တိုးႏွုန္း ကို ျမင့္လိုက္တဲ့အခါ လူမ်ားက စီးပြားေရး နဲ႔ ရင္းႏွီးျမဳပ္ႏွံမွုေတြ အစား ပိုစိတ္ခ် ရတဲ့ ဘဏ္ထဲကို ပဲ ေငြလာ အပ္ၾကပါေတာ့တယ္။ ဒီအခါ market အတြင္း လည္ပတ္ေနတဲ့ေငြပမာဏ နည္းသြား ၿပီး ေငြေၾကာင္းေဖာင္းပြ မွုႏွုန္းလဲ က်ဆင္းလာ ေလ့ရွိပါတယ္။ ဒါေပမယ့္ စီးပြားေရး အနည္း ငယ္တုံ ဆိုင္းသြားတာ  အလုပ္လက္မဲ့ေပါမ်ား လာတာစတဲ့ Side Effect ေတြ လဲ ရွိတဲ့ အတြက္ အေသအခ်ာ တြက္ခ်က္ လုပ္ေဆာင္ ၾကရေလ့ရွိပါတယ္။.


သူ႔နဲ႔ ေျပာင္းျပန္ကေတာ့ ဘဏ္တိုးႏွုန္းေတြကို ေလ်ာ့ခ်လိုက္တဲ့အခါ လူေတြ အေနနဲ ့ဘဏ္တိုးက မကိုက္ေတာ့တဲ့ အတြက္ ေငြေတြ ျပန္ထုတ္ၿပီး ပိုကိုက္မယ့္ ရင္းႏွီးျမဳပ္ႏွံမွုေတြ စီးပြားေရး လုပ္ငန္းေတြ လုပ္ကိုင္လာၾကပါေတာ့တယ္။ ဒီအခါ ေစ်းကြက္ အတြင္း ေငြ လည္ပတ္မွု ပိုသြက္ လာကာ စီးပြားေရး တိုးတက္လာတာ အလုပ္အကိုင္ ေပါမ်ားတာ လစာတိုးတာ စတာေတြ ျဖစ္ လာနိုင္သလို side effect အေနနဲ႔ ကလဲ ေငြေၾကးေဖာင္းပြမွု ကို ၾကဳံလာရနိုင္ျပန္ပါတယ္။.


ဒါ့အျပင္ အစိုးရအေနနဲ႔ အခြန္ မူဝါဒမ်ား၊ ပို့ကုန္သြင္းကုန္ မူဝါဒ၊ ျပည္တြင္းစီးပြားေရး မူဝါဒ၊ ထုတ္ကုန္တိုးျမႇင့္ေရး စတဲ့ အခ်က္မ်ားနဲ႔လဲ ေငြေၾကးေဖာင္းပြမွု ကို ထိန္းခ်ဳပ္လုပ္ေဆာင္ ေလ့ရွိပါတယ္။ .


ေငြေၾကးေဖာင္းပြမွုက ဘာေတြကို တိုက္ရိုက္ သက္ေရာက္သလဲ…

ေငြေၾကးေဖာင္းပြတာ ေကာင္းလားဆိုးလား..

ေငြေၾကးေဖာင္းပြမွုကေန ဘယ္သူေတြအက်ိဳးရွိမလဲ….

စတာေတြကိုေတာ့ ေနာက္ မၽွေဝမွု မွာ ဆက္ၿပီး ေလ့လာေပးပါဦး….


Kaung Hein Soe – Strategic

Business Consultant

No comments: