မီးဘေးအန္တရာယ် စုပေါင်းကြိုတင်ကာကွယ်
#မီးဘေးအန္တရာယ်
#ရာသီပြောင်းအန္တရာယ်
#သတိပြုဖွယ်
(မီးဘေးအန္တရာယ်ဆိုတာ ရာသီမရွေးဖြစ်တတ်ပေမယ့် ပူပြင်းခြောက်သွေ့ချိန်များမှာ ပိုမိုဖြစ်ပွားတတ်တာလို့ သိထားပါတယ်။ ကျွန်တော် ကတော့ အပြင်သွားမယ်ဆိုတိုင်း အိမ်ရဲ့လျှပ်စစ်မီးအဝင်အထွက် အဓိက မိန်း (Main Switch)ကိုပိတ်ပြီး၊ချပြီးမှသွားတာပါပဲ။ မီးသတ် ဆေးဘူး အလတ်စားတစ်ဘူးကိုလည်း အိမ်အဝင်ဝနံရံနားမှာ အဆင်သင့်ချိတ်ထားတယ်။ ညဆိုရင်လည်း မီးဖိုချောင်က ဂတ်စ်အိုးရဲ့ အထိန်းခလုပ်တွေ သေချာပိတ်မပိတ်စစ်ဆေးတယ်။ မီးခြစ်တွေကို အမြင့်တစ်နေရာမှာထားပြီး ကလေးတွေနဲ့ ခပ်ဝေးဝေး ထားပါတယ်။)
ပွင့်လင်းရာသီရောက်လာပြီဆိုတော့ သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ မီးဘေးအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ လိုအပ်လာပါပြီ။ နွေ၊ မိုး၊ ဆောင်း သုံးရာသီမှာ မိုးရာသီကလွဲရင် နွေရာသီနဲ့ ဆောင်းရာသီတွေဟာ ခြောက်သွေ့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလို ခြောက်သွေ့ တဲ့ရာသီဥတုမှာ မီးဘေးအန္တရာယ်က ပိုပြီးပေါ်ပေါက်တတ်ပါတယ်။ ဒါပေမဲ့လည်း မီးဘေးအန္တရာယ်ဆိုတာ ရာဦဥတုမရွေး၊ အချိန်မရွေး၊ နေရာမရွေး ဖြစ်ပေါ်တတ်တာမို့ အားလုံးက သတိလက်လွတ်မခံဘဲ အမြဲဂရုစိုက်ကြရမှာဖြစ်ပါတယ်။
မြို့တွေ ရွာတွေတည်ကာစတုန်းက ရပ်ကွက် လူနေအိမ်ခြေတွေတည်ဆောက်မှုကို စနစ်တကျသတ်မှတ်တည်ခဲ့သော်ငြား တိုးတက် လာတဲ့ လူဦးရေနဲ့ လူနေအိမ်ခြေတွေအပြင် အထပ်မြင့်အဆောက်အအုံတွေကစလို့ အဆောက်အအုံမျိုးစုံတည်ဆောက် လာကြတာ ကြောင့် မီးဘေးအန္တရာယ်ပေါ်ပေါက်ပြီဆိုရင် ပျက်စီးဆုံးရှုံးမှု တန်ဖိုးများပြားလှသလို ထိခိုက်ဒဏ်ရာတွေပါ ရကြပါတယ်။
ရုပ်ဝတ္ထုပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားရတဲ့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာတွေကိုပါ နှောင့်နှေးသွားစေပါတယ်။ မီးလောင် ပျက်စီးပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ရာမှာ အခက်အခဲများစွာကိုြဖြတ်သန်းကြရဦးမှာပါ။
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလကြီးမှာ လျှပ်စစ်ဓာတ်အားအသုံးပြုမှုကလဲ အိမ်တိုင်း၊ လုပ်ငန်းတိုင်း မဖြစ်မနေသုံးစွဲနေကြပါ တယ်။ ဒါပေမဲ့ ထင်း၊မီးသွေး၊ဖယောင်းတိုင်၊ရေနံဆီ၊ခြင်ဆေးခွေ၊ အမွှေးတိုင် စတဲ့အသုံးအဆောင်တွေကို သုံးစွဲကြ ရာမှာ စနစ်တကျနဲ့ အန္တရာယ်မပေါ်ပေါက်အောင် စစ်ဆေးးကြပ်မတ်သုံးစွဲကြရမှာကတော့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။
လောင်ကျွမ်းခြင်းဆိုတာ အပူနဲ့ အလင်းထွက်ပေါ်လာတဲ့ ဓာတုဓာတ်ပြုမှု ဒါမှမဟုတ် ဓာတ်ပြုမှုဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ ဓာတ်ပြုမှုနှုန်းနှေးကွေးရင် နှေးကွေးတဲ့ဓာတ်တိုးခြင်းသာဖြစ်ပါမယ်။ (ဥပမာ - သံချေးတက်ခြင်း)၊ လောင်ကျွမ်းခြင်းဟာ အလွန် လျင်မြန်တဲ့နှုန်းနဲ့ ဓာတ်ပြုပြီး အပူနဲ့အလင်းကို ထုတ်လွှတ်ပေးပါတယ်။ မီးလောင်မှုတစ်ခုဖြစ်ပေါ်ဖို့ အဓိကအခြေခံအချက်သုံးချက် လိုအပ်ပါတယ်။ အဲဒါတွေကတော့ အပူ၊ အောက်ဆီဂျင်နဲ့ လောင်စာတို့ဖြစ်ပါတယ်။ ဒီအခြေခံအချက်သုံးချက် ပေါင်းစုံညီညွတ်တဲ့ အချိန်ကာလကြာရှည်တာနဲ့အမျှ လောင်ကျွမ်းခြင်းဟာ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။ သည်သုံးချက်ထဲက တစ်ခုခုကို ဖယ်ထုတ် နိုင်မှသာ လောင်ကျွမ်းတာက ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။
မီးလောင်ရတဲ့ အမျိုးအစားတွေကို လေ့လာကြည့်တော့ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ မီးဖိုမီး၊ မသမာသူရှို့မီး၊တောမီး၊အလိုအလျောက်မီးဆိုပြီး အမျိုးမျိုးတွေ့ရပါတယ်။
အဲဒီအမျိုးအစားတွေထဲက ပေါ့ဆမီးကြောင့် မီးဘေးအန္တရာယ် ပေါ်ပေါက်ရတာပိုမိုများပြားပါတယ်။ ရပ်ကွက် အလိုက်၊ မြို့နယ်အလိုက် မီးဘေးအန္တရာယ် မပေါ်ပေါက်ရေးအတွက် မီးသတ်တပ်ဖွဲ့ရဲ့ အသိပညာပေးချက်တွေ၊ စည်းကမ်းချက်တွေကို တိကျစွာလိုက်နာကြဖို့လိုအပ်ပါတယ်။ ရပ်ကွက်အလိုက် ဒေသအရန်မီးသတ်တပ်ဖွဲ့တွေက အသိပညာပေးတာတွေ၊ ကွင်းဆင်းစစ်ဆေး တာတွေ လိုက်လံဆောင်ရွက်နေပြီး ပြည်သူတွေကလည်း တိကျစွာ လိုက်နာကြဖို့ လိုအပ်ပါတယ် ခင်ဗျ။
လိုက်နာသင့်တဲ့အချက်တွေက -
(၁) မီးလောင်လွယ်တဲ့ပစ္စည်းတွေကို အိမ်ထဲနဲ့ အိမ်အနီးအနားမှာ သိုလှောင်မထားပါနဲ့။
(၂) ကလေးငယ်တွေ၊ စိတ်ကျန်းမာရေးချို့ယွင်းနေသူတွေ၊ အိုမင်းမစွမ်း သက်ကြီးရွယ်အိုတွေကို မီးခြစ်၊ ဖယောင်းတိုင်လို မီးလောင်မှုဖြစ် စေနိုင်တဲ့ ပစ္စည်းတွေ အသုံးမပြုပါစေနဲ့။
(၃) ခြင်ဆေးခွေ၊ အမွှေးတိုင်၊ ဖယောင်းတိုင်တွေကို အပူခံအောက်ခံခွက်မပါဘဲ အသုံးမပြုပါနဲ့။
(၄) အိပ်ရာ၊ ခြင်ထောင်၊ မွေ့ရာ၊ နံရံ စတဲ့ မီးလောင်လွယ်တဲ့ နေရာအနီးတွေမှာ ဖယောင်းတိုင်၊ ခြင်ဆေးခွေ၊ အမွှေးတိုင်တွေ မထွန်းပါနဲ့။
(၅) နေ့လယ်ပိုင်း အပူချိန်မြင့်မားနေချိန်မှာ ပလတ်စတစ်ပုံးနဲ့ ဓာတ်ဆီထည့်တာ၊ လှယ်တာမလုပ်ပါနဲ့။
(၆) မီးလောင်မှု မတော်တဆပေါ်ပေါက်ပါက မီးလန့်အချက်ပေးသံချောင်းခေါက်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခံပြီး ဝိုင်းဝန်းငြှိမ်းသတ်ပါ။
(၇) တီဗီ၊ ရေခဲသေတ္တာ၊ အဲကွန်းတွေနဲ့ တွဲဖက်အသုံးပြုထားတဲ့ မီးအားထိန်းစက် (Safe Guard)ကို အပူမစီးကူးနိုင်တဲ့နေရာမှာ တပ်ဆင် အသုံးပြုပါ။
(၈) မီးဘေးအန္တရာယ်ဖြစ်ပွားပါက မီးသတ်ယာဉ်တွေ၊ မီးငြှိမ်းသတ်ကြတဲ့ တာဝန်ရှိသူတွေကို အနှောင့်အယှက်ဖြစ်စေတဲ့အထိ လက်ကိုင်ဖုန်းတွေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတာတွေကို အတတ်နိုင်ဆုံးေရှောင်ကြဉ်ပါ။
(၉) ပြည်သူတွေ အထိတ်တလန့်ဖြစ်စေမယ့် မတိကျ မသေချာတဲ့ မီးဘေးသတင်းတွေကို သက်ဆိုင်ရာမှ အတည်ပြုချက်မရရှိဘဲ သတင်း တင်ပြခြင်းရှောင်ကြဉ်ပါ။
(၁၀) လိုအပ်ပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေမှာ တတ်စွမ်းသမျှ ပူးပေါင်းကူညီကြပါ။
စက်ရုံအလုပ်ရုံကြီးတွေ၊ သိုလှောင်ရုံတွေ၊ ဆေးရုံတွေ၊ ဟိုတယ်တွေ၊ ဈေးတွေ၊ စက်သုံးဆီအရောင်းဆိုင်တွေ စသည်တို့မှာ မီးဘေး အန္တရာယ် မပေါ်ပေါက်ရေးအတွက် နှစ်စဉ် မီးဘေးအန္တရာယ်မပေါ်ပေါက်ရေးအတွက် ကြိုတင်ကာကွယ်ရေးစီမံချက်ရေးစွဲခြင်း၊ စီမံချက်ပါလုပ်ငန်းတွေကို အကောင်အထည်ဖော်ခြင်း၊ ကြိုတင်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို စီမံဆောင်ရွက်ခြင်းတွေလုပ်ရပါမယ်။
တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးရမယ့်အချက်တွေ (Check list)နဲ့ ကြပ်မတ်စစ်ဆေးခြင်း၊
မီးငြှိမ်းသတ်ရေးကိရိယာ (Safety Equipments) တွေ ပြည့်စုံလုံလောက်စွာ ဖြည့်တင်းထားရှိခြင်း၊
အရေးပေါ်ပြန်လည်တုံ့ပြန်ရေးအဖွဲ့ (Emergency Response Team)၊
မီးငြှိမ်းသတ်ရေးအဖွဲ့ (Fire Fighting Team)၊
ကယ်ဆယ်ရေးအဖွဲက (Guest Evacuation Team)၊
လုံခြုံရေးအဖွဲ့ (Security Team)?
ပစ္စည်း သယ်ယူရေးအဖွဲ့ (Transport Equipment Team) အဖွဲ့တွေ ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်း၊ မီးငြှိမ်းသတ်ရေးကြိုတင်ဇာတ် တိုက်လေ့ကျင့်ခြင်းတွေကို ဆောင်ရွက်ထားကြဖို့လိုအပ်ပါတယ်။
အရေးပေါ်မီးငြှိမ်းသတ်ရေး ကိရိယာတွေဖြစ်တဲ့ မီးသတ်ဆေးဘူး၊ ရေ၊သဲ၊မီးချိတ်၊မီးကပ်၊ အရေးပေါ်မီးငြှိမ်းသတ်ဖို့ အပေါ့စား မီးသတ် စက်တွေကိုလဲြပြည့်စုံလုံလောက်စွာထားရှိကြရပါမယ်။
မီးကို ရန်သူမျိုးငါးပါးမှာ တစ်ပါးအဖြစ်သတ်မှတ်ထားခဲ့ကြပါတယ်။ တစ်ဦးချင်းစီက အသိတရားကိုယ်စီနဲ့ မီးဘေးအန္တရာယ် မပေါ်ပေါက် အောင် လိုက်နာဆောင်ရွက်ကြဖို့တာဝန်ရှိပါတယ်။ မီးဘေးကြောင့် ပစ္စည်းဥစ္စာဆုံးရှုံးကြရသလို အခန့်မသင့်ရင် အသက်ကိုပါ အန္တရာယ် ကျရောက်နိုင်တာမို့ မီးဘေးအန္တရာယ်ကို စုပေါင်းကြိုတင်ကာကွယ်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါတယ်။
နောက်ဆက်တွဲသတင်း - ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလ ၂၅ရက်ထိ မြန်မာတစ်နိုင်ငံလုံးမှာ မီးလောင်မှုအကြိမ်ပေါင်း ၂၀၈၀ ကျော်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေ ကျန်သန်း ၆၅၀၀ကျော်ရှိခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်က မီးလောင်မှုအကြိမ်ပေါင်း ၂၁၀၀ ကျော်ရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေ ကျပ်သန်း ၃၀၀၀ကျော်ရှိခဲ့တာကြောင့် ၂၀၂၀ပြည့်နှစ်မှာ ၂၀၁၉ခုနှစ်ကထက် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် သန်း၃၀၀၀ ပိုမို များပြားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်စာရင်းများအရ သိရတယ်လို့ ၂၉-၁၂-၂၀၂၀နေ့ထုတ် ရတနာပုံ သတင်းစာမှာ ဖတ်ရှုလိုက်ရပါတယ်။
ကိုးကား - ၂၅ရက် ဖေဖော်ဝါရီလ ၂၀၂၁ခုနှစ်ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ ၂၈ပါ ကိုယဉ်ချစ်(မန္တလေး)ရဲ့ မီးဘေးအန္တရာယ် စုပေါင်းကြိုတင်ကာကွယ်ဆောင်းပါး
(Zawgyi)
မီးေဘးအႏၱရာယ္ စုေပါင္းၾကိဳတင္ကာကြယ္
#မီးေဘးအႏၱရာယ္
#ရာသီေျပာင္းအႏၱရာယ္
#သတိျပဳဖြယ္
(မီးေဘးအႏၱရာယ္ဆိုတာ ရာသီမေရြးျဖစ္တတ္ေပမယ့္ ပူျပင္းေျခာက္ေသြ႕ခ်ိန္မ်ားမွာ ပိုမိုျဖစ္ပြားတတ္တာလို႔ သိထားပါတယ္။ ကၽြန္ေတာ္ ကေတာ့ အျပင္သြားမယ္ဆိုတိုင္း အိမ္ရဲ႕လွ်ပ္စစ္မီးအ၀င္အထြက္ အဓိက မိန္း (Main Switch)ကိုပိတ္ျပီး၊ခ်ျပီးမွသြားတာပါပဲ။ မီးသတ္ ေဆးဘူး အလတ္စားတစ္ဘူးကိုလည္း အိမ္အ၀င္၀နံရံနားမွာ အဆင္သင့္ခ်ိတ္ထားတယ္။ ညဆုိရင္လည္း မီးဖိုေခ်ာင္က ဂတ္စ္အိုးရဲ႕ အထိန္းခလုပ္ေတြ ေသခ်ာပိတ္မပိတ္စစ္ေဆးတယ္။ မီးျခစ္ေတြကို အျမင့္တစ္ေနရာမွာထားျပီး ကေလးေတြနဲ႔ ခပ္ေ၀းေ၀း ထားပါတယ္။)
ပြင့္လင္းရာသီေရာက္လာျပီဆိုေတာ့ သဘာ၀ေဘးအႏၱရာယ္တစ္ခုျဖစ္တဲ့ မီးေဘးအႏၱရာယ္ကို အထူးဂရုစိုက္ၾကဖို႔ လိုအပ္လာပါျပီ။ ေႏြ၊ မိုး၊ ေဆာင္း သံုးရာသီမွာ မုိးရာသီကလြဲရင္ ေႏြရာသီနဲ႔ ေဆာင္းရာသီေတြဟာ ေျခာက္ေသြ႕တဲ့ အေျခအေနျဖစ္ပါတယ္။ ဒီလို ေျခာက္ေသြ႕ တဲ့ရာသီဥတုမွာ မီးေဘးအႏၱရာယ္က ပိုျပီးေပၚေပါက္တတ္ပါတယ္။ ဒါေပမဲ့လည္း မီးေဘးအႏၱရာယ္ဆိုတာ ရာဦဥတုမေရြး၊ အခ်ိန္မေရြး၊ ေနရာမေရြး ျဖစ္ေပၚတတ္တာမို႔ အားလံုးက သတိလက္လြတ္မခံဘဲ အျမဲဂရုစိုက္ၾကရမွာျဖစ္ပါတယ္။
ျမိဳ႕ေတြ ရြာေတြတည္ကာစတုန္းက ရပ္ကြက္ လူေနအိမ္ေျခေတြတည္ေဆာက္မႈကို စနစ္တက်သတ္မွတ္တည္ခဲ့ေသာ္ျငား တိုးတက္ လာတဲ့ လူဦးေရနဲ႔ လူေနအိမ္ေျခေတြအျပင္ အထပ္ျမင့္အေဆာက္အအံုေတြကစလို႔ အေဆာက္အအံုမ်ိဳးစံုတည္ေဆာက္ လာၾကတာ ေၾကာင့္ မီးေဘးအႏၱရာယ္ေပၚေပါက္ျပီဆိုရင္ ပ်က္စီးဆံုးရႈံးမႈ တန္ဖိုးမ်ားျပားလွသလို ထိခိုက္ဒဏ္ရာေတြပါ ရၾကပါတယ္။
ရုပ္၀တၳဳပစၥည္းေတြ ပ်က္စီးဆံုးရႈံးသြားရတဲ့အျပင္ စီးပြားေရးဖြံ႕ျဖိဳးတိုးတက္မႈအလားအလာေတြကိုပါ ေႏွာင့္ေႏွးသြားေစပါတယ္။ မီးေလာင္ ပ်က္စီးျပီးေနာက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြလုပ္ရာမွာ အခက္အခဲမ်ားစြာကို ျဖတ္သန္းၾကရဦးမွာပါ။
တိုးတက္ေျပာင္းလဲလာတဲ့ ေခတ္ကာလၾကီးမွာ လွ်ပ္စစ္ဓာတ္အားအသံုးျပဳမႈကလဲ အိမ္တိုင္း၊ လုပ္ငန္းတိုင္း မျဖစ္မေနသံုးစြဲေနၾကပါ တယ္။ ဒါေပမဲ့ ထင္း၊မီးေသြး၊ဖေယာင္းတိုင္၊ေရနံဆီ၊ျခင္ေဆးေခြ၊ အေမႊးတိုင္ စတဲ့အသံုးအေဆာင္ေတြကို သံုးစြဲၾက ရာမွာ စနစ္တက်နဲ႔ အႏၱရာယ္မေပၚေပါက္ေအာင္ စစ္ေဆးးၾကပ္မတ္သံုးစြဲၾကရမွာကေတာ့ ႏိုင္ငံသားတိုင္းမွာ တာ၀န္ရွိပါတယ္။
ေလာင္ကၽြမ္းျခင္းဆိုတာ အပူနဲ႔ အလင္းထြက္ေပၚလာတဲ့ ဓာတုဓာတ္ျပဳမႈ ဒါမွမဟုတ္ ဓာတ္ျပဳမႈျဖစ္စဥ္တစ္ခုသာျဖစ္ပါတယ္။ ဓာတ္ျပဳမႈႏႈန္းေႏွးေကြးရင္ ေႏွးေကြးတဲ့ဓာတ္တိုးျခင္းသာျဖစ္ပါမယ္။ (ဥပမာ - သံေခ်းတက္ျခင္း)၊ ေလာင္ကၽြမ္းျခင္းဟာ အလြန္ လ်င္ျမန္တဲ့ႏႈန္းနဲ႔ ဓာတ္ျပဳျပီး အပူနဲ႔အလင္းကို ထုတ္လႊတ္ေပးပါတယ္။ မီးေလာင္မႈတစ္ခုျဖစ္ေပၚဖို႔ အဓိကအေျခခံအခ်က္သံုးခ်က္ လိုအပ္ပါတယ္။ အဲဒါေတြကေတာ့ အပူ၊ ေအာက္ဆီဂ်င္နဲ႔ ေလာင္စာတို႔ျဖစ္ပါတယ္။ ဒီအေျခခံအခ်က္သံုးခ်က္ ေပါင္းစံုညီညြတ္တဲ့ အခ်ိန္ကာလၾကာရွည္တာနဲ႔အမွ် ေလာင္ကၽြမ္းျခင္းဟာ ဆက္လက္ျဖစ္ေပၚေနမွာျဖစ္ပါတယ္။ သည္သံုးခ်က္ထဲက တစ္ခုခုကို ဖယ္ထုတ္ ႏိုင္မွသာ ေလာင္ကၽြမ္းတာက ရပ္ဆိုင္းသြားမွာျဖစ္ပါတယ္။
မီးေလာင္ရတဲ့ အမ်ိဳးအစားေတြကို ေလ့လာၾကည့္ေတာ့ ေပါ့ဆမီး၊ လွ်ပ္စစ္မီး၊ မီးဖိုမီး၊ မသမာသူရႈိ႕မီး၊ေတာမီး၊အလိုအေလ်ာက္မီးဆိုျပီး အမ်ိဳးမ်ိဳးေတြ႕ရပါတယ္။ အဲဒီအမ်ိဳးအစားေတြထဲက ေပါ့ဆမီးေၾကာင့္ မီးေဘးအႏၱရာယ္ ေပၚေပါက္ရတာပိုမိုမ်ားျပားပါတယ္။ ရပ္ကြက္ အလိုက္၊ ျမိဳ႕နယ္အလိုက္ မီးေဘးအႏၱရာယ္ မေပၚေပါက္ေရးအတြက္ မီးသတ္တပ္ဖြဲ႔ရဲ႕ အသိပညာေပးခ်က္ေတြ၊ စည္းကမ္းခ်က္ေတြကို တိက်စြာလိုက္နာၾကဖို႔လိုအပ္ပါတယ္။ ရပ္ကြက္အလိုက္ ေဒသအရန္မီးသတ္တပ္ဖြဲ႕ေတြက အသိပညာေပးတာေတြ၊ ကြင္းဆင္းစစ္ေဆး တာေတြ လိုက္လံေဆာင္ရြက္ေနျပီး ျပည္သူေတြကလည္း တိက်စြာ လိုက္နာၾကဖို႔ လိုအပ္ပါတယ္ ခင္ဗ်။
လိုက္နာသင့္တဲ့အခ်က္ေတြက -
(၁) မီးေလာင္လြယ္တဲ့ပစၥည္းေတြကို အိမ္ထဲနဲ႔ အိမ္အနီးအနားမွာ သိုေလွာင္မထားပါနဲ႔။
(၂) ကေလးငယ္ေတြ၊ စိတ္က်န္းမာေရးခ်ိဳ႕ယြင္းေနသူေတြ၊ အိုမင္းမစြမ္း သက္ၾကီးရြယ္အိုေတြကို မီးျခစ္၊ ဖေယာင္းတိုင္လို မီးေလာင္မႈျဖစ္ ေစႏိုင္တဲ့ ပစၥည္းေတြ အသံုးမျပဳပါေစနဲ႔။
(၃) ျခင္ေဆးေခြ၊ အေမႊးတိုင္၊ ဖေယာင္းတိုင္ေတြကို အပူခံေအာက္ခံခြက္မပါဘဲ အသံုးမျပဳပါနဲ႔။
(၄) အိပ္ရာ၊ ျခင္ေထာင္၊ ေမြ႕ရာ၊ နံရံ စတဲ့ မီးေလာင္လြယ္တဲ့ ေနရာအနီးေတြမွာ ဖေယာင္းတိုင္၊ ျခင္ေဆးေခြ၊ အေမႊးတိုင္ေတြ မထြန္းပါနဲ႔။
(၅) ေန႔လယ္ပိုင္း အပူခ်ိန္ျမင့္မားေနခ်ိန္မွာ ပလတ္စတစ္ပံုးနဲ႔ ဓာတ္ဆီထည့္တာ၊ လွယ္တာမလုပ္ပါနဲ႔။
(၆) မီးေလာင္မႈ မေတာ္တဆေပၚေပါက္ပါက မီးလန္႔အခ်က္ေပးသံေခ်ာင္းေခါက္ျပီး ပတ္၀န္းက်င္ကို အကူအညီေတာင္းခံျပီး ၀ိုင္း၀န္းျငိွမ္းသတ္ပါ။
(၇) တီဗီ၊ ေရခဲေသတၱာ၊ အဲကြန္းေတြနဲ႔ တြဲဖက္အသံုးျပဳထားတဲ့ မီးအားထိန္းစက္ (Safe Guard)ကို အပူမစီးကူးႏိုင္တဲ့ေနရာမွာ တပ္ဆင္ အသံုးျပဳပါ။
(၈) မီးေဘးအႏၱရာယ္ျဖစ္ပြားပါက မီးသတ္ယာဥ္ေတြ၊ မီးျငိွမ္းသတ္ၾကတဲ့ တာ၀န္ရွိသူေတြကို အေႏွာင့္အယွက္ျဖစ္ေစတဲ့အထိ လက္ကိုင္ဖုန္းေတြနဲ႔ ဓာတ္ပံု၊ ဗီဒီယိုရိုက္ကူးတာေတြကို အတတ္ႏိုင္ဆံုး ေရွာင္ၾကဥ္ပါ။
(၉) ျပည္သူေတြ အထိတ္တလန္႔ျဖစ္ေစမယ့္ မတိက် မေသခ်ာတဲ့ မီးေဘးသတင္းေတြကို သက္ဆိုင္ရာမွ အတည္ျပဳခ်က္မရရွိဘဲ သတင္း တင္ျပျခင္းေရွာင္ၾကဥ္ပါ။
(၁၀) လိုအပ္ပါက မီးျငိွမ္းသတ္ေရးလုပ္ငန္းေတြမွာ တတ္စြမ္းသမွ် ပူးေပါင္းကူညီၾကပါ။
စက္ရံုအလုပ္ရံုၾကီးေတြ၊ သိုေလွာင္ရံုေတြ၊ ေဆးရံုေတြ၊ ဟိုတယ္ေတြ၊ ေစ်းေတြ၊ စက္သံုးဆီအေရာင္းဆိုင္ေတြ စသည္တို႔မွာ မီးေဘး အႏၱရာယ္ မေပၚေပါက္ေရးအတြက္ ႏွစ္စဥ္ မီးေဘးအႏၱရာယ္မေပၚေပါက္ေရးအတြက္ ၾကိဳတင္ကာကြယ္ေရးစီမံခ်က္ေရးစြဲျခင္း၊ စီမံခ်က္ပါလုပ္ငန္းေတြကို အေကာင္အထည္ေဖာ္ျခင္း၊ ၾကိဳတင္ေဆာင္ရြက္ရမယ့္လုပ္ငန္းေတြကို စီမံေဆာင္ရြက္ျခင္းေတြလုပ္ရပါမယ္။
တာ၀န္ရွိသူအဆင့္ဆင့္က စစ္ေဆးရမယ့္အခ်က္ေတြ (Check list)နဲ႔ ၾကပ္မတ္စစ္ေဆးျခင္း၊
မီးျငိွမ္းသတ္ေရးကိရိယာ (Safety Equipments) ေတြ ျပည့္စံုလံုေလာက္စြာ ျဖည့္တင္းထားရွိျခင္း၊
အေရးေပၚျပန္လည္တုံ႔ျပန္ေရးအဖြဲ႔ (Emergency Response Team)၊
မီးျငိွမ္းသတ္ေရးအဖြဲ႔ (Fire Fighting Team)၊
ကယ္ဆယ္ေရးအဖြဲက (Guest Evacuation Team)၊
လံုျခံဳေရးအဖြဲ႔ (Security Team)?
ပစၥည္း သယ္ယူေရးအဖြဲ႕ (Transport Equipment Team) အဖြဲ႕ေတြ ဖြဲ႔စည္းတာ၀န္ေပးအပ္ထားျခင္း၊ မီးျငိွမ္းသတ္ေရးၾကိဳတင္ဇာတ္ တိုက္ေလ့က်င့္ျခင္းေတြကို ေဆာင္ရြက္ထားၾကဖို႔လိုအပ္ပါတယ္။
အေရးေပၚမီးျငိွမ္းသတ္ေရး ကိရိယာေတြျဖစ္တဲ့ မီးသတ္ေဆးဘူး၊ ေရ၊သဲ၊မီးခ်ိတ္၊မီးကပ္၊ အေရးေပၚမီးျငိွမ္းသတ္ဖို႔ အေပါ့စား မီးသတ္ စက္ေတြကိုလဲ ျပည့္စံုလံုေလာက္စြာထားရွိၾကရပါမယ္။
မီးကို ရန္သူမ်ိဳးငါးပါးမွာ တစ္ပါးအျဖစ္သတ္မွတ္ထားခဲ့ၾကပါတယ္။ တစ္ဦးခ်င္းစီက အသိတရားကိုယ္စီနဲ႔ မီးေဘးအႏၱရာယ္ မေပၚေပါက္ ေအာင္ လိုက္နာေဆာင္ရြက္ၾကဖို႔တာ၀န္ရွိပါတယ္။ မီးေဘးေၾကာင့္ ပစၥည္းဥစၥာဆံုးရႈံးၾကရသလို အခန္႔မသင့္ရင္ အသက္ကိုပါ အႏၱရာယ္ က်ေရာက္ႏိုင္တာမို႔ မီးေဘးအႏၱရာယ္ကို စုေပါင္းၾကိဳတင္ကာကြယ္ၾကပါစို႔ဟု တိုက္တြန္းလိုက္ရပါတယ္။
ေနာက္ဆက္တြဲသတင္း - ၂၀၂၀ျပည့္ႏွစ္ ဇန္န၀ါရီလမွ ဒီဇင္ဘာလ ၂၅ရက္ထိ ျမန္မာတစ္ႏိုင္ငံလံုးမွာ မီးေလာင္မႈအၾကိမ္ေပါင္း ၂၀၈၀ ေက်ာ္ျဖစ္ပြားခဲ့ျပီး ဆံုးရႈံးမႈတန္ဖိုးေငြ က်န္သန္း ၆၅၀၀ေက်ာ္ရွိခဲ့ေၾကာင္း၊ ၂၀၁၉ခုႏွစ္က မီးေလာင္မႈအၾကိမ္ေပါင္း ၂၁၀၀ ေက်ာ္ရွိခဲ့ျပီး ဆံုးရႈံးမႈတန္ဖိုးေငြ က်ပ္သန္း ၃၀၀၀ေက်ာ္ရွိခဲ့တာေၾကာင့္ ၂၀၂၀ျပည့္ႏွစ္မွာ ၂၀၁၉ခုႏွစ္ကထက္ ဆံုးရႈံးမႈတန္ဖိုးေငြက်ပ္ သန္း၃၀၀၀ ပိုမို မ်ားျပားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ ဌာနခ်ဳပ္စာရင္းမ်ားအရ သိရတယ္လို႔ ၂၉-၁၂-၂၀၂၀ေန႔ထုတ္ ရတနာပံု သတင္းစာမွာ ဖတ္ရႈလိုက္ရပါတယ္။
ကိုးကား - ၂၅ရက္ ေဖေဖာ္၀ါရီလ ၂၀၂၁ခုႏွစ္ထုတ္ ရတနာပံုသတင္းစာ စာမ်က္ႏွာ ၂၈ပါ ကိုယဥ္ခ်စ္(မႏၱေလး)ရဲ႕ မီးေဘးအႏၱရာယ္ စုေပါင္းၾကိဳတင္ကာကြယ္ေဆာင္းပါး
No comments:
Post a Comment