Saturday, March 6, 2021

သူငယ်ချင်းကောင်း ဘယ်လိုရှာမယ် ??

သူငယ်ချင်းကောင်း ဘယ်လိုရှာမယ် ??




#Friendships

#သူငယ်ချင်းကောင်း

#မိတ်ဆွေကောင်း

#Relationship_Advices 


(သူငယ်ချင်း သို့မဟုတ် မိတ်ဆွေ ဘယ်လိုအဆင့်သတ်မှတ်ပါစေ သူစိမ်းနှစ်ဦး ကိုယ်ကျိုးမဖက် ပေါင်းသင်းဆက်ဆံဖို့ဆိုတာ ပြောရ တာသာလွယ်တာ လက်တွေ့မှာတော့ အတော်ခက်တဲ့ကိစ္စပါ။ ကိုယ့်အတွက် သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်မဟုတ် မိတ်ဆွေ အဆင့်ထားဖို့ အဆင်ပြေမပြေ ကောင်းမွန်တဲ့စံတွေနဲ့ချိန်ထိုးဆုံးဖြတ်ရတာမှန်ပေမယ့် အချိန်ကာလက အဆုံးအဖြတ်ပေးပါတယ်။ အောက်ကဆောင်းပါက ရေးသူမမှတ်မိတော့ပေမယ့် The Chic Magazine မှာပါခဲ့တဲ့ဆောင်းပါးတစ်စောင်ပါ။)


အင်္ကျီတစ်ထည်ဝယ်တော့မယ်ဆိုရင် ကိုယ်ကြိုက်တတ်တဲ့အဆင်၊ ကိုယ်ကြိုက်တတ်တဲ့ အရောင်အသွေး၊ ဒီဇိုင်းကိုတွေ့အောင် ဆိုင်ပေါက်စေ့လိုက်ရှာတတ်ကြသလိုတွေ့ရင်လည်း ကိုယ်နဲ့တော်မတော်၊ လိုက်မလိုက်ရွေးချယ်တတ်ကြပါတယ်။ ဒါဆို မိတ်ဆွေ ကောင်းတစ်ယောက်ကို ရှာမယ်ဆိုရင်လည်း အဝတ်အစားဝယ်သလိုပဲ စံနှုန်းအမျိုးမျိုးနဲ့ချိန်ထိုးတိုင်းထွာပြီးရှာမှ အဆင်ပြေနိုင်ပါ လိမ့်မယ်။ ကဲ…မိတ်ဆွေကောင်းကို Shopping ထွက်လိုက်ရအောင်……



(၁) ယုံကြည်စိတ်ချရခြင်း

မိတ်ဆွေသူငယ်ချင်းကောင်းရဲ့ အရည်အချင်းတွေထဲမှာ ကိုယ့်အတွင်းရေးတွေ၊ လျှို့ဝှက်ချက်တွေကို နှုတ်လုံစိတ်ချရမှုလည်း ပါပါတယ်။ အဲဒီလို သူငယ်ချင်းမျိုးရထားတဲ့လူဟာ အဖိုးတန်ရတနာတစ်ပါး ရထားသလိုပါပဲ။

#မပေါင်းအပ်တဲ့လူစား

“ကျွန်မသူငယ်ချင်း ဆိုဖီယာက ကျွန်မကို အမြဲချောက်တွန်းတယ်။ ပြီးတော့ တခြားလူတွေရှေ့မှာ အမြဲနာမည်ကောင်းယူတယ်လေ”


(၂) ကိုယ့်ဘက်မှာ အမြဲရှိသူ

မိတ်ဆွေစစ်ဆိုတာ မာရသွန်အပြေးပြိုင်ပွဲမှာ ကိုယ်ရှေ့ဆုံးက ပန်းဝင်တဲ့အချိန် ဝက်ဝက်ကွဲအားပေးသလို ကျောင်းကပွဲတွေမှာ ကိုယ်ဖျော်ဖြေနေရင်လည်း ကိုယ့်ကို စူပါစတားတစ်ယောက်လို သဘောထားပြီး လက်ခုပ်သြဘာသံတွေနဲ့ အားပေးတတ်တဲ့ ပွဲကြည့် ပရိသတ်တစ်ဦးပါပဲ။ ကောင်းတာမှန်သမျှ ဘာလုပ်လုပ် အားပေးနေမယ့် လူစားမျိုးပါ။

#မပေါင်းအပ်တဲ့လူစား

တစ်ခါက ကျွန်တော် ဟော်ကီအသင်းမှာ ခေါင်းဆောင်အနေနဲ့ကစားတော့ ကျွန်တော့်သူငယ်ချင်းကပြောတယ်။ “အလကားပါကွာ ဘာတွေလုပ်နေကြမှန်းကို မသိဘူး။ ညံ့လိုက်တဲ့ပွဲ” တဲ့။


(၃) သစ္စာတရား

သင့်ရဲ့မိတ်ဆွေကောင်းဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်အနားမှာ ရှိနေတတ်သူပါ။ သာတဲ့အချိန်သင့်နားမှာ ရှိနေတတ်ပြီး သင်ဒုက္ခရောက်တဲ့အချိန်ဘယ်ပေါက်လို့ ဘယ်ပျောက်နေမှန်းမသိရင် အဲဒီလူက သင့်ရဲ့မိတ်ဆွေကောင်းမဖြစ်နိုင်တော့ပါဘူး။ သင့်ကို လူတွေက မကောင်းပြောကြတဲ့အခါ သင့်ဘက်ကရပ်တည်ပေးသူ၊ သင့်ဘက်မှာ ဘယ်သူမှမရှိတော့တဲ့အချိန် သင့်နားမှာရှိနေမယ့် တစ်ဦးတည်းသောသူဟာ သင့်ရဲ့မိတ်ဆွေကောင်းပါပဲ။

#မပေါင်းအပ်တဲ့လူစား

“ကျွန်မ ချစ်သူရပြီဆိုရင် အမြဲတမ်း ပေါ်လာတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ ကျွန်မချစ်သူရဲ့ သူငယ်ချင်းချောချောလေးတွေကို ကြောင်ချင်လို့လေ။ ကျွန်မချစ်သူ မရှိတော့တဲ့အခါများဆို မက်ဆေ့ချ်ပို့ရင်တောင် ပြန်မပို့တော့ဘူး”


(၄) လေးစားတတ်ခြင်း

တစ်ယောက်နဲ့တစ်ယောက် ခင်မင်ပြီဆိုရင် လေးစားတတ်ဖို့လည်း အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကတိတည်တတ်ဖို့ ကအရမ်းကို လိုအပ်တဲ့အရာတစ်ခုပါ။ ဘယ်လိုဆက်နွယ်မှုမျိုးမှာမဆို အပေးနဲ့အယူရှိပါတယ်။ သူပြောချင်တာတွေပဲပြောပြီး ကိုယ်ပြော ဖို့အလှည့်မပေးတာမျိုး မဖြစ်သင့်ပါဘူး။ သင့်ဆီက အယူတွေချည်းပဲများပြီး သင့်အတွက်ဘာမှတုံ့ပြန်မှုမရှိတဲ့ လူတစ်ယောက်နဲ့ ပတ်သက်နေမိပြီဆိုရင် ရှေ့လျှောက်အဆင်ပြေဖို့ ညှိနှိုင်းမှုလေးတွေ တော်တော်လိုအပ်နေပြီဆိုတာ သိလိုက်ပါတော့။

#မပေါင်းအပ်တဲ့လူစား

ကျွန်မမှာ သူငယ်ချင်းတစ်ယောက်ရှိတယ် သူက သူ့အကြောင်းတွေကို ကျွန်မဆီ အမြဲလာလာညည်းတယ်။ ကျွန်မကိုတော့ နေကောင်းလားတောင် တစ်ချက်မေးဖော်မရဘူးလေ။ ကျွန်မက သူ့အကြောင်းတွေ အကုန်လုံးနီးပါး သိနေသလောက် ကျွန်မ အကြောင်းတွေကျတော့ သူ ဘာမှလည်းမသိသလို စိတ်လည်းနည်းနည်းမှ မဝင်စားဘူးလေ။


(၅) ဂရုစိုက်တတ်ခြင်း

သင့်ရဲ့မိတ်ဆွေကောင်း သင့်ကိုသူဘယ်လောက်ဂရုစိုက်တယ်ဆိုတာ သိအောင်ဖော်ပြလေ့ရှိတယ်။ တချို့က မင်းကို အရမ်းခင်ကြောင်း နှုတ်အားဖြင့် ပြောလေ့ရှိတယ်။ တချို့က ပွေ့ဖက်ခြင်းဖြင့်လည်းကောင်း၊ Online ကနေလည်းကောင်း၊ သင့်ကို ဂရုစိုက်ကြောင်းပြောပြ လိမ့်မယ်။ သင့်မိတ်ဆွေတွေ သင့်ကို ဂရုစိုက်တာနဲ့ပတ်သက်ပြီး ယုံမှားသံသယရှိစရာမလိုပါဘူး။ သူတို့ရဲ့ခင်မင်မှုကို သင့်ဘက်က သံသယတွေ ဖြစ်နေမယ်ဆိုရင် သင်တို့ကြားက ခင်မင်မှုဟာ တစ်ခုခုတော့ မှားယွင်းနေပါလိမ့်မယ်။

#မပေါင်းအပ်တဲ့လူစား

ကျွန်မနဲ့မခေါ်တော့တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ ကျွန်မကို အမြဲစိတ်မချမ်းသာအောင် လုပ်တယ်၊ ပါတီလို လူစုံတဲ့နေရာမျိုး တွေရောက်ရင် နင်ဘာလို့ ဒီရောက်နေတာလဲဆိုတာမျိုးပြောပြီး ကျွန်မကို အရှက်ခွဲတယ်လေ။


(၆)လက်ခံနိုင်စွမ်း

အတူတကွ ကြီးပြင်းလာခဲ့တဲ့ သူငယ်ချင်းတွေကြားမှာ ခင်မင်မှုတွေဟာလည်း ပိုပြီးအမြစ်တွယ်ခိုင်မာလာကြမှာပါ။အဲဒီလို သူငယ်ချင်း မိတ်ဆွေကောင်းဟာ သင့်ရဲ့အပြစ်အနာအဆာတွေကို သိလျက်နဲ့ သင့်ကို အကြောင်းပြချက်မဲ့စွာ ခင်မင်နေမယ့် လူစားမျိုးပါ။ သင့်ကို အမြဲအကောင်းဆုံးလို့ပဲ မြင်နေပါလိမ့်မယ်။ မိတ်ဆွေကောင်းရထားတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေမှာပါ။ အဝတ်အစား၊ အပြောအဆို၊ အနေအထိုင်တွေ အများကြီး ပြောင်းလဲစရာမလိုပဲနဲ့ကို သင်ဟာ ယုံကြည်မှုအပြည့်ရှိနေပါလိမ့်မယ်။

#မပေါင်းအပ်တဲ့လူစား

သီချင်းဆိုသင်ခန်းစာ စသင်တုန်းက ကျွန်မသူငယ်ချင်းက ကျွန်မကို အမြဲကပ်ကပ်ပြီး စိတ်ဓာတ်ကျအောင် လုပ်တယ်။ သူ့နားမှာနေရင် ကျွန်မကိုယ့်ကိုယ်ကိုယ် သိမ်ငယ်လာသလိုပဲ။ သူက ခဏခဏလည်း စိတ်ဆိုးသေးတယ်လေ။


(၇) ဟာသဉာဏ်

သင့်မိတ်ဆွေကောင်းဟာ ဟာသဉာဏ်ထက်သန်ဖို့လည်း အရေးကြီးပါသေးတယ်။ တစ်ဦးနဲ့တစ်ဦးကြားမှာ ပျော်ရွှင်ရယ်မောမှုဟာ ခင်မင်မှုကို အကောင်းဆုံးခိုင်မြဲအောင် တွန်းပို့ပေးနိုင်တဲ့ ဆေးစွမ်းတစ်လက်ပါပဲ။ သင်အရမ်းကို စိတ်ညစ်နေတဲ့ အချိန်မျိုးတွေမှာ သင့် သူငယ်ချင်းပြောလိုက်တဲ့ ဟာသတွေက သင့်ကိုစိတ်ပြေပျောက်အောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။ ကြည့်ခဲ့ဖူးတဲ့ ဟာသဇာတ်လမ်း တွေအကြောင်း ပြန်ပြောတာတို့၊ ပျော်ပွဲ စားထွက်တာတို့၊ လျှောက်လည်တာတို့ဟာလည်း အကောင်းဆုံးခင်မင်မှုကို ရစေပါတယ်။


#မပေါင်းအပ်တဲ့လူစား

ကျွန်မသူငယ်ချင်း ခရစ်စတီက တစ်ချိန်လုံး ရုပ်တည်ကြီးနဲ့လေ။ ကျွန်မဟာသတွေပြောရင် ရယ်လည်းမရယ်ဘူး။ ကျွန်မကပဲ ငပေါကြီးဖြစ်နေတာ။ သူ့နားမှာ ကြာကြာနေရင် ကျွန်မ ရယ်တောင်ရယ်တတ်တော့မယ် မထင်ဘူး။


(၈) မျှဝေခံစားခြင်း

တစ်ဦးနဲ့တစ်ဦး အတူတကွ မျှဝေခံစားနိုင်ဖို့ကလည်း မိတ်ဆွေတွေကြားမှာ အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။ သင်နေထိုင်မကောင်း ဖြစ်တဲ့အချိန်မှာ အသည်းအသန်စိုးရိမ်တတ်သလောက် သင်ဟာသတွေပြောပြီဆိုရင်လည်း အူတက်မတတ် ရယ်မောပေးတတ်တဲ့ သူဟာ သင့်ရဲ့သူငယ်ချင်း မိတ်ဆွေအစစ်အမှန်ပါပဲ။ သင့်အတွက် လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ အကြံဉာဏ်ကောင်းတွေကိုလည်း ပေးနိုင်ပါ လိမ့်မယ်။


#မပေါင်းအပ်တဲ့လူစား

ကျွန်မသူငယ်ချင်းဟာ တကယ့်ကို အသည်းနှလုံးမရှိတဲ့ မိန်းမပါ။ ကျွန်မမိဘတွေ ကွဲသွားတုန်းက သူ့ကိုပြောပြတာ သူကရယ်တယ်လေ။ အဲဒါနဲ့ ကျွန်မထိုင်ငိုရော။ အဲဒါကို သူက ဘာပြောတယ်မှတ်လဲ။ “နင် ကိုယ့်ကိုယ်ကိုယ် ထိန်းပါဦး မရှက်ဘူးလား” တဲ့။


Credit: The Chic Magazine – August 2013 


(Zawgyi) 

 သူငယ္ခ်င္းေကာင္း ဘယ္လိုရွာမယ္ ??




#Friendships

#သူငယ္ခ်င္းေကာင္း

#မိတ္ေဆြေကာင္း

#Relationship_Advices 


(သူငယ္ခ်င္း သို႕မဟုတ္ မိတ္ေဆြ ဘယ္လိုအဆင့္သတ္မွတ္ပါေစ သူစိမ္းႏွစ္ဦး ကိုယ္က်ိဳးမဖက္ ေပါင္းသင္းဆက္ဆံဖို႔ဆိုတာ ေျပာရ တာသာလြယ္တာ လက္ေတြ႕မွာေတာ့ အေတာ္ခက္တဲ့ကိစၥပါ။ ကိုယ့္အတြက္ သူငယ္ခ်င္းေကာင္းတစ္ေယာက္ ဟုတ္မဟုတ္ မိတ္ေဆြ အဆင့္ထားဖို႔ အဆင္ေျပမေျပ ေကာင္းမြန္တဲ့စံေတြနဲ႔ခ်ိန္ထိုးဆံုးျဖတ္ရတာမွန္ေပမယ့္ အခ်ိန္ကာလက အဆံုးအျဖတ္ေပးပါတယ္။ ေအာက္ကေဆာင္းပါက ေရးသူမမွတ္မိေတာ့ေပမယ့္ The Chic Magazine မွာပါခဲ့တဲ့ေဆာင္းပါးတစ္ေစာင္ပါ။)


အက်ႌတစ္ထည္၀ယ္ေတာ့မယ္ဆိုရင္ ကိုယ္ၾကိဳက္တတ္တဲ့အဆင္၊ ကိုယ္ၾကိဳက္တတ္တဲ့ အေရာင္အေသြး၊ ဒီဇိုင္းကိုေတြ႕ေအာင္ ဆိုင္ေပါက္ေစ့လိုက္ရွာတတ္ၾကသလိုေတြ႕ရင္လည္း ကိုယ္နဲ႕ေတာ္မေတာ္၊ လိုက္မလိုက္ေရြးခ်ယ္တတ္ၾကပါတယ္။ ဒါဆို မိတ္ေဆြ ေကာင္းတစ္ေယာက္ကို ရွာမယ္ဆိုရင္လည္း အ၀တ္အစား၀ယ္သလိုပဲ စံႏႈန္းအမ်ိဳးမ်ိဳးနဲ႕ခ်ိန္ထိုးတိုင္းထြာျပီးရွာမွ အဆင္ေျပႏိုင္ပါ လိမ့္မယ္။ ကဲ…မိတ္ေဆြေကာင္းကို Shopping ထြက္လိုက္ရေအာင္……



(၁) ယံုၾကည္စိတ္ခ်ရျခင္း

မိတ္ေဆြသူငယ္ခ်င္းေကာင္းရဲ႕ အရည္အခ်င္းေတြထဲမွာ ကိုယ့္အတြင္းေရးေတြ၊ လွ်ိဳ႕၀ွက္ခ်က္ေတြကို ႏႈတ္လံုစိတ္ခ်ရမႈလည္း ပါပါတယ္။ အဲဒီလို သူငယ္ခ်င္းမ်ိဳးရထားတဲ့လူဟာ အဖိုးတန္ရတနာတစ္ပါး ရထားသလိုပါပဲ။

#မေပါင္းအပ္တဲ့လူစား

“ကၽြန္မသူငယ္ခ်င္း ဆိုဖီယာက ကၽြန္မကို အျမဲေခ်ာက္တြန္းတယ္။ ျပီးေတာ့ တျခားလူေတြေရွ႕မွာ အျမဲနာမည္ေကာင္းယူတယ္ေလ”


(၂) ကိုယ့္ဘက္မွာ အျမဲရွိသူ

မိတ္ေဆြစစ္ဆိုတာ မာရသြန္အေျပးျပိဳင္ပြဲမွာ ကိုယ္ေရွ႕ဆံုးက ပန္း၀င္တဲ့အခ်ိန္ ၀က္၀က္ကြဲအားေပးသလို ေက်ာင္းကပြဲေတြမွာ ကိုယ္ေဖ်ာ္ေျဖေနရင္လည္း ကိုယ့္ကို စူပါစတားတစ္ေယာက္လို သေဘာထားျပီး လက္ခုပ္ၾသဘာသံေတြနဲ႕ အားေပးတတ္တဲ့ ပြဲၾကည့္ ပရိသတ္တစ္ဦးပါပဲ။ ေကာင္းတာမွန္သမွ် ဘာလုပ္လုပ္ အားေပးေနမယ့္ လူစားမ်ိဳးပါ။

#မေပါင္းအပ္တဲ့လူစား

တစ္ခါက ကၽြန္ေတာ္ ေဟာ္ကီအသင္းမွာ ေခါင္းေဆာင္အေနနဲ႕ကစားေတာ့ ကၽြန္ေတာ့္သူငယ္ခ်င္းကေျပာတယ္။ “အလကားပါကြာ ဘာေတြလုပ္ေနၾကမွန္းကို မသိဘူး။ ညံ့လိုက္တဲ့ပြဲ” တဲ့။


(၃) သစၥာတရား

သင့္ရဲ႕မိတ္ေဆြေကာင္းဟာ ဘယ္လိုအေျခအေနမ်ိဳးမွာမဆို သင့္အနားမွာ ရွိေနတတ္သူပါ။ သာတဲ့အခ်ိန္သင့္နားမွာ ရွိေနတတ္ျပီး သင္ဒုကၡေရာက္တဲ့အခ်ိန္ဘယ္ေပါက္လို႕ ဘယ္ေပ်ာက္ေနမွန္းမသိရင္ အဲဒီလူက သင့္ရဲ႕မိတ္ေဆြေကာင္းမျဖစ္ႏိုင္ေတာ့ပါဘူး။ သင့္ကို လူေတြက မေကာင္းေျပာၾကတဲ့အခါ သင့္ဘက္ကရပ္တည္ေပးသူ၊ သင့္ဘက္မွာ ဘယ္သူမွမရွိေတာ့တဲ့အခ်ိန္ သင့္နားမွာရွိေနမယ့္ တစ္ဦးတည္းေသာသူဟာ သင့္ရဲ႕မိတ္ေဆြေကာင္းပါပဲ။

#မေပါင္းအပ္တဲ့လူစား

“ကၽြန္မ ခ်စ္သူရျပီဆိုရင္ အျမဲတမ္း ေပၚလာတတ္တဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္။ ကၽြန္မခ်စ္သူရဲ႕ သူငယ္ခ်င္းေခ်ာေခ်ာေလးေတြကို ေၾကာင္ခ်င္လို႕ေလ။ ကၽြန္မခ်စ္သူ မရွိေတာ့တဲ့အခါမ်ားဆို မက္ေဆ့ခ်္ပို႕ရင္ေတာင္ ျပန္မပို႕ေတာ့ဘူး”


(၄) ေလးစားတတ္ျခင္း

တစ္ေယာက္နဲ႕တစ္ေယာက္ ခင္မင္ျပီဆိုရင္ ေလးစားတတ္ဖို႕လည္း အေရးၾကီးပါတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ ကတိတည္တတ္ဖို႕ ကအရမ္းကို လိုအပ္တဲ့အရာတစ္ခုပါ။ ဘယ္လိုဆက္ႏြယ္မႈမ်ိဳးမွာမဆို အေပးနဲ႕အယူရွိပါတယ္။ သူေျပာခ်င္တာေတြပဲေျပာျပီး ကိုယ္ေျပာ ဖို႕အလွည့္မေပးတာမ်ိဳး မျဖစ္သင့္ပါဘူး။ သင့္ဆီက အယူေတြခ်ည္းပဲမ်ားျပီး သင့္အတြက္ဘာမွတံု႕ျပန္မႈမရွိတဲ့ လူတစ္ေယာက္နဲ႕ ပတ္သက္ေနမိျပီဆိုရင္ ေရွ႕ေလွ်ာက္အဆင္ေျပဖို႕ ညွိႏႈိင္းမႈေလးေတြ ေတာ္ေတာ္လိုအပ္ေနျပီဆိုတာ သိလိုက္ပါေတာ့။

#မေပါင္းအပ္တဲ့လူစား

ကၽြန္မမွာ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္ သူက သူ႕အေၾကာင္းေတြကို ကၽြန္မဆီ အျမဲလာလာညည္းတယ္။ ကၽြန္မကိုေတာ့ ေနေကာင္းလားေတာင္ တစ္ခ်က္ေမးေဖာ္မရဘူးေလ။ ကၽြန္မက သူ႕အေၾကာင္းေတြ အကုန္လံုးနီးပါး သိေနသေလာက္ ကၽြန္မ အေၾကာင္းေတြက်ေတာ့ သူ ဘာမွလည္းမသိသလို စိတ္လည္းနည္းနည္းမွ မ၀င္စားဘူးေလ။


(၅) ဂရုစိုက္တတ္ျခင္း

သင့္ရဲ႕မိတ္ေဆြေကာင္း သင့္ကိုသူဘယ္ေလာက္ဂရုစိုက္တယ္ဆိုတာ သိေအာင္ေဖာ္ျပေလ့ရွိတယ္။ တခ်ိဳ႕က မင္းကို အရမ္းခင္ေၾကာင္း ႏႈတ္အားျဖင့္ ေျပာေလ့ရွိတယ္။ တခ်ိဳ႕က ေပြ႕ဖက္ျခင္းျဖင့္လည္းေကာင္း၊ Online ကေနလည္းေကာင္း၊ သင့္ကို ဂရုစိုက္ေၾကာင္းေျပာျပ လိမ့္မယ္။ သင့္မိတ္ေဆြေတြ သင့္ကို ဂရုစိုက္တာနဲ႕ပတ္သက္ျပီး ယံုမွားသံသယရွိစရာမလိုပါဘူး။ သူတို႕ရဲ႕ခင္မင္မႈကို သင့္ဘက္က သံသယေတြ ျဖစ္ေနမယ္ဆိုရင္ သင္တို႕ၾကားက ခင္မင္မႈဟာ တစ္ခုခုေတာ့ မွားယြင္းေနပါလိမ့္မယ္။

#မေပါင္းအပ္တဲ့လူစား

ကၽြန္မနဲ႕မေခၚေတာ့တဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္။ သူ ကၽြန္မကို အျမဲစိတ္မခ်မ္းသာေအာင္ လုပ္တယ္၊ ပါတီလို လူစံုတဲ့ေနရာမ်ိဳး ေတြေရာက္ရင္ နင္ဘာလို႕ ဒီေရာက္ေနတာလဲဆိုတာမ်ိဳးေျပာျပီး ကၽြန္မကို အရွက္ခြဲတယ္ေလ။


(၆)လက္ခံႏိုင္စြမ္း

အတူတကြ ၾကီးျပင္းလာခဲ့တဲ့ သူငယ္ခ်င္းေတြၾကားမွာ ခင္မင္မႈေတြဟာလည္း ပိုျပီးအျမစ္တြယ္ခိုင္မာလာၾကမွာပါ။အဲဒီလို သူငယ္ခ်င္း မိတ္ေဆြေကာင္းဟာ သင့္ရဲ႕အျပစ္အနာအဆာေတြကို သိလ်က္နဲ႕ သင့္ကို အေၾကာင္းျပခ်က္မဲ့စြာ ခင္မင္ေနမယ့္ လူစားမ်ိဳးပါ။ သင့္ကို အျမဲအေကာင္းဆံုးလို႕ပဲ ျမင္ေနပါလိမ့္မယ္။ မိတ္ေဆြေကာင္းရထားတဲ့သူဟာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိေနမွာပါ။ အ၀တ္အစား၊ အေျပာအဆို၊ အေနအထိုင္ေတြ အမ်ားၾကီး ေျပာင္းလဲစရာမလိုပဲနဲ႕ကို သင္ဟာ ယံုၾကည္မႈအျပည့္ရွိေနပါလိမ့္မယ္။

#မေပါင္းအပ္တဲ့လူစား

သီခ်င္းဆိုသင္ခန္းစာ စသင္တုန္းက ကၽြန္မသူငယ္ခ်င္းက ကၽြန္မကို အျမဲကပ္ကပ္ျပီး စိတ္ဓာတ္က်ေအာင္ လုပ္တယ္။ သူ႕နားမွာေနရင္ ကၽြန္မကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္လာသလိုပဲ။ သူက ခဏခဏလည္း စိတ္ဆိုးေသးတယ္ေလ။


(၇) ဟာသဉာဏ္

သင့္မိတ္ေဆြေကာင္းဟာ ဟာသဉာဏ္ထက္သန္ဖို႕လည္း အေရးၾကီးပါေသးတယ္။ တစ္ဦးနဲ႕တစ္ဦးၾကားမွာ ေပ်ာ္ရႊင္ရယ္ေမာမႈဟာ ခင္မင္မႈကို အေကာင္းဆံုးခိုင္ျမဲေအာင္ တြန္းပို႕ေပးႏိုင္တဲ့ ေဆးစြမ္းတစ္လက္ပါပဲ။ သင္အရမ္းကို စိတ္ညစ္ေနတဲ့ အခ်ိန္မ်ိဳးေတြမွာ သင့္ သူငယ္ခ်င္းေျပာလိုက္တဲ့ ဟာသေတြက သင့္ကိုစိတ္ေျပေပ်ာက္ေအာင္ စြမ္းေဆာင္ေပးႏိုင္ပါလိမ့္မယ္။ ၾကည့္ခဲ့ဖူးတဲ့ ဟာသဇာတ္လမ္း ေတြအေၾကာင္း ျပန္ေျပာတာတို႕၊ ေပ်ာ္ပြဲ စားထြက္တာတို႕၊ ေလွ်ာက္လည္တာတို႕ဟာလည္း အေကာင္းဆံုးခင္မင္မႈကို ရေစပါတယ္။


#မေပါင္းအပ္တဲ့လူစား

ကၽြန္မသူငယ္ခ်င္း ခရစ္စတီက တစ္ခ်ိန္လံုး ရုပ္တည္ၾကီးနဲ႕ေလ။ ကၽြန္မဟာသေတြေျပာရင္ ရယ္လည္းမရယ္ဘူး။ ကၽြန္မကပဲ ငေပါၾကီးျဖစ္ေနတာ။ သူ႕နားမွာ ၾကာၾကာေနရင္ ကၽြန္မ ရယ္ေတာင္ရယ္တတ္ေတာ့မယ္ မထင္ဘူး။




(၈) မွ်ေ၀ခံစားျခင္း

တစ္ဦးနဲ႕တစ္ဦး အတူတကြ မွ်ေ၀ခံစားႏိုင္ဖို႕ကလည္း မိတ္ေဆြေတြၾကားမွာ အေရးၾကီးတဲ့ အခ်က္တစ္ခ်က္ပါပဲ။ သင္ေနထိုင္မေကာင္း ျဖစ္တဲ့အခ်ိန္မွာ အသည္းအသန္စိုးရိမ္တတ္သေလာက္ သင္ဟာသေတြေျပာျပီဆိုရင္လည္း အူတက္မတတ္ ရယ္ေမာေပးတတ္တဲ့ သူဟာ သင့္ရဲ႕သူငယ္ခ်င္း မိတ္ေဆြအစစ္အမွန္ပါပဲ။ သင့္အတြက္ လိုအပ္တဲ့အခ်ိန္မွာ လိုအပ္တဲ့ အၾကံဉာဏ္ေကာင္းေတြကိုလည္း ေပးႏိုင္ပါ လိမ့္မယ္။


#မေပါင္းအပ္တဲ့လူစား

ကၽြန္မသူငယ္ခ်င္းဟာ တကယ့္ကို အသည္းႏွလံုးမရွိတဲ့ မိန္းမပါ။ ကၽြန္မမိဘေတြ ကြဲသြားတုန္းက သူ႕ကိုေျပာျပတာ သူကရယ္တယ္ေလ။ အဲဒါနဲ႕ ကၽြန္မထိုင္ငိုေရာ။ အဲဒါကို သူက ဘာေျပာတယ္မွတ္လဲ။ “နင္ ကိုယ့္ကိုယ္ကိုယ္ ထိန္းပါဦး မရွက္ဘူးလား” တဲ့။


Credit: The Chic Magazine – August 2013 

No comments: