Tuesday, March 2, 2021

CJ (Citizen Journalists)တွေအဖြစ် တို့တိုင်းပြည်ကို အထောက်အကူပြုဖို့

 CJ (Citizen Journalists)တွေအဖြစ် တို့တိုင်းပြည်ကို အထောက်အကူပြုဖို့




#Citizen_Journalists

#ပြည်သူပြည်သားသတင်းသမား

#သတင်းထောက်

#ဗဟုသုတ


(မိမိ ပတ်ဝန်းကျင်၊မြို့၊ရွာ၊နယ်အနှံ့က ထူးခြားဖြစ်စဉ်တွေကို ကိုယ့်ဝန်းကျင်သာမက ကမ္ဘာကသိဖို့ လက်ထဲကကိုင်ထားတဲ့ ဖုန်းတွေက တစ်ဆင့်မျှဝေလို့ရကြောင်းရယ် ဘယ်လိုလုပ်ကြမလဲဆိုတာရယ် သဘောပေါက်ရအောင် သိသမျှ မျှဝေလိုက်ပါတယ်။ သတင်းထောက် အကို Soe Zeya Tun မျှဝေချက်အချို့ကိုထည့်သွင်းရေးသားထားကြောင်းလည်း ဝန်ခံပါတယ်ခင်ဗျ။)


လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေကို  အထောက်အထားယူ မှတ်တမ်းမှတ်ရာအဖြစ် မိမိကိုင်ဆောင်ထားတဲ့ Mobile Phone ကင်မရာနဲ့ သာမန်ရိုက်ကူးထားရုံသာမက သတင်းဌာနတွေက အသုံးပြုမျှဝေလို့ရအောင် ရိုက်ကူးကြဖို့ အရင်ဆုံးစဉ်းစားကြမယ် ဘော်ဒါတို့ရေ။


မိမိမြို့ရွာမှာရှိတဲ့ နိုင်ငံရေး၊ လူမှုရေး၊ဘာသာရေး ထူးခြားဖြစ်စဉ်တွေကို မှတ်တမ်းတင်ဝေငှကြရာမှာ အခုတင်ပြမယ့် ဓာတ်ပုံ သို့မဟုတ် ဖြစ်စဉ် သို့မဟုတ် နေရာဟာ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုအကြောင်းအရာ၊ဘယ်လိုဆောင်ရွက်၊ ဘယ်လိုအလားအလာရှိ စတဲ့ အချက်အလက်တွေသာမက ရက်စွဲကော ဖြစ်စဉ်အပေါ် အခြားသူများရဲ့ သုံးသပ်ချက်ကော ပူးတွင်ပါရှိတင်ပြနိုင်အောင်ကြိုးစားရပါမယ်။ ဓာတ်ပုံတော့ ရိုက်လိုက်တာပဲ၊ ဗီဒီယိုတော့ရိုက်လိုက်တာပဲ ဘယ်နေရာ ဘာဖြစ်မှန်းမသိ မြင်ကွင်းက မသည်းမကွဲဆိုရင် ပြန်အသုံးချဖို့ ခက်ပါတယ်။ တိုက်ရိုက် Live လွှင့်တယ်ဆိုရင်လည်း သတိထားရမယ့်အချက်တွေရှိနေပြန်တယ်။


ဖြစ်စဉ်တစ်ခုကို မှတ်တမ်းတင်ဖို့ စဉ်းစားရင် -

(၁) ဓာတ်ပုံ

(၂) ဗီဒီယို

(၃) တိုက်ရိုက် Live အခြေအနေသုံးခုကို အရင်ဆုံးစဉ်းစားမိကြတယ်ပေါ့။


(၁) ဓာတ်ပုံရိုက်ရာတွင်




ဖုန်းကင်မရာနဲ့ ရိုက်တာဖြစ်တဲ့အတွက် အချိန်ရယ်၊ အလင်းရောင်ရယ် သတိထားဖို့လိုပါတယ်။ Camera setting ချိန်တတ်သူများ အတွက် အချို့ဖုန်းတွေမှာလည်း Mobile Phone Camera Setting ချိန်လို့ရတာမို့ မရိုက်ခင်၊ အပြင်မထွက်ခင်ကြိုတင်လေ့လာြပြုလုပ်သွားသင့်ပါတယ်။


ဖြစ်စဉ်တစ်ခု မှတ်တမ်းတင်ရာမှာ အဓိကပြချင်တဲ့ ပြကွက်၊ လူ၊ သတင်းအကြောင်းအရာတွေကို ဖျက်ကနဲစဉ်းစားဆုံးဖြတ်ပြီး ကြည့်တဲ့သူ ပါ သဘောပေါက်အောင် ရိုက်ကူးမှတ်တမ်းတင်နိုင်ရင် ပိုအဆင်ပြေတယ်ဗျ။ Portrait နဲ့ ရိုက်တာအဆင်မပြေရင် Landscape နဲ့သာ သေချာချိန်ရိုက်ပါ။ 


ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံကို FB လူမှုကွန်ရက် တစ်ခုခုမှာပြန်မျှဝေတာပဲဖြစ်ဖြစ် အခြားသူတစ်ဦးတစ်ယောက်ကို လက်ဆင့်ကမ်း တာပဲဖြစ်ဖြစ် ပုံညွှန်းစာကောင်းကောင်းရေးဖို့လိုတယ်။ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်သူတွေ၊ ဘယ်လိုအကြောင်းအရာ စသဖြင့်ပေါ့။ ဒါမှ ကိုယ်မဟုတ်တဲ့ တခြားသူက ဓာတ်ပုံနဲ့အတူ သတင်းအချက်အလက်ကို ရရှိသွားမှာဖြစ်ပါတယ်။




(၂) ဗီဒီယိုရိုက်မှတ်တမ်းတင်ရာဝယ်


ကျွန်တေ်ာတို့ ပုံမှန်ဖုန်းပြောနေတဲ့အနေအထား (Portrait) နဲ့ မရိုက်ကူးဘဲ ဂိမ်းကစားတဲ့အခါ၊ဗီဒီယိုကြည့်တဲ့အခါထားတဲ့အတိုင်း အလျား လိုက် (Landscape)ပုံစံထားပြီး ဖုန်းနဲ့မှတ်တမ်းတင်ရပါမယ်။ ဗီဒီယိုရုပ်ထွက် HD 16.9 အပြည့်ရအောင် HDV, HD ကွာလတီမျိုးဖြစ် အောင် ကြိုးစားတဲ့သဘောဖြစ်တယ်။ ဟိုယခင်က SD (Standard Definition) အဆင့်နဲ့ သူ့ထက်နိမ့်တဲ့ 320 x 240 ratio ရုပ်ထွက် တွေတောင်မှ အဆင်ပြေပြေရိုက်ကူးနိုင်ရင် okay တာမို့ ရုပ်ထွက်မှန် format မှန်အောင် ဖုန်းကို အလျားလိုက်ထားကိုင်ပြီး ရိုက်ကြဖို့ အကြံပြုလို ပါတယ်။




(၃) လူမှုကွန်ရက် (Facebook) တစ်ခုခုကနေ Live တိုက်ရိုက်လွှင့်တဲ့အခါ


ထူးခြားဖြစ်စဉ်တွေကို FB Live လွှင့်တဲ့အခါ ပထမဆုံးက Live လွှင့်သူအနေနဲ့ ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာရေးဖို့ အဓိကသတိထားရပါမယ်။ 


ဒုတိယက နိုင်ငံတကာ မီဒီယာတွေဟာ Live လွှင့်သူဆီမှာ ခွင့်ပြုချက်တောင်းရတာထုံးစံဖြစ်ပေမယ့် Live လွှင့်သူနဲ့ ခွင့်တောင်းသူဟာ Friend မဟုတ်တော့ တစ်ခါတရံမှာ မူရင်းပိုင်ရှင်နဲ့ ဆက်သွယ်ရ ခက်ခဲပါတယ်။


တကယ်လို့ ကိုယ့်ရဲ့ FB Live တွေကို နိုင်ငံတကာ သတင်းတွေမှာလည်း အသုံးပြုစေချင်တယ်ဆိုရင် Live စလွှင့်ကတည်းက 

(က) ဘယ်နေရာ

(ခ) ဘာဖြစ်နေပါတယ် ဆိုတာရေးပြီး ယခု ဗီဒီယိုကို ပြည်တွင်းပြည်ပ သတင်းမီဒီယာမှာ ထပ်ဆင့်ထုတ်လွှင့်ခွင့်ပေးပါတယ်ဆိုပြီးေရေးထားပေးပါ။


မြန်မာလိုရေးလို့ သူတို့နားလည်ပါ့မလား။ မပူပါနဲ့ မြန်မာ့အရေးကို စိတ်ဝင်စားနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း သတင်းမီဒီယာတွေ အားလုံးမှာ FB ကိုစောင့်ကြည့်ဖို့ အင်္ဂလိပ်လို တတ်တဲ့ မြန်မာတွေကို အချိန်ပိုင်းငှားထားပြီးသားပါ။




ခိုင်မာတဲ့ သက်သေမှတ်တမ်းတစ်ခု ကိုယ့်ဆီမှာ ရလိုက်ပြီဆိုတာနဲ့ နီးစပ်ရာ သတင်းဌာနကြီးတစ်ခုကို ချက်ချင်းပို့ပေးဖို့လိုပါတယ်။ ကိုယ်ရိုက်လိုက်တဲ့ မှတ်တမ်းကို သတင်းဌာနကြီးတစ်ခုခုစီ မပို့ပေးနိုင်သေးဘူးဆိုရင်လည်း ဖုန်းထဲက မင်မိုရီကဒ်ထဲကိုပြောင်းထည့်ပြီး စိတ်ချလုံခြုံတဲ့နေရာမှာ သိမ်းထားကြဖို့လိုပါတယ်။ 


ရိုက်တဲ့အခါမှာလည်း ဟိုရမ်း သည်ရမ်း လက်မငြိမ်မသက်ရိုက်တာမျိုးမဟုတ်ဘဲ ဖြစ်စဉ်တစ်ခု၊ မြင်ကွင်းတစ်ကွက်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပြတ်ပြတ်သားသားဖြစ်အောင် ရိုက်နိုင်ရင် ပိုကောင်းပါတယ်။


အထူးသတိထားဖို့အချက်ကတော့ ညဘက်မှာ ဖုန်းရဲ့ display အလင်းရောင်ကို အနိမ့်ဆုံးအဆင့်ထိ တစ်ကိုယ်စာမြင်နိုင်ရုံလောက်အထိ လျှော့ချထားဖို့ မမေ့ကြပါနဲ့။ အရေးရယ် အကြောင်းရယ်ပေါ်လာလို့ ခိုးရိုက်ရတဲ့အခါမျိုးမှာ ကိုယ့်ဖုန်း display ကြီးက အမှောင်ထဲမှာ လင်းကနဲ ထင်းကနဲဖြစ်နေရင် Sniper စာမိသွားနိုင်ပါတယ်။


သတင်းထောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူတွေမဟုတ်သော်ငြား သတင်းနားထောင်သက်၊ သတင်းစာဖတ်သက်ရင့်နေတဲ့ ကျွန်တေ်ာတို့အတွက် အပေါ်ကရေးပြခဲ့တဲ့အနည်းအကျဉ်းသောအချက်အလက်တွေကို သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ။

(Zawgyi)


CJ (Citizen Journalists)ေတြအျဖစ္ တို႔တိုင္းျပည္ကို အေထာက္အကူျပဳဖို႔




#Citizen_Journalists

#ျပည္သူျပည္သားသတင္းသမား

#သတင္းေထာက္

#ဗဟုသုတ


(မိမိ ပတ္၀န္းက်င္၊ျမိဳ႕၊ရြာ၊နယ္အႏွံ႔က ထူးျခားျဖစ္စဥ္ေတြကို ကိုယ့္၀န္းက်င္သာမက ကမၻာကသိဖို႔ လက္ထဲကကိုင္ထားတဲ့ ဖုန္းေတြက တစ္ဆင့္မွ်ေ၀လို႔ရေၾကာင္းရယ္ ဘယ္လိုလုပ္ၾကမလဲဆိုတာရယ္ သေဘာေပါက္ရေအာင္ သိသမွ် မွ်ေ၀လိုက္ပါတယ္။ သတင္းေထာက္ အကို Soe Zeya Tun မွ်ေ၀ခ်က္အခ်ိဳ႕ကိုထည့္သြင္းေရးသားထားေၾကာင္းလည္း ၀န္ခံပါတယ္ခင္ဗ်။)


လက္ရွိ ျမန္မာ့ႏိုင္ငံေရးျဖစ္စဥ္ေတြကို  အေထာက္အထားယူ မွတ္တမ္းမွတ္ရာအျဖစ္ မိမိကိုင္ေဆာင္ထားတဲ့ Mobile Phone ကင္မရာနဲ႔ သာမန္ရိုက္ကူးထားရံုသာမက သတင္းဌာနေတြက အသံုးျပဳမွ်ေ၀လို႔ရေအာင္ ရုိက္ကူးၾကဖို႔ အရင္ဆံုးစဥ္းစားၾကမယ္ ေဘာ္ဒါတို႔ေရ။


မိမိျမိဳ႕ရြာမွာရွိတဲ့ ႏိုင္ငံေရး၊ လူမႈေရး၊ဘာသာေရး ထူးျခားျဖစ္စဥ္ေတြကို မွတ္တမ္းတင္ေ၀ငွၾကရာမွာ အခုတင္ျပမယ့္ ဓာတ္ပံု သို႕မဟုတ္ ျဖစ္စဥ္ သို႕မဟုတ္ ေနရာဟာ ဘယ္အခ်ိန္၊ ဘယ္ေနရာ၊ ဘယ္လိုအေၾကာင္းအရာ၊ဘယ္လိုေဆာင္ရြက္၊ ဘယ္လိုအလားအလာရွိ စတဲ့ အခ်က္အလက္ေတြသာမက ရက္စြဲေကာ ျဖစ္စဥ္အေပၚ အျခားသူမ်ားရဲ႕ သံုးသပ္ခ်က္ေကာ ပူးတြင္ပါရွိတင္ျပႏိုင္ေအာင္ၾကိဳးစားရပါမယ္။ ဓာတ္ပံုေတာ့ ရိုက္လိုက္တာပဲ၊ ဗီဒီယိုေတာ့ရိုက္လိုက္တာပဲ ဘယ္ေနရာ ဘာျဖစ္မွန္းမသိ ျမင္ကြင္းက မသည္းမကြဲဆိုရင္ ျပန္အသံုးခ်ဖို႔ ခက္ပါတယ္။ တိုက္ရိုက္ Live လႊင့္တယ္ဆိုရင္လည္း သတိထားရမယ့္အခ်က္ေတြရွိေနျပန္တယ္။


ျဖစ္စဥ္တစ္ခုကို မွတ္တမ္းတင္ဖို႔ စဥ္းစားရင္ -

(၁) ဓာတ္ပံု

(၂) ဗီဒီယို

(၃) တိုက္ရိုက္ Live အေျခအေနသံုးခုကို အရင္ဆံုးစဥ္းစားမိၾကတယ္ေပါ့။


(၁) ဓာတ္ပံုရိုက္ရာတြင္




ဖုန္းကင္မရာနဲ႔ ရိုက္တာျဖစ္တဲ့အတြက္ အခ်ိန္ရယ္၊ အလင္းေရာင္ရယ္ သတိထားဖို႔လိုပါတယ္။ Camera setting ခ်ိန္တတ္သူမ်ား အတြက္ အခ်ိဳ႕ဖုန္းေတြမွာလည္း Mobile Phone Camera Setting ခ်ိန္လို႔ရတာမို႔ မရိုက္ခင္၊ အျပင္မထြက္ခင္ၾကိဳတင္ေလ့လာျျပဳလုပ္သြားသင့္ပါတယ္။


ျဖစ္စဥ္တစ္ခု မွတ္တမ္းတင္ရာမွာ အဓိကျပခ်င္တဲ့ ျပကြက္၊ လူ၊ သတင္းအေၾကာင္းအရာေတြကို ဖ်က္ကနဲစဥ္းစားဆံုးျဖတ္ျပီး ၾကည့္တဲ့သူ ပါ သေဘာေပါက္ေအာင္ ရိုက္ကူးမွတ္တမ္းတင္ႏိုင္ရင္ ပိုအဆင္ေျပတယ္ဗ်။ Portrait နဲ႔ ရိုက္တာအဆင္မေျပရင္ Landscape နဲ႔သာ ေသခ်ာခ်ိန္ရိုက္ပါ။ 


ကိုယ္ရိုက္ထားတဲ့ ဓာတ္ပံုကို FB လူမႈကြန္ရက္ တစ္ခုခုမွာျပန္မွ်ေ၀တာပဲျဖစ္ျဖစ္ အျခားသူတစ္ဦးတစ္ေယာက္ကို လက္ဆင့္ကမ္း တာပဲျဖစ္ျဖစ္ ပံုညႊန္းစာေကာင္းေကာင္းေရးဖို႔လိုတယ္။ ဘယ္ေနရာ၊ ဘယ္အခ်ိန္၊ ဘယ္သူေတြ၊ ဘယ္လိုအေၾကာင္းအရာ စသျဖင့္ေပါ့။ ဒါမွ ကိုယ္မဟုတ္တဲ့ တျခားသူက ဓာတ္ပံုနဲ႔အတူ သတင္းအခ်က္အလက္ကို ရရွိသြားမွာျဖစ္ပါတယ္။




(၂) ဗီဒီယိုရိုက္မွတ္တမ္းတင္ရာ၀ယ္


ကၽြန္ေတ္ာတို႔ ပံုမွန္ဖုန္းေျပာေနတဲ့အေနအထား (Portrait) နဲ႔ မရိုက္ကူးဘဲ ဂိမ္းကစားတဲ့အခါ၊ဗီဒီယိုၾကည့္တဲ့အခါထားတဲ့အတိုင္း အလ်ား လိုက္ (Landscape)ပံုစံထားျပီး ဖုန္းနဲ႔မွတ္တမ္းတင္ရပါမယ္။ ဗီဒီယိုရုပ္ထြက္ HD 16.9 အျပည့္ရေအာင္ HDV, HD ကြာလတီမ်ိဳးျဖစ္ ေအာင္ ၾကိဳးစားတဲ့သေဘာျဖစ္တယ္။ ဟိုယခင္က SD (Standard Definition) အဆင့္နဲ႔ သူ႕ထက္နိမ့္တဲ့ 320 x 240 ratio ရုပ္ထြက္ ေတြေတာင္မွ အဆင္ေျပေျပရိုက္ကူးႏိုင္ရင္ okay တာမို႔ ရုပ္ထြက္မွန္ format မွန္ေအာင္ ဖုန္းကို အလ်ားလိုက္ထားကိုင္ျပီး ရိုက္ၾကဖို႔ အၾကံျပဳလို ပါတယ္။




(၃) လူမႈကြန္ရက္ (Facebook) တစ္ခုခုကေန Live တိုက္ရိုက္လႊင့္တဲ့အခါ


ထူးျခားျဖစ္စဥ္ေတြကို FB Live လႊင့္တဲ့အခါ ပထမဆံုးက Live လႊင့္သူအေနနဲ႔ ဘယ္ေနရာမွာ ဘာျဖစ္တယ္ဆိုတာေရးဖို႔ အဓိကသတိထားရပါမယ္။ 


ဒုတိယက ႏိုင္ငံတကာ မီဒီယာေတြဟာ Live လႊင့္သူဆီမွာ ခြင့္ျပဳခ်က္ေတာင္းရတာထံုးစံျဖစ္ေပမယ့္ Live လႊင့္သူနဲ႔ ခြင့္ေတာင္းသူဟာ Friend မဟုတ္ေတာ့ တစ္ခါတရံမွာ မူရင္းပိုင္ရွင္နဲ႕ ဆက္သြယ္ရ ခက္ခဲပါတယ္။


တကယ္လို႔ ကိုယ့္ရဲ႕ FB Live ေတြကို ႏိုင္ငံတကာ သတင္းေတြမွာလည္း အသံုးျပဳေစခ်င္တယ္ဆိုရင္ Live စလႊင့္ကတည္းက 

(က) ဘယ္ေနရာ

(ခ) ဘာျဖစ္ေနပါတယ္ ဆိုတာေရးျပီး ယခု ဗီဒီယိုကို ျပည္တြင္းျပည္ပ သတင္းမီဒီယာမွာ ထပ္ဆင့္ထုတ္လႊင့္ခြင့္ေပးပါတယ္ဆိုျပီးေေရးထားေပးပါ။


ျမန္မာလိုေရးလို႔ သူတို႔နားလည္ပါ့မလား။ မပူပါနဲ႔ ျမန္မာ့အေရးကို စိတ္၀င္စားေနတဲ့ ႏိုင္ငံတကာ အဖြဲ႕အစည္း သတင္းမီဒီယာေတြ အားလံုးမွာ FB ကိုေစာင့္ၾကည့္ဖို႔ အဂၤလိပ္လို တတ္တဲ့ ျမန္မာေတြကို အခ်ိန္ပိုင္းငွားထားျပီးသားပါ။




ခိုင္မာတဲ့ သက္ေသမွတ္တမ္းတစ္ခု ကိုယ့္ဆီမွာ ရလိုက္ျပီဆိုတာနဲ႔ နီးစပ္ရာ သတင္းဌာနၾကီးတစ္ခုကို ခ်က္ခ်င္းပို႔ေပးဖို႔လိုပါတယ္။ ကိုယ္ရိုက္လိုက္တဲ့ မွတ္တမ္းကို သတင္းဌာနၾကီးတစ္ခုခုစီ မပို႔ေပးႏိုင္ေသးဘူးဆိုရင္လည္း ဖုန္းထဲက မင္မိုရီကဒ္ထဲကိုေျပာင္းထည့္ျပီး စိတ္ခ်လံုျခံဳတဲ့ေနရာမွာ သိမ္းထားၾကဖို႔လိုပါတယ္။ 


ရိုက္တဲ့အခါမွာလည္း ဟိုရမ္း သည္ရမ္း လက္မျငိမ္မသက္ရိုက္တာမ်ိဳးမဟုတ္ဘဲ ျဖစ္စဥ္တစ္ခု၊ ျမင္ကြင္းတစ္ကြက္ကို တည္တည္ျငိမ္ျငိမ္နဲ႔ ျပတ္ျပတ္သားသားျဖစ္ေအာင္ ရိုက္ႏိုင္ရင္ ပိုေကာင္းပါတယ္။


အထူးသတိထားဖို႔အခ်က္ကေတာ့ ညဘက္မွာ ဖုန္းရဲ႕ display အလင္းေရာင္ကို အနိမ့္ဆံုးအဆင့္ထိ တစ္ကိုယ္စာျမင္ႏိုင္ရံုေလာက္အထိ ေလွ်ာ့ခ်ထားဖို႔ မေမ့ၾကပါနဲ႔။ အေရးရယ္ အေၾကာင္းရယ္ေပၚလာလို႔ ခိုးရိုက္ရတဲ့အခါမ်ိဳးမွာ ကိုယ့္ဖုန္း display ၾကီးက အေမွာင္ထဲမွာ လင္းကနဲ ထင္းကနဲျဖစ္ေနရင္ Sniper စာမိသြားႏိုင္ပါတယ္။


သတင္းေထာက္အျဖစ္ အသက္ေမြး၀မ္းေက်ာင္းျပဳေနသူေတြမဟုတ္ေသာ္ျငား သတင္းနားေထာင္သက္၊ သတင္းစာဖတ္သက္ရင့္ေနတဲ့ ကၽြန္ေတ္ာတို႔အတြက္ အေပၚကေရးျပခဲ့တဲ့အနည္းအက်ဥ္းေသာအခ်က္အလက္ေတြကို သေဘာေပါက္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ခင္ဗ်။

No comments: