Fiscal Federalism အကြောင်း တစေ့တစောင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဖက်ဒရယ်အသံ သောသောညံနေတဲ့ ဒီကာလမှာ Federalism အကြောင်းရေးတဲ့ စာတစ်ပုဒ်တိုင်းဟာ စာဖတ်ပရိသတ်အတွက် လိုအပ်မယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ နဂိုက နိုင်ငံရေးဇာတ်ရည်လည်ပြီးသား စာဖတ်သူတွေရော၊ မလည်သေးတဲ့ စာဖတ်ပရိသတ်တွေပါ ဒီကာလမှာ သူ့ထက်ငါအပြိုင်အဆိုင်ရေးကြတဲ့ ဖက်ဒရယ်ရေးရာဆောင်းပါးတွေအကြား ဖက်ဒရယ်စနစ်ရဲ့အနှစ်သာရနဲ့ လည်ပတ်ပုံသဘောတရားတွေကို တီးမိခေါက်မိရှိကြလောက်ပြီလို့လည်း ယုံကြည်ပါတယ်။
ကျွန်တော်တို့ Lawgical Myanmar အနေနဲ့လည်း ရှေ့ဆောင်းပါးတွေမှာ နိုင်ငံရေးဖက်ဒရယ်လစ်ဇင်၊ အုပ်ချုပ်ရေးဖက်ဒရယ်လစ်ဇင် အကြောင်းတွေကို တတ်နိုင်သလောက်ပါဝင်အောင်ရေးသားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ စာဖတ်ပရိသတ်တွေနဲ့ အနည်းငယ်စိမ်းနေမယ်လို့ ယူဆရတဲ့ ဘဏ္ဍာရေးဖက်ဒရယ်လစ်ဇင် (Fiscal Federalism) အကြောင်းကို ရေးသားတင်ပြ သွားချင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Fiscal Federalism ဆိုတာဘာလဲ။
ဖက်ဒရယ်စနစ်အရ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရဆိုပြီး အနည်းဆုံးအစိုးရနှစ်ရပ်ရှိရပါတယ်။ ဒီအစိုးရနှစ်ရပ်အကြားမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာခွဲဝေမှု အသီးသီးရှိရပါတယ်။ ဖွဲ့စည်းပုံအရပေါ်ပေါက်လာတဲ့ အစိုးရနှစ်ရပ်ဟာ ဖွဲ့စည်းပုံအရပေးအပ်ထားတဲ့ တာဝန်ဝတ္တရားတွေကို ဆောင်ရွက်အကောင်အထည်ဖော်ဖို့ဆိုရင် ဘဏ္ဍာငွေလိုအပ်ပါတယ်။ Fiscal Federalism ဆိုတာကတော့ ဒီဘဏ္ဍာငွေတွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေအကြား ဘယ်လိုခွဲဝေသုံးစွဲမလဲ၊ ဗဟိုအစိုးရက ဘယ်ကဏ္ဍတွေကို တာဝန်ယူပြီး ပြည်နယ်အစိုးရက ဘယ်ကဏ္ဍတွေကို တာဝန်ယူမလဲ။ ဗဟိုအစိုးရက ဘယ်အခွန်တွေကို ကောက်ပြီးတော့ ပြည်နယ်အစိုးရက ဘယ်အခွန်တွေကို ကောက်မလဲ။ စသဖြင့် ဗဟိုနဲ့ပြည်နယ်အစိုးရအရပ်ရပ်ကြားက ဘဏ္ဍာရေးဆိုင်ရာဆက်နွယ်မှုနဲ့တာဝန်ခွဲဝေမှုတွေကို ဖက်ဒရယ်ဆန်ဆန်လုပ်ဆောင်ရတဲ့ စနစ်တစ်ခုပါပဲ။ ဒါကို လွယ်လွယ်ပြောရရင် Inter-governmental finance လို့လည်း ပြောလို့ရပါတယ်။
▄▄▄▄▄▄▄
ဖွဲ့စည်းပုံအရ သတ်သတ်မှတ်မှတ်ပြဌာန်းထား
ဖက်ဒရယ်နိုင်ငံတွေမှာတင်မဟုတ်ပဲ တစ်ပြည်ထောင်စနစ် (Unitary System) ကျင့်သုံးတဲ့နိုင်ငံတွေမှာလည်း သက်ဆိုင်ရာဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေ ရှိနိုင်ပါတယ်။ တစ်ပြည်ထောင်နိုင်ငံတွေမှာတော့ ပြည်နယ်အစိုးရရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေက ဖွဲ့စည်းပုံမှာ သတ်သတ်မှတ်မှတ်ပြဌာန်းထားတာမျိုးမဟုတ်ပဲ ဗဟိုအစိုးရက လုပ်ပိုင်ခွင့်အာဏာတွေကိုချပေးတာဖြစ်ပါတယ်။ ပြည်နယ်အစိုးရမှာရှိတဲ့ အခွန်ဘဏ္ဍာဟာလည်း များသောအားဖြင့် ဗဟိုအစိုးရကချမှတ်ပေးတဲ့ အခွန်ဘဏ္ဍာပဲ ဖြစ်လေ့ရှိပါတယ်။
Fiscal Federalismမှာတော့ ပြည်နယ်အစိုးရတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျအခွန်ဘဏ္ဍာကောက်ခံပိုင်ခွင့်ရယ်ဆိုပြီး ဖွဲ့စည်းပုံအရ သတ်သတ်မှတ်မှတ်ပြဌာန်းထားတာမျိုး ရှိပါတယ်။
▄▄▄▄▄▄▄
Fiscal Federalism ဘာကြောင့်အရေးကြီးလဲ။
ပထမတစ်ချက်အနေနဲ့ Fiscal Federalismဟာ အစိုးရတစ်ခုချင်းစီရဲ့ ဘဏ္ဍာရေးအရလွတ်လပ်စွာစီမံပိုင်ခွင့်(Fiscal autonomy)အပေါ် သက်ရောက်မှုအများကြီးရှိတဲ့အတွက် အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအရ ဆောင်ရွက်ရမယ့် မိမိရဲ့တာဝန်ဝတ္တရားတွေကို လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်ဖို့ ပြည်နယ်အစိုးရတွေမှာ ဘဏ္ဍာရေးလွတ်လပ်စွာစီမံပိုင်ခွင့်ရှိရပါမယ်။ ပြည်နယ်အစိုးရတွေမှာ ကိုယ်ပိုင်အခွန်ဘဏ္ဍာနည်းပါးပြီးတော့ ဗဟိုအစိုးရကချမှတ်ပေးတဲ့ အခွန်ဘဏ္ဍာပေါ်မှာပဲ အလွန်အမင်းမှီခိုနေရရင် ပြည်နယ်အစိုးရတွေရဲ့ Fiscal Autonomyထိခိုက်နိုင်ချေရှိပါတယ်။ တစ်ပြိုင်တည်းမှာ ပြည်နယ်အစိုးရတွေရဲ့ တာဝန်ယူမှု (Responsibility) နဲ့ တာဝန်ခံမှု (Accountability) အပိုင်းတွေမှာလည်း မေးခွန်းထုတ်စရာရှိလာနိုင်ပါတယ်။
ဒုတိယတစ်ချက်အနေနဲ့ Federationတစ်ခုမှာ ပြည်နယ်တစ်ခုနဲ့တစ်ခုဟာ စီးပွားရေးအခြေခံချင်းမတူကြပါဘူး။ ဒီအခါ ပြည်နယ်တစ်ခုနဲ့ တစ်ခုအကြား မမျှတမှု၊ မညီမျှမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီမညီမျှမှုတွေကို ညီမျှအောင် ထိန်းကျောင်းပေးနိုင်တဲ့စနစ်မရှိရင် ပြည်နယ်တစ်ခုနဲ့တစ်ခုကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကို Fiscal federalism နဲ့အထိုက်အလျောက် ဖြေရှင်းပေးနိုင်ပါတယ်။ Fiscal Federalismမှာတော့ ယေဘုယျအားဖြင့် ငွေရှာတဲ့အပိုင်း (Taxation Assignment)၊ ငွေသုံးတဲ့အပိုင်း (Expenditure Assignment) နဲ့ ဘဏ္ဍာငွေလွှဲပြောင်းပေးတဲ့အပိုင်း (Intergovernmental Transfer) ဆိုပြီး ၃ပိုင်းရှိပါတယ်။
ငွေရှာတဲ့အပိုင်း (Taxation Assignment)
============
ဒီအပိုင်းမှာဆိုရင်တော့ ဗဟိုအစိုးရက ဘယ်အခွန်တွေကောက်မလဲ၊ ပြည်နယ်အစိုးရက ဘယ်အခွန်တွေကောက်မလဲဆိုတဲ့ အခွန်ကောက်ခံမှုတာဝန်ဝတ္တရားတွေကို ခွဲဝေရပါတယ်။ အခွန်တစ်ခုကို ပြည်ထောင်စုအစိုးရကို ပေးမလား၊ ပြည်နယ်အစိုးရကိုပေးမလားဆိုတာကို ဆုံးဖြတ်ရပါတယ်။ ဒီလိုဆုံးဖြတ်တဲ့နေရာမှာ နိုင်ငံရဲ့စီးပွားရေးအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတဲ့ economic efficiencyကိုထည့်စဉ်းစားရပါတယ်။ နောက်တစ်ခုက အခွန်မူဝါဒ သဟဇာတဖြစ်ဖို့လို/မလို၊ တစ်နည်းအားဖြင့် Tax harmonization ရှိမရှိ ထည့်သွင်းစဉ်းစားရပါတယ်။ တချို့သောအခွန်တွေက ပြည်နယ်အစိုးရတစ်ခုနဲ့တစ်ခုအကြားမှာ သဟဇာတဖြစ်ဖို့မလိုပေမယ့် တချို့သောအခွန်တွေကတော့ လိုအပ်ပါတယ်။ ဥပမာ ပြည်နယ်အစိုးရတွေဟာ ကော်ပိုရိတ်ဝင်ငွေခွန် (Corporate Income Tax) ကို ကိုယ်ကြိုက်တဲ့နှုန်းထားသတ်မှတ်ပိုင်ခွင့်ရှိတယ်ဆိုကြပါစို့။ ပြည်နယ်အစိုးရတစ်ခုက သူတို့ပြည်နယ်ကို ရင်းနှီးမြှုပ်နှံမှုတွေလာအောင်၊ စီးပွားရေးလုပ်ငန်းစုတွေ ဝင်လာအောင်ဆွဲဆောင်ဖို့ အခွန်နှုန်းထားတွေ လျှော့ပေးမယ်ဆိုရင် စီးပွားရေးလုပ်ငန်းစုတွေအနေနဲ့ အဲဒီပြည်နယ်ကိုပဲ တိုးကြိတ်ဝင်လာပါလိမ့်မယ်။ သူတို့နဂိုရှိပြီးသား ပြည်နယ်ကနေ အဲဒီပြည်နယ်ကို ပြောင်းရွှေ့လာပါလိမ့်မယ်။ ဒီအခါမှာ ပြည်နယ်တစ်ခုနဲ့တစ်ခုကြား အခွန်မူဝါဒ သဟဇာတမဖြစ်တော့ပဲ အပျက်သဘောဆောင်တဲ့အခွန်ယှဉ်ပြိုင်မှု (Destructive Tax Competition) တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီriskတွေကနေ ရှောင်နိုင်ဖို့အတွက် ဘယ်အခွန်တွေကိုတော့ ဘယ်ပြည်နယ်ကိုပေးမယ်၊ ဘယ်အခွန်တွေကို ဗဟိုအစိုးရကိုပေးမယ်ဆိုတာကို သေချာစဉ်းစားဆုံးဖြတ်ရပါတယ်။
ငွေသုံးတဲ့အပိုင်း (Expenditure Assignment)
============
ဒီအပိုင်းမှာတော့ သက်ဆိုင်ရာကဏ္ဍတစ်ခု အတွက် အသုံးစရိတ်တစ်ခုကို Aပြည်နယ်ရဲ့ အစိုးရကသုံးစွဲရင် ပိုအကျိုးရှိမလား၊ Bပြည်နယ် ရဲ့အစိုးရကသုံးစွဲရင် ပိုအကျိုးရှိမလား၊ ဒါမှ မဟုတ် တစ်ပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စဆိုရင် ဗဟို အစိုးရက တိုက်ရိုက်သုံးစွဲရင် ပိုအကျိုးရှိမလား စသဖြင့် ပိုမိုအကျိုးရှိစွာ သုံးစွဲနိုင်မယ့် အစိုးရကို အသုံးစရိတ်ချပေးရပါတယ်။ ဒါကို Subsidiarity Principleလို့ခေါ်ပါတယ်။ CRPH က ထုတ်ပြန်ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပိုင်း-၁၊ အခန်း-၂ရဲ့ Section-4မှာ Subsidiarity Principleကို ကျင့်သုံးမယ်ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။ ၂၀၂၀ခုနှစ် မေလအထိရရှိတဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံးရဲ့အသုံးစရိတ် ၁၀၀ရာခိုင်နှုန်းမှာ ပြည်နယ်နဲ့တိုင်းဒေသကြီး တွေရဲ့ အသုံးစရိတ်က ၁၀ရာခိုင်နှုန်းပဲရှိနေ ပါတယ်။ အခြားနိုင်ငံတွေမှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ပူးတွဲဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဗဟိုအစိုးရကပဲ တိုက်ရိုက် ဆောင်ရွက်ပါတယ်။ ဒါတွေဟာ ပြည်နယ် အစိုးရတွေရဲ့ တိုက်ရိုက်အသုံးစရိတ်နည်းပါး နေပြီး ဗဟိုအစိုးရရဲ့တိုက်ရိုက်အသုံးစရိတ်က အဆမတန်ပိုမိုများပြားကာ decentralize ကောင်းကောင်းမလုပ်နိုင်သေးတာ၊ တနည်း အားဖြင့် Fiscal Federalism မပီပြင်သေးတာ ကို ဖော်ပြနေပါတယ်။ အိန္ဒိယမှာဆိုရင်ပြည်နယ် အစိုးရတွေရဲ့ တိုက်ရိုက်အသုံးစရိတ်ဟာ တစ်နိုင်ငံလုံးအသုံးစရိတ်ရဲ့ ၆၀ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ပြည်နယ်က ၆၀သုံးပြီး ဗဟိုက ၄၀ပဲသုံးတဲ့ အနေအထားပါ။ ကနေဒါမှာဆိုရင် ၇၀ရာခိုင်နှုန်းထိ ရှိပါတယ်။ အရှေ့တောင်အာရှ ရဲ့ ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံ မှာတောင် ပြည်နယ်အစိုးရတွေရဲ့အသုံးစရိတ် က တစ်နိုင်ငံလုံးအသုံးစရိတ်ရဲ့ ၃၀ရာခိုင်နှုန်း ရှိပါတယ်။
အစိုးရအချင်းချင်းကြားဘဏ္ဍာငွေလွှဲပြောင်းမှုအပိုင်း (Intergovernmental Transfer)
=============================
ဖက်ဒရယ်နိုင်ငံတွေမှာ များသောအားဖြင့် အခွန်ဘက်မှာ၊ တစ်နည်း ငွေရှာတဲ့ဘက်မှာ ထက် အသုံးစရိတ်ဘက်၊ ငွေသုံးတဲ့ဘက်မှာပိုပြီး ဗဟိုချုပ်ကိုင်မှု လျှော့ချထားလေ့ရှိပါတယ်။ အကြောင်းကတော့ အခွန်ဘက်မှာ ဗဟိုချုပ်ကိုင် မှုလျှော့ချလွန်းရင် အစောပိုင်းကတင်ပြခဲ့သလို Destructive Tax Competitionတွေ ဖြစ်လာနိုင်လို့ပါ။ အကျိုးဆက်အနေနဲ့ ပြည်နယ် အစိုးရတွေမှာ အသုံးစရိတ်ကများသလောက် အခွန်ဘဏ္ဍာက လိုက်မများလာတော့ ဝင်ငွေ၊ ထွက်ငွေ မမျှတာတွေဖြစ်ပြီး Vertical Fiscal Inbalanceလို့ခေါ်တဲ့ အထက်အောက် ဒေါင်လိုက်ဘဏ္ဍာရေးကွာဟမှုတွေ ဖြစ်ပေါ်လာ ပါတယ်။ ဒီ Vertical Power Inbalanceတွေကို Intergovernmental Transferလို့ခေါ်တဲ့ ဗဟို အစိုးရနဲ့ပြည်နယ်အစိုးရအကြား ဘဏ္ဍာငွေ လွှဲပြောင်းမှုတွေနဲ့ ပြန်ဖြည့်လေ့ရှိပါတယ်။ ဖက်ဒရယ်နိုင်ငံတိုင်းမှာ ဘယ်ပြည်နယ် အစိုးရကမှ မိမိရဲ့ဝင်ငွေသီးသန့်နဲ့ မရပ်တည်နိုင် ပါဘူး။ Intergovernmental Transfer ကိုမဖြစ်မနေလိုအပ်ပါတယ်။ ဗဟိုအစိုးရရဲ့ ဘဏ္ဍာငွေလွှဲပြောင်းမှုကို ဘယ်လောက်ပမာဏ အထိရယူသလဲ၊ ဘယ်လောက်ထိရောက်စွာ အသုံးချနိုင်သလဲဆိုတာသာ ပြည်နယ်တစ်ခုနဲ့ တစ်ခုကြားမှာ ကွာသွားတာပါ။ ဒီနေရာမှာ ဗဟိုအစိုးရအနေနဲ့ အခြေခံအဆောက်အအုံ (Infrastructure)အားနည်းတဲ့ ပြည်နယ်တွေကို လွှဲပြောင်းငွေပိုချပေးလေ့ရှိပါတယ်။ Aပြည်နယ်နဲ့ B ပြည်နယ်တို့မှာအခွန်ဆောင် ရတဲ့ပမာဏတူညီကြတယ်။၊ အဲဒီလို အခွန် ဆောင်ရတဲ့ပမာဏချင်းအတူတူ Aပြည်နယ် မှာရတဲ့ ပြည်သူ့ဝန်ဆောင်မှုက Bပြည်နယ်မှာ ရတဲ့ ပြည်သူ့ဝန်ဆောင်မှုထက် quality ပိုကောင်းနေတယ်ဆိုရင် မမျှတပါဘူး။ ဒီအခါမှာ Bပြည်နယ်ရဲ့ ပြည်သူ့ဝန်ဆောင်မှု qualityဟာ Aပြည်နယ်ကို လိုက်မီနိုင်ဖို့အတွက် ဗဟိုအစိုးရက Bပြည်နယ်ကို လွှဲပြောင်းငွေပိုမို ချပေးပြီး quality မြှင့်တင်ဖို့ လုပ်ရပါတယ်။ လွှဲပြောင်းငွေချပေးတဲ့နေရာမှာလည်း ၂မျိုး၂စား ရှိပါတယ်။ ပထမတစ်မျိုးက ပြည်နယ်အစိုးရ အနေနဲ့ ဗဟိုအစိုးရချပေးတဲ့ လွှဲပြောင်းငွေကို မိမိစိတ်ကြိုက်ကဏ္ဍမှာ သုံးစွဲခွင့်မရှိပဲ ဗဟို အစိုးရသတ်မှတ်ထားတဲ့ ကဏ္ဍမှာပဲ သုံးစွဲခွင့်ရှိ ပါတယ်။ ဒါကို Conditional Transfer၊ တစ်နည်း သီးသန့်လွှဲပြောင်းငွေ (Specific-purpose transfer)လို့ခေါ်ပါတယ်။ ဒုတိယတစ်မျိုးကတော့ ဗဟိုအစိုးရချပေးတဲ့ လွှဲပြောင်းငွေကို ပြည်နယ်အစိုးရက ကြိုက်တဲ့ကဏ္ဍမှာ စိတ်ကြိုက်သုံးစွဲခွင့် ရှိပါတယ်။ ဒါကို Unconditional Transfer၊ တစ်နည်း အထွေထွေလွှဲပြောင်းငွေ (General-purpose transfer)လို့ခေါ်ပါတယ်။ ဒါကတော့ အစိုးရအချင်းချင်းကြား ဘဏ္ဍာ ငွေလွှဲပြောင်းမှုပုံစံတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း Fiscal Federalismကို စတင်ကျင့်သုံးလာတာ ၂၀၁၁ခုနှစ်ကတည်းကဖြစ်လို့ အခုဆိုရင် ၁၀နှစ်တင်းတင်းရှိပါပြီ။ သို့သော်ငြား နိုင်ငံရေးစနစ်ကိုယ်၌က ဖက်ဒရယ်စနစ် မဟုတ်သေးတာရယ်၊ အမျိုးမျိုးသော အားနည်း ချက်၊ လစ်ဟင်းချက်တွေရယ်ကြောင့် မြန်မာ နိုင်ငံရဲ့ Fiscal Federalism ဟာ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ Fiscal Federalism တွေနဲ့ ယှဉ်ရင် သိသိသာသာ အရည်အသွေးနိမ့်ပြီး ပီပြင်မှုမရှိသေးတာ တွေ့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကို ချေမှုန်းတိုက်ထုတ်လို့ အပြီးမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြီးဖြစ်တည်လာရင် Fiscal Federalismကို နိုင်ငံတကာအဆင့်မီ ကျင့်သုံးဖို့ လိုအပ်လာ ပါလိမ့်မယ်။ စာရေးသူ Takeaway messageအနေနဲ့ ပေးချင်တာကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ၊ ဖက်ဒရယ်အသွင်ကူးပြောင်းစ နိုင်ငံတွေမှာ လုပ်ပိုင်ခွင့်ထက် အခွန်ဘက်ကို ပိုပြီး အာရုံစိုက်တတ်ကြပါတယ်။ အရင်ဆုံး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ လုပ်ပိုင်ခွင့် ကို ကွဲကွဲပြားပြားသိအောင်လုပ်ပြီးမှ သင့်တော်တဲ့ ဘဏ္ဍာရေးအစီအမံတွေကို ဆောင်ရွက်ဖို့လိုပါမယ်။ နောက်တစ်ချက်က Fiscal Federalism ကောင်းစွာလည်ပတ် နိုင်ရေးအတွက် သက်ဆိုင်ရာ Institution တွေ အားကောင်းဖို့လိုပါတယ်။ သုတေသနအဖွဲ့ အစည်းတွေ၊ စောင့်ကြည့်ကော်မရှင်တွေကို ကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းပြီး ဗဟိုကို အဆက်မပြတ် တင်ပြ၊ သုံးသပ်၊ အကြံပေးဖို့ လိုပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ပြည်နယ်တစ်ခုနဲ့တစ်ခုကြား အပျက်သဘော ဆောင်တဲ့အခွန်ယှဉ်ပြိုင်မှု(Destructive Tax Competition)တွေ ရှောင်ဖို့လိုပါတယ်။ Fiscal Federalismကို ပီပီပြင်ပြင်ကျင့်သုံးလျက်ရှိတဲ့ ကမ္ဘာ့နိုင်ငံတွေကို လေ့လာပြီး Adopt and Adaptလုပ်ဖို့လိုပါတယ်။ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးကဏ္ဍသုံးခုလုံးမှာ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချရင်း၊ ပြည်နယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ရင်း နိုင်ငံတကာ အဆင့်အတန်းမီဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ်ပေါက်လာဖို့ စာရေးသူ တကယ်ပဲ မျှော်လင့်ပါတယ်။
စာရေးသူ - Luis
#အရေးတော်ပုံအောင်ရမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄
References
- မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ပြည်သူ့ဘဏ္ဍာကဏ္ဍ - ဂျိုင်းလ်ဒစ်ကင်ဆင်ဂျုန်း၊ စကနေဒီနှင့် အင်ဒရီယာ ဆမူရာ(မူဝါဒရေးရာဆွေးနွေးချက်စာတမ်းငယ်အမှတ်(၈))
- Natural Resource Federalism: Consideration for Myanmar - Natural Resource Government Institute
- တိုင်းပြုပြည်ပြု ၂၀၂၀ စကားဝိုင်း(ဘဏ္ဍာရေးဖက်ဒရယ်လစ်ဇင်ဆိုသည်မှာ) - The Voice Journal Facebook Page uploaded on 18th May, 2020
▄▄▄▄▄▄▄▄▄▄▄▄▄▄
#LawgicalMyanmar #Law #ဥပဒေ #Federalism #ဖက်ဒရယ် #FiscalFederalism
(Zawgyi)
Fiscal Federalism အေၾကာင္း တေစ့တေစာင္း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဖက္ဒရယ္အသံ ေသာေသာညံေနတဲ့ ဒီကာလမွာ Federalism အေၾကာင္းေရးတဲ့ စာတစ္ပုဒ္တိုင္းဟာ စာဖတ္ပရိသတ္အတြက္ လိုအပ္မယ္လို့ ကၽြန္ေတာ္တို့ယူဆပါတယ္။ နဂိုက နိုင္ငံေရးဇာတ္ရည္လည္ၿပီးသား စာဖတ္သူေတြေရာ၊ မလည္ေသးတဲ့ စာဖတ္ပရိသတ္ေတြပါ ဒီကာလမွာ သူ႔ထက္ငါအၿပိဳင္အဆိုင္ေရးၾကတဲ့ ဖက္ဒရယ္ေရးရာေဆာင္းပါးေတြအၾကား ဖက္ဒရယ္စနစ္ရဲ့အႏွစ္သာရနဲ႔ လည္ပတ္ပုံသေဘာတရားေတြကို တီးမိေခါက္မိရွိၾကေလာက္ၿပီလို့လည္း ယုံၾကည္ပါတယ္။
ကၽြန္ေတာ္တို့ Lawgical Myanmar အေနနဲ႔လည္း ေရွ႕ေဆာင္းပါးေတြမွာ နိုင္ငံေရးဖက္ဒရယ္လစ္ဇင္၊ အုပ္ခ်ဳပ္ေရးဖက္ဒရယ္လစ္ဇင္ အေၾကာင္းေတြကို တတ္နိုင္သေလာက္ပါဝင္ေအာင္ေရးသားခဲ့ၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ စာဖတ္ပရိသတ္ေတြနဲ႔ အနည္းငယ္စိမ္းေနမယ္လို့ ယူဆရတဲ့ ဘ႑ာေရးဖက္ဒရယ္လစ္ဇင္ (Fiscal Federalism) အေၾကာင္းကို ေရးသားတင္ျပ သြားခ်င္ပါတယ္။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
Fiscal Federalism ဆိုတာဘာလဲ။
ဖက္ဒရယ္စနစ္အရ ဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရဆိုၿပီး အနည္းဆုံးအစိုးရႏွစ္ရပ္ရွိရပါတယ္။ ဒီအစိုးရႏွစ္ရပ္အၾကားမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ အာဏာခြဲေဝမွု အသီးသီးရွိရပါတယ္။ ဖြဲ႕စည္းပုံအရေပၚေပါက္လာတဲ့ အစိုးရႏွစ္ရပ္ဟာ ဖြဲ႕စည္းပုံအရေပးအပ္ထားတဲ့ တာဝန္ဝတၱရားေတြကို ေဆာင္ရြက္အေကာင္အထည္ေဖာ္ဖို့ဆိုရင္ ဘ႑ာေငြလိုအပ္ပါတယ္။ Fiscal Federalism ဆိုတာကေတာ့ ဒီဘ႑ာေငြေတြကို ဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရေတြအၾကား ဘယ္လိုခြဲေဝသုံးစြဲမလဲ၊ ဗဟိုအစိုးရက ဘယ္က႑ေတြကို တာဝန္ယူၿပီး ျပည္နယ္အစိုးရက ဘယ္က႑ေတြကို တာဝန္ယူမလဲ။ ဗဟိုအစိုးရက ဘယ္အခြန္ေတြကို ေကာက္ၿပီးေတာ့ ျပည္နယ္အစိုးရက ဘယ္အခြန္ေတြကို ေကာက္မလဲ။ စသျဖင့္ ဗဟိုနဲ႔ျပည္နယ္အစိုးရအရပ္ရပ္ၾကားက ဘ႑ာေရးဆိုင္ရာဆက္ႏြယ္မွုနဲ႔တာဝန္ခြဲေဝမွုေတြကို ဖက္ဒရယ္ဆန္ဆန္လုပ္ေဆာင္ရတဲ့ စနစ္တစ္ခုပါပဲ။ ဒါကို လြယ္လြယ္ေျပာရရင္ Inter-governmental finance လို့လည္း ေျပာလို့ရပါတယ္။
▄▄▄▄▄▄▄
ဖြဲ႕စည္းပုံအရ သတ္သတ္မွတ္မွတ္ျပဌာန္းထား
ဖက္ဒရယ္နိုင္ငံေတြမွာတင္မဟုတ္ပဲ တစ္ျပည္ေထာင္စနစ္ (Unitary System) က်င့္သုံးတဲ့နိုင္ငံေတြမွာလည္း သက္ဆိုင္ရာဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရေတြ ရွိနိုင္ပါတယ္။ တစ္ျပည္ေထာင္နိုင္ငံေတြမွာေတာ့ ျပည္နယ္အစိုးရရဲ့ နိုင္ငံေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ ဘ႑ာေရးဆိုင္ရာ လုပ္ပိုင္ခြင့္ေတြက ဖြဲ႕စည္းပုံမွာ သတ္သတ္မွတ္မွတ္ျပဌာန္းထားတာမ်ိဳးမဟုတ္ပဲ ဗဟိုအစိုးရက လုပ္ပိုင္ခြင့္အာဏာေတြကိုခ်ေပးတာျဖစ္ပါတယ္။ ျပည္နယ္အစိုးရမွာရွိတဲ့ အခြန္ဘ႑ာဟာလည္း မ်ားေသာအားျဖင့္ ဗဟိုအစိုးရကခ်မွတ္ေပးတဲ့ အခြန္ဘ႑ာပဲ ျဖစ္ေလ့ရွိပါတယ္။
Fiscal Federalismမွာေတာ့ ျပည္နယ္အစိုးရေတြအေနနဲ႔ ကိုယ္တိုင္ကိုယ္က်အခြန္ဘ႑ာေကာက္ခံပိုင္ခြင့္ရယ္ဆိုၿပီး ဖြဲ႕စည္းပုံအရ သတ္သတ္မွတ္မွတ္ျပဌာန္းထားတာမ်ိဳး ရွိပါတယ္။
▄▄▄▄▄▄▄
Fiscal Federalism ဘာေၾကာင့္အေရးႀကီးလဲ။
ပထမတစ္ခ်က္အေနနဲ႔ Fiscal Federalismဟာ အစိုးရတစ္ခုခ်င္းစီရဲ့ ဘ႑ာေရးအရလြတ္လပ္စြာစီမံပိုင္ခြင့္(Fiscal autonomy)အေပၚ သက္ေရာက္မွုအမ်ားႀကီးရွိတဲ့အတြက္ အေရးႀကီးပါတယ္။ ဖြဲ႕စည္းပုံအရ ေဆာင္ရြက္ရမယ့္ မိမိရဲ့တာဝန္ဝတၱရားေတြကို လြတ္လြတ္လပ္လပ္ေဆာင္ရြက္နိုင္ဖို့ ျပည္နယ္အစိုးရေတြမွာ ဘ႑ာေရးလြတ္လပ္စြာစီမံပိုင္ခြင့္ရွိရပါမယ္။ ျပည္နယ္အစိုးရေတြမွာ ကိုယ္ပိုင္အခြန္ဘ႑ာနည္းပါးၿပီးေတာ့ ဗဟိုအစိုးရကခ်မွတ္ေပးတဲ့ အခြန္ဘ႑ာေပၚမွာပဲ အလြန္အမင္းမွီခိုေနရရင္ ျပည္နယ္အစိုးရေတြရဲ့ Fiscal Autonomyထိခိုက္နိုင္ေခ်ရွိပါတယ္။ တစ္ၿပိဳင္တည္းမွာ ျပည္နယ္အစိုးရေတြရဲ့ တာဝန္ယူမွု (Responsibility) နဲ႔ တာဝန္ခံမွု (Accountability) အပိုင္းေတြမွာလည္း ေမးခြန္းထုတ္စရာရွိလာနိုင္ပါတယ္။
ဒုတိယတစ္ခ်က္အေနနဲ႔ Federationတစ္ခုမွာ ျပည္နယ္တစ္ခုနဲ႔တစ္ခုဟာ စီးပြားေရးအေျခခံခ်င္းမတူၾကပါဘူး။ ဒီအခါ ျပည္နယ္တစ္ခုနဲ႔ တစ္ခုအၾကား မမၽွတမွု၊ မညီမၽွမွုေတြ ျဖစ္ေပၚလာပါတယ္။ ဒီမညီမၽွမွုေတြကို ညီမၽွေအာင္ ထိန္းေက်ာင္းေပးနိုင္တဲ့စနစ္မရွိရင္ ျပည္နယ္တစ္ခုနဲ႔တစ္ခုၾကားမွာ စိတ္ဝမ္းကြဲျပားမွုေတြ၊ မတည္ၿငိမ္မွုေတြ ျဖစ္ေပၚလာနိုင္ပါတယ္။ ဒီျပႆနာေတြကို Fiscal federalism နဲ႔အထိုက္အေလ်ာက္ ေျဖရွင္းေပးနိုင္ပါတယ္။ Fiscal Federalismမွာေတာ့ ေယဘုယ်အားျဖင့္ ေငြရွာတဲ့အပိုင္း (Taxation Assignment)၊ ေငြသုံးတဲ့အပိုင္း (Expenditure Assignment) နဲ႔ ဘ႑ာေငြလႊဲေျပာင္းေပးတဲ့အပိုင္း (Intergovernmental Transfer) ဆိုၿပီး ၃ပိုင္းရွိပါတယ္။
ေငြရွာတဲ့အပိုင္း (Taxation Assignment)
============
ဒီအပိုင္းမွာဆိုရင္ေတာ့ ဗဟိုအစိုးရက ဘယ္အခြန္ေတြေကာက္မလဲ၊ ျပည္နယ္အစိုးရက ဘယ္အခြန္ေတြေကာက္မလဲဆိုတဲ့ အခြန္ေကာက္ခံမွုတာဝန္ဝတၱရားေတြကို ခြဲေဝရပါတယ္။ အခြန္တစ္ခုကို ျပည္ေထာင္စုအစိုးရကို ေပးမလား၊ ျပည္နယ္အစိုးရကိုေပးမလားဆိုတာကို ဆုံးျဖတ္ရပါတယ္။ ဒီလိုဆုံးျဖတ္တဲ့ေနရာမွာ နိုင္ငံရဲ့စီးပြားေရးအေပၚဘယ္လိုသက္ေရာက္မွုရွိသလဲဆိုတဲ့ economic efficiencyကိုထည့္စဥ္းစားရပါတယ္။ ေနာက္တစ္ခုက အခြန္မူဝါဒ သဟဇာတျဖစ္ဖို့လို/မလို၊ တစ္နည္းအားျဖင့္ Tax harmonization ရွိမရွိ ထည့္သြင္းစဥ္းစားရပါတယ္။ တခ်ိဳ့ေသာအခြန္ေတြက ျပည္နယ္အစိုးရတစ္ခုနဲ႔တစ္ခုအၾကားမွာ သဟဇာတျဖစ္ဖို့မလိုေပမယ့္ တခ်ိဳ့ေသာအခြန္ေတြကေတာ့ လိုအပ္ပါတယ္။ ဥပမာ ျပည္နယ္အစိုးရေတြဟာ ေကာ္ပိုရိတ္ဝင္ေငြခြန္ (Corporate Income Tax) ကို ကိုယ္ႀကိဳက္တဲ့ႏွုန္းထားသတ္မွတ္ပိုင္ခြင့္ရွိတယ္ဆိုၾကပါစို့။ ျပည္နယ္အစိုးရတစ္ခုက သူတို့ျပည္နယ္ကို ရင္းႏွီးျမႇုပ္ႏွံမွုေတြလာေအာင္၊ စီးပြားေရးလုပ္ငန္းစုေတြ ဝင္လာေအာင္ဆြဲေဆာင္ဖို့ အခြန္ႏွုန္းထားေတြ ေလၽွာ့ေပးမယ္ဆိုရင္ စီးပြားေရးလုပ္ငန္းစုေတြအေနနဲ႔ အဲဒီျပည္နယ္ကိုပဲ တိုးႀကိတ္ဝင္လာပါလိမ့္မယ္။ သူတို့နဂိုရွိၿပီးသား ျပည္နယ္ကေန အဲဒီျပည္နယ္ကို ေျပာင္းေရႊ႕လာပါလိမ့္မယ္။ ဒီအခါမွာ ျပည္နယ္တစ္ခုနဲ႔တစ္ခုၾကား အခြန္မူဝါဒ သဟဇာတမျဖစ္ေတာ့ပဲ အပ်က္သေဘာေဆာင္တဲ့အခြန္ယွဥ္ၿပိဳင္မွု (Destructive Tax Competition) ေတြ ျဖစ္လာနိုင္ပါတယ္။ ဒါေၾကာင့္ ဒီriskေတြကေန ေရွာင္နိုင္ဖို့အတြက္ ဘယ္အခြန္ေတြကိုေတာ့ ဘယ္ျပည္နယ္ကိုေပးမယ္၊ ဘယ္အခြန္ေတြကို ဗဟိုအစိုးရကိုေပးမယ္ဆိုတာကို ေသခ်ာစဥ္းစားဆုံးျဖတ္ရပါတယ္။
ေငြသုံးတဲ့အပိုင္း (Expenditure Assignment)
============
ဒီအပိုင္းမွာေတာ့ သက္ဆိုင္ရာက႑တစ္ခု အတြက္ အသုံးစရိတ္တစ္ခုကို Aျပည္နယ္ရဲ့ အစိုးရကသုံးစြဲရင္ ပိုအက်ိဳးရွိမလား၊ Bျပည္နယ္ ရဲ့အစိုးရကသုံးစြဲရင္ ပိုအက်ိဳးရွိမလား၊ ဒါမွ မဟုတ္ တစ္ျပည္လုံးနဲ႔ဆိုင္တဲ့ကိစၥဆိုရင္ ဗဟို အစိုးရက တိုက္ရိုက္သုံးစြဲရင္ ပိုအက်ိဳးရွိမလား စသျဖင့္ ပိုမိုအက်ိဳးရွိစြာ သုံးစြဲနိုင္မယ့္ အစိုးရကို အသုံးစရိတ္ခ်ေပးရပါတယ္။ ဒါကို Subsidiarity Principleလို့ေခၚပါတယ္။ CRPH က ထုတ္ျပန္ထားတဲ့ ဖက္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္အပိုင္း-၁၊ အခန္း-၂ရဲ့ Section-4မွာ Subsidiarity Principleကို က်င့္သုံးမယ္ဆိုတဲ့ အေၾကာင္း ေဖာ္ျပထားပါတယ္။ ၂၀၂၀ခုႏွစ္ ေမလအထိရရွိတဲ့အခ်က္အလက္ေတြအရ ျမန္မာနိုင္ငံမွာ တစ္နိုင္ငံလုံးရဲ့အသုံးစရိတ္ ၁၀၀ရာခိုင္ႏွုန္းမွာ ျပည္နယ္နဲ႔တိုင္းေဒသႀကီး ေတြရဲ့ အသုံးစရိတ္က ၁၀ရာခိုင္ႏွုန္းပဲရွိေန ပါတယ္။ အျခားနိုင္ငံေတြမွာ ပညာေရးနဲ႔ က်န္းမာေရးက႑ေတြကို ဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရ ပူးတြဲေဆာင္ရြက္ပါတယ္။ ျမန္မာနိုင္ငံမွာေတာ့ ဗဟိုအစိုးရကပဲ တိုက္ရိုက္ ေဆာင္ရြက္ပါတယ္။ ဒါေတြဟာ ျပည္နယ္ အစိုးရေတြရဲ့ တိုက္ရိုက္အသုံးစရိတ္နည္းပါး ေနၿပီး ဗဟိုအစိုးရရဲ့တိုက္ရိုက္အသုံးစရိတ္က အဆမတန္ပိုမိုမ်ားျပားကာ decentralize ေကာင္းေကာင္းမလုပ္နိုင္ေသးတာ၊ တနည္း အားျဖင့္ Fiscal Federalism မပီျပင္ေသးတာ ကို ေဖာ္ျပေနပါတယ္။ အိႏၵိယမွာဆိုရင္ျပည္နယ္ အစိုးရေတြရဲ့ တိုက္ရိုက္အသုံးစရိတ္ဟာ တစ္နိုင္ငံလုံးအသုံးစရိတ္ရဲ့ ၆၀ရာခိုင္ႏွုန္းအထိ ရွိေနပါတယ္။ ျပည္နယ္က ၆၀သုံးၿပီး ဗဟိုက ၄၀ပဲသုံးတဲ့ အေနအထားပါ။ ကေနဒါမွာဆိုရင္ ၇၀ရာခိုင္ႏွုန္းထိ ရွိပါတယ္။ အေရွ႕ေတာင္အာရွ ရဲ့ ဖက္ဒရယ္နိုင္ငံတစ္ခုျဖစ္တဲ့ မေလးရွားနိုင္ငံ မွာေတာင္ ျပည္နယ္အစိုးရေတြရဲ့အသုံးစရိတ္ က တစ္နိုင္ငံလုံးအသုံးစရိတ္ရဲ့ ၃၀ရာခိုင္ႏွုန္း ရွိပါတယ္။
အစိုးရအခ်င္းခ်င္းၾကားဘ႑ာေငြလႊဲေျပာင္းမွုအပိုင္း (Intergovernmental Transfer)
=============================
ဖက္ဒရယ္နိုင္ငံေတြမွာ မ်ားေသာအားျဖင့္ အခြန္ဘက္မွာ၊ တစ္နည္း ေငြရွာတဲ့ဘက္မွာ ထက္ အသုံးစရိတ္ဘက္၊ ေငြသုံးတဲ့ဘက္မွာပိုၿပီး ဗဟိုခ်ဳပ္ကိုင္မွု ေလၽွာ့ခ်ထားေလ့ရွိပါတယ္။ အေၾကာင္းကေတာ့ အခြန္ဘက္မွာ ဗဟိုခ်ဳပ္ကိုင္ မွုေလၽွာ့ခ်လြန္းရင္ အေစာပိုင္းကတင္ျပခဲ့သလို Destructive Tax Competitionေတြ ျဖစ္လာနိုင္လို့ပါ။ အက်ိဳးဆက္အေနနဲ႔ ျပည္နယ္ အစိုးရေတြမွာ အသုံးစရိတ္ကမ်ားသေလာက္ အခြန္ဘ႑ာက လိုက္မမ်ားလာေတာ့ ဝင္ေငြ၊ ထြက္ေငြ မမၽွတာေတြျဖစ္ၿပီး Vertical Fiscal Inbalanceလို့ေခၚတဲ့ အထက္ေအာက္ ေဒါင္လိုက္ဘ႑ာေရးကြာဟမွုေတြ ျဖစ္ေပၚလာ ပါတယ္။ ဒီ Vertical Power Inbalanceေတြကို Intergovernmental Transferလို့ေခၚတဲ့ ဗဟို အစိုးရနဲ႔ျပည္နယ္အစိုးရအၾကား ဘ႑ာေငြ လႊဲေျပာင္းမွုေတြနဲ႔ ျပန္ျဖည့္ေလ့ရွိပါတယ္။ ဖက္ဒရယ္နိုင္ငံတိုင္းမွာ ဘယ္ျပည္နယ္ အစိုးရကမွ မိမိရဲ့ဝင္ေငြသီးသန္႔နဲ႔ မရပ္တည္နိုင္ ပါဘူး။ Intergovernmental Transfer ကိုမျဖစ္မေနလိုအပ္ပါတယ္။ ဗဟိုအစိုးရရဲ့ ဘ႑ာေငြလႊဲေျပာင္းမွုကို ဘယ္ေလာက္ပမာဏ အထိရယူသလဲ၊ ဘယ္ေလာက္ထိေရာက္စြာ အသုံးခ်နိုင္သလဲဆိုတာသာ ျပည္နယ္တစ္ခုနဲ႔ တစ္ခုၾကားမွာ ကြာသြားတာပါ။ ဒီေနရာမွာ ဗဟိုအစိုးရအေနနဲ႔ အေျခခံအေဆာက္အအုံ (Infrastructure)အားနည္းတဲ့ ျပည္နယ္ေတြကို လႊဲေျပာင္းေငြပိုခ်ေပးေလ့ရွိပါတယ္။ Aျပည္နယ္နဲ႔ B ျပည္နယ္တို့မွာအခြန္ေဆာင္ ရတဲ့ပမာဏတူညီၾကတယ္။၊ အဲဒီလို အခြန္ ေဆာင္ရတဲ့ပမာဏခ်င္းအတူတူ Aျပည္နယ္ မွာရတဲ့ ျပည္သူ႔ဝန္ေဆာင္မွုက Bျပည္နယ္မွာ ရတဲ့ ျပည္သူ႔ဝန္ေဆာင္မွုထက္ quality ပိုေကာင္းေနတယ္ဆိုရင္ မမၽွတပါဘူး။ ဒီအခါမွာ Bျပည္နယ္ရဲ့ ျပည္သူ႔ဝန္ေဆာင္မွု qualityဟာ Aျပည္နယ္ကို လိုက္မီနိုင္ဖို့အတြက္ ဗဟိုအစိုးရက Bျပည္နယ္ကို လႊဲေျပာင္းေငြပိုမို ခ်ေပးၿပီး quality ျမႇင့္တင္ဖို့ လုပ္ရပါတယ္။ လႊဲေျပာင္းေငြခ်ေပးတဲ့ေနရာမွာလည္း ၂မ်ိဳး၂စား ရွိပါတယ္။ ပထမတစ္မ်ိဳးက ျပည္နယ္အစိုးရ အေနနဲ႔ ဗဟိုအစိုးရခ်ေပးတဲ့ လႊဲေျပာင္းေငြကို မိမိစိတ္ႀကိဳက္က႑မွာ သုံးစြဲခြင့္မရွိပဲ ဗဟို အစိုးရသတ္မွတ္ထားတဲ့ က႑မွာပဲ သုံးစြဲခြင့္ရွိ ပါတယ္။ ဒါကို Conditional Transfer၊ တစ္နည္း သီးသန္႔လႊဲေျပာင္းေငြ (Specific-purpose transfer)လို့ေခၚပါတယ္။ ဒုတိယတစ္မ်ိဳးကေတာ့ ဗဟိုအစိုးရခ်ေပးတဲ့ လႊဲေျပာင္းေငြကို ျပည္နယ္အစိုးရက ႀကိဳက္တဲ့က႑မွာ စိတ္ႀကိဳက္သုံးစြဲခြင့္ ရွိပါတယ္။ ဒါကို Unconditional Transfer၊ တစ္နည္း အေထြေထြလႊဲေျပာင္းေငြ (General-purpose transfer)လို့ေခၚပါတယ္။ ဒါကေတာ့ အစိုးရအခ်င္းခ်င္းၾကား ဘ႑ာ ေငြလႊဲေျပာင္းမွုပုံစံေတြပဲ ျဖစ္ပါတယ္။
ျမန္မာနိုင္ငံအေနနဲ႔လည္း Fiscal Federalismကို စတင္က်င့္သုံးလာတာ ၂၀၁၁ခုႏွစ္ကတည္းကျဖစ္လို့ အခုဆိုရင္ ၁၀ႏွစ္တင္းတင္းရွိပါၿပီ။ သို့ေသာ္ျငား နိုင္ငံေရးစနစ္ကိုယ္၌က ဖက္ဒရယ္စနစ္ မဟုတ္ေသးတာရယ္၊ အမ်ိဳးမ်ိဳးေသာ အားနည္း ခ်က္၊ လစ္ဟင္းခ်က္ေတြရယ္ေၾကာင့္ ျမန္မာ နိုင္ငံရဲ့ Fiscal Federalism ဟာ နိုင္ငံတကာမွာ က်င့္သုံးေနတဲ့ Fiscal Federalism ေတြနဲ႔ ယွဥ္ရင္ သိသိသာသာ အရည္အေသြးနိမ့္ၿပီး ပီျပင္မွုမရွိေသးတာ ေတြ႕ရပါတယ္။ အၾကမ္းဖက္စစ္အုပ္စုကို ေခ်မွုန္းတိုက္ထုတ္လို့ အၿပီးမွာ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ႀကီးျဖစ္တည္လာရင္ Fiscal Federalismကို နိုင္ငံတကာအဆင့္မီ က်င့္သုံးဖို့ လိုအပ္လာ ပါလိမ့္မယ္။ စာေရးသူ Takeaway messageအေနနဲ႔ ေပးခ်င္တာကေတာ့ ဖြံ့ၿဖိဳးဆဲ နိုင္ငံေတြ၊ ဖက္ဒရယ္အသြင္ကူးေျပာင္းစ နိုင္ငံေတြမွာ လုပ္ပိုင္ခြင့္ထက္ အခြန္ဘက္ကို ပိုၿပီး အာ႐ုံစိုက္တတ္ၾကပါတယ္။ အရင္ဆုံး ဗဟိုအစိုးရနဲ႔ ျပည္နယ္အစိုးရေတြရဲ့ လုပ္ပိုင္ခြင့္ ကို ကြဲကြဲျပားျပားသိေအာင္လုပ္ၿပီးမွ သင့္ေတာ္တဲ့ ဘ႑ာေရးအစီအမံေတြကို ေဆာင္ရြက္ဖို့လိုပါမယ္။ ေနာက္တစ္ခ်က္က Fiscal Federalism ေကာင္းစြာလည္ပတ္ နိုင္ေရးအတြက္ သက္ဆိုင္ရာ Institution ေတြ အားေကာင္းဖို့လိုပါတယ္။ သုေတသနအဖြဲ႕ အစည္းေတြ၊ ေစာင့္ၾကည့္ေကာ္မရွင္ေတြကို ကၽြမ္းက်င္သူေတြနဲ႔ဖြဲ႕စည္းၿပီး ဗဟိုကို အဆက္မျပတ္ တင္ျပ၊ သုံးသပ္၊ အႀကံေပးဖို့ လိုပါတယ္။ အေရးႀကီးဆုံးအခ်က္ကေတာ့ ျပည္နယ္တစ္ခုနဲ႔တစ္ခုၾကား အပ်က္သေဘာ ေဆာင္တဲ့အခြန္ယွဥ္ၿပိဳင္မွု(Destructive Tax Competition)ေတြ ေရွာင္ဖို့လိုပါတယ္။ Fiscal Federalismကို ပီပီျပင္ျပင္က်င့္သုံးလ်က္ရွိတဲ့ ကမၻာ့နိုင္ငံေတြကို ေလ့လာၿပီး Adopt and Adaptလုပ္ဖို့လိုပါတယ္။ အုပ္ခ်ဳပ္ေရး၊ နိုင္ငံေရးနဲ႔ ဘ႑ာေရးက႑သုံးခုလုံးမွာ ဗဟိုခ်ဳပ္ကိုင္မွုကိုေလၽွာ့ခ်ရင္း၊ ျပည္နယ္ေတြရဲ့ အခန္းက႑ကို ျမႇင့္တင္ရင္း နိုင္ငံတကာ အဆင့္အတန္းမီဖက္ဒရယ္ဒီမိုကေရစီ နိုင္ငံေတာ္ႀကီးေပၚေပါက္လာဖို့ စာေရးသူ တကယ္ပဲ ေမၽွာ္လင့္ပါတယ္။
စာေရးသူ - Luis
#အေရးေတာ္ပုံေအာင္ရမည္
▄▄▄▄▄▄▄▄▄▄▄▄▄▄
References
- ျမန္မာနိုင္ငံ၏ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ားရွိ ျပည္သူ႔ဘ႑ာက႑ - ဂ်ိဳင္းလ္ဒစ္ကင္ဆင္ဂ်ဳန္း၊ စကေနဒီႏွင့္ အင္ဒရီယာ ဆမူရာ(မူဝါဒေရးရာေဆြးေႏြးခ်က္စာတမ္းငယ္အမွတ္(၈))
- Natural Resource Federalism: Consideration for Myanmar - Natural Resource Government Institute
- တိုင္းျပဳျပည္ျပဳ ၂၀၂၀ စကားဝိုင္း(ဘ႑ာေရးဖက္ဒရယ္လစ္ဇင္ဆိုသည္မွာ) - The Voice Journal Facebook Page uploaded on 18th May, 2020
▄▄▄▄▄▄▄▄▄▄▄▄▄▄
#LawgicalMyanmar #Law #ဥပေဒ #Federalism #ဖက္ဒရယ္ #FiscalFederalism
No comments:
Post a Comment