Monday, September 3, 2018

စနစ်ကျသော ဗီရိုတစ်ခုတည်ဆောက်ခြင်း




ဗီရိုများသည် အ၀တ်များနှင့် မိမိ၏အသုံးဆောင်ပစ္စည်းများကို စုစည်းသိမ်းဆည်းနိုင်ရန်အတွက် အကောင်းဆုံးဖြေရှင်းမှု-solution တစ်ခုဖြစ်ပါသည်။ စနစ်ကျသောဗီရိုတစ်ခုတည်ဆောက်ရန်အတွက် သတ်မှတ်ချက်များနှင့် လိုက်နာဆောင်ရွက်မှုများကို လေ့လာရန်လိုအပ်ပါသည်။ ဗီရိုအတွင်းပိုင်း စီမံမှုနှင့် အပြင်တံခါးရွက်များကို မှန်ကန်စွာရွေးချယ်နိုင်ရန်အတွက် စုစည်းဖော်ပြပေးထားပါသည်။

Interior – ဗီရိုအတွင်းခန်းများ တည်ဆောက်ရာတွင် မိမိအတွက်အသုံးဝင်မည့် ဗီရိုစနစ်ကို ဦးစွာရွေးချယ်ရပါမည်။ အကန့်များသည် ပစ္စည်းများပိုမိုသိမ်းဆည်းချင်သူများအတွက် သင့်တော်ပြီး အင်္ကျီချိတ်တန်းများသည် မိမိ၏ အင်္ကျီများကို အစီစဉ်တကျထားရှိချင်သူများအတွက် သင့်တော်ပါသည်။ အံဆွဲများသည် မိမိ၏အသုံးဆောင်ပစ္စည်းငယ်များကို စုစည်းသိမ်းဆည်းရန်အတွက် အကောင်းဆုံးရွေးချယ်နိုင်မှုတစ်ခုလည်းဖြစ်ပါသည်။ အံဆွဲနှင့် Storage များတွင် သော့များကို တပ်ဆင်အသုံးပြုနိုင်ပြီး မိမိ၏အရေးကြီးသောပစ္စည်းများကိုလည်း စိတ်ချလုံခြုံစွာ သိမ်းယူထားနိုင်ပါသည်။

စနစ်ကျသောဗီရိုတစ်ခုကို ရေးဆွဲဖန်တီးနိုင်ရန်အတွက် ဗီရိုအတွင်း ရွေးချယ်စရာပုံစံ ၇ မျိုးကို စုစည်းရွေးချယ်ပေးထားပါသည်။ မိမိနှင့်အသင့်တော်ဆုံးဖြစ်မည့် ပုံစံများကို ပေါင်းစပ်ရေးဆွဲကြည့်ပါ။ အလျား အသုံးပြုနိုင်မှုကန့်သတ်ချက်မျာကိုလည်း သတိပြုမူသင့်ပါသည်။

Tips: အကန့်များသည် မိမိထည့်သွင်းအသုံးပြုမည့် အ၀တ်အထည်အမျိုးအစား အရေအတွက်ပေါ်မူတည်၍ ခွဲခြားသတ်မှတ်နိုင်ပါသည်။ ဗီရိုအပေါ်ဆုံးအကန့်သည် အိတ်များ၊ အခြားထုပ်ပိုးထားသော ပစ္စည်းများကို သိမ်းဆည်းရန်အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
Max Shelf Width: 2'3"

ချိတ်တန်းများအသုံးပြုရာတွင် မိမိတို့ချိတ်မည့် ၀တ်စုံ အတို၊ အရှည်နှင့် နေရာအကျယ်ကို သတ်မှတ်ပေးပါ။
Max Hanging Width: 3'3"

အံဆွဲများကို မိမိခြေလှမ်းနှင့်အညီတွင်သာ တပ်ဆင်သင့်ပါသည်။ အံဆွဲများ မိမိခါးနှင့်အထက် အနေထားတွင်တပ်ဆင်ခြင်းကို ရှောင်ကျဉ်ပါ။ ဗီရိုအတွင်းအလင်းရောင်ရရှိရန် ဗီရိုအတွင်းတပ်ဆင်အသုံးပြုရသော sensor-မီးများကို ထည့်သွင်းအသုံးပြုသင့်ပါသည်။

Exterior - ဗီရိုအပြင် မျက်နှာဖက်ရွေးချယ်မှုတွင် တံခါးရွက်များကိုအသုံးပြုနိုင်သလို Slide-doors များကို ရွေးချယ်နိုင်ပါသည်။ ဒီနေရာတွင် အခန်းကျဉ်းငယ်သူများအတွက် Slide-door ကို ဦးစားပေး စဉ်းစားသင့်ပါသည်။ တံခါးရွက်များသည် ဗီရိုအရှေ့အကျယ် အနည်းဆုံး ၂ပေ လိုအပ်ပြီး Slide door များသည် ပြေးလမ်းနှစ်ခုကို အသုံးပြုထားခြင်းကြောင့် တံခါးရွက်မျက်နှာဖွင့် အကျယ်များမလိုအပ်ပါ။

တံခါးရွက်ဒီဇိုင်းများရွေးချယ်မှုတွင် ဆေးအရောင်များအသုံးပြုနိုင်သလို ကြိတ်ပြားပါ အသားအရောင်ကိုလည်း အသုံးပြုနိုင်ပါသည်။ အတွင်းခန်းအပြင်အဆင်များကို ပြသချင်သူများအတွက် မှန်တံခါးများ အသုံးပြုလာသည်ကိုလည်း တွေ့ရှိရပါသည်။

Tips: တံခါးမျက်နှာပြင်ဒီဇိုင်းများနှင့် အရောင်များ ရွေးချယ်ရာတွင် မိမိ၏အခန်းနံရံနှင့် လိုက်ဖက်တူညီမှုရှိအောင် ထည့်သွင်းစဉ်းစားသင့်ပါသည်။ Slide door တံခါးမျက်နှာပြင်တွင် ကြည့်မှန်များကိုလည်း တပ်ဆင်အသုံးပြုနိုင်ပါသည်။ တံခါးရွက်များအသုံပြုပါက ကြီးမားသောတံခါးလက်ကိုင်များအသုံးပြုပေးပါ။ ဗီရို၏ ခန့်ညားထည်ဝါမှုကို ပိုမိုပေါ်လွင်စေပါသည်။

Wardrobe Accessories - ဗီရိုအတွင်းအသုံးပြုရန် စင်၊ ချိတ်တန်းနှင့် drawers များအပြင် Accessories များလည်းရှိပါသည်။ pull-out hangers များ၊ ဗီရိုအတွင်းမီးများနှင့် trays များ၊ ဘောင်းဘီချိတ်တန်းများ စသည့် Accessories ပစ္စည်းများကို မိမိတို့လိုအပ်သလိုထည့်သွင်းအသုံးပြုနိုင်ပါသေးသည်။


ဗီရိုအကြံပြုချက်များနှင့် လိုအပ်သောအကူညီများအတွက်လည်း Saturday မှ အစဉ်အမြဲတာဝန်ယူ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ဗီရိုများကိုလည်း မိမိတို့၏ စိတ်ကူးအိမ်မက်ထဲကအတိုင်း အကောင်ထည်ဖေါ် ဖန်တီးနိုင်ကြပါစေ။

No comments: