Friday, September 21, 2018

Mantou 馒头 - Rainbow Donut - မန္တလေးငှက်ပျောပေါင်း - မြန်မာ့ရိုးရာ ကြာဆံသုပ်




မြန်မာ့ရိုးရာ ကြာဆံသုပ်
(Myanmar Vermicelli Salad)
......................................................
မြန်မာနိုင်ငံမှာ နေရာဒေသပေါ်မှုတည်ပြီး ကြာဆံသုပ် သုပ်နည်းများ ကွဲပြားသွားကြပါတယ်။
ဒါပေမဲ့ အခြေခံလေးတွေကတော့ ဆင်ပါတယ်။ မစည်ကိုယ်တိုင်လည်း ကြာဆံသုပ်ကို သိပ်ကြိုက်ပါတယ်။
အချိန်ရလို့ သူငယ်ချင်းအပေါင်းအသင်းများနဲ့ ဆုံလို့ကတော့ အကြောင်းပြချက်မျိုးစုံသုံးကာ
ကြာဆံသုပ်ကျွေးဖို့ပဲ အရင်ဆုံးစဉ်းစားပါတယ်။ မစည်ရဲ့ သုပ်နည်းလက်ရာကို သုပ်စားလို့ရအောင် ပြန်ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
......................
• ဆန်ကြာဆံ - ၂ဝဝ ဂရမ် (ရေနွေးဖျောထားပါ)
• ကြက်ဥ - ၃ လုံး (ပြုတ်ပြီး အခွံဖယ်ပြီး အဝိုင်းလေးတွေလှီးထားပါ)
• သခွားသီး - ၂ လုံး (အလုံးလိုက်ရေဆေးပြီး ခြစ်နဲ့ အချောင်းလေးတွေခြစ်ထားပါ)
• ဂေါ်ဖီ - ၅ ရွက် (ခတ်ပါးပါး မျှင်မျှင်လေးတွေ လှီးထားပါ)
• ကြက်သွန်နီ - ၃ လုံး ( ဒေါင်လိုက် ပါးပါးလေးလှီးထားပါ)
• အာလူး - ၃ လုံး (နူးအောင်ပြုတ်ပြီး၊ ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူဆီချက် - လိုသလောက်
• ပူစီနံ - ၁ စည်း (အရွက်ချွေပြီး ခတ်ကြမ်းကြမ်းလေးတွေလှီးထားပါ။ အပင်ရိုးများ ချန်ထားပါ)
• ပဲမုန့်အကျက်မှုန့် - လိုသလောက်
• ပုစွန်ခြောက်မှုန့် - စားပွဲဇွန်း ၂ ဇွန်း
• ငရုတ်သီးအကျက်မှုန့် - စားပွဲဇွန်း ၁ ဇွန်း ခွဲ
• ကြက်သွန်နီကြော် - စားပွဲဇွန်း ၁ ဇွန်း
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
• ပဲငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း  (ပြုတ်ပြီးသား ကြာဆံနယ်ထားရန်)


အသုပ်အချဉ်လုပ်ရန် ပါဝင်ပစ္စည်းများ
.....................................................
• မန်ကျည်းမှည့် - စားပွဲဇွန်း ၃ ဇွန်း
• ငရုတ်သီးဆော့စ် - စားပွဲဇွန်း ၁ဝ ဇွန်း
• သကြားညို - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကြက်သားမှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ပူစီနံအပင်ရိုး - ၁ စည်း
• အသီးအရွက်ပြုတ်ရည်  - စားပွဲဇွန်း ၅ ဇွန်း

ပြုလုပ်နည်း
..................
၁။  ရေနွေးဖျောထားသော ဆန်ကြာဆံနူးအိလာလျှင် ရေစင်အောင်ဆန်ခါနှင့်စစ်ပြီး
ပဲငံပြာရည်ဖြင့် နှံ့အောင်ခပ်ဖွဖွလေး လက်နဲ့နယ်ပါ။

၂။ ဇောက်နက်အိုးအသေးလေးထဲကို အသုပ်အချဉ်လုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး
မီးမျှင်မျှင်လေးဖြင့် မကြာခဏမွှေပေးပါ။ သကြားပျော်ပြီး အရည်ထိတည်ပါ။ အရည်ပျော်ပြီး
အနည်းငယ် အရည်ခန်းလာလျှင် မီးဖိုပေါ်မှချပြီး အအေးခံပါ။ အေး သွားလျှင် သံဆန်ခါစစ်နဲ့ အရည်စစ်ထားပါ။
ကျန်အဖတ်များ လွတ်ပစ်လို့ရပါပြီ။

၃။ ဇလုံအကြီးထဲမှာ ပါဝင်ပစ္စည်းများအားလုံး ကိုယ့်စိတ်ကြိုက် ထည့်၍သုပ်ပါ။
အပေါ့အငန်အစပ် ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။ ချက်ချင်းစားပါ။ မုန့်တီ ဟင်းရည်လေးနဲ့ တွဲစားလျှင်အလိုက်ဆုံးပါ။



မှတ်ချက် - တို့ဟူး၊ အကြော်များလည်း ထည့်သုပ်လို့ရပါတယ်။

................................................
Syi Lwin Foods Garden

သီးမွှေးနှင့်လုပ်တဲ့ မန္တလေးငှက်ပျောပေါင်း

ဖီးကြမ်းငှက်ပျောသီးကိုအလွယ်တကူဝယ်လို့ မရတဲ့ နေရာကလူတွေအတွက်စမ်းလုပ်ကြည့်ထားတာပါ။ ညီမလေးတယောက်နဲ့ သူငယ်ချင်းတယောက်က သူတို့ နေတဲ့ နေရာမှာ ဖီးကြမ်းမရှိဘူး သီးမွှေးနဲ့ ကောဆိုလို့ လုပ်ကြည့်လိုက်တာ။ သီးမွှေးနဲ့ ပေါင်းတာ က ပိုမွှေးပြီး ပိုချိုတယ်။စားလို့ ကောင်းတယ်။ လုပ်နည်းကတော့တူတူပါပဲ။ သီးမွှေးကပိုချိုတော့ ထန်းလျက်ကိုလျော့ထည့်ထားပါတယ်။ ပြန်တော့ရေးပေးလိုက်မယ်နော်။

ပါဝင်သောပစ္စည်းများ
၁။ ထန်းညက်အညို - ၅ ကျက်သား
၂။ ကျက်ပြီးသားနွားနို့ - ၁ လီတာ
၃။ သီးမွှေး ငှက်ပျောသီး - ၁၀ လုံး
၎။ ဆား - အနည်းငယ်
၅။ အုံးသီးဖတ်- ၁ ခွက်
၆။ ရေ - ၃ လီတာ


ပြုလုပ်နည်း
၁။ ငှက်ပျောပေါင်းပြုလုပ်မည့် ရေ ၅လီတာလောက်ဆံ့တဲ့ အိုးထဲမှာ ရေ၊ ထန်းညက်၊ ဆားအနည်းငယ်ကို တည်ပါ။ ထန်းညက် နှင့် ဆားအ၇ည်ပျော်သွား၇င် တဖက်က အိုးခံပြီး ရေစစ်နှင့် စစ်ပါ။ ထန်းညက် ထဲမှအမှိုက်များ ပါရင် စစ်သွားအောင်လို့ ပါ။
၂။ စစ်ပြီးသော ထန်းညက်ရည်ထဲတွင် ငှက်ပျောသီးများထည့်ပြီး နာရီဝက်ခန့် မီးအေးအေးဖြင့် တည်ထားပါ။အ၇ည် အ၇မ်းပစ်သွား၇င်ေ၇အနည်းငယ်ထပ်ထည့်ပါ။ ငှက်ပျောသီးများပျော့ပြီး အချိုရည်များဝင်သွားပါလိမ့်မည်။
၃။ အဲနောက် နွားနို့ ကိုထည့်ရ်ျ မီးအေးအေးနှင့်ပဲတည်ပါ။ နွားနို့ ကိုထည့်ပြီးချိန်တွင် နွားနို့ ပွက်လာရင် ဝေကျတက်လို့ ဂရုတစိုက်မွှေပေးပါ။ မလိုင်အဖတ်လေးတွေရလာပါလိမ့်မည်။ လိုချင်တဲ့ အချိုရည် အနေအထားနဲ့ မလိုင်ဖတ်များများရလာချိန်တွင် မီးဖိုပေါ်မှချပါ။
၎။ ငှက်ပျောပေါင်းလေးကိုထည့် အုံးသီးဖတ်ကို အပေါ်က ဖြူး အချိုထက်ကြိုက်ရင် သကြားပါဖြူးပြီး စားနိုင်ပါပြီ။



ချက်ပြုတ်ပြသူ - အိစံ

Chinese Steamed Bun
...........................
 အခုပေါင်းထားတဲ့ ပေါင်မုန့်လေးကို မန်ထိုလို့လည်းခေါ်ပြီး တရုတ်နိုင်ငံမြောက်ပိုင်းမှာ နာမည်ကြီးပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်းက ဆန်ထက်စာရင် ဂျုံထွက်ရှိမှုက ပိုများတာကြောင့် မန်ထိုပေါက်စီကို အမြဲတမ်း အစားအစာအနေနဲ့ စားသုံးကြပါတယ်။ ဖြူဖွေးတဲ့ ဂျုံနဲ့လုပ်ထားတဲ့ မန်ထိုပေါက်စီတွေက စက်မှုမထွန်းကားခင် တရုတ်ပြည်မှာ အရမ်းကို ဈေးကြီးတဲ့ ပေါက်စီဖြစ်လာပါတယ်။

 တရုတ်နိုင်ငံမြောက်ပိုင်းမှာ မန်ထို၊ ဂျုံခေါက်ဆွဲနဲ့ Bing ဆိုတဲ့ ပေါင်မုန့်ကို နေ့စဉ်စားသုံးကြပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းမှာတော့ ထမင်းကို အဓိကထား စားကြပါတယ်။ အဲဒီမန်ထိုပေါက်စီကို ကြက်သွန်မြိတ်၊ ပဲအနှစ်တွေ၊ အစေ့အဆန်တွေ ထည့်ပြီး တစ်ခါတည်းထည့်ပေါင်းလုပ်လာကြပါတယ်။ အကယ်၍ ဘာမှမထည့်ထားဘူးဆိုလျှင် နောက်ဆုံးထွက်လာတဲ့ မန်ထိုကို ထက်ခြမ်းခွဲကာ အသားတွေ၊ အရွက်ကြော်တွေ ထည့်ပြီး စားကြပါတယ်။ အကယ်၍ အသားထည့်ပြီး လုပ်လျှင်တော့ ပေါက်စီလို့ ခေါ်ပါတယ်။


ပါဝင်ပစ္စည်းများ
ပေါက်စီဂျုံ  -  ၂၀၀ ဂရမ်
တဆေး (Yeast)  -  ၃ ဂရမ်
သကြား  -  ၃၀ ဂရမ်
ရေ  -  ၁၀၀ ဂရမ်
ဆား  -  အနည်းငယ်
အစေ့အဆန်များ  -  လက်တစ်ဆုပ်စာ (Almond, ဗာဒံ​စေ့ စသဖြင့်)

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပါဝင်ပစ်္စည်းများအားလုံးကို ရောပြီး သမအောင်နယ်ပါ။ ဂျုံသားကို ဖြည်းဖြည်းချင်း ဆွဲကြည့်လိုက်လို့ ပြတ်မထွက်တော့ဘူးဆိုလျှင် အစေ့အဆန်များကို သေးသေးလေးတွေဖြစ်အောင် ကြိတ်ပြီး ရောနယ်ပါ။ ဂျုံသားကို ၁ နာရီခန့် အပွခံပါ။

၂။ ဂျုံသား (၂ ဆ) ပွလာပြီဆိုလျှင် ဖိပြီး လေထုတ်ပါ။ ဂျုံသားကို ထူထူရှည်ရှည်လေးဖြစ်အောင် လှိမ့်ပြီး ဓားနဲ့ဖြတ်ပေးပါ။ ဂျုံသားကို ထပ်ပြီး အပွခံပါ။

၃။ ပေါင်မုန့်လုံးလေးတွေကို ပေါင်းတဲ့အိုးထဲမှာ မိနစ်၂၀-၂၅ မိနစ် ခန့်ကြာအောင် ထည့်ပေါင်းပါ။ အကယ်၍ ပေါင်းသည့်အိုးမရှိလျှင် အောက်က ရေနွေးအိုးတည်ပြီး အပေါ်က ဆန်ခါတင်ပါ။ ၎င်းင်းအပေါ်ကနေ ထည့်ပေါင်းပေးလို့ ရပါပြီ။ မုန့်သားတွေ ကပ်မသွားအောင် ဆုမြတ်က ပန်းကန်ပေါ် ဂျုံဖြူးပြီး ပေါင်မုန့်တင်ပြီး ပေါင်းပါတယ်။ ပေါင်မုန့်အောက်ကနေ စက္ကူကပ်ပြီး ပေါင်းပေးလည်း ရပါတယ်။ မပေါင်းခင် ဂျုံသားတွေကို စီတဲ့အခါမှာ နည်းနည်းခွာပြီး ပေါင်းပေးပါ။ ဂျုံသားတွေ ပွလာပြီး ကျပ်သွားမှာစိုးလို့ပါ။


.......
ဆုမြတ်ဦး

Rainbow Donut
(သက်တံရောင်စုံဒိုးနပ်)
....................................
လိုအပ်သောပစ္စည်းများ
• ဂျုံမှုန့် - ၁  ၁/၂ ခွက်
• သကြားဖြူရိုးရိုး - ၁/၂ ခွက်
• ဘေကင်ပေါင်ဒါပွဆေး - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ထောပတ် (အခန်းအပူချိန်) - စားပွဲဇွန်း ၂ ဇွန်း
 (မိုက်ခရိုဝေ့မှာ စက္ကန့်အနည်းငယ် အပူပေးပြီး ပျော်ပါစေ)
• ကြက်ဥ (အလုံးကြီး) - ၁ လုံး (အခန်းအပူချိန်)
• နွားနို့ - ၁/၄ ခွက်
• ဗနီလာအနံ့ရည် - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• Food Color  အရောင်ဆိုးဆေး - နီ၊ ပြာ၊ စိမ်း၊ ဝါ
 (စိတ်ကြိုက်အရောင်ရသည်အထိ)


ပြုလုပ်နည်း
 ၁။ အိုးကြီးတစ်အိုးမှာ ဂျုံမှုန့်၊ သကြားဖြူနှင့် ဘေကင်ပေါင်ဒါ ပွဆေးတို့ကို ရောနှောပြီး သမအောင် မွှေပါ။
 ၂။ နောက်အိုးသေးတစ်အိုးမှာ ကြက်ဥကို ခေါက်ထည့်ပြီး နည်းနည်းရိုက်ပါ။
 ၃။ နွားနို့နှင့် ထောပတ်ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။
 ၄။ ဗနီလာအနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။
 ၅။ ကြက်ဥနွားနို့ အရောအနှောကို ဂျုံမှုန့်အရောအနှောထဲ လောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် မွှေပါ။
 ၆။ မုန့်နှစ်ရည်ကို ခွက်သေး ၄ ခွက်မှာ အညီအမျှခွဲထည့်ပြီး တစ်ခွက်စီကို နီ၊ ပြာ၊ စိမ်း၊ ဝါ အရောင် ၃ စက်စီ (သို့) ကိုယ့်စိတ်ကြိုက် အရောင်ရလာသည်အထိ ထည့်ပြီး မွှေပါ။
 ၇။ မုန့်နှစ်ရည်အရောင်တစ်မျိုးစီကို အလုံပိတ်နိုင်တဲ့ Zip ပါတဲ့ ပလတ်စတစ်အိတ်ထဲ လောင်းထည့်ပါ။ (နီ၊ ပြာ၊ စိမ်း၊ ဝါ ပလတ်စတစ်အိတ် ၄ အိတ်ရပါမယ်။)
 ၈။ ထောပတ် (သို့) Cooking Spray သုတ်လိမ်းထားတဲ့ ဒိုးနပ်ပဲန်ထဲ အနီရောင်မုန့်နှစ်ရည်ကို တစ်ကွက်အရင် အညီအညာညှစ်ထည့်ပါ။
 ၉။ နောက်တစ်ဆင့် အပြာ၊ အစိမ်း၊ အဝါ အစီအစဉ်အလိုက် ညှစ်ထည့်ပါ။
 ၁၀။ အာဗင်ကို 350˚F (180˚C) ချိန်ပြီး ၁၀ မိနစ် ကြိုအပူ ပေးပြီးလျှင် မုန့်ဗန်းကို ၉ မိနစ် ဖုတ်ပါ။
 ၁၁။ Donut Pan ကို အာဗင်က ထုတ်ယူပြီး ခဏအအေးခံပြီးလျှင် အဆင်သင့်စားသုံးနိုင်ပါပြီ။

 (မှတ်ချက် - Donut ၆ ခု ရပါမယ်။)


.........................................
Dexter Bistro


တော့ပိုကီး ဆန်မှုန့် ၀က်ဗိုက်အသားပြား ရွှေအပ်မှို နဲ့ ဘာဘီခယူဆော့ (Rice cake, Bacon & Enoki Mushroom with BBQ Sauce)

ကိုရီးယား တော့ပိုကီးကို ကလေး လူကြီး အကြိုက်ဆုံး အရသာနဲ့ တီထွင်ထားတာလေး လုပ်စားကြည့်လို့ရအောင် ရှယ်ပေးလိုက်တယ်နော်..


ပါဝင်ပစ္စည်းများ 

ဝက်ဗိုက်သားပြား ၁၆၀ ဂရမ် (အနေတော် လှီးထားပါ)
ရွှေအပ်မှို ၈၅ ဂရမ်
နှမ်းဆီ ဇွန်း ၁ စားပွဲဇွန်း
ကြက်သွန်ဖြူ ၁ တက် (နူတ်နူတ်စင်းထားပါ)
ဘာဘီခယူဆော့ ဇွန်း ၄-၅ စားပွဲဇွန်း
တော့ပိုကီးဆန်မှုန့် ၁ ခွက်
ငရုတ်ပွနီ၊စိမ်း ခွက် တစ်ဝက် (ပါးပါး ရှည်ရှည်လှီးထားပါ)
Eryngii မှို ၁၀၀ ဂရမ် (ပါးပါး လှီးထားပါ)
နှမ်းနက်စေ့ လက်ဖက်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းနက် အနည်းငယ်
ဆား အနည်းငယ်
ကြက်သွန်မြိတ် ၂  ပင် ပါးပါးလှီးထားပါ

ပြုလုပ်နည်း (Mehod)

၁။ မကပ်သော ဒယ်အိုးထဲ နှမ်းဆီထည့်ပြီး ပူအောင်တည်ပါ။ ဆီပူလျင် ကြက်သွန် ဖြူ  နှင့် ၀က်သားပြားထည့်ပြီး အိုးပူပေးပါ။ သေချာနှံ့အောင် မွှေပေးပါ။ အသား အညိုရောင်းသန်းလာလျင် နှမ်းနက် ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ ထည့်ပြီး မွှေပေးပါ၊ ဆန်မှုန့် နူးအိတယ့် အထိတည်ပါ။ ကြက်သွန်မြိတ် များ ဖြူးပြီး ပူပူလေးသုံးဆောင်ပါ။


Syilwin Foodgarden 

No comments: