Sunday, September 9, 2018

DSLR Camera တွေရဲ့ Mode Dial ဆိုတာ




ဒီဆောင်းပါးကတော့ ကျွန်တော်တို့ကို နောက်ပိုင်းမှာ Beginner တွေ မေးလေ့မေးထများတဲ့ အကြောင်းဖြစ်ပါတယ်။ DSLR, Mirrorless တွေ အပေါ်က Mode Dial ဆိုတာ ဘာတွေလဲနဲ့ ဘယ် Mode တွေက ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ရေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ပြောနေကြတဲ့ Auto တို့ Manual တို့ Prioity တို့ ဆိုတာတွေကတော့ ဒီ Mode Dial ကနေ ရွေးချယ်ရတာပဲ ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ဒီ Mode Dial က Camera Model အပေါ်တွေ Brand တွေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ General ကတော့ ဒါပါပဲ။ အခြေခံက တူတူပါပဲ။

ပထမဆုံး Mode Dial မှာပါတဲ့ အရာတွေအကုန်လုံးကို နှစ်ဖွဲ့ခွဲလို့ ရပါတယ်။ တစ်ခုက Creative နဲ့ နောက်တစ်ခုက Automatic ပါ။ Creative ထဲက Mode များသည် ကိုယ့်ဘာသာ တစ်ခုခုစဉ်းစားရမယ့် Mode တွေဖြစ်ပြီး Automatic များသည် Camera က ကိုယ့်ဘာသာဆုံးဖြတ်မယ့် Mode တွေ ဖြစ်ပါတယ်။ အသေးစိတ် ဆက်ရေးပါ့မယ်။ ပုံမှာမြင်ရတဲ့အတိုင်း အနီရောင်ပေးထားတာတွေက Creative Zone ဖြစ်ပါတယ်။ ဒီ Zone ထဲမှာရှိတဲ့ Mode တွေဟာ ကိုယ်တစ်ခုခုသော Setting ကိုတော့ ထိန်းရမှာ ဖြစ်ပါတယ်။

ပထမဆုံးကတော့ Manual Mode ပါ။ Manual ဆိုတဲ့ အတိုင်း ရှင်းပါတယ်။ Aperture Shutter ISO အကုန် manual ပါ။ ကိုယ့်စိတ်ကြိုက် အကုန်ချိန်လို့ ရပါတယ်။ Manual Mode ဆိုတာ Professional Mode လို့လဲ ပြောကြပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဒီ Manual Mode ဟာ အချိန်ရပြီး ရိုက်မယ့် Subject ကို ကိုယ်က ထိန်းနိုင်တဲ့အခါတော့ ကောင်းပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ အရမ်းရှုပ်ရှက်ခတ်နေတဲ့ event တစ်ခုဆို ပြသနာရှိပါတယ်။ ကိုယ်က Setting မချိန်ရသေးဘူး။ ရိုက်မယ့် Subject က နေရာရွေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒါတွေအတွက်တော့ နောက်ပိုင်း mode တွေက ဖြေရှင်းပေးမှာပါ။

နောက်တစ်ခုကတော့ Av mode ပါ။ ဒီ Av mode ဆိုတာကတော့ Aperture Value လို့ပြောတာပါ။ Aperture Priority လို့လဲ ခေါ်ပါတယ်။ Av mode ကတော့ ဓာတ်ပုံရိုက်တဲ့အခါ setting အကုန်လုံး ကိုယ်က ရွေးရတာမဟုတ်တော့ဘဲ Exposure triangle မှာ ကိုယ်က Aperture ကိုပဲ ရွေးပေးရုံပါ။ Shutter ကို camera က ရွေးပေးပါလိမ့်မယ်။ ISO ကတော့ auto ထားချင်လဲ ရပါတယ်။ ကိုယ့်ဘာသာရွေးချင်လဲ ရပါတယ်။ ဒီနေရာမှာ camera က ဘယ်လို သူ့ဟာသူ ရွေးတာလဲလို့ မေးစရာ ရှိပါတယ်။ camera က ကျန်တဲ့ setting ကို ရွေးတဲ့အခါ Exposure တန်ဖိုး Over, Under မဖြစ်တဲ့ အချိန် Correct Exposure လို့ သူထင်တဲ့အချိန်ထိ Setting တွေကို ချိန်ပါတယ်။ ကိုယ်က ဒီ Exposure ကို တွေးစရာမလိုဘဲ လိုချင်တဲ့ Aperture တန်ဖိုးထားလိုက်ပြီးရင် ကိုယ့်အလုပ် ပြီးသွားပါပြီ။ ဒီ mode ဟာ Timelapse ရိုက်တဲ့အချိန်မှာလဲ အသုံးပြုများပါတယ်။

နောက်တစ်ခုကတော့ Tv mode (shutter priority) ပါ။ ဒီ mode ရဲ့ နာမည်ကတော့ time value ပါ။ Shutter Priority လို့လဲ ခေါ်ပါတယ်။ သူကလဲ Aperture Priority လိုပါပဲ ရှင်းပါတယ်။ Shutter ကို ကိုယ်က ရွေးပေးရုံပါ။ ကျန်တာ အကုန် camera က ရွေးချယ်မှာပါ။ Shutter priority mode ကတော့ event photography အတွက် အသုံးများပါတယ်။ အင်မတန်လှုပ်ရှားမှုများတဲ့ event ပွဲတွေမှာ လူတွေရဲ့လှုပ်ရှားမှုတွေ motion blur မဖြစ်စေဖို့ shutter ကို အမြဲလိုက်ချိန်နေရပါတယ်။ အဲ့ဒီလိုအချိန်တွေမှာ ဒီ mode ကို အသုံးများပါတယ်။

နောက်တစ်ခုကတော့ Program Mode ပါ။ သူက တစ်ကယ်တော့ auto mode ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ထူးခြားချက်က ISO ကို ကိုယ့်ဘာသာ ရွေးနိုင်ပါတယ်။ နောက် Shutter Speed နဲ့ Aperture ကို တစ်ခုချင်းစီ setting လိုက်ပြောင်းမရပေမယ့် သူတို့နှစ်ခုပေါင်းပြီး Exposure Setting တစ်ခုအနေနဲ့ ပြောင်းလဲနိုင်ပါတယ်။ နောက် Full Auto Mode နဲ့ မတူဘဲ Pop Up Flash ကို ပွင့်မလာအောင် ပိတ်ထားနိုင်ပါတယ်။ ဒီ Program Mode ကို Full Auto (Green Square) နဲ့ ရောတတ်ကြပါတယ်။ ဒီ Creative Zone မှာ Av နဲ့ Tv ကို Semi Auto mode တွေလို့ ခေါ်ပါတယ်။ Creative Zone ဘက်က အကုန်ပြီးတဲ့အခါ အခု Automatic Zone ထဲက Icon တွေကို ဆက်ပြောပြပါမယ်။


ဒီ zone ကိုတော့ အားလုံးပေါင်းရှင်းပြပါ့မယ်။ ပထမဆုံး mode ကတော့ Portrait mode ပါ။ Portrait mode ဆိုတာလဲ Full Auto ပါပဲ။ ကျန်တဲ့ Landscape, Macro, Sport, Night Portrait အကုန်လုံးလဲ Auto ပါပဲ။ Auto ချင်းအတူတူ ဘာလို့ ဒီလိုနာမည်တွေနဲ့ ခွဲထားတာလဲဆိုတာ အရင်ရှင်းပြပါ့မယ်။ အားလုံး Auto ဆိုပေမယ့် Auto မှာမှ Advance ထပ်လုပ်ထားတဲ့ သဘောပါ။ Portrait ဆို Camera က Setting ရွေးတဲ့အခါ တတ်နိုင်သမျှ Aperture ကျဉ်းကျဉ်း ရွေးပေးပါတယ်။ Shallow Depth of Field ရအောင်ပါ။ နောက် Landscape ဆိုရင် Camera က တတ်နိုင်သမျှ Aperture ကျယ်ကျယ်ထားပေးပါတယ်။ အဲ့ဒါမှ ရှုခင်းပုံက Depth of Field များများနဲ့ ပုံက Sharp ဖြစ်မှာပါ။ Macro ပုံလိုချင်ရင်တော့ Macro Lens ရှိမှပါ။ ဒါပေမဲ့ ဒီ mode က Subject တွေကို ပိုပြီး အနီးကပ် Focus ဖြတ်နိုင်အောင် လုပ်ပေးထားပါတယ်။ Setting အကုန် auto ပါ။ နောက် Sport mode ပါ။ သူကတော့ ရှင်းပါတယ်။ High Shutter Speed mode ပါ။ လှုပ်ရှားမှုများတဲ့ အရာတွေရိုက်ရင် သုံးပါတယ်။ Camera က Motion Blur မဖြစ်စေဖို့ Shutter Speed ကို တင်ထားပေးပါတယ်။ နောက်ဆုံးကတော့ Night Portrait Mode ပါ။ သူက နဲနဲ Tricky ဖြစ်ပါတယ်။ ညဘက်မှာ လူပုံရိုက်တဲ့အခါ သုံးတာပါ။ သူက Flash ဖွင့်ပေးပါတယ်။ ဒါပေမဲ့ Flash ဖွင့်ပေးပြီး Shutter ကိုပါ နှေးပေးပါတယ်။ Flash ရဲ့ Intensity ကို Aperture က ထိန်းပါတယ်။ ဘေးပတ်ဝန်းကျင်က Light ကို Shutter က ထိန်းပါတယ်။ အဲ့ဒီအခါ Flash က အလင်းက Subject ကိုကျလို့ Subject က လင်းသွားတဲ့အပြင် Background ကိုလဲ Shutter က နှေးပေးလိုက်တဲ့အတွက် ပတ်ဝန်းကျင်အလင်းကလဲ တတ်လာပြီး အလင်း Balance ဖြစ်တဲ့ပုံကို ရမှာပါ။ အဲ့လို Shutter ကို မနှေးပေးထားရင် Bad Flash Photo လို့ခေါ်ကြတဲ့ Subject တစ်ခုထဲလင်းပြီး ကျန်တာ လုံးဝ မဲမှောင်နေတဲ့ပုံ ဒီ mode တွေအကြောင်းက မသိမဖြစ်မဟုတ်သော်လည်း သိထားတာ ပိုကောင်းပါတယ်။ တော်ရုံတော့ ဘယ်သူမှ မသုံးဖြစ်ကြတာ များပါတယ်။


 ဖြိုးဇံ (NetGuide Journal)

No comments: