Tuesday, September 11, 2018

Huawei Nova 3i Review



User တွေဟာ သူတို့ရွေးချယ်မယ့် Smartphone တစ်လုံးအပေါ် မတူညီတဲ့လိုအပ်ချက်အမျိုးမျိုးနဲ့ ချဉ်းကပ်တတ်ကြတယ်။ တစ်ချို့က Performance နဲ့ Battery Life ကို ဦးစားပေးကြတယ်၊ တစ်ချို့က Camera နဲ့ Display ပိုင်းကို အသားပေးကြသလို Design နဲ့ Build Quality ကောင်းမှ နှစ်သက်တဲ့ User တွေလည်း ရှိတတ်ကြတယ်။ အဲဒီတော့ အခု Review လုပ်သွားမယ့် Nova 3i ကရော ဘယ်ခေါင်းစဉ်တွေအောက်မှာ အကျုံးဝင်နေမလဲဆိုတော့ သုံးသပ်ကြည့်ကြတာပေါ့။

Huawei Nova 3i ကို Black, Pearl White, Purple အရောင်သုံးမျိုးနဲ့ရနိုင်ပြီး ဈေးနှုန်းကတော့ 359,000 (၃သိန်း၅သောင်း၉ထောင် ကျပ်) ပါ။

Design & Build Quality

ကျွန်တော်တို့ရ ထားတဲ့ Review Unit က Black Color ပါ။ သူ့ရဲ့ Design Language ကို အတိုချုပ်ပြောပါလို့ ဆိုလာရင် "Simple & Smart" လို့ ပြောမိမှာပါ။ နောက်ကျောဘက်မှာ အရမ်းထူးခြားဆန်းပြားနေတာမျိုးမပါပဲ Fingerprint Scanner, ဒေါင်လိုက် Dual Camera နဲ့ Flashlight, သူ့အောက်မှာ နောက်ပိုင်း Huawei ဖုန်းတွေမှာ အတွေ့များလာတဲ့ပုံစံအတိုင်း Dual Camera.... စာတန်းနဲ့ အောက်ထောင့်မှာ Huawei ဆိုတဲ့စာသားကို တစ်တန်းတည်း ဒေါင်လိုက်တွေ့မြင်ရမှာပါ။ Camera ဖုထွက်နေတဲ့အတွက် စာပွဲပြင်ညီမှာ တင်ထားရင် တစ်သားတည်း မဖြစ်တာတွေ့ရပါလိမ့်မယ်။

Glass အုပ်ထားတဲ့ကျောဘက်ကို နက်မှောင်တဲ့အရောင်နဲ့ ပေါင်းစပ်တဲ့အခါမှာ ကိုင်ရ၊ ကြည့်ရတာ Smart ကျတယ်လို့ ခံစားရတယ်။ ရှေ့၊ နောက် Glass ကြားမှာ Aluminium Frame ကွပ်ထားတာဆိုပေမယ့် Unibody ဖုန်းတစ်လုံးကို ကိုင်ရသလိုပါပဲ။ ဖုန်းရဲ့ Size အနေနဲ့ Mi 5X ထက် မဆိုစလောက်ပိုရှည်တာကလွဲလို့ လက်တစ်ဖက်ထဲနဲ့ ကိုင်ရအဆင်ပြေတယ်။ Personal Feeling လေးထည့်ပြောရရင် ဒီဖုန်းကို Cover မတပ်၊ Temper မကပ်ပဲ ကိုင်နေရတာကိုက စိတ်ကျေနပ်စရာဖြစ်နေတာပါပဲ။ (နောက်ကျောက Glass မို့ အပွန်းအစင်းမထင်အောင်တော့ အတော်လေးဂရုစိုက်ရလိမ့်မယ်။)

သူ့ရဲ့ Notch က အရမ်းမကြီး၊ မသေး အနေအထားမှာရှိတယ်။ Notch ထဲမှာတော့ Dual Selfie Camera, Earpiece Speaker နဲ့ Sensor တွေပါမယ်။ (ထူးထူးဆန်းဆန်းပဲ Noti Light ကို Earpiece ထောင့်မှာ မြှုပ်ထည့်ထားသဗျာ) ဖုန်းအောက်ခြေမှာတော့ 3.5mm Jack, ဘယ်ဘက်အပေါ်နားမှာ Sim Slot တို့ပါရှိတယ်။ အားရစရာက Sim 2 နေရာမှာ SD Card 256GB ထိ စိုက်လို့ရတဲ့ Hybrid Slot ပါတာပါ။ (နဂိုက 128 GB Storage လည်း ပါပြီးသားဆိုတော့ ရှယ်ပေါ့)

Volume နဲ့ Power Button တွေကလည်း တင်းတင်းရင်းရင်းရှိသလို Feedback လေးတွေလည်းကောင်းတယ်။ ဒီတော့ ဒီ Category Nova 3i ဟာ Mid-range ဖုန်းတစ်လုံးထက် သာလွန်တဲ့ Feeling မျိုး User တွေကို သေချာပေါက် ပေးစွမ်းနိုင်ပါလိမ့်မယ်။

Display

6.3" Display က ကြီးတယ်ဆိုပေမယ့် Phone Size နဲ့ယှဉ်လိုက်ရင်တော့ Compact ဖြစ်တယ်ဆိုရမှာပါ။ (ဖုန်းသုံးရင်တော့ လက်နှစ်ဖက်လုံးနဲ့ ကိုင်သုံးမှ ပိုအဆင်ပြေမယ်ထင်မိ) 1080p+ LCD Display ကိုသုံးထားပြီး 720p+ ကို ပြောင်းသုံးနိုင်တယ်။ သူ့ရဲ့ ဒီဇိုင်းကာလာ အနေအထားက Standard Mode မှာ နဲနဲဖျော့တဲ့ဘက်ကိုရောက်ပြီး Color ဆို စိုမှကြိုက်သူတွေအတွက်တော့ Vivid Mode လောက် ထားမှ အဆင်ပြေပါလိမ့်မယ်။

Nova 3i ဟာ Notch နဲ့ပတ်သက်ပြီး အသေသပ်ဆုံးဖုန်းတစ်လုံးလို့ပြောရင် မမှားလောက်ပါဘူး။ သူ့ Notch ဖျောက်ပုံက တခြားဖုန်းတွေလို ထောင့်ချိုးတွေကျန်မနေပဲ ခပ်ဝိုက်ဝိုက်လေး ဖျောက်ပေးတာက Notch မကြိုက်တတ်သူတွေအတွက် အတော်သဘောကျစရာအချက်ပါ။ (Notch ကို ခုချိန်ထိ အချိုးပြေပြေမဖျောက်နိုင်သေးတဲ့ဖုန်းတွေ ရှိန်းမောင်ဦးပါပဲ 😁) Notch Setting ထဲက Custom မှာ ကိုယ်က Notch အပြည့်မြင်ချင်တဲ့ Apps တွေကို Support ပေးအောင် ပြောင်းလို့ရတယ်။ (Thanks for ur info, bro Kyaw Ko Ko) LCD Display အနေနဲ့ Black Level လေးတွေမဆိုးလှ။ Brightness ကတော့ သာမန်လောက်ပါပဲ။ 50% လောက်ဆိုရင်တော့ နေရောင်အောက်မှာ ဖုန်းခေါ်၊ Message ဖတ်လောက်ကို အေးဆေးလုပ်လို့ရတယ်။

ဒီတော့ Display ပိုင်းမှာ Nova 3i ဟာ အကောင်းဆုံးမဟုတ်တော့ သာမန်ထက် ပိုတဲ့ Level တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။


Fingerprint & Security

ဒီအပိုင်းမှာတော့ သိပ်ထွေထွေထူးထူးမရှိ။ Fingerprint က အမြန်ဆုံးမဟုတ်ပေမယ့် မြန်သင့်သလောက်မြန်တယ်။ Face Unlock က Fingerprint ထက် မဆိုစလောက်နှေးတယ်။ Low Light မှာ Unlock Speed ကဗပမယ့် အလုပ်လုပ်တယ်။ မျက်လုံးစုံမှိတ်ထားရင်မပွင့်။ Face Unlock နဲ့တွဲသုံးဖို့ Raise to Wake လို Function မျိုးကို "Wake up Device" ဆိုတဲ့ နာမည်နဲ့ထည့်ပေးထားတယ်။ ဖုန်းကို ပိုင်ရှင်ကြည့်တာမဟုတ်ရင် Noti တွေ Hide ထားပေးတဲ့ "Smart Lock Screen Noti" ဆိုတဲ့ Mode လေးလည်း ပါဝင်တယ်။

Speaker & Sound Quality

Nova 3i မှာ Single Bottom Firing Speaker ပါဝင်ပြီး အသံစွာတဲ့အထဲ ပါတယ်ပြောရမယ်။ သူ့အသံထွက်က အသံစူးတဲ့ဘက်ကို ရောက်ပြီး Vocal နဲ့ Treble တွေ အားကောင်းတာတွေ့ရတယ်။ Mids တွေလဲပေါ်လွင်တယ်။ Bass ပိုင်းကတော့ Flat ဖြစ်လွန်းတယ်။ High Volume ပိုင်းမှာ Distortion နဲနဲဖြစ်တယ်။ ဒီတော့ EDM မဟုတ်တဲ့၊ Beat မပြင်းတဲ့သီချင်းတွေအတွက်ဆိုရင် သူ့ Speaker က အတော်လေးအဆင်ပြေမှာပါ။

ဆိုတော့ကာ နားကြပ်တပ်ပြီး နားထောင်တော့ရော?
အရင်ဆုံး ချီးကျူးရမှာက Huawei ရဲ့ Histen Sound Effect ပါ။ သူ့မှာ Playback Mode တွေအနေနဲ့ Auto, 3D audio, Natural နဲ့ Stand ဆိုပြီး Mode လေးမျိုးပါတယ်။ ကျွန်တော်အကြိုက်ဆုံးနှစ်ခုကတော့ 3D audio နဲ့ Standard Mode ပါ။ 3D Audio Mode က Sound Stage တွေကို ဘယ်လိုပုံစံမျိုး ကြားချင်လဲ ဆိုတဲ့အပေါ်မူတည်ပြီး 3D Sound Effect တွေ ဖန်တီးပေးတာပါ။ Acoustic Song တွေအတွက် အသင့်တော်ဆုံးပါပဲ။ အခန်းတစ်ခုမှာ အဆိုတော်ကိုယ်တိုင် ကိုယ့်ရှေ့မှာ Band နဲ့ လာဆိုပြနေသလို Feeling မျိုးကို ခံစားရတယ်။ EDM Song တွေကတော့ ဒီ Mode နဲ့ သိပ်မလိုက်ဖက်တာ တွေ့ရတယ်။

Standard Mode မှာတော့ သူ့ရဲ့ Audio Quality က အတော့်ကိုကောင်းတဲ့ အနေအထားပါ။ Earphone, Headphone, Earbuds စသည် နားကြပ်အမျိုးအစားအလိုက် ရွေးချယ်ခွင့်ပေးထားတဲ့အပြင် Huawei ကထုတ်တဲ့ Earphone အချို့အတွက်လည်း သီးသန့် ထည့်သွင်းပေးထားတယ်။ တစ်ခုအကြံပေးချင်တာက Sound Quality အပြည့်အဝခံစားချင်ရင်တော့ သူ့ရဲ့ Original ပါတဲ့ နားကြပ်ကို မေ့လိုက်တာအကောင်းဆုံးပါ။

Audio ပိုင်းမှာ သူ့ရဲ့အဓိကအားသာချက်တွေက Mids & Treble ပါ။ Vocal ပိုင်းကလည်း ပုံမှန်အနေအထားမှာရှိတယ်။ သိပ်အားမရတာက Bass ပါ။ Deep သိပ်မဖြစ်ပဲ Dull တယ်လို့ခံစားရတယ်။ ဒါကလည်း တခြားအပိုင်းတွေက ကောင်းလွန်းနေတာကြောင့် ကြံဖန်အပြစ်ရှာတယ်လို့တောင် ပြောလို့ရတယ်။ ဒါတောင် သူ့ရဲ့ Sub-bass တွေက အတော်မိုက်သဗျ။ ဒီတော့ Sound Quality ကောင်းကောင်းကို ခုံမင်တတ်သူတွေအတွက် သေချာပေါက်စဉ်းစားသင့်တဲ့ဖုန်းတွေထဲ Nova 3i က ထိပ်ဆုံးနားက ပါဝင်နေမှာပါ။

Performance

Kirin 710 ဟာ Nova 3i အတွက် ကောင်းသောပြောင်းလဲမှု တစ်ခုဖြစ်သလို ရှေ့က Nova 3e, 2i User တွေအတွက်လည်း ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ Snapdragon 625 ကို မမှီတဲ့ Kirin 659 ကနေ SD 660 Level နီးနီးကို ခုန်တက်လာတာက 3i ဝယ်တဲ့၊ ဝယ်မယ့်သူတွေအတွက် အတော်ကျေနပ်စရာပါ။ (အထူးသဖြင့် Facebook တို့ Browser Scrolling လုပ်တဲ့အခါမှာတောင် Smooth ဖြစ်ပုံချင်းက ကွာနေတာ) Antutu တို့ Geekbench တို့ သွင်းမရတာကတော့ သိပ်အဆင်မပြေလှ။

Day-to-day Performance အတွက် သာသာယာယာပါပဲ။ RAM 4GB ဆိုပေမယ့် ကောင်းကောင်း Management လုပ်နိုင်တယ်။ Gaming ပိုင်းမှာတော့ PUBG ကို HD, High Setting Maximum ထားဆော့ရင်တော့ တစ်ချက်တစ်လေ Lag တာကလွဲလို့ Feel ကျဲတာ ဘာညာမရှိ။ GPU Turbo Update တွေရရင်တော့ ပိုကောင်းလာဖို့ မျှော်လင့်ရတာပေါ့။

3340 mAh Battery က 6.3" Display ကို Run တဲ့အခါမှာ သာမန်ထက်မပိုတဲ့ Battery Life ကို ပေးစွမ်းနိုင်တယ်။ Normal Usage ဆိုရင်တော့ တစ်နေ့တာကို ကောင်းကောင်းကျော်ဖြတ်နိုင်တယ်။ Half Volume & Brightness နဲ့ဆိုရင်
HD Movie 1hr ကို 8%
Youtube 1hr (Wifi) ကို 10%
Facebook 1hr (4G) ကို 12-14% လောက် ကုန်ပါလိမ့်မယ်။ ဒါပေမယ့် PUBG ကို HD, High Setting, 4G နဲ့ဆော့ရင်တော့ 1hr ကို 22% လောက်အထိ ကုန်မှာပါ။ Normal Usage မှာသိပ်မသိသာပေမယ့် Camera ရိုက်၊ ဂိမ်းဆော့၊ အားသွင်းချိန်မျိုးမှာ Fingerprint တစ်ဝိုက်နားက ပူလာတယ်။ အမြင့်ဆုံးအနေနဲ့ PUBG ဆော့ပြီးချိန်မှာ 40°C ကျော်တဲ့အထိ Heat တက်တာတွေ့ရတယ်။

ဝမ်းနည်းစရာတစ်ခုက ဒီဈေးနဲ့ ဖုန်းတစ်လုံးမှာ Micro USB Type B ကိုပဲ သုံးထားတာပါ။ Fast Charge ဘာညာလည်း မပါပါဘူး။ ဒီတော့ သူ့ရဲ့ Original Adaptor နဲ့ အားသွင်းရင် 30min ကို 23% အားဝင်ပြီး 10-80% ကို ၁နာရီခွဲလောက် သွင်းရတယ်။ 80-90% ပြည့်ဖို့ မိနစ် ၂၀ ကြာပြီး 90-100 အတွက် နာရီဝက် နီးနီးကြာတယ်။ ဒီတော့ 0-100 အပြည့်ကို ၂နာရီခွဲ လောက် ကြာမြင့်မှာပါ။

ဒီတော့ Performance ပိုင်းမှာ Nova 3i က မိုက်တယ်ပြောနိုင်ပေမယ့် Power User တွေအတွက်ကတော့ Battery ပိုင်းက စိတ်ကသိကအောက် ဖြစ်စေနိုင်ပါတယ်။

Camera

Nova 3i အတွက် ဝိတ်လျှော့ထားတဲ့ နောက်ထပ် အစိတ်အပိုင်းတစ်ခုလို့ ဆိုရမလားပဲ။ 16MP f/2.2 ကို 2MP Depth Sensor Camera နဲ့ တွဲသုံးပေးထားတယ်။ သူ့ရဲ့ Day Time Image Quality က မဆိုးဘူးပြောလို့ရတယ်။ Software နဲ့ Sharpening ပြန်လုပ်လို့ သိပ် Realistic မဆန်သလိုတော့ ခံစားရတယ်။ Detail လေးတွေကောင်းတယ်။ Color တွေက လုံးဝအမှန်မဟုတ်တောင် အပြင်နဲ့ အတော်နီးစပ်တယ်။ Dynamic Range ကတော့ သိပ်အကောင်းကြီးမဟုတ်။ HDR Mode ကို လိုသလိုသုံးပေးတာက ပိုအဆင်ပြေလိမ့်မယ်။

f/2.2 Aperture ကိုတော့ Low Light အတွက် သိပ်မမျှော်လင့်စေချင်။ ဒါပေမယ့် 2i, 3e တို့ထက်တော့ Camera ပိုင်း ပိုတိုးတက်လာတယ်။ အလင်းရောင်ကောင်းတဲ့နေရာမျိုးတွေမှာတော့ Image Quality က Acceptable ပါ။ ဒါပေမယ့် Noise Suppression ကြောင့်ထင်ရဲ့၊ Detail လေးတွေကျတယ်။ Dynamic Range ကတော့ သိသိသာသာကျသွားတယ်။ Huawei ရဲ့အားသာချက်က Camera Function တွေပါ။ Nova 3i ရဲ့ Pro Mode မှာ ISO 50-3200 နဲ့ Shutter Speed 1/4000 sec ကနေ 32 sec ထိ ရိုက်ခွင့်ပေးထားတာ ကျေနပ်စရာ။ RAW Format Support ပေးတဲ့အပြင် Night Mode, Light Painting စတာတွေကလည်း Camera Setting ကောင်းကောင်းလိုချင်သူတွေအတွက် အဆင်ပြေစေမယ့် Function တွေပါ။

သူ့ရဲ့ Portrait Mode ကိုတော့ အတော်လေးအားမရ။ လူ မဟုတ်တဲ့ တခြား Object တွေကိုရိုက်ရင် Focus သိပ်မမိချင်။ အရမ်း Close-up လုပ်မှ အလုပ်လုပ်တယ်။ Portrait Mode ကြီး On ပြီး Object နဲ့ Background ရောနေတာက အတော်လေးအဆင်မပြေ။ Aperture Mode ကတောင် သူ့ထက်ပိုဟုတ်နေတယ်။ ဒါပေမယ့် ကောင်းတဲ့ အချက် iPhone X မှာလို 3D portrait Lighting Effect တွေ ရိုက်လို့ရတာတော့ မိုက်တယ်။

သူ့ရဲ့ 24MP f/2.0 Selfie Camera က အကောင်းဆုံးမဟုတ်တောင် Mid-range မှာ အတော်လေးကောင်းတဲ့ Camera ပါ။ (2MP Depth Sensor ကလည်း အဆစ်ပါလိုက်သေး) သူ့ Camera က Light ကိုတော့ အတော် Sensitive ဖြစ်တယ်။ Detail ကျလွယ်၊ Overexposed ဖြစ်လွယ်ပေမယ့် Facebook, Instagram တင်ဖို့တွက်တော့ အဆင်ပြေတယ်။ 3D Portrait Lighting တို့ HDR pro Mode တို့လည်း ပါသေးတယ်။ QMOJI တွေကတော့ ပါးစပ်လှုပ်ရုံကလွဲလို့ မျက်လုံးတောင် အပြည့်ပိတ်မရတဲ့ Gimmick သက်သက်ပါပဲ။ ဒါပေမယ့် AR Lens ထဲမှာပါတဲ့ တခြား Effect တွေကတော့ တကယ် Enjoyable ဖြစ်စရာပါ။

သူ့ Camera AI ကိုတော့ မပြည့်စုံဘူးလို့ပဲဆိုချင်တယ်။ Scene Recognition ပိုင်းမှာ Plant, Room, Flower, Food လောက်ပဲ ကောင်းကောင်းအလုပ်လုပ်တာတွေ့ရတယ်။ Saturation များများနဲ့ပုံတွေသဘောကျတတ်ရင်တော့ ဖွင့်ရိုက်ဖို့အဆင်ပြေမှာပါ။ AI နဲ့ရိုက်ထားပေမယ့် ပြီးမှမလိုချင်ရင် Gallery ထဲမှာ ပြန်ဝင်ပိတ်လို့ရတာလေးကတော့ မိုက်တယ်။ (အောက်မှာ AI off & on Comparison Photo လေးတွေ တင်ပေးထားပါတယ်) Video အနေနဲ့ Back Camera မှာ 1080p 60fps နဲ့ Front Camera မှာ 720p ထိ Maximum ရိုက်ကူးနိုင်မယ်။ EIS Support မလုပ်ဘူးလို့ထင်မိ။ Video ရိုက်ရင် အတော်လေး Shake ဖြစ်တယ်။ Quality ကတော့ ပုံမှန်ဆိုရုံပါပဲ။ Slow mo Video တွေကိုတော့ 720p မှာ 480fps ထိ Maximum ရိုက်နိုင်မှာပါ။

ဒီတော့ Manual အပြင် Camera Funtion စုံစုံလင်လင်သုံးချင်သူတွေတွက်တော့ Nova 3i က အတော်စိတ်တိုင်းကျစေမှာပါ။


System

Nova 3i မှာ Android 8.1 အခြေခံတဲ့ EMUI 8.2 ကိုသုံးထားတယ်။ ကျွန်တော်တို့စမ်းထားတာကတော့ June Security Patch ပါ။ UI အနေနဲ့ အတော်ရိုးရှင်းပြီး Stable ဖြစ်တယ်။ Google Apps တွေရော Zawgyi Font ပါအသင့်ပါတယ်။ App Drawer နဲ့မှ သုံးချင်သူတွေအတွက်လည်း Home Screen Style ထဲ ဝင်ပြောင်းနိုင်မယ်။ Navigation Button ကိုလည်း Android P Style သုံးနိုင်မယ်။ (သူ့ Gesture ကို ကျင့်သားရဖို့တော့ အချိန်ယူလိုက်ရတယ်) ဒါပေမယ့် Apps တွေထဲ အဝင်အထွက်တွေမှာ Delay ဖြစ်တာ၊ နဲနဲထစ်တာမျိုးတော့ ကြုံရတယ်။ ရိုးရှင်းတာကို သဘောကျတတ်ရင်တော့ EMUI က အတော်လေးအဆင်ပြေစေမှာပါ။

ဆိုတော့ကာ Huawei ရဲ့ Nova 3i ဟာ အကောင်းဆုံး၊ အတန်ဆုံး Smartphone တစ်လုံး ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ၃သိန်းခွဲ စွန်းစွန်းနဲ့ 128GB Storage ရမယ်၊ Chipset ကောင်းကောင်းရမယ်၊ Audio Quality ကောင်းကောင်းရမယ်၊ Camera Function စုံစုံ ကိုင်ရမယ်၊ နောက်ဆုံး Warranty Service ကောင်းကောင်းရမယ်။ ဒီတော့ ဖုန်းကို Build Quality ကောင်းကောင်း၊ Smart ကျကျ၊ Function စုံစုံကိုင်ချင်သူတွေအတွက်တော့ Nova 3i က ရွေးချယ်ဖို့သင့်တော်မယ့် ဖုန်းတစ်လုံးဖြစ်လာမှာ အသေချာပါပဲ။

"Observe here. Trust yourself."

#PlanetX

#Huawei #Nova3i #Review

No comments: