Friday, June 1, 2018

အသားအရေ ၀င်းမွတ်တောက်ပချင်ရင် ဒါကိုသောက်

အသားအရေ ၀င်းမွတ်တောက်ပချင်ရင် ဒါကိုသောက် (Drink This Juice If You Want Glowing Skin)


သူငယ်ချင်းတို့ရေ နာမည်​ကြီး အလှကုန်ပစ္စည်းတွေကို အရေပြားပေါ်မှာ လိမ်းကျံ လိုက်ရုံဖြင့် ကျန်းမာနုပျိုသော အသွင်​အပြင်​ ဖြစ်ဖို့ မလုံလောက်ဘူးနော်။ ကိုယ်ခန္ဓာ ကျန်းမာဖို့ ကောင်းမွန်မျှတတဲ့ အစားအစာ စားသောက်ပေးရန်လိုတာနဲ့ အရေပြား ကျန်းမာအားပြည့်ရန် သေချာစားသောက်ဖို့ လိုတာ အတူတူပါပဲ အတွင်းကနေ အပြင်လှပဖို့ အထောက်အပံ့ပြုတဲ့ သဘောပေါ့။ မှန်​ကန်​မျှတသော စားသောက်မှုပုံစံ၊ အသားအ​ရေ ထိန်းသိမ်းမှုကို နည်းစနစ်ကျကျ ပြုလုပ်ခြင်း၊ ပြီးတော့ ကျန်းမာတဲ့ ဘ၀နေထိုင်မှုဟန်ပန်တွေဟာ အချိတ်အဆက်မိမိ အလုပ်လုပ်နေပြီး သူငယ်ချင်းတို့ကိုကြည့်ကောင်းတဲ့ သွင်ပြင်ဖြစ်အောင် ပြုလုပ်ပေးပါတယ်။

အလွယ်တကူ​ဖျော်​စပ်​ပြုလုပ်လို့ရတဲ့ သစ်သီးဖျော်ရည်က သူငယ်ချင်းရဲ့ အရေပြားကို စိုပြေတောက်ပတဲ့ အသွင်​အပြင်​ ဖြစ်လာအောင် ပြုလုပ်ပေးနိုင်တယ်ဆိုတာ ဟုတ်​ပါ့မလား တွေးနေမိလား။ အရေပြားဆဲလ်တွေကို ရေဓာတ်ဖြည့်တင်းပေးတယ်၊ ကော်လာဂျင်ဓာတ် ထုတ်​လုပ်​မှု မြှင့်တင်ပေးတယ်၊ အရေပြားကို နညံ့စေတဲ့ ပရိုတင်းဓာတ်တစ်မျိုးကိုလည်းအထောက်အပံ့ပေးတယ် ဆိုတော့ လွယ်သလို ကိုယ်တွင်း အဆိပ်အတောက်တွေနဲ့ ဓာတ်တိုးပစ္စည်း (free radicals) တွေကိုဖယ်ရှင်းနိုင်တာကြောင့် ဇရာအရိပ်အရောင်ကို အတန်ကြာ မေ့လျော့စေဖို့ အာမခံပါတယ်။

အကောင်းမွန်ဆုံးအချက်က သည်အရေပြားလှပစေတဲ့ ​ဖျော်​ရည်​တစ်ခွက်ဟာ ယနေ့ဈေးကွက်အတွင်းရှိ အလှအပထုတ်ကုန်ပစ္စည်းအများစုထက် ဈေးပိုသက်သာနေတာပါပဲ။ အဓိက အရေးတကြီးပြောလိုတဲ့အချက်ဆိုလျှင် ပါဝင်ပစ္စည်းတွေထက် အရသာပိုကဲအောင် အခြားထပ်တိုးပါဝင်ပစ္စည်းတွေ မထည့်မိဖို့ပါ။ ရေးပြတဲ့ ပါဝင်ပစ္စည်းတွေကို ဖျော်သောက်ရုံနဲ့ လှပတဲ့ ရလဒ်​ကို ပိုင်ဆိုင်ရမှာပါ။

ပိုအရေးပါတာကတော့ သည်ဖျော်ရည်ဟာ တကူးတက သီးသန့် အမယ်တွေလိုက်ရှာစရာမလိုဘဲ မီးဖိုချောင်ထဲ အမြဲလိုလို ရှိနေတတ်တဲ့အမယ်တွေနဲ့ဖျော်စပ်နိုင်တဲ့အပြင် အသားအရေ လှပတောက်ကြွားဖို့ ခန္ဓာကိုယ်​ကို အဟာရဓာတ်တွေ ထောက်ပံ့ပေးရုံမက ကျန်းမာလှပဆိုတဲ့ စကားလုံးအဓိပ္ပါယ်ကို ဖော်ဆောင်ပေးနိုင်တာပါပဲ။ကိုယ်ခံစွမ်းအားစနစ်ကို သန်မာစေဖို့ အကူအညီရနိုင်တာကြောင့်လည်း ကာလကြာရှည်ရောဂါ အမျိုးအစားဖြစ်သော
ဆီးချို​ရောဂါ (diabetes)၊ နလုံးရောဂါ၊ ကင်ဆာနဲ့ များပြားလှသော အခြားရောဂါသမားတွေအတွက် အဆင်ပြေစေပါတယ်။ စကားလုံး ပြောင်းသုံးပြီးပြောရရင် ပါးပြင်တလျောက် ပန်းသွေးရောင်တောက်ပနေစေဖို့နဲ့ ကျန်းမာကြွရွနေစေဖို့ တပြိုင်နက်အားဖြည့်ပေးမယ့် ဖျော်ရည်ပါလို့။

ကဲ ဖျော်သောက်ကြည့်ဖို့  သူငယ်ချင်းတို့ စလုပ်ကြည့်ကြမလား။
 ယခုရေးပြမယ့် အချိုးအဆက လူတစ်ကိုယ်စာအတွက်နော်။

ပါဝင်ပစ္စည်းတွေက ~

(၁) နှစ်လက်မပတ်လည် ဂျင်းတစ်တုံး(2 inches x 2 inches)
(၂) အလယ်​အလတ်​အရွယ်အစား မုန်လာဥနီ တစ်ဥ (carrot)
(၃) အလယ်​အလတ်​အရွယ်အစား သကြားမုန်လာ တစ်ဥ (beetroot)
(၄) အလယ်​အလတ်​အရွယ်အစား သခွားသီး တစ်လုံး (cumcumber)
(၅) ခပ်ကြီးကြီး လိ​မ္မော်​သီး တစ်လုံး (orange)
(၆) သံပုရာသီး တစ်ခြမ်း (1/2 lime)
(၇) အနီ​ရောင်​ ​ဂေါ်ဖီထုပ်​သေး တစ်ခြမ်း (1/2 small red cabbage)


ပြုလုပ်နည်း အဆင့်ဆင့် ~

(၁) ပါဝင်ပစ္စည်းတွေကို ခပ်သွက်သွက် ဆေးကြောပါ။
(၂) သစ်သီးတွေကို ကြိတ်ပြီး ​ဖျော်​ရည်​လုပ်ပေးသော Juicer တစ်လုံးအသုံးပြုပြီး ဂျင်းတုံး၊ မုန်လာဥနီ ၊ သကြားမုန်လာ ၊ သခွားသီး နှင့် မုန်လာထုပ်နီတို့ကို ကြိတ်ပြီး အနှစ်ထုတ်ပါ။
(၃) အရာအားလုံး ဖန်ခွက်တစ်ခွက်ထဲ ပြောင်းထည့်ပါ။
(၄) လက်အသုံးပြု သို့မဟုတ် အရည်ညှစ်တဲ့ ကိရိယာသုံးပြီး သံပုရာသီးနဲ့ လိ​မ္မော်​သီးမှအရည်များညှစ်ထည့်ပါ။
(၅) မွှေတဲ့ကိရိယာသုံးရင်း ကောင်းကောင်းလေး ရောစပ်ပါ။
(၆) အသေအချာ ရောမွှေပြီးနောက် တည်ခင်းမည့် ဖန်ခွက်ထဲသို့ ထည့်ကာ တည်ခင်းနိုင်ပါပြီ။

သူငယ်ချင်းတို့ရဲ့ အသားအရေ နုပျိုတောက်ပကြည့်ကောင်းအောင် အထောက်အကူပြုပေးမယ့် အစွမ်းသတ္တိပြည့် ​ဖျော်​ရည်​တစ်ခွက်ပြုလုပ်ဖို့ ဘယ်လောက် လွယ်ကူသလဲနော်။ နေ့စဉ်သာ  သောက်သုံးပေးမယ်ဆိုရင် အပြင်ထွက်တိုင်း လူတိုင်းရဲ့ ခေါင်းတွေ သူငယ်ချင်းတို့ရှိရာလှည့်လာဖို့ အာမခံပါတယ်။

ခပ်ရိုးရိုး ဖျော်စပ်ကာ သောက်သုံးနိုင်တဲ့ ​ဖျော်​ရည်​ဟာ အရေပြားအတွက် အံ့အားသင့်စဖွယ်  သက်ရောက်မှု ကောင်းကောင်းရှိတာကတော့ နည်းနည်းထူးခြားပါတယ်။ ပါဝင်တဲ့ သစ်​သီးဝလံ ဟင်းသီးဟင်းရွက်တစ်ခုခြင်းစီမှာ ကြွယ်ဝနေတဲ့ ဓာတ်တွေ အကျိုးသတ္တိတွေဟာ လတ်ဆတ်သော ရနံ့ နဲ့အတူ လူကို ကျန်းမာရေးအတွက်သာမက အလှအပအတွက် အထောက်အပံ့ပြု တာမို့ပါ။ `အစာလည်း ဆေး၊ ဆေးလည်း အစာ´ဆိုတဲ့အတိုင်း နေ့စဉ် တစ်ခွက်သောက်ရုံနဲ့ ကျန်းမာ လှပလာတာ အချိန်ရလာတာနဲ့ အသိအမှတ်ပြုကိုပြုရမှာပါခင်ဗျ။

ဂျင်း (Ginger)က ရောင်ရမ်း ဖူးကြွတဲ့ ကိစ္စတွေအတော်များများကို အကာအကွယ်ပေးနိုင်တယ်လို့ သိကြပါတယ်။ အသက်​အရွယ်​အရ ဖြစ်လာသော နာတာရှည်ရောဂါအချို့ရဲ့ သက်ရောက်မှုတွေကို စောစီးစွာ မခံစားရဘဲ လူငယ်ဆန်စေနိုင်တာပေါ့။ မုန်လာဥနီ ကတော့ ဗီတာမင်​ အေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင်​ အေ ဓာတ်ဟာ မျက်လုံး အမြင်အတွက်ကောင်းမွန်စေသလို အရေပြားကိုလည်း နုပျိုစေတာပါ။ အခြားတစ်ဖက်မှာတော့ အသားအရေ ညစ်ထေးထေးနဲ့ ဇရာအရိပ်အယောင်ဖြစ်ပေါ်စေတဲ့ ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့ သကြားမုန်လာက စွမ်းပါတယ်။

ပြီးတော့ သခွားသီးက ရေဓာတ်ကြွယ်ဝသလို ရေဓာတ်မြှင့်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အရေပြားလိုင်းတွေနဲ့ ကျီးခြေရာလေးတွေ ရှင်းလင်းနေတဲ့ ပုံသွင်ပေါ်အောင်ဆိုရင် အရေပြား ဆဲလ်တွေတိုင်းကို ရေဓာတ်အသေအချာဖြည့်ပေးနိုင်ဖို့ လိုတယ်လေ။ သခွားသီး ၊ မုန်လာထုပ်နီ၊ လိ​မ္မော်​သီး နဲ့ သံပုရာသီးတွေမှာ အရေပြားဆဲလ်တွေ ပျက်စီးတာကို အကာအကွယ်ပေးနိုင်တဲ့ စွမ်းအားမြှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သော ဗီတာမင် စီပါဝင်ပါတယ်။ အရေပြားကို နုညံ့တင်းရင်းစေတဲ့ ကော်လာဂျင်ဓာတ်တွေ ပိုမိုထုတ်လုပ်စေဖို့ ဗီတာမင်​ စီက အကူအညီရတာကြောင့်လည်းပါပါတယ်။

Alex Aung (25 May 2018)


Ref: Drink This Juice If You Want Glowing Skin
By Natasha Edwards

No comments: