Friday, June 15, 2018

ကော်ရည်ခေါက်ဆွဲ - နံရိုးပေါင်းခေါက်ဆွဲဆီချက် - ကင်မ်ချီပဲနို့ခေါက်ဆွဲ - မြေအိုးကြက်ဆီထမင်း -နို့မလိုင်ပေါက်စီ

ကင်မ်ချီပဲနို့ခေါက်ဆွဲ (Soya Milk Noodle With Kimchi)



          အုန်းနို့ခေါက်ဆွဲ၊ နို့စိမ်းခေါက်ဆွဲနည်းတူ ပဲနို့ခေါက်ဆွဲလေးလည်း လုပ်စားလို့ရပါတယ်။ အရသာဆိမ့်ဆိမ့်လေးနဲ့ ထူးခြားပြီး အာဟာရလည်းဖြစ်တဲ့ သက်သတ်လွတ်ခေါက်ဆွဲလေး ဖြစ်ပါတယ်။ ချက်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

♦   ဂျုံခေါက်ဆွဲ           –   နှစ်ပွဲစာ ပြုတ်ပြီးသား

♦   ကြက်သွန်နီ   –   ၁ လုံး

♦   ပဲပိစပ်ပဲပင်ပေါက်   –   လက်တစ်ဆုပ်

♦   ကင်မ်ချီ   –   ၁ဝဝ ဂရမ်

♦   ပဲနို့   –   500 ml

♦   Salted Soya Bean   –   လက်တစ်ဆုပ် (ပြုတ်ပြီးသား)

♦   ဆား  –   လိုသလောက်

♦   ဟင်းခတ်မှုန့်  –  ၁ ဇွန်း

♦   ဆီ           –   အနည်းငယ်


►   ပြင်ဆင်ပြုလုပ်နည်း

၁။      ကြက်သွန်နီကို အမြောင်းကြီးလှီးထားပါ။ ပဲပင်ပေါက်ရေဆေးကာ ကင်မ်ချီကို သေးသေးစိတ်ထားပါ။

၂။      အိုးတစ်ခုတွင် ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဆီသတ်ပါ။ ပဲပင်ပေါက်ချကြော်ပါ။

၃။      ပဲပင်ပေါက်ကျက်ပါက ပဲနို့ထည့်ပါ။ ကင်မ်ချီ ထည့်ပါ။ ဆားနှင့် ဟင်းခတ်မှုန့်ထည့်ပါ။ (ပဲနို့ကို နှစ်သက်ရာ အပျစ်အကျဲ ရေအနည်းငယ် ရောနိုင်ပါတယ်)

၎။      ဆူပွက်ပါက အရသာ အပေါ့၊ အငန်မြည်းပြီး ခေါက်ဆွဲထည့်ကာ ပြန်လည်ဆူပွက်စေပြီး ပန်းကန်တွင် တည်ခင်းကာ ပဲပိစပ်ပြုတ်၊ ငရုတ်သီးနှင့် ကင်မ်ချီတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။


နို့မလိုင်ပေါက်စီ..

     
 နို့မလိုင်ပေါက်စီကိုတော့ မန္တလေးရောက်ရင် တကူးတက စားဖြစ်တဲ့ အစားအစာတွေထဲက တစ်ခုအဖြစ် သိကြမှာပါ။ အချိုအဆိမ့်ကြိုက်နှစ်သက်သူများအတွက် တစ်ခါစားဖူးရုံနဲ့ စွဲမက်စေမယ့် နို့မလိုင်ပေါက်စီလေးပဲ ဖြစ်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ပေါက်စီအလွတ်  –  ၃ လုံး

နွားနို့ (အပျစ်)  –  ၃ ခွက်

နို့ယို  –  စားပွဲဇွန်း ၃ ဇွန်း

မလိုင်  –  ၃ ဇွန်း

နို့ဆီ  –  ၃ ဇွန်း

နို့စိမ်း  –  ၃ ဇွန်း

ထောပတ်  –  အနည်းငယ်

သီဟိုဠ်စေ့လှော်  –  ၃ ဇွန်း

စပျစ်ခြောက်  –  ၃ ဇွန်း

အုန်းသီးခြစ်  –  ၃ ဇွန်း


ပြင်ဆင်ပြုလုပ်ပုံ

၁။       ပေါက်စီအလွတ် ၁ လုံးကို ၄ စိတ်စိတ်ပြီး ပန်းကန်မှာ ထည့်ပါ။

၂။       နို့ယို ၁ ဇွန်း၊ မလိုင် ၁ ဇွန်း၊ နို့စိမ်း၊ နို့ဆီ၊ ထောပတ်နှင့် အုန်းသီးတို့ကို ထည့်ပါ။

၃။       ပြီးလျှင် ကျိုထားသော နွားနို့ထည့်ပါ။ အပေါ်မှ သီဟိုဠ်စေ့၊ စပျစ်ခြောက်ထည့်ပြီး ချိုစိမ့်မွှေး နို့မလိုင်ပေါက်စီကို သုံးဆောင်နိုင်ပါပြီ။

*        အချိုအတွက် နို့ယိုကိုအသုံးပြုထားသဖြင့် နို့ဆီကို မိမိလိုချင်သော အချိုအနေအထား ချင့်ချိန်ထည့်ပါ။

မြေအိုးကြက်ဆီထမင်း (Claypot Chicken Rice)



            စင်္ကာပူ၊ မလေးရှားမှာ နာမည်ကြီးလူကြိုက်များတဲ့ မြေအိုးကြက်ဆီထမင်းဖြစ်ပါတယ်။သူ့ရဲ့ထူးခြားမှုက ထမင်းကိုမြေအိုးနဲ့ချက်ပြီး အရသာနှပ်ထားတဲ့ကြက်သားတို့ အားလုံးကိုရောချက်ထားတဲ့ သင်းပျံ့မွှေးကြိုင်တဲ့ မြေအိုးထမင်းလေးပဲဖြစ်ပါတယ်။ ညစာအဖြစ်အစားများကြတဲ့အတွက် ဆိုင်တွေမှာတော့ မြေအိုးပေါင်းများစွာနဲ့ အသင့်ချက်ထားပြီး လက်မလည်အောင်ရောင်းကြရပါတယ်။ မြေအိုးနဲ့မချက်ဘဲ ထမင်းပေါင်းအိုးနဲ့လည်း အရသာတူချက်နိုင်သလို လူကြိုက်များပြီးအရသာထူးခြားချက်ရလွယ်ကူတဲ့ မြေအိုးထမင်းချက်နည်းလေး မျှဝေ ပေးလိုက်ပါတယ်။

►   ပါဝင်ပစ္စည်း

♦   ဆန်   –   ၃ ခွက် (ဆန်ချိန်ခွက်)

♦   ကြက်ပြုတ်ရည်   –   ၄ ခွက်ခွဲ (ဆန်ချိန်ခွက်)

♦   ကြက်သား   –   ၃ဝဝ ဂရမ်

♦   ချင်း   –   လက်ဖက်ရည်ဇွန်းတစ်ဝက်

♦   ပဲငံပြာရည် အကြည်   –   စားပွဲဇွန်း ၁ ဇွန်း

♦   ပဲငံပြာရည်အမည်း   –   တစ်ဇွန်း

♦   နှမ်းဆီမွေး   –   တစ်ဇွန်း

♦   ပြောင်းဖူးမှုန့် /ကော်မှုန့်   –   တစ်ဇွန်း

♦   ခရုဆီ   –   တစ်ဇွန်း

♦   ဆား   –   တစ်ဇွန်း

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   ဆီ    –   ၃ ဇွန်း

♦   ကြက်သွန်နီကြော်   –   ဖြူးရန်

♦   ကြက်သွန်မြိတ်/နံနံပင်

♦   ငရုတ်သီး   –   တွဲဖက်စားရန်


►    ပြင်ဆင်ပြုလုပ်ပုံ

၁။        ကြက်သားကို အတုံးသေးသေးတုံးပြီး ပန်းကန်တစ်ခုတွင် ဆား၊ ငရုတ်ကောင်း၊ ချင်း၊ ပဲငံပြာရည်အကြည်အ မည်း၊ ခရုဆီ၊ နှမ်းဆီမွှေး၊ ကော်မှုန့်တို့ကိုထည့်ပြီး ၁၅ မိနစ်ခန့်နှပ်ထားပါ။

၂။        ဆန်ကိုရေဆေးပြီး ၁၅ မိနစ်ခန့်ရေစိမ်ထားပါ။

၃။        မြေအိုး သို့မဟုတ် ပေါင်းအိုးတွင် ကြက်ပြုတ်ရည်ထည့်ပါ။ ဆန်ကိုရေစစ်ပြီး ထည့်ပြီးတည်ပါ။

၎။        မြေအိုးဖြင့်ချက်ပါက ဆူပွက်လျှင် မီးလျော့ထားပါ။ ရေခန်းခါနီးတွင် နှပ်ထားသောကြက်သားများကို အပေါ် မှဖြန့်တင်ပါ။ ဆီဆမ်းပါ။ (မှိုခြောက်၊ ပုစွန်ခြောက်၊ ကြက်အူချောင်းထည့်လိုပါက ဆီသတ်ထားပြီး အပေါ် မှတင်ပေးပါ။)

၅။        ပြီးလျှင် အဖုံးလုံအောင်အုပ်ပြီး မီးအေးအေးဖြင့်ထမင်းနှပ်ပြီး ကြက်သားကျက်အောင် ၁၅ မိနစ်ခန့်ထားပါ။ အဖုံးမဖွင့်ပါနှင့်။

၆။        ထမင်းနှပ်ပါက ကြက်သားအခြားအစာများနှင့်ထမင်းကို သမအောင်မွှေပေးပြီး ပူပူနွေးနွေး မွှေးကြိုင်နေသည့် မြေအိုးထမင်းကို ကြက်သွန်နီကြော်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးတို့ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

♦   Sofia   ♦

နံရိုးပေါင်းခေါက်ဆွဲဆီချက်



            ဒီချက်နည်းလေးက ကျွန်တော်တင်ပြဖူးတဲ့ ချက်နည်းလေးတစ်ခုဖြစ်တဲ့ ဝက်သားကြွက်နားရွက်မှိုပေါင်း ချက်နည်းလေးကို ပါဝင်ပစ္စည်းများ အနည်းငယ်ပြောင်းလဲပြီး ဆီချက်လေးအဖြစ် ပြန်လည်ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ နံရိုးနုလေးတွေကို ထုတ်ထုတ် ကိုက်ဝါးရတဲ့အရသာကို ကြိုက်နှစ်သက်ကြလိမ်မယ်လို့ ယုံကြည်ပါတယ်။ ပေါင်းလို့ရလာတဲ့ ပေါင်းရည်လေးနဲ့ ခေါက်ဆွဲအပေါ်မှာ ဆမ်းပြီးစားနိုင်ပါတယ်။

►   ချက်ပြုတ်နည်း

၁။        အသားများကို တရုတ်ပန်းအရက်၊ ဆား၊ သကြား၊ ခရုဆီတို့ဖြင့် နယ်နှပ်ထားပါ။ အကြော်ဒယ်အိုးမှာ ဆီနည်းငယ်ကို အပူပေးပါ။ ချင်းဓားပြားရိုက်နှင့် နာနတ်ပွင့်များထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာလျှင် အဖတ်များ ပြန်ဆယ်ထားပါ။ သကြားထည့်ပြီး ညိုလာသည်အထိ ထားပါ။

၂။        သကြားညိုလာလျှင် အရိုးနုများထည့်ကြော်ပေးပါ။

၃။        Pressure Cooker အိုးထဲမှာ မုန်ညင်းဖြူအရိုးများနဲ့ ကြက်သွန်မြိတ် အရင်းပိုင်းတွေကို အိုးကြမ်းပြင်မှာ ခင်းပြီး အပေါ်မှ ဆီသတ်ထားသောအဆာများ ထည့်ပါ။ ဆား၊ သကြားနှင့် ခေါင်းစိမ်းပဲငံပြာရည်တို့ ထည့်ပြီး အရိုးပြုတ်ရည်ကို အသားတုံးများမြုပ်ရုံထည့်ပြီး မိနစ် ၃ဝ ခန့်တည်ပေးပါ။

၎။        Pressure Cooker အငွေ့ကုန်သွားမှဖွင့်ပြီး အစာတွေအားလုံးကို ဒယ်အိုးတစ်လုံးထဲ ပြောင်းထည့် မီးအပူပေးပါ။ ရေလိုလျှင် ရေနွေးဆူပြီးသား ထည့်ပေးနိုင်ပါတယ်။ ခရုဆီ၊ တရုတ်မဆလာ၊ ပဲငံပြာရည်ထည့်ပြီး အရသာအပေါ့အငန်မြည်းပေးပါ။

၅။         ခေါက်ဆွဲပွဲပြင်ဖို့အတွက် အရိုးနုတုံးလေးများကို သပ်သပ်ဖယ်ထားပြီး ခေါက်ဆွဲတစ်ပွဲစာအတွက် အရည် နှစ်ဇွန်းဆမ်းပြီး ခေါက်ဆွဲကို တူနှင့်ဖွဖွသမအောင် နယ်ပါ။ ပန်းကန်တွင် ပြင်ဆင်ပြီး ပေါင်းပြီးသား အရိုးနုများ၊ ငရုတ်ကောင်းဖြူမှုန့်၊ ကြက်သွန်ဖြူဆီကျက်နှင့် ကြက်သွန်မြိတ်များနှင့် ပြင်ဆင်ပြီး သုံးဆောင်နိုင်ပါတယ်။


►   ပါဝင်ပစ္စည်းများ

♦   ခေါက်ဆွဲ (ပြုတ်ပြီးရေစစ်ထားပါ)   –   ၁ စည်း (၅ ပွဲစာ)

♦   ဝက်နံရိုးနု   –   ၃ဝ သား (အတုံးငယ်လေးများတုံးထားပါ)

♦   ကြက်သွန်ဖြု စဉ်းပြီး   –   ၆ တက် (တစ်ဝက်ကို ဆီချက်ချက်ထားပါ)

♦   မုန်ညင်းဖြူအရိုးပိုင်း   –   ၁ဝ ခု (ပေါင်းအိုးအောက်ခြေတွင် ခင်းရန်)

♦   ချင်း   –   အနည်းငယ်

♦   ဆီ   –   စားပွဲဇွန်း ၂ ဇွန်း

♦   နာနတ်ပွင့်   –   ၂ ပွင့်

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ခရုဆီ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ဆား   –   အနည်းငယ်

♦   တရုတ်ပန်းအရက်   –   ထမင်းစားဇွန်း ၁ ဇွန်း

♦  ခေါင်းစိမ်းပဲငံပြာရည်   –   စားပွဲဇွန်း ၁ ဇွန်း

♦   ရိုးရိုးပဲငံပြာရည်အကြည်   –   စားပွဲဇွန်း ၂ ဇွန်း

♦   ကြက်သွန်မြိတ်   –   ၃ ပင်

   (အရင်းပိုင်းသပ်သပ်ခွဲပြီး အရွက်ပိုင်းများကို ပါးပါးလှီးထားပါ)

♦   အရိုးပြုတ်ရည်   –   လိုသလောက်သုံးနိုင်ရန်

♦   တရုတ်မဆလာ   –   အနည်းငယ်

♦   ငရုတ်ကောင်းအဖြူမှုန့်   –   အနည်းငယ်

www.facebook.com/MYFOODIES (mm)

ကော်ရည်ခေါက်ဆွဲ   (Kaw Yay Khauk Swe)



            အားလုံးသိပြီးသားဖြစ်သော ကော်ရည်ခေါက်ဆွဲလေးက ခေါက်ဆွဲတွေထဲမှာ ငါးပိထောင်းလေးနှင့် တွဲစားရသောခေါက်ဆွဲဆိုပြီး လူငယ်တွေအကြိုက် ချဉ်စပ်လေးကတော့ ဘယ်အချိန်ပဲဆွဲဆွဲ ပြီးပြည့်စုံသော အရသာကို အမြဲခံစားရမှာပါ။ စည့်ရဲ့ ချက်နည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

►   ပါဝင်ပစ္စည်းများ (ကော်ရည်လုပ်ရန်)

♦   ခေါက်ဆွဲ   –   ၅ဝဝ ဂရမ် (အစို)

♦   ကြက်ပေါင်   –   ၂ ခု

♦   ပဲပင်ပေါက်   –   ၁ ခွက် (ပြုတ်ထားပါ။ ဟင်းချက်ရန်တိုင်းသောခွက်)

♦   ကန်စွန်းရွက်   –   ၁ စည်း (ပြုတ်ထားပါ)

♦   ဘဲဥ   –   ၂-၃ လုံး (ခလောက်ထားပါ)

♦   ပြောင်းဖူးကော်မှုန့်   –   စားပွဲဇွန်း ၂ ဇွန်း(ဖျော်ထားပါ)

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း (လိုသလောက် ထပ်ထည့်ပါ)

♦   ပဲငံပြာရည်   –   စားပွဲဇွန်း ၂ ဇွန်းခွဲ (ကြက်ပြုတ်ရန်)

♦   ချင်း   –   ၁ စင်တီမီတာ (ဓားပြားရိုက်ထားပါ)

♦   နံနံပင်   –   ၃ ပင် (ခပ်ကြမ်းကြမ်းလေး လှီးထားပါ)

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (အရွက်ပြုတ်ရန်)

►    ငါးပိထောင်းလုပ်ရန်

♦   ပုစွန်ငါးပိစိမ်း   –   စားပွဲဇွန်း ၂ ဇွန်း (မီးဖုတ်ထားပါ)

♦   ငရုတ်သီးစိမ်း   –   ၁၅ တောင့် (လှော်ထားပါ)

♦   သံပရာသီး   –   ၁ လုံး (အရည်ညှစ်ယူထားပါ)

♦   ဆား   –   အနည်းငယ်


►   ကော်ရည်ပြုလုပ်နည်း

၁။        ဇောက်နက်အိုးထဲ ကြက်ပေါင်၊ ပဲငံပြာရည်၊ ချင်းများထည့်ပြီး ရေ ကြက်ပေါင်မြုပ်တဲ့အထိထည့်ပြီး ပြုတ်ပါ။ အသားနူးလာလျှင်ရပါပြီ။ ကြက်သားများဆယ်ပြီး အအေးခံထား ပါ။ အသားအေးလျှင် ကြက်သားကို အမျှင်လေးတွေ မျှင်ထားပါ။ ပြီးလျှင် အသင့်ဖျော်ထားသော ကော်ရည်နှင့် အသားမျှင်များ ကြက်ပြုတ်ရည်ထဲ ပြန်ထည့်ပြီးတည်ပါ။ ပွတ်ပွတ်ဆူလာလျှင် မီးလျော့ပြီး ပူရုံလေးတည်ပါ။ ဘဲဥအနှစ်များ အမျှင်တွဲလေးတွေဖြစ်အောင် ဖြည်းဖြည်း ချင်း လောင်းထည့်ပါ။ ငရုတ်ကောင်းဖြူးပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။

၂။        ဖန်ဇလုံအကြီးထဲ ရေခဲများများထည့်ပြီး ရေထည့်ပါ။ ဇောက်နက်အိုးထဲ သကြားနှင့် ရေများများထည့်ပြီး ဆူ အောင်တည်ပါ။ ရေဆူလျှင် ပဲပင်ပေါက် စက္ကန့်ပိုင်းလောက် အရင်ပြုတ်ပါ။ ပဲပင်ပေါက်တွေဆယ်ပြီး ရေခဲရေထဲထည့် ပြီး အအေးခံထားပါ။ ရေပြန်ဆူအောင်တည်ပါ။ ရေဆူလျှင် ကန်စွန်းရွက်များပြုတ်ပါ။ နူးရုံလေးပဲပြုတ်ပါ။ ရေပူထဲမှ ဆယ်ပြီး ရေခဲရေထဲထည့်ပြီး အအေးခံထားပါ။ ကန်စွန်းရွက်များ ရေစစ်ပြီး အနေတော်လေးတွေပိုင်းထားပါ။

►   ငါးပိထောင်းပြုလုပ်ရန်

၁။        ကြိတ်စက်ထဲ သံပရာရည်ကလွဲလို့ ငါးပိထောင်း ပါဝင်ပစ္စည်းများအားလုံး မညက်တညက်ကြိတ်ပါ။ ငါးပိ ထောင်းထဲ သံပရာရည်များ ဖျန်းပါ။

၂။        သုံးဆောင်ရန် ပန်းကန်ထဲ ခေါက်ဆွဲကော်ရည် အရည်နှင့် အသီးအရွက်များ ငါးပိထောင်းထည့်ပြီး နံနံပင်လိုသလောက်ထည့်ပြီး ပူပူ (သို့) နွေးနွေးလေးသုံးဆောင်ပါ။

www.facebook.com/Syi Foodsgarden

ဆီချက်​​ခေါက်​ဆွဲ 



ပါဝင်ပစ္စည်းများ

ဂျုံခေါက်ဆွဲ  –  ၁၅၀ ဂရမ်

ကြက် (ပေါင်သား)  –  ၃၀ဝ ဂရမ်

ကြက်သွန်မြိတ်  –  အနည်းငယ်

ပဲငံပြာရည် (အကြည်)  –  စားပွဲဇွန်း ၁ ဇွန်း

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ဆီ  –  စားပွဲဇွန်း ၆ ဇွန်း

ကြက်သွန်ဖြူ  –   ၁၀ မြွှာ

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း


ပြုလုပ်ပုံအဆင့်ဆင့်

၁။       ကြက်သားကို ကြက်သားမှုန့်၊ ဆား၊ အရသာများထည့်ပြီး နူးလာသည်အထိ ပြုတ်ပါ။ ပြီးလျှင် အအေးခံပြီး ကြက်သားကို နွှင်ထားပါ။

၂။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ဆီချက်ချက်ပါ။ အနံ့မွှေးပြီးြွကပ်လာပြီဆိုလျှင် အအေးခံထားပါ။

၃။       ကြက်သွန်ဖြူဆီချက် ဆီ စားပွဲဇွန်း ၁ ဇွန်းဖြင့် ခရုဆီ၊ ပဲငံပြာရည်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့်တို့ကို ဆီသတ်ပါ။ ပူလာပြီဆိုလျှင် ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပြီှးကေခန ရအောင် ပြုလုပ်ပါ။

၎။       ခေါက်ဆွဲကို ရေဆူဆူမှာ ကျက်အောင်ပြုတ်ပါ။ ပြီးလျှင် ရေစစ်ပြီး ဇလုံထဲမှာကေခနယ ကြက်သား၊ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်မြိတ်တို့ဖြင့် နယ်ပေးပါ။ (ခေါက်ဆွဲ ပူနေချိန်မှာပင် နယ်ပေးရပါမည်)

၅။       ရပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

by အံ့ဝင့်ထွဋ် (MRTV-4)

No comments: