Monday, June 25, 2018

ဘာလို့ အမေရိကန်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုတွေ များလာတာလဲ ヅ



ဒီနေ့ မနက် Kirsten Powers ရေးတဲ့ “Americans are 
depressed and suicidal because something is 
wrong with our culture” ဆိုတဲ့ ဆောင်းပါးလေး
ဖတ်လိုက်ရတော့ သူရဲ့ သုံးသပ်ချက်လေးကို သဘော
ကျမိတယ်။  ပြီးတော့ သူရဲ့ဆောင်းပါးထဲမှာ လူ့အဖွဲ့အစည်း

ကို  ကူညီပေးလိုစိတ်တွေတွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့်အခု
သူ့ဆောင်းပါးလေးကို ဘာသာပြန်ပေးလိုက်ပါတယ်။
ဒီဆောင်းပါးဟာ ကျွန်တော်ရေးတဲ့ဆောင်းပါး မဟုတ်
ပါ။  Kirsten Powers ရေးတဲ့ဆောင်းပါးသာ ဖြစ်ကြောင်း
ကြိုတင်အသိပေးအပ်ပါတယ်။

“အမေရိကန်နိုင်ငံမှာ နေ့စဉ်နေ့တိုင်း ပျမ်းမျှ ကိုယ့်ကိုယ်
ကိုယ် 
သတ်သေမှု ၁၂၃ ခုခန့်ရှိနေပါတယ်။ ငွေရေးကြေးရေးနဲ့ 
ပုဂ္ဂလိကအောင်မြင်မှုကိုပဲ တန်ဖိုးထားတတ်လာတဲ့ ဒီလို
လူ့အဖွဲ့အစည်းကို စိတ်ကုန်နေကြတာကို စိတ်ရောဂါဖြစ်
တယ်လို့လာမပြောပါနဲ့” - Kirsten Powers

၂၀၀၄ခုနှစ် စက်တင်ဘာလတုန်းကပေါ့..လူတိုင်း မကြား
ချင်တဲ့ သတင်းစကား တစ်ခုကို ကျွန်မကြားခဲ့ရတယ်။

ကျွန်မအဖေ အသက် ၆၁နှစ်အရွယ်မှာ Heart Attack
ဖြစ်ပြီး ဆုံးပြီတဲ့…အဲ့ဒီအချိန်က ကျွန်မဘဝမှာ အခြား
ပြဿနာတွေ အများကြီးရှိနေခဲ့တဲ့ အချိန်ပါ။ ကျွန်မ
အမေက ရင်သားကင်ဆာရောဂါ ခံစားနေရတာ ၆လ
လောက်ရှိနေခဲ့တဲ့ အချိန်ပါ။ ကျွန်မကောင်လေးနဲ့လည်း
လမ်းခွဲခဲ့တဲ့ အချိန်ပါ။ ကျွန်မဘဝရဲ့ ရပ်တည်မှုလေး
 ပြိုကွဲနေတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ အသက်
မွေးဝမ်းကြောင်းမှာ နောက်ထပ်ဘာလုပ်ရမှန်း မသိဖြစ်
နေလို့ ကျွန်မ Freelance Consultant တစ်ဦး
အဖြစ် ခေတ္တ အသက်မွေးနေခဲ့ပါတယ်။

ကျွန်မ အဲ့ဒီအချိန်က စိတ်ပိုင်းဆိုင်ရာ ချုံးချုံးကျချိန်ပေါ့။
ဒါ့ကြောင့် စိတ်ဆရာဝန်တစ်ဦးဆီကို ကျွန်မ သွားပြခဲ့ပါ
တယ်။ ကျွန်မရဲ့ အရင် GP ဆရာဝန်ပေးထားတဲ့ စိတ်ကျ
ရောဂါဆေးတွေက ကျွန်မသောက်ရမယ့်ဆေးတွေ
မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ ပြီးတော့သူက ကျွန်မ
သောက်ရမယ့် ဆေးအသစ်တွေကို ညွှန်းပေးခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီဆေးတွေက ကျွန်မကို ပိုဆိုးစေခဲ့ပါတယ်။
ရက်အနည်းငယ်အတွင်း ကျွန်မ မတွေးသင့်တာတွေ
တွေးလာပါတယ်။ ကျွန်မ သေချင်လာခဲ့ပါတယ်။

ကျွန်မ အဖေမရှိတဲ့ဘဝကို ကျွန်မ ဆက်လက် မဖြတ်သန်း
ချင်တော့ပါဘူး။ ကျွန်မအဖေနဲ့ အကြာကြီး စကားပြောခဲ့တဲ့
ညတွေကို သတိရနေမိပါတယ်။ ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာ
နာကျင်မှုက တစ်ဖြည်းဖြည်း ဆိုးလာခဲ့ပါတယ်။ မနက်ပိုင်း
အိပ်ရာထဲက ထရတာ တော်တော်ခက်ခဲတဲ့ အလုပ်ပါ။
ကျွန်မ အစားအသောက်တွေလည်း မစားတော့ပါဘူး။
တစ်လအတွင်း ၁၅ ပေါင် ကျသွားခဲ့ပါတယ်။ ကျွန်မ

အသက်ရှင်စရာ ဘာအကြောင်းမှ မရှိဘူးလို့လည်း 

ထင်လာခဲ့ပါတယ်။

အခုရက်အတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ 

နာမည်ကျော်တွေ ဖြစ်တဲ့ Kate Spade နဲ့ Anthony
Bourdain တို့အကြောင်း ကြားမိတော့ ကျွန်မ Suicide
အကြောင်းကို ပိုမိုတွေးမိလာပါတယ်။ လူအများအမြင်
မှာ အောင်မြင်ပြီးပြည့်စုံတဲ့ဘဝကို နေထိုင်နေကြတဲ့
ဒီလူ၂ယောက် ဘာလို့ သတ်သေသွားတာပါလဲ..
ကျွန်မတို့နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ နှုန်းဟာ
၂၅%အထိ တက်လာပါပြီ။

ကျွန်မ National Suicide Prevention Lifeline က
ဒါရိုက်တာဖြစ်တဲ့ John Draper နဲ့ အင်တာဗျူးလုပ်ပြီး
ချိန်မှာ ကျွန်မရဲ့အမှောင်ကျခဲ့တဲ့ အချိန်တွေကို သူများ
တွေကို ပြောပြဖို့ဆုံးဖြတ်ခဲ့တာပါ။ “လူတွေ သိပ်ပြီး
နားမလည်တဲ့အချက်တစ်ခုက မီဒီယာဟာ Suicide
 နှုန်းကျအောင် လုပ်ဆောင်ပေးလို့ရတယ်”ဆိုတဲ့
အချက်ပါပဲ။ မီဒီယာတွေက Suicide ကိစ္စနဲ့ ဘယ်လို
သတ်သေသွားတယ်ဆိုတဲ့ ကိစ္စကိုပဲ ဦးစားပေး
တင်နေတဲ့အခါ Suicideကိစ္စကို ပိုပြန့်နှံ့လာပါတယ်။
အကယ်၍ မီဒီယာတွေက Suicideလုပ်ခါနီးသူတစ်
ယောက် ဘယ်လိုမျိုး အဲ့ဒီအနေအထားကနေ ရုန်းထွက်
ခဲ့တယ်ဆိုတဲ့ ဆောင်းပါးမျိုးတွေကိုသာ ဦးစားပေးမယ်
ဆိုရင် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနည်းသွား
မှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မာကို John Draper
 ပြောပြခဲ့တဲ့ အချက်ပါ။

အဲ့လိုဆောင်းပါးကို Suicide လုပ်ဖို့ စဉ်းစားနေသူက
ဖတ်မိပြီးသူ့အတွက် အားပေးဖော်ရသလို ဖြစ်သွားနိုင်
ပါတယ်။ ဒါမှမဟုတ်ဟယ်လီဘယ်ရီ၊ အယ်လ်တန်ဂျွန်၊
ဒရူးဘယ်ရီမိုးတို့လည်း တစ်ချိန်က Suicide လုပ်ခဲ့ပေ
မယ့် Suicide ကနေ ပြန်လည် ရုန်းထွက်နိုင်ခဲ့တဲ့
အကြောင်း သို့မဟုတ် အော်ပရာဝင်းဖေး၊ မိုက်ကယ်
ဖဲလ်၊ ဒမ်မီလိုဗာတိုး တို့လည်း Suicide လုပ်ဖို့ စဉ်းစား
ခဲ့ဖူးပေမယ့် မလုပ်ဖြစ်ခဲ့တဲ့အကြောင်း...အဲ့ဒါမျိုးတွေ
ကို မီဒီယာတွေက Focus လုပ်သင့်ပါတယ်။

Suicide လုပ်ရတဲ့အကြောင်းရင်းများ

လူတွေက Suicide လုပ်တဲ့သူတွေကို စိတ်ရောဂါ
ခံစားနေရတဲ့သူတွေလို့ ထင်လေ့ရှိကြပါတယ်။
ဒါပေမယ့် အဲ့ဒါ အမြဲတမ်းတော့ မမှန်ပါဘူး။
စိတ်ရောဂါဖြစ်တာ မဟုတ်ပဲ Suicide လုပ်မိစေတဲ့
အချက်တွေ အများကြီးရှိပါတယ်။ Relationship
မှာ အဆင်မပြေတာ၊ အထီးကျန်တာ၊ ဘဏ္ဍာရေး

ပြဿနာ ဖြစ်တာ၊ ဒါမှ မဟုတ် ကာယပိုင်းဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ဖူးတာ စတာတွေ
ကြောင့်လည်း ဖြစ်နိုင်ပါတယ်။တစ်ခါတစ်လေ
အဲ့ဒီလိုခံစားနေရတဲ့သူတွေက ပတ်ဝန်းကျင်ကို
အကူအညီတောင်းရင်တောင် ပတ်ဝန်းကျင်က
“အောင်မြင်တဲ့သူက သတ်သေစရာအကြောင်းမရှိ
ဘူး”ဆိုတဲ့ ပေတံကြီးနဲ့တိုင်းပြီး မယုံကြည်ချင်ကြ
ပါဘူး။ ကျွန်မတုန်းက ဆိုရင်လည်း ကျွန်မရဲ့
မိသားစုနဲ့သူငယ်ချင်းတွေက ကျွန်မဘဝဟာ
 အောင်မြင်နေတာပဲ၊ကျွန်မဟာ Suicide လုပ်ရ
လောက်တဲ့အထိ မပျော့ညံ့ဘူးလို့ ဝိုင်းပြောခဲ့ကြတယ်။
ကျွန်မရဲ့ စိတ်ဆရာဝန်ကိုယ်တိုင်က ကျွန်မပြောတာ
တွေကို သေချာနားမထောင်ခဲ့ပါဘူး။ သူက ကျွန်မ
ဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေမယ့်သူမျိုး မဟုတ်ဘူး
လို့ဆိုခဲ့ပါတယ်။ အဲ့ဒါတွေကို ထားလိုက်ပါတော့။ ကျွန်မ
Freelance Consultant အဖြစ်လုပ်ကိုင်နေတဲ့ Company
ရှိတဲ့ အဆောက်အဦးကို သွားရင်း အလွှာ(၂၀)က ပြတင်း
ပေါက်နားမှာ ကျွန်မရပ်နေမိပါတယ်။ ကျွန်မ ငိုနေခဲ့ပြီး
အဲ့ဒီပြတင်းပေါက်ကနေ ခုန်ချချင်ခဲ့ပါတယ်။

အဲ့ဒီနေ့ မတိုင်ခင်တုန်းကလည်း ကျွန်မ အိမ်က Oven
ကိုဖွင့်ပြီး ခေါင်းထည့်ထားခဲ့ပါတယ်။ ကျွန်မ မောင်လေး
တွေရဲ့ပုံရိပ်တွေ ခေါင်းထဲဝင်လာမှ ကျွန်မ သတိပြန်ဝင်
လာခဲ့တယ်။ သူတို့လည်း အဖေဆုံးတာကို ကျွန်မ
ဝမ်းနည်းနေသလို ဝမ်းနည်းနေမှာပဲလေ။ ကျွန်မမှာ
ဘာပြဿနာမှမရှိဘူးလို့ ကျွန်မ ဆရာဝန်က ထင်ပေ
မယ့် သူပြောင်းပေးခဲ့တဲ့ဆေးတွေ သောက်ပြီးမှ
ကျွန်မ ပိုဆိုးလာခဲ့တယ်။ အဲ့ဒီဆေးတွေကြောင့်
ကျွန်မသတ်သေဖို့ စဉ်းစားခဲ့တာလားဆိုတာတော့
ကျွန်မ မသိပါဘူး။ ဒါပေမယ့် ကျွန်မသိတာ တစ်ခု
တော့ရှိပါတယ်။ အဲ့ဒါကတော့ ကျွန်မSuicide
မလုပ်မိတာကို နေ့တိုင်း အောင်မြင်မှုကြီးတစ်ခု
လို့ ဂုဏ်ယူနေမိတာပါပဲ။

အဲ့ဒီနှစ်က ကျွန်မ Suicide မလုပ်မိပေမယ့် စိတ်ဓာတ်
တွေတော့ ကျနေခဲ့ပါတယ်။ Kate Spadeဟာ ၅နှစ်
လုံးလုံး စိတ်ကျရောဂါကို ကြံ့ကြံ့ခံနေခဲ့တာကို ကျွန်မ
ကြားတော့ သူဟာ တတ်နိုင်သလောက် အသက်ရှင်ဖို့
ကြိုးစားခဲ့သူပါလားလို့ ကျွန်မတွေးမိခဲ့ပါတယ်။

ကျွန်မတို့ ဘာလို့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားခဲ့
တာလဲ..

လူတွေ နားမလည်တဲ့အရာတစ်ခုရှိပါတယ်။ Suicide
လုပ်ဖို့ ကြံစည်နေသူရဲ့ ဦးနှောက်ဟာ ခံစားမှု အစိုးရ
သွားပြီး ပုံမှန် Logic ကျကျ မတွေးနိုင်တော့ဘူးဆိုတဲ့
အချက်ပါ။  အဲ့ဒါကို Congnitive Constriction လို့
ခေါ်ပါတယ်။ ဦးနှောက်ရဲ့ Pre-fontal Cortex လို့ခေါ်
တဲ့အပိုင်း အလုပ်မလုပ်တော့တာပါ။ (စာကြွင်း -
Pre-fontal Cortex ဆိုတာ လူတစ်ယောက်ရဲ့
အသက်ရှင် နေထိုင်လိုမှု၊ လူတစ်ယောက်ရဲ့ အကျင့်
စရိုက်၊ ဆုံးဖြတ်ချက်ချမှု စတာတွေနဲ့ ပတ်သက်နေတဲ့
ဦးနှောက် အစိတ်အပိုင်း ဖြစ်ပါတယ်။ အတွေးတွေနဲ့
လုပ်ရပ်တွေကို ချိန်ညှိပေးတဲ့ အဓိကနေရာဖြစ်ပါတယ်။)
အဲ့ဒီအပိုင်း အလုပ်မလုပ်တော့တဲ့အခါ Suicide ဟာ
အကောင်းဆုံး ထွက်ပေါက် ဖြစ်လာပါတယ်။ နောက်
ဘဝဟာ ပိုများ ကောင်းလာမလားဆိုတဲ့ အတွေးတွေ
ပေါ်လာပါတယ်။

ဒါပေမယ့် ဘာကြောင့်များ အမေရိကန်တွေဟာ အဲ့ဒီလို
စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ရောက်လာခဲ့တာပါလဲ။
ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ Johannn Hari ရေး
တဲ့ Lost Connections: Uncovering the Real Cause
Of Depression and the Unexpected Solutions
ဆိုတဲ့စာအုပ်ထဲမှာတော့ အနောက်နိုင်ငံတွေမှာ အဖြစ်
များလာတဲ့ Suicide ရဲ့ အကြောင်းရင်းဟာ ဦးနှောက်
ကြောင့် ဖြစ်တာ မဟုတ်ပဲ ကျွန်မတို့ နေထိုင်တဲ့ နေထိုင်

မှုပုံစံ၊ တွေးခေါ်မှုပုံစံ၊ ကျွန်မတို့ဘဝမှာ ဖြစ်နေတဲ့ ပြဿနာ
စတာတွေက မြစ်ဖျားခံတယ်လို့ ဆိုပါတယ်။ ကျွန်မတို့
ဟာ တစ်ဖြည်းဖြည်းနဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ
နဲ့ ဝေးကွာလာပါတယ်။ လူမှုကွန်ယက်ပေါ်က အပေါ်ယံ
ဂရုစိုက်မှုတွေက လွဲလို့ပေါ့။ နောက်တစ်ချက်က ကျွန်မ
တို့ဟာ ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုရောက်အောင်သာ
ကြိုးစားနေပြီး ဘယ်တော့မှ ကျေနပ်ရောင့်ရဲခြင်း မရှိ
ကြတာပါပဲ။

ဒီနှစ်အတွင်းမှာ ကြည့်ခဲ့ရတဲ့ အင်တာဗျူးတစ်ခုမှာ
သရုပ်ဆောင် Jim Carrey ပြောခဲ့တာလေးတစ်ခုရှိပါ
တယ်။ “လိုချင်ခဲ့တာတွေအားလုံးရရှိခဲ့ပြီး အမြဲရောက်
ချင်ခဲ့တဲ့ ပန်းတိုင်ကို ရောက်တဲ့အချိန်မှာ ငါမပျော်သေး
ပါလား” ဆိုတာကို သူတွေးမိတဲ့အကြောင်းပါ။ ကိုယ်
လို
ချင်ခဲ့တာတွေ အကုန်ရပြီးချိန်မှာတောင် မပျော်နိုင်

သေးဘူးဆိုတော့ သူ့အတွက် အံ့သြစရာတစ်ခုလို ဖြစ်
နေမှာပါ။ လူတွေက ပြောကြတယ်..အိမ်အသစ်လေးရမှ..
လစာတိုးမှ..ကလေးတွေရမှ..ပျော်မယ်ဆိုပြီးတော့ပေါ့။
ဒါပေမယ့် ကျွန်မတို့ အဲ့ဒီအချိန်တွေရောက်သွားရင်လည်း
မပျော်ကြပါဘူး။ တကယ်တော့ Jim Carrery ပြောသွား
တဲ့စကားက မှန်ပါတယ်။ နှစ်ပေါင်းများစွာ ကိုယ်လိုချင်
တာတွေနောက်လိုက်နေတာက စိတ်ဆန္ဒပြည့်ဝစွာ
ပျော်ရွှင်ခြင်းရဲ့ ဆန့်ကျင်ဘက် လုပ်ရပ်ဖြစ်နေပါတယ်။

တကယ်တော့ သင့်ကို ရေရှည်စိတ်ချမ်းသာစေမယ့်
အရာတွေကို ပိုက်ဆံနဲ့ ဝယ်လို့မရပါဘူး။  ငွေရေးကြေးရေး
နဲ့ပုဂ္ဂလိကအောင်မြင်မှုကိုပဲ တန်ဖိုးထား
တတ်
လာတဲ့ ဒီလိုလူ့အဖွဲ့အစည်းကို စိတ်ကုန်နေကြ
တာကို
စိတ်ရောဂါဖြစ်တယ်လို့လာမပြောပါနဲ့။ အဲ့ဒီ
အစား
ယနေ့ခတ် လူ့အဖွဲ့အစည်းရဲ့ တွေးခေါ်ပုံ၊ နေထိုင်
ပုံမှာ
တစ်ခုခုမှားနေပြီဆိုတာကို ကျွန်မတို့အရင်လက်ခံ
ရ
ပါမယ်။ ဘဝမှာ အဓိပ္ပါယ် ကင်းမဲ့နေလို့ ပိုမို အဓိပ္ပါယ်ရှိ
တဲ့ ဘဝလေးကို လိုချင်နေမိသူတွေကို စိတ်ရောဂါဖြစ်
တယ်လို့ ခေါ်တာ ရပ်သင့်ပါပြီ။ အဲ့ဒီအစား လူတွေ
အတွက် အဓိပ္ပါယ်ရှိတဲ့ ဘဝလေးကို ဝိုင်းဝန်းပြီး ဖန်တီး
ပေးသင့်ပါတယ်။ ပုဂ္ဂလိကအောင်မြင်မှုတွေထက်
အဓိပ္ပါယ်ရှိတဲ့ ဘဝကို အလေးပေးတဲ့ အဖွဲ့အစည်း
တစ်ခု ဖြစ်အောင် ကျွန်မတို့ လုပ်ရပါမယ်။

ခန္ဓာကိုယ်အတွင်းက ဓာတ်တွေမညီမျှလို့ ဆေးကုသမှု
ခံယူရမယ့်သူတွေလည်း ရှိပါတယ်။ မရှိဘူးလို့တော့ 

မပြောလိုပါဘူး။ ဒါပေမယ့် စိတ်ဓာတ်ကျနေတဲ့

အမေရိကန် အများစုက ကျွန်မတို့နိုင်ငံရဲ့ မှားယွင်း
နေတဲ့ 
လူနေမှုစတိုင်၊ အတွေးအခေါ်၊ ယဉ်ကျေးမှု
ကြောင့်ပါ။ 
သူတို့ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း
နေလို့ မဟုတ်
ပါဘူး။

ကျွန်မတို့ရဲ့ ယဉ်ကျေးမှုအလေ့အထနဲ့ တွေးခေါ်ပုံတွေကို
ပြောင်းဖို့က အရေးကြီးပါတယ်။ ကိုယ်တိုင်ခံစားခဲ့ရတဲ့
အမှောင်ဆုံးနေ့ရက်တွေကို တစ်ပါးသူကို ရိုးရိုးသားသား
ဖော်ပြရမှာ ဖြစ်ပြီး အဲ့ဒါဟာ ပထမခြေလှမ်း ဖြစ်ပါတယ်။
ဘဝကို အဆုံးသတ်ဖို့ စဉ်းစားနေသူတွေဟာ ဒီလို အဖြစ်
အပျက်မျိုးတွေကို ကြားသိဖို့လိုပါတယ်။ ဒါမှ ဒီလို Suicide
လုပ်ချင်တဲ့ အနေအထားကနေ လွတ်မြောက်နိုင်တယ်
ဆို
တာကိုသူတို့သဘောပေါက်မှာပါ။ ကျွန်မကတော့ 
ကျွန်မရဲ့
အမှောင်ဆုံးနေ့ရက်တွေ အကြောင်းရှင်တို့ကို
 ပြောပြီးပါပြီ။
အခုတော့ရှင်တို့အလှည့်ပေါ့...

Kirsten Powers ရေးတဲ့ဆောင်းပါးကတော့ ဒီနေရာမှာပဲ
အဆုံးသတ်သွားခဲ့ပါပြီ။ ကျွန်တော်သူရဲ့ ဆောင်းပါးလေး

ကိုဘာသာပြန်တာ အကြောင်းရှိပါတယ်။ အခုနောက်ပိုင်း

Suicideလုပ်ပြီးဆုံးခဲ့တဲ့ နာမည်ကျော်တွေ အများကြီး 

ရှိလာပါတယ်။Linking Parkက အဆိုတော် Chester,
နောက်ပြီး Avicii၊ နာမည်ကျော် အဝတ်အစားနဲ့လက်ကိုင်

အိတ်ထုတ်လုပ်သူKate Spade, နာမည်ကျော်
Celebrity 
Chef ဖြစ်သူ Anthony Bourdain စတဲ့
နာမည်ကျော်တွေ 
အားလုံး Suicide လုပ်ခဲ့ကြတယ်။

ကျွန်တော်ရဲ့ 
သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ စာအုပ်နဲ့
လက်ဆောင်စာအုပ်
မှာ ကျွန်တော်ပြောခဲ့တဲ့စကား
တစ်ခွန်းရှိတယ်..အဲ့ဒါက 
Success is Lifestyle
ဆိုတဲ့စကားပါ။ အောင်မြင်ခြင်းဆို
တာ ဘဝကို
ဘယ်လိုဖြတ်သန်းလဲဆိုတာပါပဲ။ ရုပ်ဝတ္တု
ပစ္စည်း
တစ်ခုခုပိုင်တဲ့အခါ စိတ်ချမ်းသာသွားမယ်လို့ မထင်
ပါနဲ့။
အောင်မြင်မှု တစ်ခုခုရမှစိတ်ချမ်းသာမယ်လို့ မထင်
ပါနဲ့။
လူတွေရဲ့ လိုချင်တပ်မက်မှုဟာ ဘယ်တော့မှ ရပ်တန့်

လေ့မရှိပါဘူး။ အောင်မြင်မှုဆိုတာသင်ဘယ်လို ဘဝ
ကို
 ဖြတ်သန်းလဲဆိုတာနဲ့ပဲ တိုင်းတာသင့်ပါတယ်။
ရုပ်ဝတ္ထု
ပစ္စည်းတွေနဲ့ အကာတွေ ခေတ်စားလာတဲ့
ခတ်ကြီးထဲမှာ 
သင့်ရဲ့ စဉ်းစားတွေခေါ်ပုံဟာ အရေးကြီး
လာပါပြီ။

အလုပ်မကြိုးစားရဘူး..အောင်မြင်အောင် မလုပ်ရဘူးလို့
မဆိုလိုပါဘူး။ ဘာပဲလုပ်နေလုပ်နေ..ဘယ်လိုပဲ မျှော်လင့်
ချက်ရှိရှိ..ကြိုးစားရင်း ဘဝကို ပျော်အောင်နေဖို့ ဆိုလိုတာပါ။
Happiness is not a destination ပါ။ ပျော်ရွှင်မှုဆိုတာကို
ပန်းတိုင်လို့မသတ်မှတ်ပါနဲ့။ ပျော်ရွှင်မှုဆိုတာ နေ့တိုင်း
ရရှိအောင် ကြိုးစားသင့်တဲ့အရာပါ။ နေ့တိုင်း အတတ်နိုင်ဆုံး
ပျော်အောင်နေပါ။ အောင်မြင်ရင်...ပျော်ရွှင်မယ်ဆိုတဲ့

Mindsetကို ဖျောက်လိုက်ပါ။ ပျော်အောင်နေတတ်မှ
ပျော်မှာဖြစ်ပါတယ်။


#မိုးရှင်း (I.M.T) ဘာသာပြန်သည်။

No comments: