Tuesday, June 12, 2018

Samsung Galaxy J6 (2018) Review



Price - 315000

ဒီရက်ပိုင်းအတွက် Page ကို အာရုံစိုက်ဖို့ အတော်အားနည်းခဲ့တယ်၊ ဟိုတလောက Samsung A6+ မိတ်ဆက် ပွဲတက်ထားတာ သိပ်မကြာသေး၊ J Series ထဲက J4 & J6 ကိုမိတ်ဆက်မယ်လို့ပြောသွားတယ် ဒီအတိုင်း ကို့အတွက် အာရုံသိပ်မလာတဲ့ ဖုန်းတွေမို့ ပေါ့ပျက်ပျက်ပဲ Specs တောင်မဖတ်ပဲ နေသာသလိုနေလိုက်တယ်၊ လုပ်ချင်တဲ့ Review တွေအတွက် Unit ကြိုးစားရှာနေပေမယ့် မရသေးတော့ Page ရဲ့ Activity ကအတော်ကျသွားတယ်၊ မတတ်နိုင်ဘူးလေ ဖြေးဖြေးလေးပဲ လိမ့်တာပေါ့၊

တကယ်တော့ ဒီဖုန်းကို Review လုပ်ဖို့ မရည်ရွယ်ထားခဲ့ဘူး ကိုယ်တွေအကြိုက်ထဲလည်း မပါခဲ့လို့လဲပါတယ်၊ ဒါပေမယ့်
လက်ထဲရောက်လာတော့ "စမ်းမယ်ကွာ"ဆိုပြီး ယူထားလိုက်တယ်၊ လက်ထဲရောက်ပြီး ၂ ရက်လောက်ထိ ဖုန်း Specs နဲ့ ဈေးကိုတောင်မသိသေးဘူး၊ ဒီအတိုင်း ကိုယ်တွေ ပုံမှန်စမ်းနေကြ App တွေသွင်းပြီး သီချင်းလေးတွေထည့်ထားလိုက်တယ်၊ Pacific Rim ဇာတ်ကားလေး ဒေါင်းပြီးမှ"ငါ့မှာကြည့်စရာ AMOLED Display ဖုန်းလေးရှိပါလား"ဆိုပြီး သတိတရနဲ့ Review ဖြစ်လာရင်း အထင်သေးမိခဲ့တဲ့ စိတ်တွေပြောင်းလဲလာတယ်။ ကဲ....စလိုက်ရအောင်။

Design and Build Quality 

လက်တစ်ဖက်ထဲ ကိုင်လို့အဆင်ပြေတဲ့အနေထားရှိတယ်။ ရိုးရိုးရှင်းရှင်းကြီး ကျောဘက် ကင်မရာလည်း တအားကြီးဖုထွက်မနေသလို ဆွဲဆောင်မှုလည်း သိပ်မရှိဘူး။ Finger Print Position က လက်နဲ့ အဆင်ပြေတဲ့အနေအထားမှာရှိတယ်။ 2018 ရောက်လာတော့ J Series လည်း ရှေ့ဘက်ခြမ်းက Home Button တွေ အကုန်ပြုတ်ကုန်တယ်။ အပေါ်ဘက်မှာတော့ ဘာမှမပါဘူး ပြောင်အရှင်းကြီး၊ အောက်ဖက်မှာတော့ Micro USB- Type B, Mic and Headphones Jack ၊ ဘယ်ဘက်ခြမ်းမှာတော့ SD CARD Slot, SIM Slot and Vol Up Down ပါ၊ ညာဘက်မှာတော့ Speaker and Power Button ပါ။ လက်ထဲ ကိုင်ရတဲ့ Feel က ကျစ်လစ်မှုရှိတယ် လှတော့မလှပေမယ့် ယဉ်တဲ့အထဲမှာပါပါတယ်။ ခလုတ်နိုပ်ရတဲ့ အရသာက အရမ်းကြီး မမာဘူး ၊ ခပ်ပျော့ပျော့လေးလည်း မဟုတ်ဘူး အနေတော်လေးပဲ
ကျောဘက်ခြမ်း မကြိုက်ပေမယ့် ရှေ့ဘက်ခြမ်းက ကြိုက်တဲ့အထဲပါပါတယ်။ ဒါပေမယ့် Gorilla Glass တော့မဟုတ်ပါဘူး။ အရောင်အနေနဲ့ အနက်ရောင်၊ရွှေရောင်နဲ့ ခရမ်းရောင်တို့ကို ရရှိမှာပါ။

Display and Audio

720p AMOLED Display ကိုသုံးထားပါတယ်။ သိတဲ့အတိုင်းပဲ AMOLED ဆိုတော့ Color အနေအထား တောက်နေတာတွေက ပြောစရာမလိုဘူး အခြား ၃ သိန်းဝန်းကျင် က LCD ဖုန်းတွေထက် ရုပ်ထွက်ကောင်းပေမဲ့ 720p Resolution ပဲပါတာက ဝမ်းနည်းစရာပါ (Samsung ရဲ့ Budget Level ကိုလ်း)၊ အရမ်းကြီး ရုပ်ထွက် ကျနေတာမဟုတ်ပေမဲ့ ၃ သိန်းဝန်းကျင်မှာ 1080p AMOLED ဆိုရင် အတော်တန်မှာပါ (ဟဲဟဲ 😂)၊ Screen Size ကတော့ 5.6" ကျယ်တယ်၊ 18.5:9 Ratio နဲ့ဆိုတော့ ထူးပြီးပြောစရာမလိုဘူး သုံးရတာ ရှည်တယ်၊ ရုပ်ရှင်ကြည့်လို့ကောင်းတယ်။ တစ်ခုတော့ရှိတယ် 1080p Movie တွေကြည့်တဲ့အခါ အမှောင်ခန်းတွေမှာ Noise တွေအတော်ထတယ်၊ ဆိုတော့ ရုပ်ရှင်ကြည့်ရင် 720p Movie တွေပဲ သွင်းကြည့်တာပို အဆင်ပြေပါလိမ့်မယ်။

အသံပိုင်းအနေနဲ့ တိုးသလိုခံစားရတယ် (တအားကြီးတော့မဟုတ်ဘူး) ဖုန်းရဲ့ညာဘက်ခြမ်း အပေါ်မှာ Speaker ဆိုတော့ အသံထွက်တာ တမျိုးလေး၊ Movie ကြည့်တဲ့အခါ ဘယ်ဘက်လက်ကကိုင်ရင် လက်ငြိုးနဲ့ သွားသွားပိတ်မိတယ်။ တစ်ခါတစ်လေ ရုပ်ရှင်ဇောကြောင့် အသံတွေကိုပိတ်မိသွားတာတွေ သတိမထားမိလိုက်ဘူး။ အဲ့တစ်ခုတော့ သိပ်သဘောမကျဘူး။ Dolby ATMOS ပါတယ်ဆိုတော့ နားကျပ်နားထောင်ရင် ရှယ်ပဲ နားကျပ်ကောင်းကောင်းတော့ဆောင်ထားပါ။

Performance and Battery 

Performance ပိုင်းက မဆိုးဘူးဆိုတဲ့အနေအထားမှာရှိတယ်။ SoC က Exynos 7870 ကိုသုံးထားတယ်။ သူနဲ့ Level တန်းမှာ Snapdragon 625 တို့ Kirin 659 တို့နဲ့အတူတူပဲ သိပ်ကွာတာမဟုတ်ဘူး။ တစ်ခါတစ်လေ ဂိမ်းဆော့တဲ့အခါ သူက တောင် Smooth ပိုဖြစ်တယ်လို့ ထင်ရလိမ့်မယ်၊ ဥပမာ PUPG လိုဂိမ်းမျိုးကို Setting အမြင့်နဲ့ဆော့မရပေမယ့် သူက ပို Smooth ဖြစ်တယ်၊ ဒါကလည်း သူကပိုကောင်းနေတာမျိုးမဟုတ်ပါဘူး သူ့ရဲ့ 720p Display ကြောင့် Smooth ဖြစ်နေတာပါ။ Heavy App တွေ Switch လုပ်ရာမှာ လစ်သွားတာမျိုးမရှိပေမဲ့ အမြဲလိုလို Facebook Scrolling မှာ ထစ်နေတာများပါတယ်။

Battery ပိုင်းမှာတော့ သာမာန်ပါပဲ အများကြီးပိုကောင်းလာတာမျိုးတော့မဟုတ်ပါဘူး။ မိုးတွင်းမို့လားမသိ အရမ်းကြီးပူတာတွေလည်း သိပ်မတွေ့ရဘူး။

Security ပိုင်းမှာ Fingerprint and Face Unlock ပါပါတယ်။ အလုပ်လုပ်ပုံတိကျတယ်ဆိုပေမဲ့ အချို့ဖုန်းတွေနဲ့ ယှဉ်ရင် နှေးနေပါတယ်။

Camera and Video Recording 

Camera က Rear ဘက်မှာ 13MP ကို f/1.9 နဲ့သုံးထားတယ်၊ ကင်မရာပိုင်းမှာတော့ သူနဲ့ Level တူတွေနဲ့ယှဉ်ရင် သဘောကျစရာကြီးတစ်ခုတော့မဟုတ်ပါဘူး၊ Auto Mode မှာ Dynamic Range တွေသိပ်မကောင်းဘူး။ ရေဆေးပန်းချီးကားဆန်တယ်ပုံတွေတွေ့ရတယ်။ ရုပ်ထွက်က ဖြူဖျော့ဖျော့ဆန်ဆန်တယ်။ Detail and Sharpness တွေမှာ မသေသပ်တာလေးတွေတွေ့ရတယ်။ HDR မှာတော့ ကောင်းမွန်ပါတယ်။ Low Light မှာ f/1.9 သုံးထားပေမဲ့ ထင်သလောက်မတိုးတတ်ဘူး။ လက်နည်းနည်းလေး မငြိမ်တာနဲ့ ဝါးတာများတယ်၊ Indoor မှာဆိုရင် Noise လေးတွေ မဆိုသလောက်ထနေပါတယ် သိုသော် Detail တွေကျတယ်။ အပြင်မှာတော့ မဆိုးဘူးဆိုတဲ့အနေအထားပါ။ Night Mode နဲ့ဆိုရင် ရုပ်ထွက် မဆိုးဘူး။ Pro Mode ကတော့ မပြည့်စုံဘူး၊ White Balance, Exposure and ISO ပဲပါပါတယ်။ 😞 အခြားသောအနေနဲ့ Sticker တို့ Beauty Mode ပါပါတယ်။ Rear Camera မှာ Selective Focus မပါပေမဲ့ Front Camera မှာပါပါတယ်။ Portrait Mode တောင့်တနေတဲ့သူတွေ Selfie မှာဆွဲလို့ရတယ်။ 8 MP f/1.9 ဆိုပေမဲ့ ရုပ်ထွက်ကြီးက Natural မဆန်ဘူး။ ကင်မရာပိုင်းကိုတော့ သိပ်သဘောမကျလို့ ပြောစရာစကားအတော်ရှားပါတယ်။ Video Recording မှာတော့ 1080 FHD ရိုက်လို့ရပါတယ်။ သဘောကျတာတစ်ခုက 1:1 Video လေးရိုက်လို့ရတယ်၊ Gif အဖြစ်လည်း Export ထုတ်လို့ရတယ်ဆိုတော့ စနောက်ဖို့ Gif လေးတွေလုပ်လို့ရတဲ့အတွက် Third Party app မလိုတော့ပါဘူး။

Other Options အနေနဲ

ဒီ J6 က Huawei က Nova 3e နဲ့ ဖိုက်ဖို့ထုတ်ထားသလားပဲ... Performance ချင်းမှာ J6 က သာတယ်ဆိုပေမဲ့ 720p ပဲပါတဲ့ AMOLED က နှမျောစရာပါ၊ ဒီဇိုင်းလှပ သေသပ်မှုမှာတော့ Nova 3e ကသာပါတယ်။ ကင်မပိုင်းတွေတအားကြီးတော့ကွာတယ်မမြင်ဘူး။ Pre Order ပဲရှိသေးလို့ မှာမယ်ဆိုရင် ကျားပေါက်၊ လင်းလင်း၊ ဝေလတို့ ပါတဲ့ Show ပွဲလက်မှတ်ရရှိမှာပါ။ အဲ့အပြင် ကြိုတင်မှာယူသူတွေကို Remax M11 Bluetooth Speaker ပါရရှိမှာဆိုတော့... အခြားသောတရုတ်ဖုန်းတွေမကိုင်ချင်ဘူး Branded မှဆိုသူတွေအတွက် ဈေးအသင့်အတင့် နဲ့ ဒီ J6 လေးကရွေးချယ်စရာဖြစ်နေမှာပါ။


Credit: Planet X

#planetx #samsung #j6 #2018 #review

No comments: