Thursday, April 12, 2018

🌟အသုံးချခံရသော ဘဝများ🌟



▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
တောင်ကိုရီးယားနိုင်ငံမှ ဖြစ်ရပ်မှန်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

🌟အပိုင်း-၁

ကျွန်တော့်နာမည် ယူ ဂျိ ချောလ်....။

 á‚á€˝á€…ယ်ပဍငယးမျဏးစဟဏ ဘယ်သူ့ကိုမှ ရင်ဖွင့်လို့မရတဲ့ ပြဿနာတစ်ခု ကျွန်တော့်ဆီမှာရှိနေခဲ့တယ်။

အဲဒီပြဿနာကတော့ ကျွန်တော်..သူ့ကို အမြဲ တွေ့ချင် မြင်ချင်စိတ်တွေ.. သူငယ်ချင်းထက်ပိုတဲ့စိတ်တွေ ဖြစ်နေတာပါပဲ..။

ကျွန်တော်နဲ့သူ တကျောင်းတည်းအတူတက်ခဲ့တာပေါ့...။

အလယ်တန်းမှာ အတန်းကွဲနေခဲ့သေးတယ်...။ အထက်တန်းရောက်တော့ တတန်းတည်းပြန်ကျပြန်ရော...။

ကျွန်တော့်ကိုယ် ကျွန်တော် သတိပြုမိတာကတော့ ကျွန်တော် အထက်တန်းကျောင်းသားရောက်တဲ့အရွယ်မှာပါ.....။ ကျွန်တော် သူ့ကိုတွေ့ရင် ထိန်းလို့မရအောင် ရင်ခုံ စိတ်လှုပ်ရှားနေမိတာပါပဲ...။

ကျွန်တော့်ကိုယ် ကျွန်တော် မုန်းတယ်ဗျာ... ရှက်လဲရှက်တယ်...။ သူသိသွားမှာစိုးလို့ သူ့ကို စကားမပြောမိအောင် အမြဲရှောင်တယ်..။

တစ်နေ့ထက် တစ်နေ့ ကျွန်တော့် အခြေအနေ ပိုဆိုးလာတယ်ဗျာ...။

ကျွန်တော် သူ့ကိုအမြဲရှောင်ဖို့ကြိုးစားနေရင်းက အမြဲတွေ့ချင်နေမိတယ်...။ ရုန်းထွက်လို့မရပြီ...။

ဒီလို...ကျွန်တော် ယောက်ျားတစ်ယောက် ဖြစ်ပါလျှက်နဲ့ အခြားယောက်ျားတစ်ယောက်ကို ချစ်မိနေတာ ဘဝပျက်မတတ် ခံစားရတယ်။

ကျွန်တော့်ကို " အခြောက်" ( gay ) လို့ လူတွေက နှိမ်ချကဲ့ရဲ့ကြမှာလား..?

ကျွန်တော့်အတွက် အခြားထွက်ပေါက်မရှိတော့ဘူးလား..?

:::::::::::::::::::::::::

ကျွန်တော် မိန်းကလေးတွေကို စိတ်ဝင်စားဖို့ကြိုးစားကြည့်ပေမဲ့ ဘယ်လိုမှ မရ...။ စိတ် ဆိုတာ အတော်ကြောက်ဖို့ကောင်းတယ်ဗျာ...။

ကျွန်တော်ဟာ မိန်းမလှလေးတွကို ချစ်မိဖို့ကြိုးစားလေလေ  á€™á€­á€”á€šá€¸á€€á€ąá€œá€¸á€ąá€á€źá€›á€˛á‚•á€˜á€á€€á€­á€Ż အားကျတဲ့ ခံစားချက်မျိုး ရလာလေလေ...။

ငါသာ မိန်းကလေးဖြစ်ခဲ့ရင်...ဆိုပြီး စိတ်ကူးယဉ်နေမိတာအမော..။

ဒါနဲ့ အထက်တန်းကျောင်းမနည်းပြီးအောင်တက်လိုက်ရတယ်...။ကျွန်တော် ငိုခဲ့ရတဲ့နေ့တွေ ရေတွက်လို့မရပြီ...။

နောက်ဆုံးတော့ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်...။

အထက်တန်းကျောင်း ပြီးတာနဲ့ ကျွန်တော်ရသမျှအလုပ် ဝင်လုပ်ပြီး ပိုက်ဆံစုတယ်...ပြီးတော့  á€Ąá€ąá€™á€ˇá€€á€­á€Ż ဖွင့်ပြောလိုက်တယ်။

"အမေ... သား မိန်းမတစ်ယောက် အဖြစ်ရပ်တည်ပါရစေ.. သားကို ခွဲစိတ်ပေးပါ.."

ကျွန်တော်နဲ့အတူ မိသားစုတစ်ခုလုံး ငိုမိကြတယ်..။ ကျွန်တော် ဘာမှမတတ်နိုင်... ဒါ ကျွန်တော့် ဘဝပေးပါပဲ...။

:::::::::::::::::::::::::

ဒီလို ရင်းနှီးမှုတွေ ကြိုးစားမှုနဲ့ နောက်ဆုံးမှာ ယူဂျိအန်း ဆိုတဲ့ မိန်းမဘဝကို ပြောင်းခွင့်ရတဲ့နေ့ကို ပိုင်ဆိုင်ခဲ့ပြီ...။

ယောက်ျားလေးတွေကို ကျွန်မ...’အိုပါး’ လို့ခေါ်ခွင့်ရခဲ့ပြီ..။

ဒီအချိန်မှာ...ကျွန်မ အရင်ဆုံးတွေ့ချင်တဲ့သူကတော့ကျွန်မ ချစ်ရတဲ့သူ ဆော အင် ဆောက်....။ သူ...ကျွန်မကို လုံးဝ မမှတ်မိဘူး...။

ကျွန်မ ဘဝအသစ်ထပ်စတော့ ကျွန်မ အသက် -၂၅ နှစ်ပါ...။ လူတကာငေးကြည့်ရအောင် ကျွန်မကိုယ်ကျွန်မ လှအောင်နေတတ်တယ်...။

ကျွန်မ ဆော အင် ဆောက်ကို မရ ရအောင် ချဉ်းကပ်ခဲ့တယ်။ ကျွန်မ အိပ်မက်တွေ အကောင်အထည်ဖော်ရမယ်လေ....။

အို... ပျော်လိုက်တာ...။
ကျွန်မ အိပ်မက်တွေ တကယ့်ကို အကောင်အထည်ပေါ်လာပြီ...။

ကျွန်မနဲ့သူ မျက်စိအောက်က အပျောက်မခံနိုင်အောင် သိပ်ချစ်ကြတဲ့ ချစ်သူတွေဖြစ်လာကြပြီလေ...။

:::::::::::::::::::::::::

ဒီလိုနဲ့ တစ်နှစ်ကျော် နှစ် နှစ်နီးပါးဖြစ်လာတယ်။ တဆင့်တက်ပြီး ကျွန်မ သူ့ကိုလက်ထပ်ချင်လာတယ်..။

သူကျွန်မကို ချစ်နေတယ်ဆိုတဲ့ အားကိုးနဲ့ အမှန်အတိုင်းဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တဲ့ တစ်နေ့ပေါ့....၊

" မောင်...ကျောင်းတုန်းက ယူ ဂျိ ချောလ် ဆိုတဲ့သူကို သိလား.."

"သိသားပဲ.. ဟို ခပ်နွဲ့နွဲ့နဲ့ကောင်မဟုတ်လား...? အခြောက်လိုလို ... ဟားဟား.... သူ့ကို မင်းဘယ်လိုသိတာလဲ အချစ်..?"

"......."

"ဘာလို့လဲ ... အချစ်? မျက်နှာလည်း မကောင်းပါလား..ငိုနေတာလား..??"

"မောင်..., အမှန်တော့ ကျွန်မက ယူ ဂျိ ချောလ်ပါ... ကျွန်မ လိင်ခွဲစိတ်ကုသမှုခံယူလိုက်တာ..."

ဆော အင် ဆောက် ကြောက်လန့်တကြား ထ ခုန်လိုက်တာ တွေ့ရတယ်...။

ပြူးကျယ်တဲ့မျက်လုံးတွေနဲ့...

"မင်း.. မင်း မနောက်ပါနဲ့ကွာ.. ငါ ကြောက်တယ်..."

"မနောက်ပါဘူး မောင်ရယ်.. ကျွန်မ မောင့်ကို ငယ်ငယ်တည်းကချစ်ရတာပါ.. မောင့်ကို ချစ်လွန်းလို့ ဘဝပြောင်းခဲ့တာပါ.. ကျွန်မကို ပစ်မသွားပါနဲ့နော်..."

မောင်ပျို့အန်မလိုဖြစ်သွားတယ်။ မောင်ပြောလိုက်တဲ့စကားတစ်ခွန်းကတော့...

" မင်း ...မင်း...ငါ့အနား မလာနဲ့..."

ဒါပေမဲ့ အဲဒီနေ့က စပြီး မောင်ဟာ ကျွန်မကိုထားခဲ့တော့တယ်....။

ကျွန်မနဲ့ပတ်သက်ပြီး တော်တော်စိတ်ဒါဏ်ရာရသွားပုံရတယ်...။

သွားပြီ....။ ဘဝ ထပ်ပျက်ပြန်ပြီကော...။

ကျွန်မ ငိုရတဲ့နေ့တွေ ပြန်ရောက်လာခဲ့တယ်...။

:::::::::::::::::::::::::

မောင့်ကို ဒုက္ခမပေးချင်လို့ အဝေးကနေပြီး တိတ်တိတ်လေး လိုက်ကြည့်နေမိတယ်။

မောင်က အထက်တန်းတုန်းက သူငယ်ချင်း ဘာ့ခ် ဆောင်ဂျူးဆိုတဲ့ကောင် နဲ့ အတွဲများလာတယ်။

မောင်..ကျွန်မအတွက် တော်တော် ခံစားနေရတာများလား?...။ အရက်တွေသောက်လာတယ်...။

သူငယ်ချင်းတစ်ယောက်လို ဘာမှမဖြစ်သလို မောင့်ကို ပြန်ချဉ်းကပ်မှ...။

:::::::::::::::::::::::::

တစ်နှစ်လောက်ကြာသွားတယ်...။

မောင်နဲ့ မောင့်သူငယ်ချင်း အရက်အတူတူသောက်နေတုန်း  á€€á€źá€şá€”ယမ အရဲစွန့်ပြီး ဆိုင်ထဲဝင်သွားလိုက်တယ်..။ ပြီးတော့.. ခရီးကြုံသလို ဟန်ဆောင် နှုတ်ဆက်လိုက်တယ်။

" ဟယ်... ဆောအင်ဆောက် မဟုတ်လား... "

"ဪ... ဂျိအန်... နင် ဒီနေရာ ဘာလာလုပ်တာလဲ.. မတွေ့ရတာကြာပြီနော်..."

" ဒီဘက်လာရင်းနဲ့ နင်နဲ့တူပါတယ်ဆိုပြီး ဝင်လာတာ..."

"အေး..လာထိုင် ... ဒါ ဘာ့ခ် ဆောင်းဂျူးတဲ့..."

အင်း.. သိတာပေါ့.. ကျောင်းတုန်းက ဘာ့ခ် ဆောင်းဂျူး...။ နင်ကသာ ငါ့ကို မမှတ်မိတာ...။ မောင့်ကို ဒီလိုပြန်စကားပြောခွင့်ရလို့ ဝမ်းသာနေမိတယ်။ အဲဒီတုန်းက ကျွန်မတို့အားလုံး အသက် ၂၈ နှစ်အရွယ်ရောက်နေကြပြီပေါ့။

:::::::::::::::::::::::::

ဇာတ်လမ်းအသစ် စပြီ...။
မောင့်သူငယ်ချင်း ဘာ့ခ်ဆောင်းဂျူးက ကျွန်မကို  á€ťá€™á€„ယဝမငယချငယးပဲ အတော်ကြွေသွား ပုံတယ်...။

ဒါ...ကျွန်မ အိပ်ပျော်နေတဲ့မောင့်အချစ်ကို ပြန်နှိုးဖို့ အခွင့်အရေးပဲ...။

ဘာ့ခ် ဆောင်း ဂျူး... ကျွန်မရဲ့ သားကောင်!

မောင့်သူငယ်ချင်းကို ဖော်ဖော်ရွေရွေပြန်ဆက်ဆံလိုက်တယ်...။

ဘာ့ခ်ဆောင်းဂျူးက ကျွန်မကိုတွေ့ချင်တိုင်း မောင့်ကို အကူအညီတောင်းတယ်။

ကျွန်မတို့ ၃ ယောက် တတွဲတွဲဖြစ်လာတယ်။ ဒီနည်းနဲ့ မောင့်ကို မကြာခဏတွေ့ခွင့်ရလာတယ်....။

:::::::::::::::::::::::::

မောင်ဟာ ကျောက်ရုပ်တစ်ခုလို ကျွန်မအပေါ်ခံစားချက်မဲ့နေဆဲ...

ကျွန်မ ဘာ့ခ် ဆောင်းဂျူးနဲ့ တွဲပြလိုက်တယ်..။ မောင့် အရှေ့မှာ ဘာ့ခ်ဆောင်းဂျူးကို ချစ်ပြ ...နမ်းပြ နဲ့ မောင် သဝန်တိုအောင် နေပြတယ်...။

မောင့်ဘက်က ဘာမှ တုန်လှုပ်မှုမရှိ... ကျွန်မကို တကယ် မေ့လိုက်ပြီလား...။

နောက်ဆုံး အရဲစွန့်လိုက်တယ်။

ဘာ့ခ်ဆောင်ဂျူးနဲ့ ကျွန်မ မောင့်ကို ထမင်းစားဖိတ်လိုက်ပြီး ကျွန်မတို့ လက်ထပ်တော့မယ်လို့ ကြေငြာလိုက်တယ်...။

မောင်ဟာ ကျွန်မကို ဝမ်းသာနားလည်တဲ့ အကြည့်တွေနဲ့...

" ကောင်းလိုက်တာ... မင်းတို့နှစ်ယောက် ပျော်ရွှင်ပါစေ... အိုအောင်မင်းအောင်ပေါင်းရပါစေကွာ..."

ဟင်... ကျွန်မ ဝမ်းနည်းစိတ်နဲ့ ပျို့အန်ချင်လာတယ်...။

ရက်စက်လိုက်တာမောင်ရယ်....။

:::::::::::::::::::::::::

" ဘာ့ခ် ဆောင် ဂျူး.... ကျွန်မ ပြောစရာရှိတယ်.."

"ပြောလေ...အချစ်လေး"

"ကျောင်းတုန်းက ယူ ဂျိ ချောလ်ကိုမှတ်မိလား... ကျွန်မ ယူ ဂျိ ချောပါ...ခွဲစိတ်ကုသမှုခံယူလိုက်တာ..."

"ယူဂျိချောလ်... နေဦး.. ဟိုတစ်ယောက်.. စိတ်ကောင်းရှိတယ် ဆိုပြီး အမှတ်တရရှိနေတာ..."

".. မှတ်မိပြီလား..?"

" မနောက်ပါနဲ့ အချစ်ရယ်... မင်းနဲ့တော့ တော်တော်ဆင်သား.. မောင်နှမတွေလား.."

" မဟုတ်ဘူး ..ကျွန်မ..ပါ ဒီမှာ ဓာတ်ပုံတွေကြည့်..."

"ဪ... မင်း တကယ်ပဲ ယူ ဂျိ ချောလ် ကိုး.."

" ဟုတ်ပါတယ်..."

သူလည်း အတော် စိတ်ထိခိုက်သွားပုံရတယ်...။

"ကိုယ် အိမ်ပြန်နားပါရစေဦး... မင်းကို အရင် အိမ်ပြန်လိုက်ပို့မယ်နော်.."

:::::::::::::::::::::::::

ဘာ့ခ် ဆောင်းဂျူးလည်း ကျွန်မကို မဆက်သွယ်တော့ဘူး..။ ဒါပေမဲ့ ကျွန်မ ဂရုမစိုက်ဘူး..။

တစ်လေလောက်ကြာတော့ ကျွန်မအိမ်တဲခါးကိုလာခေါက်တယ်။

" မင်းကို မခွဲနိုင်ဘူးအချစ်ရယ်.. ကိုယ်တို့လက်ထပ်ကြရအောင်..."

:::::::::::::::::::::::::

မောင်ဟာ ဘာလို့ ကျွန်မကို သာမာန်မိန်းမတစ်ယောက်လို့ အသိအမှတ်မပြုနိုင်ရတာလဲ..?

ဘာ့ခ်ဆောင်းဂျူးလို ကျွန်မကို မချစ်နိုင်ခဲ့တာလဲ...?

ဘာ့ခ်ဆောင်ဂျူးနဲ့ ကျွန်မ မင်္ဂလာဆောင်လိုက်တယ်...။ ကျွန်မဟာ ယောက်ျားတစ်ယောက်က မင်္ဂလာဆောင်တဲ့အထိ စွမ်းဆောင်နိုင်တဲ့မိန်းမဖြစ်နေပြီဆိုတာ မောင့်ကို ကြွားချင်တယ်။

မောင် သူရဲဘောကြောင်ခဲ့တာ နောင်တရစေချင်တယ်..။

ဘာ့ဆောင်ဂျူးက မောင့်ထက်ချမ်းသာတယ်လေ...။

မောင်နဲ့အတူမနေရတော့ပေမဲ့ ကိုယ့်ကိုချစ်တဲ့သူက ဘုရင်မတစ်ယောက်လို ထားတယ်ဆိုတာလည်း သိစေချင်တယ်...။

:::::::::::::::::::::::::

ဒါပေမယ့် ကျွန်မ ဘယ်လိုမှ မပျော်ဘူး... မောင့်ကိုပဲတမ်းတနေတယ်...။ ကျွန်မ မှားပြီဆိုတာသိလိုက်ရတယ်..။

အိမ်ထောင်ကျပြီး ၆ လလောက်အကြာ ကျွန်မ အကြောင်းရှာပြီး ဘာ့ဆောင်းဂျူးကို ကွဲလိုက်တော့တယ်...။

ဒါပမေဲ့ ငွေမရှိတဲ့ ကျွမ်မ ဘာ့ဆောင်းဂျူးဆီက လစဉ်ထောက်ပံ့ကြေးကို ယူနေဆဲ...။

:::::::::::::::::::::::::

ကျွန်မ မောင့်နဲ့တွေ့ဘို့ထပ်ကြိုးစားခဲ့တယ်..။

မောင့်ကို ချစ်လွန်းလို့ ဒီလိုလုပ်ခဲ့တယ်.. အခုအထိလည်းမေ့မရသေးတဲ့အကြောင်း ပြောပြလိုက်တယ်...။

မောင်ဟာ ကြေကွဲတဲ့ အကြည့်နဲ့ ..

"ကိုယ့်သူငယ်ချင်း ဘာ့ခ်ဆောင်းဂျူး သနားပါတယ်ကွာ.. မင်းမလုပ်သင့်ဘူး...မင်း လူသားတစ်ယောက်ရာ ဟုတ်ရဲ့လား.. ယုတ်မာလိုက်တာကွာ..."..တဲ့

ရက်စက်လိုက်တာမောင်ရယ်...။ ကျွန်မကို နည်းနည်းလးမှ မစာနာတော့ဘူးလား...။

မောင်နဲ့ ဆန့်ကျင်ဖက် ဘာ့ခ်ဆောင်းဂျူး တစ်ယောက်ကတော့ ကျွန်မကို ချစ်မြဲ ချစ်ဆဲ...။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

🌟အပိုင်း-၂

ကျွန်တော် ဘာ့ခ်ဆောင်းဂျူးပါ..။

ကျွန်တော့်ချစ်သူဟာ လိင်ပြောင်းထားတဲ့သူ.. မူလက ယောက်ျားတစ်ယောက် ဆိုတာ သိလိုက်ရတော့ ကျွန်တော် အတော် တုန်လှုပ်သွားတယ်..။

အခြောက်တွေနဲ့ သူငယ်ချင်းတောင်မလုပ်မိအောင် ဝေးဝေးရှောင်ခဲ့တဲ့ ကျွန်တော်...။

ကျွန်တော့် ရုပ်ရည် နဲ့ ချမ်းသာကြွယ်ဝမှုနဲ့ မိန်းမလှလေးတွေ ကြိုက်တာရွေးယူနိုင်တယ်...။

ကျွန်တော်ဟာ လိင်ပြောင်းထားတဲ့ ယောက်ျားတစ်ယောက်ကို ချစ်သူလုပ်ဖို့ဆိုတာ ဘဝမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အကြောင်းအရာ တစ်ခုပေါ့..။

ကျွန်တော် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တယ်..။

ဒီလို ကျွန်တော် သူ့ကိုမေ့ဖို့ အမျိုးမျိုးကြိုးစားခဲ့ပေမဲ့ တစ်လတောင်မခံပါဘူး.. သူ့ဆီ ပြန်ရောက်ခဲ့တယ်...။

ကျွန်တော် သူ့ကိုသိပ်ချစ်တယ်။

:::::::::::::::::::::::::

အချစ်ဆိုတာ ဒါပဲထင်ပါရဲ့... ဘယ်အရာကမှ ကျွန်တော့်အချစ်ကို တားဆီးမရပြီ..။

နောက်ဆုံး ကျွန်တော် သူနဲ့လက်ထပ်ခဲ့တယ်။

:::::::::::::::::::::::::

ပြဿနာက ကျွန်တော့်အမေ...။

မြေးချီချင်တဲ့ အမေဟာ သူ့ကို ကိုယ်ဝန်ယူခိုင်းတယ်..။ အမေဟာ အရမ်းကိုမျော်လင့်နေခဲ့တယ်...။

ကိုယ်ဝန်မဆောင်နိုင်တဲ့ သူ့ကို အမေကတော့ အားကိုးတကြီး စောင့်နေရှာတုန်းပဲ..။

ဒီလိုနဲ့ ပြဿနာ အကြီးအကျယ်တက်လာတဲ့နေ့ကို ရောက်လာတယ်..။

အမေနဲ့ သူ ရန်ဖြစ်ကြတယ်။

အမေက မျက်ရည်စက်လက်နဲ့...။

"ဘာဖြစ်တာလဲအမေ..?"

"အမေက မင်းမိန်းမ ကိုယ်ဝန်ရအောင် တိုင်းရင်းဆေးလာပေးတာ.. မင်းမိန်းမက သူငယ်ချင်းနဲ့ဖုန်းပြောနေလို့ အမေ စောင့်နေလိုက်တယ်..။"

အမေက စကားရပ်လိုက်ပြီး ငိုနေတယ်..။

" မင်းမိန်းမက သူ့သူငယ်ချင်းကို ဘာပြောတယ်မှတ်လဲ..?  á€ąá€€á€Źá€„ယမကြဎး တိုင်းရင်းဆေးတွေချည်းလာပေးနေတာ.. မြေး လိုချင်နေတာ သေတော့မလိုဖြစ်နေတယ်..ဟားဟား.. ငါကလည်း တိုင်းရင်းဆေးတွေလွှင့်ပစ်ရတာအမော..တဲ့.."

အမေကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်း...။

"အမေရောက်နေတာသိလို့ တမင်ပြောသလား အောက်မေ့ရတယ်.."

ကျွန်တော်တို့အခန်းကို အပြေးသွားကြည့်တော့ သူပစ္စည်းတွေသိမ်းနေပြီ...။

သူက ပစ္စည်းတွေထုတ် ကျွန်တော့်ကို တွန်းပြီး အိမ်ပေါ်ကဆင်းသွားလေရဲ့..။

ကျွန်တော် ဘယ်လိုတားတားမရတော့ဘူး။

:::::::::::::::::::::::::

ကျွန်တော် သူ့မိဘအိမ်ကိုလိုက်သွားတယ်..။ သူနဲ့အပြင်မှာတွေ့ကြတယ်..။

" စကားပြောဆင်ချင်မှပေါ့အချစ်ရယ်.. မင်းရဲ့ လိင်ပြောင်းတဲ့ သူငယ်ချင်းတွေနဲ့ ဒီလိုတွဲနေရင် တစ်နေ့ မင်းအကြောင်းတွေ လူတွေရိပ်မိကုန်ကြမယ်.."

"ကျွန်မ လွတ်လပ်ချင်တယ်။ ကလေးမရပဲနဲ့လည်း လိမ်ညာပြီးမနေချင်တော့ဘူး.. ကျွန်မ ရှင်နဲ့လည်း မခွဲနိုင်ဘူး.. ကျွန်မဆီကို ရှင်အချိန်မရွေးလာလို့ရအောင် အိမ်တစ်လုံးဝယ်ပေးပါလားဟင်..? "

"မင်းကို ဒီလိုခွဲမနေနိုင်ဘူး.. အိမ်ပြန်လိုက်ခဲ့ပါ လား အချစ်ရယ်.."

" ကျွန်မပြောတာ အကောင်းဆုံးနည်းပါ.. ရှင့်အမေ အတွက် မိန်းမ တစ်ယောက်ကို လက်ထပ်လိုက်ပါ.. ကလေးမွေးပါ.. ကျွန်မကတော့ လွတ်လွတ်လပ်လပ်နေပြီး အဝေးနေ ချစ်ပါရစေ... ကျွန်မဟာ ရှင့်အတွက် ထာဝရမိန်းမပါပဲ.."

ကျွန်တော့် ကိုသဘောထားကြီး နားလည်ပေးတဲ့ သူ့ကို ကျွန်တော် ပိုချစ်ခဲ့ရတယ်...။

ဒီလိုနဲ့ ကျွန်တော်နဲ့ သူ တစ်အိမ်တည်း အတူမနေဖြစ်တော့ဘူး...။ သူ့ကို အိမ်တစ်လုံးဝယ်ပေးပြီး တင့်တောင့် တင့်တည်ထားပေးလိုက်တယ်..။

ပြီးတော့ 'ဟ ဂျိ ယောင်း' ဆိုတဲ့ အမေသဘောတူတဲ့ မိန်းမကို ယူလိုက်တယ်..။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

🌟အပိုင်း-၃

ကျွန်မ ဟ ဂျိ ယောင်း ပါ...။

ယောက်ျား ထိခိုက်ဒါဏ်ရာ ရတယ်ဆိုတဲ့ သတင်းကို ယောက္ခမက ဖုန်းဆက်တော့ ကျွန်မ စိတ်ပူ လိုက်ရတာ....။

ကျွန်မ ဆေးရုံကို အပြေးရောက်လာတယ်။

ကိုကို... ဘာမှမဖြစ်ပါစေနဲ့...။

"ဘာ့ခ် ဆောင်း ဂျူး အုပ်ထိန်းသူနေရာမှာ လက်မှတ်ထိုးမယ့်သူ ဘယ်သူလဲရှင့်..?"

သူနာပြုကအော်မေးလိုက်တယ်။

ကျွန်မ ဖြေမယ်အလုပ် ... အခြားမိန်းမ အသံတစ်ခုထွက်လာတယ်...။

"ကျွန်မပါ..."

"ဘယ်လို တော်စပ်ပါသလဲ..?"

"ကျွန်မ သူ့မိန်းမပါ.."

ကျွန်မဆေးရုံရောက်တော့ ကိုကို့ အခြားမိန်းမတစ်ယောက် ဆေးရုံမှာရောက်နေတယ်...။

ဟင်.. ဘာတွေလဲ..? ဘာ့ခ်ဆောင်းဂျူး နာမည်တူများလား..?

မကြာခင်မှာ ကျွန်မ ယောက္ခမပြေးဝင်လာတတ်...။

"ညည်းက ဘာလို့ ဒီရောက်နေတာလဲ...? ဒုက္ခပါပဲ...ဘာတွေဖြစ်တာလဲအေ...?"

" အမေ ရောက်လာပြီးကိုး...။ဘာ့ခ်ဆောင်းဂျူးရဲ့ ဖုန်းထဲက အရေးတကြီးဆက်သွယ်ဘို့ ဖုန်းနံပါတ်က ကျွန်မနာမည်ဖြစ်နေလို့ထင်တယ်.... ၁၁၉ ကကျွန်မဆီ ဖုန်းဆက်တယ်လေ... "

အခြားမိန်းမက ကျွန်မယောက္ခမကို "အမေ" .. သူမဖုန်းနံပါတ်က ကိုကို့ရဲ့ အရေးကြီးဆုံး...တဲ့..။

သေချာပါပြီ....
ကျွန်မ ခြေအစုံဟာ မတ်တပ်ရပ်လို့မရနိုင်လောက်အောင် ယိုင်နဲ့သွားတယ်...။

ကျွန်မ အော်လိုက်တယ်...။

"ဘာတွေလဲ!!!!!"

:::::::::::::::::::::::::

ခွဲစိတ်ခန်းထဲကထွက်လာတဲ့ ယောက်ျားဟာ သက်တောင့်သက်သာမနေရဘူး... ပြဿနာရှင်းရတော့တယ်..။

ဘာ့ဆောင်းဂျူးက ကျွန်မကို ပြောတယ်..

" မိန်းမ.. ကိုယ့်ကို ခွင့်လွတ်ပါ... ဒါ..ကိုယ့်အရင် မိန်းမပါ..."

"ဘာ..?"

ဘဝတစ်ခုလုံး ရစရာမရှိအောင် ပျက်စီး မှောင်မည်းသွားတယ်...။ လက်မထပ်ခင်က ဘာလို့မပြောခဲ့တာလဲ...?

ကျွန်မကတော့ သူ့ကို စ တွေ့ကတည်းကချစ်လိုက်ရတာ...။ကိုကို့ကို စိတ်ဆိုးလွန်းလို့ စကားတောင် မပြောချင်တော့ဘူး။

:::::::::::::::::::::::::

ကိုကိုက အပျော် ခရီးထွက်ကြမယ်ဆိုပြီး ကျွန်မကို စိတ်ရှည်လက်ရှည် တောင်းပန်ပြီး ချော့တယ်... ။

ဒီလိုနဲ့ပဲ ချစ်ရတဲ့ကိုကို့ကို ခွင့်လွှတ်လိုက်တယ်..။ ကျွန်မတို့ ပြန်တည့်သွားကြပြီး ခရီးထွက်ကြတော့တယ်...။

ကျွန်မ ကြာကြာမပျော်လိုက်ရပါဘူး... ဒီလို ကျွန်မအတွက် ခရီးထွက်တာတောင်မှ ကိုကိုဟာ ကိုကို့အရင်မိန်းမကို ကျွန်မတို့ ဟိုတယ် ဘေးအခန်းမှာ တစ်ခန်းငှားပေးပြီး ချိန်းတွေ့နေတာ ကျွန်မ သိလိုက်ရတယ်...။

ကျွန်မ ဘာဆက်လုပ်ရမလဲ..?
ကိုကိုဟာ မိန်းမနှစ်ယောက်ပေါင်းနေပြီ...။
ဒီမိန်းမကို အရှုံးပေးပြီး ကိုကိုနဲ့ကွဲလိုက်ရမှာလား..?

ဒီကောင်မ ကျွန်မဘဝကိုဖျက်ပြီ...။

:::::::::::::::::::::::::

ကျွန်မ ဘာ့ခ်ဆောင်းဂျူးရဲ့ အရင်မိန်းမအိမ် စုံစမ်းပြီး လိုက်သွားတယ်...။

ဒီကောင်မကို ကျွန်မ ဆံပင်ဆွဲပြီး ရိုက်နှက်ပစ်လိုက်တယ်။

ဒီကောင်မကလည်း ခေသူမဟုတ် ကျွန်မကို ပြန်ရိုက်တယ်.. ကျွန်မ ဒါဏ်ရာတွေ ရသွားတယ်...။

" ခွေးမ... နင့်ကို သတ်ပစ်မယ် ..!"

ဒီကောင်မ သေမှအေးမယ်..။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

အပိုင်း-၎

ဘာ့ဆောင်းဂျူး မိန်းမနှစ်ယောက် ရန်ဖြစ်ပြီးနောက်တစ်နေ့....။

ဘာ့ဆောင်းဂျူး အရင် မိန်းမ ယူဂျိအန်း၏ အိမ်သည် သီချင်းသံများ ဆူညံစွာဆက်တိုက်ဖွင့်ထားသည်။

အိမ်နီးချင်းက စိတ်ဆိုးစွာဖြင့် တံခါးခေါက်သော်လည်း တံခါးမဖွင့်ပေး...။ ထို့ကြောင့် အိမ်နီးနားချင်းက သူမအိမ်တံခါးဖွင့်ကြည့်လိုက်ရာ ယူဂျိအန်းသည် ကြမ်းပြင်ပေါ်လဲကျသေဆုံးနေသည်ကို တွေ့ရလေသည်။

အလောင်းနဘေးတွင် မီးသွေးမီးဖို...။
ယူဂျိအန်းဟာ မီးသွေးမီးဖိုက အဆိပ်ငွေ့တွေရူပြီး ကိုယ့်ကိုကိုယ် သတ်သေလိုက်သည့်ပုံစံမျိုးဖြစ်သည်။

:::::::::::::::::::::::::

ယူဂျိအန်းအလောင်းနဘေးတွင် ဘာ့ခ်ဆောင်းဂျူး၏ လက်ရှိမိန်းမ ဟဂျိယောင်း၏ နားဆွဲကိုတွေ့ရသည်။

သေဆုံးသူသည် ကျောက်မီးသွေးမီးဖိုမှ အဆိပ်ငွေ့များကြောင့်သေခဲ့ခြင်းမဟုတ်...လည်ပင်းအား ခါးပတ်ဖြင့်ပတ်၍ လည်ပင်းညှစ်သတ်ခြင်းခံခဲ့ရသည်။

သေဆုံးသူ၏ လည်ပင်းမှ ထိုခါးပတ်အရာသည် ဘာ့ခ်ဆောင်းဂျူး၏ လက်ရှိမိန်းမ ဟ ဂျိယောင်း၏ ခါးပတ်နှင့် တစ်ထပ်တည်းကျနေ၍ ဟဂျိယောင်းအား လူသတ်တရားခံအဖြစ်ဖမ်းဆီးလိုက်ကြသည်။

" ဘာ့ဆောင်းဂျူးရဲ့ လက်ရှိမိန်းမ ဟဂျိယောင်းဟာ ဘာ့ခ်ဆောင်းဂျူးရဲ့ အရင်မိန်းမ ယူဂျိအန်း နဲ့ နေ့လယ်ပိုင်းမှာ ရန်ဖြစ်ပြီး ဒေါသကို မထိန်းနိုင် ...ညဘက်မှာ သွားရောက် သတ်ဖြတ်ခဲ့တယ်လို့ စွဲချက်တင်ပါတယ် ခင်ဗျာ...”

:::::::::::::::::::::::::

အမှုကို ရဲထောက်လှမ်းရေးတို့က စုံစမ်းကြသည်...။

:::::::::::::::::::::::::

တစ်လအကြာ...တရားခွင်၏ တရားခံနေရာတွင် ဟဂျိယောင်းသည် အလွန်အားငယ်စွာ ထိုင်နေရှာသည်။

အမှုအား အပြန်အလှန်စစ်ကြသည်။

ဟဂျိယောင်း ရှေ့နေက USB တစ်ခုကို ထုတ်လိုက်သည်။

"တရားသူကြီးထံ CCTV ကိုကူးထားတဲ့ USB ကို သက်သေအဖြစ် တင်သွင်းပါတယ်...။"

ထို CCTV သည် ယူဂျိအန်း မသေဆုံးခင် မိနစ်ပိုင်း အတွင်း ဘာ့ခ်ဆာင်းဂျူးက ယူဂျိအန်းအိမ်နားမှ လမ်းလျှောက်၍ ၂ မိနစ်အကွာရှိ စူပါမားကက် မှ ကျောက်မီးသွေးမီးဖို ဝယ်နေခြင်းကို ပြသနေသည်။

တရားခွင်ရှိ ပရိတ်သတ်၏ အကြည့်များ ဘာ့ခ်ဆောင်းဂျူးထံ ရောက်သွားကြသည်။

" ဘာ့ဆောင်းဂျူး ခင်ဗျား.... ယူဂျိအန်းကို ဘာလို့သတ်ပစ်လိုက်တာလဲ...? ဖြောင့်ချက်ပေးပါ..."

:::::::::::::::::::::::::

တကယ့် တရားခံအစစ်မှာ ဘာ့ ဆောင်း ဂျူးဖြစ်နေလေသည်။

အမှန်တရား....။
ဖုန်းကွယ်၍မရ...။

:::::::::::::::::::::::::

ကျွန်တော် ယူဂျိအန်းကို ကျွန်တော့်ကိုယ် ကျွန်တော်ထက်တောင် ပိုချစ်ခဲ့သူပါ....။

အဲဒီနေ့က ကျွန်တော့် လက်ရှိမိန်းမနဲ့ ရန်ဖြစ်တယ်ကြားလို့ ကျွန်တော် သူ့ဆီ စိုးရိမ်တကြီး အပြေးလာခဲ့ပါတယ်...။

သူက ကျွန်တော့်သူငယ်ချင်း ဆော အင် ဆောက် နဲ့ အော်ကြီး ဟစ်ကျယ် ရန်ဖြစ်နေကြတယ်။  á€žá€°á€á€­á€Żá‚”်ဝပဏ်နၞကတဲအဥထဲ ကျွန်တော့် နာမည်လည်းပါနေလို့ ကျွန်တော် ခိုးနားထောင်လိုက်တယ်...။

"မောင်... ကျွန်မကို သနားပါ... မောင် မင်္ဂလာမဆောင်ရဘူး..."

" ငါမင်္ဂဆောင်တာ မင်းနဲ့ ဘာဆိုင်လို့လဲကွ..."

" ကျွန်မ ဘာဆက်လုပ်ရမလဲ... မောင်အချစ်ကို ပြန်ရချင်လွန်းလို့ ဘဝတခုလုံးအပျက်ခံပြီး ဘာ့ခ်ဆောင်းဂျူးနဲ့တောင် လက်ထပ်တဲ့အထိဖြစ်ခဲ့တာ...စာနာပါဦးမောင်.."

"ငါ နဲ့ဘာဆိုင်လို့လဲ..? မင်းဘာသာမင်းလျှောက်လုပ်တာ...။ သွားစမ်းပါကွာ..."

"မောင်ကလွဲပြီး ကျွန်မ ဘဝမှာချစ်ရမယ့်သူ တစ်ယောက်မှ မရှိပါဘူး.."

"ဟာ!!! သွားစမ်းပါဆို..."

သူငယ်ချင်းဟာ ယူ ဂျိ အန်းကို တွန်းပြီး ဒေါသတကြီး လှည့်ထွက်သွားတယ်။

:::::::::::::::::::::::::

ကျွန်တော် သူ့နောက်ကနေ သူ့အိမ်ကိုလိုက်ဝင်လိုက်တယ်...။

" မင်း...မင်း ရက်စက်လိုက်တာကွာ...ငါ့ကို ခုတုံးလုပ်ခဲ့တာကိုး... ငါကတော့ချစ်လိုက်ရတာ..."

"ဟုတ်တယ် ဘာဖြစ်လဲ... နင့်ကို ဘယ်သောအခါမှ မချစ်ခဲ့ဘူး ရှင်းပြီလား.."

သူက ကျွန်တော့်ကိုတောင် ပါးရိုက်လိုက်သေး...။

ကျွန်တော်လိုကောင် သူ့ကိုချစ်မှန်းသိတော့ နိုင်လိုက်တာ... စောစောက ကျွန်တော့်သူငယ်ချင်းကို တောင်းပန်နေတာများ ရိုကျိုးလို့ ..။

“ဘာဖြစ်ချင်လဲ...? ဟုတ်လား...။

မင်းကို သတ်ပစ်မယ်လေ...။
မင်းငါ့ကို လိမ်တယ်...။
မင်း ဒီလောကကြီးမှာ နေ့ဖို့မသင့်ဘူး... အပေါစားစိတ်ဓာတ်.....ရွံဖို့ကောင်းတယ်...။

ယူဂျိအန်းအိမ်ထဲမှာ သူ့ကိုဘာနဲ့သတ်ပစ်ရင်ကောင်းမလဲ လက်နှက်ရှာလိုက်တယ်...။ကျွန်တော့်မိန်းမ ခါးပတ်အဖြူလေး ကိုတွေ့တယ်။

ခါးပတ်နဲ့သူ့ကို လည်ပင်းညစ်သတ်လိုက်တယ်။

သူသေသွားတော့ ကျောက်မီးသွေးမီးဖိုဝယ်ပြီး မီးရှို့လိုက်တယ်။ ကိုယ့်ကိုကိုယ် သတ်သေတဲ့ပုံစံမျိုး ဖြစ်အောင်လို့ပေါ့...။

:::::::::::::::::::::::::

ဂုဏ်သရေရှိ တရားသူကြီး နဲ့ ထောက်လှမ်းရေးတို့ ...ကျွန်တော့်ကို ဖမ်းပါခင်ဗျာ...။

ဒီလို စိတ်ဓာတ်မကောင်းတဲ့လူတစ်ယောက်ကိုမှ ချစ်မိတော့လည်း ကျွန်တော့်ဘဝကိုထောင်ထဲမှာအဆုံးသတ်ရတာပေါ့...။

:::::::::::::::::::::::::

လောကကြီးက ရယ်စရာတော့ အကောင်းသားဗျ...။

'ဟ ဂျိ ယောင်း'က ကျွန်တော့်ကို ချစ်....
ကျွန်တော်က 'ယူ ဂျိ အန်း'ကို ချစ်...
'ယူ ဂျိ အန်း' က 'ဆော အင် ဆောက်'ကို ချစ်...
'ဆော အင် ဆောက်' က အခြားမိန်းမကို ချစ်....။

:::::::::::::::::::::::::

အခုတော့ ကျွန်တော် ထောင်ထဲမှာတွေးမိတယ်..။

ကျွန်တော့်ကို သစ္စာဖောက် လိမ်လည်တဲ့ ယူ ဂျိ အန်းကြောင့် ကျွန်တော်ဟာ သူ့ကို သတ်ပစ်ခဲ့မိလောက်အောင် ပူလောင်စွာ ခံစားခဲ့ရတယ်...နာကျင်ခဲ့ရတယ်...

ကျွန်တော့် လက်ရှိမိန်းမလည်း ကျွန်တော့်လို ခံစားနေရမှာကို ကျွန်တော် တွေးမိတော့ ကျွန်တော်လည်း အပေါစားကောင်တစ်ယောက်ပါပဲလား..? ဘာထူးလို့လဲ..?

ကျွန်တော်လည်း ယူ ဂျိ အန်းနဲ့ ဘာကွာလို့လဲ...။ အမေ စိတ်ချမ်းသာအောင် သူမကို ခုတုံးလုပ်ပြီးလက်ထပ်ခဲ့တာ မဟုတ်လား..။

ကျွန်တော် မတရားခဲ့ပြီ...။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

🌟နိဂုံး

ဤလောကကြီးထဲတွင် လူအချင်းချင်း အသုံးချလေ့ရှိကြသည်။

အချို့က မိမိချစ်သူ သဝန်တိုအောင် အခြားလူတစ်ယောက်ကို အသုံးချသည်။

အချို့ကတော့ ငွေမက်၍ မချစ်သောသူများကို ချစ်ယောင်ဆောင် အသုံးချကြသည်။

အချို့က ရာထူး/ဂုဏ်မက်၍ အသုံးချလက်ထပ်ကြသည်။

အချို့ကတော့ ကာမဆက်ဆံချင်ရုံသက်သက်ဖြင့် အသုံးချသည်။

အသုံးချခံရသော သူတစ်ယောက်သည် မိမိ အသုံးချခံရသည်ကို သိလာသောအခါ ရစရာမရှိအောင် ဘဝပျက်လေတော့သည်။ ထိုအခါနာကျည်းသည်။ ဂလဲစားချေကြသည်။

ထိုအခါ လူသတ်မှုအထိ ဖြစ်ခဲ့ရသော တောင်ကိုရီးယားမှ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုဖြစ်ပါသည်။

သင်သည်လည်း...
တပါးသူ ဘဝကို အသုံးချမိနေပါသလား..?
တပါးသူ၏ အသုံးချခြင်းကို ခံနေရပါသလား..?

မရွှေမိုး ( ကိုရီးယား )
April 11th, 2018

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

တောင်ကိုရီးယားနိုင်ငံ TV Chosun မှ "이것은 실화다" ဟူသော TV program အားဘာသာပြန်ထားခြင်းဖြစ်ပါသည်။

ဤ program သည် တရားရုံးများမှ ထူးခြားဆန်းပြားသော ဖြစ်ရပ်မှန် မှုခင်းများအကြောင်းဖြစ်ပါသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Reference: 이것은 실화다 - 한 남편 두 아내 (150817)


YouTube မှ ဇာတ်လမ်းသည် ကျွန်မရေးသော ဇာတ်လမ်း အပိုင်း -၃ မှ စတင်ပါသည်။

(မရွှေမိုး အမည်ကို Click လိုက်ပါ မူရင်း Page နဲ့ချိတ်ထားပါသည်။)

No comments: