Tuesday, April 10, 2018

ဗုဒ္ဓဘာသာ၏အခြေခံမူဝါဒ


▬▬▬▬▬▬▬▬▬▬▬

(မကောင်းမှုကိုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား)

★ မသိရင်တော့ လူသာမန်က ကံတရားဆိုတာ အတိတ်ကဟာကိုပဲ၊  တချို့မြန်မာလူမျိုးက ကံတရားဆိုတာ အတိတ်ကဟာကိုပြောတာ။ မြတ်စွာဘုရားကတော့ ကံတရားဆိုတာ ဒီထဲမှာရှိတဲ့ intention မိမိစိတ် ရည်ရွယ်ချက်။ စိတ်ရည်ရွယ်ချက်က ကောင်းတယ်ဆိုရင် အဲဒီကနေ ပေါ်လာတဲ့ အလုပ်တွေ အပြောတွေကောင်းတယ်တဲ့။

★ ရည်ရွယ်ချက်ကောင်းတာ ကိုတော့ မနောကံကောင်းတယ်၊ မနောကံကောင်းလို့ အပြောအဆိုကကောင်းတာဆိုရင် ၀စီကံကောင်းတယ်၊ စိတ်ထဲမှာ လူတစ်ယောက်ကို ကိုယ်က မနာလိုဝန်တိုဖြစ်တယ်၊ Jaleous ဖြစ်တယ်။ အဲဒီမနောကံက ကုသိုလ်လား အကုသိုလ်လား? (အကုသိုလ်ပါ ဘုရား။)

★ အဲဒီအကုသိုလ်စိတ်ရှိတဲ့ပုဂ္ဂိုလ် အကုသိုလ်မနောကံရှိတဲ့ပုဂ္ဂိုလ် သူကနေ ပြောလိုက်တဲ့စကားက တခါတည်း ရွဲ့ပြီးတော့ပြောမယ် ခနဲ့ပြီးတော့ပြောမယ် သူတစ်ပါးအကျိုးစီးပွားပျက်အောင် လုပ်ရင်လုပ်မယ်။ မဟုတ်ရင်လည်း သူ့မှာ အားငယ်တဲ့ပုံစံမျိုး သူရဲ့စိတ်ထဲမှာ မလုံမခြုံဖြစ်တဲ့ inscure ဖြစ်တဲ့ ပုံစံမျိုး အဲ့လေသံမျိုး ထွက်လာတယ်။ အဲဒီဟာတွေထွက်ရင် အဲဒီမနောကံက ကုသိုလ်လား အကုသိုလ်လား? (အကုသိုလ်ပါ ဘုရား။) အကုသိုလ်တဲ့၊ မနောကံအကုသိုလ် ခေါ်တယ်။ 

★ အဲတော့ရုံးမှာ အလုပ်လုပ်တယ်ဆိုရင် အဲဒီစိတ်နဲ့ အဲဒီ Jaleous ဖြစ်တဲ့စိတ်နဲ့ မနာလိုဝန်တိုတဲ့စိတ်နဲ့ စိတ်ထဲမှာ secure မဖြစ်ဘူး လုံခြုံမှု မရှိဘူး။ အဲဒီစိတ်နဲ့ အလုပ်လုပ်တယ်ဆိုရင် သူများနဲ့ ပူးပေါင်းချင်တဲ့စိတ် သိပ်မရှိဘူး ပူပေါင်းမှုလည်း သိပ်မရှိဘူး။ ကိုယ်သိတဲ့ဟာလေး ရှိုထားမယ် ကိုယ်တတ်ထားတာလေး ရှိုထားမယ်၊ အဲဒါမျိုးတွေ လုပ်တတ်တယ်။ အဲတော့ ကာယကံ၊ ၀စီကံ၊ မနောကံ အကုသိုလ်တွေဖြစ်တယ်။

★ အဲတော့ “မကောင်းမှုကိုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။” မကောင်းမှုကိုရှောင်နိုင်ဖို့အတွက် ဒါမလုပ်နဲ့ဆိုပြီးတော့ သင်ပေးရုံနဲ့သူက မလုံလောက်ဘူးတဲ့ မလုံလောက်ဘူး။ ဒါမလုပ်နဲ့ပြောရင် သူက မကောင်းတဲ့ ကာယကံ အကုသိုလ် မလုပ်နဲ့လို့ပြောတာ။ သူများကို မညှဉ်းဆဲနဲ့ ဥပမာ အဲလိုပြောရင် တကယ်လို့ လူတစ်ယောက်က ကိုယ့်ကိုလာပြီးတော့ စော်ကားမယ် မလေးမခန့်လုပ်မယ်ဆိုရင် အဲဒီလူကို ကိုယ်က အနိုင်ယူနိုင်တဲ့အနေအထားမှာရှိရင် အဲဒီလူကို အနည်းဆုံး ပြန်ပြီးတော့ ဆဲမှာပဲ။

★ အဲထက်ပိုပြီးတော့လုပ်မိရင် ပါးရိုက်လိုက်ရင် ရိုက်မယ် ဟုတ်တယ်မို့လား။ ပိုပြီးတော့ဆိုးတာ အသက်အန္တရာယ်ပေးရင်လည်း ပေးနိုင်တယ်။ အဲတော့ သူများအပေါ်မှာ မကောင်းတာ မလုပ်နဲ့ပြောရင် ဒီမကောင်းတာလုပ်တာ ဘယ်အထိဆုံးမရမှာလဲဆိုရင် စိတ်အထိဆုံးမရမှာ။ 

★ အရာရာကို စိတ်ကဖန်တီးတာ ကောင်းတယ် မကောင်းဘူး စိတ်ကပဲပြောတာ။ အဲဒါကြောင့် မကောင်းမှုကိုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား ဆိုတဲ့ ဒီအချက်သုံးချက်က ဗုဒ္ဓဘာသာရဲ့ Principle အခြေခံသဘောတရား လို့ ဆိုတယ်။ တခုနဲ့တခု သူကဆက်စပ်နေတယ်။ 

★ ကောင်းတာလုပ်ဖို့ဟာ ကောင်းတာကြံတဲ့အခါကြမှ ဖြစ်တာ။ စိတ်ကိုဖြူအောင်ထား တယ်ဆိုတာ လူတွေရဲ့အတွေး လည်း ဖြူစင်တယ်၊ အတွေးဖြူစင်အောင် ဆိုရင် ဘာပါဖြူစင်ရမှာတုန်း ဆိုရင် စိတ်ခံစားမှုဆိုတဲ့ emotion ပါ ဖြူစင်ရမယ်။ အတွေးဖြူစင်တာကို  IQ ကောင်းတယ် ဒီလိုပြောတယ်။

★ တချို့က IQ မှာစွမ်းရည်ရှိတယ်  ကျောင်းတွေမှာ အတန်းတွေမှာ တက္ကသိုလ်တွေမှာ စာမေးပွဲဖြေတာ တခါတည်း အမှတ်တွေအများကြီးရတယ် IQ ကောင်းတယ်။ ဒါပေသည့် ဘေးကလူကကိုယ့်ကိုလာပြီးတော့ ယှဉ်တယ် အဲဒီယှဉ်တဲ့ ယှဉ်ပြိုင်တဲ့ဒဏ်မခံနိုင်ဘူး။

★ တခါတခါကြတော့ နံပတ်(၁)ကနေပြီးတော့ ၂, ၃, ၄ ဖြစ်ရင်ဖြစ်သွားမယ် နံပတ်ချိတ်ချင်မှ ချိတ်မယ် အဲဒါမျိုးဆို စိတ်ထဲမှာ ယူကြုံးမရဖြစ်တယ်။ အဲ့လိုဟာမျိုး ဖြစ်တယ်ဆိုရင် နောက်တခါတခါကြတော့လည်းပဲ သူများ ကိုယ့်အပေါ်မှာ တခုခုဝေဖန်တာမျိုးတွေ ရှိကောင်းရှိနိုင်တယ်။ 

★ ရှိတယ်ဆိုရင် အဲဒါကို ဘယ်လို handle လုပ်ရမလဲ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိဘူး။ စိတ်တွေညစ်ပြီး တခါတခါ ဒေါသဖြစ်၊ မပြောသင့်တာပြော ဒီလိုနဲ့ ဆက်ဆံရေးတွေပျက်ပြား။ ကျောင်းသွားတက်တဲ့အခါမှာ သူတို့မျက်နှာတွေ့တိုင်းတွေ့တိုင်း တင်းမာမှုတွေဖြစ် ဒီလိုဖြစ်တယ်ဆိုရင် ဒါ EQ နိမ့်နေတာ။ အီးကျူမြင့်ပြီး အိုင်ကျူနိမ့်နေတယ်။

★ Emotional Quotient ဆိုတာ စိတ်ခံစားမှုအသိဉာဏ်လို့ ဘာသာပြန်တယ်၊ စိတ်ခံစားမှုအသိဉာဏ် နိမ့်နေတာ တနည်းအားဖြင့်ပြောမယ်ဆိုရင် ဦးဏှောက်အသိဉာဏ်နဲ့ နုလုံးသားအသိဉာဏ် နှစ်ခုစလုံး။ 

★ ဒီနေ့ မနက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ အဂတိလေးပါးအကြောင်း၊ အဂတိ(၄)ပါးထဲမှာ ‘မောဟဂတိ’ ကတခု၊ ‘ဆန္ဒဂတိ’ ကတခု၊ ‘ဒေါသဂတိ’ ကတခု၊ ‘ဘယာဂတိ’ ကတခု ဒါ အစဉ်တိုင်းတာတော့ မဟုတ်ဘူး မောဟကို အရင်ပြောချင်လို့ သူကနေ စပြောတာ။ 

★ မောဟဂတိက IQ နဲ့ ပတ်သက်တယ်၊ နားမလည်လို့ အမှားလုပ်မိတာ မောဟဂတိဆိုတာ။ ဆန္ဒာဂတိနဲ့ ဒေါသဂတိနဲ့ ဘယာဂတိ - “ဆန္ဒ”က လိုချင်လို့၊ “ဒေါသ”က စိတ်ဆိုးလို့ မကြိုက်လို့ မုန်းလို့၊ “ဆန္ဒ” ကြတော့ ကြိုက်လို့ချစ်လို့ အဲဒါနဲ့ အဂတိ အပြုအမှုဖြစ်တယ်။ “ဘဟာဂတိ” ကြတော့ ကြောက်လို့ မလုပ်သင့်ဘဲ လုပ်တယ်၊ လုပ်သင့်ရက်နဲ့ မလုပ်ဘူး အဲဒါမျိုး။

★ အဲထဲမှာ မောဟဂတိက IQ နဲ့ ပတ်သက်တယ် IQ နဲ့ ပတ်သက်ပြီးတော့ အဂတိဖြစ်တယ် Prejudice တို့ Bias တို့ Discrimination တို့ ခွဲခြားတာတွေ အဲဒါမျိုးတွေ မျက်နှာလိုက်တာ အဲဒါမျိုးတွေဖြစ်တယ် အဲဒါ ‘မောဟဂတိ’။ 

★ ဒါပေမဲ့ ဆန္ဒာဂတိရယ် ဒေါသာဂတိရယ် ဘယာဂတိရယ် အဲ့သုံးခုက EQ နဲ့ ပတ်သတ်တာ။ သူတို့က Negative emotion တွေ negative emotion ဖြစ်မှန်းလည်း မသိဘူး ဖြစ်ပြီးတော့ ကိုယ့်စိတ်ကိုယ် ကိုယ်ရဲ့အတွေးတွေကို စိုးမိုးသွားတယ် အုပ်စိုးသွားတယ် dominate ဖြစ်သွားတယ်။ အဲဒီကနေပြီးတော့ အပြုအမှုတွေ အပြောအဆိုတွေ မှားယွင်းသွားတာ။ အဲတော့ emotion က အဲလောက်ထိ အရေးကြီးတယ်။ 

★ ဒီမှာလည်း ဒီတိုင်းပဲ စိတ်ကိုဖြူစင်အောင်ထားပါဆိုတဲ့နေရာမှာ သူက အတွေးဖြူစင်တာနဲ့ စိတ်ခံစားမှုဖြူစင်တာ Thought and Emotion နှစ်ခုစလုံး။ အဲဒါက တခုပြီးသွားပြီ သြ၀ါဒပါတိမောက်။

"မကောင်းမှုကိုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။"

★ ဒီသုံးချက်ကို ဗုဒ္ဓဘာသာ၏အခြေခံမူဝါဒ (Principle) အခြေခံမူဝါဒလို့ခေါ်တယ်။ အခြေခံ မူဝါဒသုံးချက်ရှိတယ် မကောင်းမှုကိုရှောင်ရမယ် ကောင်းမှုကိုဆောင်ရမယ် စိတ်ကို ဖြူအောင်ထားရမယ်။


🙏🙏🙏

“သြ၀ါဒပါတိမောက် (၈.၁.၂၀၁၈)” မြောက်ဥက္ကလာ ဝိနည်းစာပြန်ပွဲတွင်ဟောကြားသော တရားတော် မှ ကောက်နှုတ်ဖော်ပြပါသည်။

Text transcribed by #ThazinHteik

No comments: