Friday, April 20, 2018

Huawei P20 Pro Camera အကြောင်း



Triple: 40 MP (f/1.8, 27mm, 1/1.7”) + 20 MP B/W (f/1.6, 27mm) + 8 MP (f/2.4, 80mm)






Quad Bayer

Bayer Filter ဆိုတာ??? ကျားကွက်ပုံစီနည်းတစ်ခုပါ အရောက်တစ်ခုပဲရှိတဲ့ Pixel တစ်ခုချင်းစီတာပါ (တစ်ချို့က Bayer Filter ကိုမှ အတန်းလိုက်ပြောင်းစီကြတယ်) Quad Bayer ဆိုတာက အရောင်တူညီရာ Pixel 4 ခုကို ပူပြီး ကျားကွက်ပုံ စီတာပါ၊ အဲ့တော့ Bayer Filter စီနည်းထက် Quad Bayer နည်းက တူညီရာ အရောင် 4 ခုပေါင်းလိုက်တော့ Pixel တွေပိုကြီးသွားသလိုဖြစ်သွားပါတယ် (ပုံလေးတွေပြထားပါတယ်၊ အစိမ်းက ပိုများနေမယ်ဆိုတာ... သတိထားမိပါလိမ့်မယ် ဟုတ်ပါတယ် တစ်ကယ်လဲ အစိမ်းကများပါတယ်၊ လူမျက်လုံးကလဲ အစိမ်းပေါ်မှာ ပိုပြီး Sensitive ဖြစ်ပါတယ်၊ 12MP Sensor မှာဆိုရင် Green က 6 Million ကျန်တဲ့ Red and Blue က 3 Million ပဲရှိပါတယ်)

HDR



Lowlight


OIS and Speed







Unicode

Triple: 40 MP (f/1.8, 27mm, 1/1.7") + 20 MP B/W (f/1.6, 27mm) + 8 MP (f/2.4, 80mm)

ဒီနေရာမှာ အခြားသော Specs တွေထည့်ပြောမနေတော့ဘူး၊ လက်ရှိအချိန်မှာ Camera အကောင်းဆုံးဖုန်းမို့ သူ့ Camera Setup လုပ်ထားတဲ့နည်းပညာအကြောင်းပဲရွေးပြောတော့မယ်၊

Huawei P20 Pro မှာ Camera 3 လုံး (Triple Camera) တပ်ဆင်ထားတယ်၊ အရင် လုပ်နေကြ RBG & Monochrome အပြင် Tele Lens အပိုပါလာတယ်၊ တစ်ကယ်ထူးခြားမှုက Main Lens ကို 40MP ထိတိုးသုံးထားတာပါ၊ Huawei က Main Lens ကို Pixel အများကြီးပြောင်းသုံးလိုက်တာကလဲ 12MP မှာ ရပ်တန့်နေတဲ့ဖုန်းတွေကို Revolution လုပ်လိုက်တာလဲ ဖြစ်နိုင်ပါတယ်၊ ဖုန်းမထွက်ခင်ကလဲ Apple နဲ့ Samsung Store ရှေ့ကြောငြာကား သွားရပ်တာတွေ Teaser Video တွေမှာ Super Slow motion ပြတာတွေ၊ နောက်ဆုံး DSLR တွေကိုတောင် ခလုပ်တိုက်ပြီး ကြော်ငြာခဲ့တဲ့ Huawei P20 Pro က တစ်ကယ်ကော ကျွတ်စ်ခဲ့သလား???

Huawei က Pixel Binning (Pixel 4 ခုကို 1 ခုပြန်ချုံ) နည်းပညာကို သုံးထားလို့ 40MP ကိုရဲရဲကြီးသုံးရဲတာပါ၊ ပြီးတော့ 10MP အရည်အသွေးရှိတဲ့ ပုံကိုရိုက်ဖို့ပဲ Recommend ပေးပါတယ်၊ ဒါဆို 40MP Resolution Size ကောမရဘူးလား??? ဆိုရင် အဖြေက ရိုက်လို့ရပါတယ်၊ အဲ့ဒါတင်ပဲ မဟုတ်ပါဘူး Pro Mode မှာ File Size 76.2MB ရှိတဲ့ DNG RAW file တောင်ရိုက်လို့ရပါတယ် (မိုက်တယ်နော်) ပြီးတော့ Huawei က JPEG ကို ကောင်းကောင်း Handle လုပ်နိုင်ခဲ့တယ် 10MP အရည်သွေးရှိတဲ့ ပုံကို 100% Zoom ချဲ့ကြည့်ရင်တောင် 40MP ပုံထက် ပိုပြီး တိကျတယ် Sharpness တွေပိုကောင်းနေပါတယ်၊

OK အဲ့လိုကောင်းဖို့အတွက် ဘယ်လိုတွေ သူလုပ်ထားလဲ??? 

အဓိက Main Lens ကို MP အများကြီး ပြောင်းသုံးလိုက်တဲ့အတွက် Camera Sensor Size ကိုလဲ အကြီးကြီးပြောင်းလိုက်ရတယ်၊ ဘယ်လောက်တောင်ကြီးသလဲဆိုရင် Samsung Galaxy S9 Sensor ထက် 2 ဆနည်းပါးကြီးပါတယ်၊ Sensor Size 1/1.73” ကို Aperture f/1.8 တွဲပေးထားတယ်၊ S9 လို f/1.5 ထိမလိုပေမဲ့ Sensor Size ကြီးတဲ့အတွက် f/1.8 လောက် သုံးတာတောင် Sensor Size သေးတဲ့ ဖုန်းတွေထက် 20% အလင်းဖမ်းအားပိုကောင်းတယ်၊ နောက်တစ်ခုက အဲ့ Sensor ပေါ်မှာ Pixel တွေကို Quad Bayer နည်းနဲ့ စီထားတာပါ၊ Camera Sensor ပေါ်မှာရှိတဲ့ Pixel တွေက Display ပေါ်မှာရှိတဲ့ Pixel နဲ့မတူပါဘူး၊ Display တွေမှာက Pixel တစ်ခုမှာ RBG ဆိုပြီး Color 3 ခုပါပါတယ်၊ Sensor တွေက Pixel တွေ အရမ်းသေးတဲ့အတွက် Pixel တစ်ခုကို Color တစ်ရောင်ပဲသုံးရပါတယ်၊ ပုံမှန်ဆို Pixel တွေကို Bayer Filter နည်းနဲ့ Sensor ပေါ်မှာစီထားတာပါ၊

Quad Bayer

Bayer Filter ဆိုတာ??? ကျားကွက်ပုံစီနည်းတစ်ခုပါ အရောက်တစ်ခုပဲရှိတဲ့ Pixel တစ်ခုချင်းစီတာပါ (တစ်ချို့က Bayer Filter ကိုုမှ အတန်းလိုက်ပြောင်းစီကြတယ်) Quad Bayer ဆိုတာက အရောင်တူညီရာ Pixel 4 ခုကို ပူပြီး ကျားကွက်ပုံ စီတာပါ၊ အဲ့တော့ Bayer Filter စီနည်းထက် Quad Bayer နည်းက တူညီရာ အရောင် 4 ခုပေါင်းလိုက်တော့ Pixel တွေပိုကြီးသွားသလိုဖြစ်သွားပါတယ် (ပုံလေးတွေပြထားပါတယ်၊ အစိမ်းက ပိုများနေမယ်ဆိုတာ... သတိထားမိပါလိမ့်မယ် ဟုတ်ပါတယ် တစ်ကယ်လဲ အစိမ်းကများပါတယ်၊ လူမျက်လုံးကလဲ အစိမ်းပေါ်မှာ ပိုပြီး Sensitive ဖြစ်ပါတယ်၊ 12MP Sensor မှာဆိုရင် Green က 6 Million ကျန်တဲ့ Red and Blue က 3 Million ပဲရှိပါတယ်)

HDR

Quad Bayer ရဲ့ အားနည်းချက်က Pixel တစ်ခုချင်းစီအတွက် အရောင်မတူတဲ့ Pixel တွေဝေးကုန်လို့ Bayer Filter လောက် Detail မကျပါဘူး (အဲ့ဒါကိုပြန်ထိန်းဖို့ Light Fusion နည်းပညာနဲ့ AI ကို သုံးထားတယ်)၊ အားသာချက်ကတော့ Samsung ရဲ့ Dual Pixel Technology ဆန်ဆန် Function ကိုသုံးနိုင်တာပဲ၊ Huawei က အရောင်တူညီရာ Pixel 4 ခုမှာ 2 ခုက Short Exposure ဖမ်း ကျန် 2 ခု Long Exposure ဖမ်း အဲ့ပုံ ၂ ခုပြန်ထပ်ပြီး Software Implement ကူပြီးတော့ HDR အရည်သွေးရှိတဲ့ Photo တစ်ခုကိုဖန်တီးပါတယ်၊ Huawei က ထပ်ပြီး လူလည်ကျထားပါတယ် 40MP မှာ လိုအပ်တဲ့ Sharpness တွေကို Monochrome နဲ့ Support လုပ်ထားတာပါ (အဲ့ဒါကြောင့် Camera 3 လုံး သုံးရတာပါ)၊

Pixel Size အကြီးတစ်ခုအဖြစ် အသွင်ယူ ဖန်တီးဖို့ Hardware နဲ့ အရောင်တူ Pixel 4 ခုပေါင်းစပ်ထားတာရယ် ပြီးတော့ Light Fusion လို့ခေါ်တဲ့ Software နည်းပညာနဲ့ Pixel 4 ခုကို 1 ခုအဖြစ် ချုံ့တဲ့ နည်းပညာ ၂ ခုပေါင်းစပ်လိုက်တယ် ပြီးတော့ Kirin 970 နဲ့ AI ရဲ့အကူညီတွေ Laser Transmitter/Receiver တွေ Color Temperature Sensor တွေနဲ့ပေါင်းစပ်လိုက်တော့ DxO Mark 109 (Overall result, Photo result is 119) ရလဒ်ကို ခုန်တတ်သွားရော... So Sad S9 😢 ပြီးတော့ Leica ရဲ့ Sensor ရယ် RBG နဲ့ Monochrome ရယ်ပေါင်းစပ်တာတွေကြောင့် ဓာတ်ပုံရဲ့ Color အရည်သွေးက ကျွတ်ဆင်ကြီး ဖြစ်နေတာပါ၊ အဲ့ဒါကြောင့် Huawei က 10MP အရည်သွေးရှိတဲ့ ပုံကိုပဲ Recommend ပေးတာပါ၊

Lowlight

Huawei က Lowlight ချဉ်းကပ်ပုံမှာလဲ အပေါ်ကနည်းပညာကိုပဲ အသုံးပြုထားတာပါ၊ သူမှာ ထူးခြားတာက Flash ကို Auto Adjust လုပ်ပေးနိုင်ပါတယ်၊ RBG Lens 40MP မှာ f/1.8 Aperture နဲ့ Monochrome Lens 20MP မှာ f/1.6 Aperture ရှိတယ် အဲ့အပြင် Laser Autofocus ကို Laser Transmitter/Receiver Sensor တွေကိုသုံးပြီးတိုင်းတာပါတယ်၊ ပတ်ဝန်းကျင် အလင်းရောင်ကို Color Temperature Sensor နဲ့တိုင်းတာပြီး LED Flash ကို Adjust လုပ်ပေးနိုင်တယ်၊ အဲ့အတွက် မလိုအပ်ပဲအလင်းပြန်တာတွေ Noise တွေကို ကောင်းကောင်း Handle လုပ်နိုင်ပါတယ်၊ Noise Reduction မှာ S9 နဲ့မတူတာက Details တွေကို Blur တွေမဖြစ်အောင် Handle လုပ်နိုင်ပါတယ်၊

OIS and Speed

Huawei ရဲ့တရားဝင်ပြောကြားချက်အရ Tele Lens တစ်ခုပဲ OIS ပါတယ်လို့ပြောပေမဲ့ iFixit ရဲ့ ဖြုတ်ကြည့်ချက်အရ Camera 3 ခုလုံး OIS ပါတယ်လို့ပြောပါတယ်၊ ဒါပေမဲ့ Huawei ကတော့ OIS အစား AIS (Artificial Intelligence Image Stabilization) ကိုသုံးတယ်လို့ပြောပါတယ်၊ AIS အလုပ်လုပ်ပုံက Object Recognization နဲ့ Outlines of Shapes တွေပေါ်မှာ အလုပ်လုပ်တာပါ၊ Video ရိုက်ကူးနေရင် ငြိမ်သက်စွာနဲ့ Zoom 5 ဆချဲ့လို့ရပါသေးတယ်၊ ပြီးတော့ 5 sec စာ Long Exposure ရိုက်တဲ့အခါ Tripod မသုံးပဲ AIS အကူညီနဲ့ ငြိမ်သက်စွာ ရိုက်ကူးနိုင်ပါသေးတယ်၊ ပြီးတော့ Standby Mode မှာ ဓာတ်ပုံတစ်ပုံကို 0.3 sec နဲ့ရိုက်ကူးနိုင်ပါတယ် အတော်မြန်တဲ့ Speed ပါ၊ Autofocus မှာတော့ Galaxy S9 ကပိုမြန်ပါတယ်၊ ဒါမဲ့ P20 ရဲ့မြန်နှုန်းက လူသားတွေအတွက်လုံလောက်ပါတယ်၊

3x Optical Zoom and 5x Hybrid Zoom

အရင်ဆုံး Optical Zoom and Digital Zoom အကြောင်းလေးပြန်ပြောချင်ပါတယ်၊ Optical Zoom ဆိုတာ Tele Lens မှာပဲရတာပါ Tele Lens မှာ အကွာဝေးနဲ့ Lens လေးတွေ စီထားပါတယ်၊ Zoom ဆွဲတဲ့အခါ အဲ့စီထားတဲ့ Lens တွေရဲ့ အကွာအဝေး (Focal Length) ကို Adjust လုပ်ပြီး ပုံရိပ်ကိုအနီးကပ်ဆွဲယူပေးတာပါ၊ Digital Zoom ကကျတော့ ဓာတ်ပုံကို Crop လုပ်ပြီး Zoom ချဲ့ကြည့်သလိုပါ သူက Focal Length ကို Adjust လုပ်လို့မရပါဘူး၊ အားနည်းချက်ကတော့ Optical Zoom နဲ့ယှဉ်ရင် Resolution တွေကျသွားပါတယ်၊ ပြီးတော့ Pixelated Picture ကိုပဲရပါတယ်၊ P20 Pro မှာ 3x Optical Zoom အပြင် 5x Hybrid Zoom ပါရပါတယ်၊ iPhone X တို့ Galaxy S9 တို့မှာ 12MP Tele Lens ကိုသုံးထားတယ် ဒါမဲ့ 2x Optical Zoom ပဲရတယ်၊ Huawei က 8MP နဲ့ 3x ရအောင်လုပ်ထားတာပါ တစ်ကယ်တော့ 8MP Tele Lens မှာ Focal Length ကို 80mm ထိသုံးပေးထားလို့ပါ၊ 5x Hybrid Zoom မှာ Huawei က Focal Length မတူတဲ့ Camera ၂ လုံးကိုသုံးပြီး Zoom ဆွဲလို့ Hybrid Zoom လို့ခေါ်တာပါ၊ ထူးဆန်းနေတဲ့ နည်းပညာအသစ်တော့မဟုတ်ပါဘူး ဒါမဲ့ အသုံးဝင်တယ် ဖုန်းတွေကြားထဲ အံသြဖို့ကောင်းတဲ့ Zoom တော့ဖြစ်နေပါတယ်၊

Huawei က 5x Hybrid Zoom အတွက် Super Resolution နည်းပညာကိုသုံးထားပါတယ်၊ ဒီနည်းပညာက Astronomers တွေမှာအသုံးပြုကြပါတယ်၊ ဂြိုလ်တွေကို ကြည့်တဲ့အခါ Noise ကိုလျော့ချပြီး Resolution ကိုတိုးဖို့အတွက် အသုံးပြုတာပါ၊ Point of View မတူတဲ့ Camera 2 ခုက Image တွေကို ပြန်ထပ်ပြီး Super Resolution နည်းပညာနဲ့ ပေါင်းထည့်ထားတာပါ၊ ဒီနည်းပညာကို အရင် OPPO Find 7 မှာ 50MP အရေသွေးရှိတဲ့ ပုံအဖြစ်ချဲ့ဖို့ သုံးခဲ့ပါတယ်သေးတယ်၊
The P20 Pro's Hybrid Zoom combines data from the 8MP 3x telephoto and main 40MP cameras. အလုပ်လုပ်ပုံက 8MP Tele နဲ့ 3x Optical Zoom ဆွဲနေတဲ့အချိန်မှာ 40MP Lens နဲ့ 8MP Size 3x Digital Zoom ဆွဲနေပါတယ် ပြီးတော့ အဲ့ဒီ 3x Optical နဲ့ 3x Digital 2 ခုကို Kirin NPU နဲ့ ကောင်းတာတွေရွေးပြီးပြန်ထပ်ပါတယ် ရလာတဲ့ 3x ပုံကို 2x ထပ်ဆွဲပါတယ်၊ အဲ့လို 2 ခုပေါင်းပြီး 2 ဆထက်ဆွဲလို့ 5x Hybrid Zoom ဖြစ်လာတာပါ၊ ဘာလို့ Main Lens က 8MP သုံးရလဲဆိုရင်??? Tele Lens နဲ့အညီ ဖြစ်အောင် 8MP ကိုသုံးထားတာပါ၊ ပြီးမှာ Super Resolution နည်းပညာနဲ့ 10MP အရည်သွေးရှိတဲ့ပုံကို ပြန်ထုတ်ပေးပါတယ်၊ အဲ့ဒါကြောင့်လဲ Noise ကို အနည်းဆုံး နဲ့ Resolution မကျအောင်ထိန်းပေးနိုင်တာပါ၊ 5x Hybrid Zoom ဆွဲရင် 40MP ကောမရနိုင်ဘူးလားမေးရင် သေချာမပြောတတ်ပေမဲ့ Review လုပ်ဖို့ရတဲ့အခါ စမ်းပေးပါ့မယ်၊

အခြားသောအနေနဲ့ ISO 102400 ထိရတယ်၊ ဒါဟာ Full Frame DSLR Canon 5D Mark IV နဲ့ အတူတူပါပဲ၊ ISO အများကြီးသုံးတာက Noise ကိုထစေပေမဲ့ Nighttime Landscape Photography အတွက် အသုံးဝင်ပါတယ် အဲ့အပြင် Huawei ရဲ့ AI က ရိုက်နေတဲ့ Multi Second Exposure ကို နောက်ကွယ်ကနေ ထိန်းပေးနိုင်တဲ့အတွက် ရလာတဲ့ ရလဒ်ကတော့ သဘောကျစရာဖြစ်နေမှာပါ၊ Super Slow Motion ကို 720p မှာ 960fps နဲ့ရိုက်ကူနိုင်တယ်၊ ရိုးရိုး Video ရိုက်ကူးတဲ့အခါ 4K ကတော့ 30fps နဲ့ပဲရိုက်ကူးနိုင်မှာပါ၊  Selfie Camera ကတော့ 24MP (f/2.0) ကိုသုံးထားပါတယ်၊ Selfie Portrait ကို iPhone X လို့ Studio Lighting တွေနဲ့ရိုက်လို့ရပါတယ်၊ Software နဲ့ AI အကူညီတွေမို့ ရိုးရှင်းပါတယ်၊ တစ်ခု စိတ်ဝင်စားတာက Portrait ရိုက်တဲ့အခါ Tele ကိုသုံးတာလား အရင်လို့ RGB + Mono နဲ့ 3D ပုံအဖြစ်ဖန်တီးပြီးရိုက်တာလားဆိုတာ Review လုပ်တဲ့အခါ စမ်းပေးပါ့မယ်၊ ဒီလောက်ဆို Huawei P20 Pro Camera ကို ဘယ်လိုကောင်းအောင် တည်ဆောက်ထားလဲဆိုတာ သိလောက်မှာပါ၊ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ပြောမဲ့ပြောသာ Huawei Mate RS (Porsche Design) လေး တော့လိုချင်သား P20 Pro ဆိုလဲလိုချင်ပါရဲ့ 😛

The more you visit PLANET X, the more tech knowledge you will gain. Come and visit our planet to enjoy the real taste of technology. Thanks.

#PLANETX #PX #Huawei #P20Pro #TripleCamera #Leica #OOO

No comments: