Monday, April 9, 2018

သင်္ကြန်​ထမင်း (မွန်ရိုးရာ) - မုန့်လုံးရေပေါ် - မုန့်လက်ဆောင်း

သင်္ကြန်​ထမင်း (မွန်ရိုးရာ) 


ပါဝင်သောပစ္စည်းများ 

ဆန် Rice ၁ ဗူး (နို့ဆီဗူး)
ဖယောင်း Candle အနည်းငယ်
ငါးခြောက် Dry Fish ၂၀ သား
ပုစွန်ခြောက် Dry Prawn ၂ ဇွန်း (ထမင်းစားဇွန်း)
နနွင်း Tumeric အနည်းငယ်
ကြက်သွန်နီ Onion ၆ လုံး(အနေတော်)
သရက်သီးစိမ်း Green Mango ၃ လုံး
ဆား Salt အနည်းငယ်
နှမ်းနက် Sesame အနည်းငယ်
ပုစွန်ငပိ Shrimp Paste ၃ဇွန်း (လက်ဖက်ရည်ဇွန်း)
ပဲမှုန့်အကျက် Split Pea Powder(roasted) ၁ ဇွန်း (ထမင်းစားဇွန်း)
ငရုတ်သီးခြောက် Dry Chilli ၅တောင့်
ဆီ Oil ၅  ဇွန်း (ထမင်းစားဇွန်း)

ပြင်ဆင်ပုံ

၁ ။ သရက်သီးများကို အနေတော်ခြစ်ထားပါ။ ကြက်သွန်နီကို လေးစိပ်စိပ်ပြီး အလွှာလေးများလုပ်ထားပါ။ ကြက်သွန်နီဆီချက် ချက်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ငရုပ်သီးအခြောက်တောင့်ကို ကြော်ထားပါ။ ငါးခြောက်ကို ပိုင်းဖြတ်ထားပါ။

ရေထမင်းပြုလုပ်ပုံ

၁ ။ ဆန်၁လုံးကိုထည့်ပြီး ရေများများနဲ့ (၂၀မိနစ်ခန့်) ပြုတ်ထားပါ။ ဆန်များ ထမင်းအနေအထားရလာပါက ရေများသွန်ပြီး ရေစစ်ပါ။ စစ်ထားသာထမင်းကို ရေခဲရေအေးအေးဖြင့် စိမ်ထားပါ။


သရက်သီးသုပ်ပြုလုပ်ပုံ

၁ ။ ပန်းကန်လုံး၁လုံးထဲသို့ ခြစ်ထားသော သရက်သီးကိုထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်နီကိုထည့်ပါ။ ပဲမှုန့်၊ ဆား၊ ပုစွန်ခြောက်မှုန့်၊ ဆီချက်၊ နှမ်းနက်တို့ကို ထည့်ပြီး နှံ့အောင်နယ်လိုက်ပါ။

ငါးခြောက်ကြော်ပြုလုပ်ပုံ

၁ ။ ရေနွေးအိုးဆူအောင်တည်ထားပါ။ ရေနွေးဆူလာရင် ငါးခြောက်များကို ထည့်ပြီး၂၀ - ၃၀မိတစ်ခန့်ပြုတ်ထားပါ။ ငါးခြောက်များနူးလာရင် ဆယ်ပြီးငရုတ်ဆုံထဲထည့်ပြီး ညက်အောင်ထောင်းထားပါ။

၂ ။ မီးဖိုပေါ်ဒယ်အိုးတင်ပြီး ဆီပူလာအောင်ထားပါ။ ဆီပူလာရင် နနွင်းမှုန့်၊ ကြက်သွန်နီ၊ စိမ်းစားငပိထည့်ပြီး မွှေပါ။ ခြစ်ထားသောသရက်သီး ထည့်ပါ။ ရေအနည်းငယ် ထည့်ပြီးမွှေပါ။ ရေခမ်းလာအောင်ထားပါ။

၃ ။ ရေခမ်းလာရင် ထောင်းထားသောငါးခြောက်ကို ထည့်ပါ။ ဆား၊ လေးစိပ်စိပ်ထားသောကြက်သွန်နီ တို့ကိုထည့်ပြီး မွှေပါ။ ကြက်သွန်နီများနူးလာသည်အထိ ချက်ပါ။ ကြက်သွန်များနူးလာရင် မီးပိတ်လိုက်ပါ။ အရသာရှိသော ငါးခြောက်ကြော်ကိုရရှိပါမည်။

ဖယောင်းသင်းနံ့ပြုလုပ်ပုံ

၁ ။ မြေအိုး (သို့) စဉ့်အိုးထဲသို့ စွဲနေသောမီးခဲကိုထည့်ပါ။ ထိုမီးထဲသို့ ဖယောင်းကိုထည့်ပြီး မြေအိုး၁လုံးဖြင့် အပေါ်ကနေအုပ်လိုက်ပါ။ ဖယောင်းငွေ့များကိုကုန်သည်အထိအုပ်ထားပါ။

၂ ။ အုပ်ထားသောအိုးကိုလှန်ပြီး အပေါ်ကနေအဝတ်ပါး ၁ထည်အုပ်လိုက်ပါ။ အုပ်ထားသောအဝတ်အပေါ်ကနေ ရေများလောင်းထည့်ပေးပါ။ ဖယောင်းနံ့သင်းသင်းနဲ့ ရေကိုရရှိပြီး သရက်သီးသုပ်၊ ငါးခြောက်ကြော်တို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

 we.com.mm 

"မုန့်လုံးရေပေါ်" လုပ်နည်း
-----------------


မြန်မာနှစ်ကူးအခါ လုပ်စားလေ့ရှိတဲ့ ရာသီစာတခုပေမဲ့လည်း မြန်မာများအတွက်ကတော့ အချိန်အခါမရွေး နှစ်သက်မှာစားသုံးကြတဲ့ မုန့်လေးဘဲဖြစ်ပါတယ်။ ပြုလုပ်နည်းမှာ လွယ်ကူပြီး မုန့်နှစ်အချိုးမှာ ပုံစံနှစ်မျိုးပြုလုပ်လေ့ရှိပါတယ်။ ကောက်ညင်းနဲ့ပဲ သီးသန့်လုပ်နိုင်သလို အချို့မှာအစေးဓာတ်လျော့နည်းစေရန် ဆန်မှုန့် လေးချိုးတချိုးရောပြီး ပြုလုပ်ကြပါတယ်။ လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
.
ပါဝင်ပစ္စည်း
********
ကောက်ညင်းမှုန့် - ၄၀၀ ဂရမ်
ဆား - ဇွန်းတဝက် လ္ဘက်ဇွန်း
ထန်းလျက် - ၁၅၀ ဂရမ်
အုန်းသီးဆံ - တစ်ပန်းကန်
.
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁) ကောက်ညင်းမှုန့်ကို ဆားထည့်ပြီး ရေဖြေးဖြေးဆီထည့်ကာ မုန့်နှစ် လုံးလို့ရသောအနေထားထိ နယ်ပေးပါ။
(၂) ပြီးလျှင် အဖုံးအုပ်ပြီး မိနစ်(၃၀)ခန့် နှပ်ထားပေးပါ။
(၃) ထန်းလျက်ကို အခဲသေးသေးလေးများ စိတ်ထားပါ။ အုန်းသီးခြစ်ထားပါ။ ရေနွေးအိုး အဆင်သင့်တည်ထားပါ။ ရေအေး တစ်ဇလုံအသင့်ထားပါ။
(၄) အားလုံးအသင့်ဖြစ်ပါက မုန့်လုံးစတင်လုံးနိုင်ပါပြီ။
(၅) မုန့်နှစ်ကို အနေတော်အလုံးလေးများ ပြုလုပ်ပြီး အနည်းငယ် ဖိပြားပြီး ထန်းလျက်ခဲထည့်ကာ လုံအောင်ပြန်ပိတ်ပြီး လုံးပေးပါ။
(၆) ရေနွေးအိုးပွက်ပါက လုံးထားပြီးသား မုန့်လုံးလေးများကို ထည့်ပြုတ်ပါ။ ယောက်မဖြင့် တချက်မွေပေးပါ။
(၇) ပြန်လည်ဆူပွက်ပြီး မုန့်လုံးလေးများ ရေပေါ်ပေါ်လာပါက မုန့်လုံးကျက်ပြီးဖြစ်၍ ဆယ်ယူပြီး ရေဆေးဇလုံတွင် စိမ်ထားပေးပါ။
(၈) အေးသွားသောမုန့်လုံးကို ဆယ်ယူရေစစ်ပြီး အုန်းသီးဆံ(ခြစ်ပြီးသား အုန်းသီးအမျှင်) ဖြင့် လူးကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

ကောက်ညင်းဆန်ကို မုန့်ကြိတ်စက်ဖြင့်ကြိတ်ပြီး
အအေးခံ၍ မာအောင်ပြုလုပ် ပြန်နှယ်ကာ ပြုလုပ်နေ
ကြလျှက်လည်း အစဉ်အဆက်ရှိနေပါသည်။

...........

Sofia

မုန့်လက်ဆောင်းလုပ်နည်း


ပူပြင်းတဲ့ ရာသီမှာ ရင်အေးချမ်းအောင် မုန့်လက်ဆောင်လေး မြည်းသွားကြပါအုန်းနော်။ မုန့်လက်ဆောင်ကို ထန်းလျက်ရည်နဲ့ လုပ်သလို အုန်းနို့ရည်နဲ့လည်း တွဲစားကြပါတယ်။ ၀တ်ရည်ကတော့ ၂မျိုးလုံးကြိုက်တာမို့ လုပ်နည်း၂ခုလုံး မျှဝေပေးထားပါတယ်…

မုန့်လက်ဆောင်း ပါဝင်သောပစ္စည်းများ
၁။ မုန့်လက်ဆောင်းဖက် – ၁ပြည်
ထန်းလျက် မုန့်လက်ဆောင်း ပါဝင်သောပစ္စည်းများ
၂။ ထန်းညက် – ၄၀၀ ဂရမ်
၃။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်



အုန်းနို့ မုန့်လက်ဆောင်း ပါဝင်ပစ္စည်းများ
၎။ အုန်းသီး – ၁လုံး (အရည်ညှစ်ထားပြီသား)
၅။ သကြား – ၂၀ကျပ်သား
၇။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်


ပြုလုပ်နည်း
၁။ လုပ်ပြီးသား မုန့်လက်ဆောင်းဖတ် များကို ဒယ်အိုး အကြီးတစ်ခုထည့်ပြီး ရေစိမ်ထားပေးပါ။

၂။ အရင်ဆုံး အုန်းနို့ မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များ ထည့်ကာ သကြား(၂၀ကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးလိုက်ပါ။
၃။ ပြီလျှင် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည်များကို ပြန်အအေးခံထားပေးပါ။
၎။ အအေးခံပြီမှ ခွက်တစ်ခုထဲ မုန့်လက်ဆောင်း တ၀က်ခန့်ထည့်ကာ အုန်းနို့ရည်ထည့်ပေးပါ။

၅။ ပြီမှ မုန့်လက်ဆောင်း ပိုစိမ့်သွားအောင် နို့စိမ်း စားပွဲတင်ဇွန်းခန့် ထည့်လိုက်သေးတယ်။

၆။ ရေခဲတုံးအနည်းငယ်ထည့်ပြီ အုန်းနို့ မုန့်လက်ဆောင်းလေးကို သုံးဆောင်နိုင်ပါပြီ။

၇။ ထန်းလျက်ရည်နဲ့ မုန့်လက်ဆောင်းမှ ကြိုက်သူများအတွက်တော့ ထန်းလျက်များကို ဒယ်ထဲ ရေ အနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပြီး မပျစ်မကျဲ အနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီ ထန်းညက်ရည် ခွက်တစ်ခုထဲ ပြန်ထည့်ထားကာ အအေးခံထားပေးပါ။

၈။ ပြီမှ ခွက်ထဲ မုန့်လက်ဆောင်ဖက် တ၀က်ထည့်ပြီ ထန်းလျက်ရည်များကိုထည့်ကာ ရေခဲတုံးလေးများထည့်ပေးပါ။
၉။ ချစ်သူများနေ့မှာ ကိုယ်ချစ်သူနဲ့ မုန့်လက်ဆောင်းအေးအေးလေးတွေကို ရင်ခုန်စွာ သုံးဆောင်ကြစို့နော်..

Wutyee Food House မှ ကူးယူပါသည်။

Note: ချက်ပြုတ်ပြသူ နာမည်များတွင် မူရင်းတင်ထားသော Page ၏ Links များဖြင့် ချိတ်ဆက်ထားပါသဖြင့် သွားကြည့်နိုင်ပါသည်။

No comments: