Friday, July 26, 2013

သီချင်းလေးတွေနားထောင်ရအောင်



ဒီနေ့ဘာရယ်မဟုတ် သီချင်းလေးတွေဟိုရှာသည်ရှာနဲ့ နားထောင်ဖြစ်ပါတယ်။

အဲ့ဒီအထဲက တော်တော်သဘောကျမိတဲ့ သီချင်းလေး ငါးပုဒ်ကို သူငယ်ချင်းတို့ကိုပြန်ပြောပြချင်ပါတယ်။ နားထောင်ကြည့်ကြနော်…

(၁) Cliff Richard – I Love You (သဘောကျမိတဲ့စာသားလေးကတော့ - I love you; I want you for my own.
I need you near to me…More than anyone could ever know
တဲ့လေ...)
 
(၂) Toni Braxton – Unbreak my heart (ကျွန်တော်ဆိုပုံဆိုဟန်သဘောကျမိတဲ့ အဆိုတော်မမရဲ့ သီချင်းတစ်ပုဒ်ကို ဒီနေ့မှပြန်နားထောင်ဖြစ်ပါတယ် Don't leave me in all this pain…Don't leave me out in the rain…Come back and bring back my smile….Come and take these tears away…..I need your arms to hold me now စာသားလေးတွေက ရင်ကိုထိပါတယ်)
(၃) Jordin Sparks – One Step at a Time (da da da da ဆိုတဲ့အသံလေးရယ် ဒေါက်မြင့်ဖိနပ်သံလေးရယ်နဲ့ အစပျိုးထားတဲ့ သီချင်းလေးက We live and we learn to take…One step at a time….There's no need to rush….It's like learning to fly
Or falling in love)
 
(၄) Mario Vazquez – Gallery (Pee Mak မင်းသားလေးနာမည်နဲ့ဆင်တဲ့အဆိုတော်ဆိုထားတဲ့သီချင်းဆိုပြီးစနားထောင်ဖြစ်ပေမယ့် သဘောကျနှစ်ခြိုက်သွားမိတဲ့ သီချင်းပါ Tell me what's the reason that you…. Hold on when you know that dude Has a whole wall of 'em just like you?....စတဲ့စာသားလေးတွေနဲ့)
 
(၅) Stevie Hoang – I Hate Falling in love (သီချင်းခေါင်းစဉ်ကို အစပျိုးသဘောကျရင်းနားထောင်က ဆိုဟန်ဆိုပေါက်ပါ သဘောကျသွားရခြင်းဖြစ်ပါတယ် Just when I thought I could changed….I end up falling again
It's something I just can't fight…..Heartbroken time after time….Don't even know why I try….I must me out of my mind စာသားလေးတွေက မိုက်ပါတယ်)
 
အပေါ်ပိုင်း အပုဒ်တွေကတော့ အင်္ဂလိပ်ဘာသာစကားကို Mother Language အဖြစ်သုံးနေကျဆိုတော့ မထူးဆန်းပေမယ့် အောက်ပိုင်း တစ်ပုဒ်ကတော့ အာရှသားဗီယက်နမ်အဆိုတော်ဖြစ်ပြီး အင်္ဂလိပ်အသံထွက်ကို Mother Language အတိုင်းဆိုနိုင်တာကို သဘောကျ မိပါတယ်။ ဘေးကနားထောင်သူများအနေဖြင့် အနောက်တိုင်းသားအဆိုတော်များအဖြစ်သာထင်မှတ်နိုင်တဲ့အထိပါ။ သူငယ်ချင်းတို့ နားမထောင်ရသေးရင် တော့ ရှာပြီးနားထောင်ကြည့်ပါဦး သီချင်းလေးတွေက မဆိုးပါဘူး ကျွန်တော်ကတော့ကြိုက်တယ် သိပြီးသား ဆိုရင်တော့ ဆောရီးနော်။

No comments: