Sunday, July 21, 2013

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ




Cloud Storage အကြောင်း
Cloud လို့ပြောလိုက်ရင် ကျနော်လည်း ခုထိ တိမ်တွေကို ပြေးမြင်တုန်း ပဲ။ နောက်မှာ Storage တို့၊ Computing တို့ တွဲဆပ်မှ သူ့ဆိုလိုရင်းကို မနည်းနားလည်အောင် ကြိုးစားယူခဲ့ရပါတယ်။

Cloud ဆိုတိုင်း မိုးပေါ်မှာ သိမ်းထားတာ မဟုတ်ပါဘူး။ ကမ္ဘာ့အပြင်မှာလည်း သိမ်းမထားပါဘူး။ ဆာဗာတစ်ခုမှာ သိမ်းထားပါတယ်။ ယင်း ဆာဗာမှာ User တစ်ဦးတစ်ယောက်ချင်းစီအတွက် အကောင့်တွေ လုပ်ပေးထားပြီး သိမ်းဆည်းဖို့ ဘယ်လောက်ပမာဏပေးမယ်။ ဘယ်လောက်အထိ သုံးလို့ရမယ် အစရှိသဖြင့်ပေါ့။ ကမ္ဘာမှာ တော်တော်လေးတွင်ကျယ်နေတာ အတော်ကြာပါပြီ။ အင်တာနက်လိုင်း ကောင်းတာကြောင့်ပေါ့။

ဒီတော့ ဘယ်သူမှ သွားလေရာ ကွန်ပြူတာသယ်မနေတော့ဘူး။ Hard Disk ကြီးတွေ သယ်မနေတော့ဘူ။ ရောက်တဲ့အရပ်မှာ အင်တာနက်ချိတ်ပြီး မိမိ Cloud Storage အကောင့်ကို ဖွင့်ပြီး ဝင်ရုံပါပဲ။ ရိုးရိုး အီးမေလ်တွေနဲ့ မတူပါဘူး။ သူသိမ်းဆည်းပေးတဲ့ Format ကစုံပြီး Memory လည်း များများ ရပါတယ်။ ဒါက User ရဲ့  acquire တဲ့အပေါ်လည်း မူတည်ပါ တယ်။ မြန်မာပြည်မှာ အခမဲ့ ရတဲ့ ပမာဏကိုပဲ အဆင်ပြေအောင် သုံးကြ ပေမယ့် နိုင်ငံတကာမှ မရောင့်ရဲကြဘူး။ သူ့ထက်ငါအပြိုင် Memory တွေမြင့်ပြီး အချက်အလက်တွေ သိမ်းကြတယ်။ ဗီဒိယို၊ ဓာတ်ပုံ၊ Presentation နဲ့ အခြားအခြားသော format အတော်များများလည်း ရပါတယ်။

ဒါကြောင့် နိုင်ငံတကာမှာ Memory နည်းတဲ့ ဖုန်း၊ ကွန်ပြူတာ၊ သွားလေရာ အဆင်ပြေ Tablet တွေ ရောင်းအားကောင်းတာပါ။ သူတို့အနေနဲ့ Data တွေကို Access လုပ်ဖို့အတွက် အင်တာနက်ပဲလိုတာပါ။ ဘယ်ပစ္စည်းမှ အလေးခံသယ်နေစရာမလိုတော့ပါဘူး။ ဒါကြောင့်လည်း Cloud Storage ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေလည်း အောင်မြင်တာပါ။

အရေးကြီးဆုံးအချက်ကတော့ အကောင့်လုံခြုံမှုစနစ်ပေါ့။ ဒီအတွက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပပဏီက သူ့အချက်အလက် Server ကွန်ပြူတာ ပစ္စည်းများကို သေချာ စီမံသိမ်းဆည်းရပါတယ်။ Stand by ထားတယ်။ Back up အမြဲလုပ်တယ်။ ၂၄ နာရီ လည်ပတ်နေအောင် ကြိုးစားတယ်။ အစရှိသဖြင်ပေါ့။

မြန်မာပြည်မှာလည်း အင်တာနက်လိုင်း မြန်လာတဲ့တစ်နေ့ Cloud Storage တွေ ခေတ်စားမှာပါ။ သူက အင်တာနက်လိုင်း အပေါ် ဖြတ်သန်းစီးဆင်းပြီး အလုပ်လုပ်ရတဲ့ Service မို့လို့ပါ။  ခုလည်း သုံးတဲ့သူတွေ သုံးနေကြပါတယ်။ Drobox ကတော့ လူသုံးအများဆုံးပေါ့။ iCloud, Google Drive, sky drive တို့လည်း သုံးကြပါတယ်။ Cloud Storage ဆိုတာ Cloud Computing မှ အစိတ်အပိုင်း တစ်ခုသာသာပါ။ နောက်မှ Cloud Computing အကြောင်း ရေးသား မျှဝေပါ့မယ်။
.
အောင်ခမ်း (ရိုးရာလေး)

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--

Massachusetts Institute of Technology (MIT)/OpenCourseWare
Link: http://is.gd/0pm1n1

Udacity / Free interactive College Classes
Link: http://is.gd/xiFMtf

Open Yale Courses / Freely Downloadable
Link: http://is.gd/74Xwb4

Coursera Free Online Courses
Link : http://is.gd/LIDgMa

ALISON Database / Free Online Diplomas
Link: http://is.gd/cqkuBQ

Khan Academy / Free Online Education
Link : http://is.gd/qpJwVP

Johns Hopkins OpenCourseWare
Link: http://is.gd/YWSx0O

Academic Earth Free Online Courses

Link: http://is.gd/BIZJQz

UC Berkeley Free Online Lectures
Link: http://is.gd/mNyFEM

Open University LearningSpace
Link: http://is.gd/84CXnA

Carnegie Mellon Open Learning Initiative
Link: http://is.gd/ADEBmj

University of Washington Video Lectures
Link: http://is.gd/ePO5Me

Tufts OpenCourseWare
Link: http://is.gd/8ABGyb

UC San Diego Podcast Lectures
Link: http://is.gd/oGOjth

AMSER (Applied Math and Science Education Repository)
Link: http://is.gd/N51Mvh

Utah State OpenCourseWare
Link: http://is.gd/ZRew6t

Free Video Lectures.com
Link: http://is.gd/ObsSL5

How-Stuff-Works / Free Online Science-Related Courses
Link: http://is.gd/XEHory

Wolfram Demonstrations Project
Link: http://is.gd/0vbMWk

Free Science and Video Lectures Online!
Link: http://is.gd/JoOFQg

LearningScience.org
Link: http://is.gd/te9NqS

Science.gov Databases
Link: http://is.gd/g4ZK7B

Connexions - Open-Content Library
Link: http://is.gd/C9Inr5

Sophia Free Online Courses
Link: http://is.gd/JBsj55

Honorable Mention: Peoi.org
Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

ရိုးရာလေး ပညာရေး

No comments: