Sunday, July 28, 2013

အံ့ဖွယ် အိုင်တီ ဝင်ငွေရှင်များ


အံ့ဖွယ် အိုင်တီ ဝင်ငွေရှင်များ
Google
တစ်စက္ကန့်မှာ Google ရဲ့  ဝင်ငွေက ၆၉၁.၂၇ ဒေါ်လာ ရှိပါတယ်။ ပျမ်းမျှအား ဖြင့် နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁ ၈၀၀ ၀၀၀ ၀၀၀ ရှိပါတယ်။
ဟုတ်ကဲ့။ ဒီပိုစ့်ကို ဖတ်ဖို့ အချိန် ၅ စက္ကန့်လောက်ပေးရပါလိမ့်မယ်။ ယင်း ၅ စက္ကန့်အတွင်း Google ရဲ့  ဝင်ငွေဟာ ၃၄၅၆.၃၄ ဒေါ်လာ ဝန်းကျင်ဖြစ်သွား ပါမယ်။

Bill Gates
ဘီလ်ဂိတ်ဟာ နိုင်ငံပေါင်း ၁၄၀ ထက် ချမ်းသာပါတယ်။
ဘီလ်ဂိတ်သာ သူ့စီးပွားရေးတွေ အားလုံး ရပ်တန့်ပြီး တစ်ရက်ကို ကန်ဒေါ်လာ ၁၀ သန်း ငွေသုံးရင်တောင် နှစ်ပေါင်း ၇၃၅ နှစ်စာ လုံလောက် ပါတယ်။ သို့ပေမယ့် ဘီလ်ဂိတ် အလုပ်လုပ်နေဆဲပါပဲ။
-
Ref:rarefacts

Facebook ရှယ်ယာဈေးမြင့်တက်

Facebook ရှယ်ယာဈေး စံချိန်တင်မြင့်တက်သွားကြောင့် သိရပါတယ်။ တစ်ရှယ်ယာကို
၃၂ ဒေါ်လာနဲ့ Facebook တို့ တင်ခဲ့သမျှ ရှယ်ယာထဲမှာအမြင့်ဆုံး ဈေးနှုန်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလက တစ်ရှယ်ယာကို ၁၇.၅ ဒေါ်လာသာ ရှိခဲ့ရာကို တစ်လထပ် တစ်လ တစ်ဆဆ မြင့်တက်လာခြင်း ဖြစ်ပါတယ်။

အကြောင်းအရင်းကတော့ မိုဘိုင်းဖုန်းနဲ့ Facebook အသုံးပြုသူ အရေအတွက် ပိုမိုတိုးတက်လာခြင်းကြောင့် လည်း ပါဝင်ပါတယ်။ ယခု ဒုတိယ ၃ လပတ်ကာလရဲ့  စစ်တမ်းအရ Facebook ရဲ့ ဝင်ငွေစုစုပေါင်း ၄၁ ရာခိုင်နှုန်းကို မိုဘိုင်းဖုန်းမှတစ်ဆင် အသုံးပြုသူများထံမှ ရရှိခဲ့ပါတယ်။ ကြော်ငြာမှ ရရှိမှုပါ။ ငွေကြေးအရ ကြည့်လိုက်ရင် အမေရိကန်ဒေါ်လာ သန်း ၆၅၆ သန်းရှိပြီး စံချိန်တင်ငွေကြေးပဲ ဖြစ်ပါတယ်။ Facebook အသုံးပြုသူကလည်း ပိုမိုပြီး တိုးတက်လာပါတယ်။
 ဒါကြောင့် Facebook ရဲ့  ရှယ်ယာဈေးနှုန်းဟာ အနာဂတ်မှာလည်း ပိုမို တန်ဖိုးမြင့်မားလာဖို့သာ ရှိတယ်လို့ ခန့်မှန်း ထားကြောင်း သိရပါတယ်။
Ref:mashable

နိုင်ငံတကာမှာ Network အင်ဂျင်နီယာ ဒီလိုရှိတယ်

Network အင်ဂျင်နီယာကတော့ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကွန်ပြူတာ ရှိရင် Network အင်ဂျင်နီယာဆိုတာ ရှိလာရပါတယ်။ ဒီတော့ နိုင်ငံတကာမှာ Network အင်ဂျင်နီယာလို့ Roll ဘယ်လိုရှိတယ်ဆိုတာက အကျဉ်းချုပ် မျှဝေ ပါ့မယ်။

End User တွေမှာ
End User ဆိုတာ Network ပစ္စည်းများကို မဖြစ်မနေ ကိုင်တွယ် လုပ်နေရတဲ့၊ သို့မဟုတ် ဝယ်သုံးနေတဲ့ ကုမ္ပဏီများကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဆိပ်ကမ်း၊ ဆေးရုံ၊ စီးပွားရေးရုံး၊ ဘဏ်တို့မှာဆိုရင် Network ပစ္စည်းများကို တပ်ဆင်ပါတယ်။ ယင်း ပစ္စည်းများကို လည်ပတ်ရန်၊ ထိန်းချုပ်ရန်အတွက် နိုင်ငံတကာမှာ Network အင်ဂျင်နီယာများကို တစ်သီးတစ်သန့် ထားပါတယ်။

Service Provider တွေမှာ
ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများ အနေနဲ့ပေါ့။ ဥပမာ - နိုင်ငံတကာမှ Telecommunication ကုမ္ပဏီများ၊ Networking Service ကုမ္ပဏီများ၊ အင်တာနက် ကွန်ရက်ချိတ်ဆက်ဖန်တီးပေးသော ကုမ္ပဏီများ ဖြစ်ပါတယ်။ သူတို့က End User/ Customer များအတွက် Network ဝန်ဆောင်မှုနဲ့ ပစ္စည်း များကို ရောင်းချပေးပါတယ်။ ဒီမှာလည်း Network အင်ဂျင်နီယာ များရဲ့ ပါဝင်မှုက အရေးအကြီးဆုံး အစိတ်အပိုင်းမှာ၊ Network မှာတောင် ကြိုးမဲ့၊ တယ်လီဖုန်း၊ ဗီဒီယို၊ လုံခြုံရေး အစရှိသဖြင့် အများအပြား ထပ်ကွဲ နေသေးလို့ ပေးစွမ်းတဲ့ ဝန်ဆောင်မှု အလိုက် Network Engineer အမျိုးအစား များစွာ လိုအပ်ပါတယ်။

Product Supplier တွေမှာ
Cisco, Juniper, Huawei, HP အစရှိတဲ့ ကမ္ဘာကျော် Network ပစ္စည်း ထုတ်တဲ့ ကုမ္ပဏီများမှာ ဖြစ်ပါတယ်။ Service Provider များက ဝယ်မယ်၊ သို့မဟုတ် End User များက တိုက်ရိုက်ဝယ်မယ်ဆိုရင် ပစ္စည်းတွေ ရောင်း ချ ပေးရတာပါ။ ဒီအတွက် ထုတ်ကုန်တွေ ဖန်တီးမှုအတွက် Network အင်ဂျင်နီယာများ လိုအပ်ပါတယ်။

အနာဂတ် နဲ့ Network Engineer
ကွန်ပြူတာနဲ့ နည်းပညာပစ္စည်းများ ရှိနေသေးသရွေ့  Network Engineer များက လိုအပ်စမြဲပါ။ ကွန်ပြူတာ တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်ဖို့ လိုအပ်လာရာကနေ ကမ္ဘာအရှေ့ ခြမ်းနဲ့ အနောက်ခြမ်း ဆက်သွယ်လို့ရအောင် Network Engineer များက ကြိုးစားဖန်တီးပေးနေ ရတဲ့ အတွက် အနာဂတ်မှာ လိုမြဲတိုင်း လိုအပ်နေမယ့် အိုင်တီပညာရှင်နဲ့ ပညာအမျိုးအစားပဲ ဖြစ်ပါတယ်။
.
ရိုးရာလေး နည်းပညာ

No comments: