Tuesday, July 16, 2013

HIV ဝေဒနာ ရှိသူများအနက် အိမ်ထောင်ရှင်များ ပိုပြီး အသက်ရှည်


HIV ဝေဒနာ ရှိသူများအနက် အိမ်ထောင်ရှင်များ ပိုပြီး အသက်ရှည်
သုတေသန ပြုချက်များအရ အမေရိကန် ပြည်ထောင်စုတွင် အိမ်ထောင်ကျပြီး သူများ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အိမ်ထောင်များ ပြန်ကွဲတတ်ရာ HIV/AIDS ဝေဒနာ စွဲကပ်နေသူများ အနက် အိမ်ထောင်ရှိသူ ဝေဒနာရှင် များသည် အသက် ပိုရှည်လေ့ ရှိကြောင်း International Journal of Infectious Diseases ဂျာနယ်တွင် ဖော်ပြ ရေးသားထားသည်။
အမေရိကန်နိုင်ငံ အမျိုးသား သေမှု စာရင်းပြုစုရေး ဌာန၏ ဆန်းစစ်ချက်အရ အသက် ၁၅ နှစ်နှင့် အထက် ဝေဒနာရှင် ၇၆၃,၀၀၀ ဦးကို လေ့လာ ဆန်းစစ်ရာတွင် ၄၁၀ ဦးသာ အသက် ဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်ကွဲများ တွင် ရောဂါရှိသူ သေနှုန်းသည် လက်ထပ် ထားသူများထက် ခြောက်ဆ သေ ဆုံးရန် နီးစပ်ကြောင်း၊ ရောဂါ ဖြစ်ပွားသည့် လက်မထပ်ရသေးသူသည် လက်ထပ်ထားသူထက် သေနှုန်းမှာ ၁၃ ဒသမ ၅ ဆနှုန်းဖြစ်ကြောင်း ယင်းစာစောင်တွင် ရေးသားထားသည်။
https://mail.google.com/mail/u/0/images/cleardot.gif

ဆေးကုသရန် အခက်အခဲရှိသည့် HIV ပိုး ရှိသူများ အမျိုးသမီး ကွန်ရက်ကို ဆက်သွယ်နိုင်

ဆေးကုသရန် အခက်အခဲ ရှိနေသည့် HIV ဗိုင်းရပ်စ်ဖြင့် အသက်ရှင်နေထိုင်သူ အမျိုးသမီးများသည် မြန်မာ အမျိုးသမီးများ ကွန်ရက်ကို ဆက်သွယ်နိုင်ကြောင်း ထို ကွန်ရက်၏ ဥက္ကဋ္ဌ နော်ရှဲဝါးက မဇ္ဈိမကို ပြောသည်။
“ပိုးကူးစက် ခံထားရသူ တစ်ဦးက ရှေ့ဆက် အသက်ရှင်ဖို့နဲ့ ရောဂါ ထိန်းချုပ်နိုင်ဖို့ ဆေးရရှိဖို့ အဓိက အရေးကြီးဆုံးပါ။ ကွန်ရက်မှာက ပိုးကူးစက်ခံထားရသူ အချင်းချင်း ဘယ်မှာ ဆေးရနိုင်တယ်က အစ သတင်းတွေ အဆက် မပြတ်နိုင်တော့ဘူး” ဟု သူက ပြောသည်။
အချို့သော HIV ဗိုင်းရပ်စ်ဖြင့် အသက်ရှင်နေသူ အမျိုးသမီးများသည် လူသိမည်ကို ရှက်ကြောက်စိတ်ဖြင့် မိသားစု အတွင်း၌သာ လျှို့ဝှက် နေထိုင်ခြင်းကြောင့် ဆေးရရှိရန် အခက်အခဲရှိပြီး အချိန်မီ ဆေးမကုသနိုင်သဖြင့် အသက် ဆုံးပါးနိုင်သဖြင့် နိုင်ငံအနှံ့တွင် ဖြန့်ကျက်ထားသည့် မြန်မာအမျိုးသမီးများ ကွန်ရက် အဖွဲ့ဝင်များနှင့် ချိတ်ဆက်ရန် သူက အကြံပေးခြင်း ဖြစ်သည်ဟုလည်း ရှင်းပြသည်။
“ကွန်ရက်မှာ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးတဲ့ သင်တန်းတွေ ပေးပါတယ်။ ပိုးကူးစက်ခံထားရသူ ကွန်ရက်အဖွဲ့ဝင်တွေ အလုပ်အကိုင် နေရာတွေ ဖော်ဆောင်ပေး ဖို့ကို ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေး မှုတွေ ဆောင်ရွက်နေပါတယ်” ဟု နော်ရှဲဝါးက ပြောသည်။
https://mail.google.com/mail/u/0/images/cleardot.gif

ဂရိ HIV ပိုးစစ် ဥပဒေ

ဂရိ နိုင်ငံမှာ ပြည့်တန်ဆာတွေ၊ တရားမဝင် ဝင်လာသူတွေနဲ့ မူးယစ်ဆေး စွဲနေသူတွေကို HIV ပိုး ရှိမရှိ အတင်းအကျပ် စစ်ဆေးဖို့ သတ်မှတ်တဲ့ ဥပဒေကို ပယ်ဖျက်ဖို့ လူ့အခွင့် အရေး စောင့်ကြည့် အဖွဲ့က ဂရိ အစိုးရကို တောင်းဆို လိုက်ပါတယ်။
ဂရိ နိုင်ငံမှာ HIV ကူးစက်နှုန်း မြင့်မား နေတာကို ထိန်းချုပ်ဖို့ ဒီဥပဒေကို မနှစ်က ပြဌာန်း ပြီးသား ဖြစ်ပေမယ့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ကန့်ကွက် တိုက်ပွဲ ဆင်ခဲ့လို့ နောက်ပြန်ဆုတ် သွားခဲ့တာ ဖြစ်ပါတယ်။
အရင် တပတ်ကမှ တက်လာတဲ့ ကျန်းမာရေး ဝန်ကြီးသစ်က ဒီအစီအစဉ်ကို ပြန်ပြီး အသက်သွင်း ခဲ့တာပါ။ မနှစ်ကတော့ ပြည့်တန်ဆာလို့ သမုတ် ခံရသူတွေကို ဖမ်းပြီး ဆေးစစ် ခဲ့ပါတယ်။
HIV ပိုး ရှိကြောင်း တွေ့ရှိရသူ တချို့ကို ဓာတ်ပုံ ကိုယ်ရေး အချက်အလက်တွေနဲ့ တကွ ပြည်သူကို အန္တရာယ် ပေးမယ့်သူတွေ ဆိုပြီး ဂရိ သတင်းဌာနတွေကနေ ထုတ်ဖော် ရေးသား တာတွေလည်း လုပ်ခဲ့ ဖူးပါတယ်။
BBC - ဂရိ HIV ပိုးစစ် ဥပဒေ 

ဒေါ်အောင်ဆန်းစုကြည် UNAIDS ညီလာခံတက်ရန် သြစတြေးလျ သွားမည်

သြစတြေးလျနိုင်ငံ၌ ဒီဇင်ဘာလတွင် ကျင်းပမည့် United Nations Programme on HIV/AIDS (UNAIDS) ညီလာခံသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဘရစ်စ်ဘိန်း တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ UNAIDS ညီလာခံကို ဒီဇင်ဘာလ အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ကုလသမဂ္ဂ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာ ရှင်များ ခွဲခြား ဆက်ဆံမှု တိုက်ဖျက်ရေး (UNAIDS) ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်ခံထားရသူ ဒေါ်အောင်ဆန်းစုကြည် ပါဝင် တက်ရောက်မည် ဟုလည်း ဖော်ပြ ထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိဖြစ်သူ ဒေါက်တာ တင်မာအောင်က “သူတို့ဘက်က ထုတ်ပြန်တဲ့ အတိုင်းပါပဲ။ ကျွန်မတို့ဘက်က ဘာမှထုတ်ပြန်ဖို့ မရှိပါဘူး” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျ ခရီးစဉ်အတွင်း ဆစ်ဒနီမြို့အပြင် မဲလ်ဘုန်းနှင့် အခြားမြို့များ သို့လည်း သွားရောက်ဖွယ်ရှိပြီး သြစတြေးလျ တက္ကသိုလ် အချို့က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ရန် ကမ်းလှမ်းမှုများ ပြုလုပ်နေကြောင်း ဘရစ်စ်ဘိန်း တိုင်းမ်တွင် ဖော်ပြထားသည်။
သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Mr.Bob Carr ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဇူလိုင်လ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံ ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရပြီး နောက်ပိုင်း ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့ပြီး ဥရောပနိုင်ငံများ အပါအဝင် ဂျပန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုကို ဆက်တိုက် သွားရောက်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၄
The Voice Weekly - ဒေါ်အောင်ဆန်းစုကြည် UNAIDS ညီလာခံတက်ရန် သြစတြေးလျ သွားမည်

No comments: