Saturday, December 3, 2011

ကြက်သားဟင်း ချက်စားရအောင် (အပိုင်း ၁)

ကြက်သားဆိုတာမှာ မြန်မာပြည်ကလူတွေက မွေးမြူရေးကြက်သားနှင့်
ဗမာကြက်ဆိုပြီး ခွဲခြားခေါ်ဝေါ်ကြတယ်၊ ၀ယ်ရတဲ့ဈေးနှုန်းက လည်းမတူကြပါဘူး။
ဗမာကြက်က အရာသာချိုတယ် အသားနည်းပြီးတော့ မွေးမြူရေးကြက်ကတော့
အသားထူပါတယ်။ ဒါကြောင့် ကိုယ်ချက်မည့်ဟင်းအမျိုးအမည်ပေါ်မူတည်ပြီး
ဘယ်ကြက်သားမျိုးနှင့်ချက်မယ်ဆိုတာ ရွေးကြတာပေါ့။ အရည်သောက်ဆိုရင် ဗမာကြက်
လေးနဲ့ချက်မယ်၊ ကုန်းဘောင်ကြီးကြော်လို
အရွက်တွေနှင့်ရောနှောကြော်မယ်ဆိုရင် မွေးမြူရေးကြက်သားလေးနှင့်ပေါ့နော်။
(၁) ကြက်ကချင်ချက်ဟင်း
လိုအပ်သောပစ္စည်းများ
ကြက်သား ၄၀ကျပ်သား၊ မျှစ်ချဉ် ၁၅ကျပ်သား၊
ကြံမဆိုင် - တစ်စည်း၊ ဆီ-ငါးကျပ်သား၊
ငရုတ်ခြောက်ပွ သုံးတောင့်၊ ကြက်သွန်နီ သုံးဥ၊
ကြက်သွန်ဖြူ လေးမြွှာ၊ ချင်း လက်နှစ်ဆစ်ခန့်၊
ရှမ်းနံနံ ၇၊၈ရွက်ခန့်၊ ငရုတ်သီးစိမ်း ၁၅တောင့်၊
ဗမာငံပြာရည် စားပွဲတင် နှစ်ဇွန်း၊
သကြား၊ဆား၊နနွင်းမှုန့် အနည်းငယ်စီ
ချက်ရန်ကြာမြင့်ချိန် နာရီဝက်ခန့်
- အနှစ်အတွက် ငရုတ်ခြောက်ပွ၊ ကြက်သွန်နီ-ဖြူတို့ကို ညက်ညက်ထောင်းထားပါ။
-မျှစ်ချဉ်ကို ရေနွေးပူပူလောင်းပြီးနယ်ကာ အနံ့ပျောက်အောင်ဆေးထားပါ။
- အနေတော် တုံးထားတဲ့ကြက်သား၊ မျှစ်ချဉ်၊ ကြံမဆိုင်တို့ကို
ငရုတ်ကြက်သွန်အနှစ်၊ ချင်းပါးပါးလှီး၊ဆီ၊ဆား၊နနွင်းမှုန့်၊ငံပြာရည်၊
သွားပါ။
- နူးရင် အပေါ့အငန်မြည်း ရှမ်းနံနံလေးညှပ်ထည့်ပြီး အိုးကိုအဖုံးပိတ်ချနိုင်ပါပြီ။
(၂) ကြက်ရိုးနှင့် ကျောက်ဖရုံသီးဟင်းချို
လိုအပ်သောပစ္စည်းများ
ကြက်အရိုး - အနည်းငယ်၊ ကျောက်ဖရုံသီး တစ်စိတ်၊
ကြက်သွန်နီ - ၂ဥ၊ ကြက်သွန်ဖြူ - လေးမြွှာ၊
ချင်းလက်တစ်ဆစ်၊
ဆား၊ငရုတ်ကောင်းမှုန့် အနည်းငယ်စီ
ချက်ရန်ကြာမြင့်ချိန် - ၂၀မိနစ်ခန့်
- ကြက်ရိုးကို ခုတ်ထစ်သန့်စင်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊
ချင်းတို့ထုထည့်ပြီး ဆားထည့်ကာ ပြုတ်အိုးတင်ထားပါ။
-ကြက်ရိုးမှ အချိုရည်ထွက်လျှင် ကျောက်ဖရုံသီးအတုံးများထည့်ပြီး ဆက်ပြုတ်ပါ။
- ကျောက်ဖရုံသီးနူးလျှင် အပေါ့အငန်မြည်း ငရုတ်ကောင်းမှုန့်ခတ်ကာ ချနိုင်ပါပြီ။
- ပူပူလေးသုံးဆောင်လျှင် ခံတွင်းကို မြိန်စေပါတယ်။ ချက်ရလွယ်သလောက်
ကျန်းမာရေးကို အထောက်အကူပြုသော စွပ်ပြုတ် ဟင်းရည်တစ်ခွက်ဖြစ်ပါတယ်။
(၃) ကြက်အူထုံးမဆလာဟင်း
ပါဝင်ပစ္စည်းများ
ကြက်အူကိုင်ပြီးသား - ၅၀ ကျပ်သား
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်အူကို ချက်ပြုတ်ဖို့အတွက် အရေးကြီးဆုံးက အူကို ဆားနဲ့ သေသေချာချာ
ပွတ်သပ်ဆေးကြောဖို့ပါပဲ။ ပြီးရင် ရေနဲ့ အထပ်ထပ်ပွတ်သပ် ဆေးကြော ပေးပါ။
ရေဆေးပြီးလို့ စိတ်တိုင်းကျပြီဆိုရင် အဆင်သင့်ထောင်းထားတဲ့
ကြက်သွန်ဖြူနဲ့ ချင်းကို သန့်စင်ထားတဲ့ အူပေါ်အရည်ညှစ်ချ ပေးရပါမယ်။
နနွင်းမှုန့်အနည်းငယ်၊ ဆားနဲ့ဟင်းခတ်မှုန့်တို့ကို ထည့်ပြီး ခုနက
ဆမ်းထားတဲ့ ချင်းရေပါ နှံ့သွားအောင် နယ်ပေးပါ။ အားလုံးနယ်လို့
နှံ့သွားပြီဆိုရင်တော့ ကြက်အူလေးတွေကို လက်နှစ်ချောင်းမှာ ရစ်ပတ်ပြီး
တစ်ပတ်ရစ် အထုံးလေးတွေ ထုံးပေးပါ။ အရှည်အတိုပေါ် မူတည်ပြီး
အူတစ်ချောင်းကနေ နှစ်ချောင်းအထိ အနေတော်အထုံးလေးရအောင် ထုံးနိုင်ပါတယ်။
အရသာနယ်ထားပြီးဖြစ်တဲ့ ကြက်အူအထုံးလေးတွေရပြီဆိုရင် ကြက်သွန်ဆီသပ်ဖို့
ပထမဆုံး ချင်းနဲ့ ကြက်သွန်ဖြူထောင်း အနည်းငယ်ကို ဆီပူထဲကို
နနွင်းမှုန့်အနည်းငယ်နဲ့ အတူ အရင်ထည့်ပြီးမှ ကြက်သွန်နီထောင်းနဲ့
ငရုတ်သီးမှုန့်ကို ထည့်ပါ့မယ်။ ဆီသပ်တာ အနေတော်ရပြီဆိုမှ ဟင်းမွှေးမဆလာကို
အနေတော်ထည့်ပြီး မွှေပေးပါ။
နောက်ဆုံးမှာတော့ ခုနကြက်အူထုံးလေးတွေကို ထည့်လိုက်လို့ ရပါပြီ။
ဆီပူပူထဲမှာ ကြက်အူကို ထည့်ပြီး အူအထုံးလေးတွေ မာလာတဲ့အထိ မွှေပေးရပါမယ်။
ကြက်အူလေးတွေ မာပြီး ကြက်သွန်ဆီသပ်နဲ့ သမသွားပြီဆိုမှ ရေထည့်ပါမယ်။ ရေကို
အထုံးလေးတွေ မြုပ်ရုံအနည်းငယ်ပဲထည့်ကာ ရေခန်းသွားရင် နောက်တစ်ရေထပ်ထည့်
ပြီးမှ ဆီပြန်အောင် စောင့်ပြီး ချလို့ရပါပြီ။
ကြက်အူက ချက်လိုက်ရင် ကျုံ့သွားတာကြောင့် မိသားစုများမယ်ဆိုရင်တော့
ကြက်အူကို ၅၀ ကျပ်သားထက်ပိုချက်ဖို့ အကြံပြုပါရစေ။
(၄) ကြက်သားနှင့် ကန်စွန်းရွက်ကြော်
ပါဝင်သည့်ပစ္စည်းများ
(၁) ကန်စွန်းရွက် – ၃လက်မအပိုင်းများ ဖြတ်ထားပါ။ (တစ်စည်းခွဲခန့်)
(၂) နုပ်နုပ်စင်းထားသော ကြက်သား - ၁၀၀ ဂရမ်
(၃) ငရုတ်သီးတောင့် – ၁၀တောင့်
(၄) ကြက်သွန်ဖြူ – ၁၀မွှာ
(၅) ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ဇွန်း
(၆) ပဲပိစပ် – စားပွဲတင်ဇွန်း ၁၀က်ခန့်
(၇) ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
(၈) ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်း
(၁) ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်များ ထောင်းပါ။
(၂) အိုးထဲသို့ ဆီ၂ဇွန်းထည့်ပြီး ပူအောင်တည်ပါ။ဆီပူလာလျှင်
ကန်စွန်းရွက်ထည့်ပါ။ ရေအနည်းငယ်ထည့်ပါ။ မီးပြင်း ပြင်းဖြင့် ကြော်ပါ။
အဆက်မပြတ်မွှေပေးပါ။ ပြီးလျှင် ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။
(၃) အိုးထဲသို့ လက်ကျန်ဆီထည့်ပါ။ ဆီပူလာလျှင် ထောင်းထားသော
ကြက်သွန်ဖြူနှင့် ငရုတ်သီး ထည့်ကြော်ပါ။ အနံ့မွှေးလာလျှင် ကြက်သားထည့်ပါ။
ပဲပိစပ်၊ ခရုဆီနှင့် ပဲငံပြာရည်ထည့်ပါ။ ဟင်းကျက်လျှင် ကြော်ထားသော
ကန်စွန်း ရွက်ပေါ် ခပ်ထည့်ပါ။ အရသာရှိတဲ့ ကြက်သားကန်စွန်းရွက်ကြော်
ရပါပြီ။
(၅) ကြက်သားနို့ဆမ်း (ဟာဝိုင်အီ)
ပါဝင်သောပစ္စည်းများ
ကြက်သား ၅၀သားမှ ၇၅ကျပ်သားအထိ
ကြက်သွန်နီ ၂ ဥ
တရုတ်နံနံပင် ၂ ပင်
နွားနို့ ၅၀ ကျပ်သား
ဟင်းနုနယ် တစ်စည်း
ချက်ပြုတ်နည်း
- ကြက်သားကို အနေတော်တုံး၍ ရေ၊ ကြက်သွန် (လှီးပြီးသား လေးစိတ်ကွဲ)၊
တရုတ်နံနံ (အနေတော်ပိုင်းဖြတ်)၊ ဆားတို့နှင့် ရောပါ။
- အဖုံးအုပ်ပြီး ဆူအောင်တည်ပါ။
- မီးရှိန်လျှော့ပြီး အတန်ကြာဆူနေပါစေ။
- ထို့နောက် ကြက်သားများကို ပြုတ်ရည်မှ ဆယ်လိုက်ပါ။
- ဟင်းနုနယ်ကို နို့ထဲထည့်ပြီး အပူပေးပါ။
- ဟင်းနုနယ်နူးလာလျှင် ပြုတ်ရည်အိုးထဲသို့လောင်းထည့်ပါ။
- ထို့နောက် ဟင်းထည့်မည့်ပန်းကန်ထဲသို့ ကြက်သားထည့်ပြီး
ထိုအရောအနှောရည်များ လောင်းချလိုက်ပါ။
















No comments: