သူတစ်ပါး အဖိတ်အစင်...လို့
ခံစားလိုက်မှာ...စိုးတယ်။
မပွင့်...မလန်း
မမွှေးပျံ့ဘူး...လို့၊ ထင်ချင်ရင်တောင်၊
ဖြစ်သမျှ အဟောင်း
မကောင်းခဲ့သူ အပေါ်
ကမ်းဝံ့တဲ့ အရှင့်လက်တော်ကိုပင်
အားတုံ့ အားနာဖြစ်ရင်း..၊
ရိုးမြေကျ မနက်ဖြန်...
များစွာအတွက်
အသက်နဲ့ထပ်တူ ပေးဆက်လိုက်တဲ့
(ဟောဒီ့ ရင်ချိုင့်ထဲက၊ အချစ်ဟာ) ...
ဘ၀ရဲ့...
နောက်ဆုံး သစ်ရွက်ပါ...။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)
2011 Apr. 11
7:30 (a.m)
No comments:
Post a Comment