ဘ၀ရဲ့အခက်အခဲတွေ၊ သံသယတွေ၊ ကြောက်ရွံ့မှုတွေအားလုံးကို ငါ မဖြေရှင်းပေးနိုင်ပါဘူး။
ဒါပေမယ့် မင်းပြောတာကို ငါနားထောင်ပေးနိုင်ပါတယ်။ ပြီးတော့ ငါတို့အတူတကွ အဖြေရှာကြတာပေါ့။
စိတ်ဒုက္ခနာကျင်စရာ မင်းရဲ့အတိတ်ကိုရော ပြောမပြနိုင်လောက်အောင် များပြားတဲ့ အဖြစ်အပျက်တွေနဲ့အနာဂတ်ကိုရော ငါပြောင်းလဲ မပေးနိုင်ပါဘူး။
ဒါပေမယ့် မင်းကိုစောင့်ရှောက်ဖို့ ငါ့ကို လိုအပ်ချိန်မှာ မင်းအနားမှာ ငါအခုရှိနေနိုင်ပါတယ်။
မင်းရဲ့ခြေထောက် ခလုတ်မတိုက်မိအောင် ငါမလုပ်ပေးနိုင်ပါဘူး။
ငါ့လက်ကိုဆုပ်ကိုင်ပြီး ပြုတ်ကျမသွားအောင် လက်ကမ်းပေးဖို့တော့ တတ်နိုင်ပါတယ်။
မင်းရဲ့ပျော်ရွှင်ကြည်နူးမှုတွေ၊ အောင်ပန်းဆွတ်ခူးတာတွေ၊ အောင်မြင်မှုတွေနဲ့ ၀မ်းသာစရာတွေဟာ ငါ့ဟာတွေမဟုတ်ပါဘူး။
ဒါတောင်မှ မင်းရဲ့ရယ်မောမှုထဲ ငါမျှဝေပါဝင်နိုင်ပါတယ်။
ဘ၀မှာ ချမှတ်ခဲ့တဲ့ မင်းရဲ့ဆုံးဖြတ်ချက်တွေကို ပြုလုပ်ဖို့ ဒါမှမဟုတ် အကဲဖြတ်ဖို့ဆိုတာ ငါ့အလုပ်မဟုတ်ပါဘူး။ မင်းပြောလာတဲ့အခါမှာ မင်းကိုထောက်ခံအားပေးရုံ၊ တိုက်တွန်းရုံ၊ ကူညီရုံသာငါတတ်နိုင်ပါတယ်။
ခင်မင်မှုကနေ၊ မင်းရဲ့တန်ဖိုးထားမှုကနေ၊ ငါ့ဆီကနေ ဝေးကွာမသွားအောင် မတားဆီးနိုင်ပါဘူး။
မင်းအတွက် ဆုတောင်းပေးရုံ၊ မင်းကိုစကားပြောပေးရုံ၊ မင်းကိုစောင့်နေရုံသာ ငါတတ်နိုင်ပါတယ်။
မင်းအတွက် နယ်နိမိတ်ကန့်သတ်ချက်တွေကို ငါမချမှတ်နိုင်ပါဘူး။
ဒါပေမယ့် မင်းပြောင်းလဲစရာ၊ ကြီးထွားရှင်သန်စရာ၊ မင်းသဘောအတိုင်းဖြစ်စရာနေရာကိုပဲ ပေးစွမ်းနိုင်တာပါ။
မင်းအသဲကွဲကြေတာ ဒဏ်ရာအနာတရဖြစ်တာကနေ ငါမတားဆီးနိုင်ပါဘူး။
ဒါပေမယ့် မင်းနဲ့အတူ ငိုကြွေးပြီး ကွဲကြေနေတဲ့အစိတ်အပိုင်းတွေကို ကောက်ယူကာ နေရာတကျဖြစ်အောင်သာ ကူညီနိုင်ပါတယ်။
မင်းဘယ်လိုလူမျိုးလဲဆိုတာ ပြောမပြတတ်ပါဘူး။
မင်းကိုချစ်မြတ်နိုးပြီး မင်းရဲ့မိတ်ဆွေအဖြစ်သာ ငါရှိနေနိုင်တာပါ။
အမည်မသိ စာရေးသူ
Ref: Portrait of a Friend – Author Unknown
No comments:
Post a Comment