Monday, July 4, 2011

Flavor Fixer

ဗီနီဂါကို စပျစ်သီး၊ သစ်သီး(သို့မဟုတ်) အစေ့အဆန်များက ပြုလုပ်ထားတာဖြစ်ပါတယ်။ သွားရည်ယိုလောက်အောင် အနံ့အရသာ ကောင်းမွန်တဲ့ အစားအစာတွေကို ဖန်တီးဖို့အတွက်တော့ မရှိမဖြစ် ပါဝင်ရမယ့် ပစ္စည်းတစ်မျိုးပါပဲ။

Red and White Wine Vinegars

သနပ်အမျိုးမျိုးနဲ့ Salad တွေကိုပြင်ဆင်ဖို့အတွက် အကောင်းဆုံးဗီနီဂါတွေပါ။ အနီရောင်ဗီနီဂါကို အမဲသား၊၀က်သားနဲ့ ဟင်းသီးဟင်း ရွက်တွေအတွက် အသုံးပြုကြပြီး အဖြူရောင်ဗီနီဂါကို ကြက်သားနဲ့ငါးတို့အတွက် သုံးစွဲလေ့ရှိကြပါတယ်။

Distilled Vinegar

အရသာစူးတဲ့ ဒီဗီနီဂါကို ပမာဏအနည်းငယ်သာ သုံးစွဲရပါမယ်။ မလိုင်ထုတ်ပြီးတဲ့ နို့ချဉ်ပြုလုပ်ရာမှာလည်းကောင်း၊ အဆီလျော့နည်းတဲ့ နို့ထောပတ်ပြုလုပ်ရာမှာလည်းကောင်း အသုံးပြုကြပါတယ်။

Malt Vinegar

မုယောစပါးမှ ထုတ်လုပ်ထားသော ဗီနီဂါဟာ အနည်းငယ်ချိုမြတဲ့အရသာရှိပါတယ်။ ငါး၊ပါးပါးလှီးပြီးကြော်ရတဲ့ အစားအစာများကို ကြော် ချက်ရာမှာ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးအဖြစ် ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။

Balsamic Vinegar

ဝက်သစ်ချသားနဲ့ပြုလုပ်ထားတဲ့ စည်းများထဲမှာ ဆယ်နှစ်(သို့မဟုတ်) နှစ်သက်တမ်းကြာရှည်စွာထားရှိတဲ့ သက်တမ်းရှည်ကြာတဲ့ အညို ရောင်ဝိုင်ဗီနီဂါဖြစ်တဲ့အတွက် ဈေးအကြီးဆုံး ဗီနီဂါများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သနပ်အမျိုးမျိုးနဲ့ Salad များပြင်ဆင်ဖို့ အ တွက် အကောင်းဆုံးပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ချိစ်တွေပေါ်ဆမ်းပြီးတော့လည်း သုံးဆောင်နိုင်ပါတယ်။

Apple Cider Vinegar

အသီးအနှံများကို သနပ်ပြုလုပ်ရာမှာနဲ့ Salad များပြင်ဆင်ဖို့အတွက်တော့ အကောင်းဆုံးဗီနီဂါတစ်မျိုးပါ။ စပျစ်သီးအစား ပန်းသီးကို အသုံးပြုကာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ငါးနဲ့ကြက်သားများကို နူးအိပျော့ပျောင်းသွားစေဖို့အတွက် အသုံးပြုလေ့ရှိပါတယ်။ အသားရဲ့ ကောင်းမွန်တဲ့အရသာကို ပိုမိုထင်ရှားသိသာလာစေပါတယ်။

Black Chinese Vinegar

ဂျုံ၊ Sorghum လို့ခေါ်တဲ့ အစေ့အဆန်တစ်မျိုးနဲ့ နှံစားပြောင်းတို့က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ၀က်ခြေထောက်စွပ်ပြုတ်ကဲ့သို့ သော တရုတ်ဟင်းလျာများနဲ့တွဲဖက်စားသုံးနိုင်ဖို့ အချဉ်ပြုလုပ်ရာမှာ နုပ်နုပ်စဉ်းထားတဲ့ ချင်းနဲ့ ဒီဗီနီဂါကို ရောနှောကာ အသုံးပြု လေ့ရှိပါတယ်။

Rice Vinegar

တရုတ်ဗီနီဂါ အနီနဲ့အဖြူဟာ စူးရှတဲ့အရသာပြင်းပြင်းရှိပါတယ်။ ဂျပန်ဗီနီဂါများကတော့ အရသာပေါ့ပါတယ်။ ပဲပိစ်အနှစ်၊ ချင်း၊ ငရုတ်သီး၊နှမ်း၊ကြက်သွန်နီတို့နဲ့ ရောနှောအသုံးပြုလေ့ရှိကြပါတယ်။

Ref: Women's Weekly

No comments: