Sunday, December 5, 2021

ကာမေသု၊ Gender Equality နှင့် Sexuality Education

ကာမေသု၊ Gender Equality နှင့် Sexuality Education




(ဖတ်ရန် ကြာချိန် ၇ မိနစ်)


ထုံးစံအတိုင်း စာတော့ တော်တော်ရှည်ပါမယ်။ ဖွင့်ထားတဲ့စိတ်နဲ့ ဖတ်ဖို့လည်း အကြံပြုလိုပါတယ်။


၁။ ကာမေသုရဲ့ အဓိပ်ပါယျ


ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ စောင့်ထိန်းရတဲ့ ၅ ပါးသီလထဲက တစ်ခု ဖြစ်ပါတယ်။ ကာမဂုဏ်၌ လွဲမှားစွာ ပြုကျင့်ခြင်းတဲ့။ ပိုရှင်းအောင် ပြောရရင် သူများသားမယား မဖျက်ဆီးနဲ့ ပေါ့ဗျာ။


ငယ်ငယ်ကတော့ အဓမ္မကျင့်တာကိုပဲ ပြောတာလို့ ထင်ခဲ့ပေမဲ့ စာပေကျမ်းဂန်အရတော့ ယောက်ျား၊ မိန်းမ ခွဲပြီး အသေးစိတ် ထပ်ချဲ့ ပြောထားပါသေးတယ်။


ယောက်ျားတွေ လိင်မဆက်ဆံသင့်တဲ့ မိန်းမအမျိုးအစားပေါင်း ၂၀ ရှိတယ်။ အိမ်ထောင်ရှိတဲ့ မိန်းမ၊ အိမ်ထောင်မရှိလည်း မိဘရဲ့ အုပ်ထိန်းမှုအောက် ရှိတဲ့ မိန်းမ၊ မိဘ မရှိတော့ရင် အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်၊ အစ်ကို၊ မောင်တို့ရဲ့ အုပ်ထိန်းမှုအောက်မှာရှိတဲ့ မိန်းမ စသဖြင့် ခွဲလိုက်တာ အမျိုး ၂၀ ဖြစ်သွားတယ်။ ချုပ်ပြောရရင်တော့ ကိုယ် တရားဝင် လက်ထပ်ထားတဲ့ မိန်းမကလွဲလို့ ဘယ်သူနဲ့ ဆက်ဆံဆက်ဆံ၊ ဘယ်လောက်ပဲ အရွယ်ရောက်ရောက်၊ Consent (ခွင့်ပြုချက်) တွေ ပေးပေး၊ ကာမေသု မြောက်ပါတယ်။ 


ခြွင်းချက်က ပြည့်တန်ဆာနဲ့ ဆက်ဆံတာပါ။ ဒါဆိုရင်တော့ ကိုယ်က လူပျိုလူလွတ်လည်း ဖြစ်တယ်ဆို ကာမေသုကံ မထိုက်ပါဘူး။ အိမ်ထောင်သည်ကတော့ မိန်းမ ရှိနေတဲ့အတွက် ကိုယ့်မိန်းမ မဟုတ်တဲ့ ဘယ်သူနဲ့ပဲ ဆက်ဆံဆက်ဆံ၊ ကာမေသုကံ ထိုက်ပါတယ်။


နောက်ခြွင်းချက်က မရည်ရွယ်ဘဲ တစ်ကြိမ်တစ်ခါ မတော်တဆ ဖြစ်မိသွားတာဆို ကာမေသု မထိုက်ဘူး။ မြန်မာကားစကားနဲ့ ပြောရရင် ပန်းအိုးကျကွဲရင်ပေါ့။


မိန်းမတွေအနေနဲ့ကတော့ တရားဝင် အိမ်ထောင်ရှိတဲ့ အမျိုးသားကလွဲရင် လူပျိုလူလွတ်နဲ့ ဆက်ဆံမယ်ဆို ကာမေသု မထိုက်ပါဘူး။ 


ပိုရှင်းအောင် နမူနာပေးရရင် သမီးရည်းစား လိင်ဆက်ဆံတယ်။ ကောင်လေးက ကာမေသု မြောက်တယ်၊ ကောင်မလေးက မမြောက်ဘူး။ လူပျိုကောင်လေးက ကြယ်စင်နဲ့ သွားဆက်ဆံတယ်။ နှစ်ယောက်လုံး ဘာမှမဖြစ်ဘူး။ အိမ်ထောင်သည်တစ်ယောက်က ယမင်းနဲ့ သွားဆက်ဆံတယ်။ နှစ်ယောက်လုံး ကာမေသုကံ ထိုက်ပါတယ်။ ဒါက စာပေကျမ်းဂန်အရ သိသလောက် မျှဝေတာပါ။ မကြာခဏ ငြင်းရလေ့ရှိတဲ့ ဘုရားဟောအစစ်လား၊ အဌကထာ ဆရာကြီးတွေက ကွန့်ထားတာလား၊ ဒါတော့ ကျွန်တော့်အနေနဲ့ သုံးသပ်နိုင်စွမ်း မရှိပါဘူး။ 


၂။ ကျားမ တန်းတူညီမျှမှု


ဒီသတ်မှတ်ချက်ကို ကြည့်လိုက်ရင် ယောက်ျားနဲ့ မိန်းမကြား အတော်လေးကို မမျှမတ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ အဲဒီခေတ် အဲဒီအခါက အမျိုးသမီးတွေရဲ့ အနေအထားက အင်မတန်မှကို ဖိနှိပ်ထိန်းချုပ်ခံထားရလို့လည်း ဖြစ်ပါလိမ့်မယ်။ ယောက်ျားတွေရဲ့ နောက် ဒုတိယလိင်အဖြစ် ရှုမြင်ခံထားရတာကိုး။ 


မိဘက ဗိုင်းကောင်းကျောက်ဖိ ဖြစ်အောင် သွန်သင်၊ အချိန်တန် မိဘပေးစားတဲ့သူနဲ့ ယူ၊ အိမ်ရှင်မ လုပ်၊ ပါရမီဖြည့်။ Polygamy လို့ ခေါ်တဲ့ ယောက်ျားတစ်ယောက်က မိန်းမတွေ အများကြီး တစ်ပြိုင်တည်း ယူတဲ့ အလေ့အထတွေလည်း ရှိတယ်။ ဒါကြောင့် မိန်းမဆိုတာ တစ်ယောက်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိကိုရှိနေတယ် ဆိုတဲ့ အမြင်တွေကနေ ကာမေသု မိစ္ဆာစာရကံနဲ့ ပတ်သက်လို့ ခုလို သတ်မှတ်ချက်တွေ ဖြစ်လာတယ်လို့ ယူဆရတယ်။ 


ခုခေတ်မှာတော့ မိန်းကလေးတွေရဲ့ အနေအထားက အများကြီး ပြောင်းလဲတိုးတက်လာတယ်။ သူတို့က မိသားစုကို ဦးဆောင်နေတာ ရှိတယ်။ အိမ်ခွဲနေလိုက်တာတွေလည်း ရှိတယ်။ တချို့ဆို နယ်ကနေ ရန်ကုန်မှာ တစ်ယောက်တည်း လာနေတယ်။ ဝင်ငွေအရရော၊ ရုပ်ပိုင်းဆိုင်ရာအရ ဘယ်သူ့အပေါ်မှ မှီခိုမနေတော့တဲ့၊ ဘယ်သူ့အုပ်ထိန်းမှုအောက်မှာမှ ရှိမနေတဲ့ အမျိုးသမီးတွေ အများကြီး ရှိလာတယ်။ အဲ့တော့ သူတို့နဲ့ နှစ်ဦးသဘောတူ ဆက်ဆံမယ်ဆိုရင်ရော ကာမေသု မြောက်သလား။


မြန်မာယောက်ျားလေး။ လူပျိုဆိုတော့ ဒီက မိသားစုပုံစံအရ မိဘနဲ့ အတူတူနေတယ်။ အဲ့မှာ ဒီကို အလုပ်လာလုပ်တဲ့ နိုင်ငံခြားသူနဲ့ ကြိုက်တယ်။ ဆက်ဆံဖြစ်ကြတယ်ဆို ဘယ်သူက ကာမေသု မြောက်သလဲ။ ကိုယ့်ထက်တောင် အမှီအခိုကင်းလို့ ဒီလိုရေခြားမြေခြားကိုတောင် ရောက်လာတဲ့ မိန်းကလေးနဲ့ ဆက်ဆံတာ ကိုယ်ကျမှ ကာမေသု မြောက်ရသလားပေါ့။


နောက်တစ်ခုက တက္ကသိုလ်ကျောင်းသူနဲ့ ကျောင်းသား။ သူလည်း ၁၉ နှစ်၊ ကိုယ်လည်း ၁၉ နှစ်။ နှစ်ယောက်လုံးက မိဘပိုက်ဆံနဲ့ ကျောင်းတက်၊ ရပ်တည်နေတာ။ အဲ့နှစ်ယောက် တည်းခိုခန်း သွားကြတယ်ဆို မိန်းကလေးက ဘာမှမဖြစ်ဘဲ ယောက်ျားလေးကတော့ ကာမေသုကံထိုက်တယ် ဖြစ်နေရော။


ဒီလို စဉ်းစားစရာတွေ ရှိလာတယ်။ လူငယ်တွေကိုလည်း ကာမေသုကံအကြောင်း အဲ့လို သွားပြောရင် သူတို့ဆီက ဒီလိုမေးခွန်းတွေ အစီအရီ ထွက်လာမှာပဲ။


နောက်ပြီး နိုင်ငံခြားမှာဆို Living together နေကြတယ်။ ခု မြန်မာပြည်မှာ ဖြစ်နေကြတာက Pre-marital sex နော်။ လိင်ပဲ ဆက်ဆံတာ။ လက်မထပ်ခင် တစ်အိမ်တည်း အတူနေ၊ ဘဝတစ်ခုကို အစမ်း ဖြတ်သန်းကြည့်တာမျိုးမှ Living together လို့ ခေါ်တယ်။ အဲ့လိုပုံစံမှာလည်း ကောင်းတဲ့အချက်တွေ အများကြီးရှိတယ်။ သူ့အကြောင်း ကိုယ့်အကြောင်း အတွင်းကျကျ သိသွားနိုင်တာကိုး။ လိင်ကိစ္စနဲ့ ဆက်စပ်တာပဲ နမူနာပေးရရင် လူတွေမှာ အတော်ထူးခြားတဲ့ လိင်ဆန္ဒတွေ ရှိနေတတ်တယ်။ ဥပမာ BDSM လို့ ခေါ်တဲ့ တစ်ဖက်လူကို ရိုက်နှက်ရမှ၊ ဒါမှမဟုတ် အရိုက်ခံရမှ ကျေနပ်တာမျိုး၊ Cuckold ဆိုတဲ့ ကိုယ့်ယောက်ျား၊ ကိုယ့်မိန်းမ တခြားလူနဲ့ လိင်ဆက်ဆံနေတာကို ကြည့်ရင်း ဆန္ဒပြည့်ဝတာမျိုး စသဖြင့်။ အဲဒါတွေကို ယူပြီးမှသာ သိရင် ကိုယ်နဲ့လည်း အဆင်မပြေဘူးဆို သေရချည်ရဲ့။ ဒါကြောင့်လည်း Living together အရင်နေကြည့်ကြတာ။ အစစအရာရာ ကီးကိုက်မှ ယူကြမယ်ပေါ့။ သို့သော် ကာမေသု ရှုထောင့်က ကြည့်ရင်တော့ ဒါသည်လည်း မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စ ဖြစ်နေပြန်တယ်။


ကျွန်တော်ကတော့ ကိုယ်တိုင်လည်း လူဝတ်ကြောင် ဖြစ်နေတဲ့အခါ ဆရာတော်တွေလို မဟောတော့ဘဲ ကိုယ့်အမြင်ကိုပဲ ပြောကြည့်မယ်။ ဒီနေရာမှာ အားလုံးအတွက် ရည်ရွယ်လို့ သံသရာတို့၊ ကံကံ၏အကျိုးတို့ စတဲ့ ကျွန်တော်တို့ ဘာသာဝင်တွေရဲ့ ယုံကြည်ချက်တွေကို ခဏချန်ထားပြီး တစ်ဘဝစာကိုပဲ တည်ပြောလိုက်ပါမယ်။


၃။ သီလဆောက်တည်ရခြင်းရဲ့ ရည်ရွယ်ချက်


ဆိုတော့ သီလ ဆိုတာ ဘာလဲ ပြန်စဉ်းစားကြည့်ရအောင်။ ကုသိုလ်ရဖို့ လုပ်ရတယ် ဆိုတာထက် သူတစ်ပါးကို ဒုက္ခမပေးမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းခြင်းကို သီလလို့ ခေါ်တယ်။ ဒါကြောင့် မဟာဒါနလို့လည်း ညွှန်းတယ်။ သဘောက ကိုယ့်အတွက် မဟုတ်ဘူး။ သူတစ်ပါးအတွက် လုပ်ရတာ။


ဥပမာ အရက်သောက်တာ ဆိုရင် ဒုစရိုက် ၁၀ ပါးထဲ မပါဘူး။ သို့သော် အဲဒီဒုစရိုက်မှန်သမျှကို လုပ်မိစေလို့ မသောက်ဘဲ ထိန်းခိုင်းတာ။ စဉ်းစားကြည့်လေ။ လူဆိုတာ အရက်ဝင်သွားရင် အသိစိတ် လွတ်သွားတယ်။ မဆင်ခြင်နိုင်တော့ဘူး။ အမှန် အမှား မခွဲခြားနိုင်တော့ဘူး။ ပြောချင်ရာတွေ ပြောမိတတ်တယ်။ မသိစိတ်ထဲမှာ သိမ်းထားသမျှ မဟုတ်မဟတ်တွေအကုန် လုပ်မိသွားတတ်တယ်။ ဒါကြောင့် အရက်ကို ရှောင်ခိုင်းတာ။


သို့သော် အရက်မှာ သူ့လစ်မစ်ဆိုတာ ရှိတယ်။ စကားပြောလို့ ကောင်းအောင် မိတ်ဖြစ်ဆွေဖြစ် ဘီယာတစ်ခွက်လောက် သောက်မယ်။ အသိစိတ် လွတ်သွားသည်အထိ မဖြစ်ဘူး၊ ကျန်တဲ့ သီလ ၄ ပါးကို ကျူးလွန်လောက်တဲ့အထိ မဖြစ်ဘူး၊ သူ့ကြောင့် ဘယ်သူ့မှ ဒုက္ခမရောက်ဘူးဆို ဒါသည် လက်ခံပေးလို့ ရတယ်။ 


နောက်တစ်ယောက်ကတော့ အရက်လုံးဝမသောက်ဘူး။ သို့သော် မတရားသဖြင့် စီးပွားရှာတယ်၊ အဓမ္မပြုကျင့်တယ်၊ အလိမ်အညာ ကုန်းချောစကားတွေ ပြောတယ်ဆို အဲဒီနှစ်ယောက်မှာ ဘယ်သူက ပတ်ဝန်းကျင်ကို ဒုက္ခပေးသလဲ။ ဆိုလိုတာက လူတွေဟာ အရက်သောက်မှ မဟုတ်တာ လုပ်တတ်ကြတာတော့ မဟုတ်ဘူး။ မသောက်လည်းပဲ လုပ်ချင်လုပ်တာပဲ။ မအလ ဆိုလည်း အရက်မူးတုန်း မှားပြီး အာဏာထသိမ်းတာမှ မဟုတ်တာ။ 


ဒီတော့ အရက်လုံးဝမသောက်ရင် အကောင်းဆုံးပဲ။ သောက်မယ်ဆိုလည်း သေချာစနစ်တကျနဲ့ ထိန်းထိန်းသိမ်းသိမ်း သောက်။ သူရာမေရယကံတော့ ထိုက်ချင်ထိုက်နေမယ်ပေါ့။ သို့သော် ကိုယ့်ကြောင့် ဘယ်သူမှ ဒုက္ခမရောက်သလို၊ ကိုယ်လည်း ဒုက္ခမရောက်ဘူး။ မိဘတွေအနေနဲ့လည်း အရက်မသောက်နဲ့ ဆိုပြီး တစ်ခွန်းတည်း ပြောတာထက် ဒီလိုရှုထောင့်က ဆုံးမလမ်းညွှန်ပေးမယ်ဆို သားသမီးတွေအတွက် ပိုအဆင်ပြေလိမ့်မယ်။ 


၄။ ကာမေသုကိုလည်း အဲဒီရှုထောင့်ကနေ ကြည့်ကြည့်ရအောင်


ကိုယ့်ရဲ့ လိင်ဆက်ဆံမှုကြောင့် ဘယ်သူ့မှ ဒုက္ခမရောက်စေဖို့၊ စိတ်မထိခိုက်ရစေဖို့၊ မျက်ရည်ပေါက်ကြီးငယ် မကျရစေဖို့သည် အဓိကအကျဆုံးလို့ ထင်တယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံလို ဖိုဝါဒ (Patriarchy) ကြီးစိုးတဲ့နိုင်ငံမှာ ပိုပြီး သတိထားရပါတယ်။ 


အဓမ္မပြုကျင့်မယ်။ ခွန်အားသုံးတာတော့ မဟုတ်ပေမဲ့ ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်၊ ငွေကြေး စတဲ့ ပါဝါတစ်ခုခုကို သုံးပြီး အတင်းအကြပ် လိင်ဆက်ဆံမယ်။ ခြိမ်းခြောက်ပြီး လိင်ဆက်ဆံမယ်။ ချစ်တယ်၊ မင်းကိုပဲ လက်ထပ်မှာလို့ အယုံသွင်းပြီး ကာမရယူတယ်။ အိမ်ထောင်ရှိတာကို မပြောဘဲ လူပျိုဟန်ဆောင်ပြီး ကာမရယူတယ်။


ဒါမှမဟုတ် ဆက်ဆံတာကတော့ နှစ်ဦးသဘောတူပဲ။ ကောင်မလေးဘက်က လမ်းခွဲချင်လာတော့မှ အဲဒီ ဗီဒီယိုတွေ၊ အသံဖိုင်တွေ၊ ဓါတ်ပုံတွေကို သုံးပြီး ခြိမ်းခြောက်တယ်။ ပြတ်သွားပြီးနောက်ပိုင်း အဲဒါတွေကို အွန်လိုင်းပေါ် တင်ပြီး အရှက်ခွဲတယ်။ မိန်းကလေးတင်မကဘဲ သူ့မိသားစု၊ သူ့အသိုင်းအဝိုင်းပါ အရှက်ရရတယ်။


ပိုသိမ်မွေ့တာက ယောက်ျားလေးက အသက် ၂၅၊ ၃၀ ကျော်၊ မိန်းကလေးက ၁၈၊ ၁၉၊ မနူးမနပ်။ အဲ့မှာ အထိအတွေ့မှာ သာယာ။ ဘာမှမစဉ်းစားနိုင်တော့ဘဲ ဆက်ဆံမိ။ ဒီလူမှ ဒီလူ ဖြစ်သွား။ အဲ့ကစလို့ ဒီကောင်မလေးကို မျိုးစုံ Abuse လုပ်။ မကောင်းမှန်းလည်း သိတယ်။ မပြတ်လည်း မပြတ်နိုင်ဘူး။ ဒါတွေ ဖြစ်လာတယ်။ ယောက်ျားမာယာပဲ ပြောရမလားပေါ့။


ဒါတွေအကုန်လုံးသည် မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး ဒုက္ခရောက်ရတာကိုး။ အိမ်ထောင်သည်တွေ ပြည့်တန်ဆာနဲ့ ဆက်ဆံတာကျ သူက အသာတကြည် လက်ခံရင်တောင် အိမ်က မိန်းမကို စိတ်ထိခိုက်စေပြီမို့ မလုပ်သင့်တဲ့ကိစ္စ ဖြစ်သွားတယ်။


အဲဒီအပြင် မရည်ရွယ်ဘဲ ဖြစ်သွားတတ်တာတွေလည်း ရှိသေးတယ်။ ဘယ်လိုလဲဆိုတော့ ကိုယ့်အတွက်က Sex သည် မထူးဆန်းဘူး။ အရင်ရည်းစားတွေနဲ့လည်း ဒီလိုပဲ နေခဲ့တာပဲ။ အဆင်မပြေတော့လည်း လမ်းခွဲလိုက်ကြတာပဲ။ သို့သော် အခုကောင်မလေးကကျ ဒီလိုမဟုတ်ဘူး။ သူ့ရဲ့တန်ဖိုးကို အပျိုစင်ဘဝနဲ့ တိုင်းတာတဲ့ မိန်းကလေး ဖြစ်နေတယ်။ ကိုယ့်ကို လိုက်လျောလိုက်တာကလည်း တစ်နေ့ လက်ထပ်ရမယ် ထင်လို့။ 


အဲ့လိုဆိုရင်လည်း ကိုယ်က အတင်းအကြပ် မလုပ်ခဲ့သော်ငြား၊ မလိမ်ညာခဲ့သော်ငြား တစ်နေ့ အဆင်မပြေလို့ ပြတ်စဲကြပြီဆိုတဲ့အခါ ဒီကောင်မလေးမှာ စိတ်ဒဏ်ရာတွေနဲ့ ကျန်ခဲ့ရလိမ့်မယ်။ ဒါကြောင့် ဒီနေ့ အဖြေရ၊ မနက်ဖြန် ဟိုတယ်သွား မဖြစ်ကြဖို့ ပြောနေရတာ။ သူ့ဘက် ကိုယ့်ဘက် သေသေချာချာ လေ့လာပြီး နှစ်ဦးစလုံး ရယ်ဒီဖြစ်ပြီဆိုမှ စသင့်တယ်ပေါ့။


၅။ Patriarchy က ပေးတဲ့ ပြဿနာ


ဒါဖြင့် လိင်ဆက်ဆံခြင်းကြောင့် ယောက်ျားတွေရော ထိခိုက်ရတာ မရှိဘူးလား မေးစရာဖြစ်လာတယ်။ ရှိတာပေါ့။ ဥပမာ ၁၄ နှစ်အရွယ်လောက် ကောင်လေးကို အိမ်မှာ စာလာသင်တဲ့ ဂိုက်ဆရာမက အတင်းအကြပ် ပါးစပ်နဲ့ လိင်ဆက်ဆံစေတာမျိုး၊ အမျိုးသားအချင်းချင်း အဓမ္မပြုကျင့်ခံရတာမျိုး။ (ဘယ်သူ့ကိုမှ မထိခိုက်စေလိုပါဘူး။ ကြားသိရသမျှ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဥပမာတွေထဲက တချို့ကို ပြောပြရခြင်း ဖြစ်ပါတယ်။)


နောက်တစ်ခုက ဖိုဝါဒနဲ့ ဆက်စပ်တယ်။ သမီးရည်းစားနှစ်ယောက် အတူနေတယ် ဆိုပါတော့။ ကောင်လေးက ကွန်ဒုံးသုံးမယ် ပြောတယ်။ ကောင်မလေးက Pleasure ကျလို့ မသုံးစေချင်ဘူး၊ အပြင်မှာပဲ ထုတ်လိုက်ပါလို့ ပြောတယ်။ အဲ့ဒီ အပြင်မှာ ထုတ်တဲ့နည်း (Withdrawal method) က ကိုယ်ဝန်ရနိုင်ခြေ နည်းနည်းလေး ရှိတယ်။ အဲ့လိုနဲ့ ကိုယ်ဝန်ရသွားလို့ မိန်းကလေးဆန္ဒအရ ဖျက်လိုက်တယ် ဆိုရင် လူတွေက ဘာပြောကြမလဲ။ ကောင်မလေးက မသုံးစေချင်ဘူး ဆိုရအောင် ဘယ်မိန်းကလေးကတော့ ဒီလိုပြောပါ့မလဲ၊ နင် လိမ်နေတာ ဆိုပြီးပဲ ပြောကြမှာ။


ဖိုဝါဒ ကြီးစိုးတော့ လိင်ကိစ္စဆိုတာ ယောက်ျားတွေက ရယူတာ၊ မိန်းမတွေက ပေးဆပ်ရတာ ဆိုတဲ့ အမြင်တွေ ရှိတာကိုး။ ဒီအတွက် မိန်းမတွေမှာ အိမ်ထောင်ရေးသုခ မရတာ၊ တောင်းဆိုရင် မိန်းမပျက်လို အထင်သေးခံရတာ၊ Masturbation လုပ်ရင်၊ အိပ်ခန်းထဲ Vibrator ရှိနေရင် ငထန်မလို့ အထင်ခံရတာ၊ ဒီလိုတွေ ပြဿနာရှိသလို၊ ယောက်ျားတွေမှာလည်း တခုခုဆို နင်တို့ပဲ ဆိုတဲ့ တရားစီရင်မှုတွေ ကြုံလာရတယ်။ ဒါကြောင့် ဖိုဝါဒသည် မိန်းမတွေကိုပဲ ပြဿနာပေးတာ မဟုတ်ဘူး၊ ယောက်ျားတွေကိုလည်း ဒုက္ခပေးတယ် ဆိုတာ သိထားဖို့ လိုတယ်။ ဝိုင်းဝန်းတိုက်ဖျက်ဖို့ လိုတယ်။


ဆောင်းပါးအစမှာ ပြောခဲ့တဲ့ ကာမေသုရဲ့ သတ်မှတ်ချက်ကိုက ဖိုဝါဒအပေါ် အခြေခံထားလို့ သမီးရည်းစားနှစ်ယောက် လိင်ဆက်ဆံပြီး နှစ်ယောက်လုံး ကျေနပ်ရတာချင်း တူတူတောင် ယောက်ျားလေးကပဲ ကွက်ပြီး ကာမေသုကံ ထိုက်နေတာသာ ကြည့်တော့။


ဖိုဝါဒကြောင့် မိန်းကလေးတွေပဲ ခြိမ်းခြောက်အရှက်ခွဲခံရတာ များပေမဲ့ တစ်ခါတလေမှာလည်း ယောက်ျားတွေ ခြိမ်းခြောက်ခံရတာ ရှိတာပဲ။ (အထူးသဖြင့် အိမ်ထောင်ရှိတဲ့ ယောက်ျားတွေ ပိုခံရတတ်တယ်) တကယ့်ကို နှစ်ဦးသဘောတူ ဖြစ်ခဲ့ပြီးမှ ကျွန်မကို လိမ်ခဲ့တာပါဆိုရင် လူတွေက ဝိုင်းအပြစ်တင်ကြတာတွေလည်း ရှိတာပဲ။


ဆိုတော့ ဘယ်လိုဆိုရင် ကာမေသုထိုက်တယ် ဆိုတာထက် ကိုယ့်ရဲ့ လိင်ဆက်ဆံမှုကြောင့် တစ်ဖက်သားမှာ မထိခိုက်သွားဖို့ကသာ အရေးကြီးဆုံးလို့ မြင်ပါတယ်။ တစ်ဆက်တည်းမှာ ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်စေဖို့ပေါ့။ (ကျား၊မ ကိုပဲ အဓိကထား ဥပမာ ပေးထားပေမဲ့ LGBT တွေလည်း ထိုနည်းလည်းကောင်းပဲ။)


၆။ Sexuality Education ရဲ့ အခန်းကဏ္ဍ


တချို့က Sexuality Education တွေ ပေးရင် လူငယ်တွေ ပိုပြီး လိင်ဆက်ဆံကြလာလိမ့်မယ်လို့ ထင်ကြတယ်။ တကယ်က အခု ကျွန်တော်ပြောပြခဲ့တာမျိုးတွေကို သေချာ စနစ်တကျ သင်ပေးလိုက်တာ ဖြစ်တဲ့အတွက် အလွယ်တကူနဲ့ လိင်မဆက်ဆံတော့ဘူး။ စပြီး လိင်ဆက်ဆံတဲ့အရွယ်က နောက်ကျသွားတယ်။ ဆက်ဆံရင်လည်း No. of partner နည်းတယ်။ No. of sex (frequency) နည်းတယ်။ နောက်ဆက်တွဲ ကိုယ်ဝန်မရအောင်၊ ရောဂါမရအောင်၊ လူမှုရေး ပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်နိုင်သွားတယ်။ ဒါ သုတေသန အချက်အလက်တွေအရ ပြောတာ။


Patriarchy ဆိုတာ နားလည်သွားမယ်။ အပျိုစင်ကို ရမှ ဂုဏ်ရှိတာ ဆိုတဲ့ အမြင်တွေ လျော့သွားမယ်။ မိန်းကလေးတွေအနေနဲ့လည်း အပျိုစစ်မှ တန်ဖိုးရှိတယ်လို့ ခံယူနေတာတွေ နည်းသွားမယ်။


ကိုယ့်ခန္ဓာကိုယ်အကြောင်း သိသွားမယ်။ ကိုယ့်ရဲ့ ဘယ်နေရာကို ထိရင် ဘယ်လိုစိတ်ပါလာတတ်တယ် ဆိုတာ သိထားတော့ အထိအတွေ့မှာ ယစ်မူးမသွားတော့ဘူး။


ချောင်းရိုက်သမားတွေအကြိုက် ပန်းခြံတွေထဲ ထီးကလေးကွယ်ပြီး မနေတော့ဘူး။ ရည်းစားဖြစ်ဖြစ်ချင်း တည်းခိုခန်း မသွားတော့ဘူး။ သူ့ဘက် ကိုယ့်ဘက် လေ့လာမယ်။ ဒီဆက်ဆံမှုကြောင့် နောက်တစ်ချိန် ကိုယ့်ကို ဒုက္ခပြန်ပေးနိုင် မပေးနိုင် အကဲခတ်မယ်။ ကိုယ်ဝန်တားဖို့တွေ၊ မတော်တဆ ရသွားခဲ့ရင် ဘယ်လိုလုပ်မယ် ဆိုတာတွေ သေချာနားလည်ပြီးမှ အတူနေမယ်။ 


သူလည်း Independent, ကိုယ်လည်း Independent, လိင်ဆက်ဆံတာကိုလည်း သမီးရည်းစားဘဝရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပဲ သဘောထားကြတယ်။ ပြတ်သွားခဲ့ရင်လည်း ငါတော့ အပျိုမစစ်တော့ဘူး ဆိုပြီး သိမ်ငယ်နေမဲ့ မိန်းကလေးမျိုး မဟုတ်ဘူး။ ဒါဆို သူလည်း အေးဆေး၊ ကိုယ်လည်း အေးဆေး။


Virtual sex လို့ ပြောရမဲ့ Sex chat တာတွေ လုပ်ရင်လည်း ဘယ် Application ကို သုံးရင် ပို Safe ဖြစ်တယ်၊ ပုံပို့ရင်တောင် မျက်နှာမပါအောင်၊ တက်တူးလို ထင်ရှားတဲ့ အမှတ်အသားတွေ မပါအောင် ပို့မယ်၊ စသဖြင့် သတိထားနိုင်ရင် ဘယ်သူမှ ကိုယ့်ကို ဒုက္ခပေးလို့ မရတော့ဘူး။ 


ပြည့်တန်ဆာနဲ့ လိင်ဆက်ဆံတယ်။ ကိုယ်အိပ်ပျော်နေတုန်း ဖုန်းတွေ၊ ပိုက်ဆံတွေ ခိုးပြီး လစ်သွားတာတို့၊ စပွန်ဆာပေးပြီး တွဲတယ်၊ နောက်တော့ ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲခံရတာတို့၊ ဒါတွေကိုလည်း သတိထားနိုင်သွားမယ်။


ကိုယ်လိုချင်တဲ့ Pleasure ကိုလည်း ရမယ်။ ရှက်စရာကြီး ဆိုပြီး ချုပ်တည်းထားပြီးမှ မတော်တရော် ပေါက်ကွဲပစ်တာမျိုးတွေ မရှိတော့ဘူး။ အဲ့လို Pleasure ကို ရဖို့အတွက် ဘယ်သူ့ကိုမှလည်း မထိခိုက်စေတော့ဘူး။


ကာမေသုကံနဲ့ ချိတ်ပြောရရင်တော့ ကိုယ့်ရဲ့ လိင်ဆက်ဆံမှုကြောင့် ကိုယ်အပါအဝင် ဘယ်သူမှ ဒုက္ခမရောက်ရအောင် နေနိုင်သွားလိမ့်မယ်။ ဒါသည် Sexuality Education ရဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။


၇။ ဘယ်သူ့မှ ဒုက္ခမပေးမိစေဖို့


Sexuality Education မှာလည်း Abstinence is the best ရှောင်ခြင်းသည် အကောင်းဆုံးလို့ ပြောပါတယ်။ ဟုတ်တယ်လေ၊ အိမ်ထောင်ပြုပြီးမှ လိင်ဆက်ဆံမယ်၊ တစ်လင်တစ်မယားစနစ်သာ ကျင့်သုံးကြမယ်ဆို ဘာပြဿနာမှကို ဖြစ်မှာမဟုတ်ဘူး။ သို့သော် ခေတ်ကာလ အခြေအနေအရ လူတိုင်း လိုက်နာဖို့ဆိုတာ မလွယ်ဘူး။ ကျွန်တော်တို့ဆီမှာ လိင်ကိစ္စကို ရှက်စရာတစ်ခုအဖြစ် ရှုမြင်ထားကြပေမဲ့ တကယ်တော့ လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက် (Basic needs) ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ပြုလုပ်ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ်ရော၊ သူတစ်ပါးကိုပါ မထိခိုက်စေရအောင် သတိထားနိုင်ဖို့သည် အရေးကြီးပါတယ်။


နောင်ဘဝမှာ ငရဲကျ မကျတော့ ကျွန်တော်လည်း မသိဘူးပေါ့။ အရက်သောက်ဖို့၊ လိင်ဆက်ဆံဖို့ မြှောက်ပေးတဲ့ ဆောင်းပါးလည်း မဟုတ်ပါဘူး။ သီလဆိုတာကို နောင်ဘဝအတွက် ကုသိုလ်ရဖို့ လုပ်ရတာဆိုတဲ့ အမြင်နဲ့ အပေါ်ယံလေး ကြည့်တာထက်စာရင် မဟာဒါန ဆိုတဲ့ ရှုထောင့်ကနေ ကြည့်တာ ပိုကောင်းပါတယ်။ ဒါဆို ငါတို့ ဘာကြောင့် ဒီလိုစောင့်ထိန်းရတယ် ဆိုတဲ့ အမြင်မျိုး ရသွားမယ်။ ပိုပြီး ကိုယ်ချင်းစာတတ်လာမယ်။ ၅ ပါးသီလနဲ့တင်မကတော့ဘဲ လူကြားထဲ ဆေးလိပ်မသောက်တော့ဘူး ဆိုတာမျိုး၊ တစ်ပါးသူတွေ အနှောင့်အယှက် ဖြစ်လောက်အောင် လော်စပီကာကြီးနဲ့ သီချင်းတွေ မဖွင့်တော့ဘူး ဆိုတာမျိုး အခြေခံကျင့်ဝတ်တွေကိုပါ နားလည်လာမယ်။ ကိုယ့်ကြောင့် ဘယ်သူမှ ဒုက္ခမရောက်ရအောင်လည်း နေတတ်၊ ထိုင်တတ်လာမှာ ဖြစ်ပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၄.၁၂.၂၀၂၁


ကာေမသု၊ Gender Equality ႏွင့္ Sexuality Education




(ဖတ္ရန္ ၾကာခ်ိန္ ၇ မိနစ္)


ထုံးစံအတိုင္း စာေတာ့ ေတာ္ေတာ္ရွည္ပါမယ္။ ဖြင့္ထားတဲ့စိတ္နဲ႕ ဖတ္ဖို႔လည္း အႀကံျပဳလိုပါတယ္။


၁။ ကာေမသုရဲ႕ အဓိပ္ပါယ်


ကြၽန္ေတာ္တို႔ ဗုဒၶဘာသာဝင္ေတြ ေစာင့္ထိန္းရတဲ့ ၅ ပါးသီလထဲက တစ္ခု ျဖစ္ပါတယ္။ ကာမဂုဏ္၌ လြဲမွားစြာ ျပဳက်င့္ျခင္းတဲ့။ ပိုရွင္းေအာင္ ေျပာရရင္ သူမ်ားသားမယား မဖ်က္ဆီးနဲ႕ ေပါ့ဗ်ာ။


ငယ္ငယ္ကေတာ့ အဓမၼက်င့္တာကိုပဲ ေျပာတာလို႔ ထင္ခဲ့ေပမဲ့ စာေပက်မ္းဂန္အရေတာ့ ေယာက္်ား၊ မိန္းမ ခြဲၿပီး အေသးစိတ္ ထပ္ခ်ဲ့ ေျပာထားပါေသးတယ္။


ေယာက္်ားေတြ လိင္မဆက္ဆံသင့္တဲ့ မိန္းမအမ်ိဳးအစားေပါင္း ၂၀ ရွိတယ္။ အိမ္ေထာင္ရွိတဲ့ မိန္းမ၊ အိမ္ေထာင္မရွိလည္း မိဘရဲ႕ အုပ္ထိန္းမႈေအာက္ ရွိတဲ့ မိန္းမ၊ မိဘ မရွိေတာ့ရင္ အဘိုး၊ အဘြား၊ ဦးေလး၊ အေဒၚ၊ အစ္ကို၊ ေမာင္တို႔ရဲ႕ အုပ္ထိန္းမႈေအာက္မွာရွိတဲ့ မိန္းမ စသျဖင့္ ခြဲလိုက္တာ အမ်ိဳး ၂၀ ျဖစ္သြားတယ္။ ခ်ဳပ္ေျပာရရင္ေတာ့ ကိုယ္ တရားဝင္ လက္ထပ္ထားတဲ့ မိန္းမကလြဲလို႔ ဘယ္သူနဲ႕ ဆက္ဆံဆက္ဆံ၊ ဘယ္ေလာက္ပဲ အ႐ြယ္ေရာက္ေရာက္၊ Consent (ခြင့္ျပဳခ်က္) ေတြ ေပးေပး၊ ကာေမသု ေျမာက္ပါတယ္။ 


ႁခြင္းခ်က္က ျပည့္တန္ဆာနဲ႕ ဆက္ဆံတာပါ။ ဒါဆိုရင္ေတာ့ ကိုယ္က လူပ်ိဳလူလြတ္လည္း ျဖစ္တယ္ဆို ကာေမသုကံ မထိုက္ပါဘူး။ အိမ္ေထာင္သည္ကေတာ့ မိန္းမ ရွိေနတဲ့အတြက္ ကိုယ့္မိန္းမ မဟုတ္တဲ့ ဘယ္သူနဲ႕ပဲ ဆက္ဆံဆက္ဆံ၊ ကာေမသုကံ ထိုက္ပါတယ္။


ေနာက္ႁခြင္းခ်က္က မရည္႐ြယ္ဘဲ တစ္ႀကိမ္တစ္ခါ မေတာ္တဆ ျဖစ္မိသြားတာဆို ကာေမသု မထိုက္ဘူး။ ျမန္မာကားစကားနဲ႕ ေျပာရရင္ ပန္းအိုးက်ကြဲရင္ေပါ့။


မိန္းမေတြအေနနဲ႕ကေတာ့ တရားဝင္ အိမ္ေထာင္ရွိတဲ့ အမ်ိဳးသားကလြဲရင္ လူပ်ိဳလူလြတ္နဲ႕ ဆက္ဆံမယ္ဆို ကာေမသု မထိုက္ပါဘူး။ 


ပိုရွင္းေအာင္ နမူနာေပးရရင္ သမီးရည္းစား လိင္ဆက္ဆံတယ္။ ေကာင္ေလးက ကာေမသု ေျမာက္တယ္၊ ေကာင္မေလးက မေျမာက္ဘူး။ လူပ်ိဳေကာင္ေလးက ၾကယ္စင္နဲ႕ သြားဆက္ဆံတယ္။ ႏွစ္ေယာက္လုံး ဘာမွမျဖစ္ဘူး။ အိမ္ေထာင္သည္တစ္ေယာက္က ယမင္းနဲ႕ သြားဆက္ဆံတယ္။ ႏွစ္ေယာက္လုံး ကာေမသုကံ ထိုက္ပါတယ္။ ဒါက စာေပက်မ္းဂန္အရ သိသေလာက္ မွ်ေဝတာပါ။ မၾကာခဏ ျငင္းရေလ့ရွိတဲ့ ဘုရားေဟာအစစ္လား၊ အဌကထာ ဆရာႀကီးေတြက ကြန႔္ထားတာလား၊ ဒါေတာ့ ကြၽန္ေတာ့္အေနနဲ႕ သုံးသပ္နိုင္စြမ္း မရွိပါဘူး။ 


၂။ က်ားမ တန္းတူညီမွ်မႈ


ဒီသတ္မွတ္ခ်က္ကို ၾကည့္လိုက္ရင္ ေယာက္်ားနဲ႕ မိန္းမၾကား အေတာ္ေလးကို မမွ်မတ ျဖစ္ေနတာ ေတြ႕ရပါလိမ့္မယ္။ အဲဒီေခတ္ အဲဒီအခါက အမ်ိဳးသမီးေတြရဲ႕ အေနအထားက အင္မတန္မွကို ဖိႏွိပ္ထိန္းခ်ဳပ္ခံထားရလို႔လည္း ျဖစ္ပါလိမ့္မယ္။ ေယာက္်ားေတြရဲ႕ ေနာက္ ဒုတိယလိင္အျဖစ္ ရႈျမင္ခံထားရတာကိုး။ 


မိဘက ဗိုင္းေကာင္းေက်ာက္ဖိ ျဖစ္ေအာင္ သြန္သင္၊ အခ်ိန္တန္ မိဘေပးစားတဲ့သူနဲ႕ ယူ၊ အိမ္ရွင္မ လုပ္၊ ပါရမီျဖည့္။ Polygamy လို႔ ေခၚတဲ့ ေယာက္်ားတစ္ေယာက္က မိန္းမေတြ အမ်ားႀကီး တစ္ၿပိဳင္တည္း ယူတဲ့ အေလ့အထေတြလည္း ရွိတယ္။ ဒါေၾကာင့္ မိန္းမဆိုတာ တစ္ေယာက္ေယာက္ရဲ႕ အုပ္ထိန္းမႈေအာက္မွာ ရွိကိုရွိေနတယ္ ဆိုတဲ့ အျမင္ေတြကေန ကာေမသု မိစ္ဆာစာရကံနဲ႕ ပတ္သက္လို႔ ခုလို သတ္မွတ္ခ်က္ေတြ ျဖစ္လာတယ္လို႔ ယူဆရတယ္။ 


ခုေခတ္မွာေတာ့ မိန္းကေလးေတြရဲ႕ အေနအထားက အမ်ားႀကီး ေျပာင္းလဲတိုးတက္လာတယ္။ သူတို႔က မိသားစုကို ဦးေဆာင္ေနတာ ရွိတယ္။ အိမ္ခြဲေနလိုက္တာေတြလည္း ရွိတယ္။ တခ်ိဳ႕ဆို နယ္ကေန ရန္ကုန္မွာ တစ္ေယာက္တည္း လာေနတယ္။ ဝင္ေငြအရေရာ၊ ႐ုပ္ပိုင္းဆိုင္ရာအရ ဘယ္သူ႕အေပၚမွ မွီခိုမေနေတာ့တဲ့၊ ဘယ္သူ႕အုပ္ထိန္းမႈေအာက္မွာမွ ရွိမေနတဲ့ အမ်ိဳးသမီးေတြ အမ်ားႀကီး ရွိလာတယ္။ အဲ့ေတာ့ သူတို႔နဲ႕ ႏွစ္ဦးသေဘာတူ ဆက္ဆံမယ္ဆိုရင္ေရာ ကာေမသု ေျမာက္သလား။


ျမန္မာေယာက္်ားေလး။ လူပ်ိဳဆိုေတာ့ ဒီက မိသားစုပုံစံအရ မိဘနဲ႕ အတူတူေနတယ္။ အဲ့မွာ ဒီကို အလုပ္လာလုပ္တဲ့ နိုင္ငံျခားသူနဲ႕ ႀကိဳက္တယ္။ ဆက္ဆံျဖစ္ၾကတယ္ဆို ဘယ္သူက ကာေမသု ေျမာက္သလဲ။ ကိုယ့္ထက္ေတာင္ အမွီအခိုကင္းလို႔ ဒီလိုေရျခားေျမျခားကိုေတာင္ ေရာက္လာတဲ့ မိန္းကေလးနဲ႕ ဆက္ဆံတာ ကိုယ္က်မွ ကာေမသု ေျမာက္ရသလားေပါ့။


ေနာက္တစ္ခုက တကၠသိုလ္ေက်ာင္းသူနဲ႕ ေက်ာင္းသား။ သူလည္း ၁၉ ႏွစ္၊ ကိုယ္လည္း ၁၉ ႏွစ္။ ႏွစ္ေယာက္လုံးက မိဘပိုက္ဆံနဲ႕ ေက်ာင္းတက္၊ ရပ္တည္ေနတာ။ အဲ့ႏွစ္ေယာက္ တည္းခိုခန္း သြားၾကတယ္ဆို မိန္းကေလးက ဘာမွမျဖစ္ဘဲ ေယာက္်ားေလးကေတာ့ ကာေမသုကံထိုက္တယ္ ျဖစ္ေနေရာ။


ဒီလို စဥ္းစားစရာေတြ ရွိလာတယ္။ လူငယ္ေတြကိုလည္း ကာေမသုကံအေၾကာင္း အဲ့လို သြားေျပာရင္ သူတို႔ဆီက ဒီလိုေမးခြန္းေတြ အစီအရီ ထြက္လာမွာပဲ။


ေနာက္ၿပီး နိုင္ငံျခားမွာဆို Living together ေနၾကတယ္။ ခု ျမန္မာျပည္မွာ ျဖစ္ေနၾကတာက Pre-marital sex ေနာ္။ လိင္ပဲ ဆက္ဆံတာ။ လက္မထပ္ခင္ တစ္အိမ္တည္း အတူေန၊ ဘဝတစ္ခုကို အစမ္း ျဖတ္သန္းၾကည့္တာမ်ိဳးမွ Living together လို႔ ေခၚတယ္။ အဲ့လိုပုံစံမွာလည္း ေကာင္းတဲ့အခ်က္ေတြ အမ်ားႀကီးရွိတယ္။ သူ႕အေၾကာင္း ကိုယ့္အေၾကာင္း အတြင္းက်က် သိသြားနိုင္တာကိုး။ လိင္ကိစၥနဲ႕ ဆက္စပ္တာပဲ နမူနာေပးရရင္ လူေတြမွာ အေတာ္ထူးျခားတဲ့ လိင္ဆႏၵေတြ ရွိေနတတ္တယ္။ ဥပမာ BDSM လို႔ ေခၚတဲ့ တစ္ဖက္လူကို ရိုက္ႏွက္ရမွ၊ ဒါမွမဟုတ္ အရိုက္ခံရမွ ေက်နပ္တာမ်ိဳး၊ Cuckold ဆိုတဲ့ ကိုယ့္ေယာက္်ား၊ ကိုယ့္မိန္းမ တျခားလူနဲ႕ လိင္ဆက္ဆံေနတာကို ၾကည့္ရင္း ဆႏၵျပည့္ဝတာမ်ိဳး စသျဖင့္။ အဲဒါေတြကို ယူၿပီးမွသာ သိရင္ ကိုယ္နဲ႕လည္း အဆင္မေျပဘူးဆို ေသရခ်ည္ရဲ႕။ ဒါေၾကာင့္လည္း Living together အရင္ေနၾကည့္ၾကတာ။ အစစအရာရာ ကီးကိုက္မွ ယူၾကမယ္ေပါ့။ သို႔ေသာ္ ကာေမသု ရႈေထာင့္က ၾကည့္ရင္ေတာ့ ဒါသည္လည္း မလုပ္သင့္ မလုပ္ထိုက္တဲ့ကိစၥ ျဖစ္ေနျပန္တယ္။


ကြၽန္ေတာ္ကေတာ့ ကိုယ္တိုင္လည္း လူဝတ္ေၾကာင္ ျဖစ္ေနတဲ့အခါ ဆရာေတာ္ေတြလို မေဟာေတာ့ဘဲ ကိုယ့္အျမင္ကိုပဲ ေျပာၾကည့္မယ္။ ဒီေနရာမွာ အားလုံးအတြက္ ရည္႐ြယ္လို႔ သံသရာတို႔၊ ကံကံ၏အက်ိဳးတို႔ စတဲ့ ကြၽန္ေတာ္တို႔ ဘာသာဝင္ေတြရဲ႕ ယုံၾကည္ခ်က္ေတြကို ခဏခ်န္ထားၿပီး တစ္ဘဝစာကိုပဲ တည္ေျပာလိုက္ပါမယ္။


၃။ သီလေဆာက္တည္ရျခင္းရဲ႕ ရည္႐ြယ္ခ်က္


ဆိုေတာ့ သီလ ဆိုတာ ဘာလဲ ျပန္စဥ္းစားၾကည့္ရေအာင္။ ကုသိုလ္ရဖို႔ လုပ္ရတယ္ ဆိုတာထက္ သူတစ္ပါးကို ဒုကၡမေပးမိေအာင္ ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းျခင္းကို သီလလို႔ ေခၚတယ္။ ဒါေၾကာင့္ မဟာဒါနလို႔လည္း ၫႊန္းတယ္။ သေဘာက ကိုယ့္အတြက္ မဟုတ္ဘူး။ သူတစ္ပါးအတြက္ လုပ္ရတာ။


ဥပမာ အရက္ေသာက္တာ ဆိုရင္ ဒုစရိုက္ ၁၀ ပါးထဲ မပါဘူး။ သို႔ေသာ္ အဲဒီဒုစရိုက္မွန္သမွ်ကို လုပ္မိေစလို႔ မေသာက္ဘဲ ထိန္းခိုင္းတာ။ စဥ္းစားၾကည့္ေလ။ လူဆိုတာ အရက္ဝင္သြားရင္ အသိစိတ္ လြတ္သြားတယ္။ မဆင္ျခင္နိုင္ေတာ့ဘူး။ အမွန္ အမွား မခြဲျခားနိုင္ေတာ့ဘူး။ ေျပာခ်င္ရာေတြ ေျပာမိတတ္တယ္။ မသိစိတ္ထဲမွာ သိမ္းထားသမွ် မဟုတ္မဟတ္ေတြအကုန္ လုပ္မိသြားတတ္တယ္။ ဒါေၾကာင့္ အရက္ကို ေရွာင္ခိုင္းတာ။


သို႔ေသာ္ အရက္မွာ သူ႕လစ္မစ္ဆိုတာ ရွိတယ္။ စကားေျပာလို႔ ေကာင္းေအာင္ မိတ္ျဖစ္ေဆြျဖစ္ ဘီယာတစ္ခြက္ေလာက္ ေသာက္မယ္။ အသိစိတ္ လြတ္သြားသည္အထိ မျဖစ္ဘူး၊ က်န္တဲ့ သီလ ၄ ပါးကို က်ဴးလြန္ေလာက္တဲ့အထိ မျဖစ္ဘူး၊ သူ႕ေၾကာင့္ ဘယ္သူ႕မွ ဒုကၡမေရာက္ဘူးဆို ဒါသည္ လက္ခံေပးလို႔ ရတယ္။ 


ေနာက္တစ္ေယာက္ကေတာ့ အရက္လုံးဝမေသာက္ဘူး။ သို႔ေသာ္ မတရားသျဖင့္ စီးပြားရွာတယ္၊ အဓမၼျပဳက်င့္တယ္၊ အလိမ္အညာ ကုန္းေခ်ာစကားေတြ ေျပာတယ္ဆို အဲဒီႏွစ္ေယာက္မွာ ဘယ္သူက ပတ္ဝန္းက်င္ကို ဒုကၡေပးသလဲ။ ဆိုလိုတာက လူေတြဟာ အရက္ေသာက္မွ မဟုတ္တာ လုပ္တတ္ၾကတာေတာ့ မဟုတ္ဘူး။ မေသာက္လည္းပဲ လုပ္ခ်င္လုပ္တာပဲ။ မအလ ဆိုလည္း အရက္မူးတုန္း မွားၿပီး အာဏာထသိမ္းတာမွ မဟုတ္တာ။ 


ဒီေတာ့ အရက္လုံးဝမေသာက္ရင္ အေကာင္းဆုံးပဲ။ ေသာက္မယ္ဆိုလည္း ေသခ်ာစနစ္တက်နဲ႕ ထိန္းထိန္းသိမ္းသိမ္း ေသာက္။ သူရာေမရယကံေတာ့ ထိုက္ခ်င္ထိုက္ေနမယ္ေပါ့။ သို႔ေသာ္ ကိုယ့္ေၾကာင့္ ဘယ္သူမွ ဒုကၡမေရာက္သလို၊ ကိုယ္လည္း ဒုကၡမေရာက္ဘူး။ မိဘေတြအေနနဲ႕လည္း အရက္မေသာက္နဲ႕ ဆိုၿပီး တစ္ခြန္းတည္း ေျပာတာထက္ ဒီလိုရႈေထာင့္က ဆုံးမလမ္းၫႊန္ေပးမယ္ဆို သားသမီးေတြအတြက္ ပိုအဆင္ေျပလိမ့္မယ္။ 


၄။ ကာေမသုကိုလည္း အဲဒီရႈေထာင့္ကေန ၾကည့္ၾကည့္ရေအာင္


ကိုယ့္ရဲ႕ လိင္ဆက္ဆံမႈေၾကာင့္ ဘယ္သူ႕မွ ဒုကၡမေရာက္ေစဖို႔၊ စိတ္မထိခိုက္ရေစဖို႔၊ မ်က္ရည္ေပါက္ႀကီးငယ္ မက်ရေစဖို႔သည္ အဓိကအက်ဆဳံးလို႔ ထင္တယ္။ အထူးသျဖင့္ ကြၽန္ေတာ္တို႔နိုင္ငံလို ဖိုဝါဒ (Patriarchy) ႀကီးစိုးတဲ့နိုင္ငံမွာ ပိုၿပီး သတိထားရပါတယ္။ 


အဓမၼျပဳက်င့္မယ္။ ခြန္အားသုံးတာေတာ့ မဟုတ္ေပမဲ့ ရာထူး၊ အာဏာ၊ လုပ္ပိုင္ခြင့္၊ ေငြေၾကး စတဲ့ ပါဝါတစ္ခုခုကို သုံးၿပီး အတင္းအၾကပ္ လိင္ဆက္ဆံမယ္။ ၿခိမ္းေျခာက္ၿပီး လိင္ဆက္ဆံမယ္။ ခ်စ္တယ္၊ မင္းကိုပဲ လက္ထပ္မွာလို႔ အယုံသြင္းၿပီး ကာမရယူတယ္။ အိမ္ေထာင္ရွိတာကို မေျပာဘဲ လူပ်ိဳဟန္ေဆာင္ၿပီး ကာမရယူတယ္။


ဒါမွမဟုတ္ ဆက္ဆံတာကေတာ့ ႏွစ္ဦးသေဘာတူပဲ။ ေကာင္မေလးဘက္က လမ္းခြဲခ်င္လာေတာ့မွ အဲဒီ ဗီဒီယိုေတြ၊ အသံဖိုင္ေတြ၊ ဓါတ္ပုံေတြကို သုံးၿပီး ၿခိမ္းေျခာက္တယ္။ ျပတ္သြားၿပီးေနာက္ပိုင္း အဲဒါေတြကို အြန္လိုင္းေပၚ တင္ၿပီး အရွက္ခြဲတယ္။ မိန္းကေလးတင္မကဘဲ သူ႕မိသားစု၊ သူ႕အသိုင္းအဝိုင္းပါ အရွက္ရရတယ္။


ပိုသိမ္ေမြ႕တာက ေယာက္်ားေလးက အသက္ ၂၅၊ ၃၀ ေက်ာ္၊ မိန္းကေလးက ၁၈၊ ၁၉၊ မႏူးမနပ္။ အဲ့မွာ အထိအေတြ႕မွာ သာယာ။ ဘာမွမစဥ္းစားနိုင္ေတာ့ဘဲ ဆက္ဆံမိ။ ဒီလူမွ ဒီလူ ျဖစ္သြား။ အဲ့ကစလို႔ ဒီေကာင္မေလးကို မ်ိဳးစုံ Abuse လုပ္။ မေကာင္းမွန္းလည္း သိတယ္။ မျပတ္လည္း မျပတ္နိုင္ဘူး။ ဒါေတြ ျဖစ္လာတယ္။ ေယာက္်ားမာယာပဲ ေျပာရမလားေပါ့။


ဒါေတြအကုန္လုံးသည္ မလုပ္သင့္၊ မလုပ္ထိုက္တဲ့ ကိစၥေတြ ျဖစ္ပါတယ္။ ကိုယ့္ေၾကာင့္ သူတစ္ပါး ဒုကၡေရာက္ရတာကိုး။ အိမ္ေထာင္သည္ေတြ ျပည့္တန္ဆာနဲ႕ ဆက္ဆံတာက် သူက အသာတၾကည္ လက္ခံရင္ေတာင္ အိမ္က မိန္းမကို စိတ္ထိခိုက္ေစၿပီမို႔ မလုပ္သင့္တဲ့ကိစၥ ျဖစ္သြားတယ္။


အဲဒီအျပင္ မရည္႐ြယ္ဘဲ ျဖစ္သြားတတ္တာေတြလည္း ရွိေသးတယ္။ ဘယ္လိုလဲဆိုေတာ့ ကိုယ့္အတြက္က Sex သည္ မထူးဆန္းဘူး။ အရင္ရည္းစားေတြနဲ႕လည္း ဒီလိုပဲ ေနခဲ့တာပဲ။ အဆင္မေျပေတာ့လည္း လမ္းခြဲလိုက္ၾကတာပဲ။ သို႔ေသာ္ အခုေကာင္မေလးကက် ဒီလိုမဟုတ္ဘူး။ သူ႕ရဲ႕တန္ဖိုးကို အပ်ိဳစင္ဘဝနဲ႕ တိုင္းတာတဲ့ မိန္းကေလး ျဖစ္ေနတယ္။ ကိုယ့္ကို လိုက္ေလ်ာလိုက္တာကလည္း တစ္ေန႕ လက္ထပ္ရမယ္ ထင္လို႔။ 


အဲ့လိုဆိုရင္လည္း ကိုယ္က အတင္းအၾကပ္ မလုပ္ခဲ့ေသာ္ျငား၊ မလိမ္ညာခဲ့ေသာ္ျငား တစ္ေန႕ အဆင္မေျပလို႔ ျပတ္စဲၾကၿပီဆိုတဲ့အခါ ဒီေကာင္မေလးမွာ စိတ္ဒဏ္ရာေတြနဲ႕ က်န္ခဲ့ရလိမ့္မယ္။ ဒါေၾကာင့္ ဒီေန႕ အေျဖရ၊ မနက္ျဖန္ ဟိုတယ္သြား မျဖစ္ၾကဖို႔ ေျပာေနရတာ။ သူ႕ဘက္ ကိုယ့္ဘက္ ေသေသခ်ာခ်ာ ေလ့လာၿပီး ႏွစ္ဦးစလုံး ရယ္ဒီျဖစ္ၿပီဆိုမွ စသင့္တယ္ေပါ့။


၅။ Patriarchy က ေပးတဲ့ ျပႆနာ


ဒါျဖင့္ လိင္ဆက္ဆံျခင္းေၾကာင့္ ေယာက္်ားေတြေရာ ထိခိုက္ရတာ မရွိဘူးလား ေမးစရာျဖစ္လာတယ္။ ရွိတာေပါ့။ ဥပမာ ၁၄ ႏွစ္အ႐ြယ္ေလာက္ ေကာင္ေလးကို အိမ္မွာ စာလာသင္တဲ့ ဂိုက္ဆရာမက အတင္းအၾကပ္ ပါးစပ္နဲ႕ လိင္ဆက္ဆံေစတာမ်ိဳး၊ အမ်ိဳးသားအခ်င္းခ်င္း အဓမၼျပဳက်င့္ခံရတာမ်ိဳး။ (ဘယ္သူ႕ကိုမွ မထိခိုက္ေစလိုပါဘူး။ ၾကားသိရသမွ် တကယ္ျဖစ္ပ်က္ခဲ့တဲ့ ဥပမာေတြထဲက တခ်ိဳ႕ကို ေျပာျပရျခင္း ျဖစ္ပါတယ္။)


ေနာက္တစ္ခုက ဖိုဝါဒနဲ႕ ဆက္စပ္တယ္။ သမီးရည္းစားႏွစ္ေယာက္ အတူေနတယ္ ဆိုပါေတာ့။ ေကာင္ေလးက ကြန္ဒုံးသုံးမယ္ ေျပာတယ္။ ေကာင္မေလးက Pleasure က်လိဳ႕ မသုံးေစခ်င္ဘူး၊ အျပင္မွာပဲ ထုတ္လိုက္ပါလို႔ ေျပာတယ္။ အဲ့ဒီ အျပင္မွာ ထုတ္တဲ့နည္း (Withdrawal method) က ကိုယ္ဝန္ရနိုင္ေျခ နည္းနည္းေလး ရွိတယ္။ အဲ့လိုနဲ႕ ကိုယ္ဝန္ရသြားလို႔ မိန္းကေလးဆႏၵအရ ဖ်က္လိုက္တယ္ ဆိုရင္ လူေတြက ဘာေျပာၾကမလဲ။ ေကာင္မေလးက မသုံးေစခ်င္ဘူး ဆိုရေအာင္ ဘယ္မိန္းကေလးကေတာ့ ဒီလိုေျပာပါ့မလဲ၊ နင္ လိမ္ေနတာ ဆိုၿပီးပဲ ေျပာၾကမွာ။


ဖိုဝါဒ ႀကီးစိုးေတာ့ လိင္ကိစၥဆိုတာ ေယာက္်ားေတြက ရယူတာ၊ မိန္းမေတြက ေပးဆပ္ရတာ ဆိုတဲ့ အျမင္ေတြ ရွိတာကိုး။ ဒီအတြက္ မိန္းမေတြမွာ အိမ္ေထာင္ေရးသုခ မရတာ၊ ေတာင္းဆိုရင္ မိန္းမပ်က္လို အထင္ေသးခံရတာ၊ Masturbation လုပ္ရင္၊ အိပ္ခန္းထဲ Vibrator ရွိေနရင္ ငထန္မလို႔ အထင္ခံရတာ၊ ဒီလိုေတြ ျပႆနာရွိသလို၊ ေယာက္်ားေတြမွာလည္း တခုခုဆို နင္တို႔ပဲ ဆိုတဲ့ တရားစီရင္မႈေတြ ႀကဳံလာရတယ္။ ဒါေၾကာင့္ ဖိုဝါဒသည္ မိန္းမေတြကိုပဲ ျပႆနာေပးတာ မဟုတ္ဘူး၊ ေယာက္်ားေတြကိုလည္း ဒုကၡေပးတယ္ ဆိုတာ သိထားဖို႔ လိုတယ္။ ဝိုင္းဝန္းတိုက္ဖ်က္ဖို႔ လိုတယ္။


ေဆာင္းပါးအစမွာ ေျပာခဲ့တဲ့ ကာေမသုရဲ႕ သတ္မွတ္ခ်က္ကိုက ဖိုဝါဒအေပၚ အေျခခံထားလို႔ သမီးရည္းစားႏွစ္ေယာက္ လိင္ဆက္ဆံၿပီး ႏွစ္ေယာက္လုံး ေက်နပ္ရတာခ်င္း တူတူေတာင္ ေယာက္်ားေလးကပဲ ကြက္ၿပီး ကာေမသုကံ ထိုက္ေနတာသာ ၾကည့္ေတာ့။


ဖိုဝါဒေၾကာင့္ မိန္းကေလးေတြပဲ ၿခိမ္းေျခာက္အရွက္ခြဲခံရတာ မ်ားေပမဲ့ တစ္ခါတေလမွာလည္း ေယာက္်ားေတြ ၿခိမ္းေျခာက္ခံရတာ ရွိတာပဲ။ (အထူးသျဖင့္ အိမ္ေထာင္ရွိတဲ့ ေယာက္်ားေတြ ပိုခံရတတ္တယ္) တကယ့္ကို ႏွစ္ဦးသေဘာတူ ျဖစ္ခဲ့ၿပီးမွ ကြၽန္မကို လိမ္ခဲ့တာပါဆိုရင္ လူေတြက ဝိုင္းအျပစ္တင္ၾကတာေတြလည္း ရွိတာပဲ။


ဆိုေတာ့ ဘယ္လိုဆိုရင္ ကာေမသုထိုက္တယ္ ဆိုတာထက္ ကိုယ့္ရဲ႕ လိင္ဆက္ဆံမႈေၾကာင့္ တစ္ဖက္သားမွာ မထိခိုက္သြားဖို႔ကသာ အေရးႀကီးဆုံးလို႔ ျမင္ပါတယ္။ တစ္ဆက္တည္းမွာ ကိုယ့္ကိုယ္ကိုယ္လည္း မထိခိုက္ေစဖို႔ေပါ့။ (က်ား၊မ ကိုပဲ အဓိကထား ဥပမာ ေပးထားေပမဲ့ LGBT ေတြလည္း ထိုနည္းလည္းေကာင္းပဲ။)


၆။ Sexuality Education ရဲ႕ အခန္းက႑


တခ်ိဳ႕က Sexuality Education ေတြ ေပးရင္ လူငယ္ေတြ ပိုၿပီး လိင္ဆက္ဆံၾကလာလိမ့္မယ္လို႔ ထင္ၾကတယ္။ တကယ္က အခု ကြၽန္ေတာ္ေျပာျပခဲ့တာမ်ိဳးေတြကို ေသခ်ာ စနစ္တက် သင္ေပးလိုက္တာ ျဖစ္တဲ့အတြက္ အလြယ္တကူနဲ႕ လိင္မဆက္ဆံေတာ့ဘူး။ စၿပီး လိင္ဆက္ဆံတဲ့အ႐ြယ္က ေနာက္က်သြားတယ္။ ဆက္ဆံရင္လည္း No. of partner နည္းတယ္။ No. of sex (frequency) နည္းတယ္။ ေနာက္ဆက္တြဲ ကိုယ္ဝန္မရေအာင္၊ ေရာဂါမရေအာင္၊ လူမႈေရး ျပႆနာေတြ မျဖစ္ေအာင္လည္း ကာကြယ္နိုင္သြားတယ္။ ဒါ သုေတသန အခ်က္အလက္ေတြအရ ေျပာတာ။


Patriarchy ဆိုတာ နားလည္သြားမယ္။ အပ်ိဳစင္ကို ရမွ ဂုဏ္ရွိတာ ဆိုတဲ့ အျမင္ေတြ ေလ်ာ့သြားမယ္။ မိန္းကေလးေတြအေနနဲ႕လည္း အပ်ိဳစစ္မွ တန္ဖိုးရွိတယ္လို႔ ခံယူေနတာေတြ နည္းသြားမယ္။


ကိုယ့္ခႏၶာကိုယ္အေၾကာင္း သိသြားမယ္။ ကိုယ့္ရဲ႕ ဘယ္ေနရာကို ထိရင္ ဘယ္လိုစိတ္ပါလာတတ္တယ္ ဆိုတာ သိထားေတာ့ အထိအေတြ႕မွာ ယစ္မူးမသြားေတာ့ဘူး။


ေခ်ာင္းရိုက္သမားေတြအႀကိဳက္ ပန္းၿခံေတြထဲ ထီးကေလးကြယ္ၿပီး မေနေတာ့ဘူး။ ရည္းစားျဖစ္ျဖစ္ခ်င္း တည္းခိုခန္း မသြားေတာ့ဘူး။ သူ႕ဘက္ ကိုယ့္ဘက္ ေလ့လာမယ္။ ဒီဆက္ဆံမႈေၾကာင့္ ေနာက္တစ္ခ်ိန္ ကိုယ့္ကို ဒုကၡျပန္ေပးနိုင္ မေပးနိုင္ အကဲခတ္မယ္။ ကိုယ္ဝန္တားဖို႔ေတြ၊ မေတာ္တဆ ရသြားခဲ့ရင္ ဘယ္လိုလုပ္မယ္ ဆိုတာေတြ ေသခ်ာနားလည္ၿပီးမွ အတူေနမယ္။ 


သူလည္း Independent, ကိုယ္လည္း Independent, လိင္ဆက္ဆံတာကိုလည္း သမီးရည္းစားဘဝရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ပဲ သေဘာထားၾကတယ္။ ျပတ္သြားခဲ့ရင္လည္း ငါေတာ့ အပ်ိဳမစစ္ေတာ့ဘူး ဆိုၿပီး သိမ္ငယ္ေနမဲ့ မိန္းကေလးမ်ိဳး မဟုတ္ဘူး။ ဒါဆို သူလည္း ေအးေဆး၊ ကိုယ္လည္း ေအးေဆး။


Virtual sex လို႔ ေျပာရမဲ့ Sex chat တာေတြ လုပ္ရင္လည္း ဘယ္ Application ကို သုံးရင္ ပို Safe ျဖစ္တယ္၊ ပုံပို႔ရင္ေတာင္ မ်က္ႏွာမပါေအာင္၊ တက္တူးလို ထင္ရွားတဲ့ အမွတ္အသားေတြ မပါေအာင္ ပို႔မယ္၊ စသျဖင့္ သတိထားနိုင္ရင္ ဘယ္သူမွ ကိုယ့္ကို ဒုကၡေပးလို႔ မရေတာ့ဘူး။ 


ျပည့္တန္ဆာနဲ႕ လိင္ဆက္ဆံတယ္။ ကိုယ္အိပ္ေပ်ာ္ေနတုန္း ဖုန္းေတြ၊ ပိုက္ဆံေတြ ခိုးၿပီး လစ္သြားတာတို႔၊ စပြန္ဆာေပးၿပီး တြဲတယ္၊ ေနာက္ေတာ့ ကာမလိမ္လည္ရယူမႈနဲ႕ တရားစြဲခံရတာတို႔၊ ဒါေတြကိုလည္း သတိထားနိုင္သြားမယ္။


ကိုယ္လိုခ်င္တဲ့ Pleasure ကိုလည္း ရမယ္။ ရွက္စရာႀကီး ဆိုၿပီး ခ်ဳပ္တည္းထားၿပီးမွ မေတာ္တေရာ္ ေပါက္ကြဲပစ္တာမ်ိဳးေတြ မရွိေတာ့ဘူး။ အဲ့လို Pleasure ကို ရဖို႔အတြက္ ဘယ္သူ႕ကိုမွလည္း မထိခိုက္ေစေတာ့ဘူး။


ကာေမသုကံနဲ႕ ခ်ိတ္ေျပာရရင္ေတာ့ ကိုယ့္ရဲ႕ လိင္ဆက္ဆံမႈေၾကာင့္ ကိုယ္အပါအဝင္ ဘယ္သူမွ ဒုကၡမေရာက္ရေအာင္ ေနနိုင္သြားလိမ့္မယ္။ ဒါသည္ Sexuality Education ရဲ႕ ရည္႐ြယ္ခ်က္လည္း ျဖစ္ပါတယ္။


၇။ ဘယ္သူ႕မွ ဒုကၡမေပးမိေစဖို႔


Sexuality Education မွာလည္း Abstinence is the best ေရွာင္ျခင္းသည္ အေကာင္းဆုံးလို႔ ေျပာပါတယ္။ ဟုတ္တယ္ေလ၊ အိမ္ေထာင္ျပဳၿပီးမွ လိင္ဆက္ဆံမယ္၊ တစ္လင္တစ္မယားစနစ္သာ က်င့္သုံးၾကမယ္ဆို ဘာျပႆနာမွကို ျဖစ္မွာမဟုတ္ဘူး။ သို႔ေသာ္ ေခတ္ကာလ အေျခအေနအရ လူတိုင္း လိုက္နာဖို႔ဆိုတာ မလြယ္ဘူး။ ကြၽန္ေတာ္တို႔ဆီမွာ လိင္ကိစၥကို ရွက္စရာတစ္ခုအျဖစ္ ရႈျမင္ထားၾကေပမဲ့ တကယ္ေတာ့ လူတစ္ေယာက္ရဲ႕ အေျခခံလိုအပ္ခ်က္ (Basic needs) ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကိစၥကို ျပဳလုပ္ေဆာင္႐ြက္ၾကတဲ့ေနရာမွာ ကိုယ့္ကိုယ္ကိုယ္ေရာ၊ သူတစ္ပါးကိုပါ မထိခိုက္ေစရေအာင္ သတိထားနိုင္ဖို႔သည္ အေရးႀကီးပါတယ္။


ေနာင္ဘဝမွာ ငရဲက် မက်ေတာ့ ကြၽန္ေတာ္လည္း မသိဘူးေပါ့။ အရက္ေသာက္ဖို႔၊ လိင္ဆက္ဆံဖို႔ ျမႇောက္ေပးတဲ့ ေဆာင္းပါးလည္း မဟုတ္ပါဘူး။ သီလဆိုတာကို ေနာင္ဘဝအတြက္ ကုသိုလ္ရဖို႔ လုပ္ရတာဆိုတဲ့ အျမင္နဲ႕ အေပၚယံေလး ၾကည့္တာထက္စာရင္ မဟာဒါန ဆိုတဲ့ ရႈေထာင့္ကေန ၾကည့္တာ ပိုေကာင္းပါတယ္။ ဒါဆို ငါတို႔ ဘာေၾကာင့္ ဒီလိုေစာင့္ထိန္းရတယ္ ဆိုတဲ့ အျမင္မ်ိဳး ရသြားမယ္။ ပိုၿပီး ကိုယ္ခ်င္းစာတတ္လာမယ္။ ၅ ပါးသီလနဲ႕တင္မကေတာ့ဘဲ လူၾကားထဲ ေဆးလိပ္မေသာက္ေတာ့ဘူး ဆိုတာမ်ိဳး၊ တစ္ပါးသူေတြ အႏွောင့္အယွက္ ျဖစ္ေလာက္ေအာင္ ေလာ္စပီကာႀကီးနဲ႕ သီခ်င္းေတြ မဖြင့္ေတာ့ဘူး ဆိုတာမ်ိဳး အေျခခံက်င့္ဝတ္ေတြကိုပါ နားလည္လာမယ္။ ကိုယ့္ေၾကာင့္ ဘယ္သူမွ ဒုကၡမေရာက္ရေအာင္လည္း ေနတတ္၊ ထိုင္တတ္လာမွာ ျဖစ္ပါတယ္။


ေဒါက္တာ ၿဖိဳးသီဟ

၄.၁၂.၂၀၂၁

No comments: