Friday, December 24, 2021
ငါးကြင်းသားပွကြော် - မုန်ညှင်းဖူးပေါင်း - ပဲပုပ်ထောင်း - စွမ်ထန် (မျှစ်ချဉ်ခြောက်) ဟင်းရည်
ငါးကြင်းသားပွကြော် - မုန်ညှင်းဖူးပေါင်း - ပဲပုပ်ထောင်း - စွမ်ထန် (မျှစ်ချဉ်ခြောက်) ဟင်းရည်
ငါးကြင်းသားပွကြော်
ပါ၀င်ပစ္စည်းများ
ငါးကြင်းသား - ငါးဆယ္သား
ဆား၊သကြား၊ငံပြာရည် - အနည်းငယ်စီ
ဆီ - ၂၅ကျပ်သား
ပြင်ဆင်ပြုလုပ်ပုံ
ငါးကြင်းသားကို အကြေးခွံများ စင်အောင်ပြုလုပ်၍ ရေစင်အောင်ဆေးပြီး ဒန်အိုး သို့မဟုတ် ဒယ်အိုးတစ်လုံးထဲတွင် ငါးများထည့်ကာ ဆား၊ သကြား၊ ငံပြာရည်တို့နဲ့ အသားထဲစိမ့်၀င်အောင် နယ်ပါ။ ပြီးရင် ရေအနည်းငယ်သာထည့်ပြီး ငါးကျက်ရုံလေးပြုတ်ပါ။ ရေခမ်းပြီး ငါးကျက်ရင် အေအးခံကာ ငါးကို အသားချည်းနွှင်ထားပါ။ ပြီးလျှင် ဆီပူအိုးထဲတွင် ဆီများများဖြင့် ငါးအသားများထည့်ကြော်ပါ။ အကျက်ညီအောင် အပေါ် အောက် မွှေပေးပါ။ ငါးမ်ား ရွှေဝါရောင်သမ်းပြီး ကြွပ်ယွသွားရင် ပန်းကန်ထဲ ဆည်ထည့်လို့ရပါပြီ။ ငါးကြင်းသားပွကြော်ကို သခြားသီး၊ ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ သံပရာရည်တို့နဲ့ သုပ်စားနိုင်ပါတယ်။
မုန့်ညှင်းဖူးပေါင်း
သျှမ်းမုန့်ညှင်းပေါင်းကို နေရာဒေသအလိုက် လုပ်နည်းလုပ်ဟန်အနည်းငယ်ကွဲပြားတတ်ကြပါတယ်။ အခုပြောပြမယ့် မုန့်ညင်းပေါင်းကတော့ သျှမ်းပြည်မြောက်ပိုင်းက ပုံစံလေးပဲဖြစ်ပါတယ်။ မုန့်ညင်းပေါင်းကို နံနက်ခင်းအဆာပြေအဖြစ်လည်း စားတတ်ကြတယ်။
ပါ၀င်ပစ္စည်းများ
မုန့်ညင်းဖူး - ၅၀၀ ဂရမ်
ဆန်မှုန့် - ၁၀၀ ဂရမ်
ဟင်းခတ်မှုန့် - တစ်ဇွန်း
ဆား - လဖက်ရည်ဇွန်းတစ်ဇွန်း
နနွင်း - အနည်းငယ်
ဆီ - ၅၀ ဂရမ်
ခရမ်းချဉ်သီး - ၁လုံး
ဂျင်း - လက်တစ်ဆစ်
ရေ - အနည်းငယ်
ပဒဲကော - ၃ ပြား
ပြင်ဆင်ပြုလုပ်နည်း
(၁) မုန်ညှင်းဖူးကို ရေဆေးသန့်စင်ပြီး လိုသလို လှီးဖြတ်ကာ ပါ၀င်ပစ္စည်းတွေအားလုံးထည့်ကာ ရောနယ်ပါ။
(၂) ပြီးလျှင် မီးဖိုပေါ်က ဆူပွက်နေသော ပေါင်းအိုးအဖုံးကိုဖွင့်လျက်ထည့်ကာပေါင်းပါ။
(၃) မုန့်ညင်းအိလာပါက ပန်းကန်တွင်ထည့်ခင်းပြီး ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးဆီချက်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
ပဲပုတ်ထောင်း
သျှမ်းပြည်အလွမ်းပြေ ပဲပုတ်ထောင်းဖြစ်ပါတယ်။ ထောင်းနည်းကတော့ တစ်နေရာနှင့် တစ်နေရာ သိပ္မကြဲဘဲ တစ်ချို့က ခရမ်းချဉ်သီးကို ပြုတ်ပြီးထည့်ထောင်းလေ့ရှိပါတယ်။ မီးကင်ပြီးထောင်းလျှင် ပိုပြီးအရသာပြည့်စုံစေမှာဖြစ်ပါတယ်။ ပဲပုတ်ထောင်းတစ်ခွက်ရှိပါက ထမင်း၀ိုင်းမှာ တခြားဟင်းကောင်းမပါလည်း ထမင်းမြိန်စေမယ့် ဟင်းရံတစ်ခွက်ဖြစ်ပါတယ်။
လိုအပ်ပစ္စည်းများ
ခရမ်းချဉ်သီး - ၅လုံး
သျှမ်းပဲပုတ် - ၃ ချပ်
ကြက်သွန်ဖြူ - ၅ မြွှာ
ငရုတ်သီးစိမ်း အနီရောင် - ၁၀တောင့်
ဆား - လဖက်ရည်ဇွန်း တစ်၀က်
ဟင်းခတ်မှုန့် - အနည်းငယ်
နံနံပင် - အနည်းငယ်
ဆီ - ၃ ဇွန်း
ပြုလုပ်နည်း
ခရမ်းချဉ်သီးကို ရေဆေးပြီး မီးဖုတ္ထားပါ။ သျှမ်းပဲပုတ်ကို မီးကင်ထားပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူကို မွှေးလာသည်အထိ ကင်ထားပါ။ လှော်ထားလည်းရပါတယ်။
အားလုံးအဆင်သင့်ဖြစ်ပါက ငရုတ်ဆုံတွင် ကြက်သွန်ဖြူ၊ ငရုတ်သီးနှင့် သျှမ်းပဲပုတ်တို့ကို အရင်ထောင်းပါ။
ပြီးလျှင် ခရမ်းချဉ်သီး မီးကင်ထားသည်ကို အခွံသင်ထည့်ပြီး သာသာထောင်းပါ။
အရသာဖြည့်စွက်ပါ။ ခရမ်းချဉ်သီးကြေညက်ပါက အရသာအပေါ့အငန်မြည်းကာ ပန်းကန်တွင်ထည့်ပါ။
နံနံပင်သေးသေးစိပ်ထည့်ပြီး ဆီစမ်းပါ။ သမအောင်မွှေပြီး နှစ်သက်ရာ အသီးအနှံ အတို့အမြုပ်ဖြင့်တွဲဖက်ကာ ထမင်း၀ိုင်းတွင် တည်ခင်း သုံးဆောင်နိုင်ပါပြီ။
စွန်ထန် (မျှစ်ချဉ်ခြောက်) ဟင်းရည်
သျှမ်းပြည်မယ် စွမ်ထန်လို့ခေါ်ကြတဲ့ အချဉ်ဟင်းရည်ဖြစ်ပါတယ်။ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးပြုလုပ်နိုင်တဲ့ ဟင်းချိုလည်းဖြစ်ပါတယ်။ စွမ်ထန်ခြောက်၊ ချဉ်စော်ကားသီးခြောက်တို့နဲ့လည်းအစားထိုးပြုလုပ်နိုင်ပါတယ်။
ပါ၀င်ပစ္စည်းများ
စွမ်ထန်/မျှစ်ချဉ်ခြောက်/ချဉ်စော်ကားသီးခြောက် - လက်တစ်ဆုပ်
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ဂျင်း - လက်တစ်ဆစ်
ငရုတ်သီးစိမ်း - ၂တောင့်
ကြက်ပြုတ်ရည်/ရေနွေးဆူဆူ - တစ္လီတာ
ဆား - လဖက်ရည်ဇွန်း တစ်ဇွန်း
ဟင်းခတ်မှုန့် - တစ်ဇွန်း
ကြက်သွန်မြိတ် - တစ်ပင်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
နှစ်သက်ရာ စွန်ထန်ခြောက်၊ မျှစ်ချဉ်ခြောက် သို့မဟုတ် ချဉ်စော်ကားသီးခြောက်ကို ရေဆေးထားပါ။
ကြက်ပြုတ်ရည် သို့မဟုတ် ရေနွေးပွက်ပွက်ဆူတည်ထားပါ။
ကြက်သွန်ပါးပါးလှီး၊ ငြင်းကိုထုပြားထားပါ။ ငရုတ်သီးစိမ်း ထပ်ခြမ်းခြမ်းထားပါ။ ကြက်သွန်မြိတ်၊ နံနံပင် တစ်လက်မခန့်ဖြတ်ထားပါ။
အားလုံးအသင့်ဖြစ်ပါက ဟင်းချိုတည်ခင်းမည့် ပန်းကန်တွင် အသင့်ထည့်ထားပါ။ ဆားနှင့် ဟင်းခတ်မှုန့်ထည့်ပါ။
ထမင်းစား၀ိုင်းတွင် တည်ခင်းမည့်အချိန်မှသာ ကြက်ပြုတ်ရည် သို့မဟုတ် ရေနွေးဆူဆူကိုလောင်းထည့်ပြီး ပန်းကန်ကို ငါးမိနစ်ခန့် အုပ်ထားပြီးနောက် အရသာ အပေါ့အငန်မြည်းကာ တည်ခင်းနိုင်ပါပြီ။
ချဉ်စော်ကားသီးခြောက်ကို အသုံးပြုပါက အသီးခြောက်ကို ကြက်ပြုတ်ရည် သို့မဟုတ် ရေနွေးပွက်ပွက်ဆူတည်ထားသည့်ထဲတွင် အချဉ်အရသာထွက်လာစေရန် ထည့်ပြုတ်ပေးပါ။
ရေနွေးဆူဆူဖြင့် သတ်သက်လွတ်လုပ်နိုင်သလို ကြက်ပြုတ်ရည်နှင့် အသားထည့်ပြီးလည်းလုပ်နိုင်ပါတယ်။
ငါးကြင်းသားပွကြော်
ပါဝင်ပစ္စည်းများ
ငါးကြင်းသား - ငါးဆယ်သား
ဆီ - ၂၅ကျပ်သား
ပြင်ဆင်ပြုလုပ်ပုံ
မုန့်ညှင်းဖူးပေါင်း
ပါဝင်ပစ္စည်းများ
မုန့်ညင်းဖူး - ၅၀၀ ဂရမ်
ဆန်မှုန့် - ၁၀၀ ဂရမ်
နနွင်း - အနည်းငယ်
ဆီ - ၅၀ ဂရမ်
ခရမ်းချဉ်သီး - ၁လုံး
ဂျင်း - လက်တစ်ဆစ်
ရေ - အနည်းငယ်
ပဒဲကော - ၃ ပြား
ပြင်ဆင်ပြုလုပ်နည်း
ပဲပုတ်ထောင်း
လိုအပ်ပစ္စည်းများ
ခရမ်းချဉ်သီး - ၅လုံး
သျှမ်းပဲပုတ် - ၃ ချပ်
ကြက်သွန်ဖြူ - ၅ မြွှာ
နံနံပင် - အနည်းငယ်
ဆီ - ၃ ဇွန်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းများ
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ဂျင်း - လက်တစ်ဆစ်
ကြက်ပြုတ်ရည်/ရေနွေးဆူဆူ - တစ်လီတာ
ကြက်သွန်မြိတ် - တစ်ပင်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
No comments: