Monday, December 13, 2021
အရင်းအနှီးနည်းနည်းနဲ့ ပိုက်ဆံရှာနည်း အပိုင်း(၁)
 အရင်းအနှီးနည်းနည်းနဲ့ ပိုက်ဆံရှာနည်း အပိုင်း(၁)
#Making_Money
#ပိုက်ဆံရှာမယ်
#ရန်ကုန်သူမီရှဲလ်
(အရင်းအနှီးများများရှိရင် လုပ်ငန်းအကြီးကြီးလုပ်လို့ရတာလူတိုင်းသိပေမယ့် အရင်းအနှီးနည်းနည်းပဲရှိရင် ၀င်ငွေဘယ်လိုရအောင် ရှာကြမလဲ၊ ပိုက်ဆံရှာကြမလဲ စဉ်းစားစရာပါ။ အခု ရန်ကုန်သူမီရှဲလ်ရေးသားတဲ့ ဆောင်းပါးလေးတွေ့မိတော့ သူငယ်ချင်းတို့ကို မျှေ၀ ချင်တဲ့ ဆန္ဒနဲ့ အံကိုက်ဖြစ်သွားတာမို့ ထပ်ဆင့်မျှေ၀လိုက်ပါတယ်။)
အခုချိန်မှာ အလုပ္နားထားသူ၊ လစာအေလ်ာ့ခံရသူ၊ အလုပ်လုံးဝမရှိတော့သူ အကြောင်းအမျိုးမျိုးနဲ့ ဝင်ငွေမရှိတော့သူတွေအတွက် ပိုက်ဆံဝင်မဲ့နည်းလမ်းတွေ လိုက်ရှာထားတယ်။ အင်တာနက်တစ်ခွင်ဗြဲဗြဲစင်အောင် နည်းလမ်းတွေရှာသော်လည်း လက်တွေ့လုပ်ကြည့်ရင် မြန်မာနိုင်ငံအခြေအနေနဲ့ မကိုက္တာ အများကြီး။ ဆိိုတော့ သိတဲ့နည်းလမ်းတွေထဲက ကျွမ်းကျင်မှု၊ နည်းပညာတွေသိပ်မလိုပဲ တကယ်လုပ်ရင် တကယ်ငွေဝင်မဲ့ နည်းလမ်းတွေ မျှဝေပါရစေ။ တစ္ခုရွိတာက လက်ကြောတင်းတင်းနဲ့ ဝီရိယထားလုပ်မှ ပိုက်ဆံမြင်ရမှာနော်။
၁။ ကလေးထိန်း
ကလေးဆော့သမျှထိုင်ကြည့်၊ ထမင်းကျွေး၊ အီးဆေးဖို့အတွက် မိဘတွေအနေနဲ့ ကလေးထိန်းအမြဲလိုအပ်ပါတယ်။ ဒါပေမဲ့ လူစိတ်မချရတာ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု့အားနည်းတာ၊ ခြေဆော့လက်ဆော့ ကြောက်ရတာ၊ ကလေးကိုဂရုမစိုက်တာတွေကြောင့် တော်ရုံလည်း အပြင်လူမခေါ်တော့တာကြာပါပြီ။ ဒါပေမဲ့ အပြင်သွားဖို့၊ အလုပ်ကိစ္စရှိနေလို့ ကလေးခဏကြည့်ပေးဖို့ အခြိနျိပိုငျးပဲ လိုတယ်ဆိုရင်ကော။ 
အခုချိန်မှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ အရင်ကထက် အားလပ်ချိန်ရှိနေပါတယ်။ အနီးအနားပတ်ဝန်းကျင် မိတ်ဆွေတွေရဲ့ သားသမီးတွေကများ ထိန်းပေးနိုင်မလား ရှာကြည့်ပါ။ ကိုယ္က ကလေးထိန်းပေးနိုင်တယ်ဆိုရင်လည်း ကေလးရွိတဲ့ အိမ်မှန်သမျှ လိုက်မိတ်ဆက်ထားပါ။ ဖုန်းနံပါတ်ပါတဲ့ ကဒ်ပေးထားပါ။ လိုအပ်တဲ့အချိန် ဆက်သွယ်လာပါလိမ့်မယ်။
လိုအပ်ချက် - ကလေးချစ်တတ်၊ သည်းညည်းခံတတ်ရန်။ (ကလေးသီချင်းများ ကြည့်နိုင်ရန်)
ဝင်ငွေ - နာရီအလိုက်
အားသာချက် - 
အားနည်းချက် - အလုပ်ခေါ်မည့်အချိန်ကို စောင့်ဆိုင်းရခြင်း
၂။ အိမ်သန့်ရှင်းရေး
သင်က အသန့်ကြိုက်တဲ့လူလား။ စနစ်တကျသန့်ရှင်းအောင် ရှင်းလင်းတတ်လား။ ဒါဆိုရင်တော့ အိမ်သန့်ရှင်းရေးလုပ်ချင်တဲ့အိမ်ကိုလိုက်ရှာလိုက်ပါတော့။ နည်းနည်းတော့ ပင်ပန်းပေမဲ့ သန့်ရှင်းသွားတဲ့အိမ်လေးကိုကြည့်ရတာ စိတ်ချမ်းသာစရာပါအေ။ အိမ်သန့်ရှင်းနေတာကို ခရေဇီဖြစ်ပေမဲ့ သန့်ရှင်းရေးလုပ်ဖို့ပျင်းတဲ့လူ အပုံလိုက်ရှိနေသေးတယ်။
လိုအပ်ချက် - သန့်ရှင်းရေးလုပ်ရန်ပစ္စည်း၊ သန့်ရှင်းရေးလုပ်နည်း
ဝင်ငွေ - နေရာအကျယ်အလိုက် (သို့) နာရီအလိုက်
အားသာချက် - အချိန်ပိုင်းသာ အလုပ်လုပ်ရခြင်း
အားနည်းချက် - အလုပ်လိုက်ရှာရခြင်း
၃။ အဝတ်ဗီဒိုရှင်းလင်းရေး
ဒီအလုပ္ကေတာ့ ပရော်ဖက်ရှင်နယ်ဆန်ပါတယ်။ ဒါပေမဲ့ အဝတ္ဗီဒိုကို အမျိုးအစားခွဲ၊ နေရာတကျနေရာချတတ်တဲ့ မိန်းကလေးတချို့အတွက် ထည့်ပေးထားတာပါ။ အဝတ်တွေဝယ်ပြီးအပုံလိုက်ဖြစ်၊ ထိုးထည့်ဒိတ်အောက်သွားမဲ့ အစား ဗီဒိုရှင်းပြီး ဝတ်စရာတွေပြန်ထွက်လာတာ မကောင်းဘူးလား။ အဲ့ဒီလိုရှင်းချင်တဲ့ သူငယ်ချင်းမိတ်ဆွေတွေကို လိုက်ရှာလိုင်္ကပါတော့ ..။ 
လိုအပ်ချက် - အဝတ်အစားကို အမျိုးအစားခွဲ စနစ်တကျရှင်းတတ်ရန်
ဝင်ငွေ - နာရီအလိုက် (သို့) ပရော့ဂျက်အလိုက်
အားသာချက် - 
အားနည်းချက် - ကလိုင်းရင့် အကန့်အသက်ရှိခြင်း
၄။ ကုန်စိမ်းရောင်းဝယ်ရေး
ကိုဗစ်အလေ့အကျင့်လုပ်ပေးလို့ အိမ်ထဲက အိမ်ပြင်မထွက်ပဲ လတ်လတ်ဆတ်ဆတ်အသီးအရွက်ဝယ်လိုချင်သူရှိလာတယ်။ အိမ်အရောက် ဟင်းသီးဟင်းရွက်ရောင်းပေးတဲ့ ဝန်ဆောင်မှုကို စလုပ်ရင်ကော။ ကုန်စိမ်းဒိုင်က ရန်ကုန်မှာ နှစ်နေရာရှိတယ်။ တစ္ခုက တညင်းကုန်းဈေး နဲ့ နောက်တစ်နေရာက သံဈေးပါ။ ရန်ကုန်မြို့ရဲ့ စားသောက်ဆိုင်နဲ့ အစားအစာဆက်စပ်ရောင်းသူတိုင်း မဖြစ်မနေဝယ်ရတဲ့ဈေးပါ။ တညင်းကုန်းဈေးကတော့ မြို့တွင်းနဲ့အလှမ်းဝေးပါတယ်။ လက်ကားပေးတဲ့ဈေးဖြစ်လို့ တစ်စည်း နှစ်စည်းယူမရပဲ အစည်းလိုက် အထုံးလိုက်ပဲရောင်းပါတယ်။ ရပ်ကွက်ဈေးထဲက ဈေးသည်တွေက အဲ့ဒီကပဲ ဝယ်ပြီးပြန်ခွဲစည်း၊ ရေဆေး၊ အဟောင်းအနွမ်းတွေဖယ်ရောင်းတာပါ။ ဈေးနှုန်းယှဉ်ကြည့်ရင်တော့ ရပ်ကွက်ဈေးထဲမှာ ကန်စွန်းရွက် နှစ်စည်းငါးရာဆိုရင် ဒိုင်ဈေးက လက်တပွေ့စာအထုံးကို သုံးထောင်လောက်ပဲရှိပါတယ်။ 
သံဈေးကတော့ ဈေးတစ်ရာ နှစ်ရာလောက်ပိုများပြီး ပိုသန့်တယ်။ စားသောက်ဆိုင်တွေပိုဝယ်ကြတယ်။ လိုသလောက် လက်လီဝယ်လို့ရတယ်။ အသား၊ ငါးလည်းရောင်းတယ်။ (သား၊ ငါးအတြက္ကေတာ့ အောက်မှာဆက်ရေးပေးထားတယ်) ရပ်ကွက်ဈေးထက် ဈေးသက်သာပြီး ဒိုင်ဈေးထက်ကို ဈေးပိုများတယ်။ တညင်းကုန်းဈေးကို သွားရမဲ့အချိန်၊ ကားခ/ရထားခနဲ့ ဝယ်ရမဲ့ ပစ္စည်းအရေအတွက်ပြန်ချိန်ကြည့်ပြီး ဈေးသက်သာတဲ့ဆီမှာ ရွေးဝယ်လို့ရတာပေါ့။
လိုအပ်ချက် - စိုက်ဝယ်ရမဲ့ပိုက်ဆံ၊ ပစ္စည်းသယ်ဖို့လူ (သို့) Transportation 
ဝင်ငွေ - လုပ်သလောက် ဝင်ငွေရမယ်
အားနည်းချက် - ဈေးနှစ်ခုလုံး မနက် ၇နာရီဆို ဈေးကွဲပြီ။ မနက်၅နာရီလောက် ထဝယ်မှ ပစ္စည်းဝယ်ဖို့ကော၊ ထုတ်ပိုးစီစဉ်ဖို့၊ ပို့ဖို့ မှီမယ်။ အထားမခံတဲ့ ပုတ်သိုးကုန် ဖြစ်တယ်။
အားသာချက် - ရောင်းမကုန်လည်း ချက်စားလို့ရတယ်
၅။ ကြက်သားရောင်းဝယ်ရေး
ကြက်ဘဲဈေးကနေ ကြက်သားကို အကောင်ပိသာချိန်လိုက်ဝယ်ပြီးဝယ်သူလိုအပ်သလောက် အစိတ်အပိုင်းတစ်ခုချင်း ပြန်ခွဲရောင်းလို့ရတယ်။ ဈေးနှုန်းက ရပ်ကွက်ဈေးထက် ၄၀%လောက်ပိုသက်သာတယ်။ လမ်းထဲ ရပ်ကွက်ထဲ အော်ဒါလိုက်ကောက်ပြီး ရောင်းပေးလို့ရတယ်။ ဟလ္လာကြက်သားဆိုလည်း တစ်ခါတည်းပြောဝယ်လို့ရတယ်။ 
ကြက်ဒိုင်ဖြစ်တဲ့အတွက် တစ်ကောင်၊ နှစ်ကောင်ဆို မရောင်းချင်ဘူး။ ပြီးတော့ ကြက်ကို ဝယ်တော့မှ သတ်တဲ့အတွက် လတ်ဆတ်တယ်။ ဒါပေမဲ့ အမွေးကုန်အောင် မနုတ်ပေးဘူး။ အမွေးအတောင်အကြီးတွေ စင်လောက်တယ်ထင်ရအောင် နုတ်ပြီးရင် ဒီအတိုင်းထည့်ပေးလိုက်မှာ။ ဒါကြောင့် စူပါမားကတ်ကလို့ ဖြူဖွေးသန့်စင်လှတပတလိုချင်ရင်တော့ ဖြစ်အောင်လို့ ရောင်းသူက ဇာဂနာညှပ်နဲ့ တစ်ပင်ချင်းနုတ်ပေးနိုင်ရင်ကောင်းတာပေါ့။ 
လိုအပ်ချက် - စိုက်ဝယ်မဲ့ပိုက်ဆံ၊ ကြက်သားထည့်ရန် ပုံး၊ Transportation
ဝင်ငွေ - ရောင်းရသလောက် ဝင်ငွေရမယ်
အားနည်းချက် - ကြက်သားကို သန့်စင်ရတဲ့အချိန်မှာ မြန်မြန်ပြီးချင်ရင် လူအင်အားလိုပါတယ်၊ အော်ဒါလိုက်ကောက်ဖို့လဲ လိုတယ်
အားသာချက် - အစားအစာကေတာ့ နေ့တိုင်းရောင်းနေရမှာပါ
၆။ ငါးရောင်းဝယ်ရေး
ငါးက ရေချိုငါးနဲ့ ရေငန်ငါး(ပင်လယ်ငါး) အတွက် ဈေးသပ်သပ်စီရှိတယ်။ ရေချိုငါးဆို ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးမှာ အစုံရတယ်။ ပင်လယ်ငါးဆိုရင်တော့ ပုစွန်တောင်ညောင်တန်းဆိပ်ကမ်းက ညောင်တန်းဈေးမှာ ဝယ်လို့ရပါတယ်။ မနက်သုံးနာရီလောက်ဆို စည်ကားနေပြီဆိုတော့ စောစောထသွားနိုင်မှ တော်ကာကျမှာ။ (ကာဖျူးမရှိခင်အချိန်တုန်းက ပြောပါတယ်) မီရှဲသွားဖူးသလောက်တော့ ကြည်မြင်တိုင်ဗဟိုစံပြငါးဈေးက လက်လီဝယ်လို့ရတယ်။ ငါးကန်ဖော်တဲ့ပေါ်မူတည်ပြီး ရတဲ့ငါး အပြောင်းအလဲရှိနိုင်တယ်။ အရမ်းလတ်ဆတ်တယ်။ ဈေးသက်သာတယ်။ 
ညောင်တန်းဈေးက မိုးရာသီ ငါးသားပေါက်ချိန်ဆိုရင် ပိတ်ထားတယ်။ ပြန်ဖွင့်တဲ့အချိန်ဆိုရင် သငေ်္ဘာဝင်လာတဲ့အခါ ပါလာတဲ့ငါး၊ ပုစွန်၊ ဂဏန်းတွေကို ကုမ္ပဏီတွေက လေလံဆွဲရတယ်။ အပြင်လူတော့ ပေးမဝင်ဘူး။ လေလံပြီးသွားတဲ့အချိန်မှ ပိုနေတဲ့ငါးတွေကိုမှ ရပ်ကွက်ထဲက ဈေးသည်တွေကို ပြန်ရောင်းတယ်။ အထာသိဖို့တော့ လိုတယ်။ ဝင်လို့ရဖို့တော့ ကိုယ်ဘာသာနည်းရှာကြည့်ရမယ်။ 
လိုအပ်ချက် - ရေခဲနဲ့ ရေခဲပုံး၊ ရင်းရမဲ့ အရင်းအနှီးငွေ
ဝင်ငွေ - ရောင်းနိုင်ရင် ရောင်းနိုင်သလောက်ရမယ်
အားနည်းချက် - ညောင်တန်းဈေးကို အပြင်လူဝင်လို့ ရ မရ သေချာမသိ
အားသာချက် - လတ်ဆတ်တဲ့ပင်လယ်စာကို ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်မယ်
၇။ ဘုရားပန်းရောင်းဝယ်ရေး
ဗုဒ်ဘာသာဝင်တွေက အိမ်ကဘုရားပန်းကိုညိုးနေတာလုံးဝမကြိုက်ဘူး။ ပန်းတွေလန်းနေမှ စိတ်ချမ်းသာတာ။ ဘုရားပန်းက ပန်းအမျိုးအစားပေါ်မူတည်ပြီး အထားခံတယ်၊ အနံ့သင်းတယ်၊ အမြင်လှတယ် အစုံပဲနော် ။ အဲ့ဒီတော့ ပန်းတွေကို ပန်းသည်တွေ ဘယ်ကဒိုင်ယူကြလဲဆိုတော့ 1650'41.4"N 9612'27.8"E ကိုသာ ဂူဂဲမြေပုံမှာ ရှာကြည့်လိုက်ပါ။ လမ်းဘေးဈေးပေမဲ့ ပတ်ဝန်းကျင်ဈေးက ပန်းသည်တွေရဲ့ဒိုင်ပါပဲ။ ပန်းစိုက်ခင်းတွေ တိုက်ရိုက်ပို့တဲ့နေရာလည်းဟုတ်တယ်။ တစ်နေကုန်ဈေးဆိုင်ခင်းထားတယ်။ အလတ်ဆတ်ဆုံးပန်းလိုချင်ရင်တော့ ဈေးတွေရဲ့ ထုံးစံ အေစာဆုံးသာ သွားပါလေ့။ ကဲ . အိမ်နီးနားချင်းဆီက ပန်းအော်ဒါလိုက်ကောက်လို့ရပြီ။
လိုအပ်ချက် - အရင်းအနှီးနည်းနည်း၊ ပစ္စည်းသယ်ဖို့ တစ္ခုခု၊ ပန်းပြန်စည်း/ပန်းညှပ်ဖို့ ကပ်ကြေး၊ နှီးကြိုး၊ ရေပုံး။
ဝင်ငွေ - အရမ်းတော့ မမြတ်
အားနည်းချက် - ပန်းတွေအထားခံတဲ့နည်း သိမှရမယ်
အားသာချက် - ပုံမှန်ဖောက်သည်ရရင် ရက်ခြားပို့နေရုံပဲ
၈။ ဘေထုပ်ရောင်းဝယ်ရေး
ဘေထုပ်ဝတ်ခြင်းက လူငယ်တွေကြားထဲမှာ ရှက်စရာမဟုတ်တော့ပဲ ဝတ်စရာအများကြီးရတယ်၊ သူမတူတဲ့ဖက်ရှင်ဖန်တီးလို့ရတယ်၊ ဈေးသက်သာတယ်၊ အဝတ်သစ်တွေထုတ်လုပ်ရင်ထွက်တဲ့ညစ်ညမ်းမှု့ကို လျော့ကျစေလို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တယ် ဆိုတာတွေကြောင့် အခုဆိုရင် လူငယ်တွေအနေနဲ့ ဝတ်လည်းဝတ်၊ ဘေထုပ်ထည်ဝယ်ရောင်းလုပ်လာကြတယ်။ 
ဘေထုပ်ကို ပုံစံအမျိုးမျိုးနဲ့ရောင်းလို့ရတယ်။ ကြည့်မြင်တိုင်ညဈေး၊ ရွှေပြည်စုံဈေးကနေ ကိုယ်တိုင်စိတ်တိုင်းကျလိုက်ရွေး၊ လျှော်ဖွတ်ပြီး ဈေးနည်းနည်းတင်ရောင်းတာရှိတယ်။ ဘေထုပ်ကီလိုလိုက်ယူတဲ့လက်ကြီးသမားတွေနဲ့ ရင်းနှီးအောင်လုပ်ပြီး ခေါင်ထည်ရွေးရောင်းတာလည်းရှိတယ်။ ဒါမှမဟုတ် ကီလိုထုပ္လိုက္ကို မြဝတီ၊ မဲဆောက်ဘက်က ယူတာလည်းရှိတယ်။ တရုတ်နယ်စပ် ရွှေလီဘက်ကလည်းသွင်းတယ်။ ကီလိုလိုက်ယူတဲ့လူတွေ အွန်လိုင်းမှာ live လွှင့်ရောင်းတယ်။ မီရွဲ သဘောအကျဆုံး အသစ်တွေ့မိတဲ့ ရောင်းတဲ့စတိုင်ဆိုရင် ဘေထုပ်ထည်ကို အထာကျသွားအောင် ဖြတ်ညှပ်ချုပ် ဒီဇိုင်းအသစ်လုပ်ပြီးရောင်းတာ။ ကိုယ်စိတ်ကူးကွန့်မြူးပြီးပုံစံမတူအောင်ရောင်းလို့ရတာပဲ။ တစ်ဆိုင်နဲ့တစ်ဆိုင်ရဲ့ အထာလည်း မတူရင် ပိုတောင်ကောင်းသေးတယ်။ ရွေးစရာပိုများပြီး အကြိုက်ဆိုင်မှတ်ထားလို့ရတာပေ့ါ။ ပင်ရင်း source ကိုပြောပြဖို့ကြတော့ ယူတဲ့နေရာလည်းမတူ၊ နိုင်ငံလည်းမတူတဲ့အပြင် ဝယ်တတ်ရင် အွန်လိုင်းကနေ အေမရိကား၊ ဂ်ပန္ကိုပါ ကိုယ်တိုင်လေလံဆွဲလို့ရတယ်။ လုပ်ကြည့်ဖို့ပဲ လိုတယ်။ 
လိုအပ်ချက် - အရင်းအနှီး၊ အဝတ်ထားစရာနေရာ၊ ဓာတ်ပုံလှလှရိုက်တတ်ဖို့
ဝင်ငွေ - ရောင်းရသလောက် ပိုက္ဆံရ
အားနည်းချက် - အထုပ်လိုက်ယူရင် ပယ်ရတဲ့အထည် ရှိနိုင်
အားသာချက် - အရင်းအနှီးအများကြီးမလို
၉။ ဂ်ပန္ကြန္တိန္နာက် ပစ္စည်းများ
ဈေး၊ စူပါမားကတ်မှာတွေ့နေရတဲ့ ကြွေခွက်၊ ပန်းကန်၊ စတီးအိုး၊ ဓား၊ ဇွန်းခရင်း၊ ပန်းအိုးတွေက မတူမခြားနားဒီဇိုင်းနဲ့ ပျင်းစရာကောင်းလိုက်တာ .။ ဒါဆို ဂျပန်ကွန်တိန်နာကျအသုံးအဆောင်တွေ ဝယ်လို့ရတယ်လေ။ ဈေးလည်း လက်လီသုံးဖို့ဝယ်တယ်ဆိုရင် အသစ်ဈေးထက် ၃၀%လောက်သက်သာတယ်။ အထူးအဆန်းလေးတွေ ပါတတ်သေး။ အိုးဆိုရင်လည်း ရွေးတတ်ရင် အိုးအထူ စတီးအကောင်းစားတွေ့နိုင်တယ်။ ဇွန်းခက်ရင်းဓားတွေလည်း တစ်ချောင်း ၁၂၀၀ကျပ်တန်လောက်ကို ၅၀၀ကျပ်လောက်နဲ့ရတယ်။ ပိုကောင်းတာရှိသေးတယ်။ အခုမွ မုန့်ဖုတ်သင်မယ်၊ မုန့်လုပ်ရောင်းမယ်ဆိုရင် မုန့်ဖုတ်တဲ့ပစ္စည်းအစုံရှိတယ်။ စားဖိုမှူးဖြစ်ချင်တဲ့လူအတွက်လည်း ပရော်ဖက်ရှင်နယ်ဓားတွေရသေးတယ်။ ကဲ . ဝယ်စရာတွေတော့ ညွန်းပြီးပြီ။ ပြန်ရောင်းချင်တယ်ဆိုရင်ကော  
ပြန်ရောင်းချင်တယ်ဆိုရင်တော့ ဂျပန်လေလံဆွဲလို့ရပါတယ်။ အရင်းအနှီးများတယ်။ လေလံဆွဲပြီးရင် မြန်မာနိုင်ငံအရောက်အထိပို့ပေးနေတဲ့ service လည်းရှိတယ်။ ဖေ့စ်ဘုတ်ကနေရှာရင်တောင်ရတယ်။ ဂျပန်ကွန်တိန်နာလို့ရှာလိုက်တာနဲ့ လက္လီ၊ လက္ကား၊ ဆားဗစ်စ်ပေးတဲ့ပေ့ချ်ကအစ တွေ့လိမ့်မယ်။ အရင်းအနှီးအများကြီးမရင်းနိုင်ရင် လေလံဆွဲပြီးရန်ကုန်ကိုရောက်လာတဲ့ ကြန္တိန္နာထဲကေန ပြန်ဝယ်လို့ရတယ်။ အပေါ်ကပြောခဲ့တာက မီးဖိုချောင်သုံးပစ္စည်းပဲရှိသေးတယ်။ အဲကွန်း၊ ရေခဲသေတ္တာ၊ ကွန်ပြူတာ၊ လက်တော့၊ ဂိမ်းစက်၊ ဆိုင်ကယ်၊ ထီး၊ အိတ်၊ အရုပ် အစရှိသဖြင့် စုံစိနေအောင်တွေ့ရပါလိမ့်မယ်။ 
ဒါက မီရှဲမိတ်ဆွေရဲ့ ပေ့ချ် မေပယ်လ်ရွက်ဝါ ။ ပုံလှလှလေးတွေနဲ့ ပစ္စည်းသပ်သပ်ရပ်ရပ်ထုပ်ပိုးရောင်းပေးလို့ အမြဲဝယ်နေကြ။
လိုအပ်ချက် - အရင်းအနှီး၊ ပစ္စည်းထားစရာနေရာ၊ ဓာတ်ပုံလှလှရိုက်တတ်ဖို့
ဝင်ငွေ - ရောင်းရသလောက် ပိုက္ဆံရ
အားနည်းချက် - ဒီဈေးကွက်ကရှိပြီးသားမို့ တိုးရပါလိမ့်မယ်
အားသာချက် - အရင်းအနှီးအများကြီးမလို
၁၀။ ဂ်ပန္ကြန္တိန္နာက် အသုံးအဆောင်အလှဆင်ပစ္စည်းများ (used accessories/fancy)
ဂျပန်ကွန်တိန်နာပစ္စည်းတွေထဲကမှ ဒီပစ္စည်းကသပ်သပ်တစ်လိုင်းသွားတယ်။ နာရီ၊ ဆွဲကြိုး၊ လော့ကဒ်၊ နားကပ်၊ လက်စွပ်၊ ဟမ်းချိန်း ကို ကီလိုလိုက် ဝယ်ပြီး တစ်ခုချင်းစီပြန်ရောင်းကြတာ။ တခြားကွန်တိန်နာကျပစ္စည်းလိုပဲ လေလံဆွဲဝယ်ရတာ။ ကံကောင်းရင် ရွေအစစ်ပါတတ်တယ်တဲ့။ ကွာလတီကောင်းတော့ ဝတ်ထားရင် အစစ္လိုပဲ။ ဈေးကလည်း 14K/18K/24K/925 ဆိုပြီးအသားတံဆိပ်ပေါ်မူတည်ပြီး ဈေးပြောကြတယ်။ လေလံသမားဆီက ကီလိုပြန်ခွဲဝယ်ပြီး ရောင်းလည်း ရတာပဲ။ 
မီရှဲစိတ်ဝင်စားလို့ ဒိုင်တစ်ယောက်ကို မေးကြည့်တာ seen ပြပြီးအဖက်လုပ်စကားတောင် ပြန်မပြောပါဘူးရှင်။ သူ့ပရိသတ်နဲ့သူ ဝယ်နေကြသူတွေရှိပါတယ်။ ဒါသိသမျှအကုန်ပါပဲ။
လိုအပ်ချက် - အရင်းအနှီး၊ ပစ္စည်းပြဖို့နေရာ၊ ဓာတ်ပုံလှလှရိုက်တတ်ဖို့
ဝင်ငွေ - ရောင်းရသလောက် ပိုက္ဆံရ
အားနည်းချက် - ဒီဈေးကွက်ကရှိပြီးသားမို့ တိုးရပါလိမ့်မယ်
အားသာချက် - အရင်းအနှီးအများကြီးမလို
ဒါကေတာ့ အပိုင်း(၁)။ နောက်ထပ် ထပ်စဉ်းစားပြီး မေးမြန်းစပ်စုလေ့လာစမ်းကြည့်ပြီး ပြောပြီးမယ်။ 
ချစ်တဲ့ 
ရန္ကုန္သူမီရွဲ
#yangonthumichelle
#michellemayshell
#moneymakingways #howtomakemoney
#lifestyleblogger 
#Making_Money
#ပိုက်ဆံရှာမယ်
#ရန်ကုန်သူမီရှဲလ်
အခုချိန်မှာ အလုပ်နားထားသူ၊ လစာအလျော့ခံရသူ၊ အလုပ်လုံးဝမရှိတော့သူ အကြောင်းအမျိုးမျိုးနဲ့ ဝင်ငွေမရှိတော့သူတွေအတွက် ပိုက်ဆံဝင်မဲ့နည်းလမ်းတွေ လိုက်ရှာထားတယ်။ အင်တာနက်တစ်ခွင်ဗြဲဗြဲစင်အောင် နည်းလမ်းတွေရှာသော်လည်း လက်တွေ့လုပ်ကြည့်ရင် မြန်မာနိုင်ငံအခြေအနေနဲ့ မကိုက်တာ အများကြီး။ ဆိုတော့ သိတဲ့နည်းလမ်းတွေထဲက ကျွမ်းကျင်မှု၊ နည်းပညာတွေသိပ်မလိုပဲ တကယ်လုပ်ရင် တကယ်ငွေဝင်မဲ့ နည်းလမ်းတွေ မျှဝေပါရစေ။ တစ်ခုရှိတာက လက်ကြောတင်းတင်းနဲ့ ဝီရိယထားလုပ်မှ ပိုက်ဆံမြင်ရမှာနော်။
၁။ ကလေးထိန်း
ဝင်ငွေ - နာရီအလိုက်
အားသာချက် - 
၂။ အိမ်သန့်ရှင်းရေး
အားသာချက် - 
၅။ ကြက်သားရောင်းဝယ်ရေး
အားသာချက် - အစားအစာကတော့ နေ့တိုင်းရောင်းနေရမှာပါ
၆။ ငါးရောင်းဝယ်ရေး
လိုအပ်ချက် - အရင်းအနှီးနည်းနည်း၊ ပစ္စည်းသယ်ဖို့ တစ်ခုခု၊ ပန်းပြန်စည်း/ပန်းညှပ်ဖို့ ကပ်ကြေး၊ နှီးကြိုး၊ ရေပုံး။
၈။ ဘေထုပ်ရောင်းဝယ်ရေး
ဝင်ငွေ - ရောင်းရသလောက် ပိုက်ဆံရ
၉။ ဂျပန်ကွန်တိန်နာကျ ပစ္စည်းများ
ဝင်ငွေ - ရောင်းရသလောက် ပိုက်ဆံရ
၁၀။ ဂျပန်ကွန်တိန်နာကျ အသုံးအဆောင်အလှဆင်ပစ္စည်းများ (used accessories/fancy)
ဝင်ငွေ - ရောင်းရသလောက် ပိုက်ဆံရ
ချစ်တဲ့ 
ရန်ကုန်သူမီရှဲ
#yangonthumichelle
#michellemayshell
#lifestyleblogger 
No comments: