Friday, December 31, 2021

ကြက်သားဆာတေး - ကြက်ကင် - မာလာငါးကင်

ကြက်သားဆာတေး - ကြက်ကင် - မာလာငါးကင်


သည်နေ့နှစ်သစ်ကူးဖြစ်သလို Recipe ပို့စ်တင်တာလည်းနောက်ကျမှန်းသိပေမယ့် လုပ်စားချင်သူတွေလုပ်စားလို့ရအောင် ပြန်တင်ပေးခြင်းဖြစ်ပါတယ်။ အန္တရာယ်ကင်းတဲ့ နှစ်သစ်ကူးညကို ဖြတ်သန်းနိုင်ပါစေနော်။



ကြက်သားဆာတေး




အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းနဲ့ တွဲဖက်စားရင်လည်း လိုက်ဖက်မှုရှိသလို သူ့ချည်းပဲ စားမယ်ဆိုရင်လည်း အရသာရွိတဲ့ ကြက်သားဆာတေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။


ပါဝင်ပစ္စည်းများ


ကြက်ပေါင် ၆၈၀ ဂရမ် (အရိုးနှင့် အရေခွံတို့ကို ဖယ်ပြီး အတုံးငယ် တုံးထားပါ)

အုန်းနို့ ၆၀ မီလီလီတာ

ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း


သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း




ပြုလုပ်နည်း အဆင့်ဆင့်


၁။ အကင်တုတ်ထိုးကို တစ်နာရီခန့် ရေစိမ်ထားပေးလိုက်ပါ။ ထိုကဲ့သို့ ရေစိမ်ထားခြင်းက အကင်တုတ်ထိုးများ မီးလောင်ကျွမ်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။


၂။ ကြက်သားကို အုန်းနို့၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ ငရုတ်သီးအနှစ်၊ သကြား၊ သံပုယိုရည်တို့ဖြင့် သမအောင် နယ်ဖတ်ပြီးတဲ့နောက်မှာ မိနစ် ၃၀ ခန့် နှပ်ထားလိုက်ပါ။ တစ်ညခန့် ထားထားမယ်ဆိုရင်တော့ ပိုမိုအရသာရှိပါတယ်။


၃။ ထိုကဲ့သို့ နှပ်ထားပြီးတဲ့နောက်မှာ ကြက်သားတုံးများကို အကင်တုတ်ထိုးထဲတွင် ထိုးထည့်ထားလိုက်ပါ။ တစ်ချောင်းကို ၄ တုံးမွ ၇ တုံးအထိ ထိုးထည့်နိုင်ပါတယ်။


၄။ ဒယ်အိုးအပြားကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားတုတ်ထိုးများထည့်ကာ ၁၀ မိနစ်ခန့် ကင်ပေးလိုက်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၁၀ မိနစ် ထပ်ကင်ပေးလိုက်ပါ။ (သင့်အနေနဲ့ ဒယ်အိုးနဲ့ မကင်ချင်ဘဲ အကင်မီးဖိုဖြင့် ကင်ပေးမယ်ဆိုလည်း ရပါသေးတယ်။)


ဒါဆိုရင်တော့ ကြက်သားဆာတေးလေး ရရှိသွားပါပြီ။ မိမိကြိုက်နှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရွိရွိ တွဲဖက်စားသုံးနိုင်ပါတယ်။


Source: Thewoksoflife.com

#myfoodmyanmar


ကြက်ကင်




ဒီနေ့တော့ အိမ်မှာအလွယ်တစ်ကူပြု လုပ်ပြီးအရသာရှိစွာဖြင့် မိသားစုစားသုံးလို့ရသည့် " ကြက်ကင်နည်း..."လေးပြောပြမယ်...။


ပါဝင်ပစ္စည်းများ.. .


ကြက် - ၁ ကီလို တစ်ကောင်

နံနံပင်အမြစ် - ၄ ခု

ကြက်သွန်ဖြူ - ၈ မွှာ

စပါးလင် - ၁ ချောင်း

ငရုပ်ကောင်းစေ့ - ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)

သကြားအညို - ၂ ဇွန်း(စားပွဲတင်ဇွန်း)

ငံပြာရည် Soy-sauce - ၂ ဇွန်း(စားပွဲတင်ဇွန်း)

ငါးငံပြာရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)

ပဲငံပြာရည်အပျစ် - ၁ ဇွန်း (စားပွဲတင်ဇွန်း)....တို့ပဲဖြစ်ကြပါတယ်။


ပထမဆုံး ရင်ဘက်မှခြမ်းကာ ရေဖြင့်အတွင်းအပြင် သန့်ရှင်းစွာဆေးပြီး ရေစစ်ထားပါ။

ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် (နံနံပင်အမြစ် + ကြက်သွန်ဖြူ + စပါးလင်)တို့ကို ခပ်ပါးပါးလှီးထားပါ။ နံနံပင်၏အောက်ပိုင်း လက်နှစ်လုံး လောက်ကဖြတ်ထားသည့် အမြစ်ကိုသာအသုံးပြုပါမည်။ အပေါ်ကအရွက်များကို အသုံးမပြုပါဘူး။ 

ထို့နောက်....ပါဝင်ပစ္စည်းများအားလုံးကို ငရုပ်ဆုံထဲသို့ထည့်၍ ညက်နေအောင်ထောင်းပါ။ ငရုပ်ကောင်းစေ့များပါထည့်၍ထောင်းပါ။ 

အနည်းငယ်ညက်လာပါက ပန်းကန်လုံးတစ်ခုထဲသို့ထည့်ပြီး ငံပြာရည်- Soy sauce + ငါးငံပြာရည် + ပဲငံပြာရည် တို့ကိုပါဝင်အချိုး အစားအတိုင်းထည့်ပြီးရောမွှေပေးပါ။ (ပဲငံပြာရည်အပျစ်သည် အရောင်အတွက်ထည့်ခြင်းဖြစ်ပါသည် မထည့်လျှင်လည်းရပါသည်) ဆော့ အနည်းငယ်ပျစ်နေပါက ။ ရေအနည်းငယ်မျှထည့်ပြီးမွှေပေးပါ....။

ကြက်တစ်ကောင်လုံးကို ဓားဖြင့်အနည်းငယ်မွှန်းပြီး ဖျော်ထားသည့်ဆော့ဖြင့်နှံ့အောင်ရောနှယ်ပေးကာ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄-နာရီကြာမျှထည့်ထားရပါမည်။ ကြာကြာထားနိုင်ပါက တစ်ညသိပ်ထားလျှင်ပိုကောင်းပါသည်။ထို့နောက်....ပုံတွင်ပြထားသည့်အတိုင်း ကြက်ကို ဝါးညှပ်ဖြင့်ညှပ်ကာ မီးသွေးမီးဖို မီးအေးအေးဖြင့် တစ္ဖက္ဆီလွန္ကာ ဖြေးညှင်းစွာဖြင့်ကင်ပေးရပါမည်။ 

ကြက်အသားများရဲလာပြီး အနံ့မွှေးလာပါက အရသာရွိစြာ အသင့်စားသုံးနိုင်ပါသည်။ အနံ အရသာ အထူးကောင်းမွန်လှသော ကြက်သားကင်ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်။ 


မာလာငါးကင်နည်း




ပါ၀င်ပစ္စည်းများ

- တီလားဗီးယားငါး

- ကြက်သွန်ဖြူ

- သန့်စင်ပြီး ပူဒီနာရွက် (၂)စည်းခန့် 

- ကြက်သွန်ဖြူဥ အကြီး (၄-၅)မွှာ

- နံနံပင် အနည်းငယ်

- ငရုပ်သီးစိမ်း အနည်းငယ်

- ဂျင်းလက်နှစ်ဆစ်ခန့်

- သံပုရာသီးတစ္လုံး

- ပျားရည် / ဆီ / ထောပတ်/ နံနွင်းမှုန့် / ဆား / ငရုပ်သီးအစိမ်းမှုန့် အနည်းငယ်


အချဉ်ရည်ပြုလုပ်ရန်


- မန်ကျည်းသီးမှည့်အနည်းငယ်

- ကြက်သွန်ဖြူ (၃)မွှာခန့်

- ငရုပ်သီးခြောက်/ ငရုပ်သီးစိမ်းအနည်းငယ်

- နံနံပင်အနည်းငယ်


ပြင်ဆင်ပြုလုပ်နည်း


၁) နံနံပင်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်းများကို အဆင်သင့် ရေဆေးသန့်စင်ထားပါ


၂) ငါးကိုင်ပြီးသားကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်၊ နနွင်းမုန့်အနည်းငယ်၊ ဂျင်းကိုထောင်းပြီး ရလာသော အရည်အနည်းငယ်တို့ဖြင့် အသားထဲစိမ့်၀င်အောင် နယ်ပြီးနှပ်ထားပါ။ (ငါးမကိုင်တတ်ရင် ၀ယျတဲ့ဆိုင်မှာ ကင်မှာလို့ပြောပြီး တစ်ခါတည်း ကိုင်ခိုင်းဖို့ မမေ့နဲ့နော်။ အိမ်ရောက်ရင်အဆင်သင့် ရေဆေးရုံပဲ)


၃) ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ပူဒီနာရွက်၊ နံနံပင်တို့ကိုထောင်းပါ။ ပြီးလျှင် ငရုပ်သီးအစိမ်းမှုန့်အနည်းငယ်၊ ဆီထမင်းစားဇွန်း ၂ဇွန်း-၃ဇွန်းခန့်ထည့်ပြီးနယ်ပါ။ ငါးကင်အနံသတ်ဖို့အတွက် အနှစ်ရပါပြီ


၄) ပြီးလျှင်အနှစ်အချို့ကို ငါးကိုယ်အနှံသုတ်လိမ်းပြီး ပိုသည်များကို ငါး၀မ်းဗိုက်ထည့်သို့ ထည့်သိပ်ပါ။ သံပုရာရည်အနည်းငယ် ညှစ်ထည့်လျှင် ပိုကောင်းပါသည်။


၅) ငါးကင်နေစဉ်အပေါ်မှ သုတ်လိမ်းရန် ထောပတ်အနည်းငယ်၊ ပျားရည်နှင့် ဆီ ထမင်းစားဇွန်းတစ်ဇွန်းစီ ခန့် ထည့်ပြီး မွှေထားပါ။


၆) မီးဖိုပြီးသည်နှင့် ကင်နိုင်ပါပြီ။ ထောပတ်နဲ့ ပျားရည်စပ်ထားတဲ့အဆီကို သုတ်လိမ်းပေးဖို့ မမေ့ပါနဲ့နော်.မီးဖိုဖို့အဆင်မပြေတဲ့သူတွေ ကေတာ့ Fried Pen (သို့) Microwave ထဲထည့်ပြီး ပြုလုပ်နိုင်ပါတယ်။ မီးခိုးနံ့ သင်း၊ မသင်းပဲ ကြာသြားမွာပါ။ 


(Zawgyi) 

 ၾကက္သားဆာေတး - ၾကက္ကင္ - မာလာငါးကင္


သည္ေန႕ႏွစ္သစ္ကူးျဖစ္သလို Recipe ပို႔စ္တင္တာလည္းေနာက္က်မွန္းသိေပမယ့္ လုပ္စားခ်င္သူေတြလုပ္စားလို႔ရေအာင္ ျပန္တင္ေပးျခင္းျဖစ္ပါတယ္။ အႏၱရာယ္ကင္းတဲ့ ႏွစ္သစ္ကူးညကို ျဖတ္သန္းႏိုင္ပါေစေနာ္။



ၾကက္သားဆာေတး




အားလုံးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ထမင္းနဲ႕ တြဲဖက္စားရင္လည္း လိုက္ဖက္မႈရွိသလို သူ႕ခ်ည္းပဲ စားမယ္ဆိုရင္လည္း အရသာရွိတဲ့ ၾကက္သားဆာေတး ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။


ပါဝင္ပစၥည္းမ်ား


ၾကက္ေပါင္ ၆၈၀ ဂရမ္ (အရိုးႏွင့္ အေရခြံတို႔ကို ဖယ္ၿပီး အတုံးငယ္ တုံးထားပါ)

အုန္းနို႔ ၆၀ မီလီလီတာ

ငါးငံျပာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ပဲငံျပာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

င႐ုတ္သီးအႏွစ္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း


သၾကား လက္ဖက္ရည္ဇြန္း တစ္ဝက္

သံပုယိုရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း


ျပဳလုပ္နည္း အဆင့္ဆင့္


၁။ အကင္တုတ္ထိုးကို တစ္နာရီခန႔္ ေရစိမ္ထားေပးလိုက္ပါ။ ထိုကဲ့သို႔ ေရစိမ္ထားျခင္းက အကင္တုတ္ထိုးမ်ား မီးေလာင္ကြၽမ္းျခင္းမွ ကာကြယ္ေပးနိုင္ပါတယ္။


၂။ ၾကက္သားကို အုန္းနို႔၊ ငါးငံျပာရည္၊ ပဲငံျပာရည္၊ င႐ုတ္သီးအႏွစ္၊ သၾကား၊ သံပုယိုရည္တို႔ျဖင့္ သမေအာင္ နယ္ဖတ္ၿပီးတဲ့ေနာက္မွာ မိနစ္ ၃၀ ခန႔္ ႏွပ္ထားလိုက္ပါ။ တစ္ညခန႔္ ထားထားမယ္ဆိုရင္ေတာ့ ပိုမိုအရသာရွိပါတယ္။


၃။ ထိုကဲ့သို႔ ႏွပ္ထားၿပီးတဲ့ေနာက္မွာ ၾကက္သားတုံးမ်ားကို အကင္တုတ္ထိုးထဲတြင္ ထိုးထည့္ထားလိုက္ပါ။ တစ္ေခ်ာင္းကို ၄ တုံးမွ ၇ တုံးအထိ ထိုးထည့္နိုင္ပါတယ္။


၄။ ဒယ္အိုးအျပားကို အပူေပးၿပီး ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္ပါ။ ဆီပူလာပါက ၾကက္သားတုတ္ထိုးမ်ားထည့္ကာ ၁၀ မိနစ္ခန႔္ ကင္ေပးလိုက္ပါ။ ထို႔ေနာက္ အျခားတစ္ဖက္သို႔လွန္ကာ ေနာက္ထပ္ ၁၀ မိနစ္ ထပ္ကင္ေပးလိုက္ပါ။ (သင့္အေနနဲ႕ ဒယ္အိုးနဲ႕ မကင္ခ်င္ဘဲ အကင္မီးဖိုျဖင့္ ကင္ေပးမယ္ဆိုလည္း ရပါေသးတယ္။)


ဒါဆိုရင္ေတာ့ ၾကက္သားဆာေတးေလး ရရွိသြားပါၿပီ။ မိမိႀကိဳက္ႏွစ္သက္ရာအခ်ဥ္ရည္၊ ေဆာ့စ္တို႔ျဖင့္ အရသာရွိရွိ တြဲဖက္စားသုံးနိုင္ပါတယ္။


Source: Thewoksoflife.com

#myfoodmyanmar


ၾကက္ကင္




ဒီေန႕ေတာ့ အိမ္မွာအလြယ္တစ္ကူျပဳ လုပ္ၿပီးအရသာရွိစြာျဖင့္ မိသားစုစားသုံးလို႔ရသည့္ " ၾကက္ကင္နည္း..."ေလးေျပာျပမယ္...။


ပါဝင္ပစၥည္းမ်ား.. .


ၾကက္ - ၁ ကီလို တစ္ေကာင္

နံနံပင္အျမစ္ - ၄ ခု

ၾကက္သြန္ျဖဴ - ၈ မႊာ

စပါးလင္ - ၁ ေခ်ာင္း

င႐ုပ္ေကာင္းေစ့ - ၁ ဇြန္း(လက္ဖက္ရည္ဇြန္း)

သၾကားအညို - ၂ ဇြန္း(စားပြဲတင္ဇြန္း)

ငံျပာရည္ Soy-sauce - ၂ ဇြန္း(စားပြဲတင္ဇြန္း)

ငါးငံျပာရည္ - ၁ ဇြန္း (စားပြဲတင္ဇြန္း)

ပဲငံျပာရည္အပ်စ္ - ၁ ဇြန္း (စားပြဲတင္ဇြန္း)....တို႔ပဲျဖစ္ၾကပါတယ္။


ပထမဆုံး ရင္ဘက္မွျခမ္းကာ ေရျဖင့္အတြင္းအျပင္ သန့္ရွင္းစြာေဆးၿပီး ေရစစ္ထားပါ။

ပါဝင္ပစၥည္းမ်ား ျဖစ္ၾကသည့္ (နံနံပင္အျမစ္ + ၾကက္သြန္ျဖဴ + စပါးလင္)တို႔ကို ခပ္ပါးပါးလွီးထားပါ။ နံနံပင္၏ေအာက္ပိုင္း လက္ႏွစ္လုံး ေလာက္ကျဖတ္ထားသည့္ အျမစ္ကိုသာအသုံးျပဳပါမည္။ အေပၚကအ႐ြက္မ်ားကို အသုံးမျပဳပါဘူး။ 

ထို႔ေနာက္....ပါဝင္ပစၥည္းမ်ားအားလုံးကို င႐ုပ္ဆုံထဲသို႔ထည့္၍ ညက္ေနေအာင္ေထာင္းပါ။ င႐ုပ္ေကာင္းေစ့မ်ားပါထည့္၍ေထာင္းပါ။ 

အနည္းငယ္ညက္လာပါက ပန္းကန္လုံးတစ္ခုထဲသို႔ထည့္ၿပီး ငံျပာရည္- Soy sauce + ငါးငံျပာရည္ + ပဲငံျပာရည္ တို႔ကိုပါဝင္အခ်ိဳး အစားအတိုင္းထည့္ၿပီးေရာေမႊေပးပါ။ (ပဲငံျပာရည္အပ်စ္သည္ အေရာင္အတြက္ထည့္ျခင္းျဖစ္ပါသည္ မထည့္လွ်င္လည္းရပါသည္) ေဆာ့ အနည္းငယ္ပ်စ္ေနပါက ။ ေရအနည္းငယ္မွ်ထည့္ၿပီးေမႊေပးပါ....။


ၾကက္တစ္ေကာင္လုံးကို ဓားျဖင့္အနည္းငယ္မႊန္းၿပီး ေဖ်ာ္ထားသည့္ေဆာ့ျဖင့္ႏွံ႕ေအာင္ေရာႏွယ္ေပးကာ ေရခဲေသတၱာထဲတြင္ အနည္းဆုံး ၄-နာရီၾကာမွ်ထည့္ထားရပါမည္။ ၾကာၾကာထားနိုင္ပါက တစ္ညသိပ္ထားလွ်င္ပိုေကာင္းပါသည္။ထို႔ေနာက္....ပုံတြင္ျပထားသည့္အတိုင္း ၾကက္ကို ဝါးညွပ္ျဖင့္ညွပ္ကာ မီးေသြးမီးဖို မီးေအးေအးျဖင့္ တစ္ဖက္ဆီလွန္ကာ ေျဖးညွင္းစြာျဖင့္ကင္ေပးရပါမည္။ 


ၾကက္အသားမ်ားရဲလာၿပီး အနံ႕ေမႊးလာပါက အရသာရွိစြာ အသင့္စားသုံးနိုင္ပါသည္။ အနံ အရသာ အထူးေကာင္းမြန္လွေသာ ၾကက္သားကင္ျဖစ္ပါသည္။

ေက်းဇူးတင္ပါသည္။ 


မာလာငါးကင္နည္း




ပါ၀င္ပစၥည္းမ်ား

- တီလားဗီးယားငါး

- ၾကက္သြန္ျဖဴ

- သန့္စင္ၿပီး ပူဒီနာ႐ြက္ (၂)စည္းခန့္ 

- ၾကက္သြန္ျဖဴဥ အႀကီး (၄-၅)မႊာ

- နံနံပင္ အနည္းငယ္

- င႐ုပ္သီးစိမ္း အနည္းငယ္

- ဂ်င္းလက္ႏွစ္ဆစ္ခန့္

- သံပုရာသီးတစ္လုံး

- ပ်ားရည္ / ဆီ / ေထာပတ္/ နံႏြင္းမႈန့္ / ဆား / င႐ုပ္သီးအစိမ္းမႈန့္ အနည္းငယ္


အခ်ဥ္ရည္ျပဳလုပ္ရန္


- မန္က်ည္းသီးမွည့္အနည္းငယ္

- ၾကက္သြန္ျဖဴ (၃)မႊာခန့္

- င႐ုပ္သီးေျခာက္/ င႐ုပ္သီးစိမ္းအနည္းငယ္

- နံနံပင္အနည္းငယ္


ျပင္ဆင္ျပဳလုပ္နည္း


၁) နံနံပင္၊ ၾကက္သြန္ျဖဴ၊ ဂ်င္း၊ င႐ုပ္သီးစိမ္းမ်ားကို အဆင္သင့္ ေရေဆးသန့္စင္ထားပါ


၂) ငါးကိုင္ၿပီးသားကို ေရစင္ေအာင္ေဆးၿပီး ဆားအနည္းငယ္၊ နႏြင္းမုန့္အနည္းငယ္၊ ဂ်င္းကိုေထာင္းၿပီး ရလာေသာ အရည္အနည္းငယ္တို႔ျဖင့္ အသားထဲစိမ့္၀င္ေအာင္ နယ္ၿပီးႏွပ္ထားပါ။ (ငါးမကိုင္တတ္ရင္ ၀ယ်တဲ့ဆိုင္မွာ ကင္မွာလို႔ေျပာၿပီး တစ္ခါတည္း ကိုင္ခိုင္းဖို႔ မေမ့နဲ႕ေနာ္။ အိမ္ေရာက္ရင္အဆင္သင့္ ေရေဆး႐ုံပဲ)


၃) ဂ်င္း၊ ၾကက္သြန္ျဖဴ၊ င႐ုပ္သီးစိမ္း၊ ပူဒီနာ႐ြက္၊ နံနံပင္တို႔ကိုေထာင္းပါ။ ၿပီးလွ်င္ င႐ုပ္သီးအစိမ္းမႈန့္အနည္းငယ္၊ ဆီထမင္းစားဇြန္း ၂ဇြန္း-၃ဇြန္းခန့္ထည့္ၿပီးနယ္ပါ။ ငါးကင္အနံသတ္ဖို႔အတြက္ အႏွစ္ရပါၿပီ


၄) ၿပီးလွ်င္အႏွစ္အခ်ိဳ႕ကို ငါးကိုယ္အႏွံသုတ္လိမ္းၿပီး ပိုသည္မ်ားကို ငါး၀မ္းဗိုက္ထည့္သို႔ ထည့္သိပ္ပါ။ သံပုရာရည္အနည္းငယ္ ညွစ္ထည့္လွ်င္ ပိုေကာင္းပါသည္။


၅) ငါးကင္ေနစဥ္အေပၚမွ သုတ္လိမ္းရန္ ေထာပတ္အနည္းငယ္၊ ပ်ားရည္ႏွင့္ ဆီ ထမင္းစားဇြန္းတစ္ဇြန္းစီ ခန့္ ထည့္ၿပီး ေမႊထားပါ။


၆) မီးဖိုၿပီးသည္ႏွင့္ ကင္နိုင္ပါၿပီ။ ေထာပတ္နဲ႕ ပ်ားရည္စပ္ထားတဲ့အဆီကို သုတ္လိမ္းေပးဖို႔ မေမ့ပါနဲ႕ေနာ္.မီးဖိုဖို႔အဆင္မေျပတဲ့သူေတြ ကေတာ့ Fried Pen (သို႔) Microwave ထဲထည့္ၿပီး ျပဳလုပ္နိုင္ပါတယ္။ မီးခိုးနံ႕ သင္း၊ မသင္းပဲ ကြာသြားမွာပါ။ 


No comments: