Saturday, December 11, 2021

ဆောင်းဦးရာသီ မပေါ့ဆသင့်သော ရာသီတုပ်ကွေးဗိုင်းရပ်စ်

ဆောင်းဦးရာသီ မပေါ့ဆသင့်သော ရာသီတုပ်ကွေးဗိုင်းရပ်စ် 

===============================




#ဆောင်းပါးရှင်_ပေါက်ပေါက် 

#Sesonal_Flu

(ကမ်ဘာ့ကပ်ရောဂါ Covid_19 နဲ့ ရာသီအကူးအပြောင်းမှာ ဖြစ်ပွားတတ်တဲ့ ရာသီတုပ်ကွေး မကွဲပြားဘဲ သည်အတိုင်းဆေးသောက်၊ ဆေးထိုးလုပ်ရင် ပျောက်သွားမှာပဲဆိုပြီး လစ်လျူရှုမှာစိုးရိမ်တာကြောင့် သည်ဆောင်းပါးလေးကို မျှေ၀ရခြင်းဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်နိုင်မှာကိုလည်း သတိထားကြဦးနော့။)


             ရာသီတုပ်ကွေးရောဂါ (Seasonal Flu) သည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုး (Influenza) ကြောင့်ဖြစ်ပွားပြီး အသက်ရှုလမ်း ကြောင်းမှတစ်ဆင့် ကူး စက်နိုင်ပါသည်။ ၄င်းဗိုင်းရပ်စ်သည် ဆောင်းဦးကျ နှင့် မိုးဦးကျကဲ့သို့ အေးသောရာသီဥတု ပတ်၀န်းကျင်များတွင် ပေါက်ဖွားပြန့်ပွားနှုန်းများသည်။ ထို့ကြောင့် အမေရိကန် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က နှစ်စဉ် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့ကို အမျိုးသား တုပ်ကွေးကာကွယ်ဆေး ရက်သတ္တပတ်  National Influenza Vaccination Week (Dec. 5  11) အဖြစ် အထူးတလည်သတ်မှတ်ကာ အစဉ်တစိုက် အသိပေးလှုံ့ဆော်လျက်ရှိ ပါသည်။ မှန်ပါသည်။ တုပ်ကွေးဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ရန် အကောင်းဆုံး နှင့် အထိရောက်ဆုံးသောနည်းမှာ Influenza တုပ်ကွေးကာကွယ်ဆေး ထိုးနှံ ထားခြင်းပင် ဖြစ်ပါသည်။ ၎င်းပိုးသည် ပတ်၀န်းကျင်ပြင်ပနှင့် ထိတွေ့ဆက်ဆံမှုများလျှင် ကူးစက်ရန်လွယ်ကူပြီး အကယ်၍ မိမိကိုယ်၌ ကိုယ်ခံအားမကောင်း ပါက အလြယ္တကူ ကူးစက်ခံရတတ်ပါသည်။ 


မိမိကြောင့် အများကိုကူးစက်နိုင်။


ကမ်ဘာပေါ်မှာပျံ့နှံ့ကူးစက်မှု အမြန်ဆုံးနှင့် အဖြစ်များဆုံးသော ရောဂါများထဲတွင် ရာသီတုပ်ကွေးရောဂါ (Seasonal Flu) လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ လူတစ်ဦးတွင် မိုးဦးရာသီ (သို့မဟုတ်) ဆောင်းဦးရာသီမှာ ပျမ်းမျှအားဖြင့် အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ်  တုပ်ကွေးရောဂါဖြစ်တတ်သည်။ အအေးမိတုပ်ကွေးဖြစ်နေသူ တစ်ယောက်သည် တစ်ရှုးအုပ်၍ နှာချေ၊ ချောင်းဆိုးသင့်ပြီး ထိုတစ်ရှုးကို အမှိုက်ပုံးထဲသို့ စနစ္တက် စွန့်ပစ်သင့်ပါသည်။ လက်ကိုင်ပုဝါဖြင့်အုပ်၍ နှာချေ၊ ချောင်းဆိုးသောအခါ ဗိုင်းရပ်စ်ပိုးက ထိုလက်ကိုင်ပုဝါထဲမှာ နှစ်နာရီ သုံးနာရီကြာသည်အထိ အသက်ရှင်နိုင်သည်။ အကယ် ၍ လူအများကြားထဲမှာ နှာချေ၊ ချောင်းဆိုးပါက တုပ်ကွေးဗိုင်းရပ်ပိုးများ တစ်ပေ မွ နှစ်ပေခန့်အထိ ပျံ့နှံ့သွားပြီး ထိုအချိန်၌ ပတ်၀န်းကျင်မှ ကိုယ္ခံအား နည်းသူထံသို့ ၎င်းပိုးတွေ လြယ္ကူစြာ ကူးစက်နိုင်ပါသည်။ 


ရောဂါလက္ခဏာများ။


ဖျားခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားအသောက် ပျက်ခြင်း စသည်တို့သည် ရာသီတုပ်ကွေးရောဂါ လက္ခဏာများဖြစ်ကြသည်။ ရံဖန်ရံခါ အဖျား၀င်လာပြီး သလိပ်များပျစ်ခဲလာခြင်း၊ ချွဲသလိပ်များဝါလာခြင်း ဖြစ်နိုင် သည်။ ထိုအခြေအနေမျိုးတွင် ပိုးသတ်ဆေးသောက်မှရောဂါပျောက်နိုင်ပါသည်။ လူအများစုကမိမိအိမ်မှာပင် သာမန်အကိုက်အခဲပျောက်ဆေးပြား သောက် ၍ ရောဂါကိုလက်ပူတိုက် ကုစားတတ်ကြသော်လည်း၊ တော်တော်နှင့်မပျောက်နိုင်ဘဲ ရောဂါပြင်းမှသာ ဆေးရုံ၊ဆေးခန်းသို့ ရောက်လာတတ်ကြသည်။  အခန့်မသင့်ပါက အသက်ဆုံးရှုံးရ နိုင်သည့် သာဓကများတွေ့ရသည်။ အမှန်စင်စစ် တုပ်ကွေးရောဂါသည် သာမန်အအေးမိရောဂါထက် ပိုမိုပြင်းထန်၍ အဖျားကြီးကာ အဖျားတာရှည်စေသည်။ ပျမ်းမျှ အသက် ၆ လနှင့်အထက်မှစ၍ ဖြစ်နိုင်သည်။ ထို့ကြောင့် ကာကွယ်ဆေး ကြိုတင်ထိုးနှံပေးထား သင့်သည်။


လူကြီးလူငယ်မရွေးဖြစ်နိုင်ပြီး အကယ်၍ အဆုပ်ရောင်ရောဂါ၊ နားပြည်ယို၊ ထိပ္ကပ္နာ နှင့် ရေဓာတ်ခမ်းခြောက်ရောဂါ အခံရွိသူမ်ားမွာ ရာသီတုပ် ကွေးဖြစ်လာပါက အသက်အန္တရာယ် ဖြစ်စေနိုင်သည်။ ကူးစက်လွယ်ရောဂါတစ်မျိုးဖြစ်သဖြင့် လူနာကို ထိတွေ့ကိုင်တွယ်ခြင်း၊ တံတွေးနှင့် သလိပ္ကို ထိ တွေ့မိခြင်း၊ လူနာက နှာချေ၊ ချောင်းဆိုး စကားပြောစဉ် ဗိုင်းစပ်ပါလာသောလေများကို ရှုရှိုက်မိရာကတဆင့် အလြယ္တကူ ကူးစက်နိုင်သဖြင့် သတိဖြင့်ယှဉ် ၍ ကာကွယ်ခြင်းဖြင့် လက်ဦးမှုကိုအရယူရပါမည်။ အထူးသဖြင့် ရာသီတုပ်ကွေးရောဂါကို ပြင်းထန်စွာခံစားရနိုင်သည့် ကိုယ်၀န်ဆောင်မိခင်များ၊ ကေလး သူငယ္မ်ား၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါအခံရှိသူများ နှင့် ရောဂါကူးစက်မှုခံရနိုင်ချေ များပြားသည့် ကျန်းမာရေး၀န်ထမ်းများအနေဖြင့် နှစ်စဉ် ရာသီတုပ် ကွေးရောဂါကာကွယ်ဆေး ထိုးနှံမှုကို ခံယူထားသင့်ပါသည်။ 


ကိုဗစ္လား? ရာသီတုပ်ကွေးလား?


          ကိုဗစ်-၁၉ ရောဂါမပေါ်ခင်က ရာသီတုပ်ကွေးရောဂါသည် နှစ်စဉ်အဖြစ်များသည်။ ၂၀၂၀ ပြည့်နှစ်ကစပြီး ကမ်ဘာ့ကပ်ရောဂါ ကိုဗစ်ဖြစ်လာကာ ပြန့်ပွားမှုများလာသည့်အတွက် မိမိတို့ပတ်၀န်းကျင်မှာရှိသော ရာသီတုပ်ကွေးရောဂါဖြစ်စေသည့် Influenza တုပ်ကွေးဗိုင်းရပ်စ်အပါအ၀င် မူလရှိရင်းစွဲ ဗိုင်းရပ်စ်ပိုးပွားများ လျော့ကျသွားသည်။  ထို့ကြောင့် ယမန်နှစ်က မြန်မာနိုင်ငံတွင် ရာသီ တုပ်ကွေးဖျား မရှိသလောက်နည်းပါးခဲ့သည်။ ယခု ၂၀၂၁ ခုနှစ် အောက်တိုဘာလမတိုင်ခင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှု ကျဆင်း လာချိန်တွင် ကိုဗစ်ပိုးနည်းသွားခြင်းနှင့်အတူ ဆောင်းဦးရာသီပြောင်းစ Seasonal flu ကာလဖြစ်ချိန်နှင့် တိုက်ဆိုင်နေချိန်ဖြစ်သည်။ ထိုအခါ ပတ်၀န်းကျင်ရာသီဥတု၌ ယခင်ကတည်းကရှိပြီးသား Influenza တုပ်ကွေးဗိုင်းရပ်စ်များ ထကြွလာ သည်။ ထို့ကြောင့် ယနေ့ကာလမှာ ရာသီတုပ်ကွေး ဖြစ်ပေါ်လာကြသည်။


သို့သော် လူအမ်ားက ဖျားနာသည့်အခါ ကိုဗစ္လား?  ရာသီတုပ်ကွေးလား?  ဝေခွဲမရ၊ အတွေးမှားတတ်ကြသည်။  ထို့ကြောင့် ကွဲကွဲပြားပြား သိစေရန် ၄င်းရောဂါ ၂ မျိုး၏ ထင်သာမြင်သာ လက္ခဏာတချို့ကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။


         ကိုဗစ်ရောဂါသည် လည်ချောင်းနာခြင်း၊ ချမ်းတုန်ခြင်း၊ မျက်စိနီခြင်း၊ အသက်ရှုကျပ်ခြင်း စသည်တို့ဖြစ်စေပြီး အဖ်ား ၁၀၀ ဒီဂရီ ပတ်၀န်းကျင်ရှိသည်။


         ရာသီတုပ်ကွေးသည် ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ တစ္ကိုယ္လုံး အဆစ်အမျက်ကိုက်ခဲခြင်း စသည် တို့ဖြစ်စေပြီး ကိုယ်ပူချိန်မှာ ၁၀၁၊ ၁၀၂ ဒီဂရီအထိ အဖျားကြီးသည်။ သွေးစစ်ကြည့်ရာ၌ သွေးထဲမှာ ဗိုင်းရပ်စ်ဝင်သော လက္ခဏာ မျိုးတွေ့ရသော်လည်း အဆုတ်ထိခိုက်နှုန်း မရှိပေ။ ကိုယ်ခံအားကောင်းလျှင် ပျမ်းမျှ သုံးရက် နှင့် ငါးရက်ကြား ရောဂါပျောက် ကင်းသွားနိုင်သည်။


အချုပ်အားဖြင့်ဆိုသော် ရာသီတုပ်ကွေးရောဂါသည် ကိုဗစ်-၁၉ ရောဂါကဲ့သို့ အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး ကိုဗစ် ကာကွယ်ဆေးကဲ့သို့ပင် Influenza ရာသီတုပ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားခြင်းဖြင့် ရောဂါဖြစ်နိုင်ချေအလားအလာ လျော့ကျသွားစေပါမည်။ ထို့ပြင် ကိုယ္ခံအား ကောင်းအောင် အထက်ဖော်ပြပါ နည်းလမ်းကောင်းများအတိုင်း စားသောက်နေထိုင်ရင်း အသက်ရှုလမ်းကြောင်းမှတဆင့် ပျံ့နှံ့လာသော Influenza တုပ်ကွေးဗိုင်းရပ်စ်များလည်း ကိုဗစ်-၁၉ စည်းကမ်းချက်များအတိုင်း Mask တပ်ခြင်း၊ လက္ကို မကြာမကြာ ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ ဆေး ကြောခြင်း၊ လူစုလူ ဝေး ရှောင်ခြင်းနည်းများဖြင့် သတိရှိစေချင်ပါသည်။ အထူးသတိပေးလိုသည်မှာ ရာသီတုပ်ကွေးဖြစ်ပွားလေ့ရှိသော ဆောင်းဦးကာလ နှင့် ယခုလို ကိုဗစ်-၁၉ ကာလများတွင် အေအးဓာတ္က  လူ့ကိုယ်ခံအားကျစေပါသည်။ ထို့ကြောင့် နွေးနွေးထွေးထွေးနေပါ၊ အအေးမခံပါနှင့်။ တိုက်ရိုက် လေထိတွေ့နေရာ မနေပါနှင့်၊ ၄င်းနေရာတွင် မအိပ်ပါနှင့်။ သတိဖြင့်ရေချိုးပါ။ ညအိပ်လျှင် နွေးနွေးထွေးထွေးအိပ်ပါ။ လူသားအားလုံး ကျန်းမာချမ်းသာ၍ ဘယာကင်းဝေးကြပါ စေကြောင်း။။


 စေတနာများစွာ

#ဆောင်းပါးရှင်ပေါက်ပေါက် Tin Htet Htet Zaw ရေးသားသည်။


 ေဆာင္းဦးရာသီ မေပါ့ဆသင့္ေသာ ရာသီတုပ္ေကြးဗိုင္းရပ္စ္ 

===============================




#ေဆာင္းပါးရွင္_ေပါက္ေပါက္ 

#Sesonal_Flu

(ကမၻာ့ကပ္ေရာဂါ Covid_19 နဲ႔ ရာသီအကူးအေျပာင္းမွာ ျဖစ္ပြားတတ္တဲ့ ရာသီတုပ္ေကြး မကြဲျပားဘဲ သည္အတိုင္းေဆးေသာက္၊ ေဆးထိုးလုပ္ရင္ ေပ်ာက္သြားမွာပဲဆိုျပီး လစ္လ်ဴရႈမွာစိုးရိမ္တာေၾကာင့္ သည္ေဆာင္းပါးေလးကို မွ်ေ၀ရျခင္းျဖစ္ပါတယ္။ ေသြးလြန္တုပ္ေကြးျဖစ္ႏိုင္မွာကိုလည္း သတိထားၾကဦးေနာ့။)


             ရာသီတုပ္ေကြးေရာဂါ (Seasonal Flu) သည္ တုပ္ေကြးေရာဂါဗိုင္းရပ္စ္ပိုး (Influenza) ေၾကာင့္ျဖစ္ပြားၿပီး အသက္ရႈလမ္း ေၾကာင္းမွတစ္ဆင့္ ကူး စက္နိုင္ပါသည္။ ၄င္းဗိုင္းရပ္စ္သည္ ေဆာင္းဦးက် ႏွင့္ မိုးဦးက်ကဲ့သို႔ ေအးေသာရာသီဥတု ပတ္၀န္းက်င္မ်ားတြင္ ေပါက္ဖြားျပန့္ပြားႏႈန္းမ်ားသည္။ ထို႔ေၾကာင့္ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရး ႏွင့္ ကာကြယ္ေရးဗဟိုဌာန (CDC) က ႏွစ္စဥ္ ဒီဇင္ဘာလ ၅ ရက္မွ ၁၁ ရက္ေန႕ကို အမ်ိဳးသား တုပ္ေကြးကာကြယ္ေဆး ရက္သတၱပတ္  National Influenza Vaccination Week (Dec. 5  11) အျဖစ္ အထူးတလည္သတ္မွတ္ကာ အစဥ္တစိုက္ အသိေပးလႈံ႕ေဆာ္လ်က္ရွိ ပါသည္။ မွန္ပါသည္။ တုပ္ေကြးဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္နိုင္ရန္ အေကာင္းဆုံး ႏွင့္ အထိေရာက္ဆုံးေသာနည္းမွာ Influenza တုပ္ေကြးကာကြယ္ေဆး ထိုးႏွံ ထားျခင္းပင္ ျဖစ္ပါသည္။ ၎ပိုးသည္ ပတ္၀န္းက်င္ျပင္ပႏွင့္ ထိေတြ႕ဆက္ဆံမႈမ်ားလွ်င္ ကူးစက္ရန္လြယ္ကူၿပီး အကယ္၍ မိမိကိုယ္၌ ကိုယ္ခံအားမေကာင္း ပါက အလြယ္တကူ ကူးစက္ခံရတတ္ပါသည္။ 


မိမိေၾကာင့္ အမ်ားကိုကူးစက္နိုင္။


ကမၻာေပၚမွာပ်ံ့ႏွံ႕ကူးစက္မႈ အျမန္ဆုံးႏွင့္ အျဖစ္မ်ားဆုံးေသာ ေရာဂါမ်ားထဲတြင္ ရာသီတုပ္ေကြးေရာဂါ (Seasonal Flu) လည္း တစ္ခုအပါအ၀င္ ျဖစ္သည္။ လူတစ္ဦးတြင္ မိုးဦးရာသီ (သို႔မဟုတ္) ေဆာင္းဦးရာသီမွာ ပ်မ္းမွ်အားျဖင့္ အနည္းဆုံး တစ္ႏွစ္လွ်င္တစ္ႀကိမ္  တုပ္ေကြးေရာဂါျဖစ္တတ္သည္။ အေအးမိတုပ္ေကြးျဖစ္ေနသူ တစ္ေယာက္သည္ တစ္ရႈးအုပ္၍ ႏွာေခ်၊ ေခ်ာင္းဆိုးသင့္ၿပီး ထိုတစ္ရႈးကို အမွိုက္ပုံးထဲသို႔ စနစ္တက် စြန့္ပစ္သင့္ပါသည္။ လက္ကိုင္ပုဝါျဖင့္အုပ္၍ ႏွာေခ်၊ ေခ်ာင္းဆိုးေသာအခါ ဗိုင္းရပ္စ္ပိုးက ထိုလက္ကိုင္ပုဝါထဲမွာ ႏွစ္နာရီ သုံးနာရီၾကာသည္အထိ အသက္ရွင္နိုင္သည္။ အကယ္ ၍ လူအမ်ားၾကားထဲမွာ ႏွာေခ်၊ ေခ်ာင္းဆိုးပါက တုပ္ေကြးဗိုင္းရပ္ပိုးမ်ား တစ္ေပ မွ ႏွစ္ေပခန့္အထိ ပ်ံ့ႏွံ႕သြားၿပီး ထိုအခ်ိန္၌ ပတ္၀န္းက်င္မွ ကိုယ္ခံအား နည္းသူထံသို႔ ၎ပိုးေတြ လြယ္ကူစြာ ကူးစက္နိုင္ပါသည္။ 


ေရာဂါလကၡဏာမ်ား။


ဖ်ားျခင္း၊ ႏွာေခ်ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခါင္းကိုက္ျခင္း၊ ႏွာရည္ယိုျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း၊ အစားအေသာက္ ပ်က္ျခင္း စသည္တို႔သည္ ရာသီတုပ္ေကြးေရာဂါ လကၡဏာမ်ားျဖစ္ၾကသည္။ ရံဖန္ရံခါ အဖ်ား၀င္လာၿပီး သလိပ္မ်ားပ်စ္ခဲလာျခင္း၊ ခြၽဲသလိပ္မ်ားဝါလာျခင္း ျဖစ္နိုင္ သည္။ ထိုအေျခအေနမ်ိဳးတြင္ ပိုးသတ္ေဆးေသာက္မွေရာဂါေပ်ာက္နိုင္ပါသည္။ လူအမ်ားစုကမိမိအိမ္မွာပင္ သာမန္အကိုက္အခဲေပ်ာက္ေဆးျပား ေသာက္ ၍ ေရာဂါကိုလက္ပူတိုက္ ကုစားတတ္ၾကေသာ္လည္း၊ ေတာ္ေတာ္ႏွင့္မေပ်ာက္နိုင္ဘဲ ေရာဂါျပင္းမွသာ ေဆး႐ုံ၊ေဆးခန္းသို႔ ေရာက္လာတတ္ၾကသည္။  အခန့္မသင့္ပါက အသက္ဆုံးရႈံးရ နိုင္သည့္ သာဓကမ်ားေတြ႕ရသည္။ အမွန္စင္စစ္ တုပ္ေကြးေရာဂါသည္ သာမန္အေအးမိေရာဂါထက္ ပိုမိုျပင္းထန္၍ အဖ်ားႀကီးကာ အဖ်ားတာရွည္ေစသည္။ ပ်မ္းမွ် အသက္ ၆ လႏွင့္အထက္မွစ၍ ျဖစ္နိုင္သည္။ ထို႔ေၾကာင့္ ကာကြယ္ေဆး ႀကိဳတင္ထိုးႏွံေပးထား သင့္သည္။


လူႀကီးလူငယ္မေ႐ြးျဖစ္နိုင္ၿပီး အကယ္၍ အဆုပ္ေရာင္ေရာဂါ၊ နားျပည္ယို၊ ထိပ္ကပ္နာ ႏွင့္ ေရဓာတ္ခမ္းေျခာက္ေရာဂါ အခံရွိသူမ်ားမွာ ရာသီတုပ္ ေကြးျဖစ္လာပါက အသက္အႏၱရာယ္ ျဖစ္ေစနိုင္သည္။ ကူးစက္လြယ္ေရာဂါတစ္မ်ိဳးျဖစ္သျဖင့္ လူနာကို ထိေတြ႕ကိုင္တြယ္ျခင္း၊ တံေတြးႏွင့္ သလိပ္ကို ထိ ေတြ႕မိျခင္း၊ လူနာက ႏွာေခ်၊ ေခ်ာင္းဆိုး စကားေျပာစဥ္ ဗိုင္းစပ္ပါလာေသာေလမ်ားကို ရႈရွိုက္မိရာကတဆင့္ အလြယ္တကူ ကူးစက္နိုင္သျဖင့္ သတိျဖင့္ယွဥ္ ၍ ကာကြယ္ျခင္းျဖင့္ လက္ဦးမႈကိုအရယူရပါမည္။ အထူးသျဖင့္ ရာသီတုပ္ေကြးေရာဂါကို ျပင္းထန္စြာခံစားရနိုင္သည့္ ကိုယ္၀န္ေဆာင္မိခင္မ်ား၊ ကေလး သူငယ္မ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ နာတာရွည္ေရာဂါအခံရွိသူမ်ား ႏွင့္ ေရာဂါကူးစက္မႈခံရနိုင္ေခ် မ်ားျပားသည့္ က်န္းမာေရး၀န္ထမ္းမ်ားအေနျဖင့္ ႏွစ္စဥ္ ရာသီတုပ္ ေကြးေရာဂါကာကြယ္ေဆး ထိုးႏွံမႈကို ခံယူထားသင့္ပါသည္။ 


ကိုဗစ္လား? ရာသီတုပ္ေကြးလား?


          ကိုဗစ္-၁၉ ေရာဂါမေပၚခင္က ရာသီတုပ္ေကြးေရာဂါသည္ ႏွစ္စဥ္အျဖစ္မ်ားသည္။ ၂၀၂၀ ျပည့္ႏွစ္ကစၿပီး ကမၻာ့ကပ္ေရာဂါ ကိုဗစ္ျဖစ္လာကာ ျပန႔္ပြားမႈမ်ားလာသည့္အတြက္ မိမိတို႔ပတ္၀န္းက်င္မွာရွိေသာ ရာသီတုပ္ေကြးေရာဂါျဖစ္ေစသည့္ Influenza တုပ္ေကြးဗိုင္းရပ္စ္အပါအ၀င္ မူလရွိရင္းစြဲ ဗိုင္းရပ္စ္ပိုးပြားမ်ား ေလ်ာ့က်သြားသည္။  ထို႔ေၾကာင့္ ယမန္ႏွစ္က ျမန္မာနိုင္ငံတြင္ ရာသီ တုပ္ေကြးဖ်ား မရွိသေလာက္နည္းပါးခဲ့သည္။ ယခု ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလမတိုင္ခင္ ကိုဗစ္တတိယလွိုင္းျဖစ္ပြားမႈ က်ဆင္း လာခ်ိန္တြင္ ကိုဗစ္ပိုးနည္းသြားျခင္းႏွင့္အတူ ေဆာင္းဦးရာသီေျပာင္းစ Seasonal flu ကာလျဖစ္ခ်ိန္ႏွင့္ တိုက္ဆိုင္ေနခ်ိန္ျဖစ္သည္။ ထိုအခါ ပတ္၀န္းက်င္ရာသီဥတု၌ ယခင္ကတည္းကရွိၿပီးသား Influenza တုပ္ေကြးဗိုင္းရပ္စ္မ်ား ထႂကြလာ သည္။ ထို႔ေၾကာင့္ ယေန႕ကာလမွာ ရာသီတုပ္ေကြး ျဖစ္ေပၚလာၾကသည္။


သို႔ေသာ္ လူအမ်ားက ဖ်ားနာသည့္အခါ ကိုဗစ္လား?  ရာသီတုပ္ေကြးလား?  ေဝခြဲမရ၊ အေတြးမွားတတ္ၾကသည္။  ထို႔ေၾကာင့္ ကြဲကြဲျပားျပား သိေစရန္ ၄င္းေရာဂါ ၂ မ်ိဳး၏ ထင္သာျမင္သာ လကၡဏာတခ်ိဳ႕ကို ေအာက္ပါအတိုင္း အႀကံျပဳလိုပါသည္။


         ကိုဗစ္ေရာဂါသည္ လည္ေခ်ာင္းနာျခင္း၊ ခ်မ္းတုန္ျခင္း၊ မ်က္စိနီျခင္း၊ အသက္ရႈက်ပ္ျခင္း စသည္တို႔ျဖစ္ေစၿပီး အဖ်ား ၁၀၀ ဒီဂရီ ပတ္၀န္းက်င္ရွိသည္။


         ရာသီတုပ္ေကြးသည္ ေခါင္းကိုက္ျခင္း၊ ႏွာရည္ယိုျခင္း၊ ေခ်ာင္းဆိုးျခင္း၊ တစ္ကိုယ္လုံး အဆစ္အမ်က္ကိုက္ခဲျခင္း စသည္ တို႔ျဖစ္ေစၿပီး ကိုယ္ပူခ်ိန္မွာ ၁၀၁၊ ၁၀၂ ဒီဂရီအထိ အဖ်ားႀကီးသည္။ ေသြးစစ္ၾကည့္ရာ၌ ေသြးထဲမွာ ဗိုင္းရပ္စ္ဝင္ေသာ လကၡဏာ မ်ိဳးေတြ႕ရေသာ္လည္း အဆုတ္ထိခိုက္ႏႈန္း မရွိေပ။ ကိုယ္ခံအားေကာင္းလွ်င္ ပ်မ္းမွ် သုံးရက္ ႏွင့္ ငါးရက္ၾကား ေရာဂါေပ်ာက္ ကင္းသြားနိုင္သည္။


အခ်ဳပ္အားျဖင့္ဆိုေသာ္ ရာသီတုပ္ေကြးေရာဂါသည္ ကိုဗစ္-၁၉ ေရာဂါကဲ့သို႔ အသက္ရႈလမ္းေၾကာင္းမွတဆင့္ ကူးစက္တတ္ၿပီး ကိုဗစ္ ကာကြယ္ေဆးကဲ့သို႔ပင္ Influenza ရာသီတုပ္ေကြးကာကြယ္ေဆးကို ႀကိဳတင္ထိုးႏွံထားျခင္းျဖင့္ ေရာဂါျဖစ္နိုင္ေခ်အလားအလာ ေလ်ာ့က်သြားေစပါမည္။ ထို႔ျပင္ ကိုယ္ခံအား ေကာင္းေအာင္ အထက္ေဖာ္ျပပါ နည္းလမ္းေကာင္းမ်ားအတိုင္း စားေသာက္ေနထိုင္ရင္း အသက္ရႈလမ္းေၾကာင္းမွတဆင့္ ပ်ံ့ႏွံ႕လာေသာ Influenza တုပ္ေကြးဗိုင္းရပ္စ္မ်ားလည္း ကိုဗစ္-၁၉ စည္းကမ္းခ်က္မ်ားအတိုင္း Mask တပ္ျခင္း၊ လက္ကို မၾကာမၾကာ ဆပ္ျပာျဖင့္ စကၠန့္ ၂၀ ၾကာ ေဆး ေၾကာျခင္း၊ လူစုလူ ေဝး ေရွာင္ျခင္းနည္းမ်ားျဖင့္ သတိရွိေစခ်င္ပါသည္။ အထူးသတိေပးလိုသည္မွာ ရာသီတုပ္ေကြးျဖစ္ပြားေလ့ရွိေသာ ေဆာင္းဦးကာလ ႏွင့္ ယခုလို ကိုဗစ္-၁၉ ကာလမ်ားတြင္ အေအးဓာတ္က  လူ႕ကိုယ္ခံအားက်ေစပါသည္။ ထို႔ေၾကာင့္ ႏြေးႏြေးေထြးေထြးေနပါ၊ အေအးမခံပါႏွင့္။ တိုက္ရိုက္ ေလထိေတြ႕ေနရာ မေနပါႏွင့္၊ ၄င္းေနရာတြင္ မအိပ္ပါႏွင့္။ သတိျဖင့္ေရခ်ိဳးပါ။ ညအိပ္လွ်င္ ႏြေးႏြေးေထြးေထြးအိပ္ပါ။ လူသားအားလုံး က်န္းမာခ်မ္းသာ၍ ဘယာကင္းေဝးၾကပါ ေစေၾကာင္း။။


 ေစတနာမ်ားစြာ

#ေဆာင္းပါးရွင္ေပါက္ေပါက္ Tin Htet Htet Zaw ေရးသားသည္။

No comments: