Saturday, December 25, 2021

ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရွယ္မီဒီယာမွာ ဘာတွေ တင်တတ်သလဲ

ကိုယ့်ကိုယ်ကိုသတ်သေ ချင်သူတွေ ဆိုရွယ္မီဒီယာမွာ ဘာတွေ တင်တတ်သလဲ




စာရေးသူ Ye Zon Aung 

ဆေးဘက်ဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win 

#Social_Media

#Suicide

#Mental_Health



(လူ့ဘ၀ရခဲမျှကို အဆုံးသတ်ချင်လောက်အောင် လောကဓံလှိုင်းက ရိုက်ခပ်တတ်တော့ အပြစ်မဆိုချင်ပေမယ့် မလုပ်စေချင်မိဘူး။ စိတ်ဓာတ်ကျမယ်၊ အရှုံးပေးမယ်ဆိုတာ လူညံ့တွေရဲ့အလုပ်ဘာညာ ပြောနိုင်ကြပေမယ့် တကယ်တမ်းကြုံရသူများအတွက်တော့ တစ္ဘ၀စာ အခက်အခဲရယ်ပါ။ သည်လိုလူတွေရဲ့ နံဘေးက မိဘ မောင်ဘွား သူငယ်ချင်း မိတ်ဆွေ စတဲ့လူတွေက ရိပ်ဖမ်းသံဖမ်း အရိပ်အကဲတွေ့ကြတဲ့အခါ အားပေး ဖေးမ ကူညီကြခြင်းဖြင့် လူ့အသက်တစ်ချောင်းကို မဆုံးရှုံးစေတော့ဘူးပေါ့။ သေမှလွမ်းတာ ထက်စာရင် မသေခင် ချစ်ချစ်ခင်ခင် အတူနေနိုင်ကြတာ မကောင်းဘူးလား။)


 စိတ်ဖိစီးမှုတွေ၊ လူမှုဘဝ အခက်အခဲတွေ၊ လူမှုရေး ပြဿနာတွေ နဲ့ မိသားစု အဆင်မပြေမှုတွေကြောင့် ဒီကနေ့ခေတ်မှာ ကိုယ့်ကိုယ်ကိုသတ်သေ မှုတွေ ပိုမို များပြားလာ နေပါတယ် ။


 လူတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေဖို့ ဆိုတာဟာ သာမန္လူ တစ်ယောက်ရဲ့ အမြင်မှာတော့ ဖြစ်နိုင်ချေ အတော်နည်းပါးတဲ့ ကိစ္စတစ်ခုလို့ ရှုမြင်စရာပါ ။ ဒါပေမယ့် ပြင်းထန်တဲ့ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင် ဖိအား နဲ့ စိတ်အားငယ်မှု စတာတွေကို ခံစားနေရသူ တစ်ယောက်အတွက် ဆိုရင်တော့ ဒီအချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ဆိုဖို့ခက်ခဲတဲ့ အရာတစ်ခုဖြစ် ပါတယ် ။


 စိတ်ဖိစီးမှု နဲ့ စိတ်နာကျင်မှု ဝေဒနာတွေကို ပြင်းပြင်းထန်ထန် ခံစားနေရသူတွေဟာ ကိုယ့်ကိုယ်ကို သတ်သေနိုင်ချေမြင့်မားလှပြီး ဒီလို ပုဂ္ဂိုလ်တွေ အနေနဲ့ နေထိုင် စားသောက်ပုံတွေကို ဂရုတစိုက် စီမံဖို့ လိုအပ်ပါတယ် ။


 နည်းပညာတွေ ခေတ်မီဖွံ့ဖြိုးလာတဲ့ ဒီခေတ်မှာ လူတွေဟာ လူမှုကွန်ယက်တွေကို နေ့စဉ် လူနေမှု ဘဝရဲ့ အစိတ်အပိုင်း တစ္ခုလို ပိုမို အသုံးချလာနေကြတာမို့ စိတ်ဓာတ်ကျဆင်း နေမှုတွေအပါအဝင် စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်နေကြတယ်ဆိုတာကို ပိုမိုသိရှိလာရပါတယ် ။ ကိုယ့်ကိုယ်ကိုသတ်သေ ဖို့အထိ ဆုံးဖြတ်ထားတဲ့ သူတွေကိုယ်တိုင်တောင်မှ လူမှုကွန်ယက်တွေပေါ်မှာ သဲလြန္စေတြ ချန်ထားရစ်ခဲ့လေ့ရှိတယ်ဆိုတာကို ပိုမို သိနားလည်လာရပြီဖြစ်ပါတယ် ။


 ကိုယ့်ကိုယ်ကိုသတ်သေ တော့မယ်ဆိုရင် သူတို့ ဘာလုပ်ကြသလဲ


 လက်ရှိမှာ လူမှုကွန်ယက် လောကရဲ့ ဆရာ တစ်ဆူဖြစ်တဲ့ Facebook ဟာ သူတို့ရဲ့ လူမှုကွန်ယက် ပလက်ဖောင်းတွေပေါ်က အသုံးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေ နဲ့ အမူအကျင့်တွေကို မှတ်ဉာဏ်တုနည်းပညာ ( AI ) ကို အသုံးပြုပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ထားပါတယ် ။


 ၂၀၁၇ ခုနှစ်မှ ာစတင်ခဲ့တဲ့ အဆိုပါ AI အခြေပြု ဆန်းစစ်လေ့လာမှုတွေအရ ကိုယ့်ကိုယ်ကို သတ်သေ ချင်နေသူတွေဟာ လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို မကြာခဏ ဖွင့်ဟဖော်ထုတ်လေ့ရှိတယ်လို့ ဆိုပါတယ် ။


 Facebook ကေတာ့ သူတို့ရဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားက စိတ်ကျဝေဒနာ ခံစားနေရသူတွေရဲ့ လက္ခဏာတွေက ဘယ္လိုလဲဆိုတာကို သိနိုင်ဖို့ (AI) နည်းပညာ အသုံးပြုထားတဲ့ Algorithm တွေဖန်တီးထားပြီးတော့ အဆိုပါ နည်းပညာကနေတဆင့် ဘယ်သူတွေဟာ ကိုယ့်ကိုယ်ကိုသတ်သေနိုင်ချေရှိနေတယ်ဆိုတာကို ဆန်းစစ်နေတာဖြစ်ပါတယ် ။


 လက်ရှိမှာလည်း လူမှုကွန်ယက် အသုံးပြုသူတွေအကြားက ကိုယ့်ကိုယ်ကိုသတ်သေ ဖို့ စိတ်ဆန္ဒရှိနေသူတွေဟာ ဘယ္လို အကြောင်းအရာမျိုးတွေကို ပြောဆိုရေးသားတတ်လဲဆိုတာကိုလည်း အသိပေးထားပါတယ် ။ သူတို့ရဲ့ ဖော်ပြချက်တွေအရ


  သေချင်တယ်၊ ဒါမှမဟုတ် သတ်သေချင်တယ်လို့ ပြောဆိုရေးသားတာ


  တစ်စုံတစ်ရာ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ


  အသက်ရှင်ဖို့ အကြောင်းပြချက်မရှိတော့ဘူးလို့ ပြောဆိုရေးသားတာ


  တစ်စုံတစ်ယောက် ဒါမှမဟုတ် မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလို့ ပြောဆိုရေးသားတာ


  အရက်နဲ့ မူးယစ်ဆေးဝါးတွေကို အလွန်အကျွံ သုံးစွဲမိနေတယ်လို့ ပြောဆိုရေးသားတာ


  မဆင်မခြင်အပြုအမူမျိုးတွေ လုပ္မိမွာကို စိုးရိမ်ပူပန်နေတယ် ဒါမှမဟုတ် လှုံ့ဆော်မှုခံနေရတယ်လို့ ပြောဆိုရေးသားတာ


  အလွန်အကျွံ အိပ်ဖြစ်တယ် ဒါမှမဟုတ် အိပ်ချိန်နည်းပါးလွန်းနေတယ်လို့ ပြောဆိုရေးသားတာ


  ဆိုးရွားစွာ အထီးကျန်မှုဝေဒနာ ခံစားနေရကြောင်း ပြောဆိုရေးသားတာ


  ပတ်ဝန်းကျင်၊ မိသားစုစတာတွေနဲ့ တစ်သီးတစ်ခြား ခွဲခြားခံထားရတယ်လို့ ပြောဆိုရေးသားတာ


  #depressed ဒါမှမဟုတ် #suicidal ဆိုတဲ့ Hash Tag စာသားမျိုးနဲ့ ပို့စ်တင်တာ


 ဒီလို အချက်တွေနဲ့ တိုက်ရိုက်တူညီတဲ့ ဒါမှမဟုတ် နှီးနွယ်စပ်ဆက်တဲ့ အကြောင်းအရာတွေကိုဆက်တိုက် တင်နေပြီဆိုရင် အဆိုပါ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို သတ်သေ နိုင်ချေမြင့်မားတယ်လို့ ယူဆလို့ရပါတယ် ။ ဒါကြောင့် အဲဒီလိုလူမျိုးတွေကို ပိုမိုသတိထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။


 ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် အသိုင် းအဝိုင်း အတွင်းက လူမှုကွန်ယက် အသုံးပြုသူတွေ အကြားမှာ ဘာပို့စ်တွေ တင်နေကြလဲဆိုတာကို သတိထား စောင့်ကြည့်ဖို့ မမေ့ကြနဲ့နော် ။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi) 

ကိုယ့္ကိုယ္ကိုသတ္ေသ ခ်င္သူေတြ ဆိုရွယ္မီဒီယာမွာ ဘာေတြ တင္တတ္သလဲ




စာေရးသူ Ye Zon Aung 

ေဆးဘက္ဆိုင္ရာ တည္းျဖတ္သူ Dr. Thurein Hlaing Win 

#Social_Media

#Suicide

#Mental_Health



(လူ႕ဘ၀ရခဲမွ်ကို အဆံုးသတ္ခ်င္ေလာက္ေအာင္ ေလာကဓံလႈိင္းက ရိုက္ခပ္တတ္ေတာ့ အျပစ္မဆိုခ်င္ေပမယ့္ မလုပ္ေစခ်င္မိဘူး။ စိတ္ဓာတ္က်မယ္၊ အရႈံးေပးမယ္ဆိုတာ လူညံ့ေတြရဲ႕အလုပ္ဘာညာ ေျပာႏိုင္ၾကေပမယ့္ တကယ္တမ္းၾကံဳရသူမ်ားအတြက္ေတာ့ တစ္ဘ၀စာ အခက္အခဲရယ္ပါ။ သည္လိုလူေတြရဲ႕ နံေဘးက မိဘ ေမာင္ဘြား သူငယ္ခ်င္း မိတ္ေဆြ စတဲ့လူေတြက ရိပ္ဖမ္းသံဖမ္း အရိပ္အကဲေတြ႕ၾကတဲ့အခါ အားေပး ေဖးမ ကူညီၾကျခင္းျဖင့္ လူ႕အသက္တစ္ေခ်ာင္းကို မဆံုးရႈံးေစေတာ့ဘူးေပါ့။ ေသမွလြမ္းတာ ထက္စာရင္ မေသခင္ ခ်စ္ခ်စ္ခင္ခင္ အတူေနႏိုင္ၾကတာ မေကာင္းဘူးလား။)


 စိတ္ဖိစီးမႈေတြ၊ လူမႈဘဝ အခက္အခဲေတြ၊ လူမႈေရး ျပႆနာေတြ နဲ႕ မိသားစု အဆင္မေျပမႈေတြေၾကာင့္ ဒီကေန႕ေခတ္မွာ ကိုယ့္ကိုယ္ကိုသတ္ေသ မႈေတြ ပိုမို မ်ားျပားလာ ေနပါတယ္ ။


 လူတစ္ေယာက္ ကိုယ့္ကိုယ္ကို သတ္ေသဖို႔ ဆိုတာဟာ သာမန္လူ တစ္ေယာက္ရဲ႕ အျမင္မွာေတာ့ ျဖစ္နိုင္ေခ် အေတာ္နည္းပါးတဲ့ ကိစၥတစ္ခုလို႔ ရႈျမင္စရာပါ ။ ဒါေပမယ့္ ျပင္းထန္တဲ့ စိတ္ဖိစီးမႈ၊ ပတ္ဝန္းက်င္ ဖိအား နဲ႕ စိတ္အားငယ္မႈ စတာေတြကို ခံစားေနရသူ တစ္ေယာက္အတြက္ ဆိုရင္ေတာ့ ဒီအခ်က္ဟာ ျဖစ္မလာနိုင္ဘူးလို႔ ဆိုဖို႔ခက္ခဲတဲ့ အရာတစ္ခုျဖစ္ ပါတယ္ ။


 စိတ္ဖိစီးမႈ နဲ႕ စိတ္နာက်င္မႈ ေဝဒနာေတြကို ျပင္းျပင္းထန္ထန္ ခံစားေနရသူေတြဟာ ကိုယ့္ကိုယ္ကို သတ္ေသနိုင္ေခ်ျမင့္မားလွၿပီး ဒီလို ပုဂၢိုလ္ေတြ အေနနဲ႕ ေနထိုင္ စားေသာက္ပုံေတြကို ဂ႐ုတစိုက္ စီမံဖို႔ လိုအပ္ပါတယ္ ။


 နည္းပညာေတြ ေခတ္မီဖြံ႕ၿဖိဳးလာတဲ့ ဒီေခတ္မွာ လူေတြဟာ လူမႈကြန္ယက္ေတြကို ေန႕စဥ္ လူေနမႈ ဘဝရဲ႕ အစိတ္အပိုင္း တစ္ခုလို ပိုမို အသုံးခ်လာေနၾကတာမို႔ စိတ္ဓာတ္က်ဆင္း ေနမႈေတြအပါအဝင္ စိတ္ပိုင္းဆိုင္ရာ အေျခအေနေတြကို လူမႈကြန္ယက္ေတြေပၚမွာ တင္ေနၾကတယ္ဆိုတာကို ပိုမိုသိရွိလာရပါတယ္ ။ ကိုယ့္ကိုယ္ကိုသတ္ေသ ဖို႔အထိ ဆုံးျဖတ္ထားတဲ့ သူေတြကိုယ္တိုင္ေတာင္မွ လူမႈကြန္ယက္ေတြေပၚမွာ သဲလြန္စေတြ ခ်န္ထားရစ္ခဲ့ေလ့ရွိတယ္ဆိုတာကို ပိုမို သိနားလည္လာရၿပီျဖစ္ပါတယ္ ။


 ကိုယ့္ကိုယ္ကိုသတ္ေသ ေတာ့မယ္ဆိုရင္ သူတို႔ ဘာလုပ္ၾကသလဲ


 လက္ရွိမွာ လူမႈကြန္ယက္ ေလာကရဲ႕ ဆရာ တစ္ဆူျဖစ္တဲ့ Facebook ဟာ သူတို႔ရဲ႕ လူမႈကြန္ယက္ ပလက္ေဖာင္းေတြေပၚက အသုံးျပဳသူေတြရဲ႕ လုပ္ေဆာင္ခ်က္ေတြ နဲ႕ အမူအက်င့္ေတြကို မွတ္ဉာဏ္တုနည္းပညာ ( AI ) ကို အသုံးျပဳၿပီး ေလ့လာဆန္းစစ္မႈေတြ ျပဳလုပ္ထားပါတယ္ ။


 ၂၀၁၇ ခုႏွစ္မွ ာစတင္ခဲ့တဲ့ အဆိုပါ AI အေျချပဳ ဆန္းစစ္ေလ့လာမႈေတြအရ ကိုယ့္ကိုယ္ကို သတ္ေသ ခ်င္ေနသူေတြဟာ လူမႈကြန္ယက္ေပၚမွာ သူတို႔ရဲ႕ စိတ္ပိုင္းနဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြကို မၾကာခဏ ဖြင့္ဟေဖာ္ထုတ္ေလ့ရွိတယ္လို႔ ဆိုပါတယ္ ။


 Facebook ကေတာ့ သူတို႔ရဲ႕ လူမႈကြန္ယက္အသုံးျပဳသူေတြအၾကားက စိတ္က်ေဝဒနာ ခံစားေနရသူေတြရဲ႕ လကၡဏာေတြက ဘယ္လိုလဲဆိုတာကို သိနိုင္ဖို႔ (AI) နည္းပညာ အသုံးျပဳထားတဲ့ Algorithm ေတြဖန္တီးထားၿပီးေတာ့ အဆိုပါ နည္းပညာကေနတဆင့္ ဘယ္သူေတြဟာ ကိုယ့္ကိုယ္ကိုသတ္ေသနိုင္ေခ်ရွိေနတယ္ဆိုတာကို ဆန္းစစ္ေနတာျဖစ္ပါတယ္ ။


 လက္ရွိမွာလည္း လူမႈကြန္ယက္ အသုံးျပဳသူေတြအၾကားက ကိုယ့္ကိုယ္ကိုသတ္ေသ ဖို႔ စိတ္ဆႏၵရွိေနသူေတြဟာ ဘယ္လို အေၾကာင္းအရာမ်ိဳးေတြကို ေျပာဆိုေရးသားတတ္လဲဆိုတာကိုလည္း အသိေပးထားပါတယ္ ။ သူတို႔ရဲ႕ ေဖာ္ျပခ်က္ေတြအရ


  ေသခ်င္တယ္၊ ဒါမွမဟုတ္ သတ္ေသခ်င္တယ္လို႔ ေျပာဆိုေရးသားတာ


  တစ္စုံတစ္ရာ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးလို႔ ေျပာဆိုေရးသားတာ


  အသက္ရွင္ဖို႔ အေၾကာင္းျပခ်က္မရွိေတာ့ဘူးလို႔ ေျပာဆိုေရးသားတာ


  တစ္စုံတစ္ေယာက္ ဒါမွမဟုတ္ မိသားစုအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေနၿပီလို႔ ေျပာဆိုေရးသားတာ


  အရက္နဲ႕ မူးယစ္ေဆးဝါးေတြကို အလြန္အကြၽံ သုံးစြဲမိေနတယ္လို႔ ေျပာဆိုေရးသားတာ


  မဆင္မျခင္အျပဳအမူမ်ိဳးေတြ လုပ္မိမွာကို စိုးရိမ္ပူပန္ေနတယ္ ဒါမွမဟုတ္ လႈံ႕ေဆာ္မႈခံေနရတယ္လို႔ ေျပာဆိုေရးသားတာ


  အလြန္အကြၽံ အိပ္ျဖစ္တယ္ ဒါမွမဟုတ္ အိပ္ခ်ိန္နည္းပါးလြန္းေနတယ္လို႔ ေျပာဆိုေရးသားတာ


  ဆိုး႐ြားစြာ အထီးက်န္မႈေဝဒနာ ခံစားေနရေၾကာင္း ေျပာဆိုေရးသားတာ


  ပတ္ဝန္းက်င္၊ မိသားစုစတာေတြနဲ႕ တစ္သီးတစ္ျခား ခြဲျခားခံထားရတယ္လို႔ ေျပာဆိုေရးသားတာ


  #depressed ဒါမွမဟုတ္ #suicidal ဆိုတဲ့ Hash Tag စာသားမ်ိဳးနဲ႕ ပို႔စ္တင္တာ


 ဒီလို အခ်က္ေတြနဲ႕ တိုက္ရိုက္တူညီတဲ့ ဒါမွမဟုတ္ ႏွီးႏြယ္စပ္ဆက္တဲ့ အေၾကာင္းအရာေတြကိုဆက္တိုက္ တင္ေနၿပီဆိုရင္ အဆိုပါ ပုဂၢိုလ္ေတြဟာ ကိုယ့္ကိုယ္ကို သတ္ေသ နိုင္ေခ်ျမင့္မားတယ္လို႔ ယူဆလို႔ရပါတယ္ ။ ဒါေၾကာင့္ အဲဒီလိုလူမ်ိဳးေတြကို ပိုမိုသတိထားၿပီး ဂ႐ုစိုက္ေပးဖို႔ လိုအပ္ပါတယ္။


 ကြၽန္ေတာ္တို႔ရဲ႕ ပတ္ဝန္းက်င္ အသိုင္ းအဝိုင္း အတြင္းက လူမႈကြန္ယက္ အသုံးျပဳသူေတြ အၾကားမွာ ဘာပို႔စ္ေတြ တင္ေနၾကလဲဆိုတာကို သတိထား ေစာင့္ၾကည့္ဖို႔ မေမ့ၾကနဲ႕ေနာ္ ။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


No comments: