Friday, December 3, 2021

ငရုတ်သီးသနပ် - သရက်သီးသနပ် - ကြက်သွန်နီချဉ် - တုံရမ်းဆားဘဲဥ

ဟင်းပွဲအရံများ

ငရုတ်သီးသနပ် - သရက်သီးသနပ် - ကြက်သွန်နီချဉ် - တုံရမ်းဆားဘဲဥ


ငရုတ်သီးသနပ်လုပ်နည်း 




ပါဝင်ပစ္စည်း

၁။ငရုတ်စိမ်းပွအရှည်တောင့်-၂၀ကျပ်သား

၂။မုန်ညင်းစေ့-၇( စားပွဲဇွန်း)

၃။ပဲနံ့သာစေ့-၁ (စားပွဲဇွန်း)

၄။ဆား-၄ စားပွဲဇွန်း

၅။ငရုတ်သီးအရောင်တင်မှုန့်-၂ (လက်ဖက်ရည်

ဇွန်း)

၆။ဇီယာစေ့-၂(လက်ဖက်ရည်ဇွန်း)

၇။ရှာလကာရညျ-၃ (စားပွဲဇွန်း)

၈။ဂျင်း-လက်တဆစ်

၉။ဆနွင်း-၁/၄ (လက်ဖက်ရည်ဇွန်း)

၁၀။ဆီ-၁၅ကျပ်သား


ပြုလုပ်နည်း

၁။မုန်ညင်းစေ့၊ပဲနံ့သာစေ့နဲ့ဇီယာစေ့များကိုသန့်စင်ပြီးနေပြပါ။ကျွတ်လာရင်အမှုန့်လုပ်၍အခွံများမပါအောင်ပြာထားပါ။


၂။ငရုတ်သီးကိုရေဆေးအညှာဖြုတ်ဗိုက်ခွဲပီးအစေ့များထုတ်ပါ။


၃။အစေ့ထုတ်ထားတဲ့ငရုတ်သီးကိုအပိုင်းကြီးကြီးလေးများပိုင်းပါ။ကျွန်မကတော့အတောင့်သေးရင်၂ပိုင်း ကြီးရင် ၃ပိုင်းပိုင်းပါတယ်။

ပိုင်းပြီးသားငရုတ်သီးများကိုဇကာထဲဖြန့်ပြီးတနာရီလောက်လေသလပ်အောင်ထားပါ။


၄။လေသလပ်ပြီးရေသေချာခြောက်သွားတဲ့ငရုတ်သီးတွေကိုဇလုံတခုထဲထည့်ပြီးဆား၃ဇွန်းနဲ့ရှာလကာ၃ဇွန်းထည့်၍နှံ့အောင်နယ်ပါ။


၅။ဆားနယ်ပြီးသားငရုတ်သီးကိုပုလင်းတလုံးထဲထည့်၍၃ရက်ထားပါ။ပုလင်းကိုတခါတရံလှုပ်ပေးပါ။


၆။၃ရက်နေရင်ငရုတ်သီးကိုဇကာထဲအရည်စစ်ပြီးခဏလေသလပ်ထားပါ။


၇။ဒယ်အိုးထဲဆီထညျ့ပွီးဂငြျးကိုခွဈထညျ့၍ဆီသတ်ပါ။မွှေးလာရင်ဆီဒယ်အိုးကိုမီးပေါ်မှချ၍ဆနွင်းမှုန့်၊ငရုတ်သီးမှုန့်နှင့်ဇီယာမှုန့်များ

ထည့်မွှေပါ။ပြီးလျှင်ဆီကိုအရမ်းမပူတော့ပဲနွေးနွေးလေးဖြစ်သည်အထိခဏထား၍ပဲနံ့သာစေ့မှုန့်နှင့်မုန်ညင်းစေ့အမှုန့်များထည့်၍

မွှေပါ။ပြီးလျှင်ဆီလုံးဝအေးသည်အထိထား၍ဆား၁ဇွန်းထည့်မွှေပါ။


၈။ဇကာထဲလေသလပ်ထားသောငရုတ်သီးများကိုဇလုံထဲထည့်၍မဆလာဆီနှင့်သမအောင်ရောနယ်ပါ။


၉။ငရုတ်သီးများကိုရေခြောက်အောင်သုတ်ထားသောပုလင်း၁လုံးထဲသိပ်ထည့်ပါ။၃ရက်လောက်ဆိုငရုတ်သီးသနပ်လေးရပါပြီ။


မှတ်ချက်။ ။၁ရက်လောက်နေရင်ပုလင်းကို ကြည့်ကြည့်ပါ။ ငရုတ်သီးဆီမနစ်ဘူးဆိုရင်ဆီနစ်သည်အထိအပေါ်ကထပ်ထည့်ပါ။ ဆီမနစ်ရင်မှိုလိုက် တတ်ပါသည်။

ဇီဇဝါ


သရက်သီးသနပ်




ပါဝင်ပစ္စည်း

၁။သရက်သီးစိမ်း-၄လုံး(အစေ့ယှက်ပြီးအရှည်လက်တဝါးစာအရွယ်စိုင်သီး (သို့)ရင်ကွဲသီး)

၂။ဆီ-၄၀ကျပ်သား

၃။ဂျင်း-လက်တဆစ်

၄။ပဲနံ့သာစေ့-၁၂ (ထမင်းစားဇွန်း )

၅။ငရုတ်သီးအရောင်တင်မှုန့်-၁ ၁/၂(ထမင်းစားဇွန်း)

၆။ဇီယာ-၁ ၁/၂ (ထမင်းစားဇွန်း)

၇။ဆား-၃(ထမင်းစားဇွန်း)

၈။ကြက်သွန်ဖြူ - ၅ကျပ်သား


ပြုလုပ်နည်း

၁။သရက်သီးကိုအလုံးလိုက်ရေဆေးပြီးခြောက်အောင်အဝတ်နဲ့သုတ်ပါ။ပြီးရင်ထက်ခြမ်းခြမ်းပြီးတခြမ်းကို၈စိတ်စိတ်ပါ။


၂။စိတ်ပြီးသားသရက်သီးကိုဇကာထဲထည့်ပြီးတနာရီလောက်လေသလပ်ခံထားပါ။


၃။ပဲနံ့သာစေ့ကိုခဲသဲ့ရေဆေးသန့်စင်ပြီးနေပူထဲ ခြောက်သွေ့ပြီးကျွတ်အောင်လှန်းပါ။ဇီယာကိုလည်းသန့်စင်ပြီးနေလှန်းပါ။


၄။နေလှန်းပြီးကျွတ်နေတဲ့ပဲနံ့သာစေ့ကိုမညက်တညက်အမှုန့်ကြိတ်ပါ။


၅။ဇီယာကိုညက်အောင်အမှုန့်ကြိတ်ပါ။


၆။ဆီပူအောင်တည်ပြီးဂျင်းကိုအမျှင်ခြစ်ထည့်ပြီးဆီသတ်ပါ။


၇။ဆီဆူပွက်လာရင် မီးဖိုပေါ်ကအောက်ချပြီး ပဲနံ့သာအမှုန့်၊ဇီယာမှုန့်နဲ့ငရုတ်မှုန့်ထည့်ပြီးမွှေပါ။ဆီအဆူရပ်သည်အထိမွှေပါ။ဆီနည်း

နည်းအေးလာပြီဆိုမမွှေတော့ဘဲ ဆီအေးသည်အထိထားပါ။


၈။ဆီတခါထဲအေးပြီဆိုဆားထည့်မွှေပါ။


၉။သရက်သီးကိုခြောက်သွေ့တဲ့ဇလုံတခုထဲထည့်ပြီးဆီထဲကအနှစ်တွေထည့်ကာနှံ့စပ်အောင်လက်အခြောက်နဲ့ဆုပ်နယ်ပါ။

ကြက်သွန်ဖြူပါထည့်နယ်ပါ။


၁၀။ကျန်တဲ့ဆီပါထည့်ပြီးနှံ့အောင်နယ်ပါ။


၁၁။ခြောက်သွေ့နေတဲ့ပုလင်းထဲထည့်ပြီးလေလုံအောင်ထားပါ။တပတ်လောက်နေရင်ထမင်းစားမြိန်စေမယ့်သရက်သီးသနပ်လေးကိုရပါပြီနော်။


မှတ်ချက်။ ။သရက်သီးသနပ်တည်ပြီး တစ်ရက်လောက်နေရင်ပုလင်းကိုကြည့်ကြည့်ပါ။ဆီမမြုပ်နေဘူးဆိုနောက်ထပ်ဆီကိုဆူအောင်တည်

အအေးခံပြီးတခါထဲအေးပြီဆိုသရက်သီးသနပ်အပေါ်ကနေဆီမြုပ်အောင်ထည့်ပါ။ဆီမမြုပ်ရင်မှိုလိုက်တတ်ပါတယ်။

#ဇီဇဝါ


ကြက်သွန်နီချဉ် (Red Onion Pickle)




အချဉ်တည်နည်းများစွာထဲက ပြုလုပ်ရလွယ်ကူပြီး ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ဘာဂါတို့နဲ့တွဲစားလို့ရတဲ့ ကြက်သွန်နီချဉ်စိမ်တဲ့နည်းလေး ဖြစ်ပါတယ်။ ချက်ချင်းတည်ခင်းနိုင်သလို ရေခဲသေတ္တာထဲမှာ နှစ်ပတ်ခန့် သိမ်းဆည်းသုံးဆောင်နိုင်မှာပါ။

ပါ၀င်ပစ္စည်းများ

ကြက်သွန်နီ ငါးလုံး၊ ငရုတ်သီးအစိမ်း/အနီ ၅တောင့်၊ ဆား အနည်းငယ်၊ သကြား ၅၀ ဂရမ်၊ ရှလကာရည် 50 ml (Apple Vinegar)၊ ရေ ၂၀၀မီလီ၊ သစ်ကြံပိုးခေါက် တစ်ချောင်း၊ ကရေ၀းရွက် ၂ရွက်၊ နံနံစေ့ စားပွဲဇွန်း တစ်ဇွန်း။

ပြင်ဆင်ပြုလုပ်ပုံ

ဦးစွာကြက်သွန်နီကို အခွံသင်ရေဆေးပြီး အကွင်းလိုက် ခပ္ထူထူလွီးကာ ဆန်ကာတစ်ခုတွင်ထည့်ထားပါ။

အိုးတစ်ခုတွင် ရေ၊သကြား၊ဆား၊ရှလကာရည်ထည့်ပြီး ဆူပွက်အောင်တည်ကာ အေအးခံထားပါ။ Apple Vinegar သုံးထားပါတယ်။ နှစ်သက်ရာအချဉ်ရည်သုံးနိုင်ပါတယ်။

သီးသန့်အိုးဖြင့် ရေနွေးအနည်းငယ်တည်ထားပါ။ ငရုတ္သီး ထက်ခြမ်းခြမ်းထားပါ။ ရေနွေးဆူပွက်ပါက ဆန်ကာဖြင့်ထည့်ထားသော ကြက်သွန်လှီးပြီးသားပေါ်မှ လောင်းချပေးကာ ရေစစ် အေအးခံထားပါ။ ကြက်သွန်နီညှီနံ့သက်သာစေရန်နှင့် တစ်၀က်ကျက်အနေဖြင့် အထားခံအောင်ရေဆူဖြင့်လောင်းခြင်းဖြစ်ပါတယ်။

ကြက်သွန်အေးသွားပါက အအေးခံထားသော အချဉ်ရည်အရောတွင်ထည့်ပြီး သမအောင်မွှေပေးပါ။ ငရုတ္သီး၊ သစ်ကြံပိုး၊ ကရေ၀း၊ နံနံစေ့တို့ကိုထည့်ပါ။ အမွှေးနံ့ကို မိမိနှစ်သက်ရာဟင်းခတ်အမွှေးအကြိုင်ဖြင့် အစားထိုးသုံးနိုင်ပါတယ်။

ပြုလုပ်ပြီး ချက်ချင်းတည်ခင်းနိုင်သလို သန့်ရှင်းခြောက်သွေ့သော ပုလင်းဖြင့်ထည့်ပြီး နှစ်ပတ်ထိ ရေခဲသေတ္တာတွင်ထားကာ မိမိနှစ်သက်ရာ အစားအစာတို့ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။


#တုံရမ်းဆားဘဲဥ

 


  ရိုးရိုးဆားဘဲဥ ကို အရမ်းငံလို့ သွေးတိုးရောဂါရှိသူတွေ မစားရဲတဲ့အခါ ဒီလို တုံရမ်းဆားဘဲဥ လုပ်စားကြည့်ပါ။ ပါဝင်တဲ့ ပဒဲကော စပါးလင် ရှောက်နူရွက် တို့က ဆားအငံကိုလျော့စေသလို သွေးတိုးတာကိုလဲ အထိုက်အလျောက် ပြေလျော့စေပါတယ်။

မူရင်းနည်းကတော့ ထိုင်းလူမျိုး တစ်ယောက်ရဲ့နည်းပါ။ 


ပါဝင်ပစ္စည်း


ဘဲဥ ၁၀လုံးအတွက်


၁။ဆား ဟင်းချိုသောက်ပန်းကန်လုံး တစ်လုံးစာ

၂။ စပါးလင် ၂ဆ ၊ ပဒဲကော ရှောက်နူရွက် ၊ကြက်သွန်ဖြူ တစ်ဆ ဟင်းချိုသောက်ပန်းကန်လုံး ၂လုံးစာ

၃။ရေ ဟင်းချိုသောက်ပန်းကန်လုံး ၄လုံးစာ

၄။ ပုလင်း သို့မဟုတ် ကော်ဗူး သန့်ရှင်းခြောက်သွေ့လေလုံရပါမည်။ 


    စပါးလင် ပါးပါးလွီး ပဒဲကော အကွင်းလေးတွေလှီး ကြက်သွန်ဖြူ ဓားပြားရိုက် ထားပါ။ ရေ ဟင်းချိုသောက်ပန်းကန်လုံး ၄လုံးကို ဆူအောင်တည် ပါ။ ဆူရင် အရွက်တွေထည့် ဆားထည့် အဖုံးခဏပြန်အုပ်ထားပါ။ ပြန်ဆူလာပြီး ဆားပျော်သွားရင် ချပြီး အအေးခံထားပါ။ ဘဲဥ ၁၀လုံးကို အပြင်ခွံသန့်ရှင်းအောင် ဆေးကြောထားပါ။ ပြုတ်ရည်လုံးဝအေးသွားမှ ကိုယ်ထည့်မဲ့ ပုလင်း သို့မဟုတ် ဗူးထဲကို ဘဲဥ အရင်စီထည့် ပြီးမှ ပြုတ်ရည်လောင်းထည့်ပါ။ မီးဖိုချောင်ထဲ အခန်းအပူချိန်ရှိတဲ့နေရာမှာ ၁၂ရက်ထားပါ။ စထည့်တဲ့ရက်ကို ပုလင်းပေါ်မှာရေးမှတ်ထားပါ။ ၁၂ရက်ပြည့်ရင် ဘဲဥ သီးသန့်ထုတ်ပြီး ပြုတ်စားစား ကြော်စားစား ကြိုက်သလို လုပ်စားလို့ရပါတယ်။ ရေခဲသေတ္တာထဲ ထည့်ထားရင်လဲရပါတယ်။ 

ဒီနည်းအတိုင်း ကြက်ဥ ဆို ၁၀ရက် ငုံးဥဆို ၆ရက်ထားလို့ရပါတယ်။

သူ့အချိုးကတော့ ဆား၁ဆ ၊ ပဒဲကော၊ရှောက်နူရွက်၊စပါးလင်၊ကြက်သွန်ဖြူ က ၂ဆ၊ ရေက ၄ဆ ဖြစ်ပါတယ် ။ အိုး သို့မဟုတ် ဗူးထဲမွာ ဘဲဥ အပေါ်မှာရေမြုပ်နေရပါမယ်။ပဒဲကော ရှောက်နူရွက် ကြက်သွန်ဖြူ စပါးလင်မွာ စပါးလင်များများထည့်ပါ။

ဝက်ကောက်ညှင်း ကြက်ကောက်ညှင်းလုပ်တဲ့အခါလဲ ထည့်လို့ရပါတယ်။

စားကောင်းကြပါစေရှင်။


ဟင္းပြဲအရံမ်ား

ငရုတ္သီးသနပ္ - သရက္သီးသနပ္ - ၾကက္သြန္နီခ်ဥ္ - တံုရမ္းဆားဘဲဥ


င႐ုတ္သီးသနပ္လုပ္နည္း 




ပါဝင္ပစၥည္း

၁။င႐ုတ္စိမ္းပြအရွည္ေတာင့္-၂၀က်ပ္သား

၂။မုန္ညင္းေစ့-၇( စားပြဲဇြန္း)

၃။ပဲနံ႕သာေစ့-၁ (စားပြဲဇြန္း)

၄။ဆား-၄ စားပြဲဇြန္း

၅။င႐ုတ္သီးအေရာင္တင္မႈန့္-၂ (လက္ဖက္ရည္

ဇြန္း)

၆။ဇီယာေစ့-၂(လက္ဖက္ရည္ဇြန္း)

၇။ရွာလကာရည်-၃ (စားပြဲဇြန္း)

၈။ဂ်င္း-လက္တဆစ္

၉။ဆႏြင္း-၁/၄ (လက္ဖက္ရည္ဇြန္း)

၁၀။ဆီ-၁၅က်ပ္သား


ျပဳလုပ္နည္း

၁။မုန္ညင္းေစ့၊ပဲနံ႕သာေစ့နဲ႕ဇီယာေစ့မ်ားကိုသန့္စင္ၿပီးေနျပပါ။ကြၽတ္လာရင္အမႈန့္လုပ္၍အခြံမ်ားမပါေအာင္ျပာထားပါ။


၂။င႐ုတ္သီးကိုေရေဆးအညွာျဖဳတ္ဗိုက္ခြဲပီးအေစ့မ်ားထုတ္ပါ။


၃။အေစ့ထုတ္ထားတဲ့င႐ုတ္သီးကိုအပိုင္းႀကီးႀကီးေလးမ်ားပိုင္းပါ။ကြၽန္မကေတာ့အေတာင့္ေသးရင္၂ပိုင္း ႀကီးရင္ ၃ပိုင္းပိုင္းပါတယ္။

ပိုင္းၿပီးသားင႐ုတ္သီးမ်ားကိုဇကာထဲျဖန့္ၿပီးတနာရီေလာက္ေလသလပ္ေအာင္ထားပါ။


၄။ေလသလပ္ၿပီးေရေသခ်ာေျခာက္သြားတဲ့င႐ုတ္သီးေတြကိုဇလုံတခုထဲထည့္ၿပီးဆား၃ဇြန္းနဲ႕ရွာလကာ၃ဇြန္းထည့္၍ႏွံ႕ေအာင္နယ္ပါ။


၅။ဆားနယ္ၿပီးသားင႐ုတ္သီးကိုပုလင္းတလုံးထဲထည့္၍၃ရက္ထားပါ။ပုလင္းကိုတခါတရံလႈပ္ေပးပါ။


၆။၃ရက္ေနရင္င႐ုတ္သီးကိုဇကာထဲအရည္စစ္ၿပီးခဏေလသလပ္ထားပါ။


၇။ဒယ္အိုးထဲဆီထည့်ပြီးဂျင်းကိုခြစ်ထည့်၍ဆီသတ္ပါ။ေမႊးလာရင္ဆီဒယ္အိုးကိုမီးေပၚမွခ်၍ဆႏြင္းမႈန့္၊င႐ုတ္သီးမႈန့္ႏွင့္ဇီယာမႈန့္မ်ား

ထည့္ေမႊပါ။ၿပီးလွ်င္ဆီကိုအရမ္းမပူေတာ့ပဲႏြေးႏြေးေလးျဖစ္သည္အထိခဏထား၍ပဲနံ႕သာေစ့မႈန့္ႏွင့္မုန္ညင္းေစ့အမႈန့္မ်ားထည့္၍

ေမႊပါ။ၿပီးလွ်င္ဆီလုံးဝေအးသည္အထိထား၍ဆား၁ဇြန္းထည့္ေမႊပါ။


၈။ဇကာထဲေလသလပ္ထားေသာင႐ုတ္သီးမ်ားကိုဇလုံထဲထည့္၍မဆလာဆီႏွင့္သမေအာင္ေရာနယ္ပါ။


၉။င႐ုတ္သီးမ်ားကိုေရေျခာက္ေအာင္သုတ္ထားေသာပုလင္း၁လုံးထဲသိပ္ထည့္ပါ။၃ရက္ေလာက္ဆိုင႐ုတ္သီးသနပ္ေလးရပါၿပီ။


မွတ္ခ်က္။ ။၁ရက္ေလာက္ေနရင္ပုလင္းကို ၾကည့္ၾကည့္ပါ။ င႐ုတ္သီးဆီမနစ္ဘူးဆိုရင္ဆီနစ္သည္အထိအေပၚကထပ္ထည့္ပါ။ ဆီမနစ္ရင္မွိုလိုက္ တတ္ပါသည္။

ဇီဇဝါ


သရက္သီးသနပ္




ပါဝင္ပစၥည္း

၁။သရက္သီးစိမ္း-၄လုံး(အေစ့ယွက္ၿပီးအရွည္လက္တဝါးစာအ႐ြယ္စိုင္သီး (သို႔)ရင္ကြဲသီး)

၂။ဆီ-၄၀က်ပ္သား

၃။ဂ်င္း-လက္တဆစ္

၄။ပဲနံ႕သာေစ့-၁၂ (ထမင္းစားဇြန္း )

၅။င႐ုတ္သီးအေရာင္တင္မႈန့္-၁ ၁/၂(ထမင္းစားဇြန္း)

၆။ဇီယာ-၁ ၁/၂ (ထမင္းစားဇြန္း)

၇။ဆား-၃(ထမင္းစားဇြန္း)

၈။ၾကက္သြန္ျဖဴ - ၅က်ပ္သား


ျပဳလုပ္နည္း

၁။သရက္သီးကိုအလုံးလိုက္ေရေဆးၿပီးေျခာက္ေအာင္အဝတ္နဲ႕သုတ္ပါ။ၿပီးရင္ထက္ျခမ္းျခမ္းၿပီးတျခမ္းကို၈စိတ္စိတ္ပါ။


၂။စိတ္ၿပီးသားသရက္သီးကိုဇကာထဲထည့္ၿပီးတနာရီေလာက္ေလသလပ္ခံထားပါ။


၃။ပဲနံ႕သာေစ့ကိုခဲသဲ့ေရေဆးသန့္စင္ၿပီးေနပူထဲ ေျခာက္ေသြ႕ၿပီးကြၽတ္ေအာင္လွန္းပါ။ဇီယာကိုလည္းသန့္စင္ၿပီးေနလွန္းပါ။


၄။ေနလွန္းၿပီးကြၽတ္ေနတဲ့ပဲနံ႕သာေစ့ကိုမညက္တညက္အမႈန့္ႀကိတ္ပါ။


၅။ဇီယာကိုညက္ေအာင္အမႈန့္ႀကိတ္ပါ။


၆။ဆီပူေအာင္တည္ၿပီးဂ်င္းကိုအမွ်င္ျခစ္ထည့္ၿပီးဆီသတ္ပါ။


၇။ဆီဆူပြက္လာရင္ မီးဖိုေပၚကေအာက္ခ်ျပီး ပဲနံ႕သာအမႈန့္၊ဇီယာမႈန့္နဲ႕င႐ုတ္မႈန့္ထည့္ၿပီးေမႊပါ။ဆီအဆူရပ္သည္အထိေမႊပါ။ဆီနည္း

နည္းေအးလာၿပီဆိုမေမႊေတာ့ဘဲ ဆီေအးသည္အထိထားပါ။


၈။ဆီတခါထဲေအးၿပီဆိုဆားထည့္ေမႊပါ။


၉။သရက္သီးကိုေျခာက္ေသြ႕တဲ့ဇလုံတခုထဲထည့္ၿပီးဆီထဲကအႏွစ္ေတြထည့္ကာႏွံ႕စပ္ေအာင္လက္အေျခာက္နဲ႕ဆုပ္နယ္ပါ။

ၾကက္သြန္ျဖဴပါထည့္နယ္ပါ။


၁၀။က်န္တဲ့ဆီပါထည့္ၿပီးႏွံ႕ေအာင္နယ္ပါ။


၁၁။ေျခာက္ေသြ႕ေနတဲ့ပုလင္းထဲထည့္ၿပီးေလလုံေအာင္ထားပါ။တပတ္ေလာက္ေနရင္ထမင္းစားၿမိန္ေစမယ့္သရက္သီးသနပ္ေလးကိုရပါၿပီေနာ္။


မွတ္ခ်က္။ ။သရက္သီးသနပ္တည္ျပီး တစ္ရက္ေလာက္ေနရင္ပုလင္းကိုၾကည့္ၾကည့္ပါ။ဆီမျမဳပ္ေနဘူးဆိုေနာက္ထပ္ဆီကိုဆူေအာင္တည္

အေအးခံၿပီးတခါထဲေအးၿပီဆိုသရက္သီးသနပ္အေပၚကေနဆီျမဳပ္ေအာင္ထည့္ပါ။ဆီမျမဳပ္ရင္မွိုလိုက္တတ္ပါတယ္။

#ဇီဇဝါ


ၾကက္သြန္နီခ်ဥ္ (Red Onion Pickle)




အခ်ဥ္တည္နည္းမ်ားစြာထဲက ျပဳလုပ္ရလြယ္ကူျပီး ထမင္းေၾကာ္၊ ေခါက္ဆြဲေၾကာ္၊ ဘာဂါတို႔နဲ႔တြဲစားလို႔ရတဲ့ ၾကက္သြန္နီခ်ဥ္စိမ္တဲ့နည္းေလး ျဖစ္ပါတယ္။ ခ်က္ခ်င္းတည္ခင္းႏိုင္သလို ေရခဲေသတၱာထဲမွာ ႏွစ္ပတ္ခန္႔ သိမ္းဆည္းသံုးေဆာင္ႏိုင္မွာပါ။

ပါ၀င္ပစၥည္းမ်ား

ၾကက္သြန္နီ ငါးလံုး၊ ငရုတ္သီးအစိမ္း/အနီ ၅ေတာင့္၊ ဆား အနည္းငယ္၊ သၾကား ၅၀ ဂရမ္၊ ရွလကာရည္ 50 ml (Apple Vinegar)၊ ေရ ၂၀၀မီလီ၊ သစ္ၾကံပိုးေခါက္ တစ္ေခ်ာင္း၊ ကရေ၀းရြက္ ၂ရြက္၊ နံနံေစ့ စားပြဲဇြန္း တစ္ဇြန္း။

ျပင္ဆင္ျပဳလုပ္ပံု

ဦးစြာၾကက္သြန္နီကို အခြံသင္ေရေဆးျပီး အကြင္းလိုက္ ခပ္ထူထူလွီးကာ ဆန္ကာတစ္ခုတြင္ထည့္ထားပါ။

အိုးတစ္ခုတြင္ ေရ၊သၾကား၊ဆား၊ရွလကာရည္ထည့္ျပီး ဆူပြက္ေအာင္တည္ကာ အေအးခံထားပါ။ Apple Vinegar သံုးထားပါတယ္။ ႏွစ္သက္ရာအခ်ဥ္ရည္သံုးႏိုင္ပါတယ္။

သီးသန္႔အိုးျဖင့္ ေရေႏြးအနည္းငယ္တည္ထားပါ။ ငရုတ္သီး ထက္ျခမ္းျခမ္းထားပါ။ ေရေႏြးဆူပြက္ပါက ဆန္ကာျဖင့္ထည့္ထားေသာ ၾကက္သြန္လွီးျပီးသားေပၚမွ ေလာင္းခ်ေပးကာ ေရစစ္ အေအးခံထားပါ။ ၾကက္သြန္နီညွီနံ႔သက္သာေစရန္ႏွင့္ တစ္၀က္က်က္အေနျဖင့္ အထားခံေအာင္ေရဆူျဖင့္ေလာင္းျခင္းျဖစ္ပါတယ္။

ၾကက္သြန္ေအးသြားပါက အေအးခံထားေသာ အခ်ဥ္ရည္အေရာတြင္ထည့္ျပီး သမေအာင္ေမႊေပးပါ။ ငရုတ္သီး၊ သစ္ၾကံပိုး၊ ကရေ၀း၊ နံနံေစ့တို႔ကိုထည့္ပါ။ အေမႊးနံ႔ကို မိမိႏွစ္သက္ရာဟင္းခတ္အေမႊးအၾကိဳင္ျဖင့္ အစားထိုးသံုးႏိုင္ပါတယ္။

ျပဳလုပ္ျပီး ခ်က္ခ်င္းတည္ခင္းႏိုင္သလို သန္႔ရွင္းေျခာက္ေသြ႕ေသာ ပုလင္းျဖင့္ထည့္ျပီး ႏွစ္ပတ္ထိ ေရခဲေသတၱာတြင္ထားကာ မိမိႏွစ္သက္ရာ အစားအစာတို႔ျဖင့္ တြဲဖက္တည္ခင္းႏိုင္ပါျပီ။


#တုံရမ္​းဆားဘဲဥ

 


  ႐ိုး႐ိုးဆားဘဲဥ ကို အရမ္​းငံလို႔ ​ေသြးတိုး​ေရာဂါရိွသူ​ေတြ မစားရဲတဲ့အခါ ဒီလို တံုရမ္​းဆားဘဲဥ လုပ္​စားၾကည္​့ပါ။ ပါဝင္​တဲ့ ပဒဲ​ေကာ စပါးလင္​ ​ေ႐ွာက္​ႏူရြက္​ တို႔က ဆားအငံကို​ေလ်ာ့​ေစသလို ​ေသြးတိုးတာကိုလဲ အထိုက္​အ​ေလ်ာက္​ ​ေျပ​ေလ်ာ့​ေစပါတယ္​။

မူရင္​းနည္​းက​ေတာ့ ထိုင္​းလူမ်ိဳး တစ္​​ေယာက္​ရဲ႕နည္​းပါ။ 


🌼ပါဝင္​ပစၥည္​း


ဘဲဥ ၁၀လံုးအတြက္​


၁။ဆား ဟင္​းခ်ိဳ​ေသာက္​ပန္​းကန္​လံုး တစ္​လံုးစာ

၂။ စပါးလင္​ ၂ဆ ၊ ပဒဲ​ေကာ ​ေ႐ွာက္​ႏူရြက္​ ၊ၾကက္​သြန္​ျဖဴ တစ္​ဆ ဟင္​းခ်ိဳ​ေသာက္​ပန္​းကန္​လံုး ၂လံုးစာ

၃။​ေရ ဟင္​းခ်ိဳ​ေသာက္​ပန္​းကန္​လံုး ၄လံုးစာ

၄။ ပုလင္​း သို႔မဟုတ္​ ​ေကာ္​ဗူး သန္​႔႐ွင္​း​ေျခာက္​​ေသြ႔​ေလလံုရပါမည္​။ 


    စပါးလင္​ ပါးပါးလွီး ပဒဲ​ေကာ အကြင္​း​ေလး​ေတြလွီး ၾကက္​သြန္​ျဖဴ ဓားျပား႐ိုက္​ ထားပါ။ ​ေရ ဟင္​းခ်ိဳ​ေသာက္​ပန္​းကန္​လံုး ၄လံုးကို ဆူ​ေအာင္​တည္​ ပါ။ ဆူရင္​ အရြက္​​ေတြထည္​့ ဆားထည္​့ အဖံုးခဏျပန္​အုပ္​ထားပါ။ ျပန္​ဆူလာၿပီး ဆား​ေပ်ာ္​သြားရင္​ ခ်ၿပီး အ​ေအးခံထားပါ။ ဘဲဥ ၁၀လံုးကို အျပင္​ခြံသန္​႔႐ွင္​း​ေအာင္​ ​ေဆး​ေၾကာထားပါ။ ျပဳတ္​ရည္​လံုးဝ​ေအးသြားမွ ကိုယ္​ထည္​့မဲ့ ပုလင္​း သို႔မဟုတ္​ ဗူးထဲကို ဘဲဥ အရင္​စီထည္​့ ၿပီးမွ ျပဳတ္​ရည္​​ေလာင္​းထည္​့ပါ။ မီးဖို​ေခ်ာင္​ထဲ အခန္​းအပူခ်ိန္​ရိွတဲ့​ေနရာမွာ ၁၂ရက္​ထားပါ။ စထည္​့တဲ့ရက္​ကို ပုလင္​း​ေပၚမွာ​ေရးမွတ္​ထားပါ။ ၁၂ရက္​ျပည္​့ရင္​ ဘဲဥ သီးသန္​႔ထုတ္​ၿပီး ျပဳတ္​စားစား ​ေၾကာ္​စားစား ႀကိဳက္​သလို လုပ္​စားလို႔ရပါတယ္​။ ​ေရခဲ​ေသတၱာထဲ ထည္​့ထားရင္​လဲရပါတယ္​။ 

🌼ဒီနည္​းအတိုင္​း ၾကက္​ဥ ဆို ၁၀ရက္​ ငံုးဥဆို ၆ရက္​ထားလို႔ရပါတယ္​။

🌼🌼🌼သူ႔အခ်ိဳးက​ေတာ့ ဆား၁ဆ ၊ ပဒဲ​ေကာ၊​ေ႐ွာက္​ႏူရြက္​၊စပါးလင္​၊ၾကက္​သြန္​ျဖဴ က ၂ဆ၊ ​ေရက ၄ဆ ျဖစ္​ပါတယ္​ ။ အိုး သို႔မဟုတ္​ ဗူးထဲမွာ ဘဲဥ အ​ေပၚမွာ​ေရျမဳပ္​​ေနရပါမယ္​။🌼🌼ပဒဲ​ေကာ ​ေ႐ွာက္​ႏူရြက္​ ၾကက္​သြန္​ျဖဴ စပါးလင္​မွာ    စပါးလင္​မ်ားမ်ားထည္​့ပါ။

🌼🌼🌼ဝက္​​ေကာက္​ညႇင္​း ၾကက္​​ေကာက္​ညႇင္​းလုပ္​တဲ့အခါလဲ ထည္​့လို႔ရပါတယ္​။

🌼🌺🌻🌸🌷စား​ေကာင္​းၾကပါ​ေစ႐ွင္​။

No comments: