Sunday, December 26, 2021

ဆီးပူညောင်းကျရောဂါအကြောင်း

ဆီးပူညောင်းကျရောဂါအကြောင်း ဘာတွေ သိထားဖို့လိုသလဲ ။ ။




စာရေးသူ Dr. Thin Yadanar @ Frances 

ဆေးဘက်ဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win 


#STDs

#ကာလသားရောဂါများ

#ဆီးပူညောင်းကျရောဂါ


(သွေးသားသောင်းကြမ်းတဲ့အရွယ် ကာလသားတွေမှာ အျဖစ္မ်ားတဲ့ မျိုးပွားအင်္ဂါနဲ့ပတ်သက်တဲ့ရောဂါ၊ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း ကနေကူးစက်တတ်တဲ့ရောဂါ၊ ဆီးသြားတဲ့အခါ ရေနွေးပူတွေလိုပူဆင်းသလို ကိုယ်ခန္ဓာလည်းညောင်းချိနေပြီး ပြင်းထန်လာချိန် ဆီးသြား လမ်းကြောင်းကတစ်ဆင့် ပြည်လိုလိုအရာတွေ ယိုဆင်းတတ်တဲ့ရောဂါဟာ ကာလသားရောဂါစုထဲက ဆီးပူညောင်းကျရောဂါပါ။ သည်ရောဂါအကြောင်း သိထားရအောင် ပြန်လည်ေ၀မျှထားပါတယ်။)


ဆီးပူညောင်းကျရောဂါအကြောင်း ဘာတွေ သိထားဖို့လိုသလဲ ။ ။

 လိင်ဆက်ဆံရာက တစ်ဆင့်ကူးစက်တတ်တဲ့ ပြဿနာတွေထဲမှာ နာမည်ကြီး HIV၊ ကာလသား ရောဂါတို့လောက်သာ လူသိများကြပေမယ့် ဆီးပူညောင်းကျ ရောဂါ ကိုမေ့နေတတ်ကြပါတယ်။ သူကလည်း လိင်ဆက်ဆံရာက တစ်ဆင့်ကူးစက်တတ်ပြီး အဖြစ်များတဲ့ရောဂါတစ်ခုပါ။ သူ့ကို ဆေးပညာအရ Gonorrhea လို့လည်း ခေါ်ကြပါတယ်။


 Gonorrhea ဆီးပူညောင်းကျ ရောဂါဆိုတာဘာလဲ ။ ။


 ဆီးပူညောင်းကျရောဂါဆိုတာ လိင်ဆက်ဆံရာတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်ခုပါ။ သူက Neisseria gonorrhoeae ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး အဲဒီ ဘက်တီးရီးယားတွေက အမျိုးသားတွေရဲ့ လိင်တံ၊ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်၊ လည်ချောင်းနဲ့ စအိုတို့လိုနေရာမျိုးမှာ အမ်ားဆုံး ပေါက်ပွားလေ့ရှိပါတယ်။


 ဆီးပူညောင်းကျ ရောဂါက ဘယ်လိုလူတွေမှာ အျဖစ္မ်ားလဲ။


 လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တယ်ဆိုတော့ လိင်ကိစ္စစိတ်အဝင်စားဆုံးဖြစ်တဲ့ အသက် ၁၅ နှစ်ကနေ ၃၀နှစ်အတွင်း သူတွေနဲ့ နဲ့ လိင်ဆက်ဆံဖော်အရေအတွက်များတဲ့ သူတွေ ပိုဖြစ်တတ်ပါတယ်။ ဆီးပူညောင်းကျရောဂါဟာ ကျေးလက်ဒေသထက်စာရင် မြို့ပြတွေမှာ ဖြစ်တာပိုများတယ်လို့လည်း စစ်တမ်းတစ်ရပ်ကဆိုပါတယ်။


 ဆီးပူညောင်းကျရောဂါက ဘယ္လို ကူးစက္တတ္တာလဲ။


 ဆီးပူညောင်းကျ ရောဂါဖြစ်နေတဲ့ လူတစ်ယောက်နဲ့ လိင်ဆက်ဆံမိရာကနေ gonorrhea ရောဂါ ကူးစက်တတ်ပါတယ်။ လိင်ဆက်ဆံတဲ့အထဲမှာ ပုံမှန်လိင်ဆက်ဆံတာပဲဖြစ်ဖြစ်၊ ပါးစပ်နဲ့ လိင်ဆက်ဆံတာပဲဖြစ်ဖြစ် စအိုနဲ့ လိင်ဆက်ဆံတာ ဖြစ်ဖြစ် အကုန္လုံးက ကူးစက်နိုင်တဲ့နည်းတွေပါ။ နောက်တစ်ချက်ကတော့ ဆီးပူညောင်းကျရောဂါဖြစ်နေတဲ့အမေကနေ ကေလးဆီကို မီးဖွားတဲ့အချိန်မှာ ကူးစက်နိုင်ပါတယ်။


 ဆီးပူညောင်းကျရောဂါရဲ့ လက္ခဏာတွေကဘာလဲ ။ ။


 အမျိုးသားတွေမှာဆို ဆီးသြားတဲ့အခါ ပူနေတာ၊ လိင်တံကနေ အဝါရောင် အဖြူရောင်လိုမျိုး အရည်တွေ ၊ ပြည်တွေ ဆင်းနေပါလိမ့်မယ်။


 အမျိုးသမီးတွေမှာဆို မိန်းမကိုယ်ကနေ အဝါရောင် အဖြူရောင်လိုမျိုး အရည်တွေဆင်းလာတတ်ပြီး ဆီးသွားတိုင်းလည်း ပူနေတတ်ပါတယ်။


 လည်ချောင်းနဲ့ စအိုမှာဖြစ်နေတဲ့ ဆီးပူညောင်းကျရောဂါကတော့ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။


 ရောဂါပိုးကူးစက်ခံရပြီး ဘယ်လောက်အကြာမှာ လက္ခဏာတွေ စတင်ခံစားရတာလဲ ။ ။


 အမျိုးသားတွေမှာဆို ရောဂါပိုး ကူးစက်ခံရပြီး ၂ ရက် ကေန ၇ ရက်အတွင်း လက္ခဏာတွေ စပြတတ်ပါတယ်။ ရက် ၃၀ ကြာပြီးမှ လက္ခဏာပြတဲ့ သူတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း ရောဂါပိုးရှိနေပေမယ့် ဘာလက္ခဏာမှ မခံစားရတဲ့သူတွေလည်း ရှိပါတယ်။ ၁၀ ကေန ၁၅ ရာခိုင်းနှုန်းသော အမျိုးသားတွေနဲ့ အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက်က ရောဂါရဲ့ လက္ခဏာတွေ မရှိတတ်ပါဘူး။ ဒီလိုလက္ခဏာတွေ မပြတဲ့သူတွေက ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပိုခံစားရတတ်ပါတယ်။ သူတို့မှာ ရောဂါရှိနေမှန်း မသိကြတော့ ဆေးကုသမှု မခံယူကြဘူးလေ။ ဒီတော့ နောက်ဆက်တွဲ ပြဿနာဖြစ်ဖို့ အခွင့်အလမ်းပိုများသွားတာပေါ့။ ဒါ့အပြင် ဒီလူတွေကပဲ အခြားသူတွေကို ကူးစက်စေဖို့ အခွင့်အလမ်းပိုများစေတာပါ။


 ဆီးပူညောင်းကျရောဂါက လူတစ်ယောက်ကိုယ်ထဲ ဘယ်လောက်အထိနေနိုင်တာလဲ ။


 ရောဂါကို သေချာကုသမှု မခံယူဘူးဆိုရင် သင့်ကိုယ်ခန္ဓာထဲမှာ ပေါက်ပွားနေနိုင်တဲ့ရောဂါတစ်ခုပါ။ သေချာကုသမှု မခံယူမချင်း ကိုယ့်ဆီကနေ အျခားသူဆီကိုပါ ကူးစက်စေနိုင်ပါတယ်။


 ဆီးပူညောင်းကျ ရောဂါပိုးတစ်ခါဝင်ဖူးထားတဲ့သူတွေက နောက်တစ်ခါ ပြန်မဖြစ်နိုင်တော့ဘူးဆိုတာ ဟုတ္လား ။


 မဟုတ်ပါဘူး။ ဝက်သက်လိုမျိုး တစ်ခါဖြစ်ပြီးရင် နောက်တစ်ခါ ပြန်မဖြစ်တဲ့ ရောဂါမဟုတ်ပါဘူး။ ရောဂါပိုးတစ်ခါဝင်ထားဖူးပြီး ကုသလို့ ပျောက်သွားတဲ့အခါ ကိုယ်တွင်းမှာ ရောဂါပိုးကို တိုက်တဲ့ပဋိပစ္စည်းတွေ ကျန်မနေတာကြောင့် အနေအထိုင်မဆင်ခြင်ရင် အကြိမ်ကြိမ်ထပ်ဖြစ်နိုင်ပါတယ်။ ပထမတစ်ခါဖြစ်ဖူးပြီး နောက်တစ်ခါ ထပ်ဖြစ်ရင် ရောဂါ ရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်ဖို့ အခွင့်အလမ်းပိုများသွားတတ်ပါတယ်။


 ဆီးပူညောင်းကျရောဂါက ကုသလို့ရလား ။


 ဆီးပူညောင်းကျရောဂါက ကုသလို့ရတဲ့ ရောဂါတစ်ခုပါ။


 ဆီးပူညောင်းကျရောဂါ ကို မကုသရင် ဘာဆက်ဖြစ်နိုင်လဲ ။ ။


 ရောဂါကို မကုသဘဲ ထားတဲ့အခါ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမွာ လုံးဝကို သေချာပါတယ်။ အမျိုးသမီးတွေမှာဆို ရောဂါကြောင့် မျိုးပွားအင်္ဂါတွေ ထိခိုက်သွားတတ်ပြီး မြုံသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေမှာဆို နောက်ဆက်တွဲအနေနဲ့ လိင်အင်္ဂါတွေ ရောင်ရမ်းပြီး လိင်ဆက်ဆံတဲ့အခါမှာ အခက်ဖြစ်စေပါတယ်။ နှစ်ဦးစလုံးမှာ ဖြစ်တတ်တာကတော့ အဆစ်အမြစ်ရောင်ရမ်းတာ၊ အရေပြားပြဿနာတွေနဲ့ ရောဂါပိုးရောက်သွားတဲ့နေရာက ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတတ်ပါတယ်။


 ဆီးပူညောင်းကျရောဂါ ကိုကာကွယ်လို့ရလား ။ ။


 လိင်ဆက်ဆံရာက ကူးစက်တတ်တဲ့ရောဂါဆိုတော့ ရောဂါပိုးကင်းစင်တဲ့ ကိုယ့်အိမ်ထောင်ဘက်ကို သစ္စာရှိရင် လုံးဝကို ကူးစက်ဖို့ မရွိတဲ့ ရောဂါတစ်ခုပါ။ နောက်အခြား သတိထားသင့်တဲ့ အချက်တွေကတော့


လိင်ဆက်ဆံဖော် အေရအတြက္ကို လျှော့ပါ။

အပျော်ရှာတဲ့အခါတိုင်း ကြန္ဒုံးသုံးပါ။

ကိုယ့်မှာ ရောဂါရှိနေပြီလို့ သံသယရွိတဲ့အခါ ဆေးကုသမှုသေချာခံယူပါ။ ကိုယ့်အိမ်ထောင်ဘက်ကိုလည်း စစ်ဆေးကြည့်ပါ။

ရောဂါရှိနေပြီဆိုတာနဲ့ အခြားသူတွေဆီကို ရောဂါ ထပ်မပျံ့အောင် တားဆီးဖို့အတွက် သင်ကသာ တာဝန်အရှိဆုံးပါ ။ ။


ဆီးပူေညာင္းက်ေရာဂါအေၾကာင္း ဘာေတြ သိထားဖို႔လိုသလဲ ။ ။




စာေရးသူ Dr. Thin Yadanar @ Frances 

ေဆးဘက္ဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win 


#STDs

#ကာလသားေရာဂါမ်ား

#ဆီးပူေညာင္းက်ေရာဂါ


(ေသြးသားေသာင္းၾကမ္းတဲ့အရြယ္ ကာလသားေတြမွာ အျဖစ္မ်ားတဲ့ မ်ိဳးပြားအဂၤါနဲ႔ပတ္သက္တဲ့ေရာဂါ၊ အကာအကြယ္မဲ့လိင္ဆက္ဆံျခင္း ကေနကူးစက္တတ္တဲ့ေရာဂါ၊ ဆီးသြားတဲ့အခါ ေရေႏြးပူေတြလိုပူဆင္းသလို ကိုယ္ခႏၶာလည္းေညာင္းခ်ိေနျပီး ျပင္းထန္လာခ်ိန္ ဆီးသြား လမ္းေၾကာင္းကတစ္ဆင့္ ျပည္လိုလိုအရာေတြ ယိုဆင္းတတ္တဲ့ေရာဂါဟာ ကာလသားေရာဂါစုထဲက ဆီးပူေညာင္းက်ေရာဂါပါ။ သည္ေရာဂါအေၾကာင္း သိထားရေအာင္ ျပန္လည္ေ၀မွ်ထားပါတယ္။)


ဆီးပူေညာင္းက်ေရာဂါအေၾကာင္း ဘာေတြ သိထားဖို႔လိုသလဲ ။ ။

 လိင္ဆက္ဆံရာက တစ္ဆင့္ကူးစက္တတ္တဲ့ ျပႆနာေတြထဲမွာ နာမည္ႀကီး HIV၊ ကာလသား ေရာဂါတို႔ေလာက္သာ လူသိမ်ားၾကေပမယ့္ ဆီးပူေညာင္းက် ေရာဂါ ကိုေမ့ေနတတ္ၾကပါတယ္။ သူကလည္း လိင္ဆက္ဆံရာက တစ္ဆင့္ကူးစက္တတ္ၿပီး အျဖစ္မ်ားတဲ့ေရာဂါတစ္ခုပါ။ သူ႕ကို ေဆးပညာအရ Gonorrhea လို႔လည္း ေခၚၾကပါတယ္။


 Gonorrhea ဆီးပူေညာင္းက် ေရာဂါဆိုတာဘာလဲ ။ ။


 ဆီးပူေညာင္းက်ေရာဂါဆိုတာ လိင္ဆက္ဆံရာတစ္ဆင့္ကူးစက္တတ္တဲ့ ေရာဂါတစ္ခုပါ။ သူက Neisseria gonorrhoeae ဆိုတဲ့ ဘက္တီးရီးယားေၾကာင့္ျဖစ္တဲ့ ကူးစက္ေရာဂါတစ္ခုျဖစ္ၿပီး အဲဒီ ဘက္တီးရီးယားေတြက အမ်ိဳးသားေတြရဲ႕ လိင္တံ၊ အမ်ိဳးသမီးေတြရဲ႕ မိန္းမကိုယ္၊ လည္ေခ်ာင္းနဲ႕ စအိုတို႔လိုေနရာမ်ိဳးမွာ အမ်ားဆုံး ေပါက္ပြားေလ့ရွိပါတယ္။


 ဆီးပူေညာင္းက် ေရာဂါက ဘယ္လိုလူေတြမွာ အျဖစ္မ်ားလဲ။


 လိင္ဆက္ဆံရာကတစ္ဆင့္ ကူးစက္တတ္တယ္ဆိုေတာ့ လိင္ကိစၥစိတ္အဝင္စားဆုံးျဖစ္တဲ့ အသက္ ၁၅ ႏွစ္ကေန ၃၀ႏွစ္အတြင္း သူေတြနဲ႕ နဲ႕ လိင္ဆက္ဆံေဖာ္အေရအတြက္မ်ားတဲ့ သူေတြ ပိုျဖစ္တတ္ပါတယ္။ ဆီးပူေညာင္းက်ေရာဂါဟာ ေက်းလက္ေဒသထက္စာရင္ ၿမိဳ႕ျပေတြမွာ ျဖစ္တာပိုမ်ားတယ္လို႔လည္း စစ္တမ္းတစ္ရပ္ကဆိုပါတယ္။


 ဆီးပူေညာင္းက်ေရာဂါက ဘယ္လို ကူးစက္တတ္တာလဲ။


 ဆီးပူေညာင္းက် ေရာဂါျဖစ္ေနတဲ့ လူတစ္ေယာက္နဲ႕ လိင္ဆက္ဆံမိရာကေန gonorrhea ေရာဂါ ကူးစက္တတ္ပါတယ္။ လိင္ဆက္ဆံတဲ့အထဲမွာ ပုံမွန္လိင္ဆက္ဆံတာပဲျဖစ္ျဖစ္၊ ပါးစပ္နဲ႕ လိင္ဆက္ဆံတာပဲျဖစ္ျဖစ္ စအိုနဲ႕ လိင္ဆက္ဆံတာ ျဖစ္ျဖစ္ အကုန္လုံးက ကူးစက္နိုင္တဲ့နည္းေတြပါ။ ေနာက္တစ္ခ်က္ကေတာ့ ဆီးပူေညာင္းက်ေရာဂါျဖစ္ေနတဲ့အေမကေန ကေလးဆီကို မီးဖြားတဲ့အခ်ိန္မွာ ကူးစက္နိုင္ပါတယ္။


 ဆီးပူေညာင္းက်ေရာဂါရဲ႕ လကၡဏာေတြကဘာလဲ ။ ။


 အမ်ိဳးသားေတြမွာဆို  ဆီးသြားတဲ့အခါ ပူေနတာ၊ လိင္တံကေန အဝါေရာင္ အျဖဴေရာင္လိုမ်ိဳး အရည္ေတြ ၊ ျပည္ေတြ ဆင္းေနပါလိမ့္မယ္။


 အမ်ိဳးသမီးေတြမွာဆို  မိန္းမကိုယ္ကေန အဝါေရာင္ အျဖဴေရာင္လိုမ်ိဳး အရည္ေတြဆင္းလာတတ္ၿပီး ဆီးသြားတိုင္းလည္း ပူေနတတ္ပါတယ္။


 လည္ေခ်ာင္းနဲ႕ စအိုမွာျဖစ္ေနတဲ့ ဆီးပူေညာင္းက်ေရာဂါကေတာ့ သိသာတဲ့ လကၡဏာေတြ မျပတတ္ပါဘူး။


 ေရာဂါပိုးကူးစက္ခံရၿပီး ဘယ္ေလာက္အၾကာမွာ လကၡဏာေတြ စတင္ခံစားရတာလဲ ။ ။


 အမ်ိဳးသားေတြမွာဆို  ေရာဂါပိုး ကူးစက္ခံရၿပီး ၂ ရက္ ကေန ၇ ရက္အတြင္း လကၡဏာေတြ စျပတတ္ပါတယ္။ ရက္ ၃၀ ၾကာၿပီးမွ လကၡဏာျပတဲ့ သူေတြလည္း ရွိပါတယ္။ တခ်ိဳ႕က်ေတာ့လည္း ေရာဂါပိုးရွိေနေပမယ့္ ဘာလကၡဏာမွ မခံစားရတဲ့သူေတြလည္း ရွိပါတယ္။ ၁၀ ကေန ၁၅ ရာခိုင္းႏႈန္းေသာ အမ်ိဳးသားေတြနဲ႕ အမ်ိဳးသမီး ၈၀ ရာခိုင္ႏႈန္းေလာက္က ေရာဂါရဲ႕ လကၡဏာေတြ မရွိတတ္ပါဘူး။ ဒီလိုလကၡဏာေတြ မျပတဲ့သူေတြက ေရာဂါရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ပိုခံစားရတတ္ပါတယ္။ သူတို႔မွာ ေရာဂါရွိေနမွန္း မသိၾကေတာ့ ေဆးကုသမႈ မခံယူၾကဘူးေလ။ ဒီေတာ့ ေနာက္ဆက္တြဲ ျပႆနာျဖစ္ဖို႔ အခြင့္အလမ္းပိုမ်ားသြားတာေပါ့။ ဒါ့အျပင္ ဒီလူေတြကပဲ အျခားသူေတြကို ကူးစက္ေစဖို႔ အခြင့္အလမ္းပိုမ်ားေစတာပါ။


 ဆီးပူေညာင္းက်ေရာဂါက လူတစ္ေယာက္ကိုယ္ထဲ ဘယ္ေလာက္အထိေနနိုင္တာလဲ ။


 ေရာဂါကို ေသခ်ာကုသမႈ မခံယူဘူးဆိုရင္ သင့္ကိုယ္ခႏၶာထဲမွာ ေပါက္ပြားေနနိုင္တဲ့ေရာဂါတစ္ခုပါ။ ေသခ်ာကုသမႈ မခံယူမခ်င္း ကိုယ့္ဆီကေန အျခားသူဆီကိုပါ ကူးစက္ေစနိုင္ပါတယ္။


 ဆီးပူေညာင္းက် ေရာဂါပိုးတစ္ခါဝင္ဖူးထားတဲ့သူေတြက ေနာက္တစ္ခါ ျပန္မျဖစ္နိုင္ေတာ့ဘူးဆိုတာ ဟုတ္လား ။


 မဟုတ္ပါဘူး။ ဝက္သက္လိုမ်ိဳး တစ္ခါျဖစ္ၿပီးရင္ ေနာက္တစ္ခါ ျပန္မျဖစ္တဲ့ ေရာဂါမဟုတ္ပါဘူး။ ေရာဂါပိုးတစ္ခါဝင္ထားဖူးၿပီး ကုသလို႔ ေပ်ာက္သြားတဲ့အခါ ကိုယ္တြင္းမွာ ေရာဂါပိုးကို တိုက္တဲ့ပဋိပစၥည္းေတြ က်န္မေနတာေၾကာင့္ အေနအထိုင္မဆင္ျခင္ရင္ အႀကိမ္ႀကိမ္ထပ္ျဖစ္နိုင္ပါတယ္။ ပထမတစ္ခါျဖစ္ဖူးၿပီး ေနာက္တစ္ခါ ထပ္ျဖစ္ရင္ ေရာဂါ ရဲ႕ ေနာက္ဆက္တြဲ ျပႆနာျဖစ္ဖို႔ အခြင့္အလမ္းပိုမ်ားသြားတတ္ပါတယ္။


 ဆီးပူေညာင္းက်ေရာဂါက ကုသလို႔ရလား ။


 ဆီးပူေညာင္းက်ေရာဂါက ကုသလို႔ရတဲ့ ေရာဂါတစ္ခုပါ။


 ဆီးပူေညာင္းက်ေရာဂါ ကို မကုသရင္ ဘာဆက္ျဖစ္နိုင္လဲ ။ ။


 ေရာဂါကို မကုသဘဲ ထားတဲ့အခါ ေရာဂါရဲ႕ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ခံစားရမွာ လုံးဝကို ေသခ်ာပါတယ္။ အမ်ိဳးသမီးေတြမွာဆို ေရာဂါေၾကာင့္ မ်ိဳးပြားအဂၤါေတြ ထိခိုက္သြားတတ္ၿပီး ၿမဳံသြားတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အမ်ိဳးသားေတြမွာဆို ေနာက္ဆက္တြဲအေနနဲ႕ လိင္အဂၤါေတြ ေရာင္ရမ္းၿပီး လိင္ဆက္ဆံတဲ့အခါမွာ အခက္ျဖစ္ေစပါတယ္။ ႏွစ္ဦးစလုံးမွာ ျဖစ္တတ္တာကေတာ့ အဆစ္အျမစ္ေရာင္ရမ္းတာ၊ အေရျပားျပႆနာေတြနဲ႕ ေရာဂါပိုးေရာက္သြားတဲ့ေနရာက ကိုယ္တြင္းအဂၤါေတြ ပ်က္စီးတတ္ပါတယ္။


 ဆီးပူေညာင္းက်ေရာဂါ ကိုကာကြယ္လို႔ရလား ။ ။


 လိင္ဆက္ဆံရာက ကူးစက္တတ္တဲ့ေရာဂါဆိုေတာ့ ေရာဂါပိုးကင္းစင္တဲ့ ကိုယ့္အိမ္ေထာင္ဘက္ကို သစၥာရွိရင္ လုံးဝကို ကူးစက္ဖို႔ မရွိတဲ့ ေရာဂါတစ္ခုပါ။ ေနာက္အျခား သတိထားသင့္တဲ့ အခ်က္ေတြကေတာ့


လိင္ဆက္ဆံေဖာ္ အေရအတြက္ကို ေလွ်ာ့ပါ။

အေပ်ာ္ရွာတဲ့အခါတိုင္း ကြန္ဒုံးသုံးပါ။

ကိုယ့္မွာ ေရာဂါရွိေနၿပီလို႔ သံသယရွိတဲ့အခါ ေဆးကုသမႈေသခ်ာခံယူပါ။ ကိုယ့္အိမ္ေထာင္ဘက္ကိုလည္း စစ္ေဆးၾကည့္ပါ။

ေရာဂါရွိေနၿပီဆိုတာနဲ႕ အျခားသူေတြဆီကို ေရာဂါ ထပ္မပ်ံ့ေအာင္ တားဆီးဖို႔အတြက္ သင္ကသာ တာဝန္အရွိဆုံးပါ ။ ။

No comments: